← Chapters

ဖုံးကွယ်ထားသောသတ်ဖြတ်ခြင်းဆန္ဒ

Vol. 65 Ch. 900

ဖုံးကွယ်ထားသောသတ်ဖြတ်ခြင်းဆန္ဒ

Vol. 65 Ch. 900

ထန်ရှုက ယန်ရှစ်၏စကားများကို ကြားပြီး ပြုံးလိုက်၏။ ဒီအဘွားအိုက အနည်းဆုံးအသက်တစ်ရာရှိပြီးလျှင်တောင် သူမက ရှေ့ဆက်သွားချင်နေသေးသည်။ ဒါက တကယ်ရှားပါး၏။ သို့သော် သူက သူမအား ငြင်းပယ်ရန် အလျင်မလိုပေ၊ သူက ပေါ့ပေါ့ပါးပါးပြန်ဖြေလိုက်၏"ငါ ခန့်မှန်းတာ မှန်ရင် ခင်ဗျားရဲ့နောက်မှာ မိသားစုကြီးတစ်ခုရှိတယ်မလား"

"ငါ့ကို သုံးရက်ပဲ အချိန်ပေးပါ"ဒါကို ကြားပြီး ယန်ရှစ်က ချက်ချင်းပြောလိုက်၏"အဲဒီသုံးရက်အတွင်းမှာ ကိစ္စအားလုံးကို အပြီးဖြတ်ခဲ့မှာပါ"

ထန်ရှုက ငြိမ်သက်သွားခဲ့ရ၏။ ယန်ရှစ်၏စိတ်ပိုင်းဖြတ်မှုက သူ၏နှလုံးသားကို လှုပ်ရှားသွားစေခဲ့သည်။ အတိတ်တွင် သူ အင်မော်တယ်ကမ္ဘာ၌ ရှိစဉ်တုန်းက ကျင့်ကြံပြီး ပိုသန်မာလာနိုင်ရန်အတွက် သူတို့၏မိသားစုနှင့်တာဝန်များကို စွန့်လွှတ်ခဲ့သော ကျင့်ကြံသူနှင့်အင်မော်တယ်မရေမတွက်များစွာကို တွေ့ဆုံခဲ့ရသည်။

မဟာတာအိုက ရက်စက်ကာ ကရုဏာကင်းမဲ့သည်။ အင်မော်တယ်ကမ္ဘာ၏အထွတ်အထိပ်ကို ရောက်ရှိနိုင်ရန်အတွက် သူတို့တစ်ယောက်ချင်းစီက အခြားသက်ရှိများနှင့်ကောင်းကင်ဘုံအား အမြဲမပြတ်ရုန်းကန်တိုက်ခိုက်ခဲ့ကြရ၏။

ထို့နောက် ထန်ရှုက ရွှယ်ယုအား ကြည့်ကာ မေး၏"မင်း သူမကို လက်ခံမလား ဒါမှမဟုတ် လက်မခံဘူးလား"

ရွှယ်ယုက ထန်ရှုအား ချက်ချင်း မဖြေသေးဘဲ ယန်ရှစ်အား မေးလိုက်သည်"ရှင် ဘာတွေ စွမ်းဆောင်နိုင်တယ်ဆိုတာ ကျွန်မကို ပြောနိုင်မလား"

"ငါ တရုတ်ဆေးပညာကို သိတယ်၊ ‌ဆေးပင်‌တွေနဲ့ပတ်သက်ပြီး ဗဟုသုတအတော်လေးရှိတယ်"ယန်ရှစ်က ဆက်ပြော၏"ငါ ဖုန်းရွှေကိုလဲ နားလည်တယ်၊ နဂါးသွေးကြောရှာရမှာလဲ ကျွမ်းကျင်တယ်၊ ရှေးဟောင်းပစ္စည်းတွေနဲ့ ပတ်သက်ပြီး နက်ရှိုင်းတဲ့ဗဟုသုတရှိတယ်၊ အခြားအရာတော်တော်များများနဲ့ ပတ်သက်ပြီးတော့လဲ သိတယ်၊ မင်းတို့ကလန်ရဲ့ကောင်းကင်ဘုံလျို့ဝှက်ချက်ဂမ္ဘီရဉာဏ်နည်းစနစ်နဲ့ပတ်သက်ပြီးတော့တောင် အနည်းငယ်သိတယ်"

"ဖြစ်နိုင်တာက မင်းက ငါ့ဘိုးဘေးကို သိလား"ရွှယ်ယုက မေးလိုက်၏။

ယန်ရှစ်က ခေါင်းညိတ်ကာ ပြောလိုက်၏"မျက်မမြင်အဘွားအို၊ မသန်မစွမ်းအဘွားအို၊ နားထိုင်အဘွားအို၊ ဆွံ့အအဘွားအိုဆိုပြီး တရုတ်ရဲ့ဒုက္ခိတလေးယောက်အကြောင်းကို မင်းကြားဖူးမှာပေါ့၊ ငါက မသန်မစွမ်းအဘွားအိုပဲ"

ရွှယ်ယုက ခေါင်းခါယမ်းကာ ခါးသီးစွာ ပြုံးလိုက်သည်"စီနီယာ၊ ရှင်က ငါ့ဘိုးဘေးရဲ့မျိုးဆက်ကပဲ၊ ငါ ဘယ်လိုလုပ်ပြီး လုပ်ရဲမှာလဲ......"

"မဟုတ်ဘူး၊ မျက်မမြင်အဘွားအိုက ဘာလို့ နတ်ဆေးဆရာဝန်ထန်ရှုနဲ့ တွေ့ဆုံခဲ့တယ်ဆိုတာ နောက်ဆုံးတော့ ငါ နားလည်သွားပြီ" ယန်ရှစ်က အလေးအနက်ထားကာ ကြားဖြတ်ပြော၏"အခု မင်းကြောင့် သူမက သူနဲ့ နက်ရှိုင်းတဲ့ဆက်နွယ်မှုတစ်ခုရှိသွားပြီ။ ငါ့မှာ မင်းလိုထူးချွန်တဲ့မျိုးဆက်မရှိတာ ဝမ်းနည်းစရာပဲ။ မဟာတာအိုက တစ်စုံတစ်ယောက်ရဲ့ကိုယ်ပိုင်ရုန်းကန်မှုအပေါ်မှာ မူတည်တဲ့ရက်စက်တဲ့လမ်းကြောင်းတစ်ခုပဲ။ လက်ထဲမှာ အခွင့်အလမ်းတစ်ခုကို ဆုပ်ကိုင်ထားနိုင်သရွေ့ ငါ အနာဂတ်မှာ အမြင့်ကို ဆက်သွားနိုင်မှာပါ"

ရွှယ်ယုက ထပ်မပြောတော့ဘဲ ထန်ရှုဘက်သို့ လှည့်ကာ ခေါင်းညိတ်ပြလိုက်၏။

"ဒီလိုဆိုမှတော့ ရွှယ်ယုရဲ့အလုပ်ကို ဂရုစိုက်ဖို့အတွက် ခင်ဗျားက အကြီးအကဲချန်နဲ့အကြီးအကဲပေတို့ကို ကူညီပေးပါ" ထန်ရှုက ပြုံးလျက် ပြောလိုက်၏"ခင်ဗျားကို အဟန့်အတားဖြစ်စေတဲ့၊ စိုးရိမ်ပူပန်စေတဲ့သာမန်ကမ္ဘာမှအရာအားလုံးကို ဖြတ်တောက်နိုင်ရင် ခင်ဗျားရဲ့အနာဂတ်အောင်မြင်မှုက မျက်မမြင်အဘွားအိုထက် လျော့နည်းမှုမဟုတ်ဘူး"

"ကောင်းတယ်၊ ကောင်းတယ်၊ အရမ်းကောင်းတယ်"

ယန်ရှစ်က စိတ်လှုပ်ရှားသောအမူအရာနှင့် ကျေနပ်အားရစွာ ပြောလိုက်တော့၏။

ယခုမှ ချောမောခန့်ညားသောလူရွယ်လျိုမုံ့က လုံးဝထိတ်လန့်သွားခဲ့ရသည်။ သူ၏အဘွားက တစ်စုံတစ်ယောက်အတွက် အလုပ်လုပ်ရန် ယခုကဲ့သို့ နှိမ့်ချလိမ့်မည်ဟု သူ ဘယ်တော့မှ မထင်ထားခဲ့ပေ။ သူ့အဘွားက လျိုမိသားစု၏ဘိုးဘေးအဖြစ် အလေးအမြတ်ထားရာဖြစ်သည်၊ သူ့မိသားစုတွင် အမြင့်ဆုံးအဆင့်အတန်းကို ထိန်းချုပ်ထားသူဖြစ်သည်၊ သူ့အဖေလျိုမိသားစု၏ခေါင်းဆောင်ကတောင် သူမ၏အရှေ့၌ အလွန်နာခံရ၏။

အဘွားယန်က လျိုမိသားစုကိုထောက်ပံ့ထားသောအရေးကြိးဆုံးထောက်တိုင်တစ်ခုဟု ပြောနိုင်သည်။ သူမ၏ထွက်ခွာသွားမှုနှင့်အတူ သူ၏မိသားစုက မှီခိုအားထားရာကျောရိုးတစ်ခုကို ဆုံးရှုံးရပေလိမ့်မည်။

"အဘွား၊ ကျေးဇူးပြုပြီး ထပ်စဉ်းစားပါအုံး" လျိုမုံ့က ဆိုဖာရှေ့သို့ အပြေးလာကာ တောင်းပန်ခဲ့သည်။

ယန်ရှစ်က သူ့အား ချစ်ခင်ကြင်နာစွာ ကြည့်လိုက်၏။ သို့သော် သူမက ခေါင်းခါယမ်းကာ ပြောလိုက်၏"ငါ လျိုမိသားစုနဲ့ လက်ထပ်ခဲ့တာ နှစ်ရှစ်ဆယ်ရှိပြီ၊ မိသားစုမှာ ကလေးတွေ၊ မြေးတွေ အများကြီးရှိ‌ရောပေါ့။ ငါ လျိုမိသားစုအတွက် လုပ်ပေးလာတာ နှစ်ခြောက်ဆယ်ရှိပြီ၊ အတိတ်ကမိသားစုလေးတစ်ခုကနေ အခုလိုမိသားစုကြီးတစ်ခုဖြစ်တဲ့အထိ ငါ လုပ်ဆောင်ပေးခဲ့ပြီးပြီ။ လက်ရှိမှာ လျိုမိသားစုက မင်းလို မျိုးဆက်သစ်တွေအပေါ်မှာပဲ မှီခိုရတော့မယ်၊ ငါကတော့ ငါ့ရဲ့အိမ်မက်နောက်ကို လိုက်ပြီး ငါပိုင်ဆိုင်တဲ့လမ်းခရီးကို လျှောက်လမ်းရမယ်"

"အဘွား...."လျိုမုံ့၏နှလုံးသားက အောက်ခြေအထိ နစ်မြုပ်သွားခဲ့ရသည်။

ယန်ရှစ်က ခေါင်းခါယမ်းကာ ထန်ရှုနှင့်ရွှယ်ယုတို့အား ကြည့်လိုက်၏"နတ်ဆေးဆရာဝန်ထန်၊ အရှင်မရွှယ်၊ ငါ့ရဲ့နောက်ဆုံးနှုတ်ဆက်ပွဲအတွက် လျိုမိသားစုကို ငါ သွားရမယ်။ အခုကစပြီးနောက်သုံးရက်ကြရင် ငါ ချန်လေးနဲ့ပေလေးတို့ကို လာရှာမှာပါ"

"ကောင်းပါပြီ"

ထန်ရှု၊ ရွှယ်ယုနှင့် ကျန်သူတွေက ထရပ်ကာ ယန်ရှစ်နှင့်လျိုမုံ့တို့ ထွက်ခွာသွားသည်ကို ကြည့်နေခဲ့သည်။ ထို့နောက် ထန်ရှုက ချန်ဖျင်ကွေ့နှင့်ပေအန်လဲ့တို့ကို ကြည့်လိုက်၏"စကားမစပ် ကျုပ် ခင်များတို့နဲ့ ညစာစားဖို့အတွက် ထပ်မရှိပေးနိုင်တော့ဘူး။ ဒါပေမယ့် ရွှယ်ယုက ခင်များတို့နဲ့ ဆွေးနွေးစရာတစ်ခုခုရှိတယ်၊ ဒါကြောင့် သူမ ကျန်နေပါလိမ့်မယ်"

"ကောင်းပြီလေ" ချန်ဖျင်ကွေ့နှင့်ပေအန်လဲ့တို့က ပြုံးကာ ခေါင်းညိတ်လိုက်၏။

နောက်ထပ်မိနစ်အနည်းငယ်ကြာပြီးနောက် ထန်ရှုက လီချမ်းနှင့်အတူ စားသောက်ဆိုင်မှ ထွက်ကာ လမ်းအပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။ သူ့အား ကားဖြင့် လာခေါ်ရန်အတွက် မိုအားဝူအား မခေါ်ဘဲ ထန်ရှုက စီးကရက်တစ်ခုကို ထုတ်ကာ မီးညှိလိုက်၏။ ထို့နောက် သူက လီချမ်းအား ပြော၏"မင်းက ဒီနေရာရဲ့နယ်ခံဆိုတော့ ချန်မြိုရဲ့အစားအသောက်ကောင်းတွေကို အရသာခံဖို့ ဘာလို့ ငါ့ကို ခေါ်ပြီး လိုက်မပြတာလဲ"

လီချမ်း၏မျက်လုံးများက လှည့်သွားပြီး သူက တိုးတိုးလေးပြောလိုက်သည်"ငါ အတော်လေးကောင်းတဲ့နေရာတစ်ခုကို သိတယ်။ အဲနေရာရဲ့သမင်အသားက လုံးဝအရသာရှိတယ်၊ ဒါပေမယ့် တန်ဖိုးကလဲ....အတော်လေးဈေးကြီးတယ်"

"အဲဒါ ဒီနေရာက‌နေ ဝေးလား" ထန်ရှုက ပြုံးလျက် မေးလိုက်၏။

"နာရီဝက်ကျော်‌ကျော်တော့ ကားမောင်းရမယ်" လီချမ်းက ပြန်ဖြေလိုက်သည်။

စီးကရက်သောက်ပြီးနောက် ထန်ရှုက မိုအားဝူအား ကားမောင်းရန် ခေါ်ကာ ပြောလိုက်၏"မင်းက အားဝူကို လမ်းပြပေးလိုက်.....လီချမ်း။ မင်း ငါ့ကို ပြောတဲ့နေရာကို သွားကြတာပေါ့"

အစိမ်းရောင်ရေကန်အဂရီခိုလာ။

၎င်းက ရေကန်တစ်ခုဘေးနားတွင် တည်ရှိပြီး စိမ်းလန်းစိုပြေသောတောင်ကုန်းများနှင့် ဝန်းရံထား၏။ အနီရောင်မီးအိမ်များအား အဆောက်အဦးပေါ်တွင် ချိတ်ဆွဲထားပြီး ဤ‌နေရာ၏ညမြင်ကွင်းကို အလှ‌ဆင်နေသည်။ အစောင့်များက စင်္ကြံတစ်လျှောက် လမ်းလျှောက်နေပြီး လင်ဗန်းများကိုသယ်ဆောင်ထားသောစားပွဲထိုးများက အရသာရှိသောစားချင်စဖွယ်ဟင်းရနံများကို ချန်ရစ်လျက် အခန်းများမှ ခေါက်တုံ့ခေါက်ပြန် လျှောက်သွားနေ၏။

"ဒီ‌နေရာမှာ ထူးဆန်းတာ တစ်ခုခုရှိတယ်"

မာစီးဒီးဘင့်ဇ်SUVက အစိမ်းရောင်ရေကန်အဂရီခိုလာကားပါကင်တွင် ရပ်ခဲ့သည်၊ သို့သော် သူ ကားပေါ်မှ ဆင်းလိုက်သည်နှင့် ထန်ရှုက အနည်းငယ်အံ့အားသင့်သွားပုံရ၏။ ပတ်ဝန်းကျင်တွင် တစ်ခုခုလွှဲမှားနေသည်ကို သူ ရေးတေးတေးအာရုံခံမိပုံရ၏- ဤလှပသောနေရာက သတ်ဖြတ်ခြင်းဆန္ဒကို ဖုံးကွယ်ထားပုံရသည်။

"ဘာထူးဆန်းတာလဲ" လီချမ်းက ခေါင်းရှုပ်စွာ မေးလိုက်သည်။

ထန်ရှုက သူ၏အကြည့်ကို အဝေးသို့ ပို့လွှတ်လိုက်သည်။ သူက ခေါင်းခါယမ်းကာ ပြော၏"ဘာမှမဟုတ်ပါဘူး။ ကောင်းပြီ......ငါ့က်ို လမ်းပြပါ"

လီချမ်းက သူ၏စိတ်ရှုပ်ထွေးမှုကို လစ်လျူရှုခဲ့ပြီး ထန်ရှုအား ရှေ့သို့ လမ်းပြခေါ်ဆောင်လာရင်း ရုတ်တရက်မေးလိုက်သည်"ဟေ့.....အကို.....ကားမောင်းလာတဲ့အဲဒီအကိုကြီးရော မစားဘူးလား"

"သူတို့က သူတို့ဟာသူတို့ စားသောက်ပါလိမ့်မယ်" ထန်ရှုက ပြုံးလျက် ဖြေလိုက်၏။

သူတို့လား.....

လီချမ်းက ကြောင်သွား၏။ သူက ဒီစကားလုံးများ၏အဓိပ္ပါယ်ကို ဖမ်းဆုပ်ခဲ့ပြီး အဝေးရှိ လမ်းမထက်သို့ ကြည့်လိုက်သည်။ ထိုအချိန်တွင် နောက်ထပ်ကားတစ်စင်းက ဖြည်းဖြည်းချင်းချဉ်းကပ်လာနေသည်ကို သူက သတိပြုမိခဲ့၏။ သူက အကျော်အမော်တစ်ယောက်မဟုတ်သော်လည်း ကိုယ်ရံတော်များက သူတို့ကာကွယ်ရမည့်ပုဂ္ဂိုလ်အနီး၌ မထွက်ပေါ်လာဘဲ အနီးနား၌ ပုန်းကွယ်နေကြသည်ကို ကြားဖူးသည်။ ထိုသို့ဆိုလျှင် ထိုကားထဲရှိသူများက ထန်ရှု၏ကိုယ်ရံတော်များဖြစ်နိုင်ပေသည်။

သူက ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုရဲ့သူဌေးကြီးဖြစ်ဖို့ တကယ်ထိုက်တန်တာပဲ.....

လီချမ်းက စိတ်ထဲ၌ သက်ပြင်းချလိုက်ပြီး ထန်ရှုအား အထဲသို့ ဆက်လက်ခေါ်ဆောင်သွားခဲ့၏။

သူတို့က ဧည့်ကြိုစားပွဲသို့ ရောက်လာသောအခါ သူ့အရှေ့ရှိအမူအရာကင်းမဲ့သောသက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်အား ကြည့်လိုက်စဉ်တွင် လီချမ်း၏မျက်နှာပေါ်၌ ရှက်ရွံ့သောအမူအရာတစ်ခုက ထွက်ပေါ်လာခဲ့သည်။ ထို့နောက် သူက ပြောလိုက်၏"မန်နေဂျာဝမ်၊ ငါတို့စားသောက်ဖို့အတွက် နေရာတစ်ခု စီစဉ်ပေးနိုင်မလား။ ပြီးတော့ ငါတို့က ဒီ‌နေရာကို ရောက်နေပြီ"

မန်နေဂျာဝမ်က ခေါင်းခါကာ ပြောလိုက်သည်"သီးသန့်ထားထားတဲ့နှစ်‌နေရာကလွဲပြီး ကျန်တာတွေအားလုံး ပြည့်နေပြီ။ မင်းတို့ စောင့်နိုင်တယ် ဒါမှမဟုတ် အခြားစားသောက်ဆိုင်တစ်ခုကို သွားနိုင်တယ်"

လီချမ်းက ထန်ရှုကို လှည့်ကြည့်ကာ အကူအညီမဲ့စွာ ပြောလိုက်၏"အကိုထန်၊ မင်း မြင်တဲ့အတိုင်းပဲ....."

ထန်ရှုက ပြုံးကာ ပြော၏"မန်‌နေဂျာဝမ်....ဟုတ်တယ်‌နော်။ ငါ့မိသားစုလဲ စားသောက်ဆိုင်လုပ်ငန်းတစ်ခုကို လုပ်နေတာ၊ ဒါကြောင့် စားသောက်ဆိုင်တစ်ခုရဲ့အနေအထားနဲ့ ပတ်သက်ပြီး အများကြီးသိတယ်။ ငါထင်တာ မှန်ရင် ‌ထိတ်ထိတ်ကျဲပုဂ္ဂိုလ်အချို့ကို ဧည့်ခံဖို့အတွက် မင်းတို့မှာ သီးသန့်ထားထားတဲ့‌နေရာအချို့ ရှိရမယ်။ အနည်းဆုံးကွာ....နှစ်နေရာလောက်တော့ ရှိတယ်မဟုတ်လား...."

အံ့အားသင့်မှုက မန်နေဂျာဝမ်၏မျက်လုံးထဲ၌ လင်းလက်သွား၏။ သူ့ထံမှ ထူးခြားသည့်တစ်ခုခုကို မြင်တွေ့ရန်အလို့ငှာ သူမက ထန်ရှုအား စိုက်ကြည့်လိုက်သည်။

ထန်ရှုက ထပ်ပြောလိုက်ပြန်၏"ငါ တိတ်ဆိတ်တဲ့နေရာတစ်ခုမှာ အေးအေးဆေးဆေးစားသောက်ချင်ရုံပါပဲ၊ ချန်မြို့ရဲ့အစိမ်းရောင်ရေကန်အဂရီခိုလာရဲ့အကျော်ကြားဆုံးစားဖွယ်ကို အရသာခံဖို့အတွက်ပေါ့၊ ဒါကြောင့် မင်း ငါတို့ကို နေရာတစ်ခုပေးဖို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် မင်းတို့မှာ မရှိဘူးလို့တော့ ငါ့ကို မပြောနဲ့နော်၊ မင်းတို့ရဲ့သူဌေးကို ထွက်လာအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေအများကြီး ငါ့မှာရှိတယ်"

မန်နေဂျာဝမ်၏အမူအရာက ပြောင်းလဲသွားပြီး သူမက မေးလိုက်၏"မင်းရဲ့နာမည်ကို သိလို့ရမလား....ဆရာ"

"ငါရဲ့မျိုးရိုးနာမည်က ထန်" ထန်ရှုက ပြန်ဖြေလိုက်သည်။

"ရှင်ပြောတာမှန်ပါတယ်၊ ဆရာထန်" မန်နေဂျာဝမ်က ခေါင်းညိတ်ကာ ပြောလိုက်၏"ငါတို့မှာ အမြဲတမ်းသီးသန့်ထားထားတဲ့‌နေရာနှစ်ခုရှိတယ်၊ ဒါပေမယ့် အဲ‌နေရာတွေမှာ ဧည့်သည်တွေအတွက် စီစဉ်ပေးနိုင်တဲ့အခွင့်အာဏာ ငါ့မှာ မရှိဘူး။ ကျေးဇူးပြုပြီး တစ်ချက်စောင့်ပေးပါ၊ ငါ သူဌေးကို အရင် အကြောင်းကြားလိုက်ပါ့မယ်"

"ဘာအတွက်လဲ။ နေရာ‌‌လေးတစ်ခုပဲမဟုတ်လား" ထန်ရှုက မေးလိုက်၏။

"ဘာလို့ဆို ငါတို့ချန်ထားတဲ့‌‌နေရာနှစ်ခုက အရမ်းထူးခြားလို့ပဲ" မန်နေဂျာဝမ်က ပြန်ဖြေလိုက်၏။

"ဒါဆိုလဲ ကောင်းပြီလေ၊ မြန်မြန်လေးလုပ်ပေါ့"

အစိမ်းရောင်ရေကန်အဂရီခိုလာ၏အတွင်းကျဆုံးအပိုင်းရှိVIPခန်းတစ်ခု၌ ပိုင်ရှင်ဖြစ်သူစုန့်တုံလိုင်က သူ၏သေဖော်ရှင်ဖက်ညီအကိုနှစ်ယောက်နှင့် တွေ့ဆုံနေ၏။ သူတို့က တရုတ်ရှိအလွန်အားကောင်းသောသူများထဲတွင် ပါဝင်သည်။

"အကိုအောင်း၊ မင်း ဒီနေရာကို မလာခင် ငါ့ကို ဖုန်းခေါ်ခဲ့ပြီး သွေးစပါးအုံးအစီအရင်ကို စီရင်ဖို့ သွေးခဲစပါးအုံးကို ယူလာခဲ့တယ်လို့ ပြောခဲ့တယ်နော်။ အဲဒါ အမှန်ပဲလား" စုန့်တုံလိုင်က အနည်းငယ်အလေးအနက်ဖြစ်နေပြီး သူက မေးလိုက်သည်။

အောင်းဝေ့ဟုခေါ်သောသူက ခေါင်းညိတ်ကာ ပြော၏"ဟုတ်တယ်။ ငါတို့ သွေးခဲစပါးအုံးကို ယူလာပြီး အပြင်ဘက်ရေကန်ထဲမှာ ထည့်ထားတယ်။ မင်း သဘောတူတာနဲ့ ငါတို့တွေ မနက်ဖြန်ညကျရင် သွေးစပါးအုံးအစီအရင်ကို စတင်စီရင်လိမ့်မယ်"

"ကျောက်စိမ်းတွေပို့ဆောင်တဲ့ကုန်ကားတစ်စီးက မနက်ဖြန်မနက်စောစောကျရင် ရောက်လာလိမ့်မယ်" ကုန်းချွမ်က ထပ်ဖြည့်ပြော၏။

စုန့်တုံလိုင်က သူ၏မေးစေ့ကို ပွတ်ကာ အတွေးနက်နေခဲ့၏။ အချိန်တစ်ခုကြာပြီးနောက် သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်"သွေးခဲစပါးအုံးနဲ့ကျောက်စိမ်းတုံးတို့နဲ့ သွေးစပါးအုံးအစီအရင်ကို စီရင်ဖို့ မလုံလောက်ဘူးမဟုတ်လား။ အသက်ရှိလူဆယ့်ရှစ်ယောက်ရဲ့သွေးကို ယဇ်ပူဇော်ဖို့ လိုအပ်သေးတယ်မလား။ ဒါပေမယ့် လူဆယ့်ရှစ်ယောက်ကို ငါတို့က ဘယ်မှာသွားရှာရမှာလဲ"

"ငါတို့မလာခင် လူအချို့ကို ကောလဟာလအချို့ ဖြန့်ထားခိုင်းပြီးပြီ" အောင်းဝေ့က ပြောသည်"လျန်မိသားစုရဲ့လူ‌တွေက သတင်းကို ရထားပြီး သူတို့တွေ ငါတို့ကို ဖမ်းဖို့ လူတွေတောင် လွှတ်ထားပြီးနေလောက်ပြီ။ အတိတ်တုန်းက ပုလိပ်ရောဂါဗိုင်းရတ်ပိုးနဲ့ လူ‌တွေကိုထိခိုက်စေဖို့သူတို့ရဲ့အရှက်မရှိတဲ့အကြံအစည်ကို ကာကွယ်ဖို့အတွက် ငါတို့သုံးယောက် သူတို့လူတွေ အများအပြားကို သတ်ခဲ့တာလေ၊ ဒီအတွက် လက်စားချေဖို့ လျန်မိသားစုက ငါတို့ကို ခြေရာခံလိုက်နေတာ ကြာရောပေါ့။ သူတို့က ဒီအခွင့်အရေးကို လက်လွှတ်မှာမဟုတ်ဘူးဆိုတာ သေချာတယ်"

စုန့်တုံလိုင်က စိတ်ထဲတွင် တုန်လှုပ်သွားပြီး သူက အလျင်စလိုမေးလိုက်၏"ငါတို့မိသားစုသုံးခုရဲ့ပေါင်းစပ်ထားတဲ့အင်အားက လျန်မိသားစုကို ရင်ဆိုင်နိုင်ပေမယ့် မင်းတို့က မင်းတို့မိသားစုနှစ်ခုရဲ့အင်အားအကုန်လုံးကို မယူလာနိုင်ဘူးဆိုတာကို မမေ့နဲ့အုံး။ ပြီးခဲ့တဲ့နှစ်က ငါဖြစ်ခဲ့တာပဲ ကြည့်လေ.....ငါ့ကို ငါ့ရဲ့မိသားစုက အပြစ်ပေးခဲ့တယ်။ ငါ့မိသားစုမှာကျန်ရှိတဲ့အင်အားက မကြာသေးတဲ့နှစ်တွေကမှ ငါ လေ့ကျင့်ပေးထားတဲ့သူတွေပဲ ကျန်တော့တယ်။ လျန်တွေက အကြီးစားတိုက်ခိုက်မှုတစ်ခုကို ပြုလာခဲ့ရင် ငါတို့တွေ သူတို့ကို ဘယ်လိုတားဆီးနိုင်မှာလဲ"

"ငါ ဒီပြဿနာကို စဉ်းစားထားပြီးပြီ၊ ဒါကြောင့် ငါ့ရဲ့သူငယ်ချင်းတစ်ယောက်ကို ဖိတ်ခေါ်ထားခဲ့တယ်" အောင်းဝေ့က ပြောလိုက်၏"သူ မနက်ဖြန်အချိန်မီရောက်လာသရွေ့ ငါတို့ရဲ့အနိုင်ရဖို့အခွင့်အလမ်းက တိုးလာပါလိမ့်မယ်"

"သူက ဘယ်သူလဲ" စုန့်တုံလိုင်က အလျင်စလိုမေးလိုက်သည်။

"ဟန်စမ်" အောင်းဝေက ပြန်ဖြေ၏။

"ဟန်မိသားစုရဲ့အဲဒီသစ္စာဖောက်- စိတ်ဝိညာဥ်နတ်ဆိုးစွဲကပ်‌နေတဲ့သိုင်းရူးကိုလေ" စုန့်တုံလိုင်က အလန့်တကြားပြောလိုက်သည်"မင်း သူ့ကို တကယ် ဖိတ်ခေါ်ရဲတာပဲ.....မင်း ကျားအသည်းများစားထားတာလား....."

***

All Chapters