← Chapters

သန္ဓေသားကိုးယောက်တစ္ဆေတစ်ရာအလံ။

Vol. 65 Ch. 909

သန္ဓေသားကိုးယောက်တစ္ဆေတစ်ရာအလံ။

Vol. 65 Ch. 909

တောင်ခါးပန်းလယ်ရှိညီညာပြန့်ပြူးသောမြေကွက်လပ်မှမီတာတစ်ရာအကွာအတွင် ထန်ရှုက လက်နောက်ပစ်လျက် အစိမ်းရောင်ရေကန်အဂရီခိုလာရှိအနေအထားကို တည်ငြိမ်စွာ စောင့်ကြည့်နေခဲ့သည်။ ကုန်းချွမ်နှင့်ရှောင်ယာတို့အကြားရှိခဏတာတိုက်ခိုက်မှုကို အခြားသူများက ရှင်းလင်းစွာ မမြင်နိုင်သော်လည်း သူက ရှင်းရှင်းလင်းလင်းမြင်နိုင်သည်။

"ကိုယ်ပျောက်ပညာလား"

ကမ္ဘာမြေပေါ်တွင် ဒီလိုဆန်းပြားသောကိုယ်ပျောက်နည်းစနစ်တစ်ခုရှိမည်ဟု သူက မမျှော်လင့်ထားခဲ့ပေ၊ အနက်ရောင်ဝတ်စုံနှင့်လူငယ်က အစိမ်းရောင်ရေကန်အဂရီခိုလာထဲသို့ မည်သို့ခိုးဝင်လာသလဲဆိုသည်ကို သူတောင် သတိမပြုမိခဲ့ပေ။

သူ့ဘေးနားရှိ မိုအားဝူက မျက်မှောင်ကြုတ်ကာ လေးနက်စွာ ပြော၏"အဲဒါက သေရွာပြန်အရိပ်ပဲ၊ သူဌေး"

ထန်ရှုက ခေါင်းလှည့်ကာ သိချင်စိတ်အပြည့်နှင့် မေးလိုက်သည်"မင်း သူ့ကို သိလား"

"ဒီကောင်ရဲ့အသွင်အပြင်က ငါဖတ်ဖူးတဲ့အစီအရင်ခံစာတစ်ခုထဲကနဲ့ ကိုက်ညီတယ်" မိုအားဝူက ခေါင်းညိတ်ကာ ပြော၏"သူ့ရဲ့သေရွာပြန်အရိပ်က သူ့ရဲ့ကိုယ်ပျောက်စွမ်းရည်နဲ့ လိုက်ဖက်ညီတယ်။ သူက လေထဲမှာ ပေါ်နိုင်ပျောက်နိုင်တယ်။ ဒီလူက ကမ္ဘာ့ထိပ်တန်းလူသတ်သမားအယောက်နှစ်ဆယ်စာရင်းထဲဝင်တယ်- အရှေ့တောင်အာရှနဲ့အာဖရိကတိုက်ရဲ့အချို့နေရာတွေမှာ လူမဆန်တဲ့အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို ပြုလုပ်ခဲ့တဲ့ သွေးအေးတဲ့သားရဲတစ်ကောင်ပဲ။ သူက စိတ္တဇလူသတ်သမားတစ်ယောက်နဲ့တူတယ်။ သူက သူ့မစ်ရှင်ရဲ့ပစ်မှတ်ကို သတ်ရုံတင်မက အပြစ်မဲ့တဲ့လူတွေကိုလဲ အကြောင်းမဲ့သတ်ဖြတ်ခဲ့တယ်။ ငါသိရသလောက် သူ့လက်ထဲမှာသေသွားခဲ့ရတဲ့အပြစ်မဲ့သူတွေရဲ့အရေအတွက်က တစ်ထောင်ကျော်လောက်တယ်"

ထန်ရှု၏အမူအရာက အေးစက်သွားပြီး သူက မေးလိုက်သည်"ဒါဆို သူက လျန်မိသားစုရဲ့လူပေါ့"

"အဲဒါတော့ ငါ မသိဘူး" မိုအားဝူက ခေါင်းခါယမ်းကာ ပြော၏"သူ့ရဲ့ဇစ်မြစ်က အရမ်းဆန်းကြယ်တယ်။ သူ့ကိုပိုင်ဆိုင်တဲ့လူသတ်သမားအဖွဲ့အစည်းကတောင် သူနဲ့ပတ်သက်ပြီး အသေးစိတ်မသိဘူး။ သူက တိုင်းပြည်အမျိုးမျိုးမှာ အကြောင်းမဲ့သက်သက်သတ်ဖြတ်ခဲ့တယ်၊ ပြီးနောက် ခြေရာလက်ရာမကျန်ဘဲ နှစ်အနည်းငယ်အကြာ ပျောက်ကွယ်သွားခဲ့တယ်"

ထန်ရှုက ခေါင်းညိတ်ကာ တုံ့ပြန်လိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။

အစိမ်းရောင်ရေကန်အဂရီခိုလာထဲတွင် ရှောင်ယာ၏မျက်နှာတစ်ခုလုံးက တင်းမာနေသည်။ သူက သူ၏ကိုယ်ပျောက်နည်းစနစ်ကို အသက်သွင်းကာ ပုန်းကွယ်နေသော်လည်း သူက စိတ်အေးသည်ဟု မခံစားရပေ။ သူက လူအများအား အကြောင်းမဲ့သက်သက်သတ်ဖြတ်လေ့ရှိခဲ့သော်လည်း ယခုကဲ့သို့ ကြောက်လန့်ရသည့်အခြေအနေအား ဘယ်သောအခါမှ မရှိခဲ့ပေ။ ဤနေရာက ထူးဆန်းလွန်းသည်ကို သူက တွေ့ရှိခဲ့သောကြောင့်ပင်။ သူက အထဲကို ချောမွေ့စွာ ဝင်နိုင်သော်လည်း လုံးဝမထွက်ခွာနိုင်‌ပေ။

"ဒီစွမ်းအင်ဒိုင်းက အတိအကျဘာလဲဟ"

ရှောင်ယာက သူ့ထံမှ မီတာဒါဇင်အကွာရှိ နံရံထောင့်အား ကြည့်လိုက်၏။ ထိုနေရာတွင် တောအုပ်ဓားများနှင့်လူနှစ်ယောက်က သတိအပြည့်ထားလျက် ရှာဖွေနေသည်၊ သူတို့က သူတို့၏အရှိန်အဝါကို ဖိနှိပ်ထားခဲ့သည်။ သူက ထိုနှစ်ယောက်အား မတိုက်ခိုက်ခဲ့ပေ၊ အခြားဦးတည်ဘက်နှစ်ခုတွင် ပုန်းကွယ်နေသောကျွမ်းကျင်သူခြောက်ယောက်ရှိသောကြောင့်ပင်၊ သူတို့က အချိန်မရွေးချောင်းမြောင်းတိုက်ခိုက်ဖို့ အသင့်ရှိသည်။ သူက ဤလူနှစ်ယောက်အား တိုက်ခိုက်သည်နှင့် အခြားဦးတည်ဘက်မှလူများက သူ့အား ချက်ချင်း ရှာတွေ့သွားပေလိမ့်မည်။

သူ၏လေ့လာစောင့်ကြည်မှုမှတစ်ဆင့် ဤရန်သူက မသန်မာလှသည်ကို သူက ပြောနိုင်သည်။ သို့သော် ဘာကြောင့်မှန်းမသိ၊ သူက ကြောက်ရွံ့မှုကို ခံစားနေရသည်။ ကြောက်စရာကောင်းသောအရာအချို့က သူ့အား တစ်နေရာရာမှ စောင့်ကြည့်နေသကဲ့သို့ပင်။ သူ့အား ဘယ်အချိန်မဆို ရိုက်နှက်ရန် စောင့်နေသည့်အလားပင်။

"ငါ ဒီနေရာကနေ ထွက်ပြီး ခေါင်းဆောင်ကို အကြောင်းကြားဖို့ နည်းလမ်းတစ်ခုကို ရှာရမယ်။ မဟုတ်ရင် အလျင်စလိုပြေးဝင်လာမယ့်ဘယ်မိသားစုအဖွဲ့ဝင်မဆို ရိတ်သိမ်းခံလိုက်ရလိမ့်မယ်"

အစိမ်းရောင်ရေကန်အဂရီခိုလာမှကီလိုမီတာအနည်းငယ်အကွာတွင်။

SUVကားခြောက်စီးက လမ်းဘေးတွင် ရပ်ထားပြီး လက်ရှိတွင် လျန်ပုက ဆေးလိပ်သောက်နေ၏။ သူ့မျက်လုံးများက အချိန်နှင့်အမျှ ပြောင်းလဲနေပြီး ကိစ္စအချို့အား တွေးနေသလိုပင်။

"ပုအာ"

ဆံဖြူအဘိုးကြီးနှစ်ယောက်က ‌ရောက်လာသည်။ သူတို့၏မြင့်မားသောခန္ဓာကိုယ်မှ မွန်းကျပ်ဖွယ်ရာကောင်းတဲ့အရှိန်အဝါအား ထုတ်လွှတ်ရင်း သူတို့က အလွန်တည်ငြိမ်သောခြေလှမ်းများနှင့်အတူ လျှောက်လမ်းလာခဲ့ကြသည်။

လျန်ပုက စီးကရက်အား အမြန်ပစ်ထုတ်ကာ ပြန်ဖြေလိုက်၏"ဘိုးဘေး"

လျန်မိသားစု၏ဘိုးဘေးနှစ်ယောက်အား လျန်ဝမ်ထျန်းနှင့်လျန်ဝမ်ရှင်းဟုခေါ်သည်။ ထို့နောက် လျန်ဝမ်ထျန်းက မေးလိုက်၏"သူတို့ဘယ်မှာလဲဆိုတာ မင်း သိပြီးသားမလား။ ဒါဆို မင်း ဘာလို့ မထွက်သွားသေးတာလဲ"

"အစိမ်းရောင်ရေကန်အဂရီခိုလာကို ကင်းထောက်ဖို့ ငါ ရှောင်ယာကို လွှတ်ထားတယ်" လျန်ပုက ပြော၏"သူ့ရဲ့စွမ်းရည်အရ အဲ့‌နေရာရဲ့အနေအထားကို သူ အလွယ်တကူရှာဖွေနိုင်သင့်တယ်။ ဒါပေမယ့် သူ အခုထိ မပြန်လာရသေးဘူး"

"ငါတို့မိသားစုရဲ့လက်ရွေးစင်အားလုံးက ဒီအချိန်မှာ ထွက်လာတာပဲ၊ လျှို့ဝှက်ဂိုဏ်းရဲ့မိသားစုအချို့ရဲ့ထိုအကောင်တွေနဲ့ရင်ဆိုင်ဖို့အတွက် မင်းက ဘာလို့ ဒီလောက်ထိ သတိထားနေတာလဲ" လျန်ဝမ်ထျန်းက မေးလိုက်သည်"ငါ မင်းကို ပြောမယ်၊ အခုပဲ သွားပြီး ဒင်းတို့ကို တိုက်ရိုက်ဖျက်ဆီးကြမယ်"

"တိုက်ပွဲမှာ အမြဲတမ်းအောင်မြင်မှုရဖို့ ငါတို့ရဲ့ရန်သူနဲ့ငါတို့ကိုယ်ငါတို့သိရမယ်ဆိုတာ မင်းလဲ သိပါတယ်၊ ဘိုးဘေး" လျန်ပုက ခပ်မြန်မြန်ဖြေလိုက်၏"ငါတို့ ဒီအမှိုက်တွေကို လုံးဝဖယ်ရှားနိုင်တယ်ဆိုတာ ငါက သံသယမရှိပါဘူး။ ဒါပေမယ့် ငါက မိသားစုခေါင်းဆောင်လေ၊ ဒါပြောင့် ငါ့မိသားစုရဲ့အဖွဲ့ဝင်တွေကို ငါ စဉ်းစားရမယ်။ ရန်သူရဲ့အနေအထားကို သိပြီးရင် ငါတို့‌တွေ ပိုကောင်းတဲ့အစီအစဉ်တစ်ခုကို ဆွဲရမယ်၊ ဒါမှ ငါတို့မိသားစုဝင်အချို့ရဲ့ဆုံးရှုံးမှုကို လျော့ချနိုင်မှာ"

လျန်ဝေ့ထျန်းက တစ်ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်"မင်းပြောတာတွေက အဓိပ္ပါယ်ရှိတယ်။ ငါတို့အားလုံး ရှောင်ယာရဲ့စွမ်းရည်ကို သိထားတာပဲ။ သူက အခုထိ ပြန်မလာသေးဘူးဆိုတော့ အစိမ်းရောင်ရေကန်အဂရိခိုလာက ရိုးရှင်းတဲ့အနေအထားတစ်ခုမဟုတ်ဘူးလို့ ဆိုလိုတယ်။ ကောင်းပြီ၊ ဒါဆိုလဲ စောင့်ကြတာပေါ့။ ရှောင်ယာက ဆယ်မိနစ်အတွင်း မပြန်လာရင် ငါတို့တိုက်ရိုက်ဝင်‌ရောက်တိုက်ခိုက်ဖျက်ဆီးကြမယ်"

လျန်ပုက တွေးဆပြီး‌နောက် ပြောလိုက်၏"ဒါဆိုလဲ မင်းတို့ကိုပဲ ငါတို့ အားကိုးရမှာပဲ၊ ဘိုးဘေး"

တစ်ချိန်လုံးတိတ်ဆိတ်‌နေသောလျန်ဝမ်ရှင်းက ရုတ်တရက်‌ ကြားဖြတ်ပြောလိုက်သည်"ငါ့ရဲ့သန္ဓေသားကိုးယောက်တစ္ဆေတစ်ရာအလံက ဝိညာဉ်၃၉ခု လိုနေသေးတယ်။ ရန်သူရဲ့အရေအတွက်က ၃၉ယောက်ထက် နည်းရင် မင်း ငါ့အတွက် သာမန်လူအချို့ကို ဖမ်းပေးရမယ်။ မင်းရဲ့ရန်သူတွေလိုအသေးအဖွဲအရာတွေကို ရင်ဆိုင်ဖို့အတွက်လောက်နဲ့ ငါက သီးခြားကျင့်ကြံရာ‌ကနေ ထွက်လာချင်တာမဟုတ်ဘူး"

လျန်ပုက စိတ်ထဲတွင် တုန်လှုပ်သွားသော်လည်း သူက တလေးတစားပြန်ဖြေလိုက်သည်"မင်း စိတ်အေးအေးထားပါ၊ ဘိုးဘေး။ ဝိညာဉ်၃၉ခုကို စုဆောင်းဖို့အတွက် ငါ မင်းကို သေချာပေါက် ကူညီမှာပါ"

လျန်ဝမ်ရှင်းက ကျေနပ်စွာ ခေါင်းညိတ်ပြီးနောက် သူက ချီးကျူးလိုက်၏"ငါတို့လျန်မိသားစုကို မင်းကို အပ်နှံခဲ့တာက တကယ်ကို ဉာဏ်ရှိတဲ့ဆုံးဖြတ်ချက်တစ်ခုပဲ။ ငါတို့လျန်မိသားစုကို လျှို့ဝှက်ဂိုဏ်းထဲမှာ အသန်မာဆုံးဖြစ်ချင်ရင် မင်းက ကြမ်းတမ်းရက်စက်ရမယ်။ မိသားစုက သန်မာနိုင်သရွေ့ ငါတို့က အကြောင်းမဲ့သတ်ဖြတ်ပြီး ကမ္ဘာကြီးကို ကျွမ်းထိုးမှောက်ခုံလုပ်ရင်တောင် ဘာအရေးလဲ"

"ငါ နားလည်ပါတယ်" လျန်ပုက ရိုသေလေးစားစွာ ပြန်ဖြေ၏။

ဆယ်မိနစ်ကျော်က ကုန်ဆုံးသွားခဲ့သည်။ ရှောင်ယာက မပြန်လာသေးသော်လည်း လျန်မိသားစု၏လူများက SUVကားခြောက်စီးကို အစိမ်းရောင်ရေကန်အဂရီခိုလာသို့ မောင်းနှင်သွားခဲ့သည်။ ဘိုးဘေးနှစ်ယောက်က ပြောခဲ့သောကြောင့် ဖြစ်၏၊ သို့ဖြစ်၍ သူက အနည်းငယ်စိုးရိမ်နေလျှင်တောင်မှ တိုက်ခိုက်မှုကို စတင်ဖို့ လျန်ပုက ဆုံးဖြတ်ခဲ့သည်။ လှည့်ကွက်တိုင်းက အကြွင်းမဲ့စွမ်းအား၏အရှေ့တွင် အချည်းနှီးဖြစ်သွားရလိမ့်မည်ဟု သူတို့က ယုံကြည်၏။ သူတို့က လုံလုံလောက်လောက်အားကောင်းနေသရွေ့ အစိမ်းရောင်ရေကန်အဂရီခိုလာတွင် သူတို့အား စောင့်မျှော်နေသောထောင်ချောက်ကြီးတစ်ခုရှိရင်တောင် သူတို့အတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်လိမ့်မည်မဟုတ်ပေ။

လက်ရှိတွင် အစိမ်းရောင်ရေကန်အဂရီခိုလာ၏အတွင်းခန်းမထဲတွင် လီချမ်းက သူဌေးဟွမ်နှင့်အတူ ရှိနေသည်။ သို့သော် သူဌေးဟွမ်ကမူ စိတ်အခြေအနေကောင်းမနေပေ။ တမြန်မနေ့က သူ မည်သို့အရိုက်ခံခဲ့ရသည်ကို အမှတ်ရကာ လီချမ်းအား တစ်ချိန်လုံး အေးတိအေးစက်မျက်နှာနှင့် ပြောနေခဲ့၏။

"သူဌေးစုန့်၊ မင်းရဲ့အသစ်ဖန်တီးထားတဲ့ဟင်းလျားတွေကို ဘယ်အချိန်ကျမှ ပို့မှာလဲ။ ငါတို့စောင့်နေတာ အတော်ကြာပြီ၊ ငါတို့ ထပ်မစောင့်နိုင်တော့ဘူး" စုန်တုံလိုင်က ခန်းမထဲသို့ ဝင်လာသည်ကို မြင်သောအခါ သူဌေးဟွမ်က မကျေမနပ်မပျော်မရွှင်အမူအရာနှင့် အော်လိုက်သည်။

"မကြာခင် ရတော့မှာပါ၊ သူဌေးဟွမ်" စုန့်တုံလိုင်က ပြန်ဖြေလိုက်သည်"အာ၊ မင်းလဲ ရောက်နေတာလား၊ ညီလေးချမ်း။ မင်းလဲ သူဌေးဟွမ်ကို သိတာလား"

လီချမ်းက စုန့်တုံလိုင်အား ဖုန်းဖြင့် အစီအစဉ်အား ဆွေးနွေးခဲ့ပြီဖြစ်၏၊ သို့ကြောင့် သူက သူ၏ဇာတ်ညွှန်းတစ်ခုကို သရုပ်ဆောင်ခဲ့၏"ငါ သူဌေးဟွမ်ကို သိတာပေါ့၊ ဝမ်းကွဲ။ သူက ငါ့ရဲ့သူဌေးကြီးလေ။ အာ၊ ဟုတ်တယ်။ ငါ့သူဌေးက ဒီနေရာကို ညစာစားဖို့လာမှတော့ မင်း အနည်းဆုံး လေးဆယ်ရာခိုင်နှုန်းလျော့ဈေးကို ပေးရမယ်နော်"

စုန့်တုံလိုင်က ရယ်ကာ ပြန်ဖြေလိုက်သည်"ဒီနေ့က အခမဲ့ပဲ"

"မင်းတို့နှစ်ယောက်....."သူဌေးဟွမ်က အံ့အားသင့်စွာ ကြားဖြတ်ပြောလိုက်သည်။

"ညီလေးချမ်းက ငါ့ရဲ့ဝမ်းကွဲညီလေ" စုန့်တုံလိုင်က ပြုံးလျက် ပြန်ဖြေ၏။

သူဌေးဟွမ်က ရုတ်တရက် နားလည်သွားခဲ့သည်။ လီချမ်းအား ကြည့်သောအချိန်တွင် သူ၏အမူအရာက နူးညံ့သွား၏။ ထို့နောက် သူက ခေါင်းညိတ်ကာ ပြော၏"လီချမ်း၊ မင်း ယူလာခဲ့ရင် အရောင်းစာချုပ်ကို ထုတ်လိုက်။ ငါ လက်မှတ်ထိုးမယ်"

လီချမ်းက ရုံးသုံးလက်ဆွဲအိတ်ကို ထုတ်ကာ အတွင်းထဲရှိအရောင်းစာချုပ်အား ယူထုတ်လိုက်သည်။ ထို့နောက် စာချုပ်အား သူဌေးဟွမ်အရှေ့တွင် ထားကာ သူက ပြုံးလျက် ပြောလိုက်၏"ငါ ဝယ်ထားပြီးပြီ၊ သူဌေး။ မင်း လက်မှတ်ထိုး‌ပြီး ငါ ပိုက်ဆံ လက်ခံရပြီးရင် ငါ့ရဲ့လက်ရှိကုမ္ပဏီကို ပေးပြီးတာနဲ့ အလုပ်ထွက်ခဲ့မယ်။ ပြီးရင် ငါ မင်းအတွက် အလုပ်လုပ်မယ်"

သို့သော် သူဌေးဟွမ်က တစ်ခဏကြာ တုံ့ဆိုင်းနေခဲ့သည်။ သူက စုန့်တုံလိုင်အား အရင် တစ်ချက်ကြည့်ပြီးနောက် နောက်ဆုံးတွင် စာချုပ်ပေါ်၌ လက်မှတ်ရေးထိုးလိုက်တော့၏။

ကရင်း၊ ကရင်း၊ ကရင်း....

စုန့်တုံလိုင်၏ဖုန်းက သူ၏အိတ်ကပ်ထဲ၌ ရုတ်တရက်မြည်လာ၏။ သူက ၎င်းအား ထုတ်ကာ ဖုန်းကိုင်လိုက်သည်။ သူ၏အမူအရာက ရုတ်တရက်ပြောင်းလဲသွားပြီး သူက ကမန်းကတန်းပြောလိုက်တော့၏"ညီလေးချမ်း၊ သူငေဌးဟွမ်ကို ဒီနေရာက‌နေ အမြန်ခေါ်ထုတ်သွားတော့။ မြန်မြန်၊ ဒီနေရာက မကြာမီ အန္တရာယ်နဲ့ ပြည့်လာတော့မယ်"

လီချမ်းက ပဟေဠိဖြစ်သွားသည့်ဟန်ဆောင်ကာ မေးလိုက်၏"မင်း ဘာကို ဆိုလိုတာလဲ၊ ဝမ်းကွဲ။ အန္တရာယ်တွေက မင်းနေရာကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ။ ယနေ့ခေတ်မှာ လူမူအဖွဲ့အစည်းကို ဥပဒေနဲ့ အုပ်ချုပ်ထားတာလေ။ ဒီ‌နေရာကို လာပြီး မင်းကို ဒုက္ခပေးမယ့်လူအချို့ ရှိတာလား"

"အပိုစကားတွေ ပြောမနေ‌နဲ့တော့" စုန့်တုံလိုင်က ဒေါသထွက်သွားသည့်ဟန်ဆောင်လိုက်၏"သူဌေးဟွမ်နဲ့အတူ ဒီနေရာကနေ မြန်မြန်ထွက်သွား။ သို့မဟုတ်ရင် နောက်ကျရင် မင်း ဒီနေရာကနေ ထွက်ပြေးလွတ်မြောက်နိုင်မှာမဟုတ်တော့ဘူး"

‌သူဌေးဟွမ်က ထရပ်ပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်"အတိအကျဘာဖြစ်တာလဲ၊ သူဌေးစုန့်။ ငါတို့ ဒီနေရာမှာ စောင့်နေပြီး အခုထိ ဘာမှ မရှာဖွေရသေးဘူးလေ"

"ငါ ဒီနေရာမှာ ဆယ်စုနှစ်များစွာ ပုန်းနေတာကို ငါ့ရန်သူတွေက ရှာတွေ့တာကို အခုလေးတင်ပဲ သတင်းရလိုက်တာ"စုန့်တုံလိုင်က အားတင်းစွာ ပြုံးလျက် ပြော၏"သူတို့က ငါ့ကို ရှာတွေ့လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ်၊ မင်း ဒီနေရာကနေ မြန်မြန်ထွက်သွားရမယ်။ ငါ့ရန်သူက ‌နောက်ခံတောင့်တင်းတယ်"

သူဌေးဟွမ်က တုံ့ဆိုင်းနေသေးပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည်"ဒီလိုဆိုရင် ငါတို့ မင်းကို ထပ်မနှောင့်ယှက်တော့ဘူး။ နောက်နေ့တွေကျမှ ငါတို့ မင်းရဲ့နေရာကို ပြန်လာပါတော့မယ်၊ သူဌေးဟွမ်"

ပြောပြီးနောက် သူ၏လူနှစ်ဆယ်ကျော်အဖွဲ့ကို ခေါ်ထုတ်ကာ အပြင်ဘက်သို့ လျင်မြန်စွာ ထွက်ခွာသွားခဲ့၏။ သို့သော် သူတို့က ကားပါကင်သို့ ရောက်လာချိန်တွင် SUVကားခြောက်စီးက သူတို့ဆီ ရောက်လာသည်ကို မြင်တွေ့ခဲ့ရသည်။

သူ့လူလေး‌ယောက်နှင့်အတူ အနောက်မှ လိုက်လာသောစုန့်တုံလိုင်က ချဉ်းကပ်လာသောSUVကားများကို မြင်ပြီး အော်‌ပြောလိုက်၏"ညီလေးချမ်း၊ သူဌေးဟွမ်ကို မြန်မြန်ခေါ်သွား။ တောက်၊ သူတို့ ဒီနေရာကို ရောက်တာ ဘယ်လိုလုပ်ပြီး ဒီလောက် မြန်ရတာလဲ"

ဒါကို ကြားပြီးနောက် လီချမ်းက သူဌေးဟွမ်၏လက်အား ရုတ်ခြည်းဆုပ်ကိုင်ကာ စုန့်တုံလိုင်ဆီ ပြေးသွားခဲ့၏။ သို့သော် သူဌေးဟွမ်၏နောက်လိုက်နှစ်ဆယ်ကျော်က တုန်လှုပ်ချောက်ချားသောအကြည့်များအား ထုတ်ပြခဲ့သည်။ သို့သော် သူတို့က ရန်ပွဲများတွင် မကြာခဏတိုက်ခိုက်ခဲ့ဖူးသောကြောင့် သူတို့မျက်နှာပေါ်တွင် ကြောက်ရွံ့ခြင်းအလျဉ်းမရှိပေ။ ဤကဲ့သို့အချိန်အခါသာမယက သူတို့အတွက် သာမန်ထမင်းစားရေသောက်ရသလိုပင်။ ရောက်ရှိလာသူများက သူတို့၏ရန်သူမဟုတ်သည်ကိုပင် ဖော်ပြစရာမလိုပေ။ သူတို့၏ကမ္ဘာရန်သူဆိုရင်တောင် သူတို့က အရေအတွက်ပိုများသောကြောင့် ကြောက်စရာမလိုပေ။

ကျွီ.....

SUVကားများရပ်တန့်သွားပြီးနောက် လျန်ပုက ကားထဲမှ ထွက်လာ၏။ သူ့မျက်လုံးများက သတ်ဖြတ်ခြင်းဆန္ဒတို့ပြည့်နေပြီး စုန့်တုံလိုင်အပေါ် ကျရောက်လာသည်။ သူက သူ့လက်သီးအား တင်းကြပ်စွာ ဆုပ်ကာ အော်လိုက်၏"စုန့်ခွေးသား၊ ငါ မင်းကို လိုက်ရှာနေတာ ၂၁နှစ်ရှိပြီ၊ နောက်ဆုံးတော့ မင်းကို ရှာတွေ့ပြီပေါ့။ ငါ့ညီလေးကို သတ်တဲ့သွေးကြေး၊ ငါ့ကလန်ကို သတ်တဲ့အမုန်း- ငါ ဒီနေ့ မင်းကို အဆတစ်ရာပြန်ပေးဆပ်စေရမယ်"

စုန့်တုံလိုင်က ကားခြောက်စီးမှ ထွက်လာသော လူနှစ်ဆယ်ကျော်အား ကြည့်လိုက်သည်။ လျန်မိသားစု၏ဘိုးဘေးနှစ်ယောက်ကို မြင်သောအခါ သူ့အမူအရာက ကြီးကြီးမားမားပြောင်းလဲသွားခဲ့သည်။ လယ်တဲမှ လူအယောက်နှစ်ဆယ်‌ကျော် ပြေးလာသောကြောင့် သူက နက်ရှိုင်းသောအသံဖြင့် အော်ပြောလိုက်၏"အတိတ်မှာ ဘာဖြစ်ခဲ့တယ်ဆိုတာ မင်းလဲ သိပါတယ်၊ လျန်ပု။ မင်းရဲ့ညီလေးက အပြစ်ရှိပြီး မှားယွင်းနေတာ။ သူက ဆိုးဝါးတဲ့အပြုအမှုတွေ လုပ်ရတာကို လိပ်ပြာမသန့်ဖြစ်ပြီး လူတွေကို အကြောင်းမဲ့သတ်ဖြတ်နေခဲ့တာ။ ငါတို့ညီအကိုသုံးယောက်က သူ့ရဲ့ဆိုးဝါးတဲ့လုပ်ရပ်တွေကို မျက်မြင်တွေ့ခဲ့ပြီး ငြိမ်မကြည့်နေနိုင်ဘူး။ သူက သူလုပ်ခဲ့တဲ့အပြစ်တွေအတွက် သေဖို့ ထိုက်တန်တယ်"

လျန်ပုက ခြေလှမ်းကျဲကျဲလျှောက်လာကာ ဒေါသတကြီးအော်ပြောလိုက်၏"ငါ့ရဲ့လျန်မိသားစုက ဘာပဲလုပ်လုပ်၊ တစ်ယောက်မှ အပြစ်ပေးပိုင်ခွင့်၊ ဝေဖန်ပိုင်ခွင့်မရှိဘူးကွ။ ပြီးတော့ ငါတို့ကြားသွေးကြေးက နက်ရှိုင်းလွန်းတယ်၊ ဒီနေ့အဆုံးသတ်ရမယ်။ ဒါပေမယ့် မင်း စိတ်ချပါ၊ ငါ မင်းကို ချက်ချင်း မသတ်ပါဘူး၊ ငါ မင်းကို ဖြည်းဖြည်းချင်းနှိပ်စက်မယ်။ မင်းရဲ့ကံကြမ္မာက သေတာထက် ဆိုးဝါးပြီး ငါ မင်းရဲ့ဝိညာဥ်ကို ငါ့ရဲ့ဘိုးဘေးဆီ ပေးရမယ်"

***

All Chapters