ငါ ဒီရန်သူကို လက်စားမချေနိုင်ရင် ငါ လူတစ်ယောက် မဟုတ်တော့ဘူး
Vol. 65 Ch. 905
ထန်ရှုက အမှုမထားဘဲ လောယွီအား ကုသပြီးနောက် ရွှယ်ယုနှင့်အတူ ချက်ချင်းထွက်လာခဲ့သည်။ သူ ချန်ထားသည့်တစ်ခုတည်းသောအရာက ရိုးရှင်းသောရှင်းပြချက်အနည်းငယ်ပါသည့်ဆေးအညွှန်တစ်ခုသာ ဖြစ်၏။
ကျယ်ပြောသောခန်းမထဲတွင် လီချမ်းက ငိုချင်သော်လည်း မျက်ရည်မထွက်လာပေ။ ယနေ့ကဲ့သို့ထူးဆန်းသောအဖြစ်အပျက်မျိုး ကြုံတွေ့ကာ သူ့ဇနီး၏ခွဲစိတ်ကုသမှုက ပြီးသွားလိမ့်မည်ဟု သူ ဘယ်သောအခါမှ မထင်ထားခဲ့ပေ။ ထိုသို့ရုတ်တရက်ပြောင်းလဲမှုက သူ့ကို အံ့အားသင့်စေခဲ့ပြီး နောက်ဆက်တွဲဘယ်လိုဖြေရှင်းရမလဲဆိုသည်အား သူက မသိတော့ပေ။
"ငါ ရဲတွေကို ခေါ်သင့်လား ဒါမှမဟုတ် လူနာတင်ယာဉ်ကို ခေါ်ရမလား"
အတွေးဝဲဂယက်များက သူ၏စိတ်ထဲ၌ လှုပ်ရှားနေသည်။ သို့သော် သူက ထန်ရှု၏စကားများအား ဆန့်ကျင့်ပြီး ဘာတစ်ခုမှ မလုပ်ရဲပေ။ သူက ထိုငွေအပ်များအား ဆွဲထုတ်ပြီးနောက် သူ့ဇနီး၏အသက်က အန္တရာယ်သို့ ကျရောက်သွားပါက အလွန်ဒုက္ခများပေလိမ့်မည်။
"ငါ ဘာလုပ်ရမလဲ"
သူကိုယ်သူတောင် ဘာလုပ်နေမှန်း မသိတော့ဘဲ လီချမ်းက စီးကရက်တစ်လိပ်အား ယူထုတ်လိုက်၏၊ ထို့နောက် သူ့ဇနီးက ဆေးလိပ်ငွေ့ခံမရသည်ကို အမှတ်ရလိုက်သည်။ ထို့နောက် ဒေါသထွက်သောအမူအရာနှင့် သူက စီးကရက်အား ပစ်ထုတ်လိုက်၏။
"ဒါတွေအားလုံးက စွမ်းအားမရှိ၊ စွမ်းရည်မရှိတဲ့ ငါ့ရဲ့အပြစ်တွေပဲ။ ငါသာ လျိုမိသားစုကသူတွေလိုစွမ်းအားဆိုရင် ဒီစောက်ရူးထန်ရှုက အခုလို အလွယ်တကူလုပ်နိုင်မှာမဟုတ်ဘူး။ လျိုမိသားစုရဲ့လူတွေ....."
သူက တစ်ခုခုကို သတိရလိုက်ပြီး သူ၏စမတ်ဖုန်းအား လျင်မြန်စွာ ကိုင်ကာ လုပ်ငန်းလိပ်စာကတ်ပြားတစ်ခုကို ယူထုတ်လိုက်သည်။ သူက ၎င်းအပေါ်ရှိ နံပါတ်အား နှိပ်ကာ အစိမ်းရောင်ရေကန်အဂရီခိုလာ၏ပိုင်ရှင်စုန့်တုံလိုင်နှင့် လျင်မြန်စွာ ဆက်သွယ်လိုက်သည်။ သူ့ထံမှ သူက လျိုမိသားစုခေါင်းဆောင်လျိုဖျင်ရှင်း၏ဖုန်းနံပါတ်အား အလွယ်တကူရခဲ့သည်။ သူ အလွယ်တကူရနိုင်သည့်အကြောင်းရင်းကတော့ သူက ထန်ရှု၏လူဖြစ်သည်ဟု စုန့်တုံလိုင်က ထင်သောကြောင့်ပင်။
"ဟယ်လို...ဘယ်သူစကားပြောနေသလဲဆိုတာ ငါ သိလို့ရမလား"
သူက ဖုန်းခေါ်ပြီးနောက် လျိုဖျင်ရှင်း၏အသံက ဖုန်းမှ ထွက်ပေါ်လာ၏။ သူ့လေသံအရ ဤလူက အနားမယူသေးပုံရ၏။
လီချမ်းက ဟန်းဆက်အား ယူထုတ်ကာ သတိထားလျက် ပြော၏"ဟယ်လို၊ ခေါင်းဆောင်လျို။ ငါ့နာမည်က လီချမ်းပါ၊ ဒီညက အစိမ်းရောင်ရေကန်အဂရီခိုလာမှာ ထန်ရှုနဲ့အတူ ညစာစားခဲ့တဲ့သူလေ။ ငါ မင်း အနားယူတာကို အနှောင့်အယှက်မဖြစ်ဘူးမလား"
"မင်းက....ဆရာလီလား" လျိုဖျင်က ဖုန်းမှတစ်ဆင့် မေးလိုက်၏။ သူ့အသံက အံ့အားသင့်နေပုံပေါ်သည်။
"ဟုတ်တယ်၊ ငါပဲ" လီချမ်းက အလျင်စလို ပြန်ဖြေလိုက်သည်"မင်းကို နောက်ကျမှ နှောင့်ယှက်မိတဲ့အတွက် ငါ တောင်းပန်ပါတယ်....ဒါပေမယ့် ငါ မင်းကို မေးစရာတစ်ခုခုရှိတယ်...."
"ဟားဟား....အကိုလီ....လွတ်လွတ်လပ်လပ်ပြောပါ။ ငါ အဖြေကို သိသရွေ့ ငါ မင်းကို ဘာတစ်ခုမှ မဖုံးကွယ်ပါဘူး" လျိုဖျင်က ဖုန်းထဲမှ ရယ်ကာ ပြော၏။
....အကို.....အကိုလီလား။
လီချမ်းက စိတ်ထဲ၌ တွေးမိသွား၏။ လျိုဖျင်ရှင်း၏အဆင့်အတန်း၊ ကြွယ်ဝမှု၊ စွမ်းအားနှင့် လွှမ်းမိုးမှုအရ သူ၏တည်ရှိမှုက ဤလူ၏မျက်လုံးထဲတွင် ဘာမှမဟုတ်ပေ၊ ပုရွက်ဆိတ်တစ်ကောင်ပမာပင်။ ထိုကဲ့သို့ကျော်ကြားသူတစ်ယောက်က သူ့အား အကိုလီအဖြစ် ခေါ်လိမ့်မည်ဟု သူ ဘယ်တော့မှ မတွေးထားခဲ့ပေ။
"ဒါ ထန်ရှုကြောင့်လား"
ရှုပ်ထွေးသောအမူအရာက လီချမ်း၏မျက်လုံးထဲတွင် ပြည့်နှက်သွားသည်။ ထို့နောက် သူက ပြန်မေးလိုက်၏"ခေါင်းဆောင်လျို၊ ငါ ဒီနေရာမှာ တစ်ခုတော့ နားမလည်ဘူး။ မင်း ဘာလို့ ထန်ရှုကို ဒီလောက်ထိ ရိုသေလေးစားနေရတာလဲ။ မင်းတင်မဟုတ်ဘူး၊ မင်းအမေကတောင် သူ့ကို အရမ်းအလေးထားပုံပဲ။ သူက ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုရဲ့သူဌေးဆိုရင်တောင် မင်းရဲ့မိသားစုက သူ့ရဲ့ထန်မိသားစုနဲ့ ယှဉ်နိုင်ပါတယ်။ သူက တရုတ်တိုင်းရင်းဆေးလောကရဲ့ကျွမ်းကျင်သူတစ်ယောက်ဆိုရင်တောင် သူက ဆေးရုံကြီးတွေမှာရှိတဲ့ကျွမ်းကျင်သူတွေ၊ ပါမောက္ခတွေလောက် မကောင်းနိုင်ဘူးမလား"
လျိုဖျင်ရှင်းက စက္ကန့်အနည်းငယ် ငြိမ်သက်သွားပြီးနောက် သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်"မင်းက နတ်ဆေးဆရာဝန်ထန်နဲ့ အလွန်ရင်းနှီးတာမဟုတ်လား"
လီချမ်း၏နှလုံးသားက တုန်ယင်သွားပြီး သူ့မျက်လုံးများထဲတွင် ဉာဏ်ပညာရှိခြင်းအလင်းက ဝင်းလက်သွားခဲ့၏"ငါ တကယ်တော့ သူနဲ့ မရင်းနှီးပါဘူး။ ငါတို့ ဒီနေ့ သိကျွမ်းရတဲ့အကြောင်းရင်းက အလွန်ထူးခြားတဲ့အကြောင်းပြချက်တစ်ခုကြောင့်ပဲ။ ဒါပေမယ့် သူက ငါ့ကို အနာဂတ်မှာ သူ့အတွက် အလုပ်လုပ်ပေးစေချင်တယ်။ သူက ငါ့ကို သူ့ရဲ့လူယုံအဖြစ် လေ့ကျင့်ပေးချင်တယ်၊ ဒါကြောင့် ငါ မင်းကို သူနဲ့ ပတ်သက်ပြီး ထပ်မေးရတာပဲ"
လျိုဖျင်ရှင်း၏တုန်လှုပ်နေသောအသံက ထွက်ပေါ်လာသည်"နတ်ဆေးဆရာဝန်ထန်က မင်းကို သူ့ရဲ့နောက်လိုက်အဖြစ် လေ့ကျင့်ပေးချင်တာလား"
"ဟုတ်တယ်" လီချမ်းက ခြောက်ကပ်ကပ်ပြုံးလျက် ပြန်ဖြေ၏။
အဖြေက လျိုဖျင်ရှင်း၏အသံ၌ အားကျမှုကို ယူဆောင်လာပေးခဲ့ပြီး သူက သက်ပြင်းချလိုက်သည်"အကိုလီ၊ မင်းက အခုလို ကံကောင်းပြီး နတ်ဆေးဆရာထန်ရဲ့မျက်နှာသာပေးမှုကို ရလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ မင်းနေရာမှာ ငါသာဆိုရင် ငါ့ရဲ့လျိုမိသားစုခေါင်းဆောင်နေရာကနေ ချက်ချင်း နှုတ်ထွက်လိုက်မှာ။ ငါ မင်းရဲ့မေးခွန်းကို ဖြေနိုင်ပေမယ့် မင်း သူနဲ့အတူ ကောင်းစားလာတဲ့အခါကျရင် ငါ့ကို မမေ့နဲ့နော်၊ အကိုလီ"
သူ၏တုံ့ပြန်မှုကြောင့် လီချမ်းက ထိတ်လန့်တုန်လှုပ်သွား၏။ သူ့အနေနှင့် ပြန်ဖြေဖို့ အချိန်တစ်ခုကြာခဲ့ပြီး သူက ချီတုံချတုံနှင့် ပြောလိုက်သည်"မဟုတ်တာ.....ပြဿနာမရှိဘူး။ သူ့လက်အောက်မှာ အလုပ်လုပ်ပြီး ငါ ချမ်းသာလာရင် ငါ မင်းကို မမေ့ပါဘူး"
သူ၏အဖြေအပေါ် လျိုဖျင်ရှင်းက အလွန်ကျေနပ်သွားသည်။ သူက လည်ချောင်းရှင်းကာ ပြော၏"နတ်ဆေးဆရာဝန်ထန်က မင်းကို သူ့ရဲ့အနီးကပ်လူယုံအဖြစ် လေ့ကျင့်ပေးချင်မှတော့ မင်းမှာ ထူးခြားတာတစ်ခုခုရှိတယ်လို့ ဆိုလိုတယ်၊ အကိုလီ။ ဘယ်လိုပဲပြောပြော မင်း သူရဲ့အဆင့်အတန်းအစစ်မှန်ကို မကြာခင်ဒါမှမဟုတ်နောက်ကျရင် သိလာလိမ့်မယ်လို့ ငါ ယုံကြည်တယ်၊ ဒါကြောင့် ငါ မင်းကို ကြိုတင်ပြောပြနိုင်တယ်။ အဲဒါက အခြေအနေတစ်ခုအောက်မှာ ရှိတယ်၊ ဒါပေမယ့် မင်း အဲဒါကို ဘယ်သူ့ကိုမှ မပြောပြရဘူး"
"ကျေးဇူးပြုပြီး ငါ့ကို ပြောပါ။ ငါ အဲဒါကို အခြားတစ်ယောက်ကို ဘယ်တော့မှ မပြောပါဘူး" လီချမ်းက လျင်မြန်စွာ ပြန်ဖြေလိုက်သည်။
"နတ်ဆေးဆရာဝန်ထန်မှာ ဂရမ်မာစတာထန်ဆိုပြီး နောက်ထပ်ဂုဏ်ပုဒ်တစ်ခုရှိတယ်" လျိုဖျင်ရှင်းက ပြောလိုက်သည်"သူက ဆန်းကြယ်တဲ့စွမ်းအားရှိတဲ့တာအိုကျင့်ကြံသူတစ်ယောက်ပဲ။ အလွန်ပြောင်မြောက်တဲ့ခွန်အားတစ်ခုကို ပိုင်ဆိုင်ပြီး သာမန်ထက်လွန်ကဲတဲ့စွမ်းအားကို ပိုင်ဆိုင်ထားသူပဲ။ ငါတို့လိုသာမန်လူတွေက သူ့မျက်လုံးထဲမှာ ဘာမှမဟုတ်လောက်ဘူး"
"တာအိုကျင့်ကြံသူဆိုတာ ဘာလဲ။ တာအိုဘုန်းကြီးကျောင်းတွေမှာရှိတဲ့တာအိုကျင့်ကြံသူတွေလိုလား" လီချမ်းက ခေါင်းရှုပ်စွာ မေးလိုက်သည်။
လျိုဖျင်ရှင်း၏လေသံက လေးနက်သွားပြီး သူက ပြန်ဖြေ၏"သာမန်တာအိုဘုန်းကြီးကျောင်းတွေကတာအိုဘုန်းကြီးတွေက ဂရမ်မာစတာထန်နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။ သူက အစစ်အမှန်တာအိုကျင့်ကြံသူတစ်ယောက်ပဲ၊ ကျင့်ကြံခြင်းလမ်းကြောင်းနောက်ကို လိုက်တဲ့ ကြီးမြတ်တဲ့ပုံရိပ်တစ်ခုပဲ။ ငါတို့လိုသေမျိုးတွေရဲ့ရှုထောင့်အရ သူက အသက်ရှင်နေတဲ့ကောင်းကင်ဘုံအင်မော်တယ်(မသေမျိုး)တစ်ယောက်ပဲ။ ဟုတ်တယ်၊ အင်တာနက်ပေါ်မှာ ရှန်းရှဝတ္ထုတွေအများကြီးရှိတာ မင်းလဲ သိပါတယ်။ မင်း ရှာဖတ်ကြည့်ပါ။ သူက အဲလိုတည်ရှိမှုတစ်ခုလို့ ပြောနိုင်တယ်"
ရှန်းရှဝတ္ထုလား။
ထို့နောက် ရှုပ်ထွေးသောအမူအရာနှင့်အတူ လီချမ်းက ဖုန်းခေါ်ခြင်းအား အဆုံးသတ်ခဲ့သည်။ သူက ကွန်ပျူတာအား လျင်မြန်စွာ ဖွင့်ကာ အင်တာနက်ပေါ််တွင် "ကျင့်ကြံခြင်း"နှင့် "ရှန်းရှဝတ္ထုများ"ဟူသောစာလုံးများအား ရိုက်ရှာလိုက်၏။ မကြာမီမှာပင် ရလဒ်တန်ချီ ထွက်ပေါ်လာခဲ့သည်။
လီချမ်းက နှစ်နာရီတိတိ ဖတ်ခဲ့သည်။ သူက မရေမတွက်နိုင်သောအချက်အလက်များအား ရရှိလာခဲ့ပြီး လက်ရှိအချိန်တွင် သူ့နှလုံးသားက တုန်ယင်လာသည်။ ထန်ရှု၏အဆင့်အတန်းက သူ့အား မကြုံစဖူးအမြင့်တစ်ခုအထိ ထိတ်လန့်စေခဲ့၏။ ဤကမ္ဘာတွင် ဒဏ္ဍာရီထဲမှာကဲ့သို့ ကောင်းကင်ဘုံအင်မော်တယ်များ ရှိလိမ့်မည်ဟု သူ ဘယ်သောအခါမှ မမျှော်လင့်ထားခဲ့ပေ။ သူက မထင်မှတ်ဘဲ တစ်ယောက်နှင့် ထိပ်တိုက်ဆုံတွေ့ခဲ့ရသည်။
သတင်းက အခြားတစ်ယောက်မှ လာပါက သူက မယုံနိုင်သော်လည်း လျိုမိသားစု၏ခေါင်းဆောင်လျိုဖျင်ရှင်းထံမှ လာသောကြောင့် သူက ယုံကြည်ရပေမည်။ ဤလူက မြင့်မားသောအဆင့်အတန်းတစ်ခုရှိပြီး သူ့အား လိမ်လည်စရာအကြောင်းမရှိပေ။ ထို့ပြင် ယနေ့ဖြစ်ပျက်ခဲ့တဲ့ဖြစ်စဉ်အားလုံးကို ကြည့်ခြင်းအားဖြင့် ထန်ရှု၏ကျင့်ကြံသူတစ်ယောက်ဟူသောအဆင့်အတန်းက အမှန်တရားဖြစ်သည်ကို သူက သဘောပေါက်ခဲ့၏။
သဘာဝလွန်ပုဂ္ဂိုလ်တစ်ယောက်......
လီချမ်းက ကွန်ပျူတာအား ပိတ်လိုက်သည်။ ထို့နောက် ဆိုဖာပေါ်တွင် အိပ်ပျော်နေသောသူ့ဇနီးအား ကြည့်လိုက်၏။ သူမ၏အသက်ရှုသံကို စစ်ဆေးပြီး သူမ၏ခန္ဓာကိုယ်အပူချိန်အား သာမိုမီတာတစ်ချောင်းနှင့် တိုင်းတာပြီးနောက် သူ့ဇနီးက ဇီဝကမ္မအရ တည်ငြိမ်နေသည်ကို တွေ့ရှိခဲ့သည်။ သူ၏ဂနာမငြိမ်မှုက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။
နောက်တစ်နေ့။
လီချမ်းက သူ၏အိမ်မှ ခြေတစ်လှမ်းတောင် မလှမ်းပေ။ သူ့ဇနီးက နေ့လည်တွင် နိုးလာသော်လည်း သူက သူမ၏ဘေး၌ နေကာ သူမအား ကာကွယ်ခဲ့သည်။ သူ့သူငယ်ချင်းကောင်းတစ်ယောက်အား အကူအညီတောင်းကာ ဆေးအညွှန်းထဲရှိလိုအပ်သောဆေးပင်အားလုံးကိုဝယ်ယူခဲ့၏။
"မင်း ဘယ်လိုခံစားရလဲ၊ မိန်းမ" လီချမ်းက စိုးရိမ်ပူပန်သောမျက်နှာနှင့် ချက်ချင်းမေးလိုက်သည်။ သူက ဆေးပင်များအား ရောနှောပြီးနောက် ဆေးတစ်ခွက်သောက်နေသောသူ့ဇနီးအား ကြည့်လိုက်၏။
လောယွီက ပြုံးကာ ပြော၏"ဒါ အရမ်းကောင်းတယ်လို့ ငါ ခံစားရတယ်။ ဒီလောက်နှစ်ပေါင်းများစွာကြာတဲ့အထိ ငါ အခုလို သက်သောင့်သက်သာမရှိတာ ကြာပြီ။ ကျောက်တုံးကြီးတစ်တုံးနဲ့ ဖိနှိပ်ခံထားရသလို စိတ်ဓာတ်ကျအားငယ်တာကို အမြဲတမ်းခံစားခဲ့ရတယ်။ ဒါပေမယ့် အခု အဲဒီကျောက်တုံးကြီးက ရုတ်တရက် ပျောက်သွားပြီး ငါက အလွန်စိတ်သက်သာရာရသလို ခံစားနေရတယ်။ ပြီးတော့ ငါ ဒီဆေးတစ်ခွက်ကို သောက်ပြီးနောက် နွေးထွေးပြီး နေရထိုင်ရကောင်းသလို ခံစားရတယ်၊ ယခင်ကထက် ပိုခွန်အားပြည့်ဝနေတာ အသေအချာပဲ"
သူမ၏ရှင်းပြချက်ကို ကြားပြီးနောက် ထန်ရှု၏ကုသမှုက တကယ်ထိရောက်သည်ကို လီချမ်းက အတည်ပြုခဲ့သည်။ ဆေးရုံတွင် ခွဲစိတ်ကုသခြင်းထက် သက်ရောက်မှုက ပိုကောင်းသည်။ စိတ်လှုပ်ရှားမှုက သူ့မျက်နှာတွင် ပြည့်နေပြီး သူက ပြောလိုက်၏"မင်း နည်းနည်းပဲ ထပ်စောင့်ရတော့မှာ။ မင်းရဲ့ငွေရောင်အပ်တွေကို ညကျမှ ဆွဲထုတ်နိုင်မယ်လို့ နတ်ဆေးဆရာထန်က ပြောခဲ့တယ်။ သူ လူကိုယ်တိုင်လာမလားဆိုတာ နောက်ကျရင် ငါ ကိုယ်တိုင်မေးရမယ်"
"ကောင်းပါပြီ" လောယွီက ပြုံးကာ ခေါင်းညိတ်လိုက်သည်။
****
ချန်မြို့ဟိုတယ်။
ထန်ရှုနှင့်ရွှယ်ယုက ဒုတိယအထပ်ရှိညစာခန်းမသို့ ရောက်ရှိလာပြီးနောက် ရိုက်နှက်ခံထားရသောဒဏ်ရာများနှင့်သူဌေးဟွမ်အား မြင်ခဲ့၏။ ယခု သူက ထောင့်တစ်ထောင့်၌ ပုန်းနေပြီး ဖုန်းခေါ်မှုတစ်ခုကို ပြုလုပ်နေသည်။ သူ့အရှေ့ရှိဟင်းလျားများက အငွေ့တစ်ထောင်ထောင်ထွက်နေပြီး မွှေးကြိုင်သောရနံ့များ ထုတ်လွှတ်နေသော်လည်း သူက နည်းနည်းလေးတောင် စားချင်စိတ်ရှိပုံမရပေ။
"သူက အလွန်သနားစဖွယ်ကောင်းရလောက်အောင် ရိုက်နှက်ခံထားရပုံပဲ၊ ထန်ရှု" ရွှယ်ယုက ထန်ရှု၏လက်မောင်းကို ဆွဲကာ ပြုံးလျက် ညင်သာစွာ ပြောလိုက်သည်။
"သူက ကာမရာဂစိတ်ကြီးတဲ့လူတစ်ယောက်ပဲ။ ပြီးတော့ ဒီတစ်ကြိမ်မှာ သူက မျက်စိကန်းပြီး မင်းကို ကြံစည်ချင်ခဲ့တာလေ" ထန်ရှုက ပြုံးကာ ပြောလိုက်၏"ပြီးတော့ ဒီလိုလူတစ်ယောက်အတွက် သူတို့က တန်ဖိုးတစ်ခုမပေးဘဲနဲ့ သူတို့ကို သင်ခန်းစာတစ်ခုပေးဖို့က ခက်ခဲတယ်။ ငါ မင်းကို လျှို့ဝှက်ချက်တစ်ခုပြောပြမယ်။ နှစ်ဝက်အတွင်းမှာ သူက သူ့ရဲ့ယောင်္ကျားစွမ်းရည်ကို ဆုံးရှုံးသွားရလိမ့်မယ်"
"အာ....ရှင်က တကယ်အကျင့်မကောင်းတာပဲ"ရွှယ်ယုက တခစ်ခစ်ရယ်ကာ ပြောလိုက်သည်။
"အဲဒါတော့ မဟုတ်ဘူး" ထန်ရှုက ခေါင်းခါကာ ပြောလိုက်သည်"ငါက နည်းနည်းပဲ လုပ်ခဲ့တာ။ အဲဒါက ရွှယ်ရှာနဲ့ဟေးရှုံးတို့ရဲ့လက်ချက်ပဲ။ ကောင်းပြီ၊ ဒီလူအကြောင်းမပြောတော့ဘဲ ညစာအရင်စားကြရအောင်။ ငါတို့ ဒီနေ့လည် ထွက်ကြမယ်၊ လီချမ်းရဲ့အိမ်ကို ပြန်သွားကြမယ်။ ငါ သူ့ဇနီးရဲ့နှလုံးရောဂါကို ကုသပြီးဆိုပေမယ့် သူမက အချိန်အတော်ကြာတဲ့အထိ အားပြန်မွေးရမယ်။ ငါ ငွေအပ်တွေကို ထုတ်တဲ့အခါကျရင် ငါ သူတို့ကို အဲဒါ ရှင်းပြရမယ်"
ရွှယ်ယုက ခေါင်းညိတ်ကာ တုံ့ပြန့်လိုက်ပြီး ညစာခန်းမပတ်လည်အား တစ်ချက်ကြည့်ကာ ရုတ်တရက် မေး၏"ငါ သိသလောက် အားဝူက ရှင်နဲ့ အမြဲတမ်းရှိတာပဲ။ ဒါပေမယ့် ရှင် ပြန်လာကတည်းက ငါ သူ့ကို မမြင်တွေ့ရသေးဘူး။ သူ ဘယ်ကို သွားနေတာလဲ"
"ငါ သူ့ကို လူအချို့ကို စောင့်ကြည့်ဖို့ အမိန့်ပေးထားတယ်" ထန်ရှုက ပြုံးလျက် ပြန်ဖြေလိုက်၏"အချိန်အနည်းငယ်စောင့်ပါ၊ မနက်ဖြန်ကျရင် ငါ မင်းကို ပြပွဲကောင်းတစ်ခုကြည့်ဖို့ ခေါ်သွားမယ်"
"ဘာပြပွဲကောင်းလဲ" ရွှယ်ယုက သိလိုစိတ်နှင့် မေးလိုက်သည်။
"ရုန်းကန်မှုတစ်ခု" ထန်ရှုက အကျဉ်းချုပ်ပြောလိုက်၏။
"ရုန်းကန်မှုတစ်ခုလား" ရွှယ်ယုက ပဟေဠိဖြစ်ကာ မေးလိုက်သည်"ရှင် ဘာကို ဆိုလိုတာလဲ"
"ဟုတ်တယ်။ အသက်ရှင်ဖို့ ရုန်းကန်တာ၊ ကမ္ဘာကို ဆန့်ကျင်ဖို့ ရုန်းကန်တာ၊ မဟာတာအိုအခွင့်အလမ်းအတွက် ရုန်းကန်တာ" ထန်ရှုက ရယ်လျက် ပြောလိုက်သည်"ကောင်းပြီ၊ လက်ရှိမှာ ငါ မင်းကို အသေးစိတ်မပြောချင်ဘူး။ မင်း မနက်ဖြန်ညနေကျရင် အကုန်လုံးသိလာမှာပါ"
"ဒါဆိုလဲ ဆက်မပြောနဲ့တော့" ရွှယ်ယုက ပြုံးကာ ပြော၏"စကားမစပ်၊ ပြီးခဲ့တဲ့ညက ရှင် နဂါးကိုးကောင်းကျွန်းကို ဘယ်အချိန်သွားမလဲဆိုတာ မေးဖို့ ဘိုးဘေးက ငါ့ဆီ တစ်တစ်ယောက်ယောက် လွှတ်ခဲ့တယ်။ သူမက နည်းနည်းစိုးရိမ်နေပုံပဲ"
ထန်ရှုက တစ်ချက်စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်"ခါနက်က ပြန်ရောက်ရင် ငါတို့တွေ နဂါးကိုးကောင်းကျွန်းကို သွားကြမယ်။ ထိုနေရာကဆောက်လုပ်ရေးပရောဂျက်က နောက်ဆုံးအဆင့်ကို ရောက်နေပြီ၊ နောက်ဆုံးအနုစိတ်မွန်းမံဖို့အတွက် ငါ့ကို လိုအပ်လိမ့်မယ်။ မဟုတ်ရင် အဲဒါက ကောင်းကင်ဘုံနယ်မြေတစ်ခုဖြစ်လာမှာမဟုတ်ဘူး"
ထမင်းစားခန်းမ၏ထောင့်တွင်။
ဖုန်းခေါ်ပြီးနောက် သူဌေးဟွမ်၏မျက်နှာက အနည်းငယ်အရုပ်ဆိုးနေသည်။ လွန်ခဲ့သောညက သူ့အား အမျိုးသမီးတစ်ယောက်က ကစားခဲ့ပြီး ကလေကချေနှစ်ယောက်က သူ့အား အပြင်းအထန်ရိုက်နှက်ခဲ့သည်။ သို့ကြောင့် သူနှင့်အတူ လိုက်ဖမ်းရန် သူက သူ၏လက်မရွံ့နောက်လိုက်များအား ဖုန်းခေါ်ခဲ့၏။ သူ့အားရိုက်နှက်ခဲ့သည့်ထိုအရိုင်အစိုင်းများအား ရှာရမည်၊ သူ့အား လှည့်စားခဲ့သော ထိုမိန်းမပျက်အား ရှာဖွေရမည်။
"မင်းတို့....မအေလိုးတွေ....။ မင်းတို့ကို ငါ မတွေမိစေနဲ့၊ တွေ့လို့ကတော့ ငါ မင်းတို့ကို သေချာပေါက် သတ်ပစ်မယ်"
သူဌေးဟွမ်က ဟန်းဆက်ကို စားပွဲပေါ်သို့ ပစ်တင်လိုက်ပြီး တူကိုင်ကာ ဟင်းလျားများအား နည်းနည်းချင်းစီ စားလိုက်၏။ သို့သော် သူ ပါးစပ်ဟတိုင်း သူ့ပါးစပ်ထောင့်မှဒဏ်ရာကို သက်ရောက်ခဲ့ပြီး နာကျင်မှုကြောင့် သူက တွန့်လိမ်သွားခဲ့ရသည်။
"ငါ ဒီအတွက် လက်စားမချေနိုင်ရင် ငါ လူတစ်ယောက်မဟုတ်ဘူးလို့ ငါ ကျိန်တယ်" သူဌေးဟွမ်က နာကျင်မှုအား ဖိနှိပ်ရင်း စိတ်ထဲ၌ ကတိပြုလိုက်၏။ ညစာစားဖို့အတွေးက ပျောက်ဆုံးသွားပြီး သူက တစ်ချက်ကြည့်လိုက်ရာ သူ့အမြင်အာရုံက အနီးနားရှိ ထန်ရှုနှင့်ရွှယ်ယုတို့အပေါ် ကျရောက်သွားခဲ့သည်။
***