← Chapters

မမြင်နိုင်သောထိုးဖောက်တိုက်ခိုက်မှု

Vol. 65 Ch. 908

မမြင်နိုင်သောထိုးဖောက်တိုက်ခိုက်မှု

Vol. 65 Ch. 908

သူဌေးဟွမ်က အလွန်အံ့အားသင့်သွား၏။ သူက စုန့်တုံလိုင်အား စောင့်ကြည့်နေသော်လည်း သူ၏အမူအရာနှင့်လေသံအရ သူက လိမ်နေပုံမပေါ်ပေ။ သူက တုံ့ဆိုင်းသွားပြီး အမာရွတ်မျက်နှာနှင့်လူအား လှည့်ကြည့်လိုက်သည်။

အမာရွတ်မျက်နှာလူက အလျင်စလိုပြောလိုက်သည် "အဲဒီလူတွေ ဒီနေရာကနေ ဘယ်တော့မှ မထွက်ခွာရသေးဘူးဆိုတာ ငါသေချာပါတယ်။ သူတို့ဝင်သွားကတည်းက ငါတို့တွေ ဂိတ်အပြင်ဘက်မှာပဲ နေခဲ့တာ။ သူဌေး ပြောတာ မှန်တယ်ဆိုရင်၊ အန်ဂရီခိုလာမှာ ဝင်ပေါက်တစ်ခုပဲ ရှိတယ်ဆိုရင်၊ သူတို့က ဒီနေရာမှာပဲ ရှိရမယ်"

"အဲဒီဧည့်သည်တွေက လွန်ခဲ့တဲ့နာရီဝက်လောက်ကတည်းက ထွက်သွားခဲ့တာ" စုန့်တုံလိုင်က ခေါင်းခါယမ်းကာ ပြော၏ "သူတို့က သူတို့ရဲ့ကားကို ဒီနေရာမှာ ချန်ထားခဲ့ပြီး တောင်ကုန်းနောက်ကို  ကမန်းကတန်းထွက်သွားခဲ့တယ်။ သူတို့ကို ကြည့်ရတာ အရမ်းပျာယာခတ်နေပုံပဲ"

သူတို့က ပြေးသွားတာလား။

သူဌေးဟွမ်သာမက မျက်နှာအမာရွတ်လူပါ မှင်တက်သွားပြန်ကာ နှစ်ယောက်လုံးက ဘာလုပ်ရမှန်း မသိတော့ပေ။

အချိန်တစ်ခုကြာပြီးနောက် သူဌေးဟွမ်က ပတ်ပတ်လည်ကို ကြည့်ကာ မေးလိုက်သည်"သူဌေးစုန့်၊ မင်းရဲ့ဒီ‌နေရာက ဒီနေ့ ပုံမှန်နဲ့ မတူသလိုပဲ။ ဒီနေရာမှာ အမြဲတမ်းလိုလို လုပ်ငန်းကောင်းတစ်ခုပါ၊ ငါ အမှတ်ရတာ မမှားရင် ဒီနေရာက‌ ဖောက်သည်တွေနဲ့ ပြည့်နေတာပါ။ ဒီ‌နေ့ကျမှ ဘယ်လိုဖြစ်ပြီး ခြောက်ကပ်နေရတာလဲ။ ဖောက်သည်တွေတစ်ယောက်မှမရှိသလို ဧည့်ခံတဲ့သူတွေလဲ တစ်ယောက်မှမရှိဘူး"

စုန့်တုံလိုင်က ပျော်ရွှင်စွာ ပြုံးကာ ပြော၏"သူဌေးဟွမ်၊ မင်းက တကယ်ကို အလွန်ဗဟုသုတများတဲ့လူတစ်ယောက်ပဲ.....။ ငါ သုံးရက်လောက် ငါ့အလုပ်ကို ရပ်နားထားတယ်ဆိုတာ မင်း မသိဘူးလား။ ငါ ကြီးမားတဲ့အစီအစဥ်တစ်ခုကို ပြင်ဆင်နေတာလေ"

"မင်းမှာ အစီအစဉ်ကြီးတစ်ခု ရှိတာလား။ အဲဒါ ဘာလဲ" သူဌေးဟွမ်က ပဟေဠိဖြစ်သောအမူအရာနှင့် မေးလိုက်သည်"ငါ ပြဿနာတွေ အများကြီးကြုံတွေ့နေရတော့ ဒီနေရာကို လာပြီး ညစာစားဖို့ အချိန်မရှိခဲ့ဘူး"

စုန့်တုံလိုင်က ပြုံးလျက် ပြောလိုက်၏"စောစောရောက်တာက အခွင့်အလမ်းအများဆုံးအခိုက်အတန့်မှာ ရောက်လာတာလောက် မကောင်းပါဘူး။ မင်း ဒီနေ့ ဒီနေရာကို လာတာ ငါ့အတွက် တကယ်ကို ကြီးမားတဲ့ကံကြမ္မာကောင်းတစ်ခုပဲ။ ငါ့ရဲ့အစီအစဉ်ကြီးကတော့ ငါတို့ရဲ့စားဖိုမှူးက ဟင်းလျားအသစ်တွေကို လေ့လာနေတာလေ၊ မကြာသေးမီကပဲ ရလဒ်က အောင်မြင်မှုရလာတယ်။ ဟင်းလျာအသစ်ကို ငါတို့ရဲ့ဖောက်သည်တွေကို မိတ်ဆက်လိုက်တာနဲ့ လူတိုင်းက အကြီးအကျယ်သဘောကျမှာ သေချာတယ်"

သူဌေးဟွမ်က ပြုံးကာ ပြော၏"အာ....ဒီနေ့ငါလာလည်တာက ဘာလို့ မင်းရဲ့ကံကြမ္မာကောင်းဖြစ်ရတာလဲ။ ဟင်းလျာအသစ်တစ်ခုရှိတာ တကယ်ကို ပျော်ရွှင်စရာကောင်းတဲ့အဖြစ်အပျက်တစ်ခုပဲ"

"ကောင်းပြီလေ၊ မင်းက ဘယ်သူလဲဆိုတာ လူတိုင်းက သိတယ်မဟုတ်လား၊ သူဌေးဟွမ်" တုန့်စုံလိုင်က ပြော၏"မင်းက စားကောင်းသောက်ဖွယ်တွေကို အရသာခံတတ်တဲ့သူပဲ။ ငါတို့က ထုတ်ကုန်အသစ်ကို အောင်မြင်စွာ လေ့လာခါစပဲ ရှိသေးတယ်၊ မင်းက ဒီနေရာကို တိုက်တိုက်ဆိုင်ဆိုင်ရောက်လာတယ်။ ဒါက ငါ့အတွက် ကံကြမ္မာကောင်းမဟုတ်လား။ တစ်ယောက်မှ အရသာခံဖို့ စိတ်အားမထက်သန်မှာကို ငါက စိုးရိမ်နေတာ၊ နောက်ဆုံးတော့ မင်း‌ ရောက်လာခဲ့တာပဲ။ ကျေးဇူးပြုပြီး ဒီနေ့ ဒီမှာ နေပြီး မင်းခေါ်လာတဲ့ညီအကိုတွေနဲ့အတူ ငါတို့ရဲ့ဟင်းလျာအသစ်ကို အရသာခံကြည့်ပါ။ မင်းက ကုန်ကျစရိတ်ကို စိုးရိမ်စရာမလိုဘူး၊ အားလုံးအခမဲ့ပဲ။ ဟင်းလျာကို အရသာခံရုံပါပဲ၊ ပြီးရင် မင်းရဲ့အမြင်ကို ငါတို့ကို ပြောပြပေး"

"ဘာ"

သူဌေးဟွမ်က စုန့်တုံလိုင်အား အံ့အားသင့်သောအမူအရာနှင့် ကြည့်လိုက်သည်။ ဤကဲ့သို့အနေအထားတစ်ခုအား ကြုံတွေ့ရမည်ဟု သူ မထင်ထားခဲ့ပေ။ သူက လက်စားချေရန်အတွက် ဤတစ်ကြိမ်တွင် အစိမ်းရောင်ရေကန်အဂရီခိုလာသို့ ရောက်လာခဲ့သည်၊ သူက သူ့ရန်သူများအား မရှာတွေ့ရသေးဘဲ ဒီနေရာ၌ အလကားစားသောက်ခွင့်ရနေသည်လား။

သူက ခေါင်းလှည့်ကာ စိတ်အားထက်သန်သောမျက်နှာနှင့် သူ့နောက်ရှိ လူအယောက်နှစ်ဆယ်ကျော်အား ကြည့်လိုက်သည်။ သူက တစ်ခဏတုံ့ဆိုင်းသွားပြီး ခေါင်းညိတ်ကာ ပြောလိုက်၏"သူဌေးစုန့်၊ ငါတို့ကို ဖိတ်ခေါ်တဲ့မင်းရဲ့ကြင်နာမှုကို ငါတို့ မငြင်းပါဘူး။ ထိုကလေကချေတွေက အဝေးကို ထွက်ပြေးသွားပြီဆိုမှတော့ ငါ နောက်နေ့မှပဲ သူတို့ကို လိုက်ရှာရတော့မှာပေါ့"

"ကောင်းပါပြီ၊ ကျေးဇူးပြုပြီး ထမင်းစားခန်းမဆီ ‌ငါ့နောက်ကနေ လိုက်လာပါ"စုန့်တုံလိုင်က ပြုံးကာ ပြောလိုက်သည်"မင်းတို့တွေ အဲနေရာမှာ ထိုင်ပြီး ဟင်းလျာတွေကို စောင့်နေနိုင်တယ်။ ငါ ဝန်ထမ်းတွေကို ပြင်ဆင်ပြီးတာနဲ့ လာပို့ဖို့ ပြောလိုက်မယ်။ အာ၊ ဟုတ်ပြီ။ သူဌေးဟွမ်က ဒီနေ့ ငါ့ကိစ္စကို ကူညီပေးခဲ့တာဆိုတော့ ငါ့မှာ မဖောက်ရသေးတဲ့နတ်ဘုရားဝတ်ရည်ဝိုင်တစ်ပုလင်းရှိတယ်။ ဘယ်လိုလဲ၊ သောက်မယ်မလား"

"နတ်ဘုရားဝတ်ရည်ဝိုင်လား" သူဌေးဟွမ်၏စိတ်ဝိညာဉ်က မြင့်တက်သွားပြီး သူက တံတွေးမျိုချလိုက်မိသည်။ သူက တုံ့ဆိုင်းခြင်းမရှိ၊ ခေါင်းညိတ် ကာ ပြောလိုက်၏ ကောင်းတယ်၊ ဒါ အရမ်းကောင်းတယ်၊ ငါ နတ်ဘုရားဝတ်ရည်ဝိုင်းကို အရမ်းကြိုက်တာ

****

ချန်မြို့။

အစိမ်းရောင်ရေကန်အဂရီခိုလာမှ ကီလိုမီတာဒါဇင်အကွာရှိလမ်းပေါ်တွင် ဝရမ်ဂလာSUVကားခြောက်စီးက အရှိန်တင်လျက် မောင်းလာနေသည်။

တတိယမြောက်ကားထဲတွင် လျန်ပုက သူ၏နှုတ်ခမ်းကြား၌ စီးကရက်တစ်လိပ်အား ခဲထား၏။ သူ့မျက်လုံးများက သတ်ဖြတ်ခြင်းဆန္ဒဝင်းလက်နေပြီး ဖြတ်ကျော်လာခဲ့သည့်အပြင်ဘက်မြင်ကွင်းများက သူ၏အကြည့်တစ်ချက်ကို ဝေမျှရန်အတွက် လုံလုံလောက်လောက်မဆွဲဆောင်နိုင်ခဲ့ပေ။

ရန်သူက သူ၏ညီလေးအား သတ်ပစ်ခဲ့သည်။ ဤသွေးကြေးက လုံးဝကျေအေးလို့မရနိုင်ပေ။

လျန်မိသားစု၏ခေါင်းဆောင်အနေနှင့် လျန်ပုက သူ၏ဘဝတွင် အခက်အခဲများစွာကို ရင်ဆိုင်ဖြတ်ကျော်ခဲ့ပြီဖြစ်၏၊ လက်ရှိအချိန်ထိ အခံရအခက်ဆုံးအရာက ထိုအမှိုက်များ၏လက်ထဲတွင် သူ၏ညီလေးသေဆုံးသွားသည်အား မြင်တွေ့ခဲ့ရခြင်းပင်။

"အောင်း၊ စုန့်နဲ့ ကုန်းမိသားစုတွေ....."

လျန်ပုက စီးကရက်ကို ပြတင်းပေါက်မှတစ်ဆင့် ပစ်ထုတ်လိုက်သည်။ သူ့နှလုံးသားထဲတွင်ပြည့်နေသောသတ်ဖြတ်ခြင်းဆန္ဒက ပိုသန်မာလာ၏။

"ငါ အောင်းဝေ့၊ စုန့်တုံလိုင်နဲ့ ကုန်းချွမ်တို့ကို အရင်ဖယ်ရှားရမယ်။ နှစ်ပေါင်းများစွာသီးခြားကျင့်ကြံနေတဲ့ဘိုးဘေးနှစ်ယောက်အပြင် မိသားစုရဲ့ကျွမ်းကျင်သူတွေကို ခေါ်ဖို့ ငါ အများအပြားကုန်ကျခဲ့ရတယ်။ ငါ မင်းတို့ သုံးယောက်ကို မသတ်နိုင်ရင် လူမလုပ်တော့ဘူးလို့ ငါ ကျိန်ဆိုတယ်....."

"မင်းတို့သုံးယောက်ကို ရှင်းပြီးရင် မင်းတို့မိသားစုသုံးစုရဲ့အလှည့်ပဲ။ ငါ့လျန်မိသားစုက မင်းတို့မိသားစုတစ်စုမှ မကြောက်ဘူး။ ဒါပေမယ့် ငါ သုံးစုလုံးကို တစ်ပြိုင်နက်တည်း မရင်ဆိုင်နိုင်ဘူး။ ငါ့ရဲ့အင်အားကို တည်ဆောက်ပြီးတဲ့အချိန်ထိ စောင့်ပါ။ တစ်နေ့ကျရင် ငါ မင်းတို့မိသားစုသုံးစုလုံးကို အမြစ်ကနေ လှန်ပစ်မယ်"

ရုတ်တရက် မီးတောက်တစ်ခုက သူ၏လက်ဖဝါးမှ ထွက်ပေါ်လာသည်။ ကြက်ဥအရွယ်အစားမီးတောက်က ပြင်းထန်သောအပူကို ထုတ်လွှတ်ခဲ့ပြီး SUVထဲရှိအပူချိန်က ရုတ်ခြည်းမြင့်တက်လာ၏။

"ခေါင်းဆောင်" ခရီးသည်ထိုင်ခုံတွင် ထိုင်နေသော လျန်ဖမ်းက တိုးတိုးလေးအော်လိုက်သည်။

လျန်ပုက သူ့အားကြည့်ကာ မီးတောက်အား ချက်ချင်းရုတ်သိမ်းလိုက်၏။ ထို့နောက် သူက မေးလိုက်၏"ငါတို့တွေ ပစ်မှတ်နဲ့ ဘယ်လောက်ဝေးသေးလဲ"

"သုံးဆယ်ကီလိုမီတာကျော်" လျန်ဖမ်းက ပြန်ဖြေ၏။

လျန်ဖမ်းက တစ်ခဏငြိမ်သက်သွားပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်သည်"ငါ မင်းကို ပြောခဲ့တာကို စိတ်ထဲမှာ မှတ်ထားပါ။ မင်းမှာ အန္တရာယ်ရှိလာရင် ဖြစ်နိုင်သမျှ မြန်မြန်လွတ်အောင် ထွက်ပြေးပါ။ ငါ စိတ်တထင့်ထင့်ဖြစ်နေတယ်။ ငါတို့ကို ထောင်ချောက်တစ်ခုက စောင့်ကြိုနေသလိုပဲ"

"ဒါက တကယ်ကို ထောင်ချောက်တစ်ခုပဲ" လျန်ဖမ်းက ပြောလိုက်သည်"ဒါပေမယ့် ထောင်ချောက်တွေမှာလဲ ခြားနားချက်တွေ ရှိပါတယ်။ ထောင်ချောက်က သေးလွန်းပြီး သားကောင်းကြီးတွေကို ရင်ဆိုင်ဖို့ အားနည်းတယ်ဆိုရင် အဲဒါက အသုံးဝင်မှာမဟုတ်ဘူး။ ငါတို့က ဒီတစ်ကြိမ် ဘိုးဘေးနှစ်ယောက်ကိုတောင် ဖိတ်ခေါ်ခဲ့တာပဲ။ သူတို့က ပျံသန်းဖို့ စွမ်းရည်ရှိရင်တောင် သူတို့က သူတို့ရဲ့ဖန်ဆင်းရှင်နဲ့ တွေ့မှာ အသေအချာပဲ"

လျန်ပုက တစ်ခဏတိတ်ဆိတ်ငြိမ်သက်သွား၏။ ထို့နောက် သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်"ဒါပေမယ့် ငါတို့ ဂရုမစိုက်လို့မရဘူး။ ရှောင်ယာက မျက်နှာသစ်တစ်ယောက်ပဲ၊ ဒါကြောင့် သူ့ကို အရင်သွားခိုင်းပြီး သတင်းတွေ ကြိုယူခိုင်းရမယ်"

"ရှောင်ယာက အရိပ်ပညာက်ို လေ့ကျင့်ဖို့အတွက် တကယ်ကို ပါရမီရှင်တစ်ယောက်ပဲ " လျန်ဖမ်းက ပြုံးလျက် ပြော၏"စုန့်တုံလိုင်ရဲ့နေရာက အန္တရာယ်တွေ ဖုံးကွယ်ထားရင်တောင် သူ့အတွက် ပြဿနာတစ်ခုမဟုတ်ဘူး"

ကားခြောက်စီးက အစိမ်းရောင်ရေကန်အဂရီခိုလာမှကီလိုမီတာအနည်းငယ်အကွာတွင် ရပ်နားခဲ့သည်၊ အနက်ရောင်လေ့ကျင့်ရေးဝတ်စုံနှင့်အနက်ရောင်ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားသော လူငယ်တစ်ယောက်က ဒုတိယကားမှ ထွက်လာ၏။ သူက ပတ်ပတ်လည်ကို တစ်ချက်ကြည့်ပြီးနောက် အစမ်းရောင်ရေကန်အဂရီခိုလာသို့ လျင်မြန်စွာ ပြေးသွားတော့၏။

သူက ရှောင်ယာ- သူ၏ထူးခြားသောစွမ်းရည်ကြောင့် ကလေးဘဝကတည်းကလေ့ကျင့်ထားသောလျန်မိသားစု၏ပါရမီရှင်တစ်ယောက်။ လူမဆန်သောလေ့ကျင့်မှုများကို အသုံးပြုကာ သူက သတ်ဖြတ်ခြင်း၊ ခြေရာခံခြင်းနှင့် စုံစမ်းထောက်လှမ်းခြင်းတို့တွင် ကြောက်စရာကောင်းသောစွမ်းရည်ကို ပိုင်ဆိုင်သည့် လူတစ်ယောက်ဖြစ်လာခဲ့၏။ သူက ပြည်ပမှ သတ်ဖြတ်ခြင်းမစ်ရှင်တစ်ခုကိုတောင် ရယူခဲ့ပြီး သုံးနှစ်အတွင်း၌ 'သေရွာပြန်အရိပ်'ဟူသောနာမည်ပြောင်အား ရရှိခဲ့ကာ ကမ္ဘာတစ်ဝှမ်းရှိထိပ်ဆုံးကြေးစားလူသတ်သမားအယောက်နှစ်ဆယ်ထဲတွင် တစ်နေရာကို ရယူနိုင်ခဲ့သည်။

နောက်ထပ်မိနစ်အနည်းငယ်ကြာပြီးနောက် ရှောင်ယာက အစိမ်းရောင်ရေကန်အဂရီခိုလာနှင့် နီးကပ်လာသည်။ ရုတ်တရက် သူ့ပုံရိပ်က အကြိမ်အနည်းငယ် လှုပ်ယမ်းသွားပြီး ရိတ်ခနဲလှုပ်ရှားသွား၏၊ ထို့နောက် သူက နေရောင်အောက်၌ ပျောက်ကွယ်သွားပြီး လှိုင်းဂယက်အတက်အကျများကိုသာ ချန်ထားခဲ့ကာ သူက အလွယ်တကူဝင်ရောက်သွားခဲ့သည်ဆိုသည်အား ပြသခဲ့လေတော့သည်။

"ဒါ တကယ်ကို ထောင်ချောက်တစ်ခုပဲ"

ရှောင်ယာက အဂရီခိုလာ၏လျှို့ဝှက်ချောင်များ၌ ထွက်ပေါ်လာပြီး ထိုနေရာတွင် ကျွမ်းကျင်သူဒါဇင်ကျော် ပုန်းအောင်းနေသည်ကို မြင်တွေ့ခဲ့ရ၏။ သူက ယေဘုယျအနေအထားကို လျင်မြန်စွာ သုံးသပ်လိုက်၏။ ထို့နောက် သူက ဒီနေရာမှ ထွက်ခွာသွားတော့မည့်အခိုက်တွင် သူ၏အမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

"ချီး....ဒါက ဘာလဲ"

မမြင်နိုင်သောစွမ်းအင်ဒိုင်းတစ်ခုက သူ၏လမ်းအား တားဆီးခဲ့သည်။

အစိမ်းရောင်ရေကန်၏လျှို့ဝှက်အခန်းတစ်ခုအထဲတွင် အောင်းဝေ့၏အမူအရာက အကြီးအကျယ်ပြောင်းလဲသွားပြီး သူက အော်ပြောလိုက်၏"အပြင်ဘက်ကို မြန်မြန်သွားစုံစမ်းကြစမ်း။ တစ်ဖက်လူက ဘယ်သူလဲဆိုတာ သွားကြည့်ကြ။ တစ်ယောက်ယောက်က သွေးစပါးအုံးအစီအရင်ကနေ ထွက်သွားချင်နေတယ်"

"ဟုတ်ကဲ့ပါ"

လူလေး‌ယောက်က အခန်းထဲမှ တစ်ပြိုင်နက်တည်း ပြေးထွက်လာ၏။ လေးယောက်စလုံးက ဆယ်မိနစ်ကြာ ရှာဖွေခဲ့သော်လည်း တစ်ယောက်ယောက်ထွက်သွားဖို့ကြိုးစားနေသည့်မြင်ကွင်းအား ရှာမတွေ့နိုင်ခဲ့ပေ။

"ဒီနေရာမှာ တစ်ယောက်မှ မရှိဘူး၊ သူဌေး" လေးယောက်ထဲမှတစ်ယောက်က စကားပြောစက်ကို အသုံးပြုလျက် သတင်းပို့လိုက်၏။

"တစ်ယောက်ယောက်က ဒီနေရာကနေ ထွက်သွားဖို့ သေချာပေါက် ကြိုးစားနေတာ" အောင်း‌ဝေ့က လေးနက်စွာ ပြော၏"သွေးစပါးအုံးအစီအရင်ကို ထိတွေ့ပြီး သူက အစီအရင်ဖန်တီးထားတဲ့စွမ်းအင်ဒိုင်းကို အဆက်မပြတ်တိုက်ခိုက်နေတုန်းပဲ။ ဂရုတစိုက်ရှာကြစမ်း၊ မင်းရဲ့အဖွဲ့ကို လူတွေ ထပ်ခေါ်သွား။ မင်းတို့ အဲဒီလူကို တွေ့အောင်ရှာရမယ်"

"နားလည်ပါပြီ"

လူအရေအတွက်က နှစ်ဆယ်ကျော်အထိ တိုးလာခဲ့သည်။ သူတို့က ထိုးဖောက်လာသူအား ဘယ်လောက်ပဲ ကြိုးစားရှာနေသော်လည်း သူတို့က ထိုလူ၏ခြေရာလက်ရာကိုတောင် မရှာတွေ့နိုင်ခဲ့ပေ။

ကုန်းချွမ်က ဓားမြှောင်တစ်လက်ကို ကိုင်လျက် အဂရီခိုလာ၏ဂိတ်တွင် ရုတ်ချည်း ထွက်ပေါ်လာ၏။ အေးစက်စက်အလင်းတစ်ခုက သူ၏မျက်လုံးထဲတွင် အရောင်လက်နေပြီး သူက ပတ်ဝန်းကျင်ကို ဂရုတစိုက်ရှာဖွေခဲ့၏။ ရုတ်တရက် သူ၏မီတာအနည်းငယ်အကွာရှိလေက ဂယက်ထသွားပြီး သူ၏အမူအရာအား ပြောင်းလဲသွားစေခဲ့သည်။ တုံ့ဆိုင်းမနေဘဲ သူက လေဂယက်ဆီ တစ်ဟုန်ထိုးပြေးဝင်သွားခဲ့၏။

"သေစမ်း"

ဓားမြှောင်က ပစ်မှတ်အတိအကျမရှိဘဲ ဝှေ့ယမ်းသွားခဲ့၏။ သို့သော် ကုန်းချွမ်က စက္ကန့်အနည်းငယ်ကြာ ဝှေ့ယမ်းပြီးနောက် သွေးရာတစ်ခုက လေထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။ ထို့နောက် လျှပ်တစ်ပြက်အတွင်း အနက်ရောင်လေ့ကျင့်ရေးဝတ်စုံကိုဝတ်ဆင်ထားသောရှောင်ယာက ထွက်ပေါ်လာပြီး တစ်ချိန်တည်းတွင် သူ၏လက်ထဲရှိလှံတိုနှစ်ချောင်းအား ကုန်းချွမ်၏လည်ချောင်းနှင့်မျက်ခုံးနှစ်ဖက်ကြားသို့ ပစ်လွှတ်လိုက်၏။

"ချီးပဲ....."

ကုန်းချွမ်ကုန်တိုင်က မှင်တက်စရာကောင်းသောခွန်အားကို ပိုင်ဆိုင်ထားသည်။ တကယ်တမ်းအားဖြင့် သူက သိုင်းဆရာကြီးအဆင့်အား ချိုးဖြတ်ထားပြီဖြစ်၏။ ထိုအန္တရာယ်က သူ့အား ချဉ်းကပ်လာနေသည်ကို သူက မြင်နိုင်ပြီး ဘေးသို့ တစ်မီတာဝက်လောက် လျင်မြန်စွာ ရွေ့လျားသွားခဲ့ကာ သူ၏လည်ချောင်းနှင့်မျက်ခုံးနှစ်ဖက်အား ထိုးဖောက်လာသောလှံတံများအား ရှောင်တိမ်းလိုက်သည်။ သို့သော် လှံတံက သူ၏ပါးပြင်အား ခြစ်မိသွားခဲ့ပြီး ဒဏ်ရာတစ်ခုအား ချန်ထားရစ်ခဲ့၏။

"မင်း ဘယ်သူလဲ"ကုန်းချွမ်က အော်ပြီး ရှောင်ယာအား စိန်းစိန်းဝါးဝါးကြည့်ပြီးနောက် ခုနှစ်မီတာကျော်အကွာသို့ နောက်ဆုတ်သွားခဲ့၏။

ရှောင်ယာက မျက်မှောင်ကြုတ်လိုက်သည်။ သို့သော် သူက ကုန်းချွမ်အား အထင်အမြင်သေးစွာ ကြည့်ပြီးနောက် သူ့ပုံရိပ်က ရုတ်တရက် ပျောက်ကွယ်သွားခဲ့၏။ သူ၏အရှိန်က အလွန်မြန်ပြီး သူ့ကိုမြင်နိုင်သောကုန်းချွမ်၏စွမ်းရည်မရှိသည့်အခါတွင် သူက အဂရီခိုလာထဲသို့ ပြေးဝင်သွားခဲ့၏။

"ကိုယ်ပျောက်စွမ်းရည်လား။ အားလုံးပဲ၊ နားထောင်ကြစမ်း။ မင်းတို့ရဲ့အနီးပတ်ဝန်းကျင်ကို ‌သေချာအာရုံစိုက်ကြ။ အမှိုက်တစ်ကောင်က ဒီနေရာကို ထိုးဖောက်လာတယ်။ သူက ကိုယ်ပျောက်စွမ်းရည်ရှိတယ်"

လျှပ်တစ်ပြက်အတွင်း လူများစွာက သူ၏အသံကို ကြားလိုက်ရ၏။

ထမင်းစားခန်းတွင် သူဌေးဟွမ်နှင့်သူ၏‌လူနှစ်ဆယ်ကျော်က ဟင်းပွဲနှင့်ဝိုင်များအား စောင့်နေ၏၊ အခုထိ တစ်ယောက်မှ သူတို့အား လာမပို့သေးရကာ သူ့အား အနည်းငယ်မကျေမနပ်ဖြစ်စေခဲ့သည်။

"ဘယ်သူအော်နေတာလဲ"

မျက်နှာအမာရွတ်နှင့်လူက အော်သံကို ကြားလိုက်သော်လည်း ရှင်းရှင်းလင်းလင်းမကြားခဲ့ရပေ၊ သို့ကြောင့် သူက စိတ်ရှုပ်ထွေးသောမျက်နှာနှင့် ချက်ချင်း မေးလိုက်သည်။

"တစ်ယောက်ယောက်က အော်ဟစ်နေပုံပဲ၊ ဒါပေမယ့် သူ ဘာအော်လဲဆိုတာ ငါလဲ မကြားဘူး" သူဌေးဟွမ်က သိချင်စိတ်နှင့် ပြန်တုံ့ပြန်လိုက်သည်"ဒါ တကယ်ကို ဆန်းကြယ်တာပဲ....ဒီနေ့ ဒီအဂရီခိုလာက နည်းနည်းထူးဆန်းနေတယ်...."

***

All Chapters