← Chapters

သေစေလောက်သည့် ဝေဟင်လျှပ်စီး ဟန်ပန် ခုနှစ်မျိုး သိုင်းပညာရပ်

Vol. 10 Ch. 133

သေစေလောက်သည့် ဝေဟင်လျှပ်စီး ဟန်ပန် ခုနှစ်မျိုး သိုင်းပညာရပ်

Vol. 10 Ch. 133

“ဒါက ကောင်းကင် ကျီးရဲ့  သဘာဝ ပိုးချည်နဲ့ ယက်လုပ်ထားတဲ့ ဝိညာဉ် ချပ်ဝတ်တန်ဆာပဲ  တစ်ခုတည်းသော အားနည်းချက်က ဒီချပ်ဝတ်က အဆင့်နိမ့် ဝိညာဉ်ပစ္စည်း တစ်ခု ဖြစ်နေတာပဲ...” သူက လက်ကို ခါလိုက်သည့်အခါ ပါးလွှာလှသော အပေါ်ပိုင်း အဝတ် တစ်ခုပေါ်လာလေ၏။

သူ နှမြောဖို့ ကောင်းလှသည်ဟု ပြောခြင်း အကြောင်းမှာ ကောင်းကင်ကျီး၏ သဘာဝပိုးချည်က လက်နက်အတွက် အရမ်းကို ကောင်းပြီး ရဖို့ရာလည်း အရမ်းကို ခက်ခဲလှ၏။ ပုံမှန်အားဖြင့် အဆိုးရွားဆုံး ပန်းပဲဆရာပင် အလယ်အလတ်အဆင့် ဝိညာဉ် ပစ္စည်း ထုတ်လုပ်နိုင်လိမ့်မည်။ ပိုကောင်းသော သူများအတွက် ပို၍ မြင့်မားသော အဆင့်ကို ရရှိနိုင်သည်။ ထိုသို့သော အရာကို အဆင့်နိမ့် ဝိညာဉ် ပစ္စည်းထွက်သာသည်ကိုက မအောင်မြင်သည့် ထုတ်ကုန်ဖြစ်ကြောင်း သိသာနေသည်။

မိုဝူကျီက ချက်ချင်းပင် စွဲမက်သွားလေသည်။ ထိုအဝတ် အပိုင်းက ခါးအထက်နှင့် လည်ပင်းအောက်နေရာ အကုန် ကာပေးနိုင်သည်။ သိသာလှစွာ ထိုသည်က ရိုးရှင်းလှသော ချပ်ဝတ် မဟုတ်ပေ။

ထို့အပြင် မိုဝူကျီစိတ်ထဲတွင် ထိုချပ်ဝတ်က နောက်ထပ် အသုံးဝင်မှု ရှိနေသေး၏။ သူ့ချီသွေးကြောများကို ဖွင့်ရန် လျှပ်စီးကို သုံးသည့်အခါ ထိုချပ်ဝတ်က သူ့အား နာကျင်မှု လျော့နည်းစေလိမ့်မည်။ ထိုသည်က အဓိကအချက် မဟုတ်သေးပေ။ အကယ်၍ သူ့ချီသွေးကြောများကို လျှပ်စီးရေကန်တွင် ဖွင့်ခဲ့ရပါက သူသည် လျှပ်စီးအား ပြင်းတာမျိုး ကြုံတွေ့နိုင်ချေ ရှိသည်။ အကယ်၍ သူက အချိန်မှီ မတုံ့ပြန်နိုင်ပါက ပြီးဆုံးသွားလိမ့်မည်။

ထို့အပြင် လျှပ်စီးရေကန်ထဲရှိ လျှပ်စီးအားများသည် လျှပ်စီးအခန်းကဲ့သို့ တည်ငြိမ်ခြင်း ရှိနိုင်ပါ့မလား  တူညီသော ပြင်းအားနှင့် အမြဲတမ်း ရှိနေနိုင်ပါ့မလား.....

ထိုချပ်ဝတ်ဖြင့် သေစေလောက်သည့် လျှပ်စီးအားများ ရုတ်တရက် ကြုံတွေ့မှုက သူ့အား ချက်ချင်း မသတ်နိုင်လောက်တော့ချေ။

သူက ဈေးနှုန်း မည်သို့ပင် ဖြစ်နေပါစေ  ထိုချပ်ဝတ်ကို ရမှ ဖြစ်မည်။

“ကြမ်းခင်းဈေးက ရွှမ်အဆင့် စိတ်စွမ်းအင် ကျောက်တုံး  ၃၀၀ ၀၀၀ တစ်ခါတိုးရင် အနည်းဆုံး ၁၀ ၀၀၀ ပါ လေလံစဆွဲလို့ ရပါပြီ...”

“၃၁၀ ၀၀၀”

“၃၃၀ ၀၀၀”

ပင်းရှစ်ချီက လေလံစဆွဲလို့ ရကြောင်း ကြေညာပြီးနောက်တွင် ပိတ်ကားပေါ်ရှိ ဈေးနှုန်းက မရပ်မနား ဆက်တိုက် တက်လာလေ၏။  ထိုချပ်ဝတန်ကို အလိုရှိနေသူက မိုဝူကျီ တစ်ယောက်တည်း မဟုတ်ပေ။ အားလုံးနီးပါးပင် ဖြစ်ကြသည်။

“၅၀၀ ၀၀၀” လေလံပွဲ စတင်ပြီးသည်နှင့် ဈေးနှုန်းကား သိသာလှစွာ ခုန်တက် သွားလေတော့သည်။ ၅၀၀ ၀၀၀သည် စံတစ်ခု ဖြစ်ကာ မည်သူမျှ ထိုမျှ များပြားလှသော စိတ်စွမ်းအင် ကျောက်တုံးများကို ထုတ်မသုံးနိုင်ချေ။

“၅၅၀ ၀၀၀” မိုဝူကျီက တစ်ခါတည်း ၅၀ ၀၀၀ မြင့်ပေးပြီး ဈေးခေါ်လိုက်သည်။ သို့သော်လည်း ထိုအရာက အဆုံးသတ် မဟုတ်သေးကြောင်း သေချာသိသည်။ အကယ်၍ သူ့တွင် စိတ်စွမ်းအင် ကျောက်တုံးများ လုံလုံလောက်လောက် မရှိလျှင် ထိုသည်က ကြေကွဲဖို့ ကောင်းလှသည့် လေလံဆွဲပွဲ ဖြစ်နေလိမ့်မည်။ ကံကောင်းလှစွာ သူတွင် စိတ်စွမ်းအင် ကျောက်တုံးများ ပြတ်လပ်မနေတော့ချေ။

“၆၀၀ ၀၀၀”  မိုဝူကျီ လေလံဈေးနှုန်း ပိတ်ကားပေါ် အပြည့် ပေါ်မလာခင်တွင် ချက်ချင်း ဈေးနှုန်းအသစ် တစ်ခု က အစားထိုး ဝင်ရောက်သွားလေသည်။

မိုဝူကျီက “၆၅၀ ၀၀၀” ဟု ရေးဖို့ရာ တွေဝေမနေပေ။

တစ်ခါတိုးတိုင်း ၅၀ ၀၀၀ နှင့်အတူ ဒီကစားပွဲကား သာမာန်လူကြားမှ ကစားပွဲ မဟုတ်တော့ပေ။

လေလံပွဲမှ အားလုံးသည် ထိုသည်က လူနှစ်ယောက်ကြားက ကစားပွဲမှန်း သိလိုက်သည်။

“၁၀၀၀၀၀၀” မိုဝူကျီ၏ မရပ်မနား ဈေးခေါ်မှုကို မြင်ပြီး အခြားယှဉ်ပြိုင်သူက တစ်မီလီယံအထိ  တိုက်ရိုက် မြင့်ပေးလိုက်သည်။

မိုဝူကျီက တွန့်ဆုတ်မနေဘဲ ၁ ၀၅၀ ၀၀၀ဟု ရေးလိုက်တော့သည်။ သူ့ဆုံးဖြတ်ချက်ကား ခိုင်မာလှသည်။ ဈေးနှုန်းက ၅ ၀၀၀ ၀၀၀ အထိ မြင့်သွားလျှင်ပင် လက်မလျော့နိုင်ပေ။

ထိုချပ်ဝတ်သည် သေချာပေါက် ထိုမျှ စိတ်စွမ်းအင် ကျောက်တုံးများစွာ မတန်သော်လည်း မိုဝူကျီက ဈေးနှုန်းကဖြင့် မဟုတ်ဘဲ  သူ့အတွက် မည်မျှ အသုံးဝင်လဲ ပေါ် မူတည်၍ ဝယ်ယူနေခြင်း ဖြစ်သည်။

ထိုအဝတ်က သူ့အသက်ကို ကာကွယ်နိုင်သည်ဆိုလျှင် မိုဝူကျီက သူ့စိတ်စွမ်းအင် ကျောက်တုံးများကို နှမြောနေ၍ မည်သို့ ဖြစ်မည်နည်း။ ပုံမှန်အားဖြင့် စိတ်စွမ်းအင် ကျောက်တုံးများသည် အဖိုးတန်သော်လည်း မည်မျှပင် အဖိုးတန်တန် သူ့အသက်လောက် အရေးမပါပေ။

အခြားလူက မိုဝူကျီ၏ လေလံဆက်ဆွဲနေမည့် ဆုံးဖြတ်ချက်ကို ခံစားမိဟန် ရသည်။ ထို့အပြင် မိုဝူကျီက တစ်ခါတိုးတိုင်း ၅၀ ၀၀၀ တိုးပေးနေသောကြောင့် သူ့တွင် ငွေမပြတ်လပ်ကြောင်း သိသာနိုင်သည်။ ပို၍ အရေးကြီးသည်က ထိုဈေးနှုန်းသည် ဈေးကြီးပေးရသော ချပ်ဝတ်ဈေးထက်ပင် ကျော်လွန်နေလေပြီ။ မိုဝူကျီက ၁၀ ၅၀၀ ၀၀ တိုးပေးလိုက်သည်ကို သတိပြုမိပြီး လေလံကို ရပ်လိုက်သည်။

“၁၀ ၅၀၀ ၀၀ ထက် ပိုပေးမဲ့သူ ရှိသေးလား ၁၀ ၅၀၀ ၀၀ တစ်ကြိမ်  နှစ်ကြိမ် သုံးကြိမ် လေလံအောင်သွားပါပြီ.....” သို့သော် ပင်းရှစ်ချီက သူ့သစ်သားတူကို စိတ်လှုပ်ရှားစွာ ထောင်ပြလိုက်သည်။ အကြောင်းမှာ ထိုချပ်ဝတ်သည် ၈၅၀ ၀၀၀ ကျော်သည်ကိုက သူ့တွေးထားသည်က များသွားလေပြီ။ ၁၀ ၅၀၀ ၀၀ အထိ ရောက်လိမ့်မည်ဟု တွေးမထားမိပေ။ ဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။

လေလံပွဲ ဆက်ကျင်းပလိုက်ပြီး မိုဝူကျီ လိုချင်သည့် အရာများစွာ ရှိသော်လည်း လိုချင်စိတ် ပြင်းထန်လှသည်တော့ မဟုတ်သေးပေ။ လေလံအကြိမ်ရေ နည်းနည်း ရှုံးပြီးနောက်တွင် သူက တိုက်ရိုက်သာ လက်လျော့ လိုက်တော့သည်။

မိုဝူကျီက လေလံပွဲတွင် မည်သည့်အရာကိုမှ ထပ်မဝယ်ခဲ့ပေ။ ပင်းရှစ်ချီက ဒုတိယမြောက် လျှို့ဝှက်ဆန်းကြယ်သော ရတနာဖြစ်သည့် အဆင့်မြင့် ဝိညာဉ် ဓားရှည်ကို ထုတ်ယူ လာစဉ်တွင် မိုဝူကျီက ထိုဓားသည် သူ့ချပ်ဝတ်လောက် အဖိုးမတန်ဟု ခံစားမိဆဲ ဖြစ်သည်။

မိုဝူကျီက လမင်းကိုးစင်း ဆေးလုံးအိမ်တော်သို့ ပြန်ရောက် လာသောအခါ နောက်တစ်ရက်၏ နေ့လည် ဖြစ်နေလေပြီ။ အရင်က အဆင့်နိမ့် စိတ်စွမ်းအင် ကျောက်တုံး အချို့သာ ရှိခဲ့ဖူးသော  မိုဝူကျီတွင် ယခုအခါ မြေကမ္ဘာအဆင့် စိတ်စွမ်းအင် ကျောက်တုံး တစ်သောင်းနှင့် စိတ်စွမ်းအင် ကတ် ရှိနေလေပြီ။ တစ်လမ်းစဉ် အိမ်တော်မှ လေလံတင်ဈေးနှင့် သူ့၏ ဝေဟင်လျှပ်စီး ဟန်ပန်ခုနှစ်မျိုး ပညာရပ်၊ ကောင်းကင်ကျီး သဘာဝပိုးချည် ချပ်ဝတ်တို့ နုတ်လိုက်သောအခါ သူ့ကတ်ထဲတွင် မြေကမ္ဘာအဆင့် စိတ်စွမ်းအင် ကျောက်တုံး ၇၈၀ ၀၀၀ ရှိနေသေးသည်။ ထိုသည်က ၇ ၈၀၀ ၀၀၀ ရွမ်အဆင့် ကျောက်တုံးနှင့် တူညီလေသည်။ ထိုစိတ်စွမ်းအင် ကျောက်တုံးကတ်သည် တစ်လမ်းစဉ် အိမ်တော် ခွဲတိုင်းတွင် စိတ်စွမ်းအင် ကျောက်တုံးကို ထုတ်ယူနိုင်သည့်အတွက် အလွန် အဆင်ပြေလှသည်။

အကယ်၍ သူ့သိုလှောင်အိတ်က အရမ်းသေးလွန်းမနေပါက သူသည် သေချာပေါက် စိတ်စွမ်းအင် ကျောက်တုံးများကို ကိုယ့်ဘာသာ သိမ်းဆည်းထားလိမ့်မည်။

သူ့နေရာတွင် မိုဝူကျီက ဝေဟင်လျှပ်စီး ဟန်ပန် ခုနှစ်မျိုး ပညာရပ်ကို ထုတ်မယူခင် ချပ်ဝတ်ကို အရင်ဝတ်ဆင်ဖို့ရာ အချိန်တစ်နာရီ ပေးလိုက်ရသည်။

သားရေပေါ်ရှိ ပထမစာလုံးအချို့ကား ရှင်းရှင်းလင်းလင်း ရှိနေသော်လည်း ဆက်ဖတ်ပါက စာလုံးများသည် စတင်ပြီး ဖတ်မရတော့ပေ။ မိုဝူကျီက ပထမ ပုံစံ၏ “လျှပ်စီးမုန်တိုင်း” ဟူသော နာမည်ပင် မနည်းဖတ်လိုက်ရသည်။ ထို့နောက်တွင် ဝိညာဉ်စွမ်းအား လှည့်ပတ်ခြင်း ပုံတစ်ပုံ ပါရှိလေသည်။ ကျန်စာရွက်များက ပြဲဆုတ်နေ၏။ ရှင်းပြချက် စာလုံးများပင် အကုန် ဖတ်၍ မရပေ။

မိုဝူကျီက ခေါင်းကို ခါလိုက်သည်။ ထိုသည်က မပြီးပြည့်စုံသည့် ပညာရပ် မည်သို့ ဖြစ်နိုင်မည်နည်း... ထိုထဲတွင် နာမည်နှစ်ခုနှင့် လှည့်ပတ်ခြင်း ပုံ တစ်ပုံ သာ ပါဝင်လေသည်။

ထိုအရာကို မတန်မဆ ပေး၍ ဝယ်ခဲ့ရသည်။ ပုံမှန်အားဖြင့် သူသည် လွှင့်ပစ်မည်တော့ မဟုတ်ပေ။ မြေကမ္ဘာအဆင့် စိတ်စွမ်းအင် ကျောက်တုံးကို ဆုပ်ကိုင်ထားလိုက်ပြီး ပုံပါအတိုင်း စတင်ကျင့်ကြံ လိုက်တော့သည်။

သူ့ချီသွေးကြော ကွန်ရက်ထဲသို့ ဝိညာဉ်စွမ်းအားများက ချောချောမွေ့မွေ့ စီးဆင်းသွားလေသည်။ ဝိညာဉ်စွမ်းအားကို ချီသွေးကြောထဲ ဝင်သွားသည့်အခါ နွေးထွေးသော ခံစားချက်မျိုး ပေးစွမ်းလေသည်။

မိုဝူကျီက ကြိတ်၍ အောင်ပွဲခံလိုက်သည်။ ကြည့်ရသည်မှာ သူက လျှပ်စီးသဘာဝ ကျင့်စဉ်များနှင့် ကိုက်ညီမှု ရှိ၍သာ ဖြစ်ရမည်။ မပြီးပြည့်စုံသည့် လျှပ်စီးပညာရပ် ဖြစ်သော်လည်း သူ့အတွက် အဆင်ပြေနေလေ၏။

မိုဝူကျီ၏ ဝမ်းမြောက်အားရမှုက သုံးစက္ကန့်ပင် မခံချေ။ သူ့ချီသွေးကြောများမှ မခံရပ်နိုင်လောက်သည့် နာကျင်မှုမျိုး ဖြစ်ပေါ်လာလေသည်။  လောင်ကျွမ်းနေလေ၏။ သူ့ချီသွေးကြောများက အနီရောင် မီးကျောက်ပေါ် အပူပေးထားသည့် အတိုင်း ခံစားနေရသည်။ စုတ်ဖြဲမတတ် နာကျင်မှုကား သူအား မျှော်လင့်ချက် ပျက်သုဉ်း သွားစေတော့သည်။

“ဘုန်း...” မိုဝူကျီက မြေပြင်ပေါ်  ပြင်းထန်စွာ လဲကျသွားတော့သည်။ သူ့ချီသွေးကြောများကို ဖွင့်ရန် လျှပ်စီးသုံးကာ အမျိုးမျိုးသော နာကျင်မှုများနှင့် သည်းခံမှုများကို ကြုံတွေ့ခဲ့သော်လည်း ယခု ခံစားနေရသည်နှင့် ယှဉ်လျှင် မပြောပလောက်တော့ချေ။ ထိုစဉ် သူက သူ့ချီသွေးကြောများ အထဲတွင် မီးတောက် လောင်နေသည့်အလား ခံစားနေရသည်။ ထိုမီးသည် သူ့ခန္ဓာကိုယ်ကို အထဲမှ ပြာအဖြစ် လောင်ကျွမ်း နေစေလိုခြင်း ဖြစ်သည်။

သူ့ချီသွေးကြောထဲရှိ မီးကြောင့် သူ့ခန္ဓာတွင် ရှိနေသော လျှပ်စီးများက ယို့စိမ့်သွားလေသည်။ မြေပြင်ပေါ်သို့ နေရာအနှံ့ကျသွားပြီး ဖျက်ဆီးခံလိုက်ရသည်။

ထိုစဉ် မိုဝူကျီက ရေခဲဂူထဲသာ ပြေးဝင်ကာ ထိုအအေးဓာတ်ကို သူ့ခန္ဓာထဲ ဖောက်ထွင်း သွားစေချင်တော့သည်။

သေအံ့ဆဲဆဲ ခံစားချက်က မိုဝူကျီ စိတ်ထဲတွင် ရစ်ပတ်နေလေသည်။ သူက နာကျင်နေသော်လည်း မေ့မြောမသွားပေ။ သူက မာကျောသော မြေကြီးပေါ်တွင်  ခက်ခက်ခဲခဲ တွားသွားလိုက်ပြီး သတိကပ်နေအောင် ကြိုးစားနေရသည်။ သူသာ သတိမေ့သွားပါက သူ့အသက်လေးက  ဒီနေရာမှာ ပြီးဆုံးသွားလိမ့်မည်ဟု သင်္ကာမကင်း ဖြစ်နေမိသည်။

အမွေးတိုင် တစ်ဝက်ကုန်ချိန်တွင် မိုဝူကျီက အင်မော်တယ် မော်တယ်ကျင့်စဉ်ကို အသုံးပြုပြိး လှည့်ပတ်နိုင်ခဲ့သည်။ ကျင့်စဉ်ကို အသက်သွင်း လိုက်သည့် အခိုက်အတန့်တွင် အတွင်းမှ မီးက အနည်းငယ် လျော့ကျသွားလေ၏။

မိုဝူကျီက နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားကာ စတင်ပြီး အင်မော်တယ် မော်တယ်ကျင့်စဉ်ကို အရူးအမူး လှည့်ပတ်လိုက်သည်။ အင်မော်တယ် မော်တယ် ကျင့်စဉ်တွင် ထိုအတွင်းမီးကို ထိန်းချုပ်နိုင်မည့် နည်းလမ်းအချို့ ရှိကြောင်း သိရှိလိုက်ရသည်။

အမွေးတိုင် တစ်တိုင်ကုန်ချိန်တွင် သူ့ခန္ဓာကိုယ်အထဲမှ မီးက လုံးဝငြိမ်းသွားကာ အစအနမရှိ ပျောက်ကွယ် သွားတော့သည်။

မိုဝူကျီက ဒယီးဒယိုင် လျှောက်သွားလိုက်သည်။ မြေကြီးပေါ်တွင် သူ့ခန္ဓာမှ ဖယ်ထားသော လျှပ်စီး ဒဏ်ရာများအပြင် ကျန်သည်က သူတွားသွားထားခြင်းသာ ဖြစ်သည်။ သူ့လက်အစုံကား ဒဏ်ရာများနှင့် ပြည့်နှက်နေ၏။ သူ့လက်သည်းများပင် လုံးဝ ကွာနေလေပြီ။

သူက မှန်ရှေ့သို့ သွားကြည့် လိုက်သည့်အခါ စုတ်တီးစုတ်ပြတ် အဝတ်အစားနှင့်  အင်မတန် ဖြူဖျော့နေသော သူ့မျက်နှာကို တွေ့လိုက်ရသည်။ သူ့နှလုံးသားက ပြင်းထန်စွာ ခုန်သွားလေသည်။ အကယ်၍ အင်မော်တယ် မော်တယ် ကျင့်စဉ် ကြောင့်သာ မဟုတ်လျှင် သူကား  သေနေလောက်လေပြီ။

သူ့၏ သွေးစွန်းနေသော လက်ဖြင့် မိုဝူကျီက မပြီးပြည့်စုံသည့် ဝေဟင်လျှပ်စီး ဟန်ပန် ခုနှစ်မျိုး ပညာရပ်ကို ဆုပ်ကိုင်လိုက်ကာ ထိုအရာကို တစ်စီ ဆုတ်ဖြဲပစ်ချင်စိတ် ပေါက်နေလေ၏။ အကယ်၍ ထိုအရာက သူ့အသက်ကို ထိုသို့ ဖြစ်စေမည်မှန်း သိခဲ့လျှင် သူအား ခြိမ်းခြောက်ခဲ့သောသူ ကိုသာ ပေးလိုက်မည်။

ထိုအရာကို ရွှမ်အဆင့် စိတ်စွမ်းအင် ကျောက်တုံး သိန်းချီပေး၍ ဝယ်ယူခဲ့ရသည်။ သူ အရင်က အသုံးပြုသည့် အဆင့်နိမ့် ကျောက်တုံးများနှင့် တွက်ကြည့်လျှင် မီလီယံတော့ ရှိလောက်မည်။ မိုဝူကျီက လွင့်မပစ်ရက်သလို  စုတ်ဖြဲမပစ်ရက်ပေ။ ထို့အစား သူက သိုလှောင်အိတ်ထဲသာ ပစ်ထည့် ထားလိုက်တော့သည်။

ထို့နောက်တွင် မိုဝူကျီက တစ်ခုခု ထူးဆန်းနေမှန်း ခံစားမိလိုက်သည်။ ထိုသည်က လျှပ်စီး ပညာရပ် ဖြစ်သော်လည်း သူ စတင်ကျင့်ကြံ လိုက်သည့်အခါ အဘယ်ကြောင့် မီးတောက်ကဲ့သို့ လောင်ကျွမ်း နေရသနည်း။ နေ့တစ်ဝက်လောက် စဉ်းစားပြီးသော်လည်း မိုဝူကျီက အကြောင်းအရာများကို နားမလည်ပေ။ ဖြစ်နိုင်သည်က ပညာရပ်က မပြည့်စုံသည့်အတွက် ဝိညာဉ် စွမ်းအား မူမမှန်ခြင်းကို ဖြစ်ပေါ်စေတာ များလား....

“ဝူကျီ အထဲမှာ ရှိလား...” မိုဝူကျီက ထိုင်ပြီး သူပေါ် ရေလောင်းပြီးခါစတွင် ကျန်းရှောက်ခယ် အသံကို အပြင်ဘက်က  ကြားလိုက်ရသည်။

မိုဝူကျီက တံခါးဖွင့်ကြည့် လိုက်သောအခါ ကျန်းရှောက်ခယ်က အိတ်ကြီးတစ်လုံး ကိုင်ဆွဲလာလေသည်။ သူ့စိတ်အခြေအနေက တိုးတက်လာတော့သည်။ ကျန်းရှောက်ခယ်က ဤနေရာသို့ ဝိညာဉ်ဆေးပင်များ လာပို့ခြင်း ဖြစ်ရမည်။ သူ လေလံပွဲသို့ မသွားခင် ကျန်းရှောက်ခယ်ဆီက မြေကမ္ဘာ ဝိညာဉ်ကာကွယ်ရေး ဆေးလုံးအတွက်  သူ့လိုအပ်နေသော ဆေးပင်များကို ရှာပေးဖို့ရာ အကူအညီတောင်းခဲ့မိသည်။

“ဝူကျီ ဘာဖြစ်တာလဲ.” မိုဝူကျီ၏ သွင်ပြင်ကို မြင်ပြီး ကျန်းရှောက်ခယ်က တစ်ခဏတာ အံ့ဩတကြီး ဖြစ်သွားခဲ့သည်။ မိုဝူကျီသည် ငရဲမှ ထွက်လာသည့်အတိုင်း ဖြစ်နေလေသည်။

မိုဝူကျီက လက်ကို ပြကာ ပြန်ပြောလိုက်သည် “ကျူပ် အဆင်ပြေပါတယ်  ကျင့်ကြံနေတုန်း ပြဿနာလေးတွေ ရှိလို့ပါ ရှောက်ခယ် ဒါတွေက ဝိညာဉ်ဆေးပင်တွေလား...”

“စီနီယာအစ်မမု သူက အစ်မပြောနေတဲ့ ဆေးလုံးသခင်မိုလား....” ရှင်းလင်း ပြတ်သားလှသည့် အသံတစ်ခုကို ကြားလိုက်ရသည်။ မိုဝူကျီက မနီးမဝေးက လာနေသော လူနှစ်ယောက်ကို သတိပြုမိလိုက်သည်။ တစ်ယောက်ကား မုယင်ဖြစ်ကာ သူမဘေးတွင် ဘဲဥသဏ္ဌာန်မျက်နှာနှင့်  ဆယ်ကျော်သက် မိန်းမပျိုလေး တစ်ဦးပါရှိလေသည်။ စကားပြောလိုက်သည့် သူကား သူမပင် ဖြစ်ရမည်။

***

All Chapters