← Chapters

အတင်းအကြပ်‌ဆေးကုသခြင်း

Vol. 65 Ch. 904

အတင်းအကြပ်‌ဆေးကုသခြင်း

Vol. 65 Ch. 904

ထန်ရှု၏စကားများက သူတို့သုံးယောက်အတွက် အနည်းငယ်ကြမ်းတမ်းသော်လည်း ကျင့်ကြံခြင်းလမ်းကြောင်းစတင်ရန်အတွက် အခွင့်အရေးကို ဆုပ်ကိုင်နိုင်ရန် အရာအားလုံးကို လောင်းကြေးထပ်ရဲသည့်သူတို့အား သူက တကယ်လေးစားမိသည်။

နာရီဝက်ကြာပြီး‌နောက် ထန်ရှုက အစိမ်းရောင်ရေကန်အဂရီခိုလာမှ ကားဖြင့် ထွက်လာခဲ့ပြီး မိုအားဝူအား ထိုနေရာ၏အနေအထားအား အနီးကပ်စောင့်ကြည့်ရန် အမိန့်ပေးခဲ့သည်။ ထို့နောက် သူက လီချမ်းအား ခေါ်ကာ ချန်မြို့ဟိုတယ်သို့ ပြန်လာခဲ့၏။

"ဒိီလိုဆိုတော့ အရာအားလုံးစီစဉ်သွားပြီးလား" ကုတ်အင်္ကျီကို ချွတ်ပြီး ရွှယ်ယုအား ကြည့်ကာ ထန်ရှုက ရုတ်တရက် ‌မေးလိုက်၏။ သူမက ရေချိုးထားပြီးဖြစ်ကာ ညဝတ်အင်္ကျီကို ဝတ်ဆင်ထားပြီး ဆိုဖာပေါ်တွင် ထိုင်ရင်း စာအုပ်တစ်အုပ်ဖတ်နေသည်။

ရွှယ်ယုက စာအုပ်အား အောက်ချကာ ခေါင်းညိတ်ပြလိုက်သည်"အားလုံးပြီးသွားပြီ။ ပြီးတော့ ငါ့က်ို ဟွမ်လို့အမည်ရတဲ့လူတစ်ယောက်က ဖုန်းခေါ်လာတယ်။ သူက ငါ့ကို ဟိုတယ်ရဲ့ပထမအထပ်ရှိကော်ဖီကဖီးဆိုင်တစ်ခုကို လာဖို့ ဖိတ်ခေါ်ခဲ့တယ်"

ထန်ရှုက ရယ်ကာ ပြော၏"ဒီကောင်က တကယ်စိတ်မရှည်တာပဲ။ ဒါဆို မင်း သူ့ကို ကတိပေးခဲ့လား"

"ငါ ကတိမပေးရင် မင်းရဲ့ဇာတ်ညွှန်းထဲမှာ ငါ ဘယ်လို ပါဝင်ရမှာလဲ" ရွှယ်ယုက တခစ်ခစ်ရယ်ကာ ပြော၏"စကားမစပ် ရှင် လီချမ်းကို သုံးဖို့ တကယ်အစီအစဉ်ရှိတာလား"

"ဒီကောင်က ပါရမီရှိတယ်၊ သူ့ကို အသုံးတာက အနာဂတ်မှာ ရလဒ်ကောင်းတစ်ခုကို ရလာလိမ့်မယ်" ထန်ရှုက ပြော၏"ဒါပေမယ့် သူ့စိတ်ထဲမှာ သောကအချို့ရှိမယ်လို့ ငါ ထင်တယ်။ ဒီည သူ အဲဒါနဲ့ပတ်သက်ပြီး ငါ့ကို ပြောချင်ခဲ့ပေမယ့် သူက ဘာတစ်ခုမှ မပြောခဲ့ရဘူး"

"ဟုတ်တယ်လေ၊ သူ့မှာ နေမကောင်းတဲ့မိသားစုဝင်တစ်ယောက်ရှိတယ်" ရွှယ်ယုက ပြုံးလိုက်၏။

"မင်း မင်းရဲ့ဂမ္ဘီရဉာဏ်အတတ်ကို ထပ်အသုံးပြုခဲ့တာလား" ထန်ရှုက သိချင်စိတ်နှင့် မေး၏။

"မဟုတ်ဘူး။ အဲဒါက ငါ ယခင်ဂမ္ဘီရဉာဏ်ကနေ ရှာတွေ့ထားတာပဲ"ရွှယ်ယုက ခေါင်းခါလိုက်၏"သူက ပိုက်ဆံမလုံလောက်ပုံရတယ်။ သူ့ရဲ့မိသားစုဝင်ကို ကုသဖို့ ပိုက်ဆံတွေ အသည်းအသန်ရှာနေတယ်။ ပြီးတော့ တစ်ခုခုစိတ်ဝင်စားစရာကောင်းတာကိုလဲ ငါ တွေ့ခဲ့တယ်။ အတိတ်မှာ သူ့ကိုအလုပ်ခန့်အပ်ခဲ့တဲ့ကုမ္ပဏီတိုင်းကို သစ္စာဖောက်တဲ့အခါမှာ သူက သူ့ရဲ့သူဌေးတစ်ယောက်စီကို သနားစရာကောင်းတဲ့အခြေအနေတစ်ခုဖြစ်အောင် တွန်းပို့ခဲ့တယ်။ သူ့ကို အဲဒီသူဌေးတွေက မုန်းကြပေမယ့် သူတို့ထဲမှာလဲ အခြားပြောင်းလဲမှုအချို့ရှိတယ်"

ထန်ရှုက တစ်ခဏတွေးပြီး‌နောက် ရုတ်တရက် ပြောလိုက်သည်"ကောင်းပြီလေ။ ဟေးရှုံးနဲ့ရွှယ်ရှာတို့က  သူဌေးဟွမ်ကို ဂရုစိုက်ပစေ၊ မင်းနဲ့ငါက လီချမ်းရဲ့အိမ်ကို တစ်ခေါက်သွားရမယ်"

"ကောင်းပါပြီ" ရွှယ်ယုက ခေါင်းညိတ်လိုက်သည်။

****

ညဆယ်နာရီလောက်တွင် အနည်းငယ်ထွေနေသောလီချမ်းက ချင်းယာခရိုင်ရှိ သူ၏နေအိမ်သို့ ပြန်ရောက်လာခဲ့သည်။ ထို့နောက် သူက အိပ်ခန်းတံခါးကို ဖွင့်လိုက်ပြီး အိပ်ရာဘေးရှိမီးအိမ်ပေါ်တွင် မှီရင်း အတွေးများကာငေးကြောင်ကြောင်ဖြစ်နေသော သူ၏ဇနီးအား ကြည့်လိုက်၏။ သူက ပြုံးရင်း သူ၏နက်ကတိုင်ကို ဖြုတ်ကာ ပြော၏"နောက်ကျနေပြီလေ၊ မင်း ဘာလို့ အခုထိ မအိပ်သေးတာလဲ"

လောယွီက အသိပြန်ဝင်လာပြီး နူးညံစွာ ပြောလိုက်သည်"ရှင် ပြန်မရောက်သေးဘဲနဲ့ ကျွန်မ အိပ်မပျော်နိုင်ဘူး"

လီချမ်းက အိမ်ရာဘေးတွင် ထိုင်ချပြီး သူက အရက်နံ့ထွက်နေသည်ကို ရုတ်တရက် သိလိုက်၏။ ထို့နောက် သူက ရုတ်ခြည်းပြောလိုက်သည်"ဒီည ငါ ဖောက်သည်တစ်ယောက်နဲ့ သောက်ခဲ့ရတော့ အရက်နံ့ထွက်နေတာ။ ငါ အရင်ရေချိုးလိုက်အုံးမယ်"

"ကောင်းပါပြီ" ရေချိုးခန်းထဲသို့ ဝင်သွားသော သူမယောင်္ကျား၏နောက်ကျောအား ငေးကြည့်ရင်း လောယွီက ခေါင်းညိတ်လိုက်သည်။ ဤနှစ်တွေအားလုံး သူမက သူမယောင်္ကျားအား ဆွဲချ‌‌နေခဲ့သည်က်ို လောယွီက သိသည်။ တစ်ခါတစ်ရံတွင် သတ်သေမည့်အတွေးက သူမထံ၌ ပေါ်လာသော်လည်း သူမက တုံ့ဆိုင်းနေခဲ့၏။ သူမက သေရမည်အား ကြောက်သောကြောင့် မဟုတ်ပေ၊ သူမချစ်မြတ်နိုးရသောယောင်္ကျားအား ဤကမ္ဘာတွင် တစ်ယောက်တည်း မထားခဲ့ချင်သောကြောင့်ပင်။

"အိုး....."လောယွီက စိတ်ဓာတ်ကျစွာ သက်ပြင်းချပြီး မျက်နှာကြက်အား ကြည့်ကာ သူမ၏မျက်ရည်များပေါက်ကွဲထွက်လာတော့မည်အား ကာကွယ်ရန် ကြိုးစားလိုက်၏။

မကြာမီတွင် လီချမ်းက ရေချိုးပြီးသွားပြီဖြစ်၏။ ညဝတ်အင်္ကျီဝတ်ပြီး အိပ်ရာထဲသို့ ဝင်ပြီးနောက် လောယွီအား ညင်သာစွာ ပွေ့ဖက်ကာ ပြော၏"နောက်နှစ်ရက်မှာ ငါ အလုပ်များနေလိမ့်မယ်။ ဒါပေမယ့် ငါ အောင်မြင်သရွေ့ မင်းရဲ့ခွဲစိတ်ကုသမှုအတွက် ပိုက်ဆံအလုံအလောက် ရလာလိမ့်မယ်။ မင်း ပျင်းရင်း မင်းနဲ့လာ‌နေဖို့ ငါ့ရဲ့ညီမကို ခေါ်လိုက်မယ်"

"မဟုတ်တာ၊ ရှင်းကျီကို အနှောင့်အယှက်မပေးပါနဲ့" လောယွီက ကမန်းကတည်းပြောလိုက်သည်" သူမက သူမရဲ့တက္ကသိုလ်ပထမနှစ်ကို ပြီးကာစပဲရှိတယ်၊ သူမက ရှန်းဟိုင်မှာ နွေရာသီအားလပ်ရက်အတွင်း အချိန်ပိုင်းအလုပ်တစ်ခုကို ရှာချင်နေတာ။ အနှောင့်အယှက်မပေးဘဲ သူမကိုယ်သူမ လေ့ကျင့်နေပါစေ။ ပြီးတော့ သူမအတွက် ရှင်ပေးတဲ့နေစရိတ်တွေကလဲ မလုံလောက်ဘူးလေ။ ငါ သူမကို ထပ်ခါထပ်ခါအားမလျော့စေချင်တော့ဘူး"

"သူမ ရှန်းဟိုင်မှာနေပြီးအလုပ်လုပ်ရတဲ့အကြောင်းပြချက်က ပိုက်ဆံတွေ ပိုရဖို့ဆိုတာရယ်၊ ငါ သူမကိုပေးမယ့်ဒုတိယနှစ်အတွက် ကျူရှင်ခကို သက်သာစေဖို့ဆိုတာ မင်း သိပါတယ်" လီချမ်းက ပြုံးကာ ပြော၏"ဒါပေမယ့် ငါ မင်းကို ပြောခဲ့တယ်မလား။ နောက်ထပ်ရက်အနည်းငယ်အတွင်း ငါ ကံကြမ္မာကောင်းတစ်ခုကို ရလာလိမ့်မယ်။ နောက်နှစ်ပတ်အတွင်း လက်ရှိပြဿနာတွေကို ငါ ဖြေရှင်းနိုင်လိမ့်မယ်။ ဒါကြောင့် သူမ‌အနေနဲ့ အလုပ်လုပ်ပြီးပိုက်ဆံရှာဖို့ မလိုအပ်ပါဘူး။ သူမအနေနဲ့ မင်းနဲ့ အတူနေပြီး မင်းကို ဂရုစိုက်ပေးဖိုပဲ လိုအပ်တယ်"

"ရှင် လက်ရှိ ညှိနှိုင်းနေတာက ရှင် ကျွန်မကို ပြောခဲ့တဲ့ အရောင်းအော်ဒါမလား" လောယွီက သိလိုစိတ်နှင့် မေး၏။

"ဟုတ်ပါတယ်" လီချမ်းက ခေါင်းညိတ်ကာ ပြော၏"ငါ ညှိုနှိုင်းခဲ့ရုံသာမက နောက်နှစ်ရက်အတွင်း ငါဖြစ်ပျက်ခဲ့တာကို ထုတ်ပြောလိုက်ရင် လူအများကြီး ထိတ်လန့်သွားရလိမ့်မယ်။ လက်ရှိအချိန်မှာတော့ ငါ မင်းကို အသေးစိတ်မပြောပြသေးဘူး။ မင်း ငါ့ကို ယုံကြည်စမ်းပါ၊ မကြာခင်မှာ ငါတို့တွေ ကောင်းမွန်တဲ့ဘဝတစ်ခုကို ပိုင်ဆိုင်ရလိမ့်မယ်"

"ကျွန်မ ရှင့်ကို ယုံပါတယ်" လောယွီက ပြုံးကာ ပြောလိုက်သည်။

နောက်တွင် သူတို့စုံတွဲက တစ်ခဏတာ စကားပြောနေခဲ့သည်။ သူတို့အနားယူရန်ပြင်ဆင်နေသည့်အခိုက်၌ လူခေါ်ခေါင်းလောင်းက ရုတ်တရက် မြည်လာ၏။ အိပ်ချင်နေသောလောယွီက မျက်မှောင်ကြုတ်ကာ ပြော၏"ဒီအချိန်ကျမှ ဘယ်သူများလဲ"

"တစ်ချက်သွားကြည့်လိုက်ပါ...."လောယွီက ညင်သာစွာ ပြောလိုက်သည်။

တစ်ခဏကြာပြီးနောက် လီချမ်းက တံခါးကို ဖွင့်လိုက်ရာ အပြင်ဘက်၌ ထန်ရှုနှင့်ရွှယ်ယုတို့အား မြင်တွေ့လိုက်ရ၏။ မယုံကြည်နိုင်မှုက သူ့မျက်နှာပေါ်မှာ ဖုံးလွှမ်းသွားပြီး သူက အံ့အားတကြီးမေးလိုက်သည်"အကိုထန်၊ မရီး၊ မင်းတို့ ဒီ‌ကို ဘာလို့ရောက်လာတာလဲ"

ထန်ရှုက တံခါးထဲသို့ ဝင်လာပြီး ပြုံးလျက် ‌မေးလိုက်၏"နောက်ကျမှလာတဲ့အတွက် ငါ မင်းနဲ့မင်းမိသားစုရဲ့အနားယူတာကို အနှောင့်အယှက်များဖြစ်သွားစေသလား"

လီချမ်းက လျင်မြန်စွာ ခေါင်းခါကာ ပြောလိုက်၏"မဟုတ်ဘူး၊ ငါ ‌နေတဲ့နေရာကို မင်း ဘယ်လိုသိသလဲဆိုတာ ငါ သိချင်ရုံပါပဲ"

"တစ်ယောက်ယောက်ရဲ့လိပ်စာကို ငါ သိချင်ရင် ငါ့အတွက် ခက်ခဲမှာလား" ထန်ရှုက ပြုံးလျက် မေးလိုက်သည်။

လီချမ်းက ထန်ရှု၏အဆင့်အတန်းကို သတိရသွားပြီး ချက်ချင်းပြုံးကာ ‌မေးလိုက်၏"အဲဒါက မင်းအတွက် အလွယ်လေးပါပဲ"

"ကောင်းပြီလေ၊ စကားနည်းနည်းပြောကြတာပေါ့"  ထန်ရှုက ဆက်ပြော၏"ငါခန့်မှန်းတာမှန်ရင် မင်းမှာ နေမကောင်းတဲ့မိသားစုဝင်တစ်ယောက်ရှိရမယ်မလား။ ဒီည မင်း ငါနဲ့ ရှိနေခဲ့တာဆိုတော့ ငါ့ကို လူတော်တော်များများက နတ်ဆေးဆရာဝန်ထန်လို့ခေါ်တာ မင်း ကြားမှာပါ၊ ဒါကြောင့် မင်းရဲ့စိုးရိမ်သောကတွေကို ဖြေဖျောက်ဖို့ ငါ မင်းရဲ့နေရာကို ရောက်လာတာ"

လီချမ်းက စိတ်ထဲတွင် တုန်လှုပ်သွားပြီး သူက အလျင်စလို ပြောလိုက်သည်"အကို....အကိုထန်၊ ငါ့မှာ တကယ်ပဲ နေမကောင်းတဲ့မိသားစုဝင်တစ်ယောက်ရှိတယ်။ အဲဒါ ငါ့ဇနီးပဲ။ သူမက နှလုံးရောဂါရှိတယ်၊ ကျောက်ကပ်မကောင်းတဲ့အပျော့စားရောဂါလက္ခဏာအချို့လဲ ရှိတယ်။  ဒါပေမယ့် ငါ အရောင်းစာချုပ်ကို ချုပ်ပြီးပြီ။ အဲကရမယ့်ကော်မရှင်နဲ့ဆိုရင် ငါ့ဇနီးရဲ့ခွဲစိတ်ကုသမှုအတွက် ပိုက်ဆံအလုံလောက် ငါ့မှာ ရှိလာမှာပါ"

"ဘာဖြစ်တာလဲ။ မင်း ငါ့ကို မယုံတာလား" ထန်ရှုက ပြုံးလျက် မေး၏။

လီချမ်းက ခြောက်ကပ်ကပ်ပြုံးကာ ပြောလိုက်၏"အဲလိုတော့ မဟုတ်ပါဘူး။ မင်းက ကျော်ကြားတဲ့နတ်ဆေးဆရာဝန်တစ်ယောက်ပဲ။ ဒါပေမယ့် တရုတ်တိုင်းရင်းဆေးက နှလုံးရောဂါကို ကုသနိုင်ပါ့မလား"

"နိုင်လားမနိုင်လားဆိုတာ မင်း စမ်းကြည့်မှ သိမှာပေါ့" ထန်ရှုက ပြုံးလျက် ပြောလိုက်သည်"ကောင်းပြီ၊ အသင့်ပြင်ထားတော့။ မင်းရဲ့ဇနီး မအိပ်သေးရင် ငါ သူမကို ကုသနိုင်တယ်"

"ဒါပေမယ့် အကိုထန်...." လီချမ်းက ချီတုံချတုံဖြစ်နေ၏"ဆေးရုံက သူမကို အထူးကုသရေးဂရိုဂရမ်တစ်ခုပေးထားပြီးပြီ၊ ငါ....."

"မင်း ငါ့ကို မယုံရင် ငါ ချက်ချင်း ထွက်သွားမယ်" ထန်ရှုက ချက်ချင်း ကြားဖြတ်ပြောလိုက်၏"ဒါပေမယ့် မင်း ငါ့ကို စမ်းသပ်စေချင်ရင် ငါ သူမရဲ့ရောဂါကို မကုနိုင်ရင်တောင် မင်းရဲ့ဇနီးကို လုံးဝမထိခိုက်စေရဘူး"

ထိုစကားများကို ကြာပြီး လီချမ်းက စိတ်အေးသွားကာ အလျင်စလိုပြော၏"အကိုထန်၊ မရီး၊ ကျေးဇူးပြုပြီး အရင်ထိုင်နေပါအုံး။ ငါ ငါ့ရဲ့ဇနီးကို သွားခေါ်ထုတ်လိုက်မယ်"

ထို့နောက် လီချမ်းက အိပ်ခန်းထဲသို့ လျင်မြန်စွာ ဝင်ရောက်သွားခဲ့သည်။

"ငါ အားလုံးကြားပြီးပြီ။ အဲဒီနတ်ဆေးဆရာဝန်က ဘယ်သူလဲ" လောယွီက မေး၏။

"သူက ကြယ်တာရာတရုတ်တိုင်းရင်းဆေးရုံမှ နတ်ဆေးဆရာဝန်ထန်ရှုပဲ" လီချမ်းက တီးတိုးပြောလိုက်သည်"မိန်းမ၊ သူ မင်းရဲ့နှလုံးရောဂါကို မကုနိုင်ရင်တောင် မင်းကို မထိခိုက်စေရဘူးလို့ ငါ့ကို ကတိပေးတယ်။ မင်း တစ်ချက်စမ်းကြည့်ချင်လား"

လောယွီက ခေါင်းညိတ်ကာ ပြောလိုက်၏"ငါ သူ့အကြောင်း ကြားဖူးတယ်။ သူက အလွန်အံ့အားသင့်စရာကောင်းတဲ့ဆရာဝန်တစ်ယောက်ပဲ။ သူက အဆင်ပြေတယ်လို့ပြောမှတော့ ငါ စမ်းကြည့်မယ်လေ"

အပြင်ဘက်ရှိ နားနေခန်းထဲတွင်။

ထန်ရှုက ထိုစုံတွဲ၏စကားပြောသံများကို ရှင်းရှင်းလင်းလင်းကြားနိုင်ပြီး သူတို့ ထွက်လာပြီးနောက် သူက လောယွီ၏အသားအရောင်အား စေ့စေ့စပ်စပ်ကြည့်ရှုပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည်"ယင်ယန်ချို့တဲ့ပြီး ကျောက်ကပ်က သိပ်အလုပ်မလုပ်ချင်ဘူး။ ငါ မင်းရဲ့သွေးခုန်နှုန်းကို စမ်းလို့ရမလား"

"ရပါတယ်...." ထိုင်ခုံတစ်ခုယူကာ ထန်ရှုအ‌ရှေ့၌ ထိုင်ပြီး လောယွီက သူမ၏လက်ကောက်ဝတ်အား ဆန့်ထုတ်ပေးလိုက်သည်။

ထို့နောက် ထန်ရှုက ပြုံးကာ သူ၏သိုလှောင်လက်စွပ်မှ ငွေအပ်သေတ္တာတစ်လုံးအား ယူထုတ်ကာ ပြောလိုက်၏"မင်းမှာ သာမန်နှလုံးရောဂါတစ်ခုရှိတယ်၊ ဒါက ငါ့အတွက် အရမ်းလွယ်တဲ့ကိစ္စတစ်ခုပဲ။ ဟုတ်ပြီ-လီချမ်ရေ၊ ရေနွေးနည်းနည်းကျိုလိုက်စမ်း"

"ကောင်းပါပြီ" လီချမ်းက ချက်ချင်းတုံ့ပြန်ကာ မီးဖိုချောင်းသို့ ပြေးဝင်သွားခဲ့သည်။

အပြုံးတစ်ခုက ထန်ရှု၏ပါးစပ်မှ ဖော်ပြလာသည်။ သူက ပြုံးဖြဲဖြဲလုပ်ကာ ပြော၏"မင်းရဲ့ညဝတ်အင်္ကျီကို အမြန်ချွတ်လိုက်။ ငါ မင်းရဲ့ရင်ဘက်ထဲကနှလုံးခုန်နှုန်းမှန်ကိရိယာကို ယူထုတ်ဖို့ လိုအပ်တယ်။ ပြီးတော့ မင်း နာကျင်မှုအနည်းငယ် ခံစားရနိုင်တယ်၊ နည်းနည်းတောင့်ခံထားပါ "

"ရှင်၊ ရှင်.....ကျွန်မနှလုံးထဲက နှလုံးခုန်နှုန်းမှန်ကိရိယာကို ဆွဲထုတ််ချင်တာလား။ ဒါက...." လောယွီက ကြောက်ရွံ့တုန်လှုပ်သွားပြီး ထန်ရှုအား အံ့အားသင့်သောအမူအရာနှင့် ကြည့်လိုက်၏။

ထန်ရှုက မီးခိုချောင်တံခါးအား တစ်ချက်ကြည့်ပြီးနောက် လောယွီအား ချက်ချင်းသတိမေ့အောင် ပြုလုပ်လိုက်သည်။ ထို့နောက်် ရွှယ်ယု၏အကူအညီနှင့်အတူ လောယွီ၏ညဝတ်စုံအား ချွတ်ကာ သူက လျင်မြန်စွာ လှုပ်ရှားခဲ့၏။ သူက လောယွီ၏ရင်ဘက်ပတ်လည်ရှိ အဓိကသွေးကြောအမှတ်များအား ငွေအပ်နှင့် အဆက်မပြတ်ထိုးစိုက်ရင်း ထက်ရှသောခွဲစိတ်ဓားတစ်လက်အား ယူထုတ်လိုက်သည်။

"ဟေ့.....မင်းဘာလုပ်နေတာလဲ"

နောက်ထပ်မိနစ်အနည်းငယ်ကြာပြီးနောက် လီချမ်းက ရေနွေးတစ်အိုးအား ကိုင်ကာ ထွက်လာသောအခါ မြင်တွေ့ခဲ့သောမြင်ကွင်းက သူ့အား အလန့်တကြားဖြစ်စေခဲ့ပြီး ရှေ့သို့ ဒေါသတကြီး ပြေးထွက်လာခဲ့သည်။

"မင်းရဲ့ဇနီးကို ရောဂါထပ်မတိုးစေချင်ရင် မင်းပါးစပ်ပိတ်ထားလိုက်" ထန်ရှုက ပြန်အော်လိုက်၏။

လီချမ်းက ရေနွေးအိုးအား ကြမ်းပြင်ပေါ်  ချကာ ခွဲစိတ်ဓားနှင့်အတူ ညင်သာစွာရွေ့လျားကခုန်နေသောထန်ရှု၏လက်အား ကြည့်နေခဲ့သည်။ သူက ဒေါသမွှန်နေသော်လည်း ထိန်းချုပ်ထားကာ ဒေါသတကြီးဟိန်းဟောက်လိုက်လေသည်"နတ်ဆေးဆရာဝန်ထန်၊ မင်းက အံ့ဖွယ်ဆရာဝန်တစ်ယောက်အစစ်အမှန်ဟုတ်မဟုတ်တော့ ငါ မသိဘူး။ ဒါပေမယ့် ငါ့ဇနီးက တစ်ခုခုဖြစ်သွားရင် ငါ မင်းကို ငါနဲ့အတူ ငရဲကို ခေါ်သွားမယ်....."

"နားညီးတယ်" ထန်ရှုက ရေရွတ်လိုက်ပြီး ခွဲစိတ်ဓားထိပ်ဖျားကို ရွေ့လျားကာ လောယွီ၏ရင်ဘက်မှ နှလုံးခုန်နှုန်းမှန်ကိရိယာအား ယူထုတ်လိုက်သည်၊ ထို့နောက် သူ၏မူလဖရိုဖရဲစွမ်းအားအား သူမ၏ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာ ထည့်သွင်းကာ သွေးထွက်ခြင်းကို တားဆီးပြီး သူမ၏နှလုံးပြုပြင်မှုအား ထောက်ပံ့ပေးခဲ့၏။

အချိန်က ကုန်ဆုံးသွားပြီး မိနစ်နှစ်ဆယ်ကျော်ပြီးနောက် ထန်ရှုက သူ၏မူလဖရိုဖရဲစွမ်းအားထည့်သွင်းခြင်းအား နောက်ဆုံး၌ ရပ်ခဲ့သည်။ ထို့နောက် အပ်ချဉ်ကြိုးအား ယူထုတ်ကာ ဒဏ်ရာအား စတင်ချုပ်၏။ သူ၏လက်နှစ်ဖက်လုံးက အလွန်တည်ငြိမ်သည်။ ချုပ်ခြင်းဖြစ်စဉ်ပြီးသွားပြီးနောက် ဘေစင်တွင် သူ၏လက်နှစ်ဖက်အား ရေနွေးနှင့် ဆေးကြောပြီး လီချမ်းအား ကြည့်ကာ ဆို၏"မင်းဇနီးရဲ့နှလုံးပတ်လည်မှာ ငွေအပ်ဆယ့်နှစ်ချောင်းရှိတယ်။ ‌မင်း သူတို့ကို နောက်နှစ်ဆယ့်လေးနာရီအတွင်း ဆွဲထုတ်လို့မရဘူး။ ‌နောက်နှစ်ဆယ့်လေးနာရီကျရင် ငါ ပြန်လာမယ်၊ အဲ့အချိန်ကျရင် ငါ့ရဲ့ကုသမှုအလုပ်လုပ်မလုပ် မင်း သိရလိမ့်မယ်"

လီချမ်းက ထန်ရှုအား ကြမ်းကြမ်းတမ်းတမ်းတိုက်ခိုက်ချင်နေသည်။ သူသို့မဟုတ်သူ့ဇနီး၏ခွင့်ပြုချက်မရဘဲ ထန်ရှုက ထိုကဲ့သို့ကြမ်းတမ်းသောနည်းလမ်းတစ်ခုကို အသုံးပြုကာ သူ့ဇနီးအား ခွဲစိတ်မှုတစ်ခုကို လုပ်ရဲခဲ့သည်။ သို့သော် ယခုအချိန်တွင် သူက သူ့ဇနီး၏အခြေအနေကိုသာ လက်ခံရတော့မည်။ သူမ ဘေးကင်းဖို့၊ သူ့ဇနီးအား ကာကွယ်ပေးဖို့အတွက် သူက နတ်ဘုရားများနှင်‌ကောင်းကင်ဘုံကိုသာ ဆုတောင်းနိုင်ပေ၏။

***

All Chapters