← Chapters

ဒါက မျက်နှာသာပေးတဲ့ကိစ္စတစ်ခုပါပဲ။

Vol. 65 Ch. 901

ဒါက မျက်နှာသာပေးတဲ့ကိစ္စတစ်ခုပါပဲ။

Vol. 65 Ch. 901

စုန့်တုံလိုင်က ယခုလို တုံ့ပြန်လာလိမ်မည်ဟု ရှေးကတည်းက အောင်းဝေ့က ခန့်မှန်းထားပုံရသည်၊ သို့ကြောင့် သူက တည်ငြိမ်စွာ ပြောလိုက်၏"လူအများစုရဲ့မျက်လုံးထဲမှာတော့ ဟန်စမ်က သူ့မိသားစုကို ပုန်ကန်တဲ့သစ္စာဖောက်တစ်ယောက်ပေါ့။ ဒါပေမယ့် ငါ့မျက်လုံးထဲမှာတော့ သူက ဖော်ရွေမှုမရှိ၊တစ်မူထူးခြားတဲ့ စရိုက်လက္ခဏာရှိတဲ့ တရားမျှတပြီးနတ်ဆိုးဆန်သူတစ်ယောက်ပဲ။ သူတို့က သူ့ကို အရင်ရန်လာမစဘဲနဲ့ သူက အခြားသူ‌တွေကို ဘယ်တော့မှ အရင်ရန်စမှာမဟုတ်ဘူး"

အောင်းဝေ့၏ရှင်းပြချက်ကို ကြားသော်လည်း စုန့်တုံလိုင်က သူ၏အစွဲအလမ်းကို လက်မလွှတ်နိုင်သေးပေ။ သူက လေးလံ‌သောလေသံနှင့် ပြန်ချေပလိုက်၏"ငါတို့ရဲ့သွေးစပါးအုံးအစီအရင်က အရမ်းအရေးကြီးတယ်.....သေဖော်ရှင်ဖက်စိတ်ဓာတ်မရှိရင် ငါတို့တွေ အပြင်လူတစ်ယောက်မှ ရောနှောခွင့်ပြုလို့မရဘူး။ လက်ရှိမှာ ငါတို့က ငါတို့ရဲ့ရန်သူကို ရင်ဆိုင်နေရတာ.....တွက်ချက်မှုအနည်းငယ်မှားသွားတာနဲ့ ငါတို့က အလွန်ဆိုးဝါးစွာ အဆုံးသတ်သွားရလိမ့်မယ်"

"မင်းနဲ့ကုန်းချွမ်က ဟန်စမ်နဲ့ မတွေ့ရသေးလို့ မင်းတို့နှစ်ယောက်လုံး သူ့ကို နားမလည်တာပါကွာ"အောင်းတေ့က တည်ငြိမ်စွာ ပြောလိုက်၏"ငါတို့က သေဖော်ရှင်ဖက်ညီအကိုတွေဖြစ်တာကြောင့် ငါက သူနဲ့ အလွန်နီးကပ်တဲ့အနှောင်အဖွဲ့တစ်ခုရှိတယ်။ သူက ငါတို့ကို ကူညီရုံသာမက မင်းတို့နှစ်ယောက်လုံးနဲ့ သူငယ်ချင်းဖြစ်နိုင်လိမ့်မယ်လို့ ငါ အာမခံပါတယ်"

သူငယ်ချင်းလား။

သူက အောင်းဝေ့နှင့်ဟန်စမ်တို့အကြားဆက်ဆံရေးကို ကြိမ်ဖန်များစွာ ကြားဖူးသည့်အတွက် ဤအချင်းအရာကို ကြားပြီး ကုန်းချွမ်က မတွန့်ဆုတ်သွားခဲ့ပေ၊ သို့သော် စုန့်တုံလိုင်က သူကဲ့သို့ မဟုတ်ပေ။ ထိုသစ္စာဖောက်နှင့်ပတ်သက်ပြီး တွေးလိုက်တိုင်း သူ၏ဦးရေပြားက ရွစိရွစိခံစားနေခဲ့၏။

အချိန်အနည်းငယ်ကြာပြီးနောက် စုန့်တုံလိုင်က အင်တင်တင်ဖြင့် ခေါင်းညိတ်ကာ ပြော၏"ဟန်စမ်က မင်းရဲ့သူငယ်ချင်းလို့ မင်း ပြောတာကြောင့် ငါ မင်းရဲ့အလောင်းအစားကို လက်ခံရတာပေါ့။ ဒါပေမယ့် ငါတို့ရှုံးသွားရင် ငါတို့ညီအကိုသုံးယောက်စလုံး ငရဲကို သွားရမှာနော်။ ဒီအလောင်းအစားကို နိုင်ရင်တော့ ငါတို့က နဂါးဂိတ်ကို ခုန်ပျံ‌ကျော်လွှားမယ့်ငါးကြင်းတွေ ဖြစ်လာပြီး ဒဏ္ဍာရီတည်ရှိမှုတွေ ဖြစ်လာလိမ့်မှာ"

"ငါလဲ အလောင်းအစားကို လက်ခံတယ်" ကုန်းချွမ်က ခိုင်မာစွာ ပြောလိုက်၏။

အောင်းဝေ့က သူ၏ညီအကိုနှစ်ယောက်အား ကျေနပ်အားရစွာ ကြည့်လိုက်ပြီး သူ့စိတ်ဝိညာဉ်က မြင့်တက်လာခဲ့သည်။ ထို့နောက် သူက ကျယ်လောင်စွာ အော်ပြော၏"အလောင်းအစားလုပ်ပြီးဆိုကတည်းက ငါ့မှာ တစ်ရာရာခိုင်နှုန်း ယုံကြည်ချက်မရှိပါဘူး။ ဒါပေမယ့် မင်းတို့နှစ်ယောက်....ငါ့ရဲ့ညီအကိုနှစ်ယောက်နဲ့ အလောင်းအစားလုပ်တာဖြစ်တဲ့အတွက် လုပ်ငန်းစဉ်က ခမ်းနားကြီးကျယ်လိမ့်မယ်ဆိုတာ ငါ သေချာပါတယ်"

"ဟားဟားဟား......"

သုံးယောက်သား အားရပါးရရယ်မောလိုက်ကြတော့၏။

သူတို့၏ရယ်မောသံများကြားတွင် တံခါးကို ခေါက်ကာ အနက်ရောင်ဝတ်စုံနှင့်လူလတ်ပိုင်းထိပ်ပြောင်တစ်ယောက်က အထဲသို့ ဝင်ရောက်လာခဲ့သည်။ သူက ကျယ်လောင်စွာ ရယ်မောနေသောသူတို့သုံးယောက်အား ကြည့်ပြီး စုန့်တုံလိုင်၏အရှေ့သို့ လျင်မြန်စွာ ရောက်ရှိလာကာ တလေးတစားပြောလိုက်သည်"သူဌေး၊ ငါ မင်းကို တင်ပြစရာတစ်ခုခုရှိတယ်"

စုန့်တုံလိုင်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်"ဘာလဲ"

"ဧည့်သည်နှစ်ယောက်က ငါတို့ဆီ ရောက်လာတယ်၊ ကျန်တဲ့အခန်းတွေမှာ နေရာပြည့်နေတာကြောင့် သူတို့ထဲကတစ်ယောက်က ငါတို့သီးသန့်ထားထားတဲ့အခန်းတွေထဲမှာ ညစာစားဖို့ မေးလာခဲ့ကြတယ်" ထိပ်ပြောင်က တင်ပြလိုက်၏။

သူ၏အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး စုန့်တုံလိုင်က မေး၏"သူက ဘယ်သူလဲ။ ငါတို့မှာ သီးသန့်အခန်းတွေ ရှိမှန်း သူက ဘယ်လိုလုပ်သိလဲ"

ထိပ်ပြောင်က ခေါင်းခါယမ်းကာ ပြောလိုက်၏"ဒီလူရဲ့မိသားစုနာမည်က ထန်လို့ပဲ ငါ သိတယ်။ သူက အသက်နှစ်ဆယ့်တစ်ပတ်လည်ရှိပြီး သူ့မိသားစုကလဲ စားသောက်ဆိုင်လုပ်ငန်းတစ်ခု ရှိပုံရတယ်။ ဒါပေမယ့် ကျန်တာတွေတော့ ငါ မသိဘူး"

"မင်း သူနဲ့ပတ်သက်ပြီး အများကြီးမသိဘဲနဲ့ ငါ့ကို လာတင်ပြစရာလား။ မင်းဦးနှောက်က သေသွားပြီးလားဒါမှမဟုတ်တစ်ခုခုဖြစ်နေတာလား" စုန့်တုံလိုင်က စိတ်ဆိုးမာန်ဆိုးနှင့် အပြစ်တင်လိုက်သည်"ငါတို့မှာ သီးသန့်ထားထားတဲ့အခန်းတွေ မရှိဘူးလို့ သူ့ကို ပြောလိုက်။ သူတို့က သာမန်အခန်းတွေကို စောင့်နေပါစေ.......သူတို့က မစောင့်ချင်ရင် ငရဲကို လွှတ်လိုက်"

"နားလည်ပါပြီ...."ထိပ်ပြောင်က ချက်ချင်းပြန်ဖြေလိုက်သည်။

ဧည့်စောင့်ခန်းထဲတွင်။

သူမ၏စကားပြောစက်မှ အချက်အလက်ကို ရပြီးနောက် မန်နေဂျာဝမ်က မျက်နှာအမူအရာမကြည်မလင်စွာနှင့် ထန်ရှုအား ကြည့်လိုက်သည်"ဆရာနှစ်ယောက်၊ သင်တို့ အခြားအခန်းတွေကို စောင့်ဆိုင်းနိုင်ပါတယ်၊ ဒါမှမဟုတ် သင်တို့တွေ မစောင့်ချင်ရင်လဲ အခြားနေရာ‌တွေကို သွားနိုင်ပါတယ်"

ထန်ရှုက အနည်းငယ်မျက်မှောင်ကြုတ်လိုက်၏။ ဤနေရာတွင် ညစာမစားရမှာနှင့်ပတ်သက်ပြီး သူက ဂရုမစိုက်ပေ။ သို့သော် ဤနေရာကို ရောက်ကတည်းက သူက တစ်ခုခုကို အာရုံခံမိခဲ့သည်၊ သို့ကြောင့် လောလောဆယ် ထွက်သွားဖို့ သူက တွန့်ဆုတ်နေသည်။ သူက တစ်ခဏစဉ်းစားပြီးနောက် သူ၏ဟန်းဆက်ကို ယူထုတ်ကာ နံပါတ်တစ်ခုအား ခေါ်လိုက်၏။

"မသန်မစွမ်းအဘွားအို၊ ခင်ဗျား လျိုမိသားစုကို မစွန့်ခွာရသေးဘူးမလား၊ ကျုပ် ခင်ဗျားရဲ့အကူအညီတစ်ခုလိုအပ်တယ်။ အဲဒါကို ချန်မြို့ရဲ့လျိုမိသားစုရဲ့အဆင့်အတန်းကို သုံးပြီး ဖြေရှင်းနိုင်မယ်လို့ ငါ ထင်တယ်"

"ငါ့အတွက် ဘာညွှန်ကြားချက်တွေ ရှိလို့လဲ၊ နတ်ဆေးဆရာဝန်ထန်" ယန်ရှစ်က မေးလိုက်သည်။

"အစိမ်းရောင်ရေကန်အဂရီခိုလာကို ခင်ဗျား ကြားဖူးလား။ ငါ ညစာစားဖို့ လက်ရှိ အဲကို ရောက်နေတယ်" ထန်ရှုက ပြောလိုက်၏"ဒါပေမယ့် လက်ရှိ အဲ့နေရာမှာ သာမန်အခန်းတစ်ခုတောင် မရှိတော့ဘူး။ ငါ့ကို အခန်းတစ်ခုပေးဖို့ ခင်ဗျား ပိုင်ရှင်ကို ဆက်သွယ်ပေးနိုင်မလား"

"ငါ့ကို မိနစ်အနည်းငယ်စောင့်ပေးပါ၊ နတ်ဆေးဆရာဝန်ထန်" ယန်ရှစ်က တုံ့ဆိုင်းမနေဘဲ ပြောလိုက်၏။

ထန်ရှု၏အရှေ့တွင်ရပ်နေသောမန်နေဂျာဝမ်က သူ၏ဖုန်းစကားကို ကြားနေခဲ့ရသည်။ သူမက အံ့အားသင့်ကာ မှင်တက်သွားခဲ့မိ၏- ဒါက ချန်မြို့၏ပထမတန်းစားမိသားစုမှန်း သူမက သိသည်။ ဤလူငယ်က ထိုမိသားစုမှတစ်ယောက်ယောက်ကို သိတယ်တဲ့လား။

လီချမ်းက သူ၏လက်မကို ထောင်ကာ ပြောလိုက်၏"မင်းရဲ့အဆက်အသွယ်ကို အသုံးပြုတာက ကြီးကျယ်ခမ်းနားလှပေတယ်....အကိုထန်။ မင်းက မသန်မစွမ်းအဘွားအိုကို အညံ့ခံစေခဲ့ပြီး အခုပဲ သူ့ကို အသုံးပြုခဲ့တယ်။ ငါ တကယ်ကို လေးစားမိပါတယ်....."

"ဒါဆိုလဲ ငါ မင်းကိုပြောတာတွေကို ပြီးမြောက်အောင် လုပ်ပြီး အနာဂတ်မှာ ငါ့အတွက် ကြိုးစားအလုပ်လုပ်ပေး" ထန်ရှုက ပြောလိုက်၏"နောက်ကျရင် မင်းလဲ ငါ့လို ကိုယ်ပိုင်အဆက်အသွယ်တွေ စုဆောင်းလာနိုင်မှာပါ"

လီချမ်းက သူ၏လက်အား ပွတ်ရင်း ပြောလိုက်၏"ကောင်းပြီလေ......တစ်စုံတစ်ယောက်က ဩဇာကြီးမားတဲ့သူငယ်ချင်းတွေရှိတာက‌နေ အကျိုးအမြတ်ရနိုင်တယ်လို့ လူတွေက ပြောကြတယ်.....ဒါကြောင့် အခုကစပြီး မင်းက ငါ့ရဲ့ကြီးမားတဲ့နောက်ခံဖြစ်လာပါလိမ့်မယ်"

"ဖူး....."

မန်နေဂျာဝမ်က ဟန်မဆောင်နိုင်တော့ဘဲ ရယ်လိုက်မိသည်၊ နှစ်ယောက်စလုံး၏စကားများက အလွန်ရယ်စရာကောင်းသည်ဟု သူမက ခံစားမိ၏။

အဂရီခိုလာ၏အတွင်းဘက်အကျဆုံးအခန်းတွင်။

စုန့်တုံလိုင်၊ အောင်းဝေ့နှင့် ကုန်းချွမ်တို့က ဝိုင်ခွက်နှစ်ခုကို ချကာ အရေးကြီးသောကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆွေးနွေးနေစဉ် မိုဘိုင်းဖုန်းတစ်ခုက စတင်မြည်လာခဲ့သည်။ စုန့်တုံလိုင်က ဖုန်းကိုင်လိုက်ပြီး စခရင်ပေါ်ရှိနံပါတ်ကို မြင်သောအခါ သူ၏အမူအရာက ရုတ်တရက်ပြောင်းလဲသွားပြီး အောင်းဝေ့နှင့်ကုန်းချွမ်တို့အား တိတ်တိတ်‌နေရန် အမူအရာပြလိုက်၏။ ထို့နောက် ဖုန်းအခေါ်ကို ကိုင်ကာ ပြုံးလျက် ပြောလိုက်သည်"ခေါင်းဆောင်လျို၊ ငါတို့‌နောက်ဆုံးတွေ့ဆုံပြီးကတည်းက အချိန်အတော်ကြာပြီးနော်။ ငါ မင်းအကြောင်း အမြဲစဉ်းစားနေမိတယ်.....မင်း ငါ့ကို ခေါ်ဖို့ ဘယ်လိုလုပ်ပြီး သတိရလာတာလဲ"

"ကောင်းပြီ၊ အလုပ်ကိစ္စဒါမှမဟုတ်အကူအညီအချို့လိုအပ်တာကလွဲပြီး ငါ အခြားသူတွေရဲ့နေရာကို ဘယ်တော့မှ မသွားချင်ခဲ့ဘူး။ အခုကိစ္စကလဲ ငါ့လျိုမိသားစုရဲ့အရေးကြီးဧည့်သည်တစ်ယောက်က မင်းရဲ့အစိမ်းရောင်ရေကန်အဂရီခိုလာမှာ ညစာစားချင်တာကြောင့်ပဲ။ မင်း သူ့အတွက် အခန်းတစ်ခု စီစဉ်ပေးလို့ရမလား"လျိုမိသားစုခေါင်းဆောင်လျိုဖျင်ရှင်း၏အသံကို ဟန်းဆက်မှ ကြားခဲ့ရသည်။

စုန့်တုံလိုင်က တစ်ခဏမှင်တက်သွားပြီး သူက ကမန်းကတန်းပြောလိုက်၏"လျိုမိသားစုရဲ့ဂုဏ်ထူးဆောင်ဧည်သည့်တစ်ယောက်ဆိုမှတော့ သူက ငါ့အစိမ်းရောင်ရေကန်အဂရီခိုလာရဲ့ဂုဏ်ထူးဆောင်ဖောက်သည်ပဲပေါ့။ မင်းပြောတဲ့လူက ဘယ်အချိန်လာမလဲ ငါ သိပါရစေ။ ငါ သူ့ကိုလူကိုယ်တိုင်နှုတ်ဆက်ရလိမ့်မယ်"

"သူ့ရဲ့မိသားစုနာမည်က ထန်၊ သူက မင်းရဲ့အစိမ်းရောင်ရေကန်အခရီခိုလာမှာ ရောက်ရှိနေပြီသားပဲ"

"မိသားစုနာမည်ထန်လား"

စောစောက သူ့ကို တင်ပြခဲ့သောအကြောင်းအရာကို စုန့်တုံလိုင်က ရုတ်တရက် သတိရလိုက်သည်။ သူက ရုတ်ခြည်းထရပ်ကာ ပြောလိုက်၏"ဘယ်သူလဲဆိုတာ ငါ သိတယ်လို့ ငါ ထင်တယ်၊ ခေါင်းဆောင်လျို။ ကျေးဇူးပြုပြီး ‌စိတ်အေးအေးထားပါ။ ငါ ချက်ချင်း စီစဉ်ပေးလိုက်ပါမယ်"

"ကျေးဇူးတင်ပါတယ်"

ဖုန်းခေါ်ပြီးသွားသည်နှင့် စုန့်တုံလိုင်က ထူးဆန်းသောအမူအရာနှင့် ပြောလိုက်သည်"ငါ့နေရာကို ကြီးကျယ်တဲ့အကျော်အမော်တစ်ယောက် ရောက်လာပုံပဲ။ သူက ချန်မြို့ရဲ့ပထမတန်းစားမိသားစုခေါင်းဆောင်ကို သူ့အတွက် စကားပြောပေးဖို့ လှုပ်ရှားပေးနိုင်တာဆိုတော့ သူ့နောက်ခံက သေချာပေါက် အလွန်ထူးခြားရမယ်"

"ချန်မြို့ရဲ့လျိုလား" အောင်းဝေက အံ့အားသင့်သောအမူရာနှင့် မေးလိုက်၏"အဲဒီမသန်မစွမ်းအဘွားအိုရဲ့မိသားစုလား"

"ဟုတ်တယ်" စုန့်တုံလိုင်က လေးနက်သောမျက်နှာနှင့် အတည်ပြုလိုက်၏။

"ဒီလိုဆိုမှတော့ မင်း ကောင်းကောင်းစီစဉ်ပေးလိုက်" အောင်းဝေ့က ခေါင်းညိတ်ကာ ပြောလိုက်သည်"ချန်မြို့ရဲ့လျိုက သာမန်လူတွေမဟုတ်ဘူး။ အထူးသဖြင့် မသန်မစွမ်းအဘွားအိုပဲ။ သူမက ငါတို့လျို့ဝှက်ဂိုဏ်းအောက်ရှိမိသားစုများစွာရဲ့အကြီးအကဲတွေနဲ့ နက်ရှိုင်းတဲ့ခင်မင်ရင်းနှီးမှုတွေ ရှိတယ်"

စုန့်တုံလိုင်က ခေါင်းညိတ်ကာ အခန်းမှ လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။ မကြာမီတွင် သူက ထန်ရှု၏အရှေ့၌ ပေါ်ထွက်လာခဲ့၏။

"ရိုင်းပျမိတဲ့အတွက် ငါ တကယ် တောင်းပန်ပါတယ်၊ အားလုံးက ငါ့အပြစ်ပါပဲ။ ငါက စုန့်တုံလိုင်၊ အစိမ်းရောင်ရေကန်အဂရီခိုလာရဲ့ပိုင်ရှင်ပါ။ အကိုထန်က ငါ့နေရာကို လာလည်မယ်ဆိုတာ ငါ မသိခဲ့ဘူး၊ ဒါကြောင့် ငါ မင်းကို မကြိုဆိုခဲ့မိဘူး......။ ထပ်ပြောရရင် မင်းက ချန်မြို့ရဲ့လျိုမိသားစုရဲ့အရေးကြီးဧည့်သည်တစ်ယောက်မှန်း ငါ မသိခဲ့ရဘူး။ စောနက လစ်လျူရှုခဲ့မိတဲ့အတွက် အကိုထန် စိတ်အနှောင့်အယှက်မဖြစ်ဖို့ ငါ မျှော်လင့်ပါတယ်" စုန့်တုံလိုင်က ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်လိုက်သည်။

ထန်ရှုက သူ့အား သာမန်ကာလျှံကာ ကြည့်ကာ လျစ်လျူရှုစွာ ပြော၏"အဆင်ပြေပါတယ်။ ကျေးဇူးပြုပြီး လမ်းပြပေးပါ....."

"အာ......"

စုန့်တုံလိုင်က ထန်ရှု၏လစ်လျူရှုသောအမူအရာကြောင့် စိတ်အနှာင့်အယှက်ဖြစ်မိ၏။ သို့ကြောင့် သူက ဘာမှ ထပ်မပြောတော့ဘဲ ထန်ရှုနှင့်လီချန်တို့အား VIPခန်းသို့ တိုက်ရိုက်ခေါ်ဆောင်သွားပေးခဲ့သည်။

"မန်နေဂျာဝမ်၊ မင်း ဧည့်ခံထားလိုက်ပါ....."

ပြောပြီးနောက် စုန့်တုံလိုင်က ထန်ရှုနှင့်လီချမ်းတို့အား လက်နှစ်ဖက်ဆုပ်ပြပြီး ပြန်လှည့်ကာ ထွက်ခွာသွားခဲ့သည်။

စုန့်တုံလိုင်ထွက်ပေါ်လာချိန်တွင် မန်‌နေဂျာဝမ်က ထိတ်လန့်ကာ အံ့အားသင့်ခဲ့ရသည်။ လူအများနှင့်ရင်ဆိုင်ရာတွင် အတွေ့အကြုံများသူတစ်ယောက်အနေနှင့် ထန်ရှုနှင့်သူမ၏သူဌေးက အတော်လေးထူးဆန်းသောအခြေအနေတစ်ခုရှိသည်ကို သူမက ပြောနိုင်ပေသည်။ သူမ၏ထိတ်လန့်တုန်လှုပ်မှုကို ဖိနှိပ်ပြီးနောက် သူမက ပြောလိုက်၏"ဆရာနှစ်ယောက်၊ အစားအသောက်စာရင်းကို စားပွဲထိုးက ချက်ချင်းလာပို့ပေးပါလိမ့်မယ်။ ဒါပေမယ့် သင်တို့နှစ်ယောက်တစ်ခုခုလိုအပ်ရင် သူတို့ကို ပြောဖို့ တုံ့ဆိုင်းနေစရာမလိုပါဘူး"

"ငါတို့ သိတယ်။ မင်းရဲ့အလုပ်ကို မင်း ဆက်လုပ်လို့ ရပြီ" ထန်ရှုက ပြောလိုက်၏။

မန်‌နေဂျာဝမ်က ခေါင်းညိတ်ကာ အပြင်ဘက်သို့ လျင်မြန်စွာ ဦးတည်သွားခဲ့သည်။ ပုံမှန်အချိန်တွင် သူမက VIPခန်းထဲရှိ အရေးကြီးဧည့်သည်များအတွက် အမြဲလိုလို တာဝန်ရှိသူဖြစ်၏။ သို့သော် ယနေ့တွင် သူမ၏သူဌေးက မပျော်ရွှင်မှန်း သိသာသည်၊ သို့ကြောင့် ဒီလူငယ်နှစ်ယောက်အား ဘက်လိုက်ခြင်းဖြင့် မစွန့်စားရဲပေ။

နောက်ထပ်တစ်နာရီကြာပြီးနောက် ထန်ရှုနှင့်လီချမ်းတို့က အားပါးတရစားသောက်နေတော့၏။ အစိမ်းရောင်ရေကန်အဂရီခိုလာ၏သမင်အသားဟင်းက တကယ်ကို အရသာရှိလှသည်။ သို့သော် ဤနေရာအား ပိတ်ဖုံးထားသည့်တစ်မူထူးခြားသောအခြေအနေအား ထန်ရှုက မှတ်မိနေသေးကာ သူက အသောက်အား ရှောင်ရှားခဲ့၏။

"ဒါပြီးရင်တော့ ငါ ပတ်ပတ်လည်ကို လျှောက်ကြည့်အုံးမှပဲ" ထန်ရှုက တွေးလိုက်၏။

သို့သော် ထိုအတွေးက ပျောက်ကွယ်သွားသည့်အခိုက်တွင် VIPအခန်းတံခါးခေါက်သံက ထွက်ပေါ်လာသည်။ တံခါးပွင့်သွားပြီး‌နောက် ယန်ရှစ်က အသက်ငါးဆယ်ကျော်လူအိုကြီးတစ်ယောက်နှင့်အတူ ဝင်လာခဲ့လေ၏။

"ငါတို့ မင်းကို အနှောင့်အယှက်မဖြစ်စေဘူးမလား နတ်ဆေးဆရာဝန်ထန်" ယန်ရှစ်က သူမ၏လမ်းလျှောက်တုတ်နှင့်အတူ လျှောက်လာကာ မေးလိုက်၏။

ထန်ရှု၏မျက်လုံးများက ဝေ့ပတ်သွားပြီး လူအိုကြီးအပေါ် ကျရောက်လာ၏။ သူက မေးမြန်းလိုက်သည်"အဆင်ပြေပါတယ်။ ဒါနဲ့ သူက ဘယ်သူလဲ"

"သူက ငါ့သားလျိုဖျင်ရှင်း၊ လျိုမိသားစုရဲ့လက်ရှိခေါင်းဆောင်ပါ နတ်ဆေးဆရာဝန်ထန်" ယန်ရှစ်က လျင်မြန်စွာ ပြောလိုက်၏။ "ဟေး....ဖျင်ရှင်း....မင်း ဘာငေးနေတာလဲ.....နတ်ဆေးဆရာဝန်ထန်ကို မြန်မြန်နှုတ်ဆက်လိုက်"

"နှုတ်ဆက်ပါတယ်၊ နတ်ဆေးဆရာဝန်ထန်"  လျိုဖျင်ရှင်းက လက်နှစ်ဖက်ဆုပ်ကာ အလျင်အမြန်နှုတ်ဆက်လိုက်လေသည်။

ထန်ရှုက သူ့အား ခေါင်းညိတ်ပြကာ တစ်ခဏ‌တွေးတောပြီး‌နောက် ပြောလိုက်၏"ဒီညကိစ္စအတွက် ကျေးဇူးတင်ပါတယ်။ လျိုမိသားစုကို  ချန်ထားဖို့ မင်းအမေက ငါ့ကို ကတိပေးခဲ့သလို ငါလဲ မင်းကို ကတိတစ်ခုပေးပါမယ်။ အနာဂတ်မှာ မင်းရဲ့မိသားစုက မင်းအမေတောင် မဖြေရှင်းနိုင်တဲ့အခက်အခဲတွေ ကြုံတွေ့လာရင် မင်း ငါ့ကို တစ်ကြိမ်လာရှာနိုင်ပါတယ်"

လျိုဖျင်ရှင်း၏မျက်လုံးများက လင်းလက်သွားပြီး သူက ချက်ချင်းစိတ်လှုပ်ရှားသွားပုံရ၏။ သူ၏အမေထံမှ ထန်ရှု၏အထောက်အထားကို ကြားခဲ့ပြီဖြစ်၏၊ သို့ဖြစ်၍ ဤလူရွယ်က နက်နဲသောကျင့်ကြံသူတစ်ယောက်ဖြစ်သည်ကို သူ သိခဲ့ရသည်။ ထိုသို့အားကောင်းသောပုဂ္ဂိုလ်တစ်ယောက်က သူ၏လျိုမိသားစုအား ကတိပေးခဲ့သည်လား။

ဒီကတိ.......လျိုမိသားစုအတွက် သေချာပေါက်ကောင်းမွန်တဲ့အရာတစ်ခုပင်......

ကျေးဇူးတင်သောအကြည့်နှင့်အတူ လျိုဖျင်ရှင်းက တုံ့ပြန်လိုက်သည်"ကျေးဇူးအများကြီးတင်ပါတယ်၊ နတ်ဆေးဆရာဝန်ထန်။ ပြီးတော့ ဒီနေရာမှာ မင်း လိုအပ်တာ တစ်ခုခုရှိသေးလား။ ငါ အဲဒါကို ချက်ချင်းစီစဉ်ပေးပါမယ်"

"ဘာမှမလိုအပ်တော့ပါဘူး" ထန်ရှုက သူ၏ခေါင်းကို ခါယမ်းလိုက်၏။

လျိုဖျင်ရှင်းက ခေါင်းညိတ်ပြီး သူ့အမေအား တစ်ချက်လှမ်းကြည့်ပြီးနောက် နောက်သို့ ခြေလှမ်းတစ်ဝက်ဆုတ်လိုက်၏။

ယန်ရှစ်က ပြုံးလျက် ပြောသည်"မင်း ချန်မြို့မှာ နေတဲ့အတောအတွင်း ငါ ဖျင်ရှင်းကို မင်းနဲ့ အတူနေခိုင်းရင်း ဘယ်လိုလဲ၊ နတ်ဆေးဆရာဝန်ထန်။ မင်း တစ်ခုခုလိုအပ်တာရှိရင် သူ့ကို ပြောနိုင်တာပေါ့"

"ဟားဟားဟား" ထန်ရှုက ရယ်ကာ ပြောလိုက်လေသည်"အဲဒါမလိုအပ်ပါဘူး.....ပြီးတော့ သူက ချန်မြို့ရဲ့ပထမတန်းစားမိသားစုရဲ့ခေါင်းဆောင်တစ်ယောက်လေ။ ငါ သူ့ကို ဘယ်လိုလုပ်ပြီး အဲလိုလုပ်ခိုင်းရမှာလဲ။ မင်းရဲ့ရည်ရွယ်ချက်ကောင်းအတွက် ကျေးဇူးတင်ပါတယ်။ မင်းတို့နှစ်ယောက် ပြန်သွားနိုင်ပါပြီ"

***

All Chapters