← Chapters

ကြီးမားဖွယ် တုန်လှုပ်မှု

Vol. 10 Ch. 135

ကြီးမားဖွယ် တုန်လှုပ်မှု

Vol. 10 Ch. 135

မြူများဖြင့် ပြည့်နေသည့် လိုဏ်ခေါင်း အတွင်းသို့ ဝင်သွားလိုက်ပြီး မိုဝူကျီက သူ့ခန္ဓာကိုယ်ဆီ မရေတွက် နိုင်သည့် အပ်များဖြင့် ထိုးဆွနေ သကဲ့သို့ ခံစား လိုက်ရသည်။ သူနှင့်အတူ ဝင်လာသော ကျင့်ကြံသူ များလည်း အတော်အတန် နှေးသွားကြသည်ကို သတိပြုမိ လိုက်သည်။

ထိုအပ်စူး သကဲ့သို့ နာကျင်မှုကား မိုဝူကျီအပေါ် သက်ရောက်မှု ရှိသော်လည်း စွမ်းအားများ လှည့်ပတ် လိုက်မည့်အစား ခြေလှမ်းကိုသာ အရှိန် တင်လိုက်သည်။ နာကျင်မှု ဝေဒနာများက သူတွေ့ကြုံရတာ များလှသည့် အတွက် ထိုမျှ နာကျင်မှုသည် လက်ရှိတွင် ကျင့်ကြံဆင့် အနိမ့်ဆုံး ဖြစ်နေသည့် သူ့အတွက် သက်ရောက်မှု မရှိတော့ပေ။ အကယ်၍ သူက စွမ်းအားများကို လှည့်ပတ်ကာ နာကျင်မှုကို တောင့်ခံနေလျှင် လိုဏ်ခေါင်းမှ နောက်ဆုံးမှ ထွက်နိုင်သူ အဖြစ် အဆုံးသတ် သွားလိမ့်မည်။

မိုဝူကျီက နာကျင်မှုကို ပြန်မတုံ့ပြန်ရုံ သာမက ခြေလှမ်းကိုလည်း အရှိန် တင်လိုက်ကာ ကျင့်ကြံ သူများကို ကျော်တက် လိုက်တော့သည်။ သူတို့ အမြင်တွင် မိုဝူကျီကို အဆင့်မြင့် ကျင့်ကြံသူဟု ထင်နေကြကာ မိုဝူကျီ သူတို့ဆီ လျှောက်လာသည့် အခါ သူ့အတွက် အလျင်အမြန် လမ်းဖယ် လိုက်ကြသည်။

ထိုစဉ် မိုဝူကျီ ရုတ်တရက် မြင်လိုက်ရသည့် မြင်ကွင်းက ပိုမို ကျယ်ပြန့် လာလေသည်။ အရိပ်များစွာကို မြင်လိုက် ရသောကြောင့် သူက လိုဏ်ခေါင်းမှ ထွက်လာပြီး ဒြပ်ငါးမျိုး ကင်းမဲ့နယ် ထဲသို့ ရောက်ရှိ လာကြောင်း သိလိုက်သည်။

မြူများ ရှိနေဆဲ ဖြစ်သော်လည်း ယခင်ကထက် လျော့ပါး သွားလေပြီ။ အဝေးတွင် တောတောင်များ ရှိနေကာ ကြောက်မက်ဖွယ် အငွေ့အသက်ကို ပေးစွမ်းနေသည်။ သိပ်သည်း လှသည့် ဝိညာဉ် စွမ်းအားများက မိုဝူကျီကို အံ့အားသင့် သွားစေသည်။ ဤနေရာတွင် အဖိုးတန်လှသော ဝိညာဉ် ဆေးပင်များ စုစည်းနေခြင်းမှာ အံ့ဩစရာ မဟုတ်တော့ပေ။ ဒြပ်ငါးမျိုး ကင်းမဲ့နယ် အဝင်ဝ၌ပင် ဝိညာဉ်စွမ်းအားက သိပ်သည်းလွန်း နေလေပြီ။

တွေဝေနေဖို့ အချိန်မရှိရာ မိုဝူကျီက ဦးတည်ရာ တစ်ခု ရွေးချယ် လိုက်ပြီး အရှိန်ဖြင့် ထွက်သွားတော့သည်။ ဒြပ်ငါးမျိုး ကင်းမဲ့နယ် အပြင်ဘက်တွင် တစ်ယောက်မှ သူ့အား မကြံစည် ရဲကြပေ။ သို့သော် ဒြပ်ငါးမျိုး ကင်းမဲ့နယ် အတွင်း ဖြစ်သောကြောင့် သူ အသတ်ခံ ရလျှင်ပင် ပုရွက်ဆိတ် တစ်ကောင် သေဆုံးရ သကဲ့သို့ ထူးခြားမည် မဟုတ်ပေ။

တစ်ရက်နှင့် တစ်ညတာက မကြာခင် ကုန်ဆုံးသွားပြီး နောက်တွင် မိုဝူကျီက ရုတ်တရက် ရပ်တန့် လိုက်တော့သည်။ သူ ဆက်လက်၍ မသွားနိုင်တော့၍ မဟုတ်ဘဲ အပြန်လမ်းကို ရှာမတွေ့လျှင် မည်သို့ လုပ်မည်နည်းဟု ရုတ်တရက် အတွေးပေါက် လာသောကြောင့် ဖြစ်သည်။

ပြန်တွေးကြည့် လိုက်သည့်အခါ မိုဝူကျီက သူလာခဲ့သည့် နေရာကို မှတ်မိနေဆဲ ဖြစ်သော်လည်း သုံးလ အကြာတွင် မှတ်မိနိုင်ပါ့ မလားက နောက်ထပ် ပြဿနာ တစ်ခု ဖြစ်လေသည်။ ထိုစဉ် သူက မြေပုံကြမ်း တစ်ခု ပြုလုပ်ရန် စာရွက် အချို့နှင့် ဘောပင်တို့ကို ထုတ်ယူ လိုက်သည်။

သို့သော် သူ့လက်ကောက်ဝတ်ရှိ လက်ပတ်ကို ကြည့်မိ လိုက်သောအခါ ထိုလက်ပတ်တွင် သူလာခဲ့သည့် နေရာကို ညွှန်ပြနေသည့် ထူးခြားသော မြားလေး ရှိနေသည်။ သူက မတူညီသော နေရာကို ရွေ့လျား လိုက်လျှင်ပင် မြားက တူညီသော နေရာကို ညွှန်ပြနေသေး၏။

မိုဝူကျီက စိတ်အေးစွာ သက်ပြင်း ချလိုက်တော့သည်။ ထိုသည်က သံလိုက်အိမ်မြှောင် ထက်ပင် အသုံးဝင်လေ၏။ ကြည့်ရသည်မှာ ထိုလက်ပတ်သည် ဒြပ်ငါးမျိုး ကင်းမဲ့နယ် ဝင်ဖို့ရာ လိုအပ်သည် သာမက နောင်တွင်လည်း လိုအပ် လာလိမ့်မည်။ သူ လာခဲ့သည့် နေရာကို သေချာညွှန်ပြ နိုင်နေ သောကြောင့် ထိုလက်ပတ်တွင် ဦးတည်ချက် ထိန်းချုပ်မှု အစီအရင် ပါဝင်ကြောင်း ပြောနိုင်သည်။

မိုဝူကျီသည် အဆင့်သုံး ဆေးလုံးဆရာ ဖြစ်ပြီး ကြောက်ခမန်း လိလိ ကျင့်ကြံနှုန်း ရှိသော်လည်း သူ့တွင် ဆရာ မရှိသေးပေ။ ထို့ကြောင့် လက်မှု ပညာရပ်၊ အစီအရင်၊ အဆောင်တို့နှင့် ပတ်သက်သည် များကို သိရန် အကြောင်းမရှိပေ။

အရင်က သူကြုံတွေ့ဖူးသော အစီအရင် များသည် ဂိုဏ်းကာကွယ်ရေး အစီအရင်နှင့် ရွှေ့ပြောင်း အစီအရင်တို့သာ ဖြစ်သည်။ အသေးဆုံး အနေဖြင့် အလင်း ရွှေ့ပြောင်း အစီအရင်ကို တွေ့ဖူးလေသည်။ မည်သို့ အစီအရင် အမျိုးအစားပင် ဖြစ်နေပါစေ ထိုအရာများကို စိတ်ဝိညာဉ် ဆန္ဒဖြင့် စစ်ဆေး ကြည့်ဖို့ရာ အခွင့်အရေး မရခဲ့ပေ။

ယခု သူ့လက်ပတ်တွင် ထိန်းချုပ် အစီအရင် ရှိနေသောကြောင့် မိုဝူကျီ စိတ်ဝင်စားမှုကို တိုးလာစေသည်။ သူ့စိတ်ဝိညာဉ် ဆန္ဒကို လက်ပတ်ထဲ ဂရုတစိုက် ပို့လွှတ်လိုက်ပြီး သူ့မြင်ကွင်းတွင် ရှုပ်ယှက်ခတ် နေသော မျဉ်းကြောင်းများ ပေါ်လာလေသည်။

ထိုသည်က အစီအရင် အက္ခရာများ ဖြစ်နိုင်သော်လည်း မိုဝူကျီ တစ်ခုမျှ နားမလည် နိုင်ခြင်းက နှမြောစရာ ကောင်းလှ၏။ ထို့ကြောင့် သူ့စိတ်ဝိညာဉ် ဆန္ဒကို ပြန်သိမ်း လိုက်သည်။

“ဘမ်း...” မိုဝူကျီက သူ့လက်ပတ်ထဲ အာရုံ ရောက်နေစဉ် မိုးကြိုးလျှပ်စီး နောက်တွင် လေထုထဲမှ ကျယ်လောင် လှသော အသံကြီးက ပျံ့နှံ့ လာလေ၏။ မိုဝူကျီက ခေါင်းမော့ကြည့် လိုက်သည့်အခါ ကောင်းကင်မှ နောက်ထပ် လျှပ်စီး ကျဆင်းလာပြီး ပေါက်ကွဲမှု ထပ်ဖြစ်ပွား သွားခဲ့သည်။

ကောင်းကင် တစ်ခုလုံးက မှုန်မှိုင်း နေကာ မိုးကြိုးလျှပ်စီး အကြီးကြီး ကျဆင်းပြီး နောက်တွင် အခြားသော လျှပ်စီး အသေးလေးများက ဆက်တိုက် ကျဆင်း လာတော့သည်။ မိုးရွာမှာ များလား ... မိုဝူကျီက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ကာ အနီးရှိ တောင်အသေးလေးကို ရှာတွေ့ သွားသည်။ မိုးရွာမည် ဆိုလျှင် သူက ခိုအောင်းဖို့ နေရာ ရှာဖို့ လိုအပ်မည်။ ထို့နောက် ဤနေရာရှိ အရာများကို နားလည် သဘောမပေါက် သေးခင် တရေးတမော အိပ်ရမည်။

ဝိညာဉ် စွမ်းအားများကို လှည့်ပတ် လိုက်ပြီး မိုဝူကျီက တောင်ခြေကို အမြန်နှုန်းဖြင့် ရောက်ရှိ သွားတော့သည်။ သူက မြေပြင်မှ ၂၀မီတာ ကွာဝေးသော မတ်စောက်သည့် နံရံကို ရွေးချယ်ကာ တက်သွား လိုက်သည်။ ထို့နောက်တွင် သူ့ဓားကို အသုံးပြုပြီး ဂူတစ်ခု စတင် တူးတော့သည်။

ထိုသည်က သူ့အတွေ့ အကြုံပေါ် မူတည်၍ ပြုလုပ် ထားသော ဆုံးဖြတ်ချက် ဖြစ်သည်။ နံရံတွင် တွင်းတစ်ခု ဖောက်နေခြင်းက အဆိပ်ရှိ ပိုးမွှားများ ရန်မှ ကာကွယ်နိုင်ရုံ သာမက မြေကြီးပေါ်တွင် တဲဆောက် နေခြင်းထက် ပို၍ လုံခြုံလိမ့်မည်။

တွင်းတူးနှုန်းက အရမ်းကို မြန်ဆန်ရာ တစ်နာရီအတွင်း အိပ်စက်ဖို့ရာ ကျယ်ဝန်းသည့် ဂူတစ်ခု ဖောက်ပြီး သွားလေပြီ။ သူ့အနွေးထည်နှင့် လက်ပတ်တို့ကို ချွတ်ထား လိုက်ပြီး ဘေးသို့ ချထား လိုက်သည်။ သူက ဒြပ်ငါးမျိုး ကင်းမဲ့နယ်ထဲ ရောက်နေစဉ်မှ တစ်နေလုံး အပြေးအလွှား သွားလာခဲ့ ရ၍ မောပန်း နေလေ၏။ ယခုတွင် မိုးရွာတော့မည် ဖြစ်သောကြောင့် ဆက်လက် မရှာဖွေခင် အနားယူခြင်းက အချိန်ကောင်း တစ်ခု ဖြစ်၏။

မိုးကြိုး လျှပ်စီးများက ဆက်တိုက် ကျရောက် နေလေသည်။ ကျဆင်း လာသော အသံများက တုန်ခါမှုများပင် ဖြစ်ပေါ်နေသည်။ မိုဝူကျီက အချိန်ကောင်း စောင့်ရန် လဲလျောင်းပြီး နောက်တွင် မိုးသံက ပျောက်ဆုံး သွားသောကြောင့် သင်္ကာမကင်း ဖြစ်လာတော့သည်။ သူက မိုးမရွာဘဲ မိုးကြိုးများ ခြိမ်းနေသည်ကို ကြုံတွေ့ဖူး သော်လည်း လျှပ်စီးများက ကြာလှပြီ ဖြစ်ရာ မိုးတစ်စက်မှပင် မကျသေးပေ။ ထိုသို့ အခြေအနေကို မကြုံတွေ့ဖူးပေ။

မိုဝူကျီက သိချင်စိတ်ဖြင့် ဂူအပြင်သို့ ထွက်ကြည့် လိုက်သည်။

“ဘမ်း..” နောက်ထပ် လျှပ်စီးသံ ဘန်းခနဲ ထွက်ပေါ် လာပေမဲ့ မိုဝူကျီကို ကြောက်လန့် စေသည်က ဧရာမ မိစ္ဆာသားရဲ တစ်ကောင်ကား လက်ဖြင့် မိုးကြိုး လျှပ်စီးကို ထိုးချသည့် မြင်ကွင်း ဖြစ်သည်။

လျှပ်စီးက သားရဲကို အဝေးလွင့် သွားစေကာ ချိုင့်ကြီး ဖြစ်သွားစေသည်။

ယခုတွင် မိုဝူကျီက မမှားနိုင်တော့ပေ။ ထိုသည်က မိုးမဟုတ်ကြောင်း သိလိုက်ရလေပြီ။ ထို့အစား မိစ္ဆာ သားရဲကြီးက ကောင်းကင် စမ်းသပ်ချက် ခံယူနေခြင်း ဖြစ်နေသည်။

သူက ယန်ချင်ယင် ကဲ့သို့ ယွမ်ဒန် အဆင့် ပါရမီရှင်များကို တွေ့ဖူးသော်လည်း ကောင်းကင် စမ်းသပ်ချက်နှင့် ပတ်သက်ပြီးတော့ မကြားဖူးပေ။ ထိုသည်က မြေကမ္ဘာ အဆင့်သုံးခုတွင် လျှပ်စီး စမ်းသပ်ချက် မရှိချေ။

သို့သော် သားရဲ တစ်ကောင်က သူ့ရှေ့တွင် ကောင်းကင် စမ်းသပ်ချက် ခံယူနေရာ မည်မျှပင် အားကောင်း လိုက်သနည်း။ ကောင်းကင်ဖွေရှာ နန်းတော် ဂိုဏ်းချုပ် ဖုန်းထက်ပင် အားမနည်းနိုင်ပေ။ အကယ်၍ သူသာ ထိုသားရဲလက်ထဲ ကျရောက် သွားပါက အသက် ဆက်လက် ရှင်နိုင်ပါဦး မလား...

ဤနေရာမှ ချက်ချင်း ထွက်သွားဖို့ လိုနေလေပြီ။ မိုဝူကျီ စိတ်ထဲတွင် ပေါ်လာသည့် တစ်ခုတည်းသော အတွေး ဖြစ်၏။ သို့သော်လည်း သူက တောင်ပေါ်မှ မဆင်းခင် သားရဲက ချိုင့်ကြီးမှ ထလာပြီး သူ့ရှိရာသို့ ခုန်လာသည်။

ထိုသားရဲသည် မိုးကြိုး လျှပ်စီးဒဏ်ကို မခံနိုင်သောကြောင့် ထွက်ပြေးရန် ကြိုးစားနေခြင်း ဖြစ်ရမည်။ မိုဝူကျီကက နောင်တ ရလာမိသည်။ အကယ်၍ လျှပ်စီး ဇာစ်မြစ်က သားရဲ၏ ကောင်းကင် စမ်းသပ်ချက်မှန်း သိခဲ့လျှင် မိုးရေထဲ ရွှဲရွှဲစို နေလျှင်ပင် ဒီတောင်ထပ်ဆီ လာ၍ ချာတူးလံ ဂူလာတူးနေမည် မဟုတ်ပေ။

“ဘမ်း ဘမ်း ဘမ်း...” လျှပ်စီး သုံးချက်က ဆက်တိုက် ဆင်းသက်လာပြီး ပထမနှစ်ချက်က ရွှံ့များ ပေတူးနေသော သားရဲ ခန္ဓာကိုယ်ဆီ ထိမှန်သွားကာ အရိုးထိ ဒဏ်ရာ ရသွားစေသည်။ တတိယမြောက် လျှပ်စီးကို သားရဲက လက်ဖြင့် ကာလိုက်သည်။ သားရဲသည် လျှပ်စီး စမ်းသပ်ချက်ကို မရှောင်နိုင်တော့ချေ။ သို့သော် သားရဲ မည်သည့် နေရာသို့ သွားသွား လျှပ်စီးများက လိုက်ပါနေဆဲ ဖြစ်သည်။

မိုဝူကျီက အခြေအနေ တစ်ခုလုံးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ သားရဲ ခန္ဓာပေါ်ရှိ ရွှံ့များက သွေးများနှင့် ရွံ့များ ရောနေခြင်း ဖြစ်သည်။ ခန္ဓာ တစ်ကိုယ်လုံးတွင် လျှပ်စီးကြောင့် ဒဏ်ရာများဖြင့် ပြည့်နေ၏။ သူ့စိတ်ထဲတွင် ရုတ်တရက် အတွေးတစ်ခု ပေါ်လာပြီး အကယ်၍ သားရဲကြီးက ကောင်းကင် စမ်းသပ်ချက်ကို ကျရှုံး၍ လျှပ်စီးကြောင့် သေဆုံး သွားခဲ့လျှင် မည်သို့ ဖြစ်မည်နည်း။ သူ့အတွက် အကျိုးမြတ် ရနိုင်မည် မဟုတ်ပါလော ...

မိုဝူကျီ အတွေး မဆုံးခင်ပင် သားရဲက အကြီးအကျယ် မြည်ဟည်းလိုက်ကာ ခုန်ထွက်ကာ လူနှစ်ယောက်ကို ဆက်တိုက် ဆွဲယူလိုက်သည်။

“ဘမ်း…” လျှပ်စီးက ကောင်းကင်မှ နောက်တစ်ခါ ကျရောက် လာပြန်သည်။ ဤတစ်ကြိမ်တွင် သားရဲက လူနှစ်ယောက်ကို လျှပ်စီးဆီ ပစ်လွှတ် လိုက်သည်။ လျှပ်စီး အရောင်အောက်တွင် သူတို့၏ တုန်လှုပ်တကြီး ဖြစ်နေသည့် သွေးရောင် မရှိသည့် မျက်နှာများကို မြင်လိုက်ရသည်။ မိုဝူကျီက သူ့နှလုံး ခုန်ထွက်လု မတတ် ခံစား နေရသည်။ ထိုလူ နှစ်ယောက်ကို သူ ဒြပ်ငါးမျိုး ကင်းမဲ့နယ်သို့ ဝင်မလာခင်က မြင်ဖူးဟန် ရှိသည်။

“ဘမ်း ဘမ်း...” လျှပ်စီးများက သူတို့ ခန္ဓာဆီ ကျရောက် လာသော်လည်း သူတို့က အသုံးမဝင်သော ဒိုင်းများ ဖြစ်ကာ ချက်ချင်းပင် အစိတ်စိတ် အမြွှာမြွှာ ပေါက်ကွဲ သွားတော့သည်။ နောက်တစ်ချက်က သူ့ဂူ၏ အဝင်ဝသို့ ဖြစ်ကာ ဂူတစ်ဝက်လောက် ပြိုကျ သွားလေ၏။

ထိုစဉ် မိုဝူကျီတွင် ကံကောင်းမှု ကျန်ရှိပါဦးမလား ... ဤနေရာတွင် ဆက်နေခြင်းက သေဖို့ရာ စောင့်နေခြင်းသာ ဖြစ်လိမ့်မည်။ လျှပ်စီးများက မဆက်မပြတ် ကျရောက်နေပြီး သားရဲက ထိုအရာများနှင့် အလုပ် ရှုပ်နေစဉ် ထို့ထက် ထွက်ပြေးဖို့ အခွင့်အရေးကောင်း ရှိပါဦးမလား ...

မိုဝူကျီက မီတာ ၂၀ မြင့်သည့် ဂူမှ တိုက်ရိုက် ခုန်ဆင်းလိုက်ကာ အရူး တစ်ယောက်လိုမျိုး ပြေးသွား တော့သည်။

သားရဲ လိုက်မလာသည်ကို သိသော်လည်း သူက ဆက်လက်၍ ပြေးဆဲ ဖြစ်သည်။ အချိန်တချို့ အကြာတွင် မိုဝူကျီက ထူးခြားလှသည့် ရနံ့လေး တစ်ခုကြောင့် ရပ်တန့် သွားလေ၏။ ထိုရနံ့လေးက ရက်များစွာ ရေငတ်နေသည့် နွေခေါင်ခေါင်တွင် ရေအေးလေး သောက်လိုက် ရသည့်အလား သူ့အား စိတ်ဓာတ် ခွန်အား ပေးနေသည်။

သူ့ရှေ့တွင် ရှိနေသော လှပသော ရေတံခွန်လေးကို တွေ့လိုက်ရကာ ရေတံခွန် အောက်တွင် ရေကန်လေး ပါရှိ၏။ ထိုရေကန် မျက်နှာပြင်တွင် ပန်းများဖြင့် ပြည့်နေသည်။ သူက ရေတံခွန်နှင့် အတော် လှမ်းသေးသော်လည်း သိပ်သည်းသော ဝိညာဉ် စွမ်းအားများက သူ့အား သက်သောင့်သက်သာ ဖြစ်စေသည်။

“ကြာပန်းတွေလား…” မိုဝူကျီက ဝမ်းသာ သွားလေ၏။ ပန်းရနံ့ ကိုယ်တိုင်ပင် သူ့စိတ် အခြေအနေကို မြင့်ပေးနိုင်သည်။ အကယ်၍ သူသာ အမြစ်မှ တူးယူ သွားခဲ့လျှင် သူတို့သည် ရတနာ သွေးပဒုမ္မာာ ကြာထက် အဆင့် မြင့်လောက်သည်။ သို့သော်လည်း သူ လိုအပ် နေသည်က အဆင့်မြင့် ကြာပန်း ဖြစ်ကာ ထိုမှသာ သူ့ချီ သွေးကြောများကို ဖွင့်နိုင်လိမ့်မည်။

လျှပ်စီးများကို ပြန်တွေးမိ လိုက်ပြီး မိုဝူကျီက ရေကန်ထဲသို့ တွန့်ဆုတ် မနေဘဲ ဒိုင်ဗင်ထိုးချ လိုက်တော့သည်။

ရေထဲ ရောက်သည်နှင့် အရိုးခိုက် မတတ် အေးခဲမှုက ပျံ့နှံ့လာကာ ရေကန်ထဲတွင် လူရေခဲ ဖြစ်စေတော့ မတတ် ဖြစ်သည်။ သို့သော် မိုဝူကျီ၏ အလိုကြီး စိတ်ကြောင့်သာ ချက်ချင်း တည်ငြိမ် သွားနိုင်ခြင်း ဖြစ်သည်။

ထိုကြာမြစ်သည် ရတနာ တစ်မျိုး ဖြစ်ရမည်။ သို့သော် အနီးအနားတွင် သားရဲ ရှိမနေသနည်း။ တစ်ခုတည်းသော အကြောင်းရင်းက ထိုကြာပန်းများတွင် ပိုင်ရှင် ရှိပြီးသား ဖြစ်ရမည်။

ထိုအတွေးဖြင့် ကြက်သီး တဖြန်းဖြန်း ထလာတော့သည်။ သူက သေခြင်းမှ လက်မတင်လေး လွတ်မြောက်လာရုံ ရှိသေးကာ နောက်တစ်ကြိမ် ထပ်ကြုံရပြန်ပြီလား ...

တစ်ခုခုတော့ မှားနေလေပြီ။ အကယ်၍ ဤနေရာကို စောင့်ရှောက် ကာကွယ်နေသော သားရဲ ရှိနေလျှင် သူ ရေကန်ဆီ ချဉ်းကပ်သည်နှင့် ပေါ်လာရမည် မဟုတ်ဘူးလား ... ဘာကို စောင့်နေတာများလဲ ... ဒီရေကန်ပိုင်တာ ကောင်းကင် စမ်းသပ်ချက် ခံယူနေတဲ့ သားရဲကြီး မဟုတ်သရွေ့ပေါ့ ...

နောက်ထက် ကြက်သီးထမှုက ကျောရိုး တစ်လျှောက် စီးဆင်းသွားပြီး အေးစက်နေသော ရေများပင် ပို၍ အေးလာတော့သည်။ ထိုစဉ် သူက ဤနေရာသည် ကောင်းကင် စမ်းသပ်ချက် ခံယူနေသည့် သားရဲကြီး ပိုင်နက် ဖြစ်ကြောင်း သေချာ သွားလေသည်။ နောက်ထပ် သေမင်း တံခါးဝသို့ အလည် သွားမိပြန်ပြီ ...

မြန်မြန် ထွက်သွားရမယ်...

ထိုအတွေးသာ မိုဝူကျီ စိတ်ထဲ ပေါ်လာခဲ့သည်။ သို့သော် မကြာခင်တွင် ထိုအတွေးကို စွန့်ပစ်လိုက်ကာ ရေနက်ပိုင်းသို့ ကူးခပ် သွားတော့သည်။ ထိုသည်က ကံဆိုးမှု မဟုတ်ဘဲ ကံကောင်းမှုလည်း ဖြစ်နိုင်သည်။ ကံဆိုးမှု ဖြစ်နေလျှင်ပင် ရှောင်လွှဲ၍ မရတော့ချေ။ ထို့အပြင် သူက အရည်အသွေးမြင့် ကြာပန်းများ လိုအပ်နေကာ တချို့ကို ရှာနိုင်မှတော့ လက်ဗလာဖြင့် ပြန်မသွားနိုင်ချေ။ နေ့တစ်ဝက်လောက် အကြောက်တရားဖြင့် နေထိုင် နေခြင်းက မတန်ပေ။

တတ်နိင်သမျှ မြန်မြန် ကူးသွားလိုက်ပြီး ရေကန် အောက်ခြေသို့ ရောက်သွားလေသည်။ သူ့လက်ကို ဂေါ်ပြား တပ်ထားသည့် အလား ရွှံ့ထဲတွင် ရှာနေတော့သည်။ မိနစ် အနည်းငယ် အကြာတွင် သူက ကြာမြစ် ခြောက်ခု တူးပြီး သွားလေပြီ။ ထို့နောက်တွင် ရေပေါ်သို့ ပြန်တက် လာခဲ့သည်။ အကြောင်းမှာ သူဆက်၍ မတူးချင်၍ မဟုတ်ဘဲ အပူချိန် ကျဆင်းပြီး အေးခဲမှုကို တောင့်မခံ နိုင်တော့၍ ဖြစ်သည်။ အကယ်၍ သူဆက်နေပါက မိုဝူကျီသည် ရေကန် အောက်ခြေတွင် အေးခဲ သေဆုံး သွားလိမ့်မည်ဟု ခံစားနေမိ၏။

***

All Chapters