← Chapters

အသေခံတပ်သားများ

Vol. 65 Ch. 907

အသေခံတပ်သားများ

Vol. 65 Ch. 907

ထန်ရှုကိုယ်တိုင်က သူဌေးဟွမ်၏သေခြင်းရှင်ခြင်းနှင့် ပတ်သက်ပြီး အလွန်စိတ်ဝင်စားသည်။ တကယ်တမ်းအားဖြင့် လီချမ်းက သူ့နောက်သို့ အကြာမီ လိုက်လာပါလိမ့်မည်။ အတွေးတစ်ခုက သူ့ခေါင်းထဲတွင် ထွက်ပေါ်လာ၏။ ဒါက အတွေးကောင်းတစ်ခုဖြစ်ပြီး ခဲတစ်လုံးနှင့်ငှက်နှစ်ကောင်ပစ်လိုက်သလိုပင်။

"ဘာမှဖြစ်မှာမဟုတ်ဘူး"

ထန်ရှုက စီးကရက်တစ်လိပ်အား မီးညှိကာ ပြတင်းပေါက်အား ကြည့်လိုက်သည်။ ထို့နောက် သူက ထပ်ပြောလိုက်၏"အဲဒီဟွမ်ကောင်က သေမှာမဟုတ်ပါဘူး၊ အများဆုံးသင်ခန်းစာတစ်ခုပေးရုံပေါ့။ ဒါပေမယ့် သူ့လက်အောက်ကဂိုဏ်းစတားတွေကတော့ သူ့လောက် ကံကောင်းမှာမဟုတ်ဘူး"

မာစီးဒီးဘင့်ဇ်ကားက အစိမ်းရောင်ရေကန်အဂရီခိုလာမှ ကီလိုမီတာအနည်းငယ်အကွာအဝေးသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့၏။ ကားမောင်းနေသောကျင်းရှီက လမ်းဘေးရှိမိုအားဝူအား သတိပြုမိခဲ့သည်၊ သို့ကြောင့် သူက ကားအား လမ်းဘေး၌ ချက်ချင်း ရပ်ခဲ့သည်။

"သူဌေး၊ အစိမ်းရောင်ရေကန်အဂရီခိုလာက အခု ယာယီပိတ်ထားတယ်" ပြတင်းပေါက်အပြင်ဘက်တွင် ရပ်နေရင်း မိုအားဝူက ထန်ရှုအား ရိုသေလေးစားစွာ တင်ပြလိုက်၏။

"ထိုနေရာက အနေအထား ဘယ်လိုရှိလဲ" ထန်ရှုက မေးလိုက်သည်။

မိုအားဝူက ဖြေ၏"စုန့်တုံလိုင်၊ အောင်းဝေ၊ ကုန်းချွမ်နဲ့သူတို့လေ့ကျင့်ပေးထားတဲ့လူ၆၄ယောက်အပါအဝင် သူတို့အားလုံးက ပုန်းကွယ်နေတယ်။ မနေ့က မိသားစုအမည်ဟန်နဲ့ကွန်ဖူးမာစတာတစ်ယောက်က ရောက်လာတယ်။ ဒီလူပါထပ်ပေါင်းလိုက်ရင် အားလုံးပေါင်း၆၈ယောက်ရှိတယ်။ အဂရီခိုလာတစ်ခုလုံးက တိုက်ခိုက်ရေးဝင်္ကပါတစ်ခုထဲမှာ ရှိတယ်။ လက်ရှိမှာ ဝင်ရတာ လွယ်ပေမယ့် ထွက်ဖို့က ခက်ခဲတယ်"

"ကားမောင်းဝင်သွား" ထန်ရှုက ခေါင်းညိတ်ကာ ပြောလိုက်၏"အထဲဝင်ကြစို့"

မိုအားဝူက ‌ခေါင်းညိတ်ပြကာ မာစီးဒီးဘင့်ဇ်SUVအား အစိမ်းရောင်ရေကန်အဂရီခိုလာထဲသို့ မောင်းဝင်သွားခဲ့သည်။ သူတို့က လမ်းထဲသို့ ဝင်လာသည်နှင့် ဤနေရာ၏ဝင်ပေါက်က သူတို့၏မြင်ကွင်း၌ ထွက်ပေါ်လာသည်၊ သို့သော် ဤတစ်ကြိမ်တွင် အမြဲတမ်းလိုလိုသက်ဝင်လှုပ်ရှားနေသောမြင်ကွင်းက မရှိတော့ပေ။ လုံခြုံရေးအစောင့်များပင် ရှိမနေတော့ပေ။

ကားမှ ထွက်ပြီးနောက် ထန်ရှုက သူ၏စိတ်ဝိညာဉ်အာရုံကို ထုတ်လွှတ်ကာ မီတာနှစ်ရာကျော်ဧရိယာအား ဖုံးအုပ်သွားခဲ့သည်။ သူ၏စုံစမ်းလေ့လာမှုအတိုင်းအတာအရ လက်နက်များတပ်ဆင်ထားသောလူဆယ်ယောက်က ထောင့်များ၌ ပုန်းနေသည်ကို သူက မြင်တွေ့ခဲ့၏၊ သူတို့ထဲမှအချို့က သူတို့၏ရောက်ရှိလာမှုအား သတိပြုမိပုံရသည်။

"သူတို့က သေနတ်တွေပါ ရှိတာလား"

စုန့်တုံလိုင်၏လူများတွင် သေနတ်ရှိပြီး အချို့တွင် စနိုက်ပါရိုင်ဖယ်သေနတ်များပင် ရှိနေမည်ဟု ထန်ရှုက မမျှော်လင့်ထားခဲ့ပေ။ သူ့စိတ်ဝိညာဉ်အာရုံဖုံးကွယ်မှုအကွာအဝေးအတွင်း၌ စနိုက်ပါလေးယောက်က ဦးတည်ဘက်တိုင်းတွင် ပုန်းနေကြပြီး သူတို့၏သေနတ်တစ်လက်စီက ဂိတ်ပေါက်အား ပစ်မှတ်ထားထားကြ၏။

"တစ်ယောက်ယောက်လာနေတယ်၊ သူဌေး"

ထန်ရှုအနောက်မှလိုက်လာသောကျင်းရှီက ရုတ်တရက် ပြောလိုက်သည်။

ထန်ရှုက ခေါင်းညိတ်ကာ အနီးနားရှိတည်နေရာတစ်ခုမှ သူ့ဆီလာနေသော စုန့်တုံလိုင်အား ကြည့်လိုက်သည်။ သူ၏သူငယ်ချင်းနှစ်ယောက်မပါဘဲ သူတစ်ယောက်တည်းသာ လာ၏။ သူ့လူများကိုပင် မမြင်‌ရပေ။

"ဆရာထန်...."စုန့်တုံလိုင်က လေးလေးစားစားအော်လ်ိုက်ပြီး ထန်ရှုအား ပြုံးပြရင်း လာနေခဲ့သည်။

"မင်းက ဒီနေရာမှာ ကောင်းကောင်းစီစဉ်ထားတာပဲ" ထန်ရှုက ပြုံးကာ ပြော၏"ဒီတိုက်ပွဲအစီအရင်ဝင်္ကပါက အတော်လေးစိတ်ဝင်စားစရာကောင်းတာပဲ"

"မင်းက ငါ့ကို ဟာသလုပ်နေတာပဲ၊ ဆရာထန်" စုန့်တုံလိုင်က အားတင်းပြုံးလျက် ပြောလိုက်၏"လျိုမိသားစုကလူတွေ ဘယ်လောက်ရောက်လာမလဲဆိုတာ ငါတို့ မသိတဲ့အတွက် ဒါက ငါတို့လုပ်နိုင်တာအကုန်လုံးပဲ။ သူတို့လူတွေအားလုံး ဒီနေရာကို လာရင် ဒါမှမဟုတ် လာတဲ့သူထဲမှာ လျိုမိသားစုဘိုးဘေးပါရင် ငါတို့အားလုံး သေရေးရှင်ရေးအကျပ်အတည်းထဲ ကျသွားမှာကို ငါ စိုးရိမ်မိတယ်။ ဆရာထန်ကများ တတ်နိုင်ရင် မင်း....."

ထန်ရှုက သူ၏လက်ကို မြှောက်ကာ တားလိုက်ပြီး ခေါင်းခါယမ်းလိုက်၏"ငါက လျိုမိသားစုနဲ့ ရန်ငြိုးမရှိဘူး၊ သူတို့တွေကို ဖယ်ရှားသုတ်သင်ဖို့ အကြောင်းပြချက် ငါ့မှာမရှိဘူး။ မင်းနဲ့သူတို့ကြားရန်ငြိုးက မင်းတို့ကိုယ်တိုင်ဖြေရှင်းရမှာပဲ။ ငါ ဒီနေရာကို မျက်မြင်တွေ့ဖို့ပဲ လာတာ၊ တိုက်ပွဲမှာ ပါဝင်မှာမဟုတ်ဘူး"

"ဆရာထန်၊ မင်း...." စုန့်တုံလိုင်က ခါးသီးစွာ ပြောလိုက်သည်။

ထန်ရှုက သူ့အား ကြားဖြတ်ကာ တည်ငြိမ်စွာ ပြောလိုက်၏"တကယ်တော့ ငါ မင်းတို့ကို ကူညီမယ်ဆိုရင် မင်းတို့အားလုံး ဘာအကျိုးအမြတ်မှ ရှိမှာမဟုတ်ဘူး။ မင်းတို့အားလုံး ထိုအခွင့်အရေးကို လိုချင်တယ်မလား-တာအိုကျင့်ကြံသူဖြစ်ဖို့လေ-ဒါက မင်းတို့ကိုယ်မင်းတို့ အားကိုးရမယ့်အရာပဲ။ မင်းတို့က ငါ့ကို မှီခိုပြီး လျန်မိသားစုနဲ့ အလွယ်တကူရင်ဆိုင်ခဲ့ရင် မင်းတို့အနေနဲ့ အခွင့်အရေးကို ဆုံးရှုံးသွားရလိမ့်မယ်။ အဲဒါက နောက်ပိုင်းကျရင် မင်းတို့ရဲ့စိတ်အခြေအနေမှာ ပြဿနာတွေ ဖြစ်လာစေလိမ့်မယ်။ လျိုတွေနဲ့မင်းတို့ရဲ့တိုက်ပွဲက မင်းတို့ကိုယ်တိုင်လုပ်ရမယ့်ဟာပဲ"

စိတ်အခြေအနေလား။ ကိုယ်တိုင်ရုန်းကန်ရမယ့်တိုက်ပွဲတစ်ခုလား။

ထန်ရှုက ဘာကို ဖော်ပြချင်သလဲဆိုသည်ကို စုန့်တုံလိုင်က အရိပ်အမြွက်သဘောပေါက်ခဲ့သည်။ တစ်ခဏတိတ်ဆိတ်သွားပြီးနောက် သူက ပြော၏"ဒိီလိုဆိုမှတော့ မင်း ငါတို့ရဲ့တောင်းဆိုချက်တစ်ခုကို လိုက်လျောပေးနိုင်မလား၊ ဆရာထန်။ ဒါက အလွန်ရိုးရှင်းတဲ့ကိစ္စတစ်ခုပဲ။ ဒီနေ့တိုက်ပွဲမှာ ငါတို့ညီအကိုသုံးယောက်လုံး သေသွားခဲ့ရင် ငါတို့ရဲ့အရိုးတွေကို ငါတို့ရဲ့မိသားစုဆီ ပြန်ပို့ပေးနိုင်မလား။ ကြွေကျသွားတဲ့သစ်ရွက်တွေက သူတို့ရဲ့အမြစ်ဆီ ပြန်သွားကြသလို ငါတို့မိသားစုတွေက ငါတို့အတွက် နောက်ဆုံးနာခိုးရာနေရာပါပဲ"

"ငါ ကတိပေးပါတယ်" ထန်ရှုက ခေါင်းညိတ်လိုက်သည်။

စုန့်တုံလိုင်က ထန်ရှုအား ကျေးဇူးတင်စွာဖြင့် ကြည့်ကာ ရုတ်တရက် ပြော၏"ဆရာထန်၊ ငါတို့ညီအကိုသုံးယောက်လုံး ဒီတိုက်ပွဲမှာ သေသွားခဲ့ရင် ငါတို့က မင်းကို ဒီ‌အစိမ်းရောင်ရေကန်အဂရီခိုလာကို ပေးမယ်။ ဒါက မင်းရဲ့ကတိအတွက် ငါတို့ရဲ့ကျေးဇူးတင်တဲ့သင်္ကေတတစ်ခုပဲ"

"ငါ လက်မခံနိုင်ဘူး" ထန်ရှုက ခေါင်းခါယမ်းကာ ပြောလိုက်သည်"လူတစ်ယောက်က ချမ်းသာမှုကို ချစ်ပေမယ့် တရားမျှတပြီးမှန်ကန်တဲ့နည်းလမ်းတစ်ခုနဲ့ပဲ သူတို့ကို ရရမယ်။ မင်းတို့အားလုံး တိုက်ပွဲမှာ သေသွားခဲ့ရင် အစိမ်းရောင်ရေကန်အဂရီခိုလာက မင်းတို့စုန့်မိသားစုပိုင်ဖြစ်လာလိမ့်မယ်။ မင်းတို့ကောင်တွေ အသက်ရှင်ဖို့အခွင့်အရေးသေးသေးလေးကို ရအောင်ယူပြီး တာအိုလမ်းကြောင်းကို ဝင်ရောက်ကာ အစစ်အမှန်ကျင့်ကြံသူတွေ ဖြစ်လာစေဖို့ ငါ မျှော်လင့်တယ်"

"တုံလိုင်က ဆရာထန်ရဲ့ညွှန်ကြားချက်တွေကို စိတ်ထဲမှာ အမြဲတမ်းမှတ်ထားပါမယ်" စုန့်တုံလိုင်က လေးစားစွာ ပြောလိုက်၏။

"ငါ မင်းတို့နဲ့သူတို့ကြားကိစ္စမှာ ကြားဝင်မှာမဟုတ်ပေမယ့် မင်းတို့က အသက်ရှင်နိုင်ပြီးချီသန့်စင်ခြင်းအဆင့်ကို အောင်မြင်စွာ ‌ချိုးဖြတ်နိုင်ရင် မင်းတို့နဲ့ အပေးအယူတစ်ခု ငါ လုပ်နိုင်တယ်"ထန်ရှုက ပြုံးကာ ပြောလိုက်သည်။

"ဘာလုပ်ငန်းလဲ" စုန့်တုံလိုင်က ခေါင်းရှုပ်စွာ မေးလိုက်သည်။

"ငါ မင်းတို့ကို ကျင့်ကြံသူတွေအတွက်ကျင့်ကြံခြင်းနည်းစနစ်တစ်ခုရောင်းပေးမယ်" ထန်ရှုက ပြောလိုက်၏။

စုန့်တုံလိုင်၏ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန်တုန်ယင်သွားပြီး ကျေနပ်ဝမ်းသာသောအကြည့်တစ်ခုက သူ့မျက်လုံးထဲတွင် ပြည့်နှက်နေသည်။ ထို့နောက် သူက အလျင်စလိုမေးလိုက်၏"မင်း ငါ့ကို ပြောခဲ့သလို ငါတို့တွေ ချီသန့်စင်ခြင်းအဆင့်ကို ချိုးဖြတ်နိုင်သရွေ့ ငါတို့တွေ အဲဒီကျင့်ကြံခြင်းအတတ်ကို ဘယ်လောက်ပဲပေးရပေးရဝယ်မယ်"

"ကောင်းပါပြီ။ မင်းတို့ ပြင်ဆင်စရာရှိတာ ဆက်လက်ပြင်ဆင်နိုင်တယ်"ထန်ရှုက ပြုံးကာ ပြောလိုက်၏"ဒီနေရာက စစ်မြေပြင်တစ်ခုဖြစ်လာမှာဆိုတော့ ငါတို့တွေ ဒီနေရာမှာ နေဖို့ မသင့်လျော်တော့ဘူး။ ဒါပေမယ့် ငါ့စကားတွေကို မှတ်ထားပါ-ငါ မင်းတို့နဲ့လျန်တွေကြားတိုက်ပွဲမှာ ဘာမှဝင်မစွက်ဖက်ဘူးဆိုပေမယ့် မင်းတို့တွေ သာမန်လူတွေကို ထိခိုက်စေလို့မရဘူး။ မဟုတ်လို့ကတော့ ပြည်သူတွေရဲ့ဘေးကင်းမှုကိုခြိမ်းခြောက်တဲ့ဘယ်သူကိုမဆို ဖယ်ရှားဖို့ ငါက တွန့်ဆုတ်နေမှာမဟုတ်ဘူး"

"နားလည်ပါတယ်" စုန့်တုံလိုင်က လေးနက်သောအမူအရာနှင့် ပြန်ဖြေလိုက်သည်။

ထန်ရှုက သူ၏လက်အား ရွှယ်ယု၏ပခုံးပေါ်သို့ တင်ကာ သူမအား ပွေ့ဖက်ရင်း အဂရီခိုလာ၏အတွင်းပိုင်းဆီသို့ လျှောက်သွား၏။ ရွှယ်ရှားနှင့်ဟေးရှုံးတို့က သူ့နောက်မှလိုက်ပါလာလျက် သူတို့လူခြောက်ယောက်က တောင်ကုန်းတစ်လုံး၏အစွန်အဖျားသို့ ရောက်ရှိလာသည်။ သွေးစပါးအုံအစီအရင်က အခြားသူများအတွက် အားကောင်းနိုင်သော်လည်း ထန်ရှု၏မျက်လုံးထဲတွင်မူ ၎င်းက ဟာကွက်များနှင့် ပြည့်နေသည်။ သူက သူ၏လူများအား အစီအရင်၏အပြင်ဘက်သို့ အလွယ်တကူခေါ်လာပြီး သူတို့က မီတာရာအနည်းငယ်အကွာရှိတောင်ခါးပန်းသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့၏။

"ဒီနေရာက အတော်လေးကောင်းတာပဲ"

ထန်ရှု၏အကြည့်က ကြီးမားသောအပြာရောင်ကျောက်တုံးအနည်းငယ်ဆီသို့ ရွေ့လျားသွားခဲ့သည်။ သူက သူတို့အထဲကတစ်ခုအပေါ် ချက်ချင်းခုန်တက်လိုက်ပြီး လက်နောက်ပစ်လျက် တောင်ကုန်းအောက်ခြေရှိအစိမ်းရောင်ရေကန်အဂရီခိုလာအား ကြည့်လိုက်လေသည်။

"ငါတို့ကို နောက်ယောင်ခံလိုက်နေတဲ့လူတွေ အစိမ်းရောင်ရေကန်အဂရီခိုလာရဲ့အပြင်ဘက်ကို ရောက်နေလောက်ပြီ။ ငါတို့ ‌နောက်ထပ်ဘာဆက်လုပ်ကြမလဲ"

"ဒါဆိုလဲ ငါက သူဌေးဟွမ်အတွက် ကယ်တင်ရှင်တစ်ယောက်ကို သေချာပေါက် ရှာပေးရမှာပေါ့" ထန်ရှုက ပြုံးကာ ပြောလိုက်၏။

ပြောပြီးနောက် သူ၏ဟန်းဆက်ကို ထုတ်ကာ လီချမ်း၏နံပါတ်အား ခေါ်လိုက်သည်။ လီချမ်းက ဖုန်းကိုင်ပြီးနောက် ထန်ရှုက ပြောလိုက်၏"အစိမ်းရောင်ရေကန်အဂရီခိုလာရဲ့ပိုင်ရှင်စုန့်တုံလိုင်နဲ့ အခုပဲ ဆက်သွယ်လိုက်။ သူ့နေရာကို လူအချို့ ရောက်လာမယ်၊ သူတို့ကို မတားဖို့ သူ့ကို ပြောပါ။ သူတို့ကို ခန်းမကို ခေါ်သွားပြီး ဟင်းတွေ၊ အရက်‌တွေ ထောက်ပံ့ပေးပါ။ အဲဒါကို ငါ သူတို့ကို လက်ဆောင်ပေးတဲ့ အသေခံတပ်သားတွေအဖြစ် သတ်မှတ်လို့ရတယ်။ မှတ်ထားပါ၊ ဒီနေရာကို လာပြီးရင် မင်းရဲ့ပထမဆုံးဦးစားပေးက သူဌေးဟွမ်ရဲ့ဘေးကင်းမှုကို ကာကွယ်ဖို့နဲ့ သူ့ရဲ့ယုံကြည်မှုကို ရဖို့ပဲ"

"ငါ အခုပဲ သွားရမှာလား" လီချမ်းက မေးလိုက်သည်။

"ဟုတ်တယ်။ ဒီ‌နေရာကို အခုပဲ လာတော့" ထန်ရှုက ပြုံးလျက် ပြောလိုက်၏။

အစိမ်းရောင်ရေကန်အဂရီခိုလာ၏ဂိတ်ပေါက်တွင် အနက်ရောင်SUVနှစ်စီးက အပြင်ဘက်၌ ရပ်ထား၏။ အရှေ့ကား၏ခရီးသည်ထိုင်ခုံ၌ ဘယ်ဘက်ပါးပြင်ပေါ်တွင် ကြောက်စရာကောင်းတဲ့အမာရွတ်တစ်ခုနှင့် လူလတ်ပိုင်းတစ်ယောက်ရှိသည်။ သူက မျက်မှောင်ကြုတ်ကာ သူ့ဖုန်းအား ထုတ်လိုက်၏။ ဖုန်းနံပါတ်တစ်ခုအား ခေါ်ပြီးနောက် သူက ပြောလိုက်သည်"ဒီလူတွေ အစိမ်းရောင်ရေကန်အဂရီခိုလာကို ဝင်သွားပြီ၊ သူဌေး"

"သူတို့ကို သတိမပေးမိစေနဲ့၊ ငါ့ကို အဲ့နေရာမှာ စောင့်နေ" သူဌေးဟွမ်၏အသံက ဖုန်းမှ တုံ့ပြန်လာ၏။

နောက်ထပ်နာရီဝက်ကျော်ပြီးနောက် အနက်ရောင်အော်ဒီတစ်စီးနှင့် ရွှေရောင်ဗင်ကားနှစ်စီးက ရောက်ရှိလာခဲ့သည်။ ထို့နောက် သူဌေးဟွမ်က အော်ဒီမှ ထွက်လာပြီး မေးလိုက်သည်"အခု အဲဒီအမှိုက်တွေ ဘယ်မှာလဲ"

"သူတို့အထဲမှာပဲ၊ အခုထိ မထွက်လာသေးဘူး၊ သူဌေး" အမာရွတ်မျက်နှာလူကြီးက ဖြေလိုက်၏။

သူဌေးဟွမ်က နှာခေါင်းရှုံ့လိုက်သည်"ငါ ဒီအစိမ်းရောင်ရေကန်အဂရီခိုလာကို အကြိမ်အနည်းငယ် ရောက်ဖူးတယ်၊ ဒီ‌လမ်းက ဒီ‌နေရာကနေအဝင်အထွက်လုပ်ဖို့ တစ်ခုတည်းသောလမ်းကြောင်းပဲ။ သူတို့က အထဲမှာ ရှိနေမှတော့ ငါ ဒီနေ့ သူတို့အားလုံးကို သတ်ရမှာပေါ့။ စောင့်နေ၊ လှုပ်ရှားဖို့ အသင့်ပြင်ထား။ ဒါပေမယ့် ငါ့အမိန့်အတိုင်း လုပ်ကြ။ ယောင်္ကျားကို အသေသတ်၊ မိန်းမကိုတော့ ဘာမှမလုပ်နဲ့။ ငါ သူမနဲ့ ၁၀၈ကြိမ်လောက် လိင်ဆက်ဆံရမယ်"

အမာရွတ်မျက်နှာလူက ပြုံးဖြဲဖြဲလုပ်လိုက်၏"သူ‌ဌေး ကစားပြီး မောပန်းလာရင် ငါတို့ ကစားဖို့ မင်း သူမကို ပေးနိုင်မလား။ ငါ အဲဒီအမျိုးသမီးကို တွေ့ခဲ့တယ်၊ တောက်....သူမက ငါ့မြင်ဖူးသမျှအထဲမှာအလှဆုံးပဲ"

သူဌေးဟွမ်က သူ့အား တစ်ချက်ကြည့်ပြီးနောက် စီးကရက်တစ်လိပ်အား ထုတ်ကာ မီးညှိလိုက်၏။ နှစ်ရှိုက်လောက် ဖွာပြီးနောက် သူက ခေါင်းညိတ်ကာ ပြောလိုက်သည်"ငါမောပန်းတဲ့အထိ စောင့်ပါ၊  ပြီးရင် မင်းတို့ စိတ်ကြိုက်သာလုပ်"

နောက်ထပ်မိနစ်အနည်းငယ်ကြာပြီးနောက် သူဌေးဟွမ်က တင်းပုတ်များကိုင်ထားသောဂိုဏ်းစတားအယောက်နှစ်ဆယ်ကျော်နှင့်အတူ အဂရီခိုလာသို့ ဝင်ရောက်လာခဲ့သည်။ သို့သော် တစ်ခုခုက သူ့အား ပဟေဠိဖြစ်စေသည်။ ယခုက မွန်းတည့်ချိန်ဖြစ်ကာ ပျာပန်းခတ်လှုပ်ရှားနေသင့်သည်။ သို့သော် လက်ရှိတွင် မည်သည့်အတွက်‌ကြောင့် ဧည့်သည်တစ်ယောက်တောင် မရှိနေရသနည်း။

"ဒိီနေရာမှာ တစ်ခုခုမူမမှန်ဘူး"

သူက စင်္ကြန်အား ဖြတ်လျှောက်ကာ အထဲရှိခန်းမသို့ လျှောက်သွားချိန်တွင် သူ့အရှိန်က ရုတ်ခြည်းရပ်သွားပြီး သူက အော်လိုက်၏။

"တစ်ခုခုမှားနေတာလား။ ဘာဖြစ်လို့လဲ၊ သူဌေး" မျက်နှာအမာရွတ်လူကြီးက မေးလိုက်သည်။

သူဌေးဟွမ်က ပတ်ဝန်းကျင်အနေအထားကို ဂရုတစိုက်လေ့လာခဲ့ပြီး လေးလံသောလေသံနှင့် ပြောလိုက်သည်"မင်း မမြင်ဘူးလား။ ငါတို့ အထဲကို ရောက်နေတာ မိနစ်အနည်းငယ်ရှိပြီ၊ အခုထိ ငါတို့ တစ်ယောက်ယောက်ရဲ့အရိပ်တောင် မမြင်ရသေးဘူးမလား။ ငါ ဒီနေရာကို အကြိမ်အနည်းငယ် ရောက်ဖူးတယ်လို့ ပြောခဲ့တယ်မလား။ ဒီနေရာက ဧည့်သည်အများကြီးရှိတဲ့စီးပွားရေးလုပ်ငန်းကောင်းတစ်ခုပဲ၊ ဂိတ်ပေါက်မှာ အစောင့်တွေရှိတယ်၊ ဝန်ထမ်းတွေကလဲ အများကြီးပဲ။  ဒါပေမယ့် အခု ဒီနေရာမှာ တစ်ယောက်မှ ရှိမနေဘူး"

ဒါကို ကြားပြီး မျက်နှာအမာရွတ်လူကြီး၏နှလုံးက ရုတ်တရက် တုန်ခါသွား၏။ ထို့နောက် သူက ချက်ချင်းမေးလိုက်သည်"ငါတို့တွေ သူတို့ရဲ့ထောင်ချောက်ထဲကို ဝင်လာခဲ့တာများလား၊ သူဌေး"

သူဌေးဟွမ်က နက်နက်ရှိုင်းရှိုင်း အသက်ရှုသွင်းပြီးနောက် ချက်ချင်းပြန်ဖြေလိုက်သည်"ဒီနေရာကနေ အရင်ထွက်ပြီး အပြင်ဘက်ကို သွားကြရအောင်"

ဤအချိန်တွင် စုန့်တုံလိုင်က မန်နေဂျာဝမ်နှင့်အတူ ရောက်ရှိလာသည်။ သူဌေးဟွမ်နှင့်သူ၏လူများအား မြင်ပြီးနောက် သူက ပြုံးကာ ပြောလိုက်၏"မင်းက သူဌေးဟွမ်မလား။ မင်း ဒီနေ့ ဒီနေရာကို ဘာလာလုပ်တာလဲ။ ငါ မင်းကို ရန်စထားတယ်လို့တော့ ငါ မထင်ဘူး။ ဒီနေရာကို ဒီလောက်များတဲ့သူတွေ ဘယ်လိုလုပ်ပြီး ခေါ်လာနိုင်တာလဲ။ မင်းက ငါ့ရဲ့အဂရီခိုလာကို ဖျက်ဆီးချင်တာများလား"

စုန့်တုံလိုင်က မည်သူဆိုသည်အား သူဌေးဟွမ်က သိသည်။ ဤလူက စွမ်းရည်အချို့ရှိပြီး ချန်မြို့ထဲတွင် လွှမ်းမိုးမှုရှိသည်ကို သူက ကောင်းကောင်းသိ၏။ ထို့ကြောင့် သူက ခြောက်ကပ်စွာ ပြုံးလျက် ပြော၏"မင်း ငါ့ကို နားလည်မှုလွဲနေတာပဲ၊ သူဌေးဟွမ်။ ငါ ဘာကြောင့် မင်းရဲ့နေရာကို ဖျက်ဆီးရမှာလဲ။ ကလေကချေအနည်းငယ်က မင်းရဲ့နေရာထဲကို ပြေးဝင်သွားတယ်။ ငါတို့က သူတို့ကို လိုက်ဖမ်းဖို့ လာတာပဲ"

စုန့်တုံလိုင်က နားလည်ကြောင်းအကြည့်ကို ပြကာ ပြောလိုက်၏"အာ၊ မင်း ဘယ်သူ့ကို ပြောနေတယ်ဆိုတာ ငါ သိတယ်။ ဒီနေ့ ငါ့မှာ ဧည့်သည်တစ်ဖွဲ့ပဲ ရှိတယ်။ သူတို့အားလုံးက ရုတ်တရက် မမျှော်လင့်ထားတာအချို့ ရှိလာပုံပဲ၊ ပြီးတော့ သူတို့က ထွက်ခွာသွားကြတယ်....."

***

All Chapters