ရီနံ့သာစံအိမ်
Vol. 67 Ch. 929
အပြစ်ဆေးကြောဒေသထဲတွင် မည်သည့်ကိစ္စများ ဖြစ်ပျက်ခဲ့ကြောင်း မည်သူမှ မသိပေ။ အမှန်တရားက ရှေးဟောင်းမဟာမျိုးနွယ်၏ ဒေသပျက်ထဲတွင် လူနှစ်သိန်းကျော်နှင့်အတူ ထာဝရ ချိပ်ပိတ်သွားပြီဖြစ်သည်။
ရတနာရှာဖွေခြင်း ပြီးဆုံးသွားပြီဖြစ်သည်။ လူအားလုံးသည် သူတို့နှင့် သက်ဆိုင်ရာ မျိုးနွယ်အသီးသီးသို့ ပြန်သွားကြပေပြီ။ သို့သော် ဗုဒ္ဓဧကရာဇ်၏ မွေးနေ့ပွဲကို တက်ရောက်နိုင်လောက်အောင် အရေးပါသူများကတော့ ဗုဒ္ဓဧကရာဇ်မြို့ကို သွားနေကြသည်။ ဤတစ်ကြိမ်တွင် သူတို့ အပြစ်ဆေးကြောဒေသသို့ သွားခဲ့ခြင်းမှာ ရတနာရှာရန်အတွက်သာ မဟုတ်ပေ။ သူတို့တွင် အခြားတာဝန်တစ်ခု ရှိပေသေးသည်။ ယင်းမှာ ဗုဒ္ဓဧကရာဇ်ကို မွေးနေ့အတွက် ဂုဏ်ပြုပေးရန်ဖြစ်သည်။
ဧကရာဇ်ကိုးပါးမျိုးနွယ်စုမှ မျိုးနွယ်များက အချင်းချင်း ယှဉ်ပြိုင်နေကြသော်လည်း အပေါ်ယံတွင်တော့ ရင်းနှီးဟန် ဆောင်ကြပေသည်။ အခြားမျိုးနွယ်များကလည်း ဗုဒ္ဓဧကရာဇ်၏ မွေးနေ့ကဲ့သို့သော အရေးကြီးသည့်ပွဲတစ်ခုကို တက်ရောက်ရန် သေချာပေါက် လူများ စေလွှတ်ကြမည်ဖြစ်သည်။ ဤတစ်ခေါက်တွင် ဗုဒ္ဓဧကရာဇ်သည် မွေးနေ့ပွဲကို တခမ်းတနား မကျင်းပသလို လူများစွာကိုလည်း ဖိတ်မထားပေ။ ထိုသို့လုပ်ရန် ဗုဒ္ဓအင်ပါယာက တောင်းဆိုခဲ့ခြင်းပင်။ မဟုတ်လျှင် မွေးနေ့ပွဲကို မျိုးနွယ်ခေါင်းဆောင်များအားလုံး ကိုယ်တိုင် လာရပေလိမ့်မည်။
အပြစ်ဆေးကြောနှင့် ဗုဒ္ဓဧကရာဇ်မြို့က ဆယ်ရက်ခရီးသာ ဝေး၏။ ဗုဒ္ဓအင်ပါယာ၏ ကောင်းကင်ကံကြမ္မာသင်္ဘောက ထိပ်တန်းအဆင့်ဖြစ်၍ ပိုမြန်ပေသည်။ ထို့ကြောင့် ဗုဒ္ဓဧကရာဇ်မြို့သို့ ရောက်ရန် ငါးရက်သာ ကြာခဲ့သည်။
ကျန်းရီသည် အပြင်းအထန်ဒဏ်ရာရထား၍ ခြောက်ရက်ကြာ အိပ်စက်ခဲ့၏။ သူ နိုးထလာချိန်တွင် သူသည် ဗုဒ္ဓဧကရာဇ်မြို့သို့ ရောက်နေပြီဖြစ်ပြီး ရီမျိုးနွယ်၏ ခြံဝန်းထဲတွင် ရှိနေပေပြီ။
“ဒါက ဘယ်နေရာလဲ”
ကျန်းရီသည် တစ်ကိုယ်လုံး ကိုက်ခဲနေမှုကို ခံစားနေရသေး၏။ သူက အရိုးများစွာ ကျိုးထားသည် မဟုတ်ပါလား။ ထို့ကြောင့် အပြည့်အဝ ပြန်ကောင်းရန် အနည်းဆုံး တစ်ပတ်ခန့်လိုမည်ဖြစ်ကြောင်း သူသိပေသည်။ သူသည် နိုးနိုးချင်း သူ၏ခန္ဓာကိုယ်ကို စစ်ဆေးလိုက်၏။ ထို့နောက် သူက သူ့ဘေးရှိ အစေခံမလေးနှစ်ယောက်ကိုကြည့်ကာ မေးလိုက်လေသည်။
ထိုအစေခံမလေးနှစ်ယောက်က ချောမောကြပြီး ယဉ်ကျေးကြသည်။ သူမတို့သည် ကျန်းရီ၏ မေးခွန်းကို ကြားလိုက်သောအခါ တစ်ယောက်က ဦးညွှတ်၍ ပြန်ဖြေလိုက်သည်။
“သခင်လေးပိုင်ရီ... ဒီနေရာက ရီနံ့သာစံအိမ်ပါ။ ရီမျိုးနွယ်က သူတို့ရဲ့ ဂုဏ်သရေရှိ ဧည့်သည်တွေကို ဒီစံအိမ်မှာ တည်းခိုစေပါတယ်။ သခင်လေး အေးအေးဆေးဆေး အနားယူပြီး အားပြန်ဖြည့်လို့ရပါတယ်။ သခင်လေးက ရီမျိုးနွယ်က အရေးကြီးဧည့်သည်တော်လို့ သခင်မလေးချန်က ပြောထားပြီးပါပြီ။ ဒီနေရာမှာ လုံခြုံပါတယ်... ဘယ်သူမှ သခင်လေးကို နှောင့်ယှက်မှာ မဟုတ်ပါဘူး”
“ရီနံ့သာစံအိမ်လား”
ကျန်းရီ၏ မျက်ဝန်းများ အရောင်လက်သွား၏။ သူ သတိလစ်မသွားခင်တွင် ရီချန်က လူများအား သူ့ကို ကောင်းကင်ကံကြမ္မာသင်္ဘောပေါ်သို့ သယ်သွားရန် ခိုင်းလိုက်သည်ကို သူ မှတ်မိသွား၏။ သူသည် အပြစ်သားကျွန်းမှ သူလျှိုတစ်ယောက်ဖြစ်ပြီး မိစ္ဆာမျိုးနွယ်၏ မဟာဧကရာဇ်နှင့် ရင်းနှီးသော သစ္စာဖောက်တစ်ယောက်ဖြစ်၏။ သို့သော် ယခုတွင် သူသည် ရီမျိုးနွယ်၏ စံအိမ်ထဲတွင် လဲလျောင်းနေသည်လော။
“ထွက်သွားကြပါ”
ကျန်းရီက လက်ဝှေ့ယမ်းလိုက်ပြီး အစေခံမလေးများကို ထွက်သွားခိုင်းလိုက်သည်။ ထို့နောက် သူသည် အိပ်ရာထဲတွင် လှဲရင်း ဖြစ်ပျက်ခဲ့သည်များနှင့် သူ၏အစီအစဉ်ကို ပြန်တွေးလိုက်သည်။
ကျန်းရီသည် အပြစ်ဆေးကြောဒေသထဲတွင် ဖြစ်ပျက်ခဲ့သည်များကို မမှတ်မိပေ။ သူ အပြစ်ဆေးကြောဒေသထဲသို့ ဝင်သွားခဲ့ပြီး အပြင်ပြန်ထွက်လာချင်းချင်း မျိုးနွယ်ကြီးလေးခု၏ သတ်ဖြတ်မှုကို ခံရလုနီးပါးဖြစ်ခဲ့ကြောင်းကိုသာ သူ မှတ်မိပေသည်။ နောက်ဆုံးတွင် ယဉ်ရို့ပင်းနှင့် ရီချန်တို့က သူ့ကို ကယ်ခဲ့သည်။
‘ငါက ရှီးဖေးရဲ့ ခြေထောက်တွေကို ဖြတ်ခဲ့တာလား။ ငါ ဘယ်လိုလုပ်ခဲ့တာလဲ။ အပြစ်ဆေးကြောဒေသထဲမှာ ငါ ဘယ်သူဆိုတာ မပေါ်သွားလောက်ဘူး... အဲ့တော့ ငါက မိုးကြိုးအမျက်နဲ့ နတ်ဘုရားအသံ ကောင်းကင်အတတ်ကို ထုတ်မသုံးခဲ့ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ။ အဲ့ဒါဆို ငါက ဘယ်လိုလုပ်ပြီး ရှီးဖေးရဲ့ ခြေထောက်တွေကို ဖြတ်ခဲ့တာလဲ...’
‘ဘာလို့ ယဉ်ရို့ပင်းက ငါ့ကို အဲ့လောက်ကာကွယ်ပေးနေရတာလဲ။ ရီချန်ကရော ဘာလို့ ငါ့ကိုစိတ်ဝင်စားနေတာလဲ။ အဲ့ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...’
‘ငါ အပြင်ကို ပြန်ထွက်လာတော့ ငါ့လက်ထဲမှာ ကျောက်မီးဖိုတစ်လုံးကို ပိုက်ထားတယ်။ အဲ့ဒါကရော ဘာလဲ...’
‘ဗုဒ္ဓအင်ပါယာက ငါ ဘယ်သူဆိုတာကို သိသွားပြီလား...’
‘ငါ အခု ထွက်သွားသင့်လား... ဒါမှမဟုတ် ရက်နည်းနည်းလောက် အနားယူနေသင့်လား’
‘...’
ကျန်းရီ၏ ခေါင်းထဲတွင် အတွေးများစွာ ထွက်ပေါ်လာလေသည်။ ရီမျိုးနွယ်၏ စံအိမ်ထဲတွင် နေရခြင်းကို သူ နောက်ကျောမလုံပေ။ ထို့ကြောင့် သူသည် ကောင်းကင်ရှောင်တိမ်းခြင်းကိုပင် ထုတ်သုံးမိမလို ဖြစ်သွား၏။ သို့သော် သူ၏ ဒဏ်ရာများက အလွန်ပြင်းထန်သဖြင့် ယခုလောလောဆယ် ဗုဒ္ဓဧကရာဇ်မြို့တွင် ဆက်အနားယူနေခြင်းက ပိုကောင်းလိမ့်မည်ဟု သူ တွေးလိုက်မိသည်။ သူ အလောတကြီး ပြုမူလိုက်လျှင် သူမည်သူဖြစ်ကြောင်း ပေါ်သွားနိုင်သည်။ ထို့ကြောင့် သူ မဆင်မခြင် မလုပ်ဆောင်ဝံ့ပေ။
‘အရင်ဆုံး နှစ်ရက်လောက် အနားယူတာပေါ့။ အခုလောလောဆယ်အထိ လုံခြုံနေသေးတော့ အချိန်တစ်ခုလောက်အထိ ဘာမှ ဖြစ်လောက်မှာ မဟုတ်ပါဘူး’
ကျန်းရီသည် အတွေးမလွန်ရန် သူ့ကိုယ်သူ ဖိအားပေးလိုက်၏။ ထို့နောက် သူသည် ရှေးဟောင်းနတ်ဘုရားလက်စွပ်ထဲမှနေ၍ ကုသဆေးလုံးနှစ်လုံးကို ထုတ်ကာ သောက်လိုက်လေသည်။ ဆေးသောက်ပြီးနောက် သူ ရှေးဟောင်းနတ်ဘုရားလက်စွပ်ထဲရှိ ပစ္စည်းများကို စစ်ဆေးလိုက်သည်။ မည်သည့်အရာမှ ပျောက်မနေကြောင်း တွေ့ရမှ သူ စိတ်အေးသွားသည်။
‘အာ... မီးမြွေသစ်ခွလား... ငါက မီးမြွေသစ်ခွကို ရခဲ့တာလား။ အင်း... ငါ ဝိညာဉ်ဆေးပင်တွေနဲ့ ရတနာတွေ တော်တော်များများ ရခဲ့တာပဲ’
ကျန်းရီသည် ရှေးဟောင်းနတ်ဘုရားလက်စွပ်ထဲ ကြည့်နေရင်း မီးမြွေသစ်ခွကို တွေ့လိုက်၍ အံ့အားသင့်သွားလေသည်။ သူသည် အစိမ်းရောင်ပုလဲကို ထုတ်၍ အရိပ်ဧကရာဇ်၏ လူများကို ဆက်သွယ်လိုက်၏။ သို့သော် သူက ရီမျိုးနွယ်ထဲတွင် ရှိနေပေသည်။ ဗုဒ္ဓဧကရာဇ်မြို့ထဲတွင် အရိပ်ဧကရာဇ်၏ လူများ ရှိနေလျှင်ပင် သူတို့က သူရှိနေသောနေရာကို ခြေရာမခံနိုင်လောက်ပေ။ ထို့ကြောင့် သူသည် လောလောဆယ် ထိုအတွေးကို စွန့်ပစ်လိုက်ရလေသည်။
“ဟူး...”
ကျန်းရီသည် သူက မီးမြွေသစ်ခွကို ရရှိခဲ့ကြောင်း သိလိုက်၍ လုံးဝစိတ်ပေါ့သွား၏။ သူ့တွင် အခွင့်အရေးရလျှင် မီးမြွေသစ်ခွကို အရိပ်ဧကရာဇ်၏ လူများလက်ထဲသို့ ပေးရပေမည်။ အနည်းဆုံးတော့ သူသည် အောင်းလုနှင့် သဘောတူတဲ့သည့် ကိစ္စတစ်ခုကို ပြီးမြောက်အောင် လုပ်နိုင်တော့မည်ဖြစ်သည်။ ချမ်ချမ်ကိုလည်း ကုသနိုင်ပေတော့မည်။
“ဝူနီ... ကျီထင်ယွီ”
ကျန်းရီ၏ မျက်နှာထားက အေးစက်သွား၏။ သူ သတိမလစ်ခင်တွင် ဝူနီက သူ့ကို သတ်လိုနေခဲ့ကြောင်း သူ မှတ်မိသွားသည်။ သူသည် ထိုနှစ်ယောက်ကို အပြစ်ဆေးကြောဒေသထဲတွင် မဖမ်းနိုင်ခဲ့ပေ။ ကြည့်ရသည်မှာ သူ ထိုနှစ်ယောက်ကို ဖြည်းဖြည်းချင်း လိုက်ဖမ်းရမည့်ပုံပင်။ ယခုတွင် သူတို့က ဗုဒ္ဓဧကရာဇ်မြို့ထဲတွင်လော သို့မဟုတ် မြောက်ဘက်ဧကရာဇ်မြို့သို့ ပြန်သွားပြီလောကို သူ မသိပေ။
“အစေခံတွေ...”
ကျန်းရီ အော်ခေါ်လိုက်ရာ အခန်းတံခါး ချက်ချင်း ပွင့်သွားလေသည်။ ထို့နောက် အစေခံမလေးနှစ်ယောက်က ဦးညွှတ်ကာ ဝင်လာကြသည်။
“သခင်လေး ဘာခိုင်းစရာရှိလို့ပါလဲ”
ကျန်းရီက အစေခံမလေးနှစ်ယောက်ကိုကြည့်၍ မေးလိုက်သည်။
“အပြစ်ဆေးကြောဒေသမှာ ရတနာရှာပွဲပြီးသွားတာ ဘယ်နှစ်ရက်ရှိပြီလဲ”
အစေခံမလေးတစ်ယောက်က ခေတ္တမျှ စဉ်းစား၍ ပြန်ဖြေလိုက်သည်။
“ခြောက်ရက်ရှိပါပြီ သခင်လေး”
“အဲ့လောက်တောင် ရှိသွားပြီလား”
ကျန်းရီ ခေါင်းညိတ်ကာ ဆက်မေးလိုက်၏။
“မင်းတို့ရဲ့ သခင်မလေးကရော ဘယ်မှာလဲ။ ပြီးတော့ အခုလက်ရှိ ဗုဒ္ဓဧကရာဇ်မြို့ထဲမှာ ဘယ်သခင်လေးတွေ ရှိနေလဲ... သခင်လေးဝူယင်းတို့ သခင်လေးဝူနီတို့ ရှိနေကြလား”
“ကျွန်မတို့ရဲ့ သခင်မလေးက သခင်မလေးရို့ပင်း၊ သခင်မလေးရှီယာ့တို့နဲ့ ရှိနေပါတယ်”
အစေခံမလေးက ပြန်ဖြေ၏။
“သခင်လေးဝူယင်းနဲ့ သခင်လေးဝူနီတို့နှစ်ယောက်စလုံးလည်း ဒီမှာ ရှိပါတယ်။ သူတို့ကလည်း ရီနံ့သာစံအိမ်မှာပါပဲ။ သခင်လေးယဲ့ရင်၊ သခင်လေးချီကျန့်နဲ့ သခင်လေးထူလုံတို့လည်း ရှိပါတယ်။ သူတို့က အနားက စံအိမ်တွေမှာ တည်းခိုနေကြပါတယ်”
“အာ...”
ကျန်းရီ စိတ်လှုပ်ရှားသွား၏။ ယခုတွင် ဝူနီက သူ့အနီးတွင် ရှိနေသည်လော။ သူသည် ချက်ချင်း သူတို့ကို သတ်ပစ်ကာ ကောင်းကင်ရှောင်တိမ်းခြင်းဖြင့် ထွက်ပြေးမည်ဟုပင် တွေးမိသွား၏။
‘မဆင်မခြင် မလုပ်နဲ့...’
ကျန်းရီသည် သူ့ကိုယ်သူ သတိပေးကာ စိတ်ပြန်တည်ငြိမ်လာအောင် လုပ်လိုက်သည်။ သူက ရီမျိုးနွယ်၏ ပိုင်နက်ထဲတွင် ရှိနေပေသည်။ အနီးနားတွင် ရီမျိုးနွယ်၏ သိုင်းပညာရှင်များက စောင့်ကြပ်နေမည်ဖြစ်သည်။ အကယ်၍ သူသာ မဆင်မခြင်ဖြင့် ဝူနီကို ရန်ရှာလိုက်လျှင် ကောင်းကင်ရှောင်တိမ်းခြင်းကိုပင် သုံးနိုင်လိုက်မည် မဟုတ်ပေ။ ဗုဒ္ဓအင်ပါယာသည် လက်ဝါးချက်တစ်ချက်ဖြင့်ပင် သူ့ကို သတ်ပစ်နိုင်ပေသည်။
“ကောင်းပြီး... မင်းတို့ ထွက်သွားကြတော့”
ဝူနီက ဤနေရာတွင် ရှိနေသဖြင့် သေချာပေါက် ကျီထင်ယွီလည်း ပါလာပေလိမ့်မည်။ ထို့ကြောင့် သူ့အတွက် ထိုနှစ်ယောက်လုံးကို ဖမ်းနိုင်ရန် အခွင့်အရေးတစ်ခုရလာနိုင်ပေသည်။ အဆိုးဆုံးမှ သူတို့၏ မြောက်ဘက်ဧကရာဇ်မြို့သို့ အပြန်လမ်းတွင် သူတို့ကို သတ်ပစ်ရုံသာဖြစ်သည်။ သူတို့ မြောက်ဘက်ဧကရာဇ်မြို့သို့ ပြန်မရောက်မချင်း သူ့တွင် အခွင့်အရေး ရှိပေသေးသည်။
ကျန်းရီသည် သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် လုပ်လိုက်ပြီး တင်ပျဉ်ခွေထိုင်ကာ ဒဏ်ရာများကို ကုသလိုက်သည်။ သို့သော် ခေတ္တကြာပြီးနောက် သူ မျက်လုံးများ ပြန်ဖွင့်လိုက်သည်။ သူ စိတ်မတည်ငြိမ်နိုင်ပေ။
ကျန်းရီသည် အပြစ်သားကျွန်းမှ သူလျှိုတစ်ယောက်ဖြစ်ပြီး လူသားမျိုးနွယ်၏ သစ္စာဖောက်တစ်ယောက်ပင်။ အကယ်၍ သူမည်သူဖြစ်ကြောင်းသာ ပေါ်သွားပါက ဧကရာဇ်ကိုးပါးမျိုးနွယ်စုကို သူ့ကို အညှာအတာမရှိ ကွပ်မျက်ပေလိမ့်မည်။ ဗုဒ္ဓအင်ပါယာက သူမည်သူဖြစ်ကြောင်း သိသွားပြီဟု သူခံစားနေရသည်။ သို့သော် သူ ထိုအကြောင်းကို သေချာတွေးကြည့်သောအခါ မဖြစ်နိုင်ဟု ခံစားရပြန်သည်။ ဧကရာဇ်ကိုးပါးက သူနှင့် အောင်းလု၏ ဆက်ဆံရေးကို မည်သည့်အခါတွင်မှ ခွင့်ပြုမည်မဟုတ်ပေ။
ရှပ်...
ကျန်းရီ အတွေးများ နေစဉ်တွင် အခန်းထဲသို့ အမျိုးသမီးတစ်ယောက် လျှောက်ဝင်လာ၏။ သူ မော့ကြည့်လိုက်ရာ ခရမ်းရောင်ဝတ်စုံနှင့် လှပသော တစ္ဆေမျက်နှာဖုံးကို တွေ့လိုက်လေသည်။ ရီချန် ရောက်လာပေပြီ။
ကျန်းရီသည် ချက်ချင်း ဣန္ဒြေဆည်လိုက်၏။ သူမသည် အပြစ်ဆေးကြောဒေသ အဝင်ဝတွင် သူ့ကို သံသယဖြစ်ခဲ့သည် မဟုတ်ပါလား။ ထို့ကြောင့် သူ သတိလက်လွတ်ဖြစ်၍ မရပေ။
“သခင်လေးပိုင်ရီ”
ရီချန်က ကျန်းရီ၏ကုတင်နှင့် မျက်နှာချင်းဆိုင်ရှိ ခြင်္သေ့ကုလားထိုင်ဆီသို့ လျှောက်သွားပြီး ကျော့ရှင်းစွာ ထိုင်လိုက်သည်။ ထို့နောက် သူမက သူ့ကို ကြည့်၍ ပြောလိုက်သည်။
“ရှင် သက်သာလာပြီလား။ အရင်ဆုံး ဒီမှာပဲ အနားယူနေပါ။ ရီနံ့သာစံအိမ်ထဲမှာဆို လုံးဝလုံခြုံပါတယ်”
ကျန်းရီက ရီချန်၏ မျက်ဝန်းများကို ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းများက ရေကဲ့သို့ တည်ငြိမ်နေပြီး သူ၏မျက်နှာက အေးစက်တင်းမာနေသည်။ ထို့နောက် သူ အသံဩဩဖြင့် ပြောလိုက်သည်။
“သခင်မလေးရီက ကျွန်တော့်ကို ကြိုက်နေတာပါလား”
“အာ...”
ရီချန် အကြည့်လွှဲလိုက်၏။ သူမ၏မျက်ဝန်းများထဲတွင် ရှက်ရွံ့သည့်အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားလေသည်။ ထို့နောက် သူမ လျင်မြန်စွာ ပြောလိုက်သည်။
“သခင်လေးပိုင်ရီ... ကျွန်မကို အထင်မလွဲပါနဲ့။ ကျွန်မက ရှင့်ရဲ့ အရည်အချင်းကို စိတ်ဝင်စားတာပါ... ရှင့်ကို စိတ်ဝင်စားတာမဟုတ်ပါဘူး”
ဟူး...
ကျန်းရီက သက်ပြင်းလေးလေးတစ်ချက် ချလိုက်ပြီး ပြောလိုက်သည်။
“ကောင်းတယ်... အဲ့ဒါဆိုကောင်းတယ်။ ရီမျိုးနွယ်က ကျွန်တော့်ကို သခင်မလေးနဲ့ အတင်းလက်ထပ်ခိုင်းတော့မယ်လို့ ကျွန်တော်က ထင်နေတာ။ ကျွန်တော်က မိန်းမတွေကို မကြိုက်ဘူးလို့ သခင်မလေးကို အရင်ကလည်း ပြောခဲ့ဖူးတယ်မလား... အဲ့တော့.. ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး ကျွန်တော့်ကို မကြိုက်ပါနဲ့...”
“ထွီ...”
***