← Chapters

လောကပါလနတ်မင်း ဖြစ်လာခြင်း

Vol. 115 Ch. 1609

လောကပါလနတ်မင်း ဖြစ်လာခြင်း

Vol. 115 Ch. 1609

အနက်ရောင်အဖျက်လေကား အသက်များကို ဖျက်စီးရုံသာမဟုတ်။ အသစ်ပြန်လည်ပေးအပ်လေ၏။ လေဖြတ်တိုက်သွားပြီးနောက် ကြယ်တာရာကောင်းကင်တစ်ခုလုံး အသံဟူ၍မရှိတော့ဘဲ တိတ်ဆိတ်ငြိမ်သက်သွားသည်။ သို့သော် အတန်ငယ်ဆိတ်ငြိမ်နေပြီးနောက် ... ဂြိုဟ်များ ပေါ်လာသည်။ ကမ္ဘာ‌လောကများ မွေးဖွားလာပြီး သက်ရှိမျိုးစိတ်အသစ်များ ပေါက်ဖွားလာကြ၏။

ဤသို့ဖြင့် ကမ္ဘာဦးအစမှ စတင်ခဲ့သော်လည်း မကြာမီ စတင်ကျင့်ကြံအားထုတ်ကြသည့် အချိန်ကာလသို့ ရောက်ရှိသွားသည်။ အတိတ်သမိုင်းခေတ်၏ အကြွင်းအကျန်၊ အမွေအနှစ်များက ဤမျိုးစိတ်အသစ်များအတွက် တိုးတက်လာဖို့ အခြေခံဖြစ်လာသည်။

ဤအချိန်တစ်ဝိုက်တွင် မန်ဟိုက တရားထိုင်နေရာမှ မျက်လုံးများဖွင့်လိုက်သည်။ သူ မည်သူမှန်းပင် သတိမရတော့သကဲ့သို့ သူ၏အကြည့်သည် အ‌တော်လေးမှင်သေနေ၏။ မန်ဟိုကား အတိတ်မှအရာအားလုံးကို မေ့သွားခဲ့ပုံပေါ်သည်။ မှတ်မိဖို့ အင်မတန်အလှမ်းကွာခဲ့ပြီမဟုတ်ပါလော။

သူ နိုးထလာရသည့်အ‌‌ကြောင်းရင်းကပင် ... သူ့ခန္ဓာကိုယ် ယိုယွင်းစပြုလာသည်ကို သတိထားမိလိုက်၍သာ ဖြစ်သည်... ယိုယွင်းမှုကား နှေးကွေးသော်လည်း အရိပ်အယောင်များတော့ မုချရှိနေသည်။

သမိုင်းခေတ်အသစ်အတွင်း အချိန်များကုန်လွန်သွားသည်။ မျိုးဆက်တစ်ဆက်ပြီးတစ်ကွက် ပေါ်ထွန်းလိုက်၊ ပျောက်ကွယ်သွားလိုက်ဖြင့် အစွမ်းထက်ပညာရှင်‌များစွာသည် အချိန်စီးကြောင်းတစ်လျှောက် စီးမျောသွားသော လင်းလက်တောက်ပနေသည့် ပန်းပွင့်များသဖွယ် ပေါ်ထွန်းလာကြ၏။ ထိုသူတို့က ကြီးကျယ်ခမ်းနားသည့် ခေတ်တစ်ခေတ်ကို ပုံဖော်ကြပြီး ခေတ်၏အတိုးတက်ဆုံးအချိန်အပိုင်းအခြားတွင် တန်ခိုးရှင်တစ်ပိုင်းအဆင့် ကျင့်ကြံသူခုနစ်ဦးပင် ပေါ်ထွက်လာခဲ့သည်။

သို့သော် တဖြည်းဖြည်းဆုတ်ယုတ်လာ၏။ နောက်နှစ်ပေါင်းသန်းတစ်ရာ ကြာသွားသည်။ အနက်ရောင်အဖျက်လေ နောက်တစ်ကြိမ် ပေါ်လာပြီး အရာအားလုံး အသစ်ပြန်စသည်။

သမိုင်းခေတ်တစ်ခေတ် အဆုံးသတ်၍ နောက်ခေတ်သစ် စတင်သည်။

မန်ဟို၏မျက်လုံးများ နောက်တစ်ကြိမ် ပွင့်လာပြီး သူ၏ခန္ဓာကိုယ်ပျက်စီးယိုယွင်းမှုမှာ ပိုမိုသိသာလာ၏...

ထိုခေတ်သစ်အတွင်း နဝမတောင်ပင်လယ်ကို ရှာတွေ့ကြသည်။ နဝမတောင်ပင်လယ်သည် ကျင့်ကြံခြင်းအတွက် အထွတ်အမြတ်မြေဖြစ်သည်ဟု ကျင့်ကြံသူပေါင်းများစွာ ယုံကြည်လာကြ၍ ၎င်းအား လိုချင်တပ်မက်ကုန်ကြသည်။ ဤခေတ်တွင် အဖြစ်အပျက်အားလုံးကား နဝမတောင်ပင်လယ်ကို အုပ်စိုးနိုင်ဖို့သာ ဗဟိုပြုခဲ့သည်။

ထိုခေတ် ပြီးဆုံး၍ နောက်ခေတ်သစ် စတင်သည်။

မပြီးမဆုံးနိုင်သော သံသရာအလားပင်။ ဘဝများပြန်မွေးဖွားကြသည်။ မကြာမီ စတုတ္ထခေတ် ကုန်ဆုံး၍ ပဉ္စမခေတ်သို့ ရောက်သည်။ ထို့နောက် ဆဋ္ဌမခေတ်... အဆုံးသတ်တွင် သမိုင်းခေတ်ပေါင်း ဆယ်ခေတ် ကုန်သွားခဲ့လေပြီ။ ထို့နောက် ခေတ်နှစ်ဆယ်၊ သုံးဆယ်...

မန်ဟိုသည် ခေတ်ပေါင်းမည်မျှကြာခဲ့ပြီမှန်း မသိတော့ပေ။ အချိန်ကို သူ မေ့လျော့သွား၍ များစွာကြာခဲ့ပြီဆိုသည်ကိုသာ သိသည်.... အချိန်ကြာလာသည်နှင့်အမျှ သူ၏ခန္ဓာကိုယ်သည် ပျက်စီးနေသည့်လက္ခဏာများ ပိုမိုပြလာ၏။ ထိုပျက်စီးမှုက သူ့ခန္ဓာကိုယ်အစိတ်အပိုင်းများကို တိုက်စားနေသည်။

သူ့ခြေဖဝါးမှစတင်၍ ခြေထောက်များအထိ ဖြည်းဖြည်းချင်း ပျက်စီးလာကာ သူ၏ကိုယ်အပေါ်ပိုင်းလည်း စတင်ပျောက်ကွယ်လာတော့သည်။

ထိုအချိန်တွင် တောင်ပင်လယ်ကြယ်တာရာကောင်းကင်၏ သက်ရှိများအတွက် သမိုင်းခေတ်ပေါင်းမည်မျှ ကြာခဲ့ပြီဖြစ်ကြောင်း ပြောဖို့ ခဲယဉ်းလာခဲ့လေပြီ။ သံသရာသည် စဉ်ဆက်မပြဲ လည်လျက်ရှိ၏။

၎င်းအား ရက်စက်သည်ဟု မဆိုနိုင်ရာ။ အနန္တစကြဝဠာ၏ သဘာဝနိယာမတစ်ခု၊ ဘဝပြန်ဝင်စားခြင်းသံသရာ၏ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်သည်။

နောက်ဆုံးတော့ မန်ဟို့ခန္ဓာကိုယ်မှာ တစ်ကိုယ်လုံးနီးပါး ပျောက်ကွယ်တော့ပေမည်။ လက်ချောင်းငါးချောင်းနှင့် မျက်လုံးတစ်လုံးသာ ကျန်တော့သည်။ ထိုအချိန်တွင် မန်ဟိုသည် ရုတ်တရက် ကြောက်လန့်မှုကို ခံစားလိုက်ရ၏။ ယင်းက သူ မခံစားခဲ့ရသည်မှာ အလွန့်အလွန်ကြာခဲ့ပြီဖြစ်သော အကြောက်တရားပင်။ သူ၏မသိစိတ်က သူ ဤလောကကြီးထဲမှ အပြီးတိုင်ပျောက်ကွယ်မသွားအောင် တားချင်နေသည်။

သူ့ခန္ဓာကိုယ် ပျောက်ကွယ်နေခြင်းကြောင့်၊ သူ၏အနှစ်သာရစွမ်းအားတချို့ ကြယ်တာရာကောင်းကင်ထဲ စိမ့်ထွက်သွားခြင်းကြောင့် ဖြစ်တန်ရာသည်၊ တစ်ခေတ်တွင် လူတစ်ယောက် ပေါ်လာ၏။ သူက အတိတ်ခေတ်များမှ အစွမ်းထက်ပညာရှင်အားလုံးထက် သာသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ နောက်ဆုံးတော့ ထိုပုဂ္ဂိုလ်က မန်ဟို၏အနှစ်သာရတချို့ကို စုပ်ယူကာ ... တန်ခိုးရှင်အဆင့်သို့ အပြည့်အဝ တက်လှမ်းခဲ့လေသည်။

သူ တန်ခိုးရှင်အဆင့်တက်သောအခိုက်အတန့်တွင် မန်ဟိုက တွေဝေငေးကြောင်နေသောအခြေအနေဖြင့် သူ့အား စားဖို့ ကြိုးစားသည်။ ကံဆိုးစွာနှင့် သူ့မှာ အားနည်းလွန်းနေ၏။ အားနည်းလွန်း၍ အပြည့်အဝပင် နိုးထမလာနိုင်ပေ။ သူ မပြင်ဆင်နိုင်ခင် ထိုတန်ခိုးရှင်က သူ၏လက်ချောင်းတစ်ချောင်းကို ဖြတ်၍ အနန္တစကြဝဠာထဲသို့ ထွက်သွားသည်။

မန်ဟိသည် နာကျင်မှုကို ခံစားရ၍ တုန်ရီစပြုလာသည်။ သူ၏တုန်ရီမှုက ကြယ်တာရာကောင်းကင်အပေါ်ပင် သက်ရောက်လေသည်။ မန်ဟိုသည် နိုးထချင်သော်ငြား မနိုးနိုင်ပေ။ အချိန်ထပ်လိုသေးသည်။

နောက်သမိုင်းခေတ်တစ်ခေတ် ကုန်သွားသည်။ သူ၏အနှစ်သာရတချို့ကို စုပ်ယူ၍ သူ၏ဒုတိယလက်ချောင်းအား ဖြတ်သော နောက်တစ်ယောက် ပေါ်လာသည်။ နာကျင်မှုက မန်ဟို့ဒေါသကို လှုံ့ဆော်လိုက်သည်။ သူသည် ဒေါသတကြီးဟိန်းဟောက်ရင်း ကျန်ခဲ့၏။

ထို့နောက် သူ၏တတိယလက်ချောင်းကို ဖြတ်သည့် တတိယတန်ခိုးရှင်ပေါ်လာသည်။ နောက်ဆုံးတော့ ... မန်ဟို နိုးလာ၏။ တတိယတန်ခိုးရှင်မှာ ထွက်ပြေးနိုင်ခဲ့သော အရေးကြီးသည်က ... မန်ဟို နိုးလာခဲ့ချေပြီ။

မန်ဟိုသည် နောက်တစ်ကြိမ် အသက်ပြန်ရှင်နိုင်မည့် နည်းလမ်းကို စတင်ပြင်ဆင်၏။ သူ့အတွက် ... နိဗ္ဗာနပြန်မွေးဖွားခြင်း လိုအပ်သည်။

ဤသို့သုံးသပ်ပြီးနောက် မန်ဟိုက အကွက်ချစီစဉ်တော့သည်... ကံဆိုးစွာနှင့် သူ့မှာ အားနည်းလွန်းသည့်အတွက် နိဗ္ဗာနပြန်မွေးဖွားခြင်းလုပ်ဆောင်ဖို့ အင်အားလုံလုံလောက်လောက် စုဆောင်းရန် သူ၏သွေးများကို ဖြန့်ကျက်လိုက်သည်။

သူ့သွေးနှင့်အတူ ပါလာသည်ကား သူ့အစီအစဉ်အတွက် အပြည့်အစုံဆုံး တစ်စုံတစ်ယောက်ပင်။ မန်ဟိုသည် ထိုလူကို စုပ်ယူကာ သူ့ကိုယ်ထဲ၌ ပထမဆုံးနိဗ္ဗာနသစ်သီး ဖြစ်လာစေ၏။

အစီအစဉ်ကို အကောင်အထည်ဖော်၍ သူ၏နိဗ္ဗာနပြန်မွေးဖွားခြင်းကို ရရှိဖို့ ထိုကဲ့သို့နိဗ္ဗာနသစ်သီး ၉၉ လုံး လိုအပ်ကြောင်း သူ ပြောနိုင်သည်။

အချိန်တွေ ကုန်လွန်သွားပြီးနောက် သူ့တွင် နိဗ္ဗာနသစ်သီး လေးလုံးရှိလာ၏... မန်ဟိုကား အလွန်စိတ်ရှည်ပြီး ပြန့်ကြဲနေခဲ့သော သူ၏သွေးများအား ပြန်စုဆောင်းရင်း စောင့်နေလေသည်။

၉၈ လုံးမြောက် နိဗ္ဗာနသစ်သီးကို ဖော်ဆောင်ပြီးနောက် သူ စောင့်နေခဲ့သည့် နောက်ဆုံးတစ်ယောက် ပေါ်လာသည်။

မိုးနှင့်မြေကို တသိမ့်သိမ့်လှုပ်ခတ်နေစေသည်အထိ ပြင်းထန်သော တိုက်ပွဲ ဖြစ်ပေါ်လာသည်။ သူ့လက်ချောင်းသုံးချောင်း ဖြတ်ခဲ့သည့် လူသုံးယောက်ကပင် ဝင်နှောင့်ယှက်ခဲ့သည်။ သို့သော် အဆုံးသတ်တွင် သူတို့အားလုံး မအောင်မြင်ပေ။ မန်ဟိုသည် နောက်ဆုံးတစ်ယောက်အား သူ၏ ၉၉ လုံးမြောက်နိဗ္ဗာနသစ်သီးအဖြစ် အောင်မြင်စွာ ပြောင်းလဲ၍ နိဗ္ဗာနပြန်မွေးဖွားခြင်းစွမ်းအားကို ထုတ်လွှတ်နိုင်ခဲ့၏။

သူ့စိတ်ထဲတွင် ဆူညံနေသော တဂျိန်းဂျိန်းမြည်သံများက သူ့အား တုန်ရီလာစေပြီးနောက် မျက်လုံးဖွင့်လိုက်စေသည်။ မန်ဟို စကားပြောလိုက်သောအခါ သူ၏အသံသည် ကြယ်တာရာကောင်းကင်တစ်ခွင် ပဲ့တင်ရိုက်ခတ်သွား၏။

“ငါက လောကပါလနတ်မင်း” ဗလုံးဗထွေးအသံတစ်သံက ပြောသည်။ သို့သော် သူ့စိတ်မှာ စူးခနဲ ထိုးအောင့်သွားပြီး ဟိုးအနက်ရှိုင်းဆုံးထဲ၌ နစ်မြုပ်နေခဲ့သည့် မှတ်ဉာဏ်တစ်ခုကို ပြန်မှတ်မိသွားသည်။ ထိုမှတ်ဉာဏ်အား သူ မေ့နေခဲ့သည်။

သူကား လောကပါလနတ်မင်းဖြစ်သည့်တိုင်... အပြည့်အစုံမဟုတ်ပေ။

မန်ဟိုသည် အနန္တစကြဝဠာကို လှည့်ကြည့်လိုက်၏။ ထိုအနန္တစကြဝဠာ၏အတွင်းတစ်နေရာတွင်... သူ့အား တုန်ရီလာစေသည်အထိ အင်အားကြီးမားသောအရှိန်အဝါတစ်ခုကို သူ ခံစားလိုက်ရသည်။ ထိုအရှိန်အဝါတွင် တိုင်းတာမရလောက်အောင် သိပ်သည်းနေသည့် ကြောက်မက်ဖွယ်အင်မော်တယ်ချီများ ပါဝင်နေသည်။ ယင်းကား... အင်မော်တယ်၏အရှိန်အဝါပင်။

သူနှင့် ထိုအရှိန်အဝါ၏ ကွာခြားမှုမှာ .... ပိုးစုန်းကြူးနှင့် နေပမာ ဖြစ်သည်။

အင်မော်တယ်၏အရှိန်အဝါသည် အနန္တစကြဝဠာတစ်ခုလုံးကို ထိပ်တိုက်ရင်ဆိုင်နိုင်သည့်တိုင်အောင် အင်အားကြီးမားလှ၏။

သူနှင့်ထိုဖြစ်တည်မှုက တစ်နည်းနည်းဖြင့် ပတ်သက်နေကြောင်း မန်ဟို ခံစားလိုက်ရသည်။ ဤအခိုက်အတန့်မှာပဲ သူ ဘယ်ကလာခဲ့ကြောင်း မှတ်မိသွားလေသည်။ သူသည်... အနန္တစကြဝဠာအတွင်းထဲမှ လာခဲ့၏။ တိုက်ပွဲတစ်ပွဲ ဖြစ်ပွားခဲ့ပြီး သူက ထိုမယုံနိုင်လောက်အောင် အင်အားကြီးမားသည့် ပုဂ္ဂိုလ်၏ကိုယ်ပွား၊ ကိုယ်အစစ်ထံမှ ဖြတ်တောက်ခံခဲ့ရသော ကိုယ်ပွားပင်။

သူသည် ဤနေရာသို့ နှင်ထုတ်ခံခဲ့ရသော ကိုယ်ပွားဖြစ်ပြီး ကြယ်တာရာကောင်းကင်တစ်ခုကို စား၍ ၎င်း၏အရှင်သခင် ဖြစ်လာခဲ့၏။

သူ့စိတ်ထဲတွင် ထိုမူလဖြစ်တည်မှုအပေါ် အင်မတန်ကြောက်နေမိသည်။

ဂျိန်းးးးးးးးးးးးးးးး

ထိုမှတ်ဉာဏ်အားလုံး တဟုန်ထိုးပေါ်ထွက်လာပြီး လောကပါလနတ်မင်း၏ကိုယ်အစစ် တည်ရှိရာကို မန်ဟို အကြမ်းဖျင်းသိလိုက်၏။ ထိုပုဂ္ဂိုလ်က တိုးတက်စည်ပင်ပြီး ခံ့ညားထည်ဝါသော အနန္တစကြဝဠာ၏အလယ်တွင် ဖြစ်သည်။ ဆန့်ကျင်ဘက်တွင် သူ၏နေရာကတော့ .... ချောင်လေးတစ်ချောင်သဖွယ် ပျက်စီးခြောက်ကပ်နေ၏။

All Chapters