← Chapters

အစတော့ မောက်မာပြီး နောက်တော့ ရိုသေလေးစားသွားရတယ်

Vol. 65 Ch. 902

အစတော့ မောက်မာပြီး နောက်တော့ ရိုသေလေးစားသွားရတယ်

Vol. 65 Ch. 902

အစိမ်းရောင်ရေကန်အဂရီခိုလာ၏အတွင်းပိုင်းအကျဆုံးအခန်းထဲတွင် စုန့်တုံလိုင်က အောင်းဝေ့နှင့်ကုန်းချွမ်တို့နှင့်အတူ သွေးစပါးအုံးအစီအရင်ကိုစီရင်ရန်နှင့်အားကောင်းသောရန်သူများကိုအလွယ်တကူအမဲလိုက်ရန်အတွက် အစီအစဉ်များကို ဆွေးနွေးနေကြသည်။

သူတို့က အောင်မြင်လျှင် နဂါးဂိတ်ကိုခုန်ပေါက်ကျော်လွှားမည့်ငါးကြင်းများဖြစ်လာကာ ကောင်းကင်သို့ ထိုးတက်သွားနိုင်မည်ဖြစ်ပြီး ကျရှုံးပါက ငရဲသို့ ပြန်လမ်းမရှိသွားရပေလိမ့်မည်။

သူတို့သုံးယောက်က ဆွေးနွေးနေစဉ်တွင် အခန်းတံခါးခေါက်သံက ထွက်ပေါ်လာခဲ့ပြန်သည်။ ထိပ်ပြောင်လူကြီးက ဝင်လာပြီး စုန့်တုံလိုင်ဆီ လျင်မြန်စွာ လျှောက်လာကာ တီးတိုးပြောလိုက်၏"သူဌေး.....လျိုမိသားစုခေါင်းဆောင်လျိုဖျင်ရှင်းနဲ့လျိုမိသားစုရဲ့မျက်မမြင်အဘွားအိုတို ဒီကို ရောက်လာတယ်။ မန်နေဂျာဝမ်က ငါ့ကို အဲဒါနဲ့ ပတ်သက်ပြီး သတင်းလာပို့ခိုင်းတာ။ သူတို့က VIPအခန်းထဲကထန်လို့အမည်ရတဲ့လူငယ်ကို သွားတွေ့ခဲ့ကြတယ်"

"ဘာ" စုန့်တုံလိုင်က မယုံကြည်နိုင်သောမျက်လုံးများနှင့်အတူ တုန်လှုပ်သွားခဲ့ရသည်။ သူက ချန်မြို့ရှိလျိုမိသားစု၏စွမ်းအားနှင့်လွှမ်းမိုးမှုအား ကောင်းကောင်းသိ၏။ တစ်မြို့လုံးရှိတစ်ယောက်မှ လျိုတို့အား ရန်မစရဲပေ။ သူတို့က ဤနေရာ၌ ဧရာမဘီလူးတစ်ကောင်အလားပင်။ လျိုမိသားစုခေါင်းဆောင်နှင့်ပတ်သက်၍ ပြောစရာတောင်မလိုပေ။ မသန်မစွမ်းအဘွားအိုက လျိုမိသားစုတစ်ခုလုံးထက် ပိုကြောက်စရာကောင်းလှပေသည်။

ပြီးတော့....သူတို့က ဘာလို့ အစိမ်းရောင်ရေကန်အဂရီခိုလာကို လာလည်ရတာလဲ။ ထန်အမည်ရှိတဲ့လူရွယ်ကြောင့်လား။

အောင်းဝေ့နှင့်ကုန်းချွမ်တို့က မျက်လုံးများဝင်းလက်သွားလျက် ထရပ်လိုက်ကြ၏။ အောင်းဝေ့က လေးနက်သောအသံနှင့် ပြော၏"ဒီလိုအကြီးအကဲတစ်ယောက်လာလည်မှတော့ ငါတို့တွေ သူမကို သွားနှုတ်ဆက်သင့်တယ်"

"ဒါ....ဟုတ်တယ်။ သူမက ငါတို့လျှို့ဝှက်ဂိုဏ်းရဲ့အဖွဲ့ဝင်တစ်ယောက်မဟုတ်ပေမယ့် သူမက ဂိုဏ်းရဲ့အကြီးအကဲတော်တော်များများနဲ့ နက်ရှိုင်းတဲ့ရင်းနှီးမှုတစ်ခုရှိတယ်- ဒါကြောင့် သူမကို မဖြစ်မနေ နှုတ်ဆက်ရမယ်"

နှစ်ယောက်စလုံး၏မျက်လုံးများက အလွန်တောက်ပသွားခဲ့သလို အလွန်လဲအံ့အားသင့်ခဲ့ကြသည်။

စုန့်တုံလိုင်၏အမူအရာက ပြောင်းလဲသွားပြီး သူက ရုတ်တရက်မေးလိုက်၏"ငါတို့ရဲ့အစီအစဉ်ထဲကို လျိုမိသားစုကို ဖိတ်ခေါ်တာက ငါတို့အတွက် ထိခိုက်နစ်နာမှုထက် အကျိုးအမြတ်က ပိုများမယ်လို့ မင်းတို့ထင်လား"

"လျိုမိသားစုရဲ့အဘွားအိုနဲ့ ပတ်သက်ပြီး မင်း ဘယ်လောက်ထိသိလဲ" အောင်းဝေ့က မေးလိုက်သည်။

"သိပ်မရှိဘူး.....ငါ ဒီမြို့မှာ‌ ဆယ်စုနှစ်များစွာ နေခဲ့တာတောင်မှ......" စုန့်တုံလိုင်က ခေါင်းခါယမ်းကာ ပြောလိုက်သည်"ဒါပေမယ့် ငါ လျိုမိသားစုခေါင်းဆောင်လျိုဖျင်ရှင်းနဲ့ ပတ်သက်ပြီးတော့ ကောင်းကောင်းသိတယ်"

"သူ့အကြောင်း ငါတို့ကို ပြောကြည့်" အောင်းဝေ့က မေးလိုက်၏။

"လျိုဖျင်ရှင်းက ရည်မှန်းချက်ကြီးမားတဲ့လူတစ်ယောက်ပဲ" စုန့်တုံလိုင်က ပြောလိုက်၏"သူက အလွန်ကြံရည်ဖန်ရည်ရှိတဲ့လူတစ်ယောက်လို့ ပြောနိုင်တယ်၊ သူက သေချာစဉ်းစားဆင်ခြင်မှ လှုပ်ရှားလေ့ရှိတယ်၊ ဒါပေမယ့် သူက အရမ်းသန်မာတယ်လို့တော့ ငါ သံသယရှိတယ်"

အေင်းဝေ့က တစ်ချက်တွေးပြီးနောက် ခေါင်းညိတ်ကာ ပြော၏"ဒါဆိုလဲ သူ့ကို အရင်တွေ့ကြည့်ကြတာပေါ့။ အနေအထားပေါ်မူတည်ပြီး ကျန်တာကို ငါတို့ ဆုံးဖြတ်ကြမယ်။ ဒါပေမယ့် ငါတို့က သူ့ရဲ့မိသားစုကို တဖြည်းဖြည်းဆွဲထုတ်ချင်တယ်ဆိုရင် သူ့အနေနဲ့ ငါတို့အစီအအစဉ်ကို သဘောတူဖို့ ဖြစ်နိုင်ချေက အလွန်ပါးလွှာမယ်လို့ ငါ ထင်တယ်။  မဟုတ်ဘူး၊ ပြဿနာအသစ်တွေ ထွက်ပေါ်လာပြီး ကိစ္စတွေ ပိုမရှုပ်ထွေးစေဖို့ ဒီအတွေးကို လက်လွှတ်လိုက်ကြရအောင်"

ပြောပြီးနောက် သူက ထိုင်ခုံပေါ်သို့ ပြန်ထိုင်ချလိုက်သည်။ လျိုမိသားစု၏ဘိုးဘေးနှင့်တွေ့ဆုံမည့်အတွေးအား သူက လက်လျော့လိုက်ပုံရ၏။

စုန့်တုံလိုင်က ဘာမှမပြောဘဲ ခေါင်းသာ ညိတ်ပြလိုက်သည်။ ထို့နောက် သူက ပြော၏"ဒီလိုဆိုရင် ငါ သူတို့နဲ့ အရင်သွားတွေ့လိုက်မယ်။ ပြီးတော့ ထန်လို့အမည်ရတဲ့ကောင်လေးရဲ့နောက်ခံကိုလဲ သူတို့်ကို မေးရမယ်။ သူက လျိုမိသားစုရဲ့ခေါင်းဆောင်နဲ့သူတို့ရဲ့ဘိုးဘေးကို တစ်ချိန်တည်းမှာ လာတွေ့အောင် လုပ်နိုင်တယ်ဆိုတာက အတော်လေးစိတ်ဝင်စားစရာပဲ "

အောင်းဝေ့နှင့်ကုန်းချွမ်တို့က ထောက်ခံသည့်အနေနှင့် ခေါင်းညိတ်လိုက်သည်။ လျိုမိသားစုခေါင်းဆောင်နှင့်ဘိုးဘေးတို့အား သူ့ကို လာတွေ့စေရအောင်လုပ်နိုင်‌သောထိုပုဂ္ဂိုလ်က ဘယ်သူလဲဆိုသည်ကို သူတို့ကလည်း အလွန်သိချင်နေမိသည်။

နောက်ထပ်နှစ်မိနစ်ကြာပြီးနောက် ထိပ်ပြောင်လူကြီး၏လမ်းပြမှုအောက်၌ စုန့်တုံလိုင်က ယန်ရှစ်နှင့်လျိုဖျစ်ရှင်းတို့၏ရှေ့မှောက်သို့ ရောက်ရှိလာခဲ့သည်။ ထို့နောက် သူက ရိုသေလေးစားမှုအပြည့်နှင့် ပြောလိုက်၏"အကြီးအကဲနဲ့ခေါင်းဆောင်တို့ လာလည်မယ်ဆိုတာ ငါ မသိခဲ့ဘူး၊ ဒါကြောင့် ငါ သင်တို့ကို မကြိုဆိုခဲ့ရဘူး။ ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်ပေးပါ"

"မင်းက....." ယန်ရှစ်က အံ့အားသင့်စွာ မေး၏။

လျိုဖျင်ရှင်းက စုန့်တုံလိုင်အား သိသည်၊ သူက ပြုံးကာ ပြောလိုက်၏"သူက အစိမ်းရောင်ရေကန်အဂရီခိုလာရဲ့ပိုင်ရှင်စုန့်တုံလိုင်ပါ အမေ။ နတ်ဆေးဆရာဝန်ထန်အတွက် အခန်းစီစဉ်ပေးဖို့ ငါ သူ့ကို ‌ဖုန်းခေါ်ခဲ့တာလေ"

ယန်ရှစ်က ချက်ချင်းနားလည်သွားပြီး သူမက ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်"ငါ မင်းကို ကျေးဇူးတင်ပါတယ်၊ သူဌေးစုန့်။ နတ်ဆေးဆရာဝန်ထန်အပေါ် မင်းရဲ့ဧည့်ဝတ်ကျေပွန်မှုက အတော်လေးကျေနပ်စရာပါပဲ"

စုန့်တုံလိုင်၏အမူအရာက ပြောင်းလဲသွားပြီး သူက အလျင်စလိုမေး၏"သူက နတ်ဆေးဆရာဝန်ထန်လား"

"မင်းက နာမည်ကြီးလူငယ်နတ်‌‌ဆေးဆရာဝန်ထန်ကို တကယ်မသိတာလား....သူဌေးစုန့် " လျိုဖျင်ရှင်းက ပြုံးကာ မေးလိုက်၏"သူက အလွန်ကျော်ကြားတဲ့ဂုဏ်သတင်းရှိတယ်။ ပြီးတော့ သူက ငါ့လျိုမိသားစုရဲ့ဂုဏ်ထူးဆောင်ဧည့်သည်လဲ ဖြစ်တယ်"

လူငယ်နတ်ဆေးဆရာထန်လား။ ထန်ရှုလား။

စုန့်တုံလိုင်၏မျက်လုံးများက ရုတ်တရက်ကျုံ့သွားတော့သည်။ ထိတ်လန့်တုန်လှုပ်မှုလှိုင်းက သူ၏နှလုံးသားထဲ၌ မွေးဖွားလာ၏။ သူ့ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန်တုန်ခါသွားပြီး သူသေနှင့်တူသောဖြူဖတ်ဖြူရော်အမူအရာနှင့်အတူ နောက်သို့ ခြေနှစ်လှမ်း အလိုအလျောက် ဆုတ်သွားခဲ့၏။ ဤလူငယ်နတ်ဆေးဆရာဝန်ထန်တွင် အခြားဂုဏ်ပုဒ်တစ်ခုရှိသည်ကို သူ မှတ်မိသည်၊ တစ်ကြိမ်တည်းနှင့် လျို့ဝှက်ဂိုဏ်း၏လူပေါင်းများစွာကိုသတ်ဖြတ်ခဲ့သည့်အလွန်ကြောက်စရာကောင်းသောကျင့်ကြံသူတစ်ယောက်ဟူ၍ပင်။ သူ‌၏နောက်လိုက်များအား စေလွှတ်ကာ လျို့ဝှက်ဂိုဏ်းလက်အောက်ရှိမိသားစုများစွာကို အမြစ်ပြတ်ချေမှုန်းခဲ့သည့် သတ်ဖြတ်ခြင်းနတ်ဘုရားလည်း ဖြစ်၏။

"အို.....ကောင်းကင်ဘုံ......ငါ သူ့ကို အေးတိအေးစက်ဆက်ဆံခဲ့မိတယ်မဟုတ်လား"

"ငါတော့ သေပြီ...သွားပါပြီ.....သူ့မှာ စိတ်နှလုံးကောင်းတစ်ခုရှိပြီး ဒါနဲ့ပတ်သက်ပြီး ဂရုမစိုက်ဖို့ ငါ မျှော်လင့်တယ်။ မဟုတ်လို့ကတော့ ငါ့မှာ အသက်တစ်ရာရှိရင်တောင် လွတ်မြောက်နိုင်မှာမဟုတ်ဘူး"

စုန့်တုံလိုင်၏နှုတ်ခမ်းက အကြိမ်အနည်းငယ်တွန့်လိမ်သွားပြီး ချွေးများက သူ၏နဖူးမှ စီးကျလာသည်။ ထို့နောက် သူက ခက်ခက်ခဲခဲပြောလိုက်၏"သူက တရုတ်ဆေးလောကရဲ့ကျော်ကြားတဲ့‌နတ်ဆေးဆရာဝန်ထန်ဆိုတာ မင်း သေချာရဲ့လား"

ယန်ရှစ်နှင့်လျိုဖျင်ရှင်းတို့က အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ စုန့်တုံလိုင်၏စကားပြောပုံက အနည်းငယ် ထူးဆန်းနေသည်ကို သူတို့နှစ်ယောက်လုံးက မြင်နိုင်သည်။ လျိုဖျင်ရှင်းက နည်းမလည်သောအမူအရာနှင့် မေးလိုက်၏"သူဌေးစုန့်၊  မင်းမျက်နှာကို ကြည့်ရတာ မင်းက နတ်ဆေးဆရာဝန်ထန်ကို အရမ်းကြောက်နေပုံပဲ။ သူက တကယ်ကို နတ်ဆေးဆရာဝန်ထန်ရှုဖြစ်ပြီး ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုရဲ့သူဌေးပဲ"

စုန့်တုံလိုင်က သူ့ကိုယ်သူ နံရံပေါ်မှာ မှီလိုက်ပြီး ငိုတာထက်ပိုရုပ်ဆိုးသောအပြုံးတစ်ခုကို ဖော်ပြလိုက်လေ၏။ ထို့‌နောက် သူက တုန်တုန်ယင်ယင်နှင့် ရေရွတ်လိုက်၏"ငါတော့ သေပြီ။ စောစောက ငါ သူ့ကို မမှတ်မိဘဲ သူ့အပေါ် ပမာမခန့်ပြုခဲ့မိတယ်။ သူက ငါ့အပေါ် မကျေနပ်မှုအချို့ရှိနေခဲ့လို့ကတော့ ငါ့ဘဝက အရမ်းသနားစရာကောင်းသွားရတော့မှာပဲ"

လျိုဖျင်ရှင်းက ပြုံးလျက် ပြော၏"မင်း အဲဒါနဲ့ပတ်သက်ပြီး စိုးရိမ်စရာမလိုဘူးလို့ ငါ ထင်တယ်၊ သူဌေးစုန့်။ ဒါက သူနဲ့ငါနဲ့တွေ့တာ ပထမဆုံးအကြိမ်ဖြစ်ပေမယ့် သူ့ရဲ့စရိုက်လက္ခဏာအပေါ် ငါ အကြမ်းဖျင်းဆုပ်ကိုင်မိပါတယ်။ နတ်ဆေးဆရာဝန်ထန်က သဘောထားကြီးဖော်ရွေပြီးကြင်နာတတ်တဲ့လူတစ်ယောက်ပဲ။ မင်း သူ့ကို အလေးမထားတဲ့အပေါ် သူ စိတ်ဆိုးမှာမဟုတ်ဘူး"

ကြင်နာပြီးဖော်ရွေတယ်တဲ့လား။

စုန့်တုံလိုင်က သူ၏ကြောက်ရွံ့မှုကို ဖိနှိပ်ကာ ပြောလိုက်၏"ခေါင်းဆောင်လျို၊ နတ်ဆေးဆရာဝန်ထန်က တကယ်ပဲ ကြင်နာတတ်တဲ့နှလုံးသားရှိပြီးဖော်ရွေတယ်ဆိုရင် ငါ အခုလို ကြောက်နေမှာမဟုတ်ဘူး။ ဒါပေမယ့် ငါ့လို လျို့ဝှက်ဂိုဏ်းရဲ့လူတွေရဲ့မျက်လုံးထဲမှာတော့.....သူက သေမင်းတစ်ယောက်ပဲ.....အသက်ရှင်နေတဲ့နတ်ဆိုးကြယ်တစ်လုံးပဲ"

လျိုဖျင်ရှင်းက မှင်တက်သွားပြီး လှည့်ကြည့်လိုက်ရာ သူ့အမေလည်း အံ့အားသင့်နေသည်ကို တွေ့ခဲ့ရ၏။ ထို့နောက် သူက သိချင်စိတ်အပြည့်နှင့် မေးလိုက်သည်"အတိအကျဘာဖြစ်ခဲ့တာလဲ။ နတ်ဆေးဆရာဝန်ထန်မှာ ဒီလိုဆိုးဝါးတဲ့အမည်နာမတစ်ခု ဘယ်လိုလုပ်ပြီး ရှိလာရတာလဲ"

စုန့်တုံလိုင်က ပတ်ပတ်လည်ကို ကြည့်လိုက်၏။ တစ်ယောက်မှ သူတို့အား ဂရုမစိုက်သည်ကို တွေ့ပြီးမှ သူက အသံကို ဖိနှိပ်ကာ ပြောလိုက်သည်"လွန်ခဲ့တဲ့ခြောက်လလောက်က လျှို့ဝှက်ဂိုဏ်းမှာ ဖြစ်ပျက်ခဲ့တဲ့ ကြီးမားတဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး မင်းတို့ မကြားဘူးလို့တော့ ငါ့ကို မပြောဘူးမလား။ စွမ်းအားကြီးပုဂ္ဂိုလ်တွေအပါအဝင် မိသားစုများစွာရဲ့အဖွဲ့ဝင်တော်တော်များများက ထိုဖြစ်ရပ်အတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတယ်။ အဲဒါတွေအားလုံးက သူ့ကြောင့်ပဲ......သူတို့အားလုံးကို နတ်ဆေးဆရာထန်က သတ်ဖြတ်ခဲ့တာပဲ"

"ဘာ...."

မယုံကြည်နိုင်သောမျက်လုံးများနှင့်အတူ ယန်ရှစ်နှင့်လျိုဖျင်ရှင်းတို့နှစ်ယောက်စလုံးက အကြီးအကျယ်အံ့ဩတုန်လှုပ်သွားခဲ့ကြသည်။ လွန်ခဲ့သောခြောက်လက လျှို့ဝှက်ဂိုဏ်းမှာ ဖြစ်ပွားခဲ့သော ကံဆိုးမိုးမှောင်ကျခြင်းကို သူတိုက ဘယ်လိုလုပ်ပြီး မသိရမည်နည်း။ အချိန်တော်တော်ကြာတည့်အထိ သူတို့က  စုံစမ်းလေ့လာခဲ့သော်လည်း အကြောင်းရင်းကို အခုထိ မသိရှိသေးပေ။ ဒါက တကယ်ကို နတ်ဆိုးဆရာဝန်ထန်ရဲ့လက်ချက်ဖြစ်နေတာပဲလား။ ဒါပေမယ့် ဘာအတွက်ကြောင့် လျှို့ဝှက်ဂိုဏ်းကသူတွေက ထန်ရှုကို ရန်စခဲ့ကြတာလဲ။

"အကြောင်းရင်းအတိအကျက ဘာလဲ" ယန်ရှစ်က တိုးတိုးမေးလိုက်သည်။

စုန့်တုံလိုင်က တစ်ခဏတုံ့ဆိုင်းသွားပြီးနောက် သူက ဖြေလိုက်၏"အဓိကအကြောင်းရင်းကိုတော့ ငါ မသိပေမယ့် ကောလဟာလအချို့ကိုတော့ ငါ ကြားခဲ့တယ်။ ကြီးမားတဲ့တစ်စုံတစ်ခုကို လုပ်‌ဆောင်ဖို့အတွက် ခါနက်ကို သွားဖို့ ငါတို့လျှို့ဝှက်ဂိုဏ်းရဲ့မိသားစုများစွာက ကျင့်ကြံသူအချို့ရဲ့ဖိတ်ခေါ်မှုကို လက်ခံခဲ့တယ်။ ဒါပေမယ့် အမည်မသိအကြောင်းပြချက်တွေအတွက် သူတို့က နတ်ဆေးဆရာဝန်ထန်နဲ့ ငဋိပက္ခတစ်ခု ဖြစ်ခဲ့ရတယ်။ လျှို့ဝှက်ဂိုဏ်းရဲ့လူတော်တော်များများအသတ်ခံလိုက်ရရုံသာမက သူတို့ကိုဆင့်ခေါ်ခဲ့တဲ့အဲဒီကျင့်ကြံသူတွေအားလုံး‌ သေသွားခဲ့ရတယ်။ ငါက ငါ့မိသားစုရဲ့အပြစ်ပေးမှုကို ခံခဲ့ရပြီး ဆယ်စုနှစ်များစွာ ပြန်ခွင့်မရှိဘူး......ငါ့မိသားစုက ငါ့ကို သတိပေးခဲ့တယ်....ငါ ဘယ်သူ့ကိုမဆို ရန်စလို့ရတယ်.....ဒါပေမယ့် ခမ်းနားသောထန်လုပ်ငန်းစုရဲ့သူဌေးကြီးထန်ရှုကိုတော့ ဘယ်တော့မှ ရန်စလို့မရဘူး"

ယန်ရှစ်က အလွန်ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ ထန်ရှုက အရမ်းအားကောင်းမှန်း သိသော်လည်း လျှို့ဝှက်ဂိုဏ်းမှလူဒီလောက်များစွာကို သတ်ဖြတ်နိုင်သည့်အထိ သန်မာလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ ထို့အပြင် သူက ထိုကျင့်ကြံသူများအား ရက်ရက်စက်စက်ချေမှုန်းသုတ်သင်ခဲ့သည်။

"သူက ကြီးမားတဲ့သစ်ပင်တစ်ပဲ......ကြီးမားတဲ့နောက်ခံကျောရိုးတစ်ခုပဲ....."

ယန်ရှစ်က အတွေးများနေရင်း ရုတ်တရက် စိတ်လှုပ်ရှားသွားခဲ့၏။ သူမက ထန်ရှုနောက်သို့ လိုက်ရန် ဆုံးဖြတ်ခဲ့ပြီး သူမ၏ဆုံးဖြတ်ချက်မှန်သည်ကို ဒါက သက်သေပြခဲ့သည်။ ယခင်က သူမက အနည်းငယ်စိုးရိမ်နေခဲ့သည်၊ သူမ၏အသက်အရွယ်ကြီးရင့်မှုကြောင့် သူမ၏ကျင့်ကြံခြင်းရှေ့ဆက်တိုးရန်အတွက် နည်းလမ်းအနည်းငယ်သာ ထန်ရှု၌ ရှိမည်ကို သူမက ပူပန်နေမိသည်။ သို့သော် ယခု ကြည့်ရသလောက် ထန်ရှုက သူမစိတ်ကူးထားတာထက်ကျော်လွန်သည့်အထိ အားကောင်းပုံရ၏။

စုန့်တုံလိုင်အား တစ်ချက်ကြည့်ပြီး‌နောက် ယန်ရှစ်က သူ့အား လေးနက်စွာ ပြော၏"မင်း အဲဒါနဲ့ ပတ်သက်ပြီး ဘာတစ်ခုမှ ပြောစရာမလိုဘူး၊ ငါတို့လဲ အဲဒါနဲ့ ပတ်သက်ပြီး မေးမှာမဟုတ်ဘူး။ နတ်ဆေးဆရာဝန်ထန်က ညစာစားဖို့ မင်းနေရာကို ရွေးခဲ့တယ်ဆိုမှတော့ မင်းက သူ့ကို ကောင်းကောင်းဝန်ဆောင်မှုပေးရမယ်၊ သူနဲ့ ဆက်ဆံရေးကောင်းရှိအောင် လုပ်ရမယ်။ ငါတို့မှာ အချိန်ရှိသေးတယ်ဆိုပေမယ့် ငါတို့ အကြာကြီးမနေတော့ဘူး"

"ဆန္ဒရှိတဲ့အတိုင်းဖြစ်စေရပါမယ်"

မူလက စုန့်တုံလိုင်က ယန်ရှစ်နှင့်လျိုဖျင်ရှင်းတို့အား ထန်ရှု၏ရှေ့၌ သူနှင့် ပတ်သက်ပြီး စကားကောင်းကောင်းပြေစေချင်ခဲ့သည်။ သို့သော် သူတို့က ထိုကဲ့သို့ဆန္ဒမရှိမှန်း သူ နောက်ဆုံးတွင် သဘောပေါက်ခဲ့၏။ ဒါက သူ့အား စိတ်ထဲ၌ ‌ဒေါသထွက်စေသော်လည်း သူက မထုတ်ပြရဲပေ။

ယန်ရှစ်နှင့်လျိုဖျင်ရှင်းတို့ ထွက်သွားပြီးနောက် စုန့်တုံလိုင်က အံကြိတ်ကာ ခေါင်းလှည့်ပြီး ထိပ်ပြောင်လူကြီးအား အမိန့်ပေးလိုက်သည်"ငါ့ရဲ့ရုံးကို ချက်ချင်း သွားပြီး နတ်ဘုရားဝတ်ရည်ဝိုင်နှစ်ပုလင်းကို သွားယူလာခဲ့။ ပြီးတော့ ငါ့ရုံးထဲမှာ တာဟုန်ဖောင်လက်ဖက်ရည်အချို့ရှိတယ်။ အဲဒါကို လက်ဖက်ရည်ဆရာဆီ ယူသွား၊ လက်ဖက်ရည်တစ်အိုးဖျော်ပြီး ယူလာခဲ့"

"နားလည်ပါပြီ....."

ထိပ်ပြောင်လူကြီးက နှောင့်နှေးမနေရဲဘဲ ကတိုက်ကရိုက်ထွက်ခွာသွားခဲ့သည်။

နောက်ဆယ်မိနစ်ကြာပြီးနောက် ထိပ်ပြောင်လူကြီးက မန်နေဂျာဝမ်နှင့်အတူ ရောက်ရှိလာပြီး စုန့်တုံလိုင်အား နတ်ဘုရားဝတ်ရည်ဝိုင်နှစ်ပုလင်းအား ကမ်းပေးခဲ့သည်။ ထို့နောက် စုန့်တုံလိုင်က ထိပ်ပြောင်လူကြီးအား ထွက်သွားရန် အမိန့်ပေးခဲ့ပြီး သူကမူ မန်နေဂျာဝမ်နှင့်အတူ VIPအခန်းသို့ သွားကာ တံခါးကို ခေါက်လိုက်၏။

"မြင့်မြတ်တဲ့ဖောက်သည်နှစ်ယောက်......ကျွန်တော်တို့အဂရီလိုလာစားသောက်ဆိုင်ရဲ့ဟင်းလျားတွေက ဘယ်လိုလဲ။ ငါတို့အနေနဲ့ မင်းတို့ကို ဧည့်ခံရာမှာ တစ်ခုခုလိုအပ်တာ ရှိခဲ့ရင် သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်" စုန့်တုံလိုင်က ထန်ရှု၏အဆင့်အတန်းအား  မသိဟန်ဆောင်ကာ အားပါးတရပြုံးလျက် ပြောလိုက်သည်။

ထန်ရှုက သူတို့၏ရှေ့တွင် ရပ်နေသော လီချမ်းအား တစ်ချက်ကြည့်ကာ အမူအရာကင်းမဲ့စွာ ပြော၏"သမင်းအသားက မဆိုးပါဘူး၊ ဒါပေမယ့် ၎င်းအပေါ်မှာ ထူးခြားတဲ့ပါဝင်ပစ္စည်းတွေ အများကြီးရှိပုံရတယ်မဟုတ်လား"

စုန့်တုံလိုင်၏နှလုံးက ရုတ်တရက်ခုန်သွားပြီး ထန်ရှု၏ စကားကို ကြားကာ တံတွေးမျိုချလိုက်မိသည်။ သူက ခြောက်ကပ်ကပ်ပြုံးလျက် ပြောလိုက်၏"ဆရာတို့ စိတ်အေးအေးထားစားလို့ရပါတယ်.....ပါဝင်ပစ္စည်းအချို့က အလွန်ထူးခြားပေမယ့် သူတို့ကို ချက်ပြုတ်ပြီးနောက် လူ့ခန္ဓာကိုယ်အပေါ်ကိုအန္ဓရာယ်ပေးတဲ့သက်ရောက်မှုတစ်ခု  တစ်လေတောင် မရှိတော့ပါဘူး"

"ဒါပေါ့၊ ငါပြောတာကလဲ အခြားဘာအဓိပ္ပါယ်မှ မရှိပါဘူး" ထန်ရှုက ပြောလိုက်၏"ဒါနဲ့.....ဒါက နတ်ဘုရားဝတ်ရည်ဝိုင်မဟုတ်လား။ မင်းတို့အဂရီခိုလာကလဲ နတ်ဘုရားဝတ်ရည်ဝိုင်ကို စီစဉ်ပေးတာပဲလား"

"မဟုတ်ပါဘူး" စုန့်တုံလိုင်က အလျင်စလို ပြန်ဖြေလိုက်၏"နတ်ဘုရားဝတ်ရည်ဝိုင်က ငါတို့မှာ ရရှိနိုင်တဲ့အကောင်းဆုံးဝိုင်ပဲ။ ဘယ်လိုလုပ်ပြီး ဒီနေရာမှာ အဲလိုအဆင့်မြင့်မားတဲ့ဝိုင်ရှိရမှာလဲ။ ငါတို့ရဲ့VIPအခန်းမှာစားသူတွေအားလုံးက ငါတို့ရဲ့ဂုဏ်ထူးဆောင်အရေးကြီးဧည့်သည်တွေပဲလေ။ ဒီဝိုင်နှစ်ပုလင်းကို ရဖို့ ငါ ကြီးကြီးမားမားအားထုတ်ခဲ့ရတယ်။ မန်နေဂျာဝမ်၊ မင်း ဘာလို့ အဲမှာ ငေးကြောင်ရပ်နေတာလဲ.....ဆရာထန်အတွက် လက်ဖက်ရည်အမြန်ငှဲ့ပေးလိုက်....."

"ဟုတ်ကဲ့ပါ"

ထန်ရှုအပေါ် သူဌေး၏သဘောထားက ဘာကြောင့်ပြောင်းလဲသွားသလဲဆိုသည်ကို မန်နေဂျာဝမ်က နားမလည်သော်လည်း သူမက နှပ်ထားသောလက်ဖက်ရည်အား ခွက်ထဲသို့ ရိုသေလေးစားစွာ ငှဲ့ထည့်ပေးခဲ့၏။

***

All Chapters