← Chapters

ရန်သူနှင့် တွေ့ဆုံမှု

Vol. 10 Ch. 136

ရန်သူနှင့် တွေ့ဆုံမှု

Vol. 10 Ch. 136

စိုရွှဲနေသည့် မိုဝူကျီက ရေကန်ပေါ် တက်လာပြီး ပေါလောပေါ် နေသည့် ပန်းတစ်ဝက်လောက် ပျောက်ဆုံး သွားကြောင်း တွေ့လိုက်ရသည်။ ထိုအရာများကို ပေါင်းပင်ခူးသည့် အလား သိုလှောင်အိတ် ထဲသို့ ကောက်ထည့် လိုက်တော့သည်။

မြန်မြန် သွားဖို့ လိုအပ် နေလေပြီ။ ဤနေရာကား ကြာကြာနေလို့ မကောင်းချေ။

မိုဝူကျီက တစ်ဖန် အရူးတစ်ယောက် ကဲ့သို့ ထပ်ပြေးပြန်သည်။ ဒြပ်ငါးမျိုး ကင်းမဲ့နယ်ထဲ ဝင်စဉ်မှ စ၍ သူသည် ဆက်တိုက် ပြေးလွှားနေခြင်း ဖြစ်သည်။ ဤတစ်ကြိမ်တွင် သူက သုံးရက် သုံးည မရပ်မနား ပြေးခဲ့ရသည်။ ရပ်လိုက်ရသည့် အကြောင်းမှာ သူ ဆက်မပြေးချင်၍ မဟုတ်ဘဲ ဆက်မပြေးနိုင်၍ ဖြစ်သည်။ ထိုရက်တွေအတွင်း စွမ်းအားဖြည့် ဆေးလုံးများကို မည်မျှ စားသုံးပြီးမှန်း မသိတော့ပေ။

အသက်ဝအောင် ရှူလိုက်ပြီး အဆာခံ ဆေးလုံးကို မျိုချလိုက်သည်။ ထို့နောက်တွင် မိုဝူကျီက ပတ်ဝန်းကျင်ကို အကဲခတ် ကြည့်လိုက်သည်။

ရှေ့တွင် မညီမညာသော တောင်ကုန်း တချို့ ရှိသည်။ ထိုတောင်ကုန်းများက အဆုံးမရှိ ဆက်စပ် နေဟန် ဖြစ်ကာ မြင်ကွင်းဆုံး တစ်လျှောက် တည်ရှိနေသည်။ သူ့လက်ဝဲ ဘက်တွင် သဲကန္တာရ တစ်ခု ရှိနေကာ တစ်စစီ ယိုယွင်း ပျက်စီးနေသော ကျောက်ရုပ်ထု တချို့နှင့် အံ့အား မှင်သက်ဖွယ် တိုင်လုံးများလည်း ရှိနေသည်။ ညာဘက်တွင် စိမ့်မြေ ရှိနေပြီး စိမ့်တော အလယ်မှ ရေပူဖောင်းလေးများ တစ်ခါတစ်ရံ ထွက်ပေါ်လာကာ တခြား သက်ရှိများ မရှိပေ။

မိုဝူကျီက သဲကန္တာရရှိ စွန့်ပစ်ထားသော အဆောက်အဦပေါ်တွင် အရိပ် ရှိနေသည်ကို မြင်လိုက်ရသည်။ ထိုအဆောက်အဦ များသည် နှစ်များစွာ ကြာလွန်းနေ၍ မည်မျှ သက်တမ်းရှိမှန်း မပြောနိုင်ကြပေ။ သူတို့၏ ပုံကြမ်းသာ တည်ရှိနေဆဲ ဖြစ်သည်။

မိုဝူကျီက သဲကန္တာရထဲ ဝင်သွား လိုက်ပြီး အနေတော်လောက် ကျယ်ဝန်းသော နေရာကို တွေ့သောအခါ တွင်းတူး လိုက်တော့သည်။ ထို့နောက်တွင် တွင်းထဲ ဝင်လိုက်ပြီး သူ့မောပန်း နွမ်းလျမှုများကို ဖြေလျော့ လိုက်တော့သည်။ သုံးရက် သုံးည ဆက်တိုက် မရပ်မနား မမောနိုင် မပန်းနိုင် ပြေးလာခဲ့ရသည်။ ထို့အပြင် သူက ရေကန်ထဲတွင် ရွှံ့များကိုလည်း ရုန်းခဲ့ ရသေးကာ သူတစ်ကိုယ်လုံးကား ညစ်ပတ်နေပြီး ရွှံ့များဖြင့် ပေတူးနေသည်။

သူက ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်၈ ဖြစ်သော်လည်း မိုဝူကျီက မှော်ပညာနှင့် ပတ်သက်၍ တစ်ခုမျှ အရိပ်အမြွက် မသိပေ။ သူက ခန္ဓာကိုယ် ရေဖတ်တိုက် လိုက်ပြီး အင်္ကျီများကို လဲလှယ် လိုက်သည်။

ထိုကိစ္စများအတွက် မိုဝူကျီက အမှန်ပင် ဂရုမစိုက်ပေ။ သန့်ရှင်းပြီး နောက်တွင် ပထမဆုံး သူလုပ်သည်က သိုလှောင်အိတ် ထဲမှ ကြာပန်း ခြောက်ပွင့်ကို ထုတ်ယူခြင်း ဖြစ်သည်။

သူက ထိုကြာပန်းများကို အားဖြင့် ဆွဲခူးလာပြီး သိုလှောင် အိတ်ထဲ ထည့်ထားခြင်း ဖြစ်သော်လည်း ပုံပျက် မသွားပေ။

ထိုကြာပန်း ရနံ့က မိုဝူကျီကို လွန်ခဲ့သည့် ရက်များက အလကား မဖြစ်ခဲ့ကြောင်း ပူပန်သောက ဖျောက်ပေး နေလေသည်။ ဂရုတစိုက် ခူးဆွတ် လာသော ကြာပန်းများကို ကျောက်စိမ်း သေတ္တာထဲ ထည့်သိမ်းထား လိုက်တော့သည်။ ထို့နောက်တွင် သူက ကြာပန်းရိုးနှင့် အရွက်များကို သေချာ သပ်ရပ်စွာ ထုတ်သိမ်း လိုက်သည်။ မိုဝူကျီက ဘာကြာပန်းမှ မသိသော်လည်း မရိုးရှင်း ကြောင်းတော့ သိသည်။ မဟုတ်လျှင် ထိုမျှ လန်းဆန်း တက်ကြွစေသည့် ရနံ့ကို ထုတ်ပေးနိုင်မည် မဟုတ်ချေ။

အရေးကြီးဆုံး အရာက ထိုကြာပန်းက ကြာမြစ် ရှိနေဆဲ ဖြစ်သည်။ ကြာပန်း၏ အဆင့်ကို မသိသော်လည်း အားကောင်း လှသည့် သားရဲ စောင့်ရှောက်နေသော အရာက ရိုးရှင်းမည်ဟု ထင်နေလျှင်ပင် အဓိပ္ပာယ် မရှိဖွယ် ဖြစ်သည်။

ပထမ ကြာပန်းကို သေချာ ဆေးကြော လိုက်သည့်အခါ ခရမ်းရောင် ကြာပန်း ပေါ်လာလေ၏။ မိုဝူကျီက ကြာဆစ်ကို အနည်းငယ် ဖွင့်လိုက်သည့်အခါ သင်းပျံသည့် ရနံ့က သူ့နှာဖျားဆီ ရောက်ရှိလာသည်။ မိုဝူကျီက ကြာမြစ်များက သန့်ရှင်း နေသည်ကို တွေ့လိုက်ရ၏။ ရတနာ သွေးပဒုမ္မာာကြာနှင့် မတူညီစွာ ဤကြာမြစ်သည် စိမ်းနေပြီး ကျောက်စိမ်း ကဲ့သို့ ကြည်လင်နေသည်။ အမြစ်ကား ကိုယ်ပိုင် အသက်ရှိသည့် အလား တက်ကြွစွာ အသက်ဓာတ်နှင့် ပြည့်နေ၏။

သာမန် ကြာမြစ်များက တစ်ခုနှင့် တစ်ခု ဆက်နွှယ်နေကာ သေးသွယ်ပြီး ကျိုးပျက် လွယ်တတ်သည်။ တစ်ဖက်တွင် ရတနာ သွေးပဒုမ္မာကြာက တစ်ခုချင်း ဖြစ်တည်ကာ သိသာသော ပုံစံနှင့် အရောင်အဆင်း ရှိသည်။ သူ ရရှိလိုက်သော ကြာမြစ်များတွင် ထူးခြားသော ပုံစံ ရှိကာ ကိုယ်ပိုင် ရနံ့ပင် ရှိလေသည်။

ဤကြာပန်းကား သေချာပေါက် ရိုးရှင်းမည် မဟုတ်ပေ။ မိုဝူကျီက ကြာမြစ်များကို ကျောက်စိမ်း သေတ္တာထဲတွင် သိမ်းထား လိုက်ပြီး ကြာကိုတော့ တစ်ကိုက် စားကြည့် လိုက်သည်။

ရေခဲတမျှ အေးစက်နေပြီး ပူပြင်းလှသည့် အသက်စွမ်းအားက သူ့လည်ချောင်း ထဲသို့ စီးဆင်း သွားလေ၏။ ထိုစွမ်းအားများက အသင့်တော်ဆုံးနှင့် ထိပ်ဆုံး အခြေအနေထိ ဆွဲခေါ် သွားမည့်ဟန် ရှိသည်။

မိုဝူကျီ နှလုံးသားက ဝမ်းသာမှုများ လွှမ်းခြုံသွားကာ ချက်ချင်းပင် မြေကမ္ဘာအဆင့် စိတ်စွမ်းအင်‌ ကျောက်တုံးကို ဆုပ်ကိုင်ကာ စတင် ကျင့်ကြံ လိုက်တော့သည်။ အမွှေးတိုင် တစ်ဝက်လောက် ကြာချိန်တွင် မိုဝူကျီက သူ့ကျင့်ကြံ ခြင်းတွင် ပဲ့တင်ထပ်၍ အဆုံးမသတ် မြင့်တက်မှုများ ဖြစ်ပေါ်လာခြင်း ခံစားမိ လိုက်သည်။

မကြာသေးခင် ကမှ သူက ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ၈ကို ရောက်လာ သော်လည်း ယခုတွင် သူက ရုတ်တရက် ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ၉သို့ တက်လှမ်းမည့် ဆဲဆဲ ဖြစ်နေလေသည်။

မြေကမ္ဘာအဆင့် စိတ်စွမ်းအင် ကျောက်တုံးများက ပြာအဖြစ် ကြေမွ သွားတော့သည်။ မိုဝူကျီက နောက်ထပ် ထုတ်ယူလိုက်ပြီး ဆက်တိုက် ကျင့်ကြံ လိုက်သည်။ ကျင့်ကြံ နေဆဲတွင် တဖြုတ်ဖြုတ် ကုန်ဆုံးသွားကာ မိုဝူကျီ ကိုယ်တိုင်ပင် ဝိညာဉ်စွမ်းအား မည်မျှကို စုပ်ယူ လိုက်ကြောင်း မသိပေ။ ထိုစဉ် သူ့ခန္ဓာကိုယ် ထဲရှိ သဘာဝ စွမ်းအင်များက အုတ်အော်သောင်းနင်း ဖြစ်လာပြီး ပိုလျှံ ကျလာကာ သူ့ဒန်တျန်းကိုပင် ပေါက်ကွဲ ထွက်လုမတတ် ဖြစ်နေလေ၏။ သူ့ကျင့်ကြံဆင့်က ရေပြည့်နေသည့် အိုးကဲ့သို့ မမြင့်လာပေ။ ထပ်၍ ရေများကို သိုလှောင် မပေးနိုင်တော့ချေ။

မိုဝူကျီက နောက်ကျိကျိ လေများကို မှုတ်ထုတ် လိုက်ပြီး ကျင့်ကြံခြင်းကို ရပ်တန့်လိုက်သည်။

သူက ထိုအခြေအနေနှင့် ရင်းနှီးလွန်း လှသည်။ သူကား အတားအဆီးနှင့် ကြုံတွေ့ခြင်းသာ ဖြစ်သည်။ ဆက်လက် ကျင့်ကြံနိုင်ဖို့ရာ ချီသွေးကြောများ ဖွင့်ဖို့အတွက် လျှပ်စီး လိုအပ်နေသည်။

မိုဝူကျီက သက်ပြင်း ချလိုက်ကာ စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်ထိ တက်လှမ်းနိုင်ဖို့ ဤနေရာရှိ အထောက်အပံ့ များကို အသုံးပြုနိုင်လျှင် သူ့အတွက် လျှပ်စီး ဇာစ်မြစ်ကို ရှာတွေ့ရန်သာ လိုတော့သည်။

“တုန့်လွန် ငါ မင်းကို အညံ့ခံ ပေးပြီးပြီလေ ဘာလို့ ငါ့ကို သတ်ချင်နေတာလဲ...” စိုးရိမ်ဖွယ် လေသံကို ကြားလိုက်ရကာ မိုဝူကျီကို အပြေးအလွှား ထွက်သွား ချင်သော်လည်း လမ်းမှာတင် ရပ်တန့် လိုက်သည်။ သူ့လက်ထဲရှိ ကျောက်တုံးက တစ်စစီ ဖြစ်သွားလေသည်။

အကယ်၍ မိုဝူကျီအတွက် “ရှားရိုယင်” လိုမျိုး တစ်သက်လုံး မမေ့နိုင်သည့် နာမည် ရှိနေလျှင် ထိုသည်က “တုန့်လွန်” သာ ဖြစ်ရမည်။

နာမည်ကို ကြားပြီးနောက် မိုဝူကျီ လက်များက တုန်ယင် လာလေသည်။ သူလက်များ သာမက တစ်ကိုယ်လုံး ဖြစ်သည်။ ထိုသည်က ဒေါသ ထွက်လွန်း၍ အပြုအမူ ဖြစ်သည်။ ထိုစဉ် သူက ချက်ချင်းပင် ပြေးထွက်ကာ ထိုတုန့်လွန်ကို မျိုချပစ် လိုက်ချင်သည်။

တခဏ အကြာတွင် မိုဝူကျီက သူ့ဘာသာ တည်ငြိမ်အောင် လုပ်နိုင်ခဲ့သည်။ သူက ထိုတုန့်လွန်က အထွဋ်အထိပ် ဓားမြို့တော်မှ သခင်လေးနှင့် တစ်ယောက်တည်း ဖြစ်ကြောင်း အတည်မပြု ရသေးပေ။

“သေလူတွေ ကသာ ယုံကြည်လို့ ရတယ်…” အေးစက်စက် မထူးမခြားနား အသံက ထွက်ပေါ် လာသည်။

မိုဝူကျီက သူ့ဂူထဲကနေ ချောင်းကြည့် လိုက်သည့်အခါ အမျိုးသား နှစ်ယောက်က မျက်နှာချင်းဆိုင် ပြောနေသည်ကို တွေ့လိုက်ရ၏။ တစ်ယောက်က မည်းခိုးရောင် ဝတ်ရုံ ဝတ်ဆင် ထားကာ တစ်ကိုယ်လုံးမှ အားကောင်းသော၊ ယုံကြည်ချက် ရှိသော စိတ်အား ထက်သန်နေသော အငွေ့အသက်များ ထုတ်လွင့်နေသည်။ နောက်တစ်ယောက်ကား ဆိုးရွားစွာ ရှုပ်ပွနေပြီး သူ့ဝတ်ရုံကို ဖြတ်၍ သွေးများ ထွက်နေလေသည်။ သူ့ရင်ဘတ်တွင် သွေးများ တသွင်သွင် စီးဆင်းနေသည့် ဒဏ်ရာကြီး ရှိနေသည်။

မိုဝူကျီက အဝေးကြီးမှ ဖြစ်နေသောကြောင့် တစ်ချိန်တည်းတွင် သူ့ပုန်းကွယ်ရာ နေရာကား မဖော်ထုတ်ရဲပေ။ ထို့ကြောင့် သူက အခြေအနေကို သေချာမသိသေးပေ။

“အထွဋ်အထိတ် ဓားမြို့တော်က လေးစားဖွယ် ဂိုဏ်းကြီးပဲ မင်းအဖေ မြို့တော်သခင် လောင်ဟွာက ဂုဏ်ကျက်သရေ ရှိတဲ့ ဆရာကြီး တစ်ယောက်ပဲ ...” ပြင်းထန်စွာ ဒဏ်ရာ ရနေသော လူသည် မီးခိုးရောင် ဝတ်ရုံနှင့် အမျိုးသားနှင့် ထိပ်တိုက် တွေ့နေသော်လည်း သူ့ပါးစပ်က တခြားသူကို ဆက်တိုက် ဖျောင်းဖျ နေသေး၏။

မီးခိုးရောင် ဝတ်ရုံနှင့် အမျိုးသားက သူ့အား အဆုံးသတ်ရန် မစောင့်နိုင်တော့ ဟန်ဖြင့် လက်ကို ကန့်လန့်ဖြတ်ကာ အလင်းများ ထုတ်လွှင့် လိုက်တော့သည်။ ထိုအလင်း ဆယ်ချက်က စကား ပြောနေသည့် လူကြီးကို ရစ်ပတ် သွားလေသည်။

တောက်ပလွန်း လှသည့် အလင်းများ အောက်တွင် မိုဝူကျီက ဒဏ်ရာရ အမျိုးသား၏ သေရေးရှင်ရေး အခြေအနေကို မမြင်လိုက်ရပေ။

သူ့ခန့်မှန်းချက် မှန်ပေသည်။ ထိုမီးခိုးရောင် ဝတ်ရုံနှင့် အမျိုးသားသည် အထွဋ်အထိတ် ဓားမြို့တော်မှ သခင်လေး တုန့်လွန်သာ ဖြစ်သည်။

မိုဝူကျီက သိုလှောင်အိတ်ထဲမှ တျန်းဂျီတုတ်ကို ဆွဲယူကာ တစ်ချိန်တည်းတွင် အသက်ပြင်းပြင်း ရှူလိုက်သည်။ တုန့်လွန်၏ အပြုအမူအရ သူက အငြိုးကြီးသော သူ ဖြစ်ကြောင်း ပြောနိုင်သည်။ ယခု ရန်သူက သူမျက်စိရှေ့တွင် ရှိနေကာ ယန်အာအတွက် လက်စား ချေပေးမှုကို လက်လျှော့ရန် ဆန္ဒမရှိပေ။

“ဘမ်း ဘမ်း ...” နှစ်ယောက်သား စတင် တိုက်ခိုက် လိုက်ကြ၏။ မိုဝူကျီက အလင်းဖြူကိုသာ မြင်လိုက်ရကာ ဖြစ်စဉ် တစ်ခုလုံးကို မသိနိုင်ပေ။

မိုဝူကျီက ကူကယ်ရာမဲ့စွာ လက်သီးဆုပ် ထားလိုက်ကာ အကယ်၍ သူ့ကျင့်ကြံဆင့်သာ အနည်းငယ် မြင့်နေပါက သူသည် သေချာပေါက် ထွက်ကာ တုန့်လွန်ကို ရင်ဆိုင်နေသည့် လူနှင့် သွားပူးပေါင်း လိမ့်မည်။ သို့သော်လည်း သူ့လက်ရှိ ကျင့်ကြံဆင့်နှင့် အပြင်ကို ပြေးထွက် သွားခြင်းက သေခြင်းကို ရှာနေခြင်းသာ ဖြစ်လိမ့်မည်။ သူတို့က တုန့်လွန်ကို သတ်နိုင်ခဲ့လျှင်ပင် မိုဝူကျီ အသက်ရှင်မည် မဟုတ်လောက်ပေ။

တခြားသူက သူ့ကို သတင်း မပေါက်ကြားလို့ငှာ သေချာပေါက် သတ်လိမ့်မည်။

တစ်ခုခုတော့ မှားယွင်းနေ၏။ မကြာခင်တွင် မူမမှန်သော အခြေအနေကို ရှာဖွေတွေ့ရှိ သွားသည်။ ထိုလူ နှစ်ယောက်က တိုက်ခိုက် နေရင်းဖြင့် သူဆီ ရွှေ့လာကြခြင်း ဖြစ်သည်။

မိုဝူကျီက အဖြစ်အပျက်များကို ချက်ချင်း သဘောပေါက် သွားတော့သည်။ သူက ထောင့်မှာ ပုန်းကွယ် နေသော်လည်း ထိုလူ နှစ်ယောက်က သူ့အား ရှာတွေ့ သွားကြခြင်း ဖြစ်သည်။ တုန့်လွန် နာမည်ကို ကြားစဉ်က သူ့စိတ်လှုပ်ရှား လွန်သွားမှုကြောင့် ဖြစ်ရမည်။

တုန့်လွန်နှင့် ရင်ဆိုင်နေသည့် လူက အမောဆို့နေရင်း ချက်ချင်း လှမ်းပြော လိုက်သည်။

“မိတ်ဆွေ ကျုပ်ကို တုန့်လွန်က သတ်လိုက်ရင်တောင် ခင်ဗျားရော အသက် ရှင်နိုင်မယ် ထင်လို့လား တုန့်လွန်က လူသား အဆင့်လွန် အဆင့်တစ် ရောက်နေပြီ ကျုပ်ကို သတ်ပြီးရင် ခင်ဗျားနောက် သေချာပေါက် လိုက်လိမ့်မယ် ဒီလိုဆိုမှတော့ ကျူပ်နှင့် ပူးပေါင်းပြီး သူနဲ့ ရင်ဆိုင်ရအောင် …”

ဘယ်လောက်တောင် အကြံများတဲ့ သူပါ့လိမ့် ...

မိုဝူကျီက စိတ်ထဲကနေ ကျိန်ဆဲ လိုက်ကာ ဘာမှ ပြန်မပြောပေ။ ထို့အစား သူက ရေခဲ ကွဲထွက်ခြင်း အဆောင်ကိုသာ ဆုပ်ကိုင် ထားလိုက်သည်။ ရေခဲ ကွဲထွက်ခြင်း အဆောင်သည် စစ်မှန်ခြင်း ရေအဆင့် ကျင့်ကြံသူ များနှင့်ပင် ရင်ဆိုင်နိုင်ရာ လူသား အဆင့်လွန် အဆင့်တစ် ရှိသော တုန့်လွန်ကို ရင်ဆိုင်ဖို့ ပြဿနာ မရှိလောက်ပေ။

သို့သော်လည်း မိုဝူကျီက တုန့်လွန်သည် ရေခဲ ကွဲထွက်ခြင်း အဆောင်ကို မရှောင်ရှား နိုင်အောင် မည်သို့ လုပ်ဆောင် ရမည်ကို တွေးရင်း စိတ်ပူပင် လာမိသည်။

“အရူး ဒီက ကျုပ်လို လူသား အဆင့်လွန် အဆင့်သုံး ကတောင် သူ့ပြိုင်ဘက် မဟုတ်တာ ခင်ဗျားက ဟန်ဆောင် နေသေးတာလား ...” တုန့်လွန်နှင့် ရင်ဆိုင်နေရသော သူက မိုဝူကျီက ဘာမှ ဝင်မပါသောကြောင့် စိတ်တိုလာကာ အော်ပြော နေစဉ် အလင်းတန်းက သူ့ရင်ဘတ်ကို ထိုးဖောက် သွားလေသည်။

မိုဝူကျီက ကြောက်စိတ်နှင့် ပေါင်းကာ အော်ပြော လိုက်သည်။

“စီနီယာ နှစ်ယောက် ကျွန်တောက အခုမှ ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်မှာပဲ ရှိသေးလို့ ဒီနေရာမှာ ကျွန်တော် ကိစ္စမပါဘူးလေ ကျွန်တော် ဘာမှ မသိပါဘူး...”

မိုဝူကျီ ပြောလိုက်သည့် အကြောင်းမှာ ထိုလူ နှစ်ယောက်ကို သူ့ကျင့်ကြံဆင့် နိမ့်နေမှန်း သိစေလိုသည့် အတွက် ဖြစ်ကာ သူတို့အနေနှင့် သူ့ကို ဂရုစိုက်ရန် မလိုအပ်ပေ။ အကယ်၍ တုန့်လွန်က သူ့ကို အလစ် မပေးလျှင် သူ့အခွင့်အရေး ဆုံးရှုံး သွားလိမ့်မည်။

“တုန့်လွန် ဒီနေရာမှာ ကျုပ်သေသွား ခဲ့ရင်တောင် မင်းအတွက် မလွယ်အောင် လုပ်ထားခဲ့မှာ ...” အမျိုးသားက မိုဝူကျီက သူ့ကို ကူညီနိုင်စွမ်း မရှိသောသူ ဖြစ်နေသည်ကို ကြားလျှင် ကြီးကြီးမားမား တုန်လှုပ် သွားတော့သည်။ သူသည် သေချာပေါက် သေမည်မှန်း သိ၏။ အကယ်၍ သူသေရလျှင်ပင် တုန့်လွန် အတွက် ခက်ခဲအောင် လုပ်ခဲ့မည် ဖြစ်သည်။ ထိုအတွေးဖြင့် ပါးစပ်ဖွင့် လိုက်ကာ သွေးမြား တစ်စင်း ထွက်ပေါ် လာတော့သည်။

သွေးမြားသည် တုန့်လွန်၏ လည်ပင်းကို ဦးတည်နေကာ မိုဝူကျီက အဝေးတွင် ရပ်နေသော်လည်း သူက အော့အန်ချင်စရာ ကောင်းသည့် သွေးနံ့ဆိုးကို ရနေသည်။

တုန့်လွန် မျက်နှာက ပြောင်းလဲ သွားကာ ထိုသွေးမြားသည် အထင်ကြီးဖို့ ကောင်းကြောင်း ပြောနိုင်၏။ သူက သွေးမြားနှင့် မထိတွေ့ရဲပေ။ ထို့ကြောင့် ရှေ့သို့ ခုန်တက်လိုက်သည်။ ထိုအခိုက်အတန့်တွင် ဒဏ်ရာရ အမျိုးသားဆီမှ နောက်ထပ် အနီရောင် အလင်းတစ်ခု ထွက်ပေါ်လာပြီး တုန့်လွန် ပြောင်းလိုက်သည့် ဦးတည်ရာသို့ ပျံသန်း လာလေသည်။

“ဖူး...” အနီရောင် အလင်းက ရောက်ရှိလာပြီး တုန့်လွန်က ခြေဆယ်လှမ်း နောက်ဆုတ် လိုက်ရကာ တိုက်ဆိုင်စွာဖြင့် မိုဝူကျီ၏ နေရာသို့ ဖြစ်နေလေသည်။

အစပိုင်းတွင် မိုဝူကျီက ကြာပန်းကို ပေးပြီး တုန့်လွန်ဆီ ပေးလိုက်ပြီး ရေခဲ ကွဲထွက်ခြင်း အဆောင်ဖြင့် ရုတ်တရက် တိုက်ခိုက်ရန် ပြင်ဆင် ထားလေ၏။ သို့သော်လည်း ထိုအကြံအစည်နှင့် ပတ်သက်၍ သေချာ နားလည်သည်။ တုန့်လွန်သည် တခြားသူ စကား ပြောပြီးအောင် စောင့်ဆိုင်း နေမည့်သူ မဟုတ်ပေ။ သူ့ကို သတ်ပစ်မည်သာ ဖြစ်၏။ မိုဝူကျီအတွက် လူသား အဆင့်လွန် အဆင့်တစ်သည် ခံနိုင်ရည် ရှိမည် မဟုတ်ပေ။ ယခု တုန့်လွန်က သူဆီ ရောက်လာမှတော့ တခြားသူ၏ နောက်ဆုံး သေစေ လောက်သည့် လှုပ်ရှားမှုကြောင့် ရောက်လာခြင်း ဖြစ်ရမည်။ မိုဝူကျီက တွေဝေ မနေတော့ဘဲ သူ့ရေခဲ ကွဲထွက်ခြင်း အဆောင်ပေါ်တွင် စိတ်ဝိညာဉ် ဆန္ဒနှင့် သဘာဝ စွမ်းအားများကို ချက်ချင်း စုစည်း လိုက်သည်။

အချိန်တို အတွင်း ရေခဲ ကွဲထွက်ခြင်း အဆောင်က စူးရှလှသော အဖြူရောင် တိမ်များက နောက်ဆုတ် လာသည့် တုန့်လွန်ကို ရစ်ပတ် သွားတော့သည်။ မိုဝူကျီက အရမ်း ပျော်ရွှင် မိသွားသည်။ သူ့ကိုယ်သူဟု အားနည်းသူဟု ဟန်ဆောင်ခြင်းက အမှန်ပင် ထိရောက်လှသည်။ တုန့်လွန်သည် သူ့နေရာသို့ နောက်ဆုတ် လာရဲသည်မှာ မိုဝူကျီကို ထည့်မတွက်၍ ဖြစ်သည်။

ငါက မင်းရောက် မလာမှာကို စိုးရိမ်နေတာ ... အဆောင်ကို အသက် သွင်းပြီးသည်နှင့် မိုဝူကျီက တျန်းဂျီတုတ်ကို ယူပြီး အဖြူရောင် တိမ်တိုက်ဆီ ချီတက် သွားတော့သည်။

***

All Chapters