မတိုင်းတာနိုင်လောက်အောင် နက်ရှိုင်းခြင်း
Vol. 65 Ch. 899
လီချမ်းက ဒေါသကြောင့် စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတစ်ခုကို အလျင်စလို ထုတ်လွှတ်ခဲ့မိသည်။ သူက ထန်ရှုကို အမီလိုက်ရန်အတွက်သာ စိုးရိမ်ခဲ့ပြီး မစဉ်းစားဘဲ တံခါးကို ဖွင့်ကာ သူ့အား အပြစ်တင်နေခဲ့သည်။ သို့သော် ယခု ထန်ရှု၏မေးခွန်းကို ကြားပြီးနောက် သူ၏ဒေါသက သူ၏ဝမ်းဗိုက်ထဲ၌သာ ရစ်ဝဲနေကာ သူက ထွက်ပေါက်ရှာမရတော့ပေ။
"ငါ ဘယ်လိုရှင်းပြရမလဲ။ ငါ သူတို့ကို ခြေရာခံလိုက်နေတယ်လို့တော့ ပြောလို့မရဘူး....အား....ဒါ ဘယ်လိုတောင်ရှက်စရာကောင်းပါလိမ့်....."
လက်ရှိ သူ၏မျက်နှာက နီရဲနေပြီး ဖြစ်နိုင်လျှင် တွင်းတစ်ခုကို ရှာကာ ဝင်ပုန်းချင်လိုက်ပါဘိ။ နေရာတွင် အတန်ကြာအောင် မတ်တပ်ရပ်နေရင်း လူတိုင်း၏ထူးဆန်းသောအကြည့်အောက်၌ သူက နှစ်ကြိမ်တိတိ ချောင်းဟန့်ခဲ့၏။ ထို့နောက် သူက အားတင်းကာ ပြောလိုက်သည်"ငါ မင်းနဲ့ တစ်ခုခုဆွေးနွေးစရာရှိလို့။ အာ.....မဟုတ်ဘူး။ ငါ သူမကို ရှာနေတာ"
"လောစရာမလိုဘူး၊ မင်း ပြီးရင် သူမနဲ့ ပြောလို့ရတယ်" ထန်ရှုက သာမန်ကာလျှံကာ ပြောလိုက်၏"ငါ မင်းကို ဘယ်လိုကစားသလဲဆိုတာ ပြောကြတာပေါ့"
ဦးနှောက်ခြောက်စရာပဲလား....ထန်ရှုက သူ့ကို ဟာသလုပ်ကာ သူနှင့် ကစားနေသည့်အပေါ် သူက ဘာမှမတတ်နိုင်ပါလား။ ဘယ်လိုပဲဖြစ်ဖြစ် သူက ဉာဏ်ကောင်းပါသေးတယ်လေ.....သူက ခြောက်ခြောက်ကပ်ကပ်ရယ်ကာ ပြောလိုက်၏"အာ....မင်းလိုချမ်းသာသူတစ်ယောက်က ငါ့အဆင့်အထိ နှိမ့်ချမယ်လို့တော့ ငါ မထင်ဘူး....ဟုတ်တယ်မလား။ ပြီးတော့ ငါ မင်းကို အဲလိုပြောရတဲ့အကြောင်းရင်းက ဝင်လာဖို့ အကြောင်းပြချက်တစ်ခုကို ရှာဖို့ပါပဲ။ ကောင်းပြီလေ....ငါ မင်းရဲ့အမျိုးသမီးကို ရှာနေတာပါ။ ငါ သူမကို မေးစရာတစ်ခုခုရှိလို့"
ထန်ရှုက သူ့လက်ကို ဝှေ့ယမ်းကာ ပြောလိုက်၏"ဒါက အတော်လေးအဓိပ္ပါယ်မရှိတဲ့အကြောင်းပြချက်တစ်ခုလို့ မင်း မထင်ဘူးလား။ အခု ငါ့ကို ပြော....မင်း ရွှယ်ယုကို ဘာအတွက် ရှာတာလဲ။ မင်း သူမကို လိုက်နေတာလို့တော့ ငါ့ကို မပြောနဲ့နော်။ တစ်စုံတစ်ယောက်လို မင်းကို ဒူးထောက်စေပြီး သွေးအန်တဲ့အထိ ရိုက်နှက်ဖို့ ငါ့အတွက် ပြဿနာမရှိဘူး"
တစ်စုံတစ်ယောက်လား။
လီချမ်းက ကြောင်သွားရကာ ဟိုဟိုသည်သည်ကြည့်လိုက်၏။ နှုတ်ခမ်းတွင် သွေးစများနှင့် ချောမောခန့်ညားသောလူရွယ်တစ်ယောက်က နံရံအား မှီလျက် ရပ်နေသည်ကို သူက သတိပြုမိလိုက်သည်။ မြင်ကွင်းက သူ့အား အလန့်တကြားဖြစ်စေခဲ့၏။
"အာ ....ညီအကို....ငါ မှတ်တာမမှားရင် မင်းက ထန်ရှုလို့ ခေါ်တယ်မလား။ ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုကထန်နဲ့ ရှုဆိုတာက ကျင့်ကြံခြင်း။ ဒါက တကယ်ကို နာမည်ကောင်းတစ်ခုပဲ။ တကယ်တော့ ငါ မင်းရဲ့အမျိုးသမီးကို ရှာတယ်ဆိုတာက.....ငါ သူမရဲ့အလှမှာ အရူးအမူးဖြစ်သွားတဲ့တစ်စုံတစ်ယောက်ကို သိတယ်......အဲဒီလူက သူမအပေါ် မကောင်းတာတစ်ခုခု လုပ်ချင်နေတာ... ဒါကြောင့် ငါ ရည်ရွယ်ချက်ကောင်းတစ်ခုနဲ့ မင်းကို သတင်းလာပေးတာပါ"
အပြုံးတစ်ခုက ထန်ရှု၏မျက်နှာပေါ်တွင် ထင်ဟပ်သွားပြီး သူက ပြောလိုက်၏"ပြီးတော့ရော။ ဘယ်သူကများ ငါ့ရဲ့အမျိုးသမီးကို ကြံစည်ရဲတာလဲ။ မင်း ငါ့ကို ပြောပြနိုင်မလား"
လီချမ်းက မချိပြုံးပြုံးကာ ပြောလိုက်၏"အဲဒါ ငါ့ရဲ့သူဌေးအသစ်လေ....ချန်မြို့ဟိုတယ်မှာ နေတဲ့ သက်ကြားအိုအယုတ်တမာကြီးပေါ့။ မင်း မသိနိုင်ပေမယ့် သူက ငါ့ကို ဒီလိုလုပ်ဖို့ ဖိအားပေးခဲ့တာ....သူက ငါ့ကို မင်းအမျိုးသမီးရဲ့ဖုန်းနံပါတ်ကို ယူစေချင်တာလေ။ မင်းအမျိုးသမီးရဲ့ဖုန်းနံပါတ်ကို မရရင် သူ့ကုမ္ပဏီမှာ လုပ်ဖို့ အသာထား၊ သူက ငါနဲ့ သဘောတူညီမှုကို ဆက်မလုပ်တော့ဘူးလို့ ငါ့ကို ခြိမ်းခြောက်ခဲ့တာ။ သူ့ကို အမြတ်ထုတ်ဖို့ အခြေအနေအရ ငါ သူ့ကုမ္ပဏီမှာ လုပ်ဖို့ ကတိပေးခဲ့ရတယ်။ အရောင်းအဝယ်ကိစ္စပြီးရင်တော့ ငါ ချက်ချင်း အလုပ်ထွက်လိုက်မှာပါ"
ဒါဆို ငါ့အမျိုးသမီးရဲ့ဖုန်းနံပါတ်ကို မင်းကို ပေးမယ်လို့ မင်း ထင်လား" ထန်ရှုက မေးလိုက်၏။
"ပုံမှန်အခြေအနေမှာဆိုရင်လား။ မင်း ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူး" လီချမ်းက သူ့ခေါင်းကို ခါယမ်းလိုက်၏။
"အဲဒီလိုလား။ ဒါဆို မင်း ထင်တဲ့ပုံမှန်မဟုတ်တဲ့အခြေအနေကို ငါ့ကို ပြောပါအုံး" ထန်ရှုက ပြုံးလျက် မေးလိုက်၏။
လီချမ်း၏မျက်လုံးများက လင်းလက်သွားတော့သည်။ သူက စိတ်ထဲ၌ စကားများကို စနစ်တကျစီကာ ပြောလိုက်၏"ငါ မင်းကို ပထမဆုံးမြင်တဲ့အခိုက်မှာပဲ မင်းက ချောမောခန့်ညားပြီးစိတ်ကောင်းနှလုံးကောင်းရှိတဲ့လူချမ်းသာတစ်ယောက်ဆိုတာ ငါ သိခဲ့တယ်။ မင်း စိတ်အချဉ်ပေါက်နေတာကြောင့် မင်း ငါ့ကို အဲဒီလိုကြမ်းတမ်းတဲ့စကားတွေ ပြောဟန်ဆောင်ခဲ့တယ်ဆိုတာ သေချာပါတယ်။ အကိုထန်၊ မင်းနဲ့မရီးက ဒိီမြို့က မဟုတ်ဘူးမလား။ ငါ သူနဲ့ အရောင်းစာချုပ်ချုပ်ဆိုပြီး ကော်မရှင်ခမြင့်မြင့်လေးရတဲ့အထိ မင်း ငါ့ကို ကူညီသရုပ်ဆောင်ပေးမယ်ဆိုရင်ဘယ်လိုလဲ။ ငါ မင်းနဲ့မရီးကို ကောင်းကောင်းပြုစုမှာပါ.....ငါ မင်းတို့အတွက် ဧည့်လမ်းညွှန်တစ်ယောက်တောင် ဖြစ်လာနိုင်ပါတယ်"
"ဖူး....ဟားဟားဟား" ရွှယ်ယုက မထိန်းနိုင်တော့ဘဲ ရယ်မောလိုက်မိတော့သည်။ သူမက ထန်ရှု၏လက်မောင်းကို ထိကာ ပြောလိုက်၏"ဒါ မဆိုးဘူးလို့တော့ ငါ ထင်တယ်"
ထန်ရှုက ပြုံးလျက် ခေါင်းညိတ်လိုက်၏"အပြောကောင်းတယ်။ မင်းမှာ ငွေပါးစပ်နဲ့ဦးနှောက်ကောင်းကောင်းရှိတာပဲ။ သူ့ရဲ့လက်ရှိအလုပ်ကနေ ထွက်ရင် သူ အလုပ်ထွက်တာ ကိုးကြိမ်မြောက်ရှိပြီမလား"
"ဟုတ်တယ်၊ သူ အလုပ်ထပ်ပြောင်းရင် ဒါက ကိုးကြိမ်မြောက်ပဲ" ရွှယ်ယုက ပြုံးကာ ပြောလိုက်၏။
ထန်ရှုက သဘောကျပုံရကာ ပြောလိုက်၏"မင်းရဲ့နာမည်က လီ....လီချမ်းမလား။ ငါ မင်းကို ကူညီဖို့ ပြဿနာမရှိဘူး၊ ဒါပေမယ့် ငါ့မှာ အခြေအနေအချို့ ရှိတယ်။ မင်း သဘောတူရင် ငါတို့ ဟိုတယ်ကို အတူတူပြန်ကြတာပေါ့"
လီချမ်းက သတိထားလျက် မေးလိုက်၏"မင်းမှာ ဘာအခြေအနေတွေ ရှိလို့လဲ အကို"
"မင်း သူ့အလုပ်မှာ လုပ်မယ်လို့ အဲလူကို ကတိပေးလိုက်ပါ။ မင်း စာချုပ်ချုပ်ပြီး သူ့အတွက် နှစ်လလုပ်ပေးလိုက်၊ သူ့ရဲ့ကုမ္ပဏီကို ကျဆင်းအောင် လုပ်ဖို့အတွက်ပေါ့။ အဲဒါပြီးရင် အလုပ်ထွက်ပြီး ငါ့ကို လာရှာ။ မင်း နောက်ကျရင် ငါ့အတွက် အလုပ်လုပ်ပေးရမယ်" ထန်ရှုက ပြုံးလျက် ပြော၏။
"ငါ့ကို ခွင့်လွှတ်တာလား" လီချမ်းက အံ့အားသင့်သွားပြီး အတွေးမရေမတွက်များစွာက သူ့စိတ်ထဲ၌ လှုပ်ရှားလာတော့သည်။ ထန်ရှုက ဒီလို တောင်းဆိုချက်တစ်ခုကို ပြုမည်ဟု သူ လုံးဝမထင်ထားခဲ့ပေ။
"ဘာလို့လဲ။ မင်း သဘောမတူဘူးလား" ထန်ရှုက ရယ်လိုက်သည်။
"မင်းအတွက်အလုပ်လုပ်ပေးတာက အသေးအမွှားကိစ္စတစ်ခုပါပဲ" လီချမ်းက အစ်အောက်ကြည့်သည့်အနေနှင့် ပြောလိုက်၏"ငါ နားမလည်တာက မင်း ဘာလို့ ငါ့ကို အလုပ်ပြောင်းပြီး ကုမ္ပဏီအသစ်တစ်ခုကို သွားခိုင်းရတာလဲ။ ပြီးတော့ မင်းက ငါ့ကို အဲဒီလူရဲ့ကုမ္ပဏီကို ကျဆင်းအောင် လုပ်စေချင်တယ်။ ဒါက မရီးအပေါ် မကောင်းတဲ့အတွေးတွေ ရှိခဲ့တာကြောင့်လား"
"ဒီကမ္ဘာမှာ ငါ့အမျိုးသမီးအပေါ် အဲလိုအတွေးတွေရှိတဲ့သူတွေ အများကြီးရှိမယ်ဆိုတာ မင်း မြင်မှာပါ။ ငါ တစ်ယောက်ချင်းစီကို လိုက်ဖြေရှင်းရရင် ငါ မောလို့ သေသွားရမှာပေါ့" ထန်ရှုက ရယ်လျက် ပြောလိုက်၏"အကြောင်းပြချက်ကတော့ မင်း သိစရာမလိုဘူး။ အခု မင်းမှာ ရွေးချယ်စရာနှစ်ခုပဲ ရှိတယ်။ သဘောတူမလား ဒါမှမဟုတ် ငြင်းပယ်မလား"
လီချန်းက တစ်ခဏတုံ့ဆိုင်းနေပြီးနောက် မေးလိုက်၏"မင်းက အတိအကျဘာလုပ်တာလဲ၊အကို"
"ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစု" ထန်ရှုက ပြုံးကာ ပြောလိုက်၏။
ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုလား။
လီချမ်းက ထပ်မံအံ့အားသင့်ခဲ့ရပြန်၏။ ၎င်းက ခဏက သူ ဖော်ပြခဲ့သောကုမ္ပဏီပင်။
"ဒီကောင်ကို ငါ ပြောတာကို မှတ်ထားပြီး အခု ငါ့ကို ဟာသလုပ်နေတာ ဖြစ်နိုင်လား"
ထန်ရှုက သူ့အတွေးများကို ဖတ်ပြီးပုံရသည်၊ သူက ပြုံးလျက် ပြောလိုက်၏"ရမ်းတမ်းမှန်းဆမနေနဲ့။ ငါ ဒီတစ်ခါ မင်းကို ဟာသလုပ်နေတာ မဟုတ်ဘူးလို့ ငါ ကတိပေးတယ်။ ငါက ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုရဲ့ပိုင်ရှင်ထန်ရှုပဲ။ မင်း သဘောတူပြီး မင်းရဲ့ကုမ္ပဏီအသစ်ကို သနားစဖွယ်အခြေအနေတစ်ခုရောက်အောင် လုပ်နိုင်ခဲ့ရင် ငါနဲ့ ပူးပေါင်းဖို့ မင်းကို ကြိုဆိုနေမှာပါ"
လီချမ်းက သူ၏စမတ်ဖုန်းကို ချက်ချင်းထုတ်ကိုင်ကာ အင်တာနက်ပေါ်၌ ထန်ရှု၏နာမည်ကို ရိုက်ရှာလိုက်၏။ သူ၏ဓာတ်ပုံအပါအဝင် မရေမတွက်နိုင်သောသတင်းဆောင်းပါးများစွာက လျင်မြန်စွာ ထွက်ကျလာခဲ့၏။
"အိုး ဘုရားသခင်....ဒါ တကယ်ကို သူပဲ....."
လီချမ်းက အံ့ဩလွန်း၍ စကားမပြောနိုင်လောက်အောင်ပင်။ သူ၏အံ့ဩတုန်လှုပ်မှုကို ဖိနှိပ်ရန် အချိန်တစ်ခုကြာခဲ့ပြီးနောက် သူက မြှောက်ပင့်ကာ ပြောလိုက်၏"အကို....ထန်၊ မင်းက ဒီလိုပုဂ္ဂိုလ်တစ်ယောက်ပဲကိုး။ မင်းက ငါ့လို သာမန်အရောင်းသမားတစ်ယောက်ဆီမှာ တစ်ခုခုကို မြင်နိုင်တာလား"
"ငါ တစ်ခုခုကို မြင်နိုင်တာမမြင်နိုင်တာက ငါ့အလုပ်ပါ" ထန်ရှုက ရယ်ကာ ပြော၏"ဒါပေမယ့် မင်းရဲ့အလုပ်က သဘောတူလားမတူဘူးလားဆိုတာပဲ။ ကောင်းပြီ....ငါ ပြောချင်တာ မင်းကို ပြောခဲ့ပြီးဆိုတော့ အခု မင်းရဲ့အလှည့်ပဲ။ မင်း ငါ့ကို ဒီနေ့ကတိပေးခဲ့ပေမယ့် မင်းရဲ့စကားကို ပြန်ရုတ်သိမ်းခဲ့ရင်တော့ မင်း အလွန်ဆိုးရွားအခြေအနေတစ်ခုနဲ့ အဆုံးသတ်ရမှာကို ငါ စိုးရိမ်မိတယ်.....မင်းရဲ့စိတ်ကူးနိုင်စွမ်းထက်ကျော်လွန်တဲ့အခြေအနေတစ်ခုပေါ့"
လီချမ်းက တုံ့ဆိုင်းနေခဲ့သည်။ သူ၏ဇနီးအား ခွဲစိတ်ကုသပြီးနောက် သူ့ကိုယ်ပိုင်အလုပ်ကို စတင်ရန်အတွက် ပိုက်ဆံအလုံအလောက်ရှာရန် သူက စီစဉ်ထားခဲ့၏။ သူက အလုပ်ကို ကြီးသထက်ကြီးအောင် လုပ်ပြီး အနာဂတ်တွင် သူကိုယ်တိုင် သူဌေးတစ်ယောက် ဖြစ်လာစေရလိမ့်မည်။
ဒါပေမယ့်......ဒါက ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုလေ.....
ဒါက ယနေ့ခေတ်စီးပွားရေးကမ္ဘာ၏တိုးတက်မှုအမြန်ဆုံးကုမ္ပဏီတစ်ခု။ ထန်ရှုကသာ သူ၏ကုမ္ပဏီကို နိုင်ငံတကာအထိ ထိုးဖောက်ချင်ပါက အနာဂတ်တွင် သူ၏ကုမ္ပဏီက ကမ္ဘာထိပ်တန်းကုမ္ပဏီငါးရာထဲမှတစ်ခု သေချာပေါက်ဖြစ်လာမည်ဟု သူက ပြောရဲပေသည်။
မဟုတ်ဘူး....ကမ္ဘာထိပ်တန်းကုမ္ပဏီတစ်ခုထဲမှာ ပါဝင်ဖို့အတွက်တောင် ပြဿနာတစ်ခုရှိမှာ မဟုတ်ဘူး....
လီချမ်းက ထန်ရှုအား စိတ်အားထက်သန်စွာ ကြည့်ကာ မေးလိုက်၏"အကိုထန်၊ ငါ မင်းရဲ့ကုမ္ပဏီကို ပူးပေါင်းရင် ငါ့ရဲ့နေရာကို မင်း ဘယ်လိုစီစဉ်ပေးမလဲ"
"မင်း အောက်ခြေကနေ စရလိမ့်မယ်" ထန်ရှုက ပြုံးလျက် ပြောလိုက်သည်။
လီချမ်း၏နှလုံးသားက နစ်မြုပ်သွားခဲ့၏။
ထို့နောက် ထန်ရှုက ဆက်ပြောလိုက်လေသည်"ခမ်းနားသောထန်စီးပွားရေးအုပ်စုကို အရင်လာပါ။ မင်းက လက်ထောက်အရောင်းမန်နေဂျာအနေနဲ့ စတင်ရလိမ့်မယ်။ မင်းမှာ ကောင်းမွန်တဲ့မှတ်တမ်းမှတ်ရာတစ်ခုရှိရင် မင်းက ကုမ္ပဏီရဲ့ထုတ်ကုန်အားလုံးအတွက် အရောင်းမန်နေဂျာဖြစ်လာမှာပါ။ အခွင့်အလမ်းက မင်းအတွက် ပေးပြီးသားပဲ"
"ငါ သဘောတူတယ်....."
လီချမ်းက အခိုင်အမာပြန်ဖြေလိုက်၏။
သူ၏တုံ့ပြန်ချက်အပေါ် ထန်ရှုက ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်၏။ ထို့နောက် သူက လက်ကို ဝှေ့ယမ်းကာ ပြောလိုက်၏"ကောင်းပြီ၊ အခု အနီးနားမှာ စောင့်နေပါ။ ငါ ဒီနေရာမှာ လုပ်စရာအချို့ရှိသေးတယ်။ ရွှယ်ယု၊ အခု မင်းရဲ့အလှည့်ပဲ"
ရွှယ်ယုက ပြုံးကာ ထူးဆန်းသောအမူအရာဖြစ်နေသည့်ချန်ဖျင်ကွေ့နှင့်ပေအန်လဲ့တို့ကို ကြည့်လိုက်၏။ ထို့နောက် သူမက ပြုံးလျက် ပြောလိုက်သည်"အကြီးအကဲချန်၊ အကြီးအကဲပေ၊ ငါ မင်းတို့နှစ်ယောက်လုံးကို ဖိတ်ခေါ်တဲ့ရည်ရွယ်ချက်ကို မင်းတို့နှစ်ယောက်လုံး သိမယ်လို့ ငါ ထင်တယ်။ ငါ ဖြေရှင်းရမယ့်ကိစ္စအရေအတွက်က အချိန်နဲ့အမျှ တိုးလာနေတယ်၊ ဒါကြောင့် ကျွမ်းကျင်သူတွေကို ငါ ပိုပိုပြီး လိုအပ်လာတယ်။ မင်းတို့ထဲကတစ်ယောက်က တရုတ်ရိုးရာဆေးပညာရဲ့ကျော်ကြားတဲ့ဆေးပင်ပညာရှင်၊ အခြားတစ်ယောက်က ဖုန်းရွှေလောကရဲ့နာမည်ကြီးနဂါးသွေးကြောပညာရှင်။ ရှင်တို့နှစ်ယောက် ကျွန်မနဲ့ ပူးပေါင်းဖို့ သဘောတူရင် ရှင်တို့ရဲ့အခြေအနေကို ပွင့်ပွင့်လင်းလင်းပြောနိုင်ပါတယ်....."
"ဒါက ....."
ဤတစ်ကြိမ် ချန်ဖျင်ကွေ့နှင့်ပေအန်လဲ့တို့ ချန်မြို့သို့ လာရသောအကြောင်းရင်းက ဒဏ္ဍာရီလာအင်မော်တယ်ပုဂ္ဂိုလ်၏မျိုးဆက်များအား မြင်တွေ့ရန်နှင့် အခွင့်အခမ်းအချို့အား ရရှိလိုသောကြောင့်ပင်။ တကယ်တမ်းအားဖြင့် သူတို့က အသက်ကြီးနေပြီးဖြစ်ရကာ သာမန်အရာများအား ထပ်မလိုအပ်တော့ပေ။ သူက ကြွယ်ဝမှု၊ စွမ်းအားနှင့် အလှတရားများအပေါ် စိတ်ဝင်စားခြင်းအများအပြားမရှိတော့ပေ။
သို့အတွက်ကြောင့် ဤတစ်ခေါက် လာသည့်အခိုက်၌ ရွှယ်ယုအတွက် အလုပ်လုပ်ဖို့အစီအစဉ်က သူတို့တွင် ရှိမနေပေ။
ထန်ရှုက သူတို့၏အမူအရာများအား မြင်သောအခါ ဒီလူနှစ်ယောက်က ရွှယ်ယုအတွက် အလုပ်လုပ်ဖို့ ဆန္ဒမရှိမှန်း သူ သဘောပေါက်ခဲ့သည်။ သူက တစ်ခဏစဉ်းစားပြီးနောက် ပြောလိုက်၏"ခင်များတို့နှစ်ယောက်သဘောတူရင် ကျုပ် ခင်များတို့ကို ကံကြမ္မာကောင်းတွေ ပေးမှာပါ"
ချန်ဖျင်ကွေ့နှင့်ပေ့အန်လဲတို့နှစ်ယောက်က အကြည့်ချင်းဖလှယ်လိုက်ကြပြီး ပေအန်လဲ့က ချက်ချင်းမေးလိုက်၏"ဘာကံကြမ္မာကောင်းလဲ"
ဆံဖြူအဘွားအိုအား ညွှန်ပြရင်း ထန်ရှုက ပြောလိုက်၏"ကျုပ် ခင်ဗျားတို့ကို ပေးမယ့် ကံကြမ္မာကောင်းက သူမရဲ့အောင်မြင်မှုထက် လုံးဝမလျော့စေရဘူး။ ခင်ဗျားတို့တွေ ပိုမြင့်မြင့်မားမားအောင်မြင်ချင်ရင် ခင်များတို့ရဲ့ကိုယ်ပိုင်အားထုတ်မှုအပေါ် မူတည်ပါလိမ့်မယ်"
ပေအန်လဲ့က တုန်လှုပ်သွားပြီး အလျင်စလိုမေးလိုက်၏"မင်း ဆိုလိုတာက....."
ထန်ရှုက သူ့ကို ရပ်ဖို့ လက်မြှောက်ပြခဲ့ပြီးနောက် ပြောလိုက်၏"ခင်များတို့ နားလည်ရင် မပြောနဲ့တော့။ ဒါက ခင်ဗျားတို့ရနိုင်တဲ့အကောင်းဆုံးရလဒ်ပဲ"
ချန်ဖျင်ကွေ့နှင့်ပေအန်လဲ့တို့၏အတွင်းပိုင်း၌ ပီတိဖြာနေတော့၏။ ထန်ရှုနှင့်လျိုမိသားစု၏ဘိုးဘေးအကြားတိုက်ခိုက်မှုက ဒီလူရွယ်၏အထောက်အထားအား သူတို့ကို ခန့်မှန်းနိုင်စေခဲ့သည်။ ဒီအချိန်တွင် သူတို့က ယခုကဲ့သို့ အခွင့်အလမ်းတစ်ခုအား လက်မလွှတ်ချင်ပေ။ သူတို့က သဘောတူကြောင်း တစ်ပြိုင်နက်တည်း လျင်မြန်စွာ ခေါင်းညိတ်လိုက်ကြတော့၏။
ချန်ဖျင်ကွေ့နှင့်ပေအန်လဲ့တို့၏ကံတရားကို မြင်သောအခါ အားကျမှုက ယန်ရှစ်၏စိတ်ထဲ၌ မွေးဖွားလာခဲ့သည်။ ထန်ရှုဘယ်လောက်ထိအားကောင်းသလဲကို အခြားသူများက မသိသော်လည်း သူ့အား ခိုးကြည့်ရန်အတွက် သူမ၏စိတ်ဝိညာဉ်အာရုံကို ထုတ်လွှတ်ကတည်းက သူမက ကောင်းကောင်းသိသွားခဲ့ပြီဖြစ်၏။
သို့အပြင် ချန်ဖျင်ကွေ့နှင့်ပေအန်လဲ့တို့က အသက်ခြောက်ဆယ်နီးပါးရှိသည်။ အနာဂတ်တွင် သူတို့က သူမထက် ပိုသန်မာလာမည်ဟု ထန်ရှုက အာမခံခဲ့သည်။ ထန်ရှုက မတိုင်းတာနိုင်လောက်အောင်နက်ရှိုင်းသည်ဟု ဆိုလို၏။ သူမလည်း ထိုကဲ့သို့ အခွင့်အလမ်းတစ်ခုကို ရရှိနိုင်မယ်ဆိုလျှင်......
သူမ၏အတွေးက လှုပ်ရှားနေပြီး ယန်ရှစ်က ကမန်းကတန်းပြောလိုက်သည်"နတ်ဆေးဆရာဝန်ထန်၊ ငါ မင်းအတွက် အလုပ်လုပ်ပေးချင်ပါတယ်.....ဒါမှမဟုတ် မင်းရဲ့အမျိုးသမီးအတွက်ပေါ့....ငါ နောက်တစ်ဆင့်ကို သွားနိုင်မယ်လို့ မင်း ထင်လား"
***