← Chapters

ကျုပ်က ခင်ဗျားကို သတ်ပစ်ချင်တာ ကြာလှပြီ

Vol. 10 Ch. 137

ကျုပ်က ခင်ဗျားကို သတ်ပစ်ချင်တာ ကြာလှပြီ

Vol. 10 Ch. 137

တုန့်လွန်က မိုဝူကျီ အဆောင် အသက်သွင်း လိုက်သည်ကို မြင်သောအခါ စိတ်ထဲမှ အေးစက်စွာ ရယ်မော လိုက်သည်။ ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်လောက်ဖြင့် သူ့အား ကြံစည်ရဲသည်။ မိုဝူကျီ တွေးထားသည့် အတိုင်း သူက မိုဝူကျီကို မျက်လုံးထဲ မထားသည့် အတွက် သူ့တည်နေရာ အတိုင်း နောက်ဆုတ်ရဲတာ ဖြစ်၏။

သူက ဒဏ်ရာ ရလျှင်၍ မိုဝူကျီက နောက်တစ်ခါ ထပ်တိုက်မည် ဆိုလျှင်ပင်  သူက မျက်ခုံး တစ်ချက် တွန့်မည် မဟုတ်ပေ။ သို့သော်လည်း မိုဝူကျီက အချက်ကျကျ ကြံစည် ခဲ့သောကြောင့် ငြိမ်နေ၍ မဖြစ်တော့ပေ။

တုန့်လွန်၏ သဘာဝ စွမ်းအားများက မိုဝူကျီကို ရင်ဆိုင်ဖို့ရာ တစ်ဟုန်ထိုး မြင့်တက်လာသည်။ သို့သော်လည်း နောက်အခိုက် အတန့်တွင် တုန့်လွန် မျက်နှာက ပြောင်းလဲ သွားလေသည်။ သူ့လှုပ်ရှားမှု များက မယုံနိုင်လောက်ဖွယ်‌ နှေးသွားကာ ပတ်ဝန်းကျင်မှ အအေးဓာတ်က စိမ့်ဝင် ပျံ့နှံ့လာသည်။ ထိုရေခဲ စွမ်းအားက ပတ်ဝန်းကျင် တစ်ခုလုံးကို အလျင်အမြန် အေးခဲ လာတော့သည်။

မကောင်းတော့ချေ ... ထိုအဆောင်သည် သူရင်ဆိုင် မတွေ့လိုသော အဆောင်မျိုး ဖြစ်သည်။ တုန့်လွန် နှလုံးသားက အပြင်းအထန် ခုန်ပေါက်နေပြီး သူ့စွမ်းအားများကို သိမ်းမထား ရဲတော့ချေ။ သူက သဘာဝ စွမ်းအားများကို လှည့်ပတ်ပြီး ထိုရေခဲ စက်ကွင်းမှ လွတ်မြောက်ရန် လုပ်ဆောင် လိုက်သည်။

ကံဆိုးလှစွာ သူသည် အခွင့်အရေး ဆုံးရှုံး သွားပြီးလေပြီ။ အကယ်၍  သူသာ အစကတည်းမှ အကောင်းဆုံး ကြိုးစားခဲ့ပါက သူ့တွင် ထွက်ပြေးရန် အခွင့်အရေး ရကောင်း ရနိုင်သေး၏။ ယခုတွင် ရေခဲ ကွဲထွက်ခြင်း အဆောင်ကို လုံးဝ မရှောင်ရှား နိုင်တော့ချေ။

“ဝှီး…” စက္ကန့်အနည်းငယ် အတွင်း တုန့်လွန်သည် နေရာတွင် မလှုပ်မရှား အေးခဲ နေလေပြီ။ ပိုးမွှား တစ်ကောင် ပင့်ကူအိမ်တွင် ကပ်နေသည့် အလား သူ့ကိုယ်သူ မလွတ်မြောက် နိုင်တော့ပေ။

မိုဝူကျီက သူ့အင်အား အားလုံး သုံးကား တျန်းဂျီတုတ်ကို ဝှေ့ယမ်း လိုက်သည်။ သူ့တိုက်ခိုက်မှုက တုန့်လွန်ပေါ် မရောက်ခင် ရေခဲ ကွဲထွက်ခြင်း အဆောင်ကြောင့် အေးခဲသွား၏။

ထိတ်လန့် နေသည့် မိုဝူကျီက နောက်သို့ အမြန်ဆုတ် လိုက်ရသည်။ ကံကောင်းလှစွာ အဆောင်ကြောင့်  သူ့ခန္ဓာပေါ်တွင် ရေခဲများ ဖုံးလွှမ်း သွားသော်လည်း သူ့ကို လွတ်မြောက်ခွင့် ပေးလိုက်သည်။

ထိုရေခဲ ကွဲထွက်ခြင်း အဆောင်သည် အလွန် အံ့ဩဖို့ ကောင်းလှသည်။ သို့သော် ထိုသို့ အဆောင်မျိုး ဒုတိယ အကြိမ် ရောင်းပါက သေချာပေါက် မဝယ်တော့ပေ။ ထိုအရာက အားပြင်း သော်လည်း ပိုင်ရှင်ကိုပင် ပြန်ထိခိုက်နိုင်သည်။

တုန့်လွန်၏ သူ့အား အထင်မြင် သေးလွန်းမှုနှင့်  သူ့ဆီ ရောက်လာသည့် အကြောင်းသာ မတိုက်ဆိုင်လျှင် ထိုရေခဲ ကွဲထွက်ခြင်း အဆောင်ကို အကျိုးရှိအောင် အသုံးပြုနိုင်မည် မဟုတ်ပေ။

အကယ်၍ သူသာ သူ့ရေခဲ ကွဲထွက်ခြင်း အဆောင်ကို သိသာမြင်သာ ထုတ်လိုက်ပြီး အသုံးပြုပါက  အသက် သွင်းနေစဉ် တုန့်လွန်က ထွက်ပြေး သွားနိုင်ပေသည်။ တုန့်လွန်က တုံးအ နေလျှင်ပင် မိုဝူကျီ အဆောင် အသက်ဝင် လာသည့်အထိ စောင့်နေမည် မဟုတ်ဘဲ ထွက်ပြေးလိမ့်မည်။

ထို့အပြင် ထိုအဆောင်သည် သူနှင့် ဆက်နွှယ်ထားသည့် အတွက် သူတစ်ယောက် တည်းသာ အသက် သွင်းနိုင်သည်။ အကယ်၍ သူ့တွင် စိတ်စွမ်းအား မရှိပါက ထိုအဆောင်ကို အသက် သွင်းနိုင်မည် မဟုတ်ပေ။

ထိုအရာက ရွှမ်အဆင့် စိတ်စွမ်းအင် ကျောက်တုံး ထောင်ချီ တန်သည်က အံ့ဩစရာ မဟုတ်တော့ပေ။ ပင်းရှစ်ချီက ကောင်းကောင်း အမွှမ်းတင် ခဲ့သော်လည်း အမှိုက်သာသာ အဆောင်သာ ဖြစ်သည်။

ရေခဲထဲမှ တုန့်လွန်က မိုဝူကျီကို  မုန်းတီးစွာ ကြည့်နေသည်။ သူသည် အကယ်၍ ထိုအဆောင်က ပေါက်ကွဲ သွားလျှင် သူ့ခန္ဓာသည်လည်း လိုက်၍ ပေါက်ကွဲကာ တစ်ပိုင်းတစ်စစီ ဖြစ်သွားမည်မှန်း သိ၏။

တုန့်လွန်က မိုဝူကျီကဲ့သို့ ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ကျင့်ကြံသူ တစ်ယောက်က ရေခဲ ကွဲထွက်ခြင်း အဆောင်ကို မည်သို့ အသက် သွင်းနိုင်ကြောင်း နားမလည်နိုင်ပေ။ သူက အသက်သွင်း လိုက်ရုံသာမက အချိန်တိုအတွင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်နေသေးသည်။ ထိုသည်က မဖြစ်နိုင်ပေ။ ထို့အပြင် တုန့်လွန်က မိုဝူကျီသည် ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ကျင့်ကြံသူ ဖြစ်သည့်  သူ့ခန့်မှန်းချက် မှန်ကန်ကြောင်း သေချာ၏။

“ကျုပ် ခင်ဗျားကို သတ်ပစ်ချင်တာ ကြာလှပြီ ဒီနေ့တော့ ခင်ဗျား ကိုယ်တိုင် ကျုပ်လက်ထဲ ပြေးဝင်လာတာပဲ  သေတဲ့အခါ တစ်ယောက်တည်း ဖြစ်နေမှာကို စိုးရိမ်မနေပါနဲ့  တစ်ရက်ရက်ကျ အထွဋ်အထိတ် ဓားမြို့တော်ကို သွားပြီးတော့ မြေလှန်ပစ်မှာ  ခင်ဗျားတို့ တုန့်မျိုးနွယ်တွေ အကုန် သတ်ပစ်မယ်  တစ်ယောက်မှ ချမ်းသာပေးမှာ မဟုတ်ဘူး…” မိုဝူကျီက သူ့ခန္ဓာက ရေခဲလွှာ ကွာအောင်ပင် စောင့်မနေတော့ဘဲ သူက တုန့်လွန်ရှေ့သို့ လျှောက်သွား လိုက်ပြီးတော့ အထက်စီးက ပြောလိုက်သည်။

သူက အမှန်တကယ်ကို ပျော်ရွှင် နေမိသည်။ ယန်အာက အထွဋ်အထိတ် ဓားမြို့တော်တွင် ခံစားရစဉ် ကတည်းမှ သူသည် အမြဲတမ်း နာကျင်ခံစား နေရသည်။ ယနေ့တွင် သူက စိတ်ထဲမှ အပူလုံး ကျသွားလေပြီ။

မိုမျိုးနွယ်စုကို အမြစ်ဖြတ် အရှင်းခံ လိုက်ရသော်လည်း ကိုယ်တိုင် ကြုံတွေ့ခဲ့ရတာ မဟုတ်ပေ။ ထို့အပြင် သူက မိုမျိုးနွယ်စု အတွက် ခံစားချက် များစွာ မရှိပေ။ ရင်းနှီး သမှုနှင့်သာ ကြည့်ရှုခြင်း ဖြစ်သည်။ တစ်ဖက်တွင် သူ့အား ကောင်းကောင်း ဆက်ဆံပေးသည့်  ယန်အာကို သူ့ဘေးမှ ခိုးယူခံ လိုက်ရပြီး အထွဋ်အထိတ် ဓားမြို့တော်တွင် သေလုမတတ် ဖြစ်ခဲ့လေ၏။ သူက ဘယ်လိုလုပ် လွှတ်ပေး နိုင်မည်လဲ …

တုန့်လွန်က မိုဝူကျီ စကားများ ကြားသောအခါ သူ့မျက်လုံးများက နီရဲလာကာ ဒေါသများ၊ အမုန်းတရား များဖြင့်  ပြည့်လာလေသည်။ ကံဆိုးလှစွာ သူက စကား တစ်ခွန်းမျှ ပြန်မပြောနိုင်ပေ။

“ဘုန်း…” ရေခဲ ကွဲထွက်ခြင်း အဆောင်အထဲမှ ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာ၏။ တုန့်လွန်၏ ခန္ဓာကိုယ်သည် ပေါက်ကွဲမှုကြောင့် အရည်များ ဖြစ်သွားကာ ရေခဲနှင့် သွေးများ ပေါင်းစပ် သွားသောကြောင့် သွေးစွန်း နေသော ရေခဲနီ ဖြစ်နေသည်။

သူ မသေဆုံးခင် တုန့်လွန်သည် မိုဝူကျီ၏ ရန်ကြွေးကိုပင် သိမသွားရှာပေ။ သူသေဆုံးမှုက ဝိညာဉ်ကြော ကူးပြောင်းမှုနှင့် သက်ဆိုင်နေမှန်း မယုံကြည် နိုင်လောက်ပေ။ နှစ်များစွာ အထွဋ်အထိတ် ဓားမြို့တော်၏ တုန့်လွန်က ပါရမီရှင် များစွာကို သူတို့၏ အသာလွန် ဆုံးသော ဝိညာဉ်ကြောကြောင့် သတ်ပစ်ခဲ့သည်။ အကယ်၍ သူတို့၏ မိသားစုတိုင်းက လက်စား လာချေလျှင်ပင် တုန့်မျိုးနွယ်စု တစ်သောင်း ရှိလျှင်ပင် သူတို့ကို ပြန်ပေးဆပ်ရန် လုံလောက်မည် မဟုတ်ပေ။

မိုဝူကျီက လျှောက်လှမ်း လာပြီး တျန်းဂျီတုတ်ကို ကောက်ယူကာ  အလျင်အမြန် ခါလိုက်သည့်အခါ တုတ်ပေါ်မှ ရေခဲများက ချက်ချင်း ပျောက်ကွယ် သွားလေသည်။ ရေခဲ ကွဲထွက်ခြင်း အဆောင်ရှိ အကျိုး သက်ရောက်မှု ကုန်ဆုံးပြီးနောက် ရေခဲများက သာမန် ရေခဲများသာ ဖြစ်သွားတော့သည်။

တုန့်လွန်၏ ပိုင်ဆိုင်မှု အားလုံးက သူနှင့်အတူ ပေါက်ကွဲ သွားခြင်းမှာ နှမြောဖို့ ကောင်းလှသည်။ မဟုတ်လျှင် ထိုလူတွင် ပစ္စည်းကောင်းများ သေချာပေါက် ပြတ်လပ်နေမည် မဟုတ်ပေ။

“ဒီမိတ်ဆွေလေးက အမှန်တကယ် တုန့်လွန်ကို သတ်နိုင်ခဲ့တာပဲ  ဟားဟား ... လက်စား ချေပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်…” မိုဝူကျီ လှည့်လာသည်ကို မြင်၍ ဒဏ်ရာရ အမျိုးသားသည် ပြောနေရင်း သူ့ပါးစပ်ထောင့်မှ သွေးများ စီးကျနေလေ၏။

“ခင်ဗျားက တော်တော်ကို ဒူပေတာပေ ခံတာပဲ ...” မိုဝူကျီက ဘေးမှာ ရပ်နေရင်း အေးစက်စွာ ပြောလိုက်သည်။ သူက တစ်ဖက်လူ ဖြည်းဖြည်းချင်း သေဆုံးသွားဖို့ရာ စောင့်ဆိုင်း နေခြင်း ဖြစ်သည်။

သေခါနီး နေသော်လည်း သူ့ဆီမှ မျက်နှာသာ ရအောင် ကြိုးစား နေသည်ကို မြင်လျှင် သေချာပေါက် ကောင်းသည့်အရာ အတွက် မဟုတ်နိုင်ပေ။ အကယ်၍ ထိုလူသာ အသက် ဆက်ရှင်ပါက သူတို့ ဒြပ်ငါးမျိုး ကင်းမဲ့နယ် အပြင်သို့ ရောက်သည့်အခါ သေဆုံးရမည့် သူက  မိုဝူကျီ အလှည့် ဖြစ်သွားလိမ့်မည်။ ဒြပ်ငါးမျိုး ကင်းမဲ့နယ် အပြင် ရောက်အောင်ပင် စောင့်စရာ မလိုပေ။ ထိုလူ၏ ဒဏ်ရာများ ပြန်သက်သာ လာပါက မိုဝူကျီက သေချာပေါက် သေဆုံး ရလိမ့်မည်။ မိုဝူကျီက ထိုသူနှင့် ရန်ကြွေး မရှိသောကြောင့် သူ့အသက်အား အဆုံး မသတ်ချင်လိုပေ။

“ကျုပ်က ကောင်းကင် နတ်ဆိုးဂိုဏ်းက ကျန်းဟယ်ဖေးပါ တကယ်လို့ ဒီမိတ်ဆွေက  တစ်ခါ ကူညီမယ် ဆိုရင် ကျုပ် ကျန်းဟယ်ဖေးက ...”

တစ်ဖက်လူ စကား မဆုံးခင်တွင် မိုဝူကျီက ဖြတ်ပြော လိုက်သည်။

“ပထမအချက် ကျုပ်က ခင်ဗျားကို မကယ်နိုင်ဘူး  ဒုတိယက ကျုပ်လည်း နောက်ထပ် နှစ်နည်းနည်း ဆက်နေချင် သေးတယ် ”

ကျန်းဟယ်ဖေးက ဆက်တိုက် ချောင်းဆိုး လိုက်ပြီး မိုဝူကျီကို သူ့အား ကယ်တင်ဖို့ရာ ထပ်၍ မတောင်းဆိုတော့ပေ။ မိုဝူကျီ စကားများက မှန်ကန်ကြောင်း သိ၏။ သူ့လက်ရှိ အခြေအနေဖြင့် အဆင့်ငါး မြေကမ္ဘာအဆင့် ဆေးလုံးဆရာပင် သူ့အား ကယ်နိုင်မည် မဟုတ်ပေ။

“တကယ်လို့ ခင်ဗျား နောက်ကို တုန့်လွန် လိုက်နေတဲ့ အကြောင်းရင်းကို ပြောပြရင် ကျူပ်က ခင်ဗျားကို ကောင်းကောင်း မြှုပ်နှံပေးမယ် ခင်ဗျားရဲ့ အလောင်း သားရဲတွေ မစားတော့တာပေါ့  ဒီအကြောင်း ခင်ဗျားလည်း ကြားဖူးမှာပါ တကယ်လို့ ခင်ဗျားရဲ့ အလောင်းကို သားရဲအစား ခံလိုက်ရရင် ပြန်မွေးဖွားဖို့ ခက်ခဲ လိမ့်မယ်တဲ့” ကျန်းဟယ်ဖေးက တိတ်ဆိတ် နေသည်ကို မြင်၍ မိုဝူကျီက ဦးစွာ ပြောလိုက်သည်။ ပြန်မွေးဖွားမည့် အခက်အခဲနှင့် ပတ်သက် ပြီးတော့ သူလုပ်ကြံ ပြောထားသော ဇာတ်လမ်း ဖြစ်၏။

တုန့်လွန်နှင့် ကျန်းဟယ်ဖေးတို့ တွေ့သည့်နေရာကို အနည်းငယ် စိတ်ဝင်စား မိနေသည်။ ဒြပ်ငါးမျိုး ကင်းမဲ့ နယ်ထဲတွင် ပစ္စည်းကောင်းများ ရှိရာ သူကိုယ်တိုင်ပင် တွေ့ပြီးလေပြီ။

ကျန်းဟယ်ဖေးက ဆက်တိုက် သွေးများ အန်နေလေသည်။ မိုဝူကျီက စိတ်ထဲ မထားဘဲ တိတ်တဆိတ် ထပ်စောင့် နေလေသည်။ ကျန်းဟယ်ဖေးကို မကယ်နိုင်ဘူးဟု ပြောသည့် စကားများက အမှန်ပင် ဖြစ်သည်။ သူ့လက်ရှိ စွမ်းဆောင်ရည်ဖြင့် ကျန်းဟယ်ဖေးကို အမှန်တကယ် မကင်တင်နိုင်ချေ။

“ဟုတ်ပြီလေ မင်းကို ပြောပြမယ် ဒါပေမဲ့ တကယ်လို့ မင်းမှာ အခွင့်ကြုံရင် ငါ့သိုလှောင် အိတ်ထဲက ကျောက်စိမ်း ပလွေကို ကောင်းကင် နတ်ဆိုးဂိုဏ်းက ဂျူနီယာ ညီမလေး ယန်ယင်ပင်းဆီ ပို့ပေးရမယ်  ငါက ဒြပ်ငါးမျိုး ကင်းမဲ့ နယ်ထဲမှာ အဆုံးသတ် သွားပြီလို့ ပြောပေးပါ ...” ကျန်းဟယ်ဖေးက ထိုစကား ပြောဖို့ရာ အားအတော် ယူနေရသည်။

“ကျုပ် သဘောတူတယ် နောင် ကျုပ် စွမ်းအား ကြီးပြီလို့ ထင်တဲ့အချိန် အဲဒီကိစ္စကို ကူညီပေးပါ့မယ်…” မိုဝူကျီက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ သူ့တွင် စွမ်းရည် မရှိသေးခင် ကျန်းဟယ်ဖေးကို ကူညီဖို့ရာ မတွေးနိုင်သေးပေ။

ထိုကျန်းဟယ်ဖေးသည် စိတ်ခံစားချက် ရှိသောသူဟု ထင်မထားပေ။ သူ မသေခင်တွင် သူ့ချစ်သူ အကြောင်း စဉ်းစား နေလေ၏။

သူက မိုဝူကျီ စကားများကို နားလည်သော်လည်း ကျန်းဟယ်ဖေးက ဆက်ပြီး မငြင်းခုံဘဲ တစ်လုံးချင်းစီ ဆက်ပြောပြ လိုက်သည်။

“ဒီကနေ အရှေ့မြောက် တည်တည့် တစ်ရက်လောက် သွားရင် ရေခဲတောင်ကို မြင်ရလိမ့်မယ် အဲဒီမှာ...”

ထိုစကား မဆုံးခင်တွင် ကျန်းဟယ်ဖေး ခေါင်းက တစ်ဖက်သို့ ညွတ်ကျ သွားလေပြီ။ သူ့အသက်ရှူနှုန်းလည်း ထာဝရ ရပ်တန့် သွားလေပြီ။

သေဆုံး သွားပြီလား ... မိုဝူကျီက သိချင်စိတ်ဖြင့် လျှောက်သွားပြီး သွေးကြောစမ်းကြည့် လိုက်သည်။ ကျန်းဟယ်ဖေးသည် အမှန်ပင် သေဆုံး သွားလေပြီ။ သူက ကျန်းဟယ်ဖေး လက်ကောက်ဝတ်မှ သိုလှောင်အိတ်ကို ယူလိုက်သည်။ ထို့နောက်တွင် တွင်းတစ်ခု တူးပေးပြီး ကျန်းဟယ်ဖေးကို မြှုပ်နှံ ပေးလိုက်သည်။

တုန့်လွန်၏ အသားအရေများ အတွက်တော့ မိုဝူကျီက လုပ်ပေးဖို့ရာ စိတ်ကူးမရှိပေ။

သူ့၏ တျန်းဂျီတုတ်ကို သိမ်းလိုက် ပြီးနောက် မိုဝူကျီက သွားရမည့် အရှေ့မြောက် ထောင့်ကို သေချာ နေသောကြောင့် စိမ်ပြေနပြေ သွားလိုက်သည်။ သူ့ကျင့်ကြံဆင့်က နိမ့်နေကာ အကယ်၍ ကျန်းဟယ်ဖေးတို့ တုန့်လွန် တို့လို ကျင့်ကြံသူများနှင့် တွေ့လျှင် သူ့အား သေချာပေါက် သေဆုံး နိုင်လေ၏။ ထို့ကြောင့် သူ့ခရီးတွင် မိုဝူကျီက အင်မတန် ဂရုစိုက်နေရသည်။

တစ်ရက် အကြာတွင် မိုဝူကျီက ရပ်တန့် လိုက်သည်။ သူမြင်လိုက် ရသည်က  ရေခဲတောင် မဟုတ်ဘဲ လျှပ်စီး ကျားသစ် ဖြစ်နေလေသည်။

လျှပ်စီး ကျားသစ်သည် ခြေခြောက်ချောင်း လျှပ်စီး မိကျောင်းနှင့် ဆင်တူကာ လျှပ်စီးကို အသုံးပြု၍ တိုက်ခိုက်ကြသည်။ လျှပ်စီး မိကျောင်းနှင့် မတူသည်က လျှပ်စီး မိကျောင်းက လျှပ်စီးအားဖြင့် တိုက်ခိုက်စဉ် လျှပ်စီး မိကျောင်းသည် လျှပ်စစ် အလုံးများနှင့် တိုက်ခိုက်တာ ဖြစ်နေသည်။

လျှပ်စီး ကျားသစ်တွင် နောက်ထပ် ပင်ကို လက္ခဏာတစ်ခု ရှိသေး၏။ လှုပ်ရှားမှုက အရမ်းကို မြန်ခြင်းပင် ဖြစ်သည်။

မိုဝူကျီ ရပ်လိုက်သည့် အကြောင်းက သူ့ချီသွေးကြောများကို လျှပ်စီးဖြင့် ဖွင့်ရန် ဖြစ်သည်။ သူ့ကျင့်ကြံဆင့်သည် ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်၈သို့ ရောက်နေပြီး အတားအဆီးကို တွေ့နေရပြီ ဖြစ်သည်။ အတားအဆီး တွေ့သော သာမန် ကျင့်ကြံသူများ အနေနှင့် သူတို့သည် ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ၉သို့ တက်လှမ်းရန် စိတ်စွမ်းအားကို သုံးကြလိမ့်မည်။ ထို့နောက်တွင် နှစ်များစွာ ကျင့်ကြံလိုက်ပြီး စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်သို့ မတက်ခင် ဆေးလုံး အကူအညီ ယူလိမ့်မည်။

အကယ်၍ မိုဝူကျီတွင် ရည်မှန်းချက် ကြီးကြီးမားမား မရှိပါက စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်သို့ ရောက်ရန် ထိုနည်းလမ်းကို လွယ်လင့်တကူ အသုံးပြုလိမ့်မည်။ သူ့တွင် ချီသွေးကြော ၆၁ခု ဖွင့်ပြီးပြီ ဖြစ်ကာ စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်သို့ တက်လှမ်းရန် လုံလောက်ပေသည်။

ယခုတွင် မိုဝူကျီက သူ့ချီ သွေးကြောများ ဖွင့်ရန် ထိုနည်းလမ်းဖြင့် ကိုယ့်သေတွင်းကို မတူးတော့ချေ။ သူ့ရည်မှန်းချက်ကား ချီသွေးကြောများ များနိုင်သမျှ များများ ဖွင့်ရန် ဆုံးဖြတ် ထားလေသည်။ အကယ်၍ သူက အပြင်တွင် ရှိနေပါက ချီသွေးကြောများ နှိုးဆွဖို့ရာ လျှပ်စီး အခန်းကို အသုံးပြုလိမ့်မည်။ ယခု သူတွေ့သည်က လျှပ်စီး ကျားသစ် ဖြစ်ကာ မိုဝူကျီက မည်သို့ လက်လွတ်ပေး နိုင်မည်နည်း။ သူက လျှပ်စီး ကျားသစ်ကို လျှပ်စီးမိကျောင်း ကဲ့သို့ အတိုက်ခိုက် ခံမည် မဟုတ်ပေ။ ထိုသည်က လက်တွေ့မကျသည် သာမက သင့်တော်ခြင်းလည်း မရှိပေ။

လျှပ်စီး ကျားသစ်သည် လျှပ်စစ် အလုံးများကို သုံးသောကြောင့် မိုဝူကျီအတွက် သူ့ချီ သွေးကြောများ ဖွင့်ရန် မသင့်တော်ပေ။ လျှပ်စီး ကျားသစ်ကို ကာဆီးထားသည့် အကြောင်းမှာ လျှပ်စီးကျားသစ် နေထိုင်သည့် နေရာတွင် လျှပ်စီး အရင်းအမြစ် ရှိနိုင်သည်။

မိုးကြိုးမြူ တောထဲရှိ လျှပ်စီး ရေကန်မျိုးသာ လျှပ်စီးကျားသစ် အတွက် ကျင့်ကြံရန် သင့်တော်ပေ လိမ့်မည်။ လျှပ်စီး ကျားသစ်က ပေါ်လာသောကြောင့် လျှပ်စီး အရင်းအမြစ် သေချာပေါက် ရှိလိမ့်မည်။

လျှပ်စီး ကျားသစ်သည် သာမန် ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ကျင့်ကြံသူများ ဘယ်တော့မှ ရင်မဆိုင်ချင်သည့် အဆင့်နှစ် သားရဲ ဖြစ်သော်လည်း  မိုဝူကျီ၏ စိတ်စွမ်းအား အောက်တွင် ချက်ချင်းပင် တွန့်ဆုတ် သွားတော့သည်။

မိုဝူကျီ ကျင့်ကြံဆင့်က နိမ့်နေသော်လည်း စိတ်စွမ်းအားက သန်မာလှသည်။ သူက လျှပ်စီး ကျားသစ်ကို စိတ်စွမ်းအားဖြင့် ဖိအား ပေးလိုက်ပြီး ခြိမ်းခြောက် နိုင်လိုက်သည်။ သားရဲများသည် အရှိန်အဝါနှင့် အင်အားတို့ကို ခံစားရာတွင် အလွန် တော်ကြ၏။ မိုဝူကျီ စိတ်စွမ်းအားက သူ့ဆီ ရောက်လာသည်နှင့် လျှပ်စီး ကျားသစ်သည် မိုဝူကျီက လွယ်ကူသည့် ပြိုင်ဘက် မဟုတ်မှန်း သိ၍ ခြေလှမ်း အနည်းငယ် နောက်ဆုတ် လိုက်သည်။

သားရဲ၏ တိုက်ခိုက်လို စိတ်ကို ချိုးနှိမ်ထား သောကြောင့် သားရဲက  ထွက်ပြေးဖို့ရာ မိုဝူကျီဆီ လျှပ်စီးအလုံး ပစ်လွင့် လိုက်သည်။

မိုဝူကျီက လျှပ်စီး တိုက်ခိုက်မှုများကို မကြောက်ရွံ့ပေ။ သူက တျန်းဂျီတုတ်ဖြင့် လျှပ်စီး အလုံးကို ဝှေ့ယမ်း လိုက်သည်။

“ဘမ်း ...” လျှပ်စီးအလုံးက လျှပ်စီးကြောင်း အသေးအမွှားလေး အဖြစ် ကွဲထွက်သွားကာ မိုဝူကျီ ခန္ဓာဆီ ရောက်လာလေသည်။

***

All Chapters