ဒုက္ခအားလုံးက ပါးစပ်ဖျားကနေ လာတာပဲ
Vol. 65 Ch. 898
တက္ကစီဒရိုင်ဘာ၏စကားများက လီချမ်းကို ဒေါသထွက်စေခဲ့သည်၊ သူက သွေးပွက်ပွက်အန်ချင်မတတ်ဖြစ်ခဲ့ရ၏။ သူက ဒေါသကို မဖိနှိပ်နိုင်တော့ဘဲ ကြမ်းတမ်းစွာ အော်ပြောလိုက်သည်"အဲဒါတွေကို ငရဲမှာ သွားပြော။ စကားမပြောရရင် မင်း သေသွားမှာမို့လား။ ချီးလိုပဲ.....ဘာတစ်ခုမှ မသိဘဲ ဘာလို့ ပေါက်ပန်းလေးဆယ်တွေ စောက်ပြောနေရတာလဲ....."
သို့သော်လဲ တက္ကစီဒရိုင်ဘာက ဒေါသမထွက်သွားခဲ့ပေ။ ထိုအစား သူက လီချမ်းအား ပိုသနားသွားပုံရကာ ပြောလိုက်တော့၏"ကောင်းပါပြီ....ကောင်းပါပြီ။ ငါ ထပ်မပြောတော့ပါဘူးကွာ။ ဒီလိုအရာတွေနဲ့ ပတ်သက်ပြီး ဒေါသထွက်တာ လူ့သဘာဝပဲလေ......"
ဆဲဆိုသံများက လီချမ်း၏ခေါင်းထဲတွင် တရစပ်ထွက်ပေါ်လာပြီး သူက တက္ကစီဒရိုင်ဘာအား ဒေါသတကြီးစိုက်ကြည့်ပြီးနောက် သူ၏ဒေါသမျက်နှာကို အရှေ့ရှိမာစီးဒီးဘင့်ဇ်ဆီ ရွှေ့ပြောင်းလိုက်တော့သည်။ သူက အလွန်အသည်းယားနေပြီး ဖြစ်နိုင်လျှင် ထိုလူအား ဆွဲထုတ်ကာ အပိုင်းပိုင်းဆုတ်ဖြဲချင်နေမိ၏။
ပါးဝမ်စားသောက်ဆိုင်။
ဤနေရာက အပြင်ကနေကြည့်လျှင် အလွန်သာမန်ဆန်သည်။ ၎င်းက ရှေးကျသောဒီဇိုင်းနှင့်သုံးထပ်အဆောက်အအုံတစ်ခုဖြစ်ပြီး အနီရောင်မီးအိမ်များစွာကို ချိတ်ဆွဲထား၏။ တလက်လက်တောက်ပနေသောရွှေရောင်ဆိုင်းဘုတ်အောက်တွင် ဧည့်ကြိုမိန်းကလေးလေးယောက်က ဘေးတစ်ဖက်တစ်ချက်စီတွင် ရပ်နေ၏၊ လုံခြုံရေးအစောင့်အနည်းငယ်က ပတ်ပတ်လည်တွင် ကင်းလှည့်နေသည်။
"ကြိုဆိုပါတယ်၊ မစ်ဇ်၊ ဆရာ"
ထန်ရှုက ရွှယ်ယု၏လက်ကို ကိုင်ကာ မာစီးဒီးဘင့်ဇ်ကားပေါ်မှ ဆင်းလိုက်၏၊ ဧည့်ကြိုအမျိုးသမီးလေးယောက်က သူတို့အား ရိုသေလေးစားစွာ နှုတ်ဆက်နေသည်။ သို့သော် ဆွဲဆောင်မှုအပြည့်နှင့်တင့်တယ်လှပသောအမျိုးသမီးတစ်ယောက်က အထဲမှ ကမန်းကတန်း ပြေးထွက်လာ၏။ သူမက ထန်ရှုနှင့်ရွှယ်ယုတို့ကို မြင်ပြီး တဒင်္ဂတုံ့ဆိုင်းသွားပြီးနောက် သူမ၏မျက်လုံးများက ရွှယ်ယုအပေါ် ကျရောက်လာခဲ့သည်"မင်းက မစ်ဇ်ရွှယ်မလား"
"ဟုတ်ပါတယ်" ရွှယ်ယုက ခေါင်းညိတ်ပြလိုက်၏။
ထိုအမျိုးသမီးက ကတ်ပြားနှစ်ခုကို ကမန်းကတန်းထုတ်ကာ ထန်ရှုတို့နှစ်ယောက်အား ပေးလိုက်၏။ သူမက သူတို့အား နှုတ်ဆက်လိုက်သည်"ကြိုဆိုပါတယ်။ ငါက ဒီစားသောက်ဆိုင်ရဲ့မန်နေဂျာပါ၊ မင်း ငါ့ကို မန်နေဂျာဟူလို့ ခေါ်နိုင်ပါတယ်။ အကြီးအကဲချန်နဲ့အကြီးအကဲပေတို့ ရောက်နေပြီ၊ သူတို့တွေ သီးသန့်ခန်းမှာ စောင့်နေပါတယ်"
"ရှင်က ချန်ဖျင်ကွေ့နဲ့ပေအန်လဲ့တို့ကို သိတာလား" ရွှယ်ယုက အံ့အားသင့်စွာ မေးလိုက်၏။
"သူတို့က ငါတို့စားသောက်ဆိုင်ရဲ့ဂုဏ်ထူးဆောင်ဧည့်သည်တွေလေ" မန်နေဂျာဟူက ပြောလိုက်သည်"နှစ်နှစ်ပြည့်တိုင်း သူတို့က ချန်မြို့ကို လာပြီး ဒီနေရာမှာပဲ စားသောက်ဆွေးနွေးမှုတွေ ပြုကြတာ။ ပြီးတော့ ငါ့ယောင်္ကျားကလဲ အကြီးအကဲချန်ရဲ့တပည့်ပဲ"
"ရှင့်ယောင်္ကျားလဲ ဆေးပင်ပညာရှင်တစ်ယောက်လား" ရွှယ်ယုက အံ့အားသင့်သွားတော့သည်။
မန်နေဂျာဟူ၏အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး သူမ၏မျက်နှာက လေးစားသည့်ဟန်အမူအရာ ရှိလာခဲ့သည်။ သူမက ခေါင်းညိတ်ကာ ပြောလိုက်၏"ဟုတ်တယ်။ ငါ့ယောင်္ကျားက ဆေးပင်ပညာရှင်တစ်ယောက်ပဲ"
"ကောင်းပြီလေ။ ကျေးဇူးပြုပြီး လမ်းပြပေးပါ" ရွှယ်ယုက ခေါင်းညိတ်လိုက်သည်။
မကြာမီပင် ထန်ရှုနှင့်ရွှယ်ယုတို့က မန်နေဂျာဟူ၏နောက်မှ လိုက်လာကာ တတိယအထပ်ရှိ သီးသန့်ခန်းသို့ ရောက်ရှိလာခဲ့၏။ သူတို့အားအံ့အားသင့်စေခဲ့သည်က သက်ကြီးပုဂ္ဂိုလ်နှစ်ယောက်၏ဘေးနားတွင် အခြားလူအချို့ရှိနေခြင်းပင်၊ တစ်ယောက်က သူတို့နှစ်ယောက်၏အနောက်တွင် တလေးတစားရပ်နေသည့်ပိန်ပိန်ပါးပါးလူလတ်ပိုင်းတစ်ယောက်ဖြစ်ပြီး အခြားနှစ်ယောက်က ဆံဖြူအဘွားအိုတစ်ယောက်နှင့်ရုပ်ရည်ချောမောသောလူရွယ်တစ်ယောက်တို့ပင် ဖြစ်သည်။
"အမ်"
လူရွယ်က အထဲသို့ဝင်လာသည့်ရွှယ်ယု၏ဘေးနားတွင်ရှိနေသောထန်ရှုကို မြင်ပြီး အလန့်တကြားဖြစ်သွားသောအသံက သူ့ထံမှ ချက်ချင်းပေါ် ထွက်သွား၏။ သူက ထန်ရှုတို့နှစ်ယောက်အရှေ့သို့ လျှောက်လာကာ ရွှယ်ယုအား အထက်စီးဆန်စွာ မေးလိုက်သည်"ရွှယ်ယု....သူက ဘယ်သူလဲ"
ထန်ရှုက ရွှယ်ယုအား ထူးဆန်းသောအမူရာနှင့် ကြည့်ကာ ပြုံးလျက် မေးလိုက်၏"မင်း သူ့ကို သိလား"
ရွှယ်ယုက ချောမောခန့်ညားသောလူရွယ်အား တစ်ချက်ကြည့်ကာ ပေါ့ပေါ့ပါးပါးပြောလိုက်သည်"ငါ သူ့ကို သိတယ်၊ ဒါပေမယ့် ငါ သူနဲ့ မရင်းနှီးပါဘူး"
အနှီလူရွယ်၏မျက်နှာက မည်းမှောင်သွားပြီး သူက စိတ်ဆိုးစွာ ပြောလိုက်၏"ရွှယ်ယု၊ ငါ မင်းကို လိုက်နေတယ်ဆိုတာ မင်း သိပြီးသားပဲလေ။ ဘာလို့ ငါက မင်းနဲ့ မရင်းနှီးဘူးလို့ ပြောရတာလဲ။ ပြီးတော့ မင်း....မင်းက ဘာကောင်လဲ။ မင်းရဲ့လက်ကို ရွှယ်ယုကိုယ်ပေါ်ကနေ ရုတ်သိမ်းလိုက်စမ်း၊ မဟုတ်လို့ကတော့ ငါ မယဉ်ကျေးတဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့"
ထန်ရှုက ရယ်ကာ ပြောလိုက်၏"အခု ငါ သိပြီ။ ဒါဆို မင်းက ရွှယ်ယုကို လိုက်နေတဲ့ထဲက တစ်ယောက်ပေါ့။ အံ့ဩစရာမရှိပါဘူး။ ငါ့ရဲ့ဒီအမျိုးသမီးကလဲ အသက်ရှုမှားလောက်တဲ့အလှအပဂေးလေးဆိုတော့ သူမကို လိုက်နေတဲ့သူတွေ ငါးကြင်းတွေလို ပေါများတာ သဘာဝပဲလေ။ ကောင်းပြီ၊ ကလေးတစ်ယောက်လို သရုပ်ဆောင်နေတာ၊ ခြိမ်းခြောက်နေတာ ရပ်လိုက်တော့....ဟုတ်ပြီလား။ သူမက ငါ့အမျိုးသမီးဆိုတဲ့အချက်အလက်ကို မင်း ဘယ်လိုမှ ပြောင်းလဲလို့မရနိုင်ပါဘူး"
အခြားသူများ၏အရှေ့တွင် သူမအား သူ၏အမျိုးသမီးဟု ထန်ရှု၏ဝန်ခံချက်ကို ကြားပြီး ရွှယ်ယုက အလွန်ပျော်သွားပုံရ၏။ အပြုံးတစ်ခုက သူမ၏စွဲမက်ဖွယ်ရာမျက်နှာပေါ်တွင် ထွက်ပြူလာပြီး သူမက နူးညံ့ညင်သာစွာ ပြောလိုက်တော့သည်"သူ ပြောတာ မှန်တယ်။ သူက ငါ့ယောင်္ကျားပဲ။ သူက ငါ့ဘဝရဲ့တစ်ဦးတည်းသောယောင်္ကျားပဲ။ ဒါကြောင့်....မာစတာလျို...ကိုယ့်သိက္ခာကိုယ်ထိန်းပြီး အခြားသူတွေကို အနှောင့်အယှက်ပေးတာကို ရပ်တန့်က ရပ်ပေးပါ....."
ချောမောခန့်ညားသောလူရွယ်က စုံတွဲအား မယုံသင်္ကာနှင့် ကြည့်လိုက်သည်။ သူက အော်မည့်အခိုက်တွင် ဆံဖြူအဖွားအိုက အော်ပြောလိုက်၏"မုံ့ကလေး၊ ဒီကို ပြန်လာစမ်း"
"ငါ......"
ချောမောခန့်ညားသောလူရွယ်က ပါးစပ်ဟလိုက်သော်လည်း သူက အဖွားအိုအား ကြောက်ရွံ့ပုံရ၏။ သူက ထန်ရှုအား ဒေါသဖြင့် တစ်ချက်ကြည့်ပြီးနောက် အဖွားအိုရှိရာသို့ ပြန်လှည့်သွားပြီး သူမ၏နံဘေး၌ ထိုင်ချလိုက်လေသည်။
ထန်ရှုနှင့်ရွှယ်ယုတို့က ဤလူများ၏အရှေ့သို့ ရောက်ရှိလာသည်။ ရွှယ်ယုက ဆိုဖာပေါ်မှ ထရပ်လာသော လူအိုကြီးနှစ်ယောက်အား ကြည့်ကာ ပြုံးလိုက်ချေသည်"ရှင်တို့နှစ်ယောက်က ဆေးပင်ပညာရှင်အကြီးအကဲချန်ဖျင်ကွေ့နဲ့ နဂါး သွေးကြောပညာရှင်ပေအန်လဲ့တို့မလား။ ငါက ရွှယ်ယုပါ၊ ဒါက ငါ့ယောင်္ကျားထန်ရှုလေ"
ချန်ဖျင်ကွေ့နှင့်ပေအန်လဲ့တို့က တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်၏။ သူတို့က ရွှယ်ယုအား ခေါင်းညိတ်ပြပြီးနောက် သူတို့၏မျက်လုံးများက ထန်ရှုအပေါ်သို့ ကျရောက်ရစ်ဝဲလာတော့သည်။
"ဒါ......လူငယ်လေးထန်၊ ဘာလို့ မင်းကို ကြည့်ရတာ ငါ ရင်းနှီးသလို ခံစားနေရတာလဲ။ ငါတို့ အရင်ကများ တွေ့ဆုံဖူးသလား" ချန်ဖျင်ကွေ့က သိလိုစိတ်နှင့် မေးလိုက်၏။
"အကြီးအကဲချန်က အမျိုးသမီးတစ်ယောက်မဟုတ်တာ ကံကောင်းသွားတယ်၊ မဟုတ်ရင် ကျွန်တော်ကများ မတရားချောမောခန့်ညားလွန်းနေတာလားလို့တောင် တွေးထားပြီးပြီ၊ ခင်များက ကျွန်တော်နဲ့ စကားပြောဖို့ အကြောင်းတစ်ခုရှာနေတာပဲ"ထန်ရှုက ပြုံး၍ ပြောလိုက်သည်"ဒါက ငါတို့ရဲ့ပထမဆုံးအကြိမ်ဆိုတာ သေချာတာပေါ့၊ ငါ့ကိုယ်ငါ အရင်မိတ်ဆက်ပေးပါရစေ။ ငါက ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုရဲ့ထန်ရှုပါ"
ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုလား......
ချန်ဖျင်ကွေ့ရဲ့မျက်လုံးများက မယုံကြည်နိုင်မှုနှင့်အတူ ဝင်းလက်ကာ ပြူးကျယ်သွားခဲ့ရသည်။ သူ့ခန္ဓာကိုယ်ကတောင် အနည်းငယ်တုန်သွားခဲ့ပြီး သူက အသံတုန်တုန်ယင်ယင်နှင့် ပြောလိုက်တော့၏"မင်း.....မင်းက တရုတ်ဆေးနယ်ပယ်မှာ ဂုဏ်သတင်းကြီးမားတဲ့ လူငယ်နတ်ဆေးဆရာဝန်ထန်ရှုလား။ ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုရဲ့သူဌေးကြီးလား"
"အာ၊ အကြီးအကဲချန်က ငါနဲ့ပတ်သက်ပြီး ကြားဖူးနားဝအချို့ ရှိမယ်လို့ ငါ မထင်ထားခဲ့ဘူး" ထန်ရှုက ပြုံးကာ ဆိုလိုက်၏"ဒီဂျူနီယာက တကယ်ဂုဏ်ယူမိပါတယ်"
"မဟုတ်တာ....မင်းနဲ့ တွေ့ရလို့ ငါကပဲ ဂုဏ်ယူရမှာ နတ်ဆေးဆရာထန်.....။ ထင်ရှားကျော်ကြားတဲ့အံ့ဖွယ်ဆေးဆရာဝန်ထန်ရှု.....ယနေ့မှာ မင်းကို မသိတဲ့သူ တရုတ်မှာ ဘယ်သူများ ရှိမှာလဲ။ ပြီးတော့ မင်းက ငါ့လို ဆေးပင်ပညာရှင်အများစုအတွေ့ချင်ဆုံးသူပဲလေ။ ငါတို့စုဆောင်းထားတဲ့တန်ဖိုးရှိဆေးပင်တွေက မင်းမှတစ်ဆင့် လူနာတွေကို ကုသနိုင်လိမ့်မယ်လို့ ငါတို့ မျှော်လင့်ပါတယ်....နတ်ဆေးဆရာဝန်ထန်ရှု"
ပေအန်လဲ့လဲ အလားတူ အံ့အားသင့်နေမိသည်။ သူက ထန်ရှုအား စေ့စေ့စပ်စပ်ကြည့်ရှုပြီးနောက်ပြောလိုက်စ"ငါလဲ နတ်ဆေးဆရာဝန်ထန်ရှုရဲ့နာမည်ကို ကြားမိပါရဲ့။ ဒါပေမယ့် လူကိုယ်တိုင်တွေ့ရတာ ကောလဟာလတွေထက် အများကြီးပိုကောင်းပါတယ်လေ....။ မင်းက ဘိုးဘေးအကြီးအကဲရဲ့ဆက်ခံသူဆိုတာ တကယ်ကို အံ့ဩစရာမရှိဘူးပဲ"
"ခင်ဗျားပြောတဲ့ဘိုးဘေးအကြီးအကဲဆိုတာ မျက်မမြင်အဘွားအိုလား" ထန်ရှုက ပြုံးလျက် မေးလိုက်၏။
ပေအန်လဲ့က တစ်ခဏကြက်သေသေသွားခဲ့သည်။ ထို့နောက် သူ့မျက်နှာပေါ်ရှိအံ့အားသင့်သောအကြည့်က ရုတ်ခြည်းပျောက်ကွယ်သွားပြီး မခံမရပ်နိုင်သောအကြည့်က အနည်းငယ်အစားထိုးလာခဲ့၏။ သူက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏"ကျေးဇူးပြုပြီး အကြီးအကဲအပေါ် ရိုသေလေးစားမှုရှိပါ ထန်ရှု။ ပြီးတော့ မင်းရဲ့မိန်းမက သူမရဲ့မြေးနော်၊ ဒါကြောင့် မင်းက သူမကို ဘိုးဘေးအဘွားလို့တောင် ခေါ်ရမှာ"
"ကျေးဇူးပြုပြီး အဲဒါနဲ့ ပတ်သက်ပြီး မပြောပါနဲ့ အကြီးအကဲပေ" ရွှယ်ယုက ကပျာကယာ ကြားဝင်ပြောလိုက်သည်"ဘိုးဘေးကိုယ်တိုင် ထန်ရှုရဲ့အရှေ့ကို ရောက်လာရင်တောင် သူမက ထန်ရှုကို အဲလိုမိတ်ဆက်ချင်တာ မဟုတ်ဘူး။ အစကတည်းက သူမကို မျက်မမြင်အဘွားအိုလို့ပဲ ခေါ်ဖို့ တောင်းဆိုခဲ့တာ"
ထန်ရှုက သူမ၏ပခုံးကို ပုတ်ကာ ပြုံး၍ ပြောလိုက်၏"ဒါ ဟုတ်တယ်။ အကြီးအကဲပေပြောတာ မှန်တယ်။ ငါတို့ရဲ့ဆက်ဆံရေးအရ ငါ သူမကို ဘိုးဘေးလို့ခေါ်သင့်တာပေါ့။ ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်ပေးပါ.....အကြီးအကဲပေ။ ငါက သူမကို မျက်မမြင်အဘွားအိုလို့ ခေါ်နေကြဆိုတော့လေ....ငါ ပြောင်းလဲဖို့ မေ့သွားခဲ့တာ"
"ဘိုးဘေးကိုယ်တိုင် တောင်းဆိုခဲ့တာလား" ပေအန်လဲ့က အံ့အားသင့်သောအမူအရာနှင့် ရေရွတ်မိသွားသည်"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ထန်ရှုက ပြုံးကာ ထပ်၍ မရှင်းပြတော့ပေ။ ထိုအစား သူက ဆိုဖာပေါ်တွင် ထိုင်နေသော ဆံဖြူအဘွားအိုအား ကြည့်လိုက်၏။ ထို့နောက် သူက ပြုံးကာ သူမအား မေးလိုက်သည်"နှုတ်ဆက်ပါတယ်၊ စီနီယာ။ ဒီဂျူနီယာက စီနီယာကို ဘယ်လိုများ ခေါ်လို့ရမလဲ"
ဆံဖြူအဘွားအိုက သူ့အား ကြည့်ကာ ပြုံးလျက် ပြော၏"မင်း ငါ့ကို မသန်မစွမ်းအဘွားအိုလို့ ခေါ်ဆိုနိုင်ပါတယ်"
မသန်မစွမ်းအဘွားအိုလား။
ထန်ရှုက ထိတ်လန့်သွားပြီး သူ၏စိတ်ထဲသို့ အေးစက်ကာလေပြေလေညင်းနှင့်တူသည့်အရှိန်အဝါတစ်ခုက ခိုးဝင်လာသည်ကို သူက ရုတ်တရက် ခံစားလိုက်ရသည်။ လျှပ်တစ်ပြက်အတွင်း သူက သူ၏စိတ်ဝိညာဉ်အာရုံကို ထုတ်လွှတ်ပြီး ကျုးကျော်လာသောစိတ်ဝိညာဉ်အာရုံအမျှင်ကို ချေမှုန်းသုတ်သင်ကာ သူ့စိတ်ထဲမှ မောင်းထုတ်လိုက်တော့၏။
"ကျေးဇူးပြုပြီး ရပ်ပေးပါ၊ နတ်ဆေးဆရာဝန်ထန်ရှု....." ဆံဖြူအဘွားအိုက ကမန်းကတန်းအော်လိုက်ချေသည်။ သူမ၏ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန်တုန်ခါသွားပြီး သူမက သွေးတစ်ပွက်အန်ထုတ်လိုက်ရ၏။
ထန်ရှုက သူ၏စိတ်ဝိညာဉ်အာရုံကို ပြန်ရုတ်သိမ်းလိုက်ပြီးနောက် မျက်မှောင်ကြုတ်ကာ အေးတိအေးစက်လေသံနှင့် ပြော၏"ငါတို့က ရန်သူမဟုတ်တာ ကောင်းတာ မဟုတ်လား.....မသန်မစွမ်းအဘွားအို။ ဒါကို မင်းက ငါ့ရဲ့စိတ်ကို မင်းရဲ့စိတ်ဝိညာဉ်အာရုံနဲ့ ကျူးကျော်ရဲတယ်ပေါ့လေ။ ဒါက သေခြင်းနဲ့ ထိုက်တန်တဲ့ အကြီးစားတိုက်ခိုက်မှုတစ်ခုပဲ.... "
"မင်းသေချင်နေတာလား၊ အမှိုက်ကောင်....."
ချောမောခန့်ညားသောလူရွယ်က ရှေ့သို့ ရုတ်တရက် ခုန်ထွက်လာခဲ့သော်လည်း အရိပ်တစ်ခုက သူ၏အရှေ့၌ ရုတ်ခြည်းလက်သွားပြီး ကျယ်လောင်သောရိုက်ချက်တစ်ခုက လိုက်ပါလာကာ သူ့အား ခုနှစ်မီတာကျော်အကွာအဝေးထောင့်ရှိနံရံသို့ လွင့်ထွက်သွားစေခဲ့သည်။
ထန်ရှုက သူ၏ယခင်နေရာသို့ ပြန်ရောက်လာပြီးနောက် အေးစက်စွာ ပြော၏"မင်း ပြောတာဆိုတာ ဆင်ခြင်ပါ၊ ဒုက္ခက မင်းရဲ့ပါးစပ်ဖျားမှထွက်တဲ့ပေါက်ကရစကားတွေကနေ အမြဲတမ်း ရောက်လာမယ်ဆိုတာ မှတ်ထား"
ဝတ်စုံဖြူအဘွားအိုက ထန်ရှုအား မယုံကြည်နိုင်သောအကြည့်နှင့် ကြည့်လိုက်မိသည်။ သူမက တုန်တုန်ယင်ယင်နှင့် ထရပ်ကာ ထန်ရှု၏ရှေ့သို့ ခြေလှမ်းအနည်းငယ်တိုးလာပြီး လေးစားစွာ ပြောလိုက်၏"ဒီမသန်မစွမ်းအဘွားအိုက မင်းကို တိုက်ခိုက်ဖို့ မရည်ရွယ်ပါဘူး။ မျက်မမြင်အဘွားအိုမြင့်မြင့်မားမားအသိအမှတ်ပြုတန်ဖိုးထားတဲ့တစ်စုံတစ်ယောက်က တစ်ခုခုထူးခြားတာ ရှိရမယ်လို့ ငါ ခံစားမိတယ်။ ဒါကြောင့် ငါ မင်းကို မိုက်မိုက်ကန်းကန်း စမ်းသပ်ခဲ့မိတာပါ။ ဒါကို မင်းကို ဆန့်ကျင်တယ်လို့ မသတ်မှတ်လိုက်ပါနဲ့....နတ်ဆေးဆရာဝန်ထန်ရှု"
"ခင်ဗျားမှာ အန္တရာယ်ပေးလိုစိတ်မရှိတာကို ငါ သတိမပြုမိခဲ့ရင် ခင်ဗျားရဲ့စိတ်ဝိညာဉ်က ပျောက်ကွယ်သွားပြီးရောပေါ့" ထန်ရှုက အေးစက်စွာ ပြန်ပြော၏"စိတ်ကူးရရုံနဲ့ အခြားသူတွေကို အခုလို စမ်းသပ်ဖို့ ဘယ်တော့မှ မကြိုးစားပါနဲ့။ သို့မဟုတ်ရင် အဲ့လူက ငါ့လို ကြင်နာတတ်မလားဆိုတာ မင်း အာမမခံနိုင်ဘူးလေ"
"ဟုတ်ပါတယ်......ဒီမသန်မစွမ်းအဘွားအိုက စိတ်ထဲမှာ မှတ်ထားပါ့မယ်" မသန်မစွမ်းအဘွားအိုက ထိတ်လန့်ကြောက်ရွံ့သွားပြီး လျင်မြန်စွာ ခေါင်းညိတ်လိုက်တော့သည်။
ယခုလေးတင်ဖြစ်ခဲ့သောအဖြစ်အပျက်က ချန်ဖျင်ကွေ့နှင့်ပေအန်လဲ့တို့ကို အံ့အားသင့်စေခဲ့ပြီး သူတို့၏မျက်နှာက ထိတ်လန့်မှုတွေ အပြည့်ဖြစ်နေ၏။ သူတို၏အနောက်ဘက်ရှိလူလတ်ပိုင်းကပင် မှင်တက်သွားခဲ့ရသည်။
သူက ......ကျင့်ကြံသူတစ်ယောက်လား။
ချန်ဖျင်ကွေ့နှင့်ပေအန်လဲ့တို့က အကြည့်များ ဖလှယ်ခဲ့ကြပြီး သူတို့၏နှလုံးက လှိုင်းများရိုက်ခတ်နေသည့်အလား ဗလောင်ဆူနေတော့သည်။
ထန်ရှုက ဆံဖြူအဘွားအိုအား ကပ်တွယ်မနေတော့ဘဲ သူက အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်"ပြီးတော့ ခင်ဗျားရဲ့ဂျူနီယာကို ဂရုစိုက်အုံး။ သူ့ပါးစပ်ကနေ ပေါက်ပန်းလေးဆယ်တွေ ထပ်ထွက်လာရင် ငါတို့အကြား လောကဝတ်ကို ဖောက်ဖျက်တဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့တော့"
ဆံဖြူအဘွားအိုက ကမန်းကတန်းပြန်ဖြေ၏"မင်း စိတ်ချပါ၊ သူ နောက်ထပ် စကားတစ်လုံးတောင် မဟတော့ဘူးလို့ ငါ အာမခံပါတယ်"
"အဘွား....." ချောမောခန့်ညားသောလူရွယ်က ထောင့်မှ ရုန်းကန်ထလာပြီး မျက်နှာတင်းမာစွာ အော်လိုက်ချေသည်။
သို့သော် အဘွားအိုက သူ့အား အော်ငေါက်လိုက်လေ၏"ပိတ်ထားစမ်း....မဟုတ်လို့ကတော့ ငါ မင်းရဲ့ခြေလက်တွေကို ရိုက်ချိုးပြီး မင်းကို မိသားစုထဲကနေ ဖယ်ရှားလိုက်မယ်...."
ချောမောခံ့ညားသောလူရွယ်၏အသံက တစ်ဝက်တစ်ပျက်ရပ်တန့်သွားပြီး သူက ချက်ချင်းကြောက်လန့်သွားသည်။ ထန်ရှုကို ကြည့်လိုက်ချိန်တွင် သူ၏မျက်လုံးများက အမုန်းတရားများနှင့် ပြည့်နှက်နေလေ၏။
ဘန်း.....
သီးသန့်ခန်းတံခါးက ပွင့်သွားပြီး ဒေါသထွက်နေသောမျက်နှာနှင့်အတူ လီချမ်းက အပြင်ဘက်မှ ပြေးဝင်လာခဲ့စ။ သူက ထန်ရှုအား ဒေါသတကြီးကြည့်ကာ အော်ပြောလိုက်သည်"မင်း....အမှိုက်ကောင်။ မင်းက ငါ့ကို တမင်ကစားနေတာပေါ့လေ....."
သူ့အား မြင်သွားသောအခါ ထန်ရှု၏မျက်နှာက ပြုံးယောင်သမ်းသွား၏။ သူက ဆိုဖာပေါ် ထိုင်ကာ ပြုံးလျက် တုံ့ပြန်လိုက်သည်"ကောင်းပါပြီ....အရင် ထိုင်လိုက်ပါအုံး...."
ပြောပြီးနောက် သူက လီချမ်းအား လေ့လာရင်း မေးလိုက်သည်"ကဲ....ငါ့ကို အဲဒါနဲ့ ပတ်သက်ပြီး ရှင်းပါအုံး။ ငါက မင်းကို ဘယ်လိုကစားခဲ့တာလဲ"
"မင်း ရည်ရွယ်ချက်ရှိရှိနဲ့ ကားကို........"
ထိုစကားလုံးများထွက်လာသည့်အခိုက်တွင် သူက နေရာမှာတင်ရပ်နေရင်း ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည့်ပမာ လီချမ်း၏တစ်ကိုယ်လုံးက တောင့်တင်းထုံထိုင်းသွားလေတော့သည်။
***