ပါတနာတွေများခြင်း၏ပျော်ဖွယ်ရာ
Vol. 65 Ch. 906
ဒေါသတွေ လှိုင်လှိုင်ထွက်ရင်း သူဌေးဟွမ်က ထန်ရှုနှင့်ရွှယ်ယုတို့ဆီ ခြေလှမ်းကျဲကျဲနှင့် လျှောက်လာ၏။ သူက ဤပြဿနာအား နားလည်သဘောပေါက်သွားပါပြီ။ ရွှယ်ယုက သည်အကောင်နှင့်သူ့အားမနေ့ကရိုက်နှက်ခဲ့သောနှစ်ယောက်နှင့်အတူ ပူးပေါင်းအကွက်ဆင်ခဲ့သည်ဖြစ်ရမည်။ သူက ထန်ရှုတို့နှစ်ယောက်အား လက်ညှိုးထိုးကာ စိတ်ဆိုးမာန်ဆိုးပြောလိုက်၏"ငါ ဒီနေ့ မင်းတို့ကို မသတ်ရရင် ဒီအဖေကြီးက ငါ့ရဲ့မိသားစုနာမည်ကို မင်းတို့ရဲ့မိသားစုနာမည်ကို ပြောင်းလိုက်မယ်"
"မင်း အဲလောက် ဉာဏ်တုံးမယ်လို့ ငါ မထင်ထားဘူး" ထန်ရှုက ခေါင်းခါယမ်းကာ ပြုံးလိုက်သည်။ သူက စားဖွယ်စာရင်းအား လှန်ရင်း ပြောလိုက်၏"မင်းက မင်းရဲ့မိသားစုနာမည်ကို ငါတို့ဆီ ပြောင်းချင်တာလား။ မဟုတ်တာပဲ.....မင်းရဲ့တောင်းဆိုမှုကို ငါတို့သဘောမတူရဲပါဘူး။ ငါတို့က ကလေးယူဖို့ အစီအစဉ် မရှိသေးဘူး၊ သားတစ်ယောက်ဒါမှမဟုတ်မြေးတစ်ယောက် ရုတ်တရက် ထွက်ပေါ်လာတာကို မလိုချင်ပါဘူး"
ကလိမ်ကကျစ်အကြည့်တစ်ခုက ရွှယ်ယု၏မျက်လုံးထဲတွင် လင်းလက်သွားပြီး သူမက ပူးပေါင်းကစားလာသည်"ငါလဲ မလိုချင်ပါဘူး။ ပြီးတော့ ငါ့မှာ တဏှာရာဂကြီးတဲ့သားတစ်ယောက်ဒါမှမဟုတ်မြေးတစ်ယောက်ရှိရင် ငါ သူ့ကို သေတဲ့အထိ လည်ပင်းညှစ်သတ်ရလိမ့်မယ်...."
ရွှယ်ယုက ထိုကဲ့သို့ကြမ်းတမ်းသောရိုက်ချက်တစ်ခုကို ပြောနိုင်မည်ဟု ထန်ရှုက မထင်ထားခဲ့ပေ။ သူက သူမအား တစ်ချက်ကြည့်ကာ ပြုံးလိုက်သည်။ ထို့နောက် သူဌေးဟွမ်အား လှည့်ကြည့်ကာ ပြုံးကာ ပြော၏"မင်း သူမပြောတာ ကြားလား။ မင်းက ငါတို့ရဲ့မျိုးဆက်ဖြစ်ဖို့ အရည်အချင်းမရှိဘူး၊ ဒါကြောင့် လစ်လိုက်တော့။ မင်းအနေနဲ့ ဒီနေရာမှာ လည်ပင်းညှစ်သတ်ခံရရင်း ရယ်စရာကောင်းတဲ့မြင်ကွင်းတစ်ခုမဟုတ်ဘူးနော်"
သူဌေးဟွမ်၏အသားအရေက နီရဲသွားပြီး သူ့မျက်လုံးထဲ၌ အရှက်ရမှုက ဝင်းလက်သွားသည်။ ထန်ရှုနှင့်ရွှယ်ယုတို့အပေါ် သူ့အကြည့်က သူ့အနေနှင့် သူတို့ကို သတ်နိုင်သည့်အလားပင်။ သူက ရယ်ကာ ပြောလိုက်၏"ကောင်းတယ်၊ အရမ်းကောင်းတယ်။ မင်းတို့ကောင်တွေက မျိုးစေ့ကို စိုက်ခဲ့တာပဲ၊ စောင့်နေပါ။ ဒါက မပြီးသေးဘူးကွ"
ထိုသို့ပြောပြီးနောက် သူက သူ၏ထမင်းစားစားပွဲသို့ ပြန်သွားကာ လက်ဆွဲအိတ်အား ကောက်ယူပြီး စားပွဲပေါ်ရှိဖုန်းအား ကိုင်လျက် ခြေလှမ်းကျယ်ကျယ်လှမ်းကာ ထွက်သွားတော့၏။
ထန်ရှုက သူ၏နောက်ကျောကို ကြည့်နေခဲ့သည်။ ထို့နောက် သူက ခေါင်းခါယမ်းကာ ပြုံးလိုက်၏"လုပ်ငန်းရှင်တစ်ယောက်ဖြစ်လာခြင်းက သူ့ရဲ့စွမ်းရည်ကို သက်သေပြပါတယ်။ စိတ်မကောင်းတာကတော့ သူ့မှာ ဒီလိုမကောင်းတဲ့အပြုအမူတစ်ခုရှိနေတာပဲ။ ဒါက သူ့ကို အနာဂတ်ကျရင် ဆိုးဝါးတဲ့အဆုံးသတ်တစ်ခု ဖြစ်စေလိမ့်မယ်။ ကောင်းပြီလေ၊ သူနဲ့ ပတ်သက်တာတွေ လွှတ်ချလိုက်တော့။ ဒါက ငါတို့ရဲ့အချိန်ကို ဖြုန်းတီးတာတစ်ခုပဲ မဟုတ်လား"
"ဒါပေါ့" ရွှယ်ယုက ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ သူမ၏မျက်လုံးထဲတွင် ထန်ရှုက ထူးချွန်ပြောင်မြောက်လွန်းသည်၊ ထို့ကြောင့် သူမက အခြားယောင်္ကျားများအား မည်သို့မှ စိတ်မဝင်စားပေ။
နေ့မှညဖြစ်လာပြီး ထန်ရှုနှင့်ရွှယ်ယုတို့က လီချမ်း၏အိမ်သို့ ထပ်ရောက်လာ၏။ ထန်ရှုက လီချမ်း၏ဇနီးလောယွီထံမှ ငွေရောင်အပ်ကို ဆွဲထုတ်ကာ သူမ၏အခြေအနေအား စစ်ဆေးပြီးနောက် ပြုံးလျက် ပြောလိုက်သည်"သူမက နောက်ထပ်စိုးရိမ်စရာမရှိတော့ဘူး။ သူမက နောက်နှစ်လဒါမှမဟုတ်သုံးလလောက်အထိ အားပြန်မွေးဖို့ လိုအပ်တယ်။ နှစ်လကျော်အတွင်းမှာ သူမရဲ့ကျန်းမာရေးက သာမန်ကျန်းမာတဲ့လူတစ်ယောက်နဲ့ တူလိမ့်မယ်လို့ ငါ အာမခံတယ်။ သူမက ငါ့ရဲ့ဆေးအညွှန်းထဲမှာ ရှိတဲ့ ဆေးပင်ဆေးဝါးတွေကို ဆက်သောက်သွားရမယ်၊ အဲဒါက နှလုံးကို အားဖြည့်ပေးရုံသာမက ကျောက်ကပ်အားနည်းတာနဲ့ကျောက်ကပ်ပျက်ဆီးတာကို ကုသပေးလိမ့်မယ်"
"အကိုထန်၊ အနာဂတ်မှာ ငါ့ဇနီးက အခြားသူတွေလို ဖြစ်နိုင်လား" လီချမ်းက အလျင်စလို မေး၏။ "ဒါဆို သူမ ကလေးမွေးနိုင်လား"
"ဒါ ပြဿနာတစ်ခုမဟုတ်ဘူး" ထန်ရှုက ပြုံးကာ ပြော၏။
လီချမ်းက စိတ်လှုပ်ရှားသွားကာ ပြောလိုက်၏"ဆေးကုသမှုအတွက် ငါတို့က နေရာတိုင်းကို သွားခဲ့တယ်၊ နေရာတိုင်းက သူမက နှလုံးရောဂါရှိရုံတင်မက ကျောက်ကပ်မှာလဲ ပြဿနာအချို့ ရှိနေတယ်၊ ဒါကြောင့် သူမက ကလေးတစ်ယောက် မရနိုင်ဘူးလို့ ပြောခဲ့ကြတယ်။ အကိုနတ်ဆေးဆရာဝန်ထန်၊ အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်"
ထန်ရှုက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်"ဒါတွေ မလိုဘူး။ မင်းအနေနဲ့ သူဌေးဟွမ်ကို သနားစရာကောင်းတဲ့အထိ တွန်းပို့ပြီး ငါ့ရဲ့ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုမှာ လာအလုပ်လုပ်ရင် လုံလောက်ပါပြီ"
"ငါ အောင်မြင်အောင် လုပ်မယ်လို့ မင်းကို ကတိပေးတယ်" လီချမ်းက ခိုင်မာစွာ ပြန်ဖြေလိုက်၏။
ဒေါက်....ဒေါက်.....
တံခါးခေါက်သံကို ကြားရပြီး တစ်ယောက်ယောက်က အပြင်ဘက်မှ ခေါ်လိုက်သည်"ဟေး၊ အကို။ နင် အိမ်မှာ ရှိနေတာလား။ ကျေးဇူးပြုပြီး တံခါးလာဖွင့်ပေးအုံး"
လီချမ်းက တစ်ချက်ကြောင်သွားပြီး ထို့နောက် သူက ပျော်ရွှင်အံ့အားသင့်စွာ ပြန်ဖြေလိုက်၏"ဒါ ငါ့ညီမလေးပဲ.....သူ ပြန်လာပြီပဲ" တံခါးအား ဖွင့်လျက် သူက အပြင်ဘက်တွင် ရပ်နေသော မိန်းကလေးအား ကြည့်ကာ သူမအား နှုတ်ဆက်လိုက်၏"ရှင်းကျီ....မင်း ဒီလောက် အမြန်ပြန်လာမယ်လို့ ငါ ဘယ်တော့မှ မတွေးထားဘူး။ မြန်မြန် အထဲကို ဝင်လာ။ ငါတို့အိမ်မှာ ဂုဏ်ယူရမယ့်ဧည့်သည်အချို့ ရောက်နေတယ်"
"ဂုဏ်ထူးဆောင်ဧည့်သည်တွေလား။ သူတို့က ဘယ်သူလဲ"
မိန်းကလေးက ပြုံးလျက် တုံ့ပြန်လိုက်ပြီး အထဲသို့ လျင်မြန်စွာ ဝင်ရောက်သွားခဲ့သည်။ သူမက ဧည့်ခန်းထဲသို့ ဝင်လာပြီး ထန်ရှုအား မြင်လိုက်သောအခါ အနည်းငယ်မှင်တက်သွားပြီး အံ့အားသင့်စွာ အော်လိုက်တော့၏"ထန်ရှု၊ နင် ဘာလို့ ငါ့အိမ်မှာ ရှိနေတာလဲ"
ထန်ရှုက လှည့်ကြည့်လိုက်ပြီး ထူးဆန်းသောအမူအရာဖြစ်သွားသည်"ဒါ မင်းရဲ့မိသားစုလား၊ လီရှင်းကျီ"
"ဟုတ်တယ်" လီကျင်းရှီက ပြန်ဖြေ၏။
ဆိုဖာပေါ်တွင် ထိုင်နေသော လီချမ်းနှင့်လောယွီတို့က ပဟေဠိဖြစ်သောအကြည့်အား ဖလှယ်လိုက်ကြသည်။ ထို့နောက် လီချမ်းက အနည်းငယ်အံ့အားသင့်သောအမူအရာနှင့် မေး၏"မင်းလဲ ငါ့ညီမကို သိတာလား၊ အကိုထန်"
"သိတယ်၊ ငါတို့နှစ်ယောက်လုံးက ရှန်းဟိုင်းတက္ကသိုလ်ရဲ့ကျောင်းသားတွေလေ" ထန်ရှုက ပြုံးလျက် ပြန်ဖြေ၏။
"ဘယ်လိုကြီးလဲ" လီချမ်းက အံ့အားသင့်စွာ ပြောလိုက်သည်"မင်းနာမည်က ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုရဲ့ပိုင်ရှင်လို့ လူသိများတယ်၊ ဒါတောင် မင်းက ရှန်းဟိုင်တက္ကသိုလ်ရဲ့ကျောင်းသားတစ်ယောက် ဖြစ်သေးတာလား။ မင်း.....မင်း ငါ့ကို ဟာသလုပ်နေတာတော့ မဟုတ်ဘူးနော်"
"ထန်ရှုက မင်းကို ဟာသလုပ်နေတာ မဟုတ်ပါဘူး၊ အကို" လီရှင်းကျီက ကြားဖြတ်ပြောလိုက်သည်"သူက ငါ့လိုပဲ ရှန်းဟိုင်းတက္ကသိုလ်ရဲ့ပထမနှစ်ကျောင်းသားတစ်ယောက်ပဲ။ ဒီနွေရာသီပြီးရင် ငါတို့တွေ ဒုတိယနှစ်ရောက်ပြီ"
ထန်ရှုက ပြုံးလျက် ပြော၏"ဘာမှားလို့လဲ။ ငါက ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုရဲ့ပိုင်ရှင်ဖြစ်နိုင်ပြီး ရှန့်ဟိုင်တက္ကသိုလ်ရဲ့ကျောင်းသားတစ်ယောက်မဖြစ်နိုင်ဘူးလား။ သင်ယူမှုက အဆုံးမရှိဘူးလို့ ငါတို့ရဲ့ဘိုးဘေးတွေက ပြောခဲ့ကြတယ်။ ငယ်တုန်းမှာ ပိုသင်ယူရမယ်၊ အဲဒါမှ အနာဂတ်ကျရင် ပိုဝေးဝေးသွားနိုင်မယ်၊ ကြီးမားတဲ့အောင်မြင်မှုကို ရနိုင်မယ်။ ဒါက မင်းနဲ့လဲ သက်ဆိုင်တယ်။ မင်း နောက်ကျရင် ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုနဲ့ ပူးပေါင်းရမယ်၊ မင်းက အရောင်းကျွမ်းကျင်သူတစ်ယောက်ဆိုရင်တောင် မင်းက ပိုမြင့်မြင့်တက်ချင်ရင် အလုပ်လုပ်ရင်းနဲ့ တစ်ချိန်တည်းမှာ မင်းက သင်ယူရမယ်"
"အမ်၊ ငါ သိပြီ" လီချမ်းက တင်းကြပ်စွာ ခေါင်းညိတ်ပြီး အလေးအနက်ထားပြန်ဖြေလိုက်၏။
အခြားတစ်ဖက်တွင် လီရှင်းကျီက အံ့ဩတုန်လှုပ်လျက် မေးလိုက်သည်"ငါ့အကိုက ရှင့်ရဲ့ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုအတွက် အလုပ်လုပ်လိမ့်မယ်လို့ မင်း ပြောခဲ့တယ်မလား၊ ထန်ရှု။ ဒါက ငါ့ကို သတိပေးလိုက်တာပဲ၊ ရှင်တို့တွေ ဘယ်လိုလုပ်ပြီး သိနေကြတာပဲ။ ရှင် ဘာအတွက် ချန်မြို့ကို လာတာလဲ"
မေးခွန်းများက ထန်ရှုအား ပြုံးသွားစေပြီး သူက ပြန်ဖြေလိုက်၏"ငါ ဒီနေရာကို လုပ်စရာတစ်ခုခုရှိလို့ လာတာ။ မင်းအကိုနဲ့ အမှတ်မထင်တွေ့ဆုံခဲ့ရုံပဲ။ သူက သေချာပေါက် အရောင်းသမားကောင်းတစ်ယောက်ပဲ၊ ဒါကြောင့် ငါ သူ့ကို ငါ့ကုမ္ပဏီအတွက် အလုပ်လုပ်ပေးချင်တာ"
လီရှင်းကျီက ချက်ချင်း နားလည်သွားပြီး ပျော်ရွှင်စွာ ပြောလိုက်သည်"ကျေးဇူးတင်ပါတယ်၊ ထန်ရှု။ ငါ့အကိုက အရမ်းတော်တာ ငါ သိပါတယ်"
လီချမ်းက ရယ်လျက် တုံ့ပြန်လိုက်သည်။ သူက သူ့ဇနီးလောယွီအား တစ်ချက်ကြည့်ကာ ကမန်းကတန်းပြောလိုက်၏"ရှင်းကျီ၊ သူက မင်းယောက်မရဲ့နှလုံးရောဂါကို ကုသပေးခဲ့တယ်၊ ဒါကြောင့် ငါတို့က အကိုထန်ကို ကျေးဇူးတင်ရမယ်။ သူက ငါတို့မိသားစုရဲ့ကြီးမြတ်တဲ့ကျေးဇူးရှင်ပဲ"
လီရှင်းကျီက ပျော်ရွှင်စွာဖြင့် ချက်ချင်း ပြောလိုက်၏"အမရဲ့နှလုံးရောဂါကို ကုသသွားပြီလား။ ဒါ အရမ်းကောင်းတာပဲ၊ ကျေးဇူးတင်ပါတယ် ထန်ရှု၊ ကျေးဇူးအများကြီးတင်ပါတယ်။ အာ၊ ငါ တော်တော်အတာပဲ။ ရှင်က ကျော်ကြားတဲ့နတ်ဆေးဆရာဝန်ဆိုတာ သိတယ်၊ ဒါတောင် ငါ့ယောက်မကို ကုသပေးဖို့ တစ်ခုမှ မမေးခဲ့မိဘူး"
"အဆင်ပြေပါတယ်၊ ငါ့ကို ကျေးဇူးတင်စကားထပ်ပြောဖို့ မလိုပါဘူး" ထန်ရှုက လက်ဝှေ့ယမ်းကာ ပြောလိုက်၏" ဟုတ်တယ်။ မင်းကို သူမနဲ့ မိတ်ဆက်ပေးရအုံးမယ်၊ ရွှယ်ယု။ သူမလဲ ရှန့်ဟိုင်တက္ကသိုလ်ရဲ့ကျောင်းသားတစ်ယောက်ဖြစ်ပြီး မုဝမ်ရင်ရဲ့အခန်းဖော်ပဲ"
မုဝမ်ရင်လား။
ရွှယ်ယု၏အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး သူမ၏မျက်နှာပေါ်ရှိ အံ့အားသင့်သောအမူအရာအား ဖုံးကွယ်လိုက်သည်။
သူမက အိမ်ထဲကို ဝင်လာလျှင်ချင်း လီရှင်းကျီက ရွှယ်ယု၏အလှအား သတိပြုမိခဲ့သည်။ သူမ၏စိတ်ထဲရှိသံသယအား ဖိနှိပ်ထားသော်လည်း ထန်ရှု၏မိတ်ဆက်ပေးမှုအရ ရွှယ်ယုဟုခေါ်သောဤအမျိုးသမီးနှင့်ထန်ရှုက ထူးခြားသောဆက်ဆံရေးတစ်ခုရှိသည်ကို သူမက ယခု သဘောပေါက်ခဲ့၏။
"ရှင်တို့က....." လီရှင်းကျီက ချီတုံချတုံနှင့် မေးလိုက်သည်။
ထန်ရှုက တစ်ခဏငြိမ်သက်သွားပြီးနောက် ပြောလိုက်၏"သူမက ငါ့မိန်းမပဲ"
"နင် ဘာပြောတာလဲ။ သူမက နင့်မိန်းမဆိုရင် .....ဝမ်ရင်ကရော ဘာလဲ" လီရှင်းကျီက အံ့အားသင့်စွာပြောလိုက်သည်။
"သူမလဲ သူမနဲ့ပတ်သက်ပြီး သိပါတယ်" ထန်ရှုက ပြောလိုက်သည်။
မယုံကြည်နိုင်မှုက လီရှင်းကျီ၏မျက်နှာပေါ်တွင် ဖုံးလွှမ်းသွားပြီး သူမက မယုံသင်္ကာနှင့် မေးလိုက်၏"ဝမ်ရင်က သူမကို သိတာလား။ သူမလဲ ဝမ်ရင်ကို သိတာလား"
ရွှယ်ယုက တည်တည်ငြိမ်ငြိမ်နှင့် ကြားဝင်ပြောလိုက်၏"ငါ မုဝမ်ရင်ကို သိတယ်။သူမက ထန်ရှုရဲ့အမည်ခံ၊ အစစ်အမှန်ချစ်သူပဲ၊ သူမက ရှန့်ဟိုင်တက္ကသိုလ်ရဲ့အလှဆုံးပန်းပွင့်ဖြစ်သလို ပေကျင်းရဲ့နံပါတ်တစ်မိန်းမလှပဲ။ သူမလဲ အလွန်ထူးချွန်တဲ့လူတစ်ယောက်ပါပဲ"
လီရှင်းကျီ၏နှုတ်ခမ်းများက တုန်ယင်သွားပြီး သူမက မေးလိုက်သည်"ဒါဆို ဘာလို့ နင်တို့....."
ရွှယ်ယုက တည်ငြိမ်စွာ ပြော၏"နင် မေးချင်တာက ငါ ဘာလို့ ထန်ရှိုနဲ့ ရှိနေချင်ရတာလဲမလား။ ကောင်းပြီ၊ ငါ အဲဒါကို ဖြေနိုင်တယ်၊ ငါ သူနဲ့ ရှိချင်တယ်၊ ထပ်ပြောရရင် ငါ့ကျန်ဘဝတစ်ခုလုံးမှာ ငါက သူနဲ့အတူ ရှိချင်တယ်။ ငါ တစ်ယောက်တည်းပဲ မဟုတ်ဘူး၊ သူ့ရဲ့အခြားအမျိုးသမီးကလဲ မုဝမ်ရင်ရှိတာကို သိတယ်၊ ဒါပေမယ့် သူတို့က သူ့ကို သေမတတ်ချစ်နေကြတုန်းပဲ"
"မင်းတို့ကောင်တွေ" လီရှင်းကျီက ထိတ်လန့်တုန်လှုပ်သွား၏။ သူမက ဤကောင်းကင်ဘုံနတ်သမီးနှင့်တူသောအလှလေးအား နားမလည်နိုင်တော့ပေ။
ထန်ရှုက ဤကိစ္စ၌ ထပ်မပါဝင်ချင်တော့ဘဲ ပြောလိုက်၏"စကားစမစပ်၊ ငါ လုပ်ရမှာကို ငါ လုပ်ပြီးပြီ၊ ဒါကြောင့် ကျေးဇူးပြုပြီး ငါ ပြောတာကို သတိရပေးပါ။ မင်းက နောက်နှစ်လအကျော်အတွင်း အနားယူအားဖြည့်ရမယ်။ သုံးလတိတိ ငါပေးထားတဲ့ဆေးပင်ဆေးဝါးတွေကို ဆက်သောက်နေရမယ်။ ငါတို့မှာ အခြားလုပ်စရာလေးတွေရှိလို့ သွားတော့မယ် "
ထို့နောက် ထန်ရှုက ရွှယ်ယုနှင့်အတူ ထွက်ခွာသွား၏။
ခန်းမထဲတွင် လောယွီက လက်ဝှေ့ယမ်းကာ ရှင်းကျီအား သူမဘေးသို့ ခေါ်လိုက်၏။ သူမက မေး၏"ရှင်းကျီ၊ နင့်ကို ကြည့်ရတာ နတ်ဆေးဆရာဝန်ထန်နဲ့ အရမ်းရင်းနှီးပုံပဲ"
"ငါ ဘယ်လိုလုပ်ပြီး သူနဲ့ မရင်းနှီးရမှာလဲ၊ အမ။ သူ့ရဲ့အစစ်အမှန်ချစ်သူက ငါ့အခန်းဖော်ပဲ၊ သူမနဲ့ငါက ညီအစ်မတွေလိုပဲ" လီရှင်းကျီက အားတင်ကာ ပြုံးလျက် ဖြေလိုက်၏"ဒါ....သူ့ဘေးနားမှာ ဝမ်ရင်အပြင် အခြားအမျိုးသမီးတွေ ရှိမယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။ ပြီးတော့ သူ့ရဲ့ဒီအမျိုးသမီးက အသွင်အပြင်အရဖြစ်စေ၊ အရပ်အမောင်းအရဖြစ်စေ၊ ဟန်အမူအရာအရဖြစ်စေ ဝမ်ရင်ထက် လုံးဝမလျော့ဘူးပဲ"
တစ်ခဏကြာသည့်အထိ လောယွီက တိတ်ဆိတ်ငြိမ်သက်သွားပြီး သူမက ခေါင်းခါယမ်းကာ ပြောလိုက်၏"ရှင်းကျီ၊သူ့ကိစ္စက သူ့ကိစ္စပဲ၊ ငါတို့ကိစ္စမဟုတ်ဘူးဆိုတာ မင်း သတိရရမယ်။ မင်းက မုဝမ်ရင်လို့ခေါ်တဲ့အမျိုးသမီးနဲ့ နက်ရှိုင်းတဲ့ရင်းနှီးမှုတစ်ခုရှိရင်တောင် မင်းအနေနဲ့ ဒီကိစ္စမှာ မပါဝင်တာ အကောင်းဆုံးပဲ၊ မဟုတ်ရင် မင်းက အရှက်ရတဲ့သူအနေနဲ့ အဆုံးသတ်ရလိမ့်မယ်"
လီရှင်းကျီက ဘာမှ မပြောဘဲ ခေါင်းညိတ်လိုက်သည်။
****
နောက်တစ်နေ့။
ထန်ရှုနှင့်ရွှယ်ယုက ချန်မြို့ဟိုတယ်မှ ထွက်လာပြီး ဟိုတယ်ဝင်ပေါက်သို့ ရောက်ရှိလာသည်။ သို့သော် အနီးဝန်းကျင်တွင် ထူးဆန်းသောအဝတ်အစားများနှင့် လူအချို့ရှိမည်ဟု သူက မမျှော်လင့်ထားခဲ့ပေ၊ ထိုလူများက ဂိုဏ်းစတားများနှင့် တူ၏။
"ဒုက္ခက တံခါးလာခေါက်တာပဲ" ရွှယ်ယုက တီးတိုးပြောလိုက်သည်။
"သူတို့က အခြားသူတွေအတွက် ဒုက္ခဖြစ်နိုင်ပေမယ့် ငါ့အတွက်တော့ ဘာမှမဟုတ်ဘူး" ထန်ရှုက ပေါ့ပေါ့ပါးပါးပြောလိုက်၏။ "ကောင်းပြီလေ၊ သွားကြစို့.....။ ငါတို့ အစိမ်းရောင်ရေကန်အဂရီခိုလာကို တိုက်ရိုက်သွားမယ်။ ငါတို့ကြည့်ရမယ့်ပြပွဲက ဒီညပဲ"
ကျွီ.....
မာစီးဒီးဘင့်ဇ်ကားတစ်စီးက သူတို့အရှေ့၌ ရပ်သွား၏။ ထန်ရှုနှင့်ရွှယ်ယုတို့က ကားပေါ် တက်သွား၏။ သူတို့အနောက်ဘက်ရှိအနက်ရောင်SUVကားနှစ်စီးအပါအဝင် ထိုဂိုဏ်းစတားများအား ထန်ရှုက ကြည့်လိုက်သည်။ ကြည့်ပြီးနောက် သူက နှာခေါင်းရှုံ့ကာ အမိန့်ပေးလိုက်၏"ကျင်းရှီ၊ ဖြည်းဖြည်းပဲမောင်း၊ သူတို့တွေ ငါတို့နောက် လိုက်လာပါစေ"
"မင်း ရွှယ်ရှာနဲ့ဟေးရှန်းတို့ကို သူတို့နဲ့ မရင်ဆိုင်ခိုင်းတော့ဘူးလား၊ သူဌေး" ကျင်းရှီက မေးလိုက်သည်။
"မလိုဘူး" ထန်ရှုက ခေါင်းခါယမ်းကာ ပြောလိုက်သည်"ထိုဟွမ်ဆိုတဲ့လူက ကစားချင်နေတာဆိုတော့ ငါ သူနဲ့ ပူးပေါင်းပေးရမယ်လေ"
ကြီးမားသောအဖြစ်အပျက်တစ်ခုက အစိမ်းရောင်ရေကန်အဂရီခိုလာ၌ ဖြစ်လာပေလိမ့်မည်။ လာရောက်လာသူတိုင်းက သိုင်းပညာကျွမ်းကျင်သူများအပါအဝင် အားကောင်းသောပုံရိပ်များဖြစ်ပေမည်။ ဤဟွမ်ကောင်က သူ၏နောက်လိုက်များနှင့်အတူ အစိမ်းရောင်ရေကန်အဂရီခိုလာသို့ ဝင်ရောက်လာပါက ရယ်စရာကောင်းသောပြဿနာတစ်ခုက သူတို့အား စောင့်မျှော်နေပေလိမ့်မည်။
"ငါ သိတယ်၊ ထန်ရှု။ ရှင့်ရဲ့အဲဒီအပြုံးက အတော်လေးကြောက်စရာကောင်းတာပဲ" ရွှယ်ယုက ပြုံးလျက် ပြောလိုက်၏။
"အဲဒါလား။ ငါ ဘာလို့ အဲလိုမခံစားမိတာလဲ" ထန်ရှုက မေးလိုက်သည်။
"သိသာပါတယ်လေ။ ရှင့်ရဲ့အပြုံးကနေ ဟွမ်ကောင်တော့ ကံဆိုးတော့မယ်ဆိုတာ မြင်နေရတယ်" ရွှယ်ယုက ပြုံးကာ ပြောလိုက်၏။ "ငါ ရှင့်ကို မေးချင်တာ တစ်ခုခုရှိတယ်။ သူ့ကို ရှင်းလင်းတာက ရှင့်ရဲ့အစီအစဉ်ကို သက်ရောက်လိမ့်မလား။ တကယ်တော့ အစကတည်းက ရှင်က လီချမ်းကို ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုအတွက် လုပ်စေချင်တာမလား"
***