တစ်လမ်းစဉ် အိမ်တော် လေးလံပွဲ
Vol. 10 Ch. 131
ဒြပ်ငါးမျိုး ကင်းမဲ့နယ်သို ဦးတည်နေသော သူများက တစ်ခုတော့ ရှင်းရှင်းလင်းလင်း သိလေ၏။ နေရာများက ထောင်ကျော် နေသော်လည်း တစ်နေရာချင်းစီ၏ တန်ဖိုးကား အထင်သေး၍ မရချေ။ နေရာတစ်ခုချင်းက အဖိုးတန်လှပြီး ဂိုဏ်းများက ရောင်းချမည် မဟုတ်ပေ။ တချို့သော လူများက သူတို့ကြားရှိ ဆက်နွှယ်နေမှုများကြောင့် နေရာတစ်နေရာစာ ရလာခြင်း ဖြစ်သည်။ ထို့အတွက် ကံများစွာ ကောင်းဖို့ လိုသေး၏။
တစ်လမ်းစဉ် အိမ်တော်၏ နောက်ဆုံး လေလံပွဲတွင် ဒြပ်ငါးမျိုး ကင်းမဲ့နယ် လက်ပတ် အခု ၂၀ ရောင်းချမယ် ဆိုသည်ကို တွေးမိသောအခါ ထိုနေရာများသည် ဒြပ်ငါးမျိုး ကင်းမဲ့နယ်အတွက် ဖြစ်၍ မည်သူက ရောင်းချချင်မည်လဲ။ သို့သော် ယခုတွင် ထိုသို့ ဖြစ်ပျက်နေခြင်း ဖြစ်သည်။
ဒြပ်ငါးမျိုး ကင်းမဲ့နယ်သို့ သွားချင်ကြသော ကျင့်ကြံသူများသည် တစ်လမ်းစဉ် အိမ်တော်၏ စွမ်းဆောင်ရည် အပေါ် လေးစားနေကြသည်။ တစ်ချိန်တည်းတွင် လေလံပွဲသို့ ဝင်ဖို့ရာ အခွင့်အရေး ရှာဖွေ နေကြတော့သည်။
မိုဝူကျီက တစ်လမ်းစဉ် အိမ်တော် နေရာ ဝင်ပေါက်သို့ ရောက်လာသောအခါ လုံးဝမယုံကြည်ဖွယ် ဖြစ်သွားလေ၏။ ဝင်ပေါက် တစ်ခုလုံးတွင် လူများနှင့် ပြည့်နှက်နေပြီး လူများစွာက လေလံပွဲ လက်မှတ်ကို ဝယ်ယူရန် နည်းလမ်း ရှာနေကြဆဲ ဖြစ်သည်။ ကံဆိုးလှစွာ လက်မှတ် မှောင်ခိုရောင်းချ သူများလည်း မရှိသည့်အတွက် သူတို့အတွက် လက်မှတ် မရနိုင်ကြချေ။
ဒီလူတွေ အကုန်လုံးက လက်ပတ်အခု ၂၀ အတွက် ရောက်လာတယ်တော့ မပြောနဲ့ .... ဒီလောက် လူအများကြီး အတွက် လက်ပတ် အခု ၂၀၀၀ က လုံလောက်မည်တောင် မဟုတ်ပေ... ယခု ၂၀ ဆို ဝေးလာဝေး ဖြစ်နေသည်။
မိုဝူကျီက ဒြပ်ငါးမျိုး ကင်းမဲ့နယ် လက်ပတ် တန်ဖိုးကို အမြဲ လျှော့တွက် မိသည်ဟု ခံစားလိုက်ရသည်။ သို့မဟုတ် ပို၍ အတိအကျ ပြောရလျှင် ဒြပ်ငါးမျိုး ကင်းမဲ့နယ်၏ တန်ဖိုးကို ဖြစ်သည်။ အဆုံးမဲ့ ဝိညာဉ် နှောင်ဖွဲ့ကျောက် ရှာသည့် ကိစ္စအပြင် သူသည် ထိုအခွင့်အရေးကို သုံး၍ သူ့ကျင့်ကြံဆင့်ကို တိုးတက်အောင် လုပ်ရန် လိုအပ်သည်။
“ရပ်... လေလံပွဲက မကြာခင် စတော့မှာမလို့ လက်မှတ် မပါတဲ့သူတွေ ချက်ချင်း ထွက်သွားပေးပါ...” မိုဝူကျီ ဝင်ပေါက်ကို လျှောက်လှမ်း လာသည်ကို မြင်သောအခါ ကျင့်ကြံသူ နှစ်ယောက်က ရပ်တန့် ခိုင်းလိုက်သည်။
မိုဝူကျီက လုဖုန်းပေးခဲ့သည့် ကျောက်စိမ်းပြားကို မြှောက်ပြလိုက်ပြီး “ကျုပ်မှာ ဒီဟာရှိတယ်။ အဲဒါကြောင့် ပြဿနာ မရှိဘူး ဟုတ်တယ်မလား.....”
မိုဝူကျီ လက်ထဲမှ ကျောက်စိမ်းပြားကို ကြည့်ကာ ကျင့်ကြံသူက အလျင်အမြန် ပြောလိုက်သည် “ဒါပေါ့ ပြဿနာ မရှိပါဘူးဗျ ဧည့်သည်တော်ကြီး ကျွန်တော်နောက် လိုက်ခဲ့ပေးပါဗျ....”
မဆိုးလှပေ။ မိုဝူကျီက ကျောက်စိမ်းပြားကို သိမ်းလိုက်ပြီး ကျင့်ကြံသူနောက်မှ လိုက်ကာ အဆောက်အဦးထဲ ဝင်သွားလိုက်သည်။ အထဲသို့ ရောက်သည်နှင့် မိုဝူကျီက အံ့ဩတကြီး ထပ်ဖြစ်သွားခဲ့သည်။ အပြင်ဘက်မှ လူအရေအတွက်က များပြား လွန်းသော်လည်း အထဲရှိ လူများကလည်း မနည်းလှပေ။ ဧရာမ လူအုပ်ကြီး ဖြစ်ပေါ်နေသေး၏။
ကျင့်ကြံသူက မိုဝူကျီကို ဒုတိယထပ်မှ အခန်းငယ် ၇၆ သို့ ခေါ်ဆောင်သွားလေသည်။ ထို့နောက်တွင် သူက ပြောလိုက်သည် “ဧည့်သည်တော်ကြီး ကျေးဇူးပြု၍ ဝင်ပါခင်ဗျ တကယ်လို့ လိုအပ်တာရှိရင် အကူညီ ခေါ်လိုက်ရုံပါပဲ...”
မိုဝူကျီ ဝင်လိုက်သည်နှင့် နေရာကား မကျဉ်းရုံသာမက အောက်ထပ် တစ်ခုလုံးကို ခြုံငုံ မြင်ရလေသည်။ ကျင့်ကြံသူ ထွက်သွားပြီး နောက်တွင် မိုဝူကျီက တံခါးကို ပိတ်လိုက်ပြီး လုဖုန်းပေးခဲ့သည့် အံ့ဩစရာ ကောင်းသည့် အရာကို ကြည့်ပြီး သက်ပြင်းသာ ချလိုက်တော့သည်။ လေလံပွဲတွင် လက်မှတ် ရရနိုင်ရန်က ခက်ခဲလှသည်။ မိုဝူကျီက ဇိမ်ခံခန်းဟု ဆိုရမည့် အခန်းငယ်ပင် ရလိုက်သေး၏။
အခန်းငယ်အတွင်း ထိုင်ခုံနှစ်ခုံ အပြင် အနားယူဖို့ရာ ခုတင်အသေးလေး ပါရှိသေးသည်။ ထိုင်ခုံရှေ့တွင် စားပွဲ တစ်လုံး ပါရှိလေ၏။ စားပွဲပေါ်တွင် အလင်ပြားတစ်ခု ရှိနေသည်။ မိုဝူကျီက ဤကမ္ဘာနှင့် အစိမ်းသပ်သပ် မဟုတ်တော့သောကြောင့် ထိုအလင်းပြားသည် ရွှေ့ပြောင်း အစီအရင် တစ်ခု ဖြစ်မည်မှန်း သိသည်။ အလင်းပြားဘေးတွင် ‘အမည်မသိ ဝယ်ယူသူ’ ဟု တပ်ထားသော အနီရောင်မောင်းတံ တစ်ခု ပါရှိလေသည်။
ရှင်းပြချက် မလိုအပ်ဘဲ မိုဝူကျီက ထိုမောင်းတံ၏ ရည်ရွယ်ချက်ကို သိသွားပြီးလေပြီ။ ထိုအရာသည် ဝယ်ယူသူ၏ အမည်ကို မဖော်လိုဘဲ ဝယ်ယူရန် အသုံးပြုခြင်း ဖြစ်သည်။ မိုဝူကျီက မောင်းတံဆွဲချရန် တွန့်ဆုတ်မနေပေ။ သူ ဝယ်ယူရမည့် အရာကို အသာထား အမည်မသိ အဖြစ် ကျန်ရှိနေသည်က အကောင်းဆုံး ဖြစ်လိမ့်မည်။
မိုဝူကျီက ထိုင်ချလိုက်ပြီး လေလံပွဲ စတင်ဖို့ရန် အေးအေးလူလူ စောင့်နေလေသည်။
အမွှေးတိုင် တစ်တိုင်စာ ကုန်ဆုံးချိန်လောက်ပင် မစောင့်လိုက်ရဘဲ မောင်းသံတစ်ခု လေလံပွဲနေရာမှ ထွက်ပေါ် လာလေသည်။ မောင်းသံအပြီးတွင် ခန်းမအတွင်းက ဆွေးနွေးမှု အမျိုးမျိုးကား ငြိမ်သက် သွားတော့၏။ အားလုံးက သူတို့နေရာ ထိုင်ခုံတွင် ထိုင်လိုက်ကြပြီး လေလံပွဲတွင် သူတို့အတွက် လိုအပ်မည့် အရာကို ဝယ်ယူရန် ပြင်ဆင်နေကြသည်။
သုံးမီတာလောက် ကျယ်ဝန်းသော စလင်ဒါ ပုံသဏ္ဍာန် စင်မြင့် တစ်ခု မြေကြီးမှ ထိုးထွက် လာသည်။ စင်မြင့်အပေါ်တွင် နေရာမျိုးစုံမှ မြင်နိုင်သည့် ဧရာမ ပိတ်ကား တစ်ခုပါရှိသည်။
တစ်လမ်းစဉ် အိမ်တော်က အမှန်ပင် ကြွယ်ဝပြီး အင်အား ကြီးမားလှသည်။ ကြုံရာ ကျပန်း အခြေအနေ အောက်တွင် သူတို့သည် ကြီးကျယ်လှသော လေလံပွဲကို စီစဉ်နိုင်သေးသည်။
ထိုစဉ် လူလတ် အမျိုးသားက စင်ပေါ် တက်လာသည်။ သူက အရပ်ပေါင်းစုံတွင် ရှိနေသော လူအုပ်ကြီးကို လက်နှစ်ဖက် ယှက်လျက် နှုတ်ဆက်ပြီး နောက်တွင် ကျယ်ကျယ်လောင်လောင် ပြောလိုက်သည် “ဒြပ်ငါးမျိုး ကင်းမဲ့နယ်က မကြာခင် ဖွင့်တော့မယ် အဲဒါကြောင့် ဒြပ်ငါးမျိုး ကင်းမဲ့နယ်ကို ဦးတည်နေကြတဲ့ ပါရမီရှင်တွေက ကိုယ့်အတွက် ကာကွယ်ရေး ရတနာ ပစ္စည်းတွေ လိုချင်ကြလိမ့်မယ်လို့ ထင်တယ်။ ကျုပ်တို့ တစ်လမ်းစဉ် အိမ်တော်က အဲအတွက် ထောက်ပံ့ပေးဖို့ ရောက်ရှိ နေကြတာပါ။ ကျုပ်က တစ်လမ်းစဉ် အိမ်တော်ရဲ့ ပင်းရှစ်ချီပါ ဒီလေလံပွဲအတွက် အိမ်ရှင်အဖြစ် ဆောင်ရွက်ပေးမှာပါ။ အားလုံးသိပြီးသား ဖြစ်တဲ့ ဒြပ်ငါးမျိုး ကင်းမဲ့နယ် လက်ပတ် အခု ၂၀ အပြင် တခြားရတနာ များစွာက ခင်ဗျားတို့ကို စောင့်နေပါတယ်...
အချိန်တွေက အဖိုးတန်တယ် ဆိုတော့ ဒီနေရာမှာပဲ ရပ်ပါ့မယ် ပထမဆုံး ရောင်းချမဲ့ ဆေးလုံးက အဆိပ်ဖြေ ဆေးလုံးဖြစ်ပြီးတော့ တစ်စုံလုံးမှာ ဆေးလုံး ၁၂ လုံးပါပါတယ်။ သူတို့တွေက အဆင့်လေး ဆေးလုံးတွေပါ။ ကြမ်းခင်းဈေးက ရွမ်အဆင့် စိတ်စွမ်းအင် ကျောက်တုံး ၃၀၀ က စပါ့မယ် တစ်ခါတိုးရင် ၂၀ ထက် မနည်းရပါဘူး...”
ပင်းရှစ်ချီ၏ စကားဆုံးသည်နှင့် အဆိပ်ဖြေ ဆေးလုံး၏ တန်ဖိုးကား ခုန်တက်သွားလေသည်။ မကြာခင်တွင် ရွှမ် အဆင့် စိတ်စွမ်းအင် ကျောက်တုံး ၅၀၀ ထိ ရောက်ရှိ သွားတော့သည်။
မိုဝူကျီက ဆေးလုံးဆရာများ ချမ်းသာလှသည့် အကြောင်းအရင်းကို အသိမှတ်မပြုဘဲ မနေနိုင်တော့ချေ။ ထိုအဆိပ် ဖြေဆေးလုံးသည် သာမာန်အကျဆုံး အဆင့်လေး ဆေးလုံး ဖြစ်သော်လည်း သူတို့က များစွာ တန်လှသည်။ ထိုဆေးလုံးများသည် ဒြပ်ငါးမျိုး ကင်းမဲ့နယ်ထဲရှိ အဆိပ်မြူများနှင့် တွေ့သည့်အခါ အသုံးဝင်ပေ လိမ့်မည်။ မိုဝူကျီက ဝယ်ယူရန် စိတ်ကူးမရှိပေ။ သူကိုယ်တိုင်က ဆေးလုံးဆရာ ဖြစ်သည့်အတွက် တခြားသူများ၏ ဆေးလုံးကို အဘယ်ကြောင့် ဝယ်ယူရမည်နည်း....
အဆိပ်ဖြေ ဆေးလုံးအတွက် သူ့သိုလှောင် အိတ်ထဲတွင် အနည်းဆုံး သုံးမျိုး ရှိလေသည်။
နောက်ဆုံးတွင် ထိုအဆိပ် ဖြေဆေးလုံးများကို ရွှမ်အဆင့် စိတ်စွမ်းအင် ကျောက်တုံး အတုံးရေ ၆၃၀ ဖြင့် ဝယ်ယူသွားလေ၏။
ပထမ လုပ်ငန်း ပြီးစီး သွားသည်နှင့် အမျိုးသမီး တစ်ဦးက ကျောက်စိမ်း လင်ပန်းတစ်ခု သယ်ဆောင် လာသည်။ ပင်းရှစ်ချီက လင်ဗန်းမှ အလွန်တရာ သေးငယ်သော အရာကို ကောက်ယူပြီး မြှောက်ပြကာ “ဒါက အဆင့်နိမ့် ဝိညာဉ် ပစ္စည်းတစ်ခုဖြစ်တဲ့ ရုပ်ဖျက် မျက်နှာဖုံးပါ ကြမ်းခင်းဈေးက ရွှမ်အဆင့် ကျောက်တုံး ၃၀၀၀ ပါ တစ်ခါတိုးရင် အနည်းဆုံး ၁၀၀ ပါ စတင် လေလံဆွဲလို့ ရပါပြီ...”
မိုဝူကျီက ဝိညာဉ် ပစ္စည်းများက အမှန်တကယ် ဈေးကြီးလှသည်လား ဟုသာ တိတ်တဆိတ် ကျိန်ဆဲ လိုက်တော့သည်။
ရုပ်ဖျက် မျက်နှာဖုံး ဖြစ်သည့် အဆင့်နိမ့် ဝိညာဉ် ပစ္စည်းမျိုးပင် ဈေးနှုန်းကား ရွမ်အဆင့် ကျောက်တုံး ၃၀၀၀ ရှိသည်။ ထို့အပြင် ထိုသည်က ကြမ်းခင်းဈေးသာ ဖြစ်နေသေး၏။ နောက်ဆုံး ဈေးနှုန်းကား ပို၍ မြင့်မား သွားလိမ့်မည်။ လက်မှု ပညာသည် ဖြစ်ရသည်လည်း တောက်ပသည့် အလားအလာ ရှိ၏။ ကြည့်ရသည်မှာ ဆေးလုံးဆရာနှင့် ယှဉ်လျှင်ပင် ပို၍ ကောင်းသော အနာဂတ် ရှိလိမ့်မည်။
မိုဝူကျီက တိတ်တခိုးသား သက်ပြင်း ချလိုက်တော့သည်။ သူက လက်မှုအလုပ်ကို သင်ယူရန် ဆန္ဒမရှိပေ။ သူဆေးလုံး ဖော်စပ်နိုင်ခြင်းမှာ သူ့အရင်ဘဝက ရုက္ခဗေဒနှင့် ဇီဝဗေဒ ကျွမ်းကျင်မှုများ ကြောင့်သာ ဖြစ်သည်။ မကြာခင်တွင် ရှန်းလျဲ့က သူ့အား စကားလုံးမဲ့ ဆေးနည်းစာအုပ် ပေးခဲ့သည့်အတွက် ကံကောင်းသွားခြင်း ဖြစ်သည်။ လက်မှုပညာနှင့် ဆက်စပ်လျှင် ထိုမျှ ကံကောင်းမည် မဟုတ်ပေ။
သို့သော်လည်း ထိုရုပ်ဖျက် မျက်နှာဖုံးကား မိုဝူကျီ၏ စိတ်ဝင်စားမှုကို တိုးပွားအောင် လုပ်နေသည်။ သူ့ကျင့်ကြံဆင့်က နိမ့်လွန်းသည့် အတွက် ထိုအရာက ဘေးကင်းအောင် ကူညီပေးနိုင်လိမ့်မည်။ သို့သော်လည်း ဈေးနှုန်း အရမ်းများနေခြင်းက နှမြောစရာပင်။ မိုဝူကျီက ဝယ်ယူရမလား မဝယ်ဘဲ နေရမလား စိတ်နှစ်ခွ ဖြစ်နေတော့သည်။
ရုပ်ဖျက် မျက်နှာဖုံးက ရွမ်အဆင့် ကျောက်တုံး ၆၀၀၀ ကို ရောက်သွားသည့် အခါ မိုဝူကျီက လေလံဆွဲရန် လက်လျှော့ လိုက်တော့သည်။ သူက သူ့ကိုယ်သူ ရုပ်ဖျက်နည်းကို သိသော်လည်း ကျွမ်းကျင်သူ အဆင့်တော့ မဟုတ်သေးပေ။ ရွမ်အဆင့် ကျောက်တုံး ၆၀၀၀ ကို ဖြုန်းတီး၍ သုံးရမည့် နေရာ မဟုတ်သေးပေ။
မျက်နှာဖုံးကား အမည်မသိ နံပါတ်ရှစ်မှ ရွှမ်အဆင့် ကျောက်တုံး ၈၇၀၀ ဖြင့် လေလံ နိုင်သွားသည်။
လေလံပွဲအတွက် တတိယမြောက် ပစ္စည်းကား နောက်ထပ် အဆင့်နိမ့် ဝိညာဉ် ပစ္စည်း တစ်ခု ဖြစ်သော ဓားရှည် ဖြစ်သည်။ ကြမ်းခင်းဈေးကား ရွမ်အဆင့် ကျောက်တုံး ၃၀၀၀ ဖြစ်ကာ မိုဝူကျီက စိတ်မဝင်စားပေ။
စတုတ္ထမြောက်ကား နောက်ထပ် ဆေးလုံး တစ်စုံစာ ဖြစ်သည်။
ငါးခုမြောက်၊ ခြောက်ခုမြောက်မှ ဆယ့်တစ်ခုမြောက်ထိ ပစ္စည်းများ အားလုံးက ရောင်းထွက် သွားသော်လည်း မိုဝူကျီ လိုချင်သည့်အရာ မပါပေ။
“နောက်တစ်ခုကတော့ ရေခဲကွဲထက်ခြင်း အဆောင်ပါ။ ဒီအဆောင်က တစ်ခါပဲ သုံးလို့ ရတယ်ဆိုပေမဲ့ စစ်မှန်ခြင်းရေ အဆင့်အောက်ရှိတဲ့ ပြိုင်ဖက်ကို ကိုင်တွယ်ဖို့ လုံလောက်ပါတယ် စစ်မှန်ခြင်းရေ အဆင့် ကျင့်ကြံသူနဲ့ တွေ့ရင်တောင် သူ့အတွက် ခက်ခဲ စေပါလိမ့်မယ်။ ဒီအဆောင်ကို ကြမ်းခင်းဈေး ရွှမ်အဆင့် ကျောက်တုံး ၄၀၀၀နဲ့ စပါမယ် တစ်ခါတိုးရင် အနည်းဆုံး ၁၀၀ ပါ”
ပင်းရှစ်ချီ စကားလုံးများက မိုဝူကျီကို အမှန်ပင် စွဲဆောင်နိုင်လေ၏။ သူက ထိုအဆောင်ကို လိုချင်သော်လည်း သူ့တွင် ရွမ်အဆင့် ကျောက်တုံး တစ်သောင်းသာ ရှိသည်။ တစ်ခဏ အတွင်း အဆောင် ဈေးနှုန်းမှာ ၆၀၀၀ ထိ မြင့်တက် သွားလေပြီ။ မိုဝူကျီက ကျောက်စိမ်းပြား၏ ထုတ်ယူခြင်း လုပ်ငန်းစဉ်ကို တွေးမိသော်လည်း သူ့၏ ရှုပ်ထွေးလှသော ကျင့်ကြံခြင်းကို တွေးမိသောကြောင့် ထိုအဆောင်ကို ဝယ်ယူရန် ဆုံးဖြတ်လိုက်သည်။
“၇၃၀၀...” မိုဝူကျီက လေလံ ဈေးခေါ်ကတ်တွင် ထိုဈေးနှုန်းကို ရေးလိုက်ပြီးစတွင် ဈေးနှုန်းကား ချက်ချင်းပင် ၇၅၀၀ တက်သွားလေ၏။
“၉၀၀၀...” မိုဝူကျီက ၁၅၀၀ တစ်ခါတည်းတိုးကာ ပေးလိုက်သည်။ သူ့ကျင့်ကြံဆင့်က အားနည်းကာ သူ့အတွက် ကာကွယ်ရေး ပစ္စည်းများ မရှိလဲ မဖြစ်နိုင်လောက်ချေ။
ဈေးနှုန်းကား အရမ်း မြောက်လွန်းကာ ထိုရေခဲ ကွဲထွက်ခြင်း အဆောင်သည် တစ်ခါသုံး ဖြစ်သည်။
ပင်းရှစ်ချီ၏ အသံကား ထွက်ပေါ်လာသည် “အမည်မသိ တစ်ဦးက ရွမ်အဆင့် ကျောက်တုံး ၉၀၀၀ ပေးပါတယ်။ ထပ်ပြီး ဈေးမြင့် ပေးမဲ့သူများ ရှိသေးလား ၉၀၀၀ တစ်ကြိမ် ....”
မိုဝူကျီက ပိတ်ကားပေါ်တွင် အာရုံစိုက်ထားကာ တစ်ယောက်ယောက်က ၉၀၀၀ ထက်ပိုပေးခဲ့လျှင် သူက လက်လျှော့ လိုက်ရမည် ဖြစ်သည်။ ထို့အပြင် ယခု အစ ဖြစ်သောကြောင့် ထိုအဆောင်ပေါ်တွင် ကျောက်တုံး တစ်သောင်းလုံး သုံးလိုက်၍ မဖြစ်သေးချေ။
“၉၀၀၀ သုံးကြိမ် လေလံ အောင်သွားပါပြီ....” ပင်းရှစ်ချီက နောက်ဆုံးစကားကို ပြောလိုက်တောမှ မိုဝူကျီက သက်ပြင်းချနိုင်တော့သည်။
ချက်ချင်းပင် မိုဝူကျီ၏ အလင်းပြားတွင် စာသားများ ပေါ်လာလေ၏ “ကျေးဇူးပြုပြီးတော့ ရွှမ်အဆင့် ကျောက်တုံး ၉၀၀၀ ကို ထားပေးပါ”
မိုဝူကျီက အဆင့်မြင့် လေလံပွဲတွင် တစ်ခါမှ မပါဖူးသော်လည်း ကြားဖူးလေသည်။ ထိုစာသားကို မြင်ပြီး သူက ထိုအလင်းပြားသည် အမှန်တကယ်ပင် သေးငယ်သည့် ရွေ့ပြောင်း အစီအရင် ဖြစ်ကြောင်း သိလိုက်သည်။
မိုဝူကျီက ကျောက်စိမ်းပြား၏ ထုတ်ယူခြင်း အကြောင်း သိသော်လည်း ထိုသို့ လုပ်လိုက်ပါက သူ့အား အမည်မသိ ထပ်ဖြစ်စေတော့မှာ မဟုတ်ပေ။ ကံကောင်းလှစွာ သူက စိတ်စွမ်းအင် ကျောက်တုံး လုံလုံလောက်လောက် ပါလာသည်။
မိုဝူကျီက မြေကမ္ဘာအဆင့် ကျောက်တုံး ၉၀၀ ကို အလင်းပြားပေါ် တင်ပေးလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း ထိုစိတ်စွမ်းအင် ကျောက်တုံးများက ဖျော့တော့တော့ အလင်းအောက်တွင် ပျောက်ကွယ် သွားလေ၏။ တစ်ချိန်တည်းတွင် ကျောက်စိမ်းသေတ္တာ တစ်ခုက အလင်းပြားပေါ်တွင် ပေါ်လာသည်။
မိုဝူကျီက ကျောက်စိမ်း သေတ္တာကို ဖွင့်ကြည့် လိုက်သောအခါ အထဲတွင် အဆောင် ရှိနေလေ၏။ အဆောင် ပတ်လည်တွင် ဝိညာဉ်စွမ်းအားများ လှည့်ပတ်နေပြီး အဆောင်မှ အကြောင်းများ ဖြတ်သန်းနေသည်ဟု ထင်ရသည်။ အဆောင်မှ အားကောင်းလှသော ရေခဲအငွေ့အသက်တို့ ထွက်ပေါ်နေပြီး အသက် မသွင်းရသေးသော်လည်း မိုဝူကျီက ထိုအပေါ်တွင် ကျောစိမ့်မှု တလိမ့်လိမ့် ခံစားမိသည်။
မြေကမ္ဘာအဆင့် ကျောက်တုံး ၉၀၀ သည် အမှန်ပင် ဖြုန်းတီးမှု မဟုတ်ခဲ့ပေ။ အကယ်၍ သူက ဒြပ်ငါးမျိုး ကင်းမဲ့နယ်ထဲတွင် အန္တရာယ် ကြုံတွေ့ခဲ့ပါက ထိုအရာသည် သေချာပေါက် သူ့အသက်ကို ကယ်တင်ပေးလိမ့်မည်။
“နောက်တစ်ခုကတော့ အားလုံး စောင့်နေကြတဲ့ ဒြပ်ငါးမျိုး ကင်းမဲ့နယ် လက်ပတ် တစ်ခု ကို ရောင်းချမှာ ဖြစ်ပါတယ် ....”
ပင်းရှစ်ချီ အသံကား သူ့အခန်းထဲသို့ ပျံ့နှံ့လာသောကြောင့် မိုဝူကျီက ရေခဲကွဲထွက်ခြင်း အဆောင်ကို အမြန်အဆန် သိမ်းလိုက်ရသည်။ ဒြပ်ငါးမျိုး ကင်းမဲ့နယ် လက်ပတ်က သူ့ဟာ ဖြစ်သည့်အတွက် ဈေးနှုန်းကို အာရုံစိုက်ရန်သာ လိုအပ်သည်။ ဈေးနှုန်း ပိုမြင့်လေလေ သူဝယ်ချင်သည် များကို ပို၍ ဝယ်နိုင်လေ ဖြစ်သည်။
“ဒြပ်ငါးမျိုး ကင်းမဲ့နယ် လက်ပတ်ရဲ့ ကြမ်းခင်းဈေးက ရွမ်အဆင့် ကျောက်တုံး ၁၀၀၀၀၀ ပါ တစ်ခါတိုးရင် အနည်းဆုံး ၁၀၀၀ ပါ...”
ဈေးနှုန်းကို ကြားပြီး မိုဝူကျီက လေအေးများ မှုတ်ထုတ် လိုက်တော့သည်။ ကျန်းရှောက်ခယ်က သူ့၏ မြေကမ္ဘာအဆင့် ကျောက်တုံး တစ်ထောင်သည် အရမ်းကို ဈေးနိမ့် ရောင်းချခဲ့သည် ပြောကြောင်း သဘောပေါက်သွားတော့သည်။ ဤနေရာတွင် ကြမ်းခင်းဈေးက ရွမ်အဆင့် ကျောက်တုံး ၁၀၀၀၀၀ ဖြစ်ကာ ထိုသည်က ဖွင့်ဈေးသာ ဖြစ်သေး၏။ ထိုသည်က အရမ်း ရက်စက် လွန်းလှသည်။
***