ဝိညာဉ်ဝါးမျိုသူ
Vol. 65 Ch. 910
စုန့်တုံလိုင်က စိတ်ထဲတွင် ဂနာမငြိမ်ဖြစ်နေပြီး သူ့မျက်လုံးများထဲတွင် ကြောက်ရွံ့ခြင်းအလင်းက လင်းလက်နေသည်။ လျန်မိသားစုက လျှို့ဝှက်ဂိုဏ်းအောက်တွင် ရှိပြီး သူတို့က ကိစ္စရပ်များအား တရားမျှတပြီးမှန်ကန်သောနည်းလမ်းတစ်ခုအတိုင်း ပြုလုပ်သည်ဟု ထင်နေကြပုံရ၏၊ နောက်ကွယ်တွင်မူ သူတို့က ဆိုးယုတ်သောအပြုအမူများကို တိတ်တဆိတ်ကျူးလွန်ခဲ့ကြသည်။
အတိတ်တွင် သူသတ်ဖြတ်ခဲ့သောလျန်မိသားစုအဖွဲ့ဝင်များအား အမှတ်ရသေး၏။ သူတို့ထဲမှအချို့က လူမဆန်သော၊ကြမ်းကြုတ်ရက်စက်သောအပြုအမူများကို ကျူးလွန်ရန် နတ်ဆိုးပစ္စည်းများကို အသုံးပြုခဲ့ကြသည်။ စုန့်တုံလိုင်က စိတ်တည်ငြိမ်စေရန် အသက်ရှုသွင်းပြီးနောက် နှာခေါင်းရှုံ့လိုက်လေ၏"ဒီနေ့ ဘယ်သူ သေမလဲရှိမလဲဆိုတာ အခုပြောဖို့ ခက်ပါသေးတယ်...."
"မင်းတို့က ဒီနေရာမှာ ထောင်ချောက်တစ်ခုတပ်ဆင်ထားတာကြောင့် ငါတို့က မင်းတို့ကို ကြောက်နေမယ်လို့ ထင်နေတာလား" လျန်ပုက အော်ရယ်လိုက်သည်"မင်းဘေးနားက ဟိုငါလိုးမသားတွေရောဘယ်မှာလဲ။ အောင်းဝေ့နဲ့ကုန်းချွမ်နှစ်ကောင်လေ။ သူတို့အားလုံးကို ထွက်လာခိုင်းစမ်းပါ...."
သူတို့နှင့်မနီးမဝေးတွင် ကုန်းချွမ်က သူ၏နောက်လိုက်ဒါဇင်ကျော်နှင့် ရောက်လာသည်။ သူက ရန်လိုကာခြိမ်းခြောက်နေသောလျန်ပုတို့အုပ်စုအား တစ်ချက်တောင် မကြည့်ပေ၊ သူက ပတ်ဝန်းကျင်ရှိလေအတက်အကျအား သတိအပြည့်ထားလျက် အာရုံခံစစ်ဆေးနေ၏။ သူ့အတွက် သူရင်ဆိုင်ခဲ့သောလျှို့ဝှက်လူသတ်သမားက အန္တရာယ်အများဆုံးတည်ရှိမှုဖြစ်သည်။
တောင်ခါပန်းအလယ်တွင်။
ထန်ရှုက ဂုဏ်ယူသောအမူအရာရှိနေပြီး သူ့မျက်လုံးများကမူ လျန်မိသားစုအပေါ် ရစ်ဝဲနေသည်။ မီတာရာအနည်းငယ်အကွာအဝေးက သူ့အတွက် သိပ်မဝေးပေ၊ ဤလူများ ရောက်လာလျှင်ချင်း ပတ်ဝန်းကျင်အပူချိန်က ရုတ်တရက်လျော့ကျသွားသည်ကို သူက အာရုံခံနိုင်သည်။ လျန်မိသားစု၏ဦးတည်ဘက်မှ ဖုံးကွယ်ထားသောသေခြင်းချီအချို့ထွက်လာနေသည်နှင့် တူ၏။
ဒါ တစ္ဆေမျိုးနွယ်လား၊ မကျေမချမ်းမှင်စာလား ဒါမှမဟုတ် တစ္ဆေကျင့်ကြံခြင်းနည်းစနစ်တစ်ခုကို ကျင့်ကြံထားတဲ့တစ်ယောက်လား။
ဤကဲ့သို့စိတ်ဝင်စားစရာကောင်းသောကိစ္စရပ်တစ်ခုက သူ့ရှေ့တွင် ပေါ်လာလိမ့်မည်ဟု သူ ဘယ်တော့မှ မထင်ထားခဲ့ပေ၊ တကယ်တမ်းအားဖြင့် သူက ဤနေရာတွင်ရှိနေသည်မှာ တိုက်ပွဲအား ကြည့်ရှုရန်အတွက်ပင်။ ကမ္ဘာပေါ်တွင် အခြားဘာတည်ရှိမှုရှိသလဲကို သူ စိတ်ဝင်စားလာသည်။ အင်မော်တယ်များ၏အရိပ်အယောင်နှင့်သူတို့ချန်ထားခဲ့သောအမွေအနှစ်များကို တွေ့ရှိခဲ့ရုံသာမက ယခုတွင်လည်း သူက ကြွယ်ဝသောသေခြင်းချီတစ်ခုကို တွေ့ဆုံခဲ့ရပြန်၏။ တစ္ဆေမျိုးနွယ်ကျင့်ကြံခြင်းနည်းစနစ်တစ်ခုက ကမ္ဘာပေါ်တွင် တည်ရှိနိုင်သည်လား။
ထန်ရှုဘေးနားတွင်ရပ်နေသောရွှယ်ယုကလဲ ကြည့်နေခဲ့သည်။ သူမက မေးလိုက်၏"ထန်ရှု၊ ဘယ်ဘက်က ပိုအားကောင်းတယ်လို့ မင်း ထင်လဲ"
"ကြိုတင်မမြင်ရတဲ့တိုက်ဆိုင်မှုတစ်ခုမရှိရင် စုန့်တုံ လိုင်နဲ့အခြားသူတွေက သေချာပေါက် သေသွားရလိမ့်မယ်" ထန်ရှုက ပြန်ဖြေ၏။
"အဲဒီလူအိုနှစ်ယောက်ကြောင့်လား" ရွှယ်ယုက အံ့အားသင့်စွာ မေးလိုက်သည်။
"ဟုတ်တယ်"ရွှယ်ယုက ခေါင်းညိတ်ကာ ရှင်းပြလိုက်သည်"ငါ လျှို့ဝှက်ဂိုဏ်းလက်အောက်ရှိဘိုးဘေးအချို့ကို ငါ မြင်တွေ့ပြီးပြီ။ သူတို့က အိုမင်မစွမ်းဖြစ်လွန်းပြီး သေဖို့ ခြေလှမ်းတစ်ဝက်သာ လိုတော့တယ်၊ သူတို့က ကြောက်စရာကောင်းတဲ့ခွန်အားကို ပိုင်ဆိုင်ထားကြတယ်။ သူတို့အားလုံးနီးပါးက ကျင့်ကြံခြင်းလမ်းကြောင်းကို စတင်နေတဲ့သိုင်းပညာရှင်တွေပဲ။ သူတို့အများစုမှာ ကျင့်ကြံခြင်းနည်းစနစ်မရှိ ပေမယ့် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို ချိုးဖြတ်ဖို့မဖြစ်နိုင်လုနီးပါးဆိုပေမယ့် သူတို့အများစုက သူတို့ရဲ့ချီသန့်စင်ခြင်းကျင့်ကြံခြင်းမျှနဲ့ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကသူတွေနဲ့ ယှဉ်ပြိုင်နိုင်သေးတယ်"
"ဒါဆို၊ ရှင် သူဌေးစုန့်ကို တကယ်ပဲ မကူညီတော့ဘူးလား" ရွှယ်ယုက မေးလိုက်သည်။
"မဟုတ်ဘူး" ထန်ရှုက ခေါင်းခါယမ်းကာ ပြော၏"စုန့်တုံလိုင်က ကြီးမားတဲ့ပါရမီကို တကယ်ပိုင်ဆိုင်ထားတယ်၊ အသက်ငါးဆယ်အောက်နဲ့ သူက သိုင်းဆရာကြီးအဆင့်ကို ရောက်ရှိနေပြီ၊ ဒါကို အောင်မြင်ဖို့ဆိုတာ လွယ်ကူတဲ့အလုပ်တစ်ခုမဟုတ်ဘူး။ ဒီတစ်ကြိမ်မှာ သူ့ညီအကိုနှစ်ယောက်နဲ့အတူ အခွင့်အလမ်းကို ရရှိဖို့ သွေးစပါးအုံးအစီအရင်ကို အသုံးပြုချင်နေတယ်၊ ဒီအတွက် သူတို့က သူတို့ကိုယ်တိုင်ကြိုးစားအားထုတ်ရမယ်"
ရွှယ်ယုက ထပ်မမေးတော့ပေ၊ သူမစိတ်ထဲတွင် အချိန်ယူကာ တွေးနေတော့သည်။
ထန်ရှုက သူမအား လှည့်ကြည့်ကာ ထပ်ပြောလိုက်၏"ငါက သူနဲ့ ရင်းနှီးတဲ့အတွက် ငါ သူ့ကို ကူညီသင့်တယ်လို့ မင်း ထင်တာလား"
"ဟုတ်တယ်၊ သူက မင်းကို အရမ်းရိုသေလေးစားတာ" ရွှယ်ယုက ခေါင်းညိတ်လိုက်၏။
ထန်ရှုက ခေါင်းခါယမ်းကာ ပြောလိုက်သည်"တစ်ချိန်တုန်းက မရေမတွက်နိုင်လောက်တဲ့သူတွေ ငါ့ကို ရိုသေလေးစားခဲ့တဲ့အချိန်တစ်ခု ရှိခဲ့တယ်။ ငါ့အကူအညီကို ရဖို့ ဒူးထောက်တောင်းပန်တဲ့သူတွေက ရေတွက်ဖို့များလွန်းတယ်၊ မြစ်ကိုဖြတ်ကူးနေတဲ့ငါးအုပ်ကြီးတွေလိုပဲ။ ငါ လုပ်ချင်ရင် မရေမတွက်နိုင်လောက်တဲ့သူတွေကို ကယ်နိုင်ပါတယ်၊ ဒါပေမယ့် သူတို့သေတာကိုပဲ ငါ စောင့်ကြည့်နေခဲ့တယ်။ ငါ့မှာ ကျောက်တုံးနဲ့လုပ်ထားတဲ့နှလုံးသားတစ်ခုရှိလို့တော့ မဟုတ်ဘူး၊ ဒါပေမယ့် ကောင်းကင်ဘုံတာအိုက အကြင်နာတရားကင်းမဲ့ပြီးရက်စက်တာကြောင့်ပဲ။ ငါ ကျင့်ကြံခြင်းလမ်းကြောင်းပေါ်ကို ခြေချပြီးကတည်းက ငါ့ရာငါ ရုန်းကန်တိုက်ခိုက်ခဲ့ရတယ်၊ ဒီလိုဆိုပေမယ့် ချွင်းချက်အချို့တော့ ရှိတာပေါ့"
"ဘာချွင်းချက်တွေလဲ" ရွှယ်ယုက မေးလိုက်သည်။
ထန်ရှုက ပြုံးကာ ပြောလိုက်၏"သူတို့က ငါဂရုစိုက်တဲ့သူတွေပေါ့။ သူတို့က ကျင့်ကြံခြင်းလမ်းကြောင်းကို ခြေချဖို့ မဖြစ်နိုင်ဘူးဒါမှမဟုတ်ဆန်ကုန်မြေလေးတွေဆိုရင်တောင် ငါက အမြဲတမ်းကူညီပေးမယ်။ ငါ သူတို့အားလုံးကို ကျင့်ကြံခြင်းနည်းစနစ်တွေ၊ အရင်းအမြစ်တွေနဲ့ အတွေ့အကြုံတွေအားလုံး ထောက်ပံ့ပေးမယ်။ ငါ သူတို့ရဲ့ဘေးကင်းမှုကိုလဲ အာမခံမယ်"
"ငါ အရမ်းကံကောင်းတယ်လို့ ရုတ်တရက် ခံစားရတယ်" ရွှယ်ယုက နူးညံ့ညင်သာစွာ ပြောလိုက်သည်။
"မင်း သိပါတယ်၊ တော်တော်များများမှာ ကံက အောင်မြင်ဖို့အတွက် အရေးကြီးတဲ့အချက်တစ်ခုဆိုတာ" ထန်ရှုက ရယ်ကာ ပြောလိုက်၏။
အစိမ်းရောင်ရေကန်အဂရီခိုလာတွင်။
လျန်မိသားစုဘိုးဘေးလျန်ဝမ်ရှင်းက လျန်ပု၏ဘေးသို့ ဖြည်းညင်းစွာ လျှောက်လာပြီး သူ့ရှေ့ရှိလူများအား လူသေအလား ကြည့်ရှုနေခဲ့သည်။ သူက သူ၏အစိမ်းရောင်ဝတ်ရုံရှည်မှ အနက်ရောင်မှင်အချို့ကို ယူထုတ်ကာ လေသံတင်းတင်းဖြင့် ပြောလိုက်သည်"ဘာလို့ စကားများပြီး အချိန်ဖြန်းနေတာလဲ။ ဒီနေ့ ရန်သူအားလုံးကို အမြစ်ဖြတ်သုတ်သင်ကြ၊ သူတို့ကို ပြန်မွေးဖွားဖို့တောင် မနှောင့်နှေးစေနဲ့"
လျန်ပုက သူ၏ဓားမော့ကို ဓားအိမ်မှ ချွတ်ကာ အော်လိုက်သည်"သတ်၊ သူတို့အားလုံးကို သတ်"
အဝေးရှိ မီတာဒါဇင်အကွာတွင် သူတို့က အနည်းငယ်ဂနာမငြိမ်ဖြစ်နေသော်လည်း ရယ်စရာတစ်ခုအား ကြည့်နေရသည့်အလား တွေးနေကြသည်။ သို့သော် လျန်မိသားစု၏ဘိုးဘေးက စကားပြောလိုက်သောအခါ ကျောချမ်းဖွယ်ရာလေစီးကြောင်းတစ်ခုက သူတို့၏စိတ်ထဲသို့ စီးဝင်လာပြီး သူတို့၏ကျောရိုးများအား ချမ်းစိမ့်စိမ့်ဖြစ်စေခဲ့သည်။
သိုင်းပညာရှင်များအကြားတိုက်ပွဲက အမြဲတမ်း သွေးမိုးများ ရွာသွန်းလေ့ရှိသည်။ တိုက်ပွဲအတွင်း လက်မောင်းများလွင့်ထွက်ပြီး သွေးများ ပက်ဖျန်းကာနှစ်ဖက်စလုံးက သေကျေပျက်ဆီးမှုကို ခံစားရသောအခါ သူဌေးဟွမ်နှင့်သူ့လူများက ရေခဲတွင်းတစ်ခုသို့ ကျရောက်နေသလို ခံစားရပြီး ကြောက်ရွံ့မှုနှင့် ပြည့်နေတော့သည်။
လီချမ်းက သူဌေးဟွမ်၏လက်အား ရုတ်တရက် ဆုပ်ကိုင်ကာ အသံကို ဖိနှိပ်လျက် ပြောလိုက်သည်"သူဌေး၊ ငါ့ဝမ်းကွဲကို အမြန်ကူပေးဖို့ မင်းရဲ့လူတွေကို ပြောပေးပါ၊ မဟုတ်ရင် သူရှုံးနိမ့်သွားရင် တစ်ဖက်လူက ငါတို့ကို ထွက်သွားခွင့်ပြုမှာမဟုတ်လောက်ဘူး"
သူဌေးဟွမ်က ခေါင်းကို ကြိုးစားပမ်းစားလှည့်ကာ လီချမ်းအား ကြောက်ရွံ့မှုအပြည့်နှင့် ကြည့်လိုက်၏"ဒီလူတွေက....သိုင်းကမ္ဘာကလေ။ ငါ သူတို့ကို ဘယ်လိုကူညီခိုင်းရမှာလဲ။ မင်း သူတို့ကို သေဖို့ လွှတ်ချင်တယ်လို့တော့ ငါ့ကို မပြောနဲ့နော်"
"သူတို့က တစ်ယောက်ကိုပဲ စုပေါင်းတိုက်ခိုက်နိုင်ရင်တောင် သူတို့ထဲက အချို့ကို ဖယ်ရှားနိုင်သရွေ့ ကြီးမားတဲ့အကျိုးအမြတ်ပဲ" လီချမ်းက အလျင်စလိုပြောလိုက်၏"ပြီးတော့ ငါ မင်းကို ပုန်းဖို့ တစ်နေရာကို ခေါ်သွားမယ်။ ငါတို့နဲ့အတူ လူတွေများလွန်းရင် ငါတို့ပုန်းနေရင်တောင် အလွယ်တကူရှာတွေ့ခံရလိမ့်မယ်"
သူဌေးဟွမ်၏နှုတ်ခမ်းများက အကြိမ်အနည်းငယ်တွန့်လိမ်သွားပြီး သူက ချက်ချင်းအော်လိုက်သည်"မင်းတို့အားလုံး၊ အဲကို သွားပြီး သူဌေးစုန့်ကို ကူညီကြ။ ဒီလူတွေကို ဒဏ်ရာရစေနိုင်တဲ့ဘယ်သူမဆို ငါ အဲဒီလူကို ယွမ်တစ်မီလီယံ ဆုပေးမယ်။ သူတို့ကို သတ်နိုင်ရင် ယွမ်နှစ်မီလီယံ။ မြန်မြန်လုပ်ကြ....."
ဆုလာဒ်က လုံလုံလောက်လောက်ကြွယ်ဝပါက စွန့်စားရဲသူက အမြဲတမ်းရှိလိမ့်မည်ဟု လူတွေက ပြောကြသည်။
ဤလူတစ်စုက သူဌေးဟွမ်ကိုယ်တိုင် မြေတောင်မြှောက်ပေးထားသော ဂိုဏ်းစတားများပင်။ သမာသမတ်မကျသောကိစ္စရပ်အချို့အား ဖြေရှင်းရန် သူတို့က သူဌေးဟွမ်အား ကူညီပေးကြသည်၊ အကြိမ်တိုင်းတွင် သူတို့က ယွမ်တစ်သောင်းကျော်ရရှိခဲ့ကြသည်။ ၎င်းက သေးငယ်သောပမာဏတစ်ခုမဟုတ်သော်လည်း သူဌေးဟွမ်၏ကတိကို ကြားသောအခါ သူတို့၏မျက်လုံးများက တောက်ပလာခဲ့၏။ သူတို့က ဤလူများအတွက် ပြိုင်ဘက်ဖြစ်ရန် ဝေးလွန်းသည်ကို သိသော်လည်း သူတို့က အုပ်စုဖွဲ့တိုက်ခိုက်ရန်အား စဉ်းစားမနိုင်လောက်တဲ့အထိ ဉာဏ်မတုံးပေ။
စုန့်တုံလိုင်လက်အောက်ရှိအရေအတွက်က လျန်မိသားစုထက် အဆများစွာပိုသည်။ သူတို့နှင့်လျန်မိသားစုလူတွေကြားခွန်အားကွာဟချက်က အတော်လေးကြီးမားသော်လည်း လူအရေအတွက်က တစ်ဦးချင်းတိုက်ခိုက်ရေးစွမ်းပကားကွာခြားချက်ကို ဖာထေးနိုင်သည်။ သူဌေးဟွမ်၏နောက်လိုက်နှစ်ဆယ်ကျော်က သုံးအုပ်စုခွဲကာ လျန်မိသားစု၏ကျွမ်းကျင်သူသုံးယောက်ကို လျင်မြန်စွာ စုပေါင်းတိုက်ခိုက်ခဲ့သည်။
ဖူး၊ ဖူး၊ ဖူး.....
လေထဲတွင်မတည်မငြိမ်ဖြစ်သွားပြီး ရှောင်ယာက မျက်နှာအမာရွတ်လူ၏အနောက်ဘက်သို့ အသံမထွက်ဘဲထွက်ပေါ်လာ၏၊ သူ၏ထက်ရှသောဓားမြှောင်က မျက်နှာအမာရွတ်လူ၏အစာအိမ်အား အဆိပ်ပြင်းမြွေတစ်ကောင်ပမာ ထိုးဖောက်သွားခဲ့သည်။ ဓားမြှောင်ကို ဆွဲထုတ်ပြီးနောက် သူက လျှပ်စီးအလားရွေ့လျားသွားခဲ့ပြီး အခြားသုံးစုအား တိုက်ခိုက်ခဲ့သည်။
"သေနတ်ပစ်တာလား"
ဖရိုဖရဲတိုက်ပွဲထဲတွင် အသာစီးရထားပြီးတိုက်ပွဲအားလွှမ်းမိုးနေသောလျန်မိသားစုမှကျွမ်းကျင်သူများ၏အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။ သူတို့က သေနတ်သံက်ို ရှင်းရှင်းလင်းလင်းကြားနိုင်ပြီး ဤအရာက သာမန်ပစ္စတိုသေနတ်မဟုတ်ဘဲ အလွန်အားကောင်းသောစနိုက်ပါရိုင်ဖယ်သေနတ်မှ လာသည်ကို အချို့က သိ၏။
"ရှောင်ယာ၊ အဲဒီစနိုက်ပါတွေနဲ့ ရင်ဆိုင်လိုက်" လျန်ပုက အော်လိုက်ပြီး သူ၏ဓားမော့က ရန်သူအား ခုတ်ပိုင်းခဲ့ကာ ပတ်ပတ်လည်အား လှည့်ကြည့်လိုက်၏။
"သွေးခဲစပါးအုံး"
ယခုထိ မထွက်ပေါ်လာရသေးသော အောင်းဝေ့က ရေကန်ဥိီးတည်ဘက်မှ ထွက်ပေါ်လာသည်။ သူ့နောက်တွင် သန်မာသောလူများက အမြင့်၂မီတာ၊ အကျယ်၂မီတာရှိသောသံလှောင်အိမ်တစ်ခုအား မကာ တိုက်ပွဲထဲသို့ ပြေးဝင်လာ၏။ အောင်းဝေ့က ပြင်းထန်စွာ ဟိန်းဟောက်လိုက်ပြီး သံလှောင်အိမ်အပြင်ဘက်ရှိ ချိန်းကြိုးအား ခုတ်ဖြတ်ကာ တံခါးအား ဖွင့်လိုက်သည်။
ဝူး.....
သုံးမီတာကျော်ရှိသောသွေးရောင်သွေးခဲစပါးအုံးတစ်ကောင်က ပြင်းပြင်းထန်ထန်ဟိန်းဟောက်ကာ လှောင်အိမ်ထဲမှ ထွက်လာ၏။ ၎င်းက ပါးစပ်ဟပြီး အေးစက်သောအစွယ်အား ထုတ်ပြလိုက်သည်၊ ထို့နောက် ၎င်းက လျန်မိသားစု၏အဖွဲ့ဝင်တစ်ယောက်နောက်သို့ လျှပ်တစ်ပြက်ရောက်သွားကာ လည်ပင်းဘယ်ဘက်အား ချက်ချင်းကိုက်ချလိုက်သည်။
အား.....
ကြောက်စရာကောင်းသောအော်သံတစ်ခုက ထိုလူထံမှ ထွက်ပေါ်လာသည်။ သွေးခဲစပါးအုံးက ရပ်မနေဘဲ လျန်မိသားစု၏အခြားအဖွဲ့ဝင်ဆီသို့ ရွေ့လျားသွားခဲ့၏။
"မြွေအရိုင်းအစိုင်းစုတ်"
စုန့်တုံလက်၏လူအနည်းငယ်ကိုသတ်ဖြတ်ခဲ့သောလျန်မိသားစုဘိုးဘေးလျန်ဝမ်ထျန်းက သူ၏လျန်မိသားစုဝင်နှစ်ယောက်အားသတ်ဖြတ်ခဲ့သောသွေးခဲစပါးအုံးအား သတိပြုမိလိုက်သည်။ သူက ဓားရှည်အား ကိုင်ကာ သွေးခဲစပါးအုံးဆီသို့ လျှပ်စီးအလား လျင်မြန်စွာ ပစ်ပေါက်လိုက်၏။ ယခင်က ဤကဲ့သို့ကြမ်းတမ်းရက်စက်သောသားရဲတစ်ကောင်အား သူက ရင်ဆိုင်ခဲ့ဖူးသည်၊ သို့ကြောင့် သူ့မျက်နှာပေါ်တွင် ကြောက်ရွံ့ခြင်းမရှိပေ။
သွေးခဲစပါးအုံမြွေနှင့်လျန်ဝမ်ထျန်းကြားတိုက်ပွဲက ပြင်းထန်လှသည်။ အနာကွန်ဒါမြွေနှင့်တူသောသွေးခဲစပါးအုံးက သူသတ်ဖြတ်ခဲ့ဖူးသောသားရဲအားလုံးထက် ပိုအားကောင်းသည်။ လူတစ်ယောက်နှင့်သားရဲတစ်ကောင်က ရှေ့မတိုးနောက်မဆုတ်သာသည့်အခြေအနေ၌ ရောက်ရှိနေစဉ် လူဒါဇင်သတ်ဖြတ်ထားခဲ့သောလျန်ဝမ်ရှင်းက သူ့လက်ထဲရှိအနက်ရောင်မင်ပုလင်းကို ဖွင့်လိုက်ပြီး လေထဲသို့ ချက်ချင်း ပစ်ထုတ်လိုက်၏။
"ဝိညာဉ်အစောင့်-ဝါးမျိုစမ်း....."
လျန်ဝမ်ရှင်းက လေထဲသို့ မြင့်တက်သွားပြီး သူ၏ဟိန်းသံက ပဲ့တင်ထပ်သွားကာ အနက်ရောင်မင်ပုလင်းက ပွင့်သွားပြီး အမည်းရောင်လက်နက်တစ်ခုကို ရုတ်တရက် ထုတ်လွှတ်လိုက်သည်။ တစ်ချိန်တည်းတွင် လက်ဝါးအရွယ်အစားရှိသည့်သန္ဓေသားကိုးယောက်တစ္ဆေတစ်ရာအလံက အနက်ရောင်ပုလင်းမှ ချက်ချင်းထွက်ပေါ်လာပြီး ၎င်းနှင့်အတူထွက်လာသောဝဲကတော့က ပိုပိုကြီးမားလာ၏။
တောင်ခါးပန်းတစ်ဝက်တွင် ထန်ရှု၏အမူအရာက ရုတ်တရက်အကြီးအကျယ်ပြောင်းသွားခဲ့၏။ သူ့မျက်ခုံးများက ကျုံ့သွားပြီး မယုံကြည်နိုင်မှုက ပြည့်နှက်နေသည်၊ သန္ဓေသားကိုးယောက်တစ္ဆေတစ်ရာအလံအား လေထဲသို့ ထုတ်လွှတ်လိုက်သည့်အခိုက်တွင် လိမ့်တက်လာသောထူထဲသည့်သေမင်းချီအား သူက အာရုံခံစားနိုင်ခဲ့သည်။
"တစ္ဆေမျိုးနွယ်ပစ္စည်းလား"
၎င်းက ဝိညာဉ်များ၏သောကပူဆွေးမှုပါဝင်နေသောအလွန်အားကောင်းသည့်တစ္ဆေအရှိန်အဝါကို ဖြာထွက်စေခဲ့သောကြောင့် သူက ဤသန္ဓေသားကိုးယောက်တစ္ဆေတစ်ရာအလံအား အလွယ်တကူမှတ်မိခဲ့သည်။
"ဒီတစ္ဆေလက်နက်က ဘာလဲ" ရွှယ်ယုက မေးလိုက်၏။
ထန်ရှု၏မျက်လုံးများက အရောင်လက်သွားပြီး ၎င်းတို့ထဲတွင် သတ်ဖြတ်ခြင်းဆန္ဒက ပါဝင်နေသည်။ သူက လေးလံသောလေသံနှင့် ပြော၏"အဲဒါက လူသားဝိညာဥ်တွေကို အသုံးပြုတဲ့လက်နက်တစ်ခုပဲ- မရေမတွက်နိုင်လောက်တဲ့ရက်စက်ပြီးလူမဆန်တဲ့နည်းလမ်းတွေနဲ့ နှိပ်စက််ခံခဲ့ရတဲ့သူတွေရဲ့ဝိညာဥ်တွေပဲ။ ပြီးရင် သူတို့ရဲ့ဝိညာဥ်တွေက တစ္ဆေတွေအဖြစ်ပြောင်းသွားပြီး ဒီတစ္ဆေလက်နက်ထဲကို စုပ်ယူခြင်းခံခဲ့ရတယ်၊ ပြီးရင် ၎င်းကို အားကောင်းတဲ့လက်နက်တစ်ခု ဖြစ်သွားစေတယ်။ ဒီတစ္ဆေလက်နက်က အနည်းဆုံးလူသားဝိညာဥ်ရာအနည်းငယ်ကို ဝါးမျိုထားတယ်၊ သူတို့အားလုံးက အသတ်မခံရခင် လူမဆန်စွာ နှိပ်စက်ခံခဲ့ရတယ်၊ လက်ရှိအထိ သူတို့ရဲ့ဝိညာဉ်တွေက ညှင်းပန်းခံနေရတုန်းပဲ"
"ဒီလောက်တောင်ဆိုးရွားတာလား" ရွှယ်ယုက အံ့အားသင့်စွာ ပြောလိုက်သည်"ဒါက ဒဏ္ဍာရီထဲကနတ်ဆိုးဟာတွေလိုလား"
"ဟုတ်တယ်၊ နတ်ဆိုးနဲ့တစ္ဆေပစ္စည်းတွေကြားမှာ အများကြီးမကွာခြားဘူး" ထန်ရှုက ခေါင်းညိတ်ကာ ပြော၏"ဒီလျန်မိသားစုက အပေါ်ယံအားဖြင့် လျှို့ဝှက်ဂိုဏ်းအောက်ကပဲ။ သူတို့အထဲကတစ်ချို့က ဒီလိုတစ္ဆေလက်နက်တစ်ခုကို သန့်စင်ထားမယ်လို့ ငါ မထင်ထားခဲ့ဘူး။ ဒီမိသားစုက ကောက်ကျစ်ပြီးယုတ်မာတယ်ဆိုတာ သိသာတယ်"
"ဒါဆို ငါတို့ဘာလုပ်သင့်လဲ" ရွှယ်ယုက လျင်မြန်စွာ မေးလိုက်သည်။
"ငါတို့ ဘာလုပ်သင့်လဲ။ ဟမ့်....ဒီတစ္ဆေလက်နက်ကို လျန်မိသားစုပြုလုပ်ထားတာဒါမှမဟုတ်သန့်စင်ထားတာထက် သေချာတာ ဘာရှိမလဲ။ သူတို့က ဒါကို လုပ်ခဲ့တယ်ဆိုရင်.....သူတို့က ငရဲကို သွားရမယ်။ သေဆုံးသွားတဲ့ဝိညာဉ်တွေအားလုံး၊ လျန်မိသားစုရဲ့သေဆုံးသွားတဲ့ဝိညာဉ်တွေတောင်၊ အားလုံးကို အဲဒီတစ္ဆေလက်နက်အထဲမှာ ဝါးမျိုခံစေရမယ်....."
ပြောပြီးနောက် ထန်ရှု၏ပုံရိပ်က ချက်ချင်းပျံဆင်းသွား၏။
***