မျောက်မထားတဲ့မိန်းမနဲ့ နှစ်ပါးသွားဇာတ်ခင်းသလို ဖြစ်နေမှာ
Vol. 65 Ch. 897
မနက်ခင်းနေရောင်ခြည်က ကမ္ဘာတစ်ဝှမ်းထွန်းလင်းတောက်ပနေပြီး ပြင်သစ်ဒီဇိုင်းပြတင်းပေါက်ကို ထိုးဖောက်ကာ အလွန်ကြီးမားသောစစ်မန်ဇ်(တံဆိပ်)အိပ်ရာကို အလင်းပေးနေလျက်ရှိသည်။ ည၏ရူးသွပ်မှုကြောင့် ထန်ရှု၏သဘာဝနာရီစည်းချက်မှာ ပြဿနာတစ်ခုဖြစ်ခဲ့ရသည်။ သူက ဆယ်နာရီမှာ နိုးလာပြီး ဟင်းနံ့၏လှုံ့ဆော်ပေးမှုကြောင့် ချက်ချင်းထလိုက်သည်။
ထန်ရှုက လက်ထောက်ကာ ထိုင်ရင်း အခန်းထဲရှိ အရသာရှိသောစားဖွယ်အပြည်နှင့်စားပွဲဝိုင်ကို ငေးကြည့်နေခဲ့၏။ ရွှယ်ယုက အဝတ်အစားပြောင်းလဲထားပြီးဖြစ်သော်လည်း သူမ၏အနက်ရောင်ဆံပင်ရှည်နှင့်လိုက်ဖက်ညီသောဂါဝန်ရှည်ကို ဝတ်ဆင်ထားတုန်းပင်။ လည်ဆွဲတစ်ခု၊ နားကပ်တစ်ရံနှင့် သူမ၏လက်ကောက်ဝတ်ပေါ်တွင် လက်ကောက်တစ်ခုကို ဝတ်ဆင်ရင်း သူမ၏အလှက ပိုတောင်ပေါ်လွင်နေလေသည်။
"ရှင်....နိုးလာပြီလား" ရွှယ်ယုက ပြုံးကာ ပြောလိုက်၏"စားပွဲထိုးက ဟင်းခွက်တွေ အခုပဲ လာပို့ထားတာ။ ငါ အပြင်ကနေ တစ်ကိုယ်ရည်သုံးပစ္စည်းအချို့ကို ဝယ်ထားပေးတယ်။ လာ.... မြန်မြန်ရေချိုးလိုက်အုံး။ ပြီးရင် ထမင်းအတူတူစားကြရအောင်"
ထန်ရှုက ပြုံးကာ ပြောလိုက်သည်"ငါတို့တွေ တစ်ညလုံး အားထုတ်ခဲ့ရလို့ ငါ အရမ်းပင်ပန်းနေတာ။ ငါ အခု လှုပ်တောင် မလှုပ်ချင်တော့ဘူး....မင်းကျ ဘာလို့ မပင်ပန်းတာလဲ။ အဲအစား....."
ရွှယ်ယုက ရှက်သွေးဖြာသွားပြီး မျက်နှာမဲ့ရွဲ့စွာ ပြောလိုက်၏"ပေါက်ကရစကားတွေ ပြောမနေနဲ့.......မြန်မြန်ရေသွားချိုး"
ထန်ရှုက အူလှိုက်သည်းလှိုက်ရယ်ရင်း အိပ်ရာခင်းကို မကာ အိပ်ရာမှ ထပြီး ရေချိုးခန်းထဲသို့ အပြေးဝင်သွားခဲ့သည်။
ရေမိုးချိုးအဝတ်အစားလဲပြီးနောက် ထန်ရှုက ထိုင်ခုံတစ်ခုယူကာ အသားကို တစ်ကိုက်ကိုက်ရင်း မေးလိုက်၏"မင်းပြောတဲ့လူတွေ ဘယ်အချိန်ကျမှ လာမှာလဲ"
"ဒီညနေလောက်ဖြစ်မယ်" ရွှယ်ယုက ဖြေလိုက်၏။
ထန်ရှုက ခေါင်းညိတ်ကာ ထပ်မေးလိုက်သည်" သူတို့က ညမှ ရောက်မှာ ဆိုတော့ ဒီနေ့အတွက် မင်းမှာ ဘာအစီအစဉ်တွေရှိလဲ ပြောပါအုံး"
ရွှယ်ယုက တခစ်ခစ်ရယ်လိုက်၏" ငါ အစက အလုပ်အချို့ စီစဉ်ထားတယ်၊ ရှင် မလာခင် သူတို့ကို အပြီးလုပ်ထားဖို့ပေါ့။ ဒါပေမယ့် အခု ဒီနေ့ ငါ့မှာ ဘာလုပ်စရာမှာ မရှိတော့ဘူး။ ဒီတော့ ရှင်သွားချင်တဲ့နေရာဘယ်နေရာပဲဖြစ်ဖြစ် ငါတို့ သွားကြမယ်လေ"
ထန်ရှုက ဘာလုပ်ရမလဲကို တွေးရင်း ပြောလိုက်၏"ဒီလိုဆိုရင် ငါတို့နှစ်ယောက် ချန်မြို့တစ်ဝိုက် ဈေးဝယ်ထွက်ကြရအောင်။ ငါ ဒီနေရာကို လာတာ ဒါက ပထမဆုံးအကြိမ်ပဲလေ"
"ကောင်းပြီ"
ရွှယ်ယုကိုယ်တိုင်က ဈေးဝယ်ထွက်ခြင်းကို မကြိုက်သော်လည်း ထိုအရာက တန်ရှုနှင့်အတူရှိမနေသောကြောင့်ဟု ဆိုနိုင်သည်။ ယခု ထန်ရှု၏အကြံပြုချက်ကို ကြားပြီး သူမက အနည်းငယ်စိတ်လှုပ်ရှားနေမိတော့သည်။
စားသောက်ပြီးနောက် နှစ်ယောက်သား ဟိုတယ်မှ ထွက်ခွာလာခဲ့၏။ သူတို့ အပြင်ရောက်သည်နှင့် မနေ့က ဓာတ်လှေကားမှာ တွေ့ဆုံခဲ့သော လူရွယ်အား မြင်တွေ့လိုက်ရ၏။ တစ်ဖက်လူလည်း သူတို့ကို သတိပြုမိကာ မျက်နှာမှာ အံ့အားသင့်မှုအပြည့်ဖြစ်သွားတော့သည်၊ သူက ရွှယ်ယုကို တစ်ချက် ကြည့်ပြီးနောက် ထန်ရှအား အထင်သေးစွာ ကြည့်လိုက်ချေတော့သည်။
"ဒီကောင်စုတ်ပြန်ပဲလား....." ထန်ရှုက ရယ်ကာ ခေါင်းခါယမ်းလိုက်သည်။
"သူ မနေ့က ရှင့်ကို လိမ်တာ ရှင်သိလား။ သူ့နာမည်က ဝူခွင်းမဟုတ်ဘူး...... လီချမ်းပဲ" ရွှယ်ယုက တိုးတိုးပြောလိုက်၏။
ထန်ရှုက တစ်ချက်ကြောင်သွားပြီးနောက် ငိုရမလားရယ်ရမလားမသိသောအမူအရာနှင့် ပြောလိုက်တော့သည်" အာ.....ဒီကောင်က တကယ်ကို ထူးခြားအံ့ဖွယ်လေးပဲ။ ကောင်းပြီ....အဲဒါကို မေ့ပြီး သူ့ကို လစ်လျူရှုထားလိုက်ကြရအောင်။ စကားမစပ် ဒီနေရာရဲ့အနီးနားမှာ ပါရီလမ်းဆုံမလား"
"ဟုတ်တယ်" ရွှယ်ယုက ရယ်ကာ ပြောလိုက်၏"အနီးနားမှာ ချင်းရှန်လမ်းမကြီးနဲ့ ခြေကျင်လျှောက်လမ်းတစ်ခုလဲ ရှိတယ်။ ဒီနေ့ ရှင့်ရဲ့ပိုက်ဆံအိတ်ကို သေချာဂရုစိုက်ဖို့ စဉ်းစားထားပေတော့"
"ဒါ ပြဿနာမရှ်ိပါဘူး။ ငါက သူဌေးတစ်ယောက်ဆိုတာ မင်း သိပါတယ်"
ထန်ရှုက ပြောပြီးနောက် လီချမ်းနှင့်လူလတ်ပိုင်းတစ်ယောက်က သူတို့နှင့် မနီးမဝေးမှ ချဉ်းကပ်လာနေသည်ကို သူ သိလိုက်ရသည်။
ထင်ထားတဲ့အတိုင်းပဲ......
သူ့အသံက အဝေးကို ပျောက်ကွယ်သွားသည်နှင့် လီချမ်းက သူ့အား ပြောနေသောအသံကို ထန်ရှုက ကြားလိုက်ရသည်"အမျိုးသမီးတွေက ပိုက်ဆံဖြုန်းတဲ့ နတ်ဆိုးတွေလိုပဲ။ သိပ်အကြွားလွန်းမနေနဲ့.....မင်း ပေးစရာပိုက်ဆံမရှိတော့မှ အရှက်ရနေအုံးမယ်။ ဟမ့်....."
ထန်ရှုက ပြုံးလိုက်ပြီး သူ့ကိုယ်သူလက်ညိုးထိုးကာ ကျယ်လောင်စွာ အော်ပြောလိုက်သည်"မင်း ငါ့ကိုမနာလိုနေတာ ငါ သိပါတယ်ကွာ။ ငါက မင်းလို မဟုတ်ဘူးကွ။ ဟန်နီ၊ သွားကြရအောင်"
ရွှယ်ယွဲ့က ပြုံးရင်း ထန်ရှု၏လက်မောင်းအား ပွေ့ဖက်ကာ လီချမ်း၏ဆူးနှင့်တူသောအကြည့်များအောက်၌ နှစ်ယောက်သား ထွက်ခွာသွားတော့၏။
ထိုအချိန်တွင် ဘော့စ်ဟွမ်းက ထွက်ခွာသွားသောရွှယ်ယုအား စိုက်ကြည့်နေသည်။ သူမနှင့်ထန်ရှုတို့ အဝေးကို ရောက်သွားသောအခါမှသာ သူ၏အကြည့်အား ရုတ်သိမ်းပြီး လီချမ်းအား လျင်မြန်စွာ မေးလိုက်သည်"လူငယ်လေးလီ၊ မင်း သူတို့ကို သိလား"
"ငါ မသိဘူး" လီချမ်းက ခေါင်းခါလိုက်၏။
ဘော့စ်ဟွမ်က မျက်မှောင်ကြုတ်ကာ မကျေမနပ် ဖြစ်သွားသည့်ဟန် မေးလိုက်သည်"မင်း သူတို့နဲ့ အခုလေးတင် စကားပြောခဲ့တာမလား။ မင်း သူတို့ကို ဘယ်လိုလုပ်ပြီး မသိရတာလဲ"
အတွေ့အကြုံရင့်ကျက်သူတစ်ယောက်အနေနှင့် လီချမ်းက ဘော့စ်ဟွမ်၏မျက်လုံးများမှတစ်ဆင့် သူ ဘာကို စုံစမ်းချင်နေသလဲဆိုသည်ကို သူက ပြောနိုင်သည်။ သူက ချက်ချင်း ပြုံးကာ ပြောလိုက်သည်"ငါ သူတို့ကို တကယ်မသိတာပါ....သူဌေး။ မနေ့က ငါ သူတို့နဲ့ ဓာတ်လှေကားမှာ အမှတ်မထင်တွေ့ခဲ့ရုံပဲ။ အဲ့အကောင်က အဲ့ဒိီအမျိုးသမီးကို ယွမ်ဘီလီယံတစ်ထောင်ပေးမယ်လို့ ကြွားဝါနေခဲ့တာလေ။ ငါ သူတို့နဲ့ ဒီနေ့ ထပ်တွေ့လိမ့်မယ်လို့ ဘယ်လိုမှ မထင်ထားခဲ့တာ"
သူဌေးဟွမ်း၏မျက်လုံးများက ပြောင်းသွားပြီး သူက တိုးတိုးလေးပြောလိုက်၏"လူငယ်လေးလီ၊ မင်း ငါ့အတွက် အလုပ်လုပ်ဖို့ သဘောတူထားတယ်မလား၊ ဒါဆို ငါ မင်းကို စမ်းသပ်ချက်တစ်ခုပေးမယ်။ မင်း ငါ့ကို အဲ့အမျိုးသမီးရဲ့ဖုံးနံပါတ်ကို ယူလာပေးနိုင်ရင် ငါ မင်းကို ငါ့ကုမ္ပဏီရဲ့အရောင်းဌာနရဲ့လက်ထောက်မန်နေဂျာအဖြစ် တိုက်ရိုက်ခန့်လိုက်မယ်"
'အယုတ်တမာကောင်......'။ လီချမ်းက စိတ်ထဲ၌ ကျိန်ဆဲလိုက်တော့၏။ သူ့မျက်နှာပေါ်တွင်တော့ အပြုံးမပျက်သေးဘဲ သူက ပြောလိုက်သည်"အဲဒါကို နောက်မှပေါ့ .....သူဌေး။ စာချုပ်ကိစ္စဆွေးနွေးဖို့ ငါ့ကုမ္ပဏီကို အရင်သွားကြရအောင်။ တကယ်တော့ ငါမင်းရဲ့ဝန်ထမ်းဖြစ်တော့မှာမို့ ကုမ္ပဏီရဲ့ထုတ်ကုန်တွေထုတ်လုပ်တဲ့စျေးနှုန်းကို ကြည့်ပြီး အဲဒါရဲ့ရောင်းဈေးဒစ်စကောက်ကို အနိမ့်ဆုံးအထိ ဖြတ်ရမယ်။ အဲဒါက သူဌေးရဲ့ပိုက်ဆံအမြောက်အများကို သက်သာစေမှာပါ"
သို့သော်လည်း သူဌေးဟွမ်က ခေါင်းခါကာ ပြောလိုက်သည်"အဲဒီအမျိုးသမီးရဲ့ဖုံးနံပါတ်ကို အရင်သွားယူခဲ့။ မြန်မြန်....ငါ မင်းကို ဟိုတယ်မှာ စောင့်နေမယ်"
"ဒါက....." လီချမ်းက ချီတုံချတုံဖြစ်နေ၏။ သို့သော်လည်း သူက ခေါင်းညိတ်ကာ ထန်ရှုနှင့်ရွှယုတို့ထွက်ခွာသွားရာဦးတည်ချက်ဆီ လျင်မြန်စွာ ပြေးလိုက်သွားခဲ့သည်။
နေဝင်ရီတရောအချိန်သို့ ရောက်ရှိလာပြီး ထန်ရှုက ရွှယ်ယုနှင့်အတူ ကံကြမ္မာဈေးရုံမှ ထွက်လာခဲ့၏။ နှစ်ယောက်စလုံးက ပစ္စည်းမျိုးစုံနှင့်အထုတ်အများအပြားကို သယ်ဆောင်လာခဲ့သည်။ သူတို့ဝယ်ယူထားသောကျန်ပစ္စည်းများကိုမူ ဈေးဆိုင်တန်းထဲတွင် တစ်ယောက်မှ သူတို့အား အာရုံမစိုက်သောအချိန်၌ သိုလှောင်လက်စွပ်ထဲသို့ ထည့်ထားခဲ့၏။
"ဒီကောင်က ငါတို့နောက် လိုက်လာတာပဲ၊ ထန်ရှု......"
အပြုံးတစ်ခုက ထန်ရှု၏မျက်နှာပေါ်တွင် ပေါ်ထွက်လာပြီး သူက ပြန်ပြော၏"အဲအတိုင်း ထားလိုက်စမ်းပါ။ သူ့ကို ငါတို့နောက်လိုက်နေတဲ့ခွေးတစ်ကောင်လို့ပဲ သတ်မှတ်လိုက်။ ဒါ...ငါ့ကို တစ်ခုခု သတိရစေခဲ့တာပဲ....မင်း မောနေပြီးလား။ ငါတို့ကို လာကြိုဖို့ ငါ အားဝူကို ပြောထားပြီးသား....ငါတို့ ကားနဲ့ ပြန်ကြတာပေါ့"
"ရှင် ဒီနေရာကို လေယာဉ်နဲ့ လာတာမလား"ရွှယ်ယုက အံ့အားတကြီးမေးလိုက်သည်"ရှင် အဲကားကို ဘယ်က ရလာတာလဲ"
"ငါတို့ အခြားမြို့တွေကို ဘယ်အချိန်ပဲ သွားသွားအာဝူက ကားအချို့ အမြဲတမ်း ပြင်ဆင်ထားပြီးသားလေ" ထန်ရှုက ရယ်ရင်း ပြောလိုက်သည်"ငါတို့တွေ ဒီတစ်ခါ လေယာဉ်နဲ့ မသွားဘဲ ကားနဲ့ သွားကြတာပေါ့။ အပျော်ခရီးတစ်ခုထွက်လာတယ်လို့ပဲ စဉ်းစားလိုက်ကြရအောင်"
"အရမ်းကောင်းတယ်....." ရွှယ်ယုက ပျော်ရွှင်သောအမူအရာနှင့် ချက်ချင်း ပြန်ဖြေလိုက်၏။ သူမအနေနှင့် ထန်ရှုနှင့်အတူ ယခုလိုအချိန်အကြာကြီးရှိနေဖို့က ရှားပါးလွန်းသည်မဟုတ်လော။
သူတို့နှင့်မီတာဒါဇင်လောက်အကွာတွင် လီချမ်းက ထန်ရှုနှင့်ရွှယ်ယုတို့၏နောက်ကျောကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။ ဒီငနဲက တကယ်ကို လူချမ်းသားတစ်ယောက်ဆိုသည်ကို သူ ယခု သဘောပေါက်ခဲ့သောကြောင့် ထူးဆန်းသည်ဟု ထပ်မခံစားရတော့ပေ။ ယနေ့ သူတို့နောက်ကို လိုက်ရင်း သူတို့က အနိမ့်ဆုံးတစ်သန်းအထိ သုံးစွဲနေခဲ့သည်ကို သူကိုယ်တိုင် မြင်တွေ့ခဲ့ပြီးပြီပင်ဖြစ်၏။
ဒါပေမယ့် တစ်ခုခုတော့ လွဲချော်နေသလိုပဲ....သူတို့က ပစ္စည်းတွေ အများကြီး ဝယ်ခဲ့တာပဲ.....ဒါပေမယ့် အခု သူတို့မှာ အိတ်အနည်းငယ်ပဲ ရှိတော့တယ်ရော......ကျန်တဲ့ပစ္စည်းတွေက ဘယ်ရောက်သွားတာလဲ.....မဟုတ်မှလွဲရော သူတို့ဝယ်ခဲ့တဲ့ပစ္စည်းတွေအားလုံးကို လွင့်ပစ်လိုက်တာများလား....
"ဟမ့်...."
သူက ခေါင်းရှုပ်နေစဉ် စတိုင်ကျကျနှင့်ခမ်းနားသောအနက်ရောင်မာစီးဒီးဘင့်ဇ်ကားတစ်စီးက သူ၏မြင်ကွင်းထဲသို့ ရောက်ရှိလာသည်။ ၎င်းက ထိုစုံတွဲရှေ့၌ ရပ်သွားပြီး သူတို့နှစ်ယောက်အား ချက်ချင်း တင်ကာ အဝေးသို့ လျင်မြန်စွာ မောင်းထွက်သွားခဲ့၏။
"ဒါ တန်ဖိုးကြီးဇိမ်ခံကားတစ်စီးမလား"
လီချမ်း၏အမြင်က စူးရှ၏၊ ထိုကားက ဘာအမျိုးအစားဖြစ်သည်ကို သူက ချက်ချင်း သိလိုက်သည်။ ၎င်းက ယွမ်တစ်မီလီယံရှိသောမာစီးဒီးဘင့်ဇ်အေအမ်ဂျီ-ဂျီစီးရီးပင်။ သူက တစ်ခဏမှင်တက်သွားခဲ့ရ၏။ ထိုကဲ့သို့တန်ဖိုးကြီးကားတစ်စီးကို ဝယ်စီးနိုင်သောသူများအားလုံးကား ချမ်းသာသောအကောင်ကြီးကြီးများပင် ဖြစ်ကြပေသည်။
ဖြစ်နိုင်တာက..... ဒီကောင်က တကယ်ပဲ ချမ်းသာတာလား.....
ပြီးတော့.....သူ မနေ့က ဓာတ်လှေကားထဲမှာ ပြောခဲ့တဲ့တစ်ဘီလီယံက တကယ်ပဲများလား.....
လီချမ်းက တံတွေးမျိုချပြီး သူ့ခေါင်းအား ရိုက်ကာ ခေါင်းထဲရှိထိုအတွေးများအားလုံးကို မောင်းထုတ်လိုက်လေ၏။ ထိုအကောင်က ချမ်းသာသော်လည်း လူငယ်တစ်ယောက်သာ ဖြစ်နေသေးသည်။ သူ့တွင် ချမ်းသာသောမိသားစုတစ်ခုရှိသည်သာ ဖြစ်တန်ရာ၏၊ သို့သော်လည်း တစ်ဘီလီယံကို အမှိုက်တစ်ခုပမာ ပစ်ထုတ်မည်ဆိုသည်ကတော့ မဖြစ်နိုင်ပေ။
"သွားစမ်း....ငါ သူတို့ကို လွတ်သွားတော့မှာပဲ...."
သူက နေရာတွင် မှင်တက်နေစဉ် ထိုနှစ်ယောက်က ကားဖြင့် ထွက်သွားတာကို ရုတ်ခြည်းသတိရလိုက်သည်။ သို့သော်လည်း ကားက ဖြည်းဖြည်းချင်းသာ သွားနေသည်ကို သူက လျင်မြန်စွာ သတိပြုမိလိုက်၏၊ သို့ကြောင့် သူက သာမန်လူတစ်ယောက်၏အပြေးမြန်နှုန်းထက် ပိုမြန်သော မြန်နှုန်းတစ်ခုနှင့်အတူ လျင်မြန်စွာ ပြေးလိုက်သွားခဲ့၏။
မာစီးဒီးဘင့်ဇ်ကားထဲတွင် အနောက်ကို တစ်ချက်ကြည့်ပြီးနောက် ရွှယ်ယုက ပြုံးကာ ချက်ချင်းပြောလိုက်သည်"ရှင်က တကယ်ဆိုးတာပဲ....ထန်ရှု။ ငါ အခုတော့ သဘောပေါက်ပြီ။ သူ လိုက်လာမယ်ဆိုတာ ရှင် သိပြီးသားပဲ....ဒါပေမယ့် သူက ခြေကျင်နဲ့ဆိုတော့။ ငါတို့တွေ စားသောက်ဆိုင်ကို ရောက်တဲ့အခါကျရင် သူက လျှာထွက်နေမှာ အသေအချာပဲ...."
"အဲတော့ ငါ ဘာလုပ်ရမှာလဲ။ သူက ငါတို့ကို ခြေရာခံလိုက်နေတာလေ.....အဲ့တော့ ငါက သူနဲ့ ပူးပေါင်းပေးရတာပေါ့...မဟုတ်ဘူးလား" ထန်ရှုက ပြုံးကာ ပြောလိုက်၏"မဟုတ်ရင် ငါ သူရဲ့အားထုတ်မှုကို မလေးစားသလို ဖြစ်သွားမှာပေါ့။ အာဝူ....အဲကောင်ကို အာရုံစိုက်ထား။ သူ တက္ကစီတစ်စီးရတာနဲ့ မင်း ကားကို အရှိန်တင်လိုက်...."
"ဒီလမ်းမှာ တက္ကစီနည်းနည်းပဲ ရှိတယ်.....သူဌေး။ ဒါ့ပြင် အခုက ရုံးဆင်းချိန်လေ....သူအနေနဲ့ တစ်စီးရဖို့တောင် မလွယ်လောက်ဘူး....." မိုအားဝူက ထူးဆန်းသောအမူအရာနှင့် ပြောလိုက်၏။
"ဒါကြောင့် ငါ မင်းကို ဖြေးဖြေးပဲ မောင်းခိုင်းတာပေါ့။ ဒါမှ သူ ကပ်ပါလာမှာလေ အားဝူရဲ့" ထန်ရှုက ပြောလိုက်သည်"ငါတို့ရဲ့ပန်းတိုင်ရောက်ရင်တော့ သူ့ကို ငါ့ဆီ ခေါ်လာခဲ့ပေး။ သူ ငါတို့နောက်ကို ဘာအတွက် လိုက်လာလဲဆိုတာ ငါ သူ့ကို မေးချင်တယ်"
ကီလိုမီတာအနည်းငယ်ပြီးနောက် လီချမ်းက ချွေးများနှင့် စိုရွှဲနေပြီး သူ့ခြေထောက်များက သူ့ကို ပုန်ကန်လာတော့၏၊ သူက တက္ကစီတစ်ခုကို ရှာရန် မျက်လုံးကစားနေခဲ့ပြီး နောက်ဆုံး၌ ရရှိသွားခဲ့သည်။ သူက တက္ကစီပေါ် တက်ပြီးနောက် အရှေ့ရှိ မာစီးဒီးဘင့်ဇ်အေအမ်ဂျီ-ဂျီစီးရီးကားကို လက်ညှိုးထိုးကာ အော်ပြောလိုက်၏"ဦးလေး....ငါ့ကို ကူညီပါ...လိုက်.....မြန်မြန်လိုက်ပေးပါ.....အရှေ့က မာစီးဒီးဘင့်ဇ်ကားနောက်ကို...."
"ဒါပေမယ့်....."တက္ကစီဒရိုင်ဘာက တုံ့ဆိုင်းနေသည်။
လီချမ်းက အမောတကောပြောလိုက်၏"ကျွန်တော် ခင်ဗျားကို ပေးမယ်။ ငါးရာက လုံလောက်လား။ မလုံလောက်ရင် ထပ်ပေးမယ်"
“
"လုံလောက်တယ်၊ အဲဒါက လုံလောက်တယ်" တက္ကစီဒရိုင်ဘာက ကမန်းကတန်းခေါင်းညိတ်ကာ ကားအရှိန်ကို တင်လိုက်ချေသည်။
သို့သော်လည်း နောက်ထပ်တစ်မိနစ်ကြာပြီးနောက် အရှေ့ကားကလည်း အရှိန်တင်လိုက်သည်ကို သူက ရုတ်တရက် သဘောပေါက်သွား၏။ အရင်ကထက် ပိုမြန်လာပြီး လမ်း၏အရှိန်အကန့်အသတ်ကို ကျော်လွန်လုနီးပါးပင်။ ထိုအခါကျမှ တစ်ဖက်လူက သူ့အား ရည်ရွယ်ချက်ရှိရှိနှင့် ကစားနေခဲ့သည်ကို လီချမ်းက နောက်ဆုံး၌ သဘောပေါက်သွားတော့သည်။
"အယုတ်တမာကောင်...." လီချမ်းက ဒေါသတကြီး ကျိန်ဆဲရင်း လက်သီးကို တင်းကြပ်စွာ ဆုပ်ထားလိုက်လေ၏။
တက္ကစီဒရိုင်ဘာက အံ့အားသင့်သွားပြီး ဒေါသပေါက်ကွဲထွက်သွားသည်။ သူက နောက်လှည့်ကာ ပြောလိုက်၏"မင်း ဘာဖြစ်နေတာလဲ....လူငယ်လေး။ ငါ အရှိန်တင်ထားပြီးသားပဲလေ....ဘာလို့ မင်း ငါ့ကို ကျိန်ဆဲနေရတာလဲ"
လီချမ်းက မျက်နှာပျက်သွားပြီး သူက ဒေါသကို ချက်ချင်းဖိနှိပ်ကာ ပြောလိုက်၏"ငါ ဦးလေးကို ကျိန်ဆဲတာ မဟုတ်ပါဘူး။ အဲဒီမာစီးဒီးဘင့်ဇ်ကားထဲကလူကို ပြောတာ။ အဲဒီအယုတ်တမာကောင်....အား....ထားလိုက်တော့။ သူတို့ဘယ်ပဲသွားသွား လိုက်မီအောင်ပဲ ငါ့ကို ကူညီပေး"
သူ၏ရှင်းပြချက်ကို ကြားပြီးနောက် တက္ကစီဒရိုင်ဘာ၏ဒေါသက လျော့ကျသွားခဲ့တော့သည်။ သို့သော် လီချမ်းအပေါ် သူ၏မျက်လုံးအကြည့်များက စာနာမှုအပြည့်ဖြစ်နေပြီး သူက ပြောလိုက်၏"လူငယ်...မင်းရဲ့ကောင်မလေးက အရှေ့ကားထဲကကောင်အတွက်နဲ့ မင်းကို စွန့်ခွာသွားတာမလား။ အားလားလား....ဒီနေ့ရဲ့မိန်းမတွေက ဥစ္စပစ္စည်းတွေ မတရားမက်မောတာပဲ....။ လူငယ်....ငါ မင်းကို အကြံပေးမယ်.....။ ဖြစ်နိုင်ရင် အဲဒီလိုဥစ္စာပစ္စည်းကိုပဲမက်မောတဲ့မိန်းမမျိုးကို မင်း လက်လွှတ်လိုက်တော့။ မဟုတ်ရင် အနာဂတ်မှာ မင်း သူမကို လက်ထပ်ပြီးတဲ့အခါကျရင် သူမက မင်းကို ထပ်ကစားအုံးမှာပဲ။ အဲ့အခါကျရင် မင်းက မျောက်မထားတဲ့မိန်းမနဲ့ နှစ်ပါးသွားဇာတ်ခင်းနေရသလိုဖြစ်နေမှာ....."
***