← Chapters

သိုလှောင်လက်စွပ်နှင့် ကြေးသော့

Vol. 11 Ch. 142

သိုလှောင်လက်စွပ်နှင့် ကြေးသော့

Vol. 11 Ch. 142

ထိုမေးခွန်းသည် အားလုံးကို ကယက်ရိုက် သွားစေကာ မိုဝူကျီလည်း ကြားလိုက်ရ၏။ မိုဝူကျီက တိတ်တဆိတ် စိုးရိမ်နေရင်း အကယ်၍ တစ်ယောက်ယောက်ကသာ အလင်းကျောက်တုံး ထုတ်ပြီ ပစ်ချလိုက်ပါက သူတို့သည် နန်းတော်ကား မီတာ ၁၀၀ လောက်ပင် နက်ကြောင်း သိသွားကြတော့မည်။  ထို့အပြင် အလယ်တွင် ခြေချလို့ ရနိုင်သည့် နေရတချို့ ရှိနေသောကြောင့် အောက်ဆင်း လာဖို့ရာ အန္တရာယ်လုံးဝ မရှိချေ။

မိုဝူကျီက ထိုမီးအိမ်နှင့် တူသည့် အရာများအပေါ် နင်းလျှောက်လာပြီး မကြာခင် မြေပေါ်သို့ ရောက်လာတော့သည်။ မြေကြီးက အလွန်မာကျောပြီး အမည်မသိ ပစ္စည်းတချို့ဖြင့် ဆောက်ထားလေ၏။ မိုဝူကျီက ပြင်းပြင်းထန်ထန် ကျလာသော အခါပင် အသံလုံးဝ မထွက်ပေ။

နန်းတော်ထဲမှ လေတိုက်နှုန်းက အရမ်းညက်ညာ မနေဘဲ အတော်အတန် ခံစားမိ၏။ တတ်နိုင်သမျှ အချိန်တိုအတွင်း မိုဝူကျီက ပတ်ဝန်းကျင်ကို လိုက်ကြည့်လိုက်ပြီး  အမည်မသိ နေရာသို့ ဦးတည်ထားသော လမ်းကြောင်း ၂၀ ကျော် ရှိနေသည်။ ခန်းမအလယ်တွင် ကျောက်သား ဒယ်စောက် တစ်ခု ရှိနေ၏။ ကျောက်သား ဒယ်စောက်ဘေးတွင် လူသေကို ချိတ်ဆွဲထားသည်။ မိုဝူကျီ၏ စိတ်ဝိညာဉ် ဆန္ဒဖြင့် ထိုလူသေ အလောင်းကား လက်ထဲတွင် ကြေးသော့တစ်ချောင်း ကိုင်ထားသည်ကို တွေ့လိုက်ရသည်။ သော့သည် ၃၀ စင်တီမီတာလောက် ရှည်လျား၏။

မိုဝူကျီက ချက်ချင်းပင် အပြေးအလွှား သွားလိုက်ပြီး သော့ကို သူ့သိုလှောင်အိတ်ထဲ ကောက်ထည့် လိုက်တော့သည်။ သူ့နှုန်းက မြန်လွန်း နေသောကြောင့် လူလေအလောင်း၏ ဝတ်ရုံကား လေဖြင့် ဖောင်းပွသွား၏။

မိုဝူကျီက သူ့အမြန်ဆုံးနှုန်းဖြင့် လူသေအနားမှ အမြန်ခွာ လိုက်တော့သည်။ ထိုစဉ် များစွာသော အလင်းကျောက်များ ပြုတ်ကျလာကြပြီး နေ့အခါကဲ့သို့ ထိန်ထိန် လင်းသွားတော့သည်။

“မိတ်ဆွေတို့ ဒီအောက်မှာ အန္တရာယ်ကင်းတယ် ... အားလုံး ဆင်းလာလို့ ရတယ်...”

မိုဝူကျီက ခေါင်းကို မော့ရင်း အော်ပြောလိုက်သည်။

အမှန်တကယ်အားဖြင့် အလင်းကျောက်များစွာ အသက်ဝင် လာသောအခါ မိုဝူကျီအတွက် အော်နေဖို့ပင် မလိုတော့ပေ။ အားလုံးက အလွန်အန္တရာယ် ဘေးကင်းကြောင်း မြင်နိုင်၏။

အရိပ် လေးဆယ်‌က ဆင်းလာကြပြီးနောက် အားလုံးက ဤ မှိုစော်နံ့ပြီး ပိတ်လှောင်နေသည့် ခန်းမအထဲတွင် မတ်တတ် ရပ်နေကြသည်။

တစ်ယောက်မှ မိုဝူကျီကို အာရုံမရှိကြပေ။ အားလုံးက ခန်းမတစ်လျှောက် သိမ်းဌက်လို မျက်လုံးနှင့် သဲလွန်စ တစ်ခုတလေများ တွေ့မလားဟု လိုက်ရှာနေကြသည်။

ကျောက်သား ဒယ်စောက်ဘေးမှ အလောင်းကား ပထမဆုံး ရှာဖွေတွေ့ရှိ သွားကြသည်။ မုတ်ဆိတ်လူကြီးတွင် ကျင့်ကြံဆင့် အမြင့်ဆုံးရှိသည့် အတွက် သူက အလောင်းဘေးသို့ အမြန်ဆုံး ရောက်သွားတော့သည်။

ထိုစဉ် လူအများက လမ်းကြောင်း ၂၀ ကျော်နှင့် နံရံပေါ်ရှိ  ပုံတချို့ ကို ရှာတွေ့သွားကြသည်။ ရတနာ ရနိုင်သည့် နေရာသည် ကျောက်သား ဒယ်စောက်ဘေးတွင် ရှိနေသော အလောင်းထံမှ ဖြစ်၏။ ထို့ကြောင့် မုတ်ဆိတ်လူကြီးက အလောင်းဘေး ရောက်သွားသည့်အခါ အားလုံးက သူ့ကို ဝန်းရံ ထားလိုက်ကြသည်။

အားလုံး ရောက်သွားသည့်အခါ လေရှိန် ပြင်းသွား လေတော့သည်။ လေသံနှင့်အတူ အလောင်းက မြေပေါ်သို့ ပြုတ်ကျသွားပြီး ကွဲကြေ သွားတော့သည်။ အရိုးပင် ပြာအဖြစ် အစိတ်စိတ် အမြွာမြွာ ကွဲထွက်သွားတော့သည်။

“ဒေါင် ...”

မသိမသာသော အသံလေးက တိတ်ဆိတ်နေသည့် ခန်းမ တစ်လျှောက်တွင် ထွက်ပေါ်လာ၏။ ထိုအလင်းကား အားလုံး၏ အာရုံကို ဖမ်းယူသွားခဲ့သည်။ တလက်လက် လက်စွပ်လေးက မြေပေါ်သို့ လိမ့်လာခဲ့လေသည်။

အမှတ်မထင် လက်စွပ်လေးက အဝါရောင် ဝတ်ရုံနှင့် ကျင့်ကြံသူ ဘေးသို့ ကျလာပြီး သူက ချက်ချင်း ကောက်ယူ ထားလိုက်သည်။

သိုလှောင်လက်စွပ်လား ...

အားလုံး၏ အကြည့်က ထိုအဝါရောင် ဝတ်ရုံနှင့် ကျင့်ကြံသူ အပေါ်တွင်သာ အာရုံစိုက်ထားကြ၏။ အားလုံးက သိုလှောင်လက်စွပ်၏ အလွန့်လွန် အဖိုးတန်မှုကို သိကြသည်။

သိုလှောင် လက်စွပ်များကို အသာထား သိုလှောင်အိတ်များပင် လူတိုင်း ရနိုင်သည့် အရာ မဟုတ်ပေ။ လူလေးဆယ်ကျော်အတွင်း တစ်ဝက်လောက်က သိုလှောင်အိတ် မရှိကြပေ။ ဒြပ်ငါးမျိုး ကင်းမဲ့နယ်သို့ ဝင်ကြသူတိုင်းသည် ဂိုဏ်း၏ ပါရမီရှင် တပည့်များ ဖြစ်ကြ၏။  သို့သော်လည်း အားလုံးက ကိုယ်ပိုင် သိုလှောင်အိတ် မရှိကြပေ။ အဖြစ်အပျက်က ထိုသို့ဆိုလျှင် သိုလှောင် လက်စွပ်ကား သယ်ယူရ လွယ်ကူနိုင်သည့်အပြင်  သိုလှောင်နိုင်သည့် ပမာဏလည်း ပိုများပြီး ကာကွယ်မှုလည်း ပိုတင်းကျပ်ရာ ပို၍ ပို၍ များစွာ အဖိုးတန်လေ၏။

“လက်စွပ် ဒီကိုပေး ...”

မုတ်ဆိတ်လူကြီးက အဝါရောင် ဝတ်ရုံနှင့် ကျင့်ကြံသူကို ကြည့်ပြီး ရက်စက်စွာ ပြောလိုက်သည်။

အဝါရောင်ဝတ်ရုံနှင့် ကျင့်ကြံသူက ကြောက်ရွံ့နေသော်လည်း သူ့တွင် ရှိနေသော လက်စွပ်ကို ပြန်၍ မပေးလိုပေ။ သူ့မျက်လုံးထဲတွင် ထိုသည်က သူ့ကံကောင်းမှုသာ ဖြစ်၏။

“ဘာလို့လဲ  ဒါက ကျုပ်ရတာလေ... ခင်ဗျားက အကျိုးကြောင်း မရှိဘဲ ယူလို့ မရဘူး ...”

အဝါရောင်ဝတ်ရုံနှင့် ကျင့်ကြံသူက အံကို ကြိတ်ကာ အနည်းငယ် ကတုန်ကယင်ဖြင့် ပြောလိုက်သည်။

စိတ်ထဲတွင် သူက သိုလှောင်လက်စွပ်ကို သေချာပေါက် သိမ်းမထားနိုင်ကြောင်း သိနေ၏။ ယခုတွင် သူက အကျိုးတချို့ကိုသာ တောင်းလိုခြင်း ဖြစ်သည်။

မိုဝူကျီက စိတ်ထဲတွင် ခေါင်းကို ခါယမ်းလိုက်သည်။ အကယ်၍ သူသာ ဖြစ်နေလျှင် ထိုသိုလှောင်လက်စွပ်ကို ပေးဖို့ရာ တွန့်ဆုတ်နေမည် မဟုတ်ပေ။ သူက အမြတ်တချို့ လိုလျှင်ပင် ထိုအပြုအမူဖြင့် ပြန်ပြောလိမ့်မည် မဟုတ်ပေ။ ထို့အစား  သူက တည့်တည့်သာ ပြောလိုက်မည်

“ကျုပ်က လက်စွပ် မလိုချင်ဘူး တစ်ခုခုနဲ့ လဲရအောင် ...”

မုတ်ဆိတ်လူကြီးက ကြောက်မက်ဖွယ် ရယ်မောလိုက်ရင်း သူ့လက်ထဲရှိ လက်ရာမြောက် စူးချွန်တွင် မရေတွက်နိုင်သည့် အပူဓာတ်များ လာရောက် ရစ်ပတ်ကြသည်။ သဘာဝ စွမ်းအင်များက တလိပ်လိပ် တက်လာပြီး အဝေးဆုံးတွင် ရှိနေသော မိုဝူကျီပင် ခံစားမိ၏။ သေခြင်းတရား၏ ဖိအားက ဆင်းသက် လာသောအခါ အသက်ရှူဖို့ပင် ခက်ခဲလာသည်။ ကျင့်ကြံသူများက လမ်းဖယ် ပေးလိုက်ပြီး မုတ်ဆိတ်လူကြီးကို ရှောင်လိုက်ကြသည်။ အဝါရောင် ဝတ်ရုံနှင့် ကျင့်ကြံသူသည် မုတ်ဆိတ်လူကြီးက မညှိနှိုင်းဘဲ ချက်ချင်း ပြုမူလိမ့်မည်ဟု တွေးမထားပေ။ ထို့စဉ် သူက မရှောင်ရှား နိုင်တော့ပေ။

“ရွပ် ...”

သွေးများက နေရာပေါင်းစုံ ပန်းထွက်သွားသည်။ အဝါရောင် ဝတ်ရုံနှင့် ကျင့်ကြံသူက စူးချွန် တစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရသည်။

မုတ်ဆိတ်နက်က လျှောက်လှမ်းလာပြီး သိုလှောင်လက်စွပ်ကို ယူကာ သူ့လက်တွင် ဝတ်ဆင်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

တစ်ယောက်ကမှ မပြောရဲကြပေ။ ဤနေရာတွင် သူတစ်ယောက်တည်းကသာ ယွမ်ဒန်အဆင့် ဖြစ်နေသည်။ အဝါရောင် ဝတ်ရုံနှင့် ကျင့်ကြံသူသည် လူသားအဆင့်လွန် အစပိုင်းတွင်သာ ရှိနေသေးသည့် အတွက် မုတ်ဆိတ်လူကြီးနှင့် ရင်ဆိုင်ဖို့ရာ မဖြစ်နိုင်ချေ။  မုတ်ဆိတ်လူကြီးကို  ဝန်းရံနေသည့် လူထုကြီးက ဘေးသို့ ကပ်လိုက်ကြသည်။  မုတ်ဆိတ်လူကြီး၏ စွမ်းရည်ကို မြင်ပြီး တစ်ယောက်ကမှ သူ့သေခြင်းတရားကို လက်ယက် မခေါ်ချင်ကြပေ။

မိုဝူကျီက မုတ်ဆိတ်လူကြီး မျက်လုံးထဲမှ လူသတ်ငွေ့ကို ခံစားမိ၍  ချက်ချင်းပင်  စိတ်လေးလံ လာတော့သည်။ မုတ်ဆိတ်လူကြီးက အားကောင်းလွန်းလှ၍ သူ့စိတ်သာ ပိုင်းဖြတ်ပါက ဤနေရာတွင် ရှိနေသော လူအားလုံးကို သတ်ဖြတ်ဖို့အတွက်  ဖြစ်နိုင်ချေ ရှိ၏။

“ငါသွားရမယ် ...”

မိုဝူကျီက လမ်းကြောင်းထဲ ဝင်ဖို့ ဆင်ခြေ ရှာနေဆဲတွင် ဟော်ယွီချန်၏ အသံကို ကြားလိုက်ရ၏။

“ဒီမှာ ဘာရတနာမှ မရှိတော့ ကျုပ်က လမ်းကြောင်းထဲ အရင်ဝင်လိုက်ပြီ ဂျုနီယာ ဝမ်အာနဲ့ ညီလေးမို အတူတူ သွားရအောင် ... ”

သူက ပြောရင်း လမ်းကြောင်းထဲ ဝင်သွားတော့သည်။ ချူဝမ်အာလည်း သူ့နောက်မှ လိုက်ပါသွားခဲ့သည်။

မိုဝူကျီက ဟော်ယွီချန်နောက် လိုက်မသွားချေ။ ထို့အစား သူနှင့် အနီးဆုံး လမ်းကိုသာ ရွေးပြီး ဝင်လိုက်သည်။

အခြားသော ကျင့်ကြံသူများလည်း လမ်းကြောင်း အသီးသီး ရွေးချယ်၍  ဝင်သွားကြသည်။

မုတ်ဆိတ်လူကြီး၏ မျက်လုံးထဲမှ လူသတ်ငွေ့က ပျယ်ပျက်သွားသည်။ သူက အဝါရောင်ဝတ်ရုံနှင့် ကျင့်ကြံသူကို သတ်လိုက်သည့် အခိုက်အတန့်တွင်  ဤနေရာတွင် ရှိနေသော အားလုံးကို အစုံလိုက် အပြုံလိုက် သတ်ဖို့ရာ အတွေးကား စိတ်ထဲ ပေါ်လာလေ၏။  သို့သော်လည်း သူက စိုးရိမ်မိဆဲ ဖြစ်သည်။ ယွမ်ဒန် အဆင့်တစ်ပိုင်းသို့ ရောက်နေကြသော ကျင့်ကြံသူ တချို့လည်း ရှိနေသေး၏။ အကယ်၍ အယောက် ၄၀ လုံးက ပူးပေါင်းပြီး သူ့အား တိုက်ခဲ့ပါက သူက အားလုံးကို မသတ်နိုင်လောက်ချေ။ အကယ်၍ ထိုသို့ ဖြစ်လာလျှင်လည်း ကိစ္စများက သူ့အတွက်လည်း မကောင်းနိုင်ချေ။

ဟော်ယွီချန်က သူ ဆုံးဖြတ်ချက် မချခင် ပြောသွားခဲ့၍ ထိုအတွေးကို လက်လျော့လိုက်ခြင်း ဖြစ်၏။ ဤနေရာတွင် လမ်းကြောင်းများစွာ ရှိနေသည့်အတွက် ထိုလမ်းကြောင်းများက မည်သည့်နေရာသို့  ဦးတည်ထားမည်ကို မည်သူ သိမည်နည်း။

မိုဝူကျီက သူ့အမြန်ဆုံးနှုန်းဖြင့် လမ်းကြောင်းဆီ အပြေးအလွှား သွားလိုက်သည်။ မိနစ်အနည်းငယ်လောက် ပြေးလွားပြီး နောက်တွင် မိုဝူကျီက စိတ်အာရုံ ချောက်ချားမှုအထဲ ရောက်နေသည့်အလား ခံစားနေရသည်။ သူက ရေခဲတောင်အောက်တွင် ဖြစ်လျက်နှင့် အတော်အတန် ပူပြင်းမှုကို ခံစားမိနေသည်။ ပို၍ သွားလေလေ သူ့ခန္ဓာက ပိုပူလာလေလေ ဖြစ်၏။

မိနစ်အနည်းငယ် အတွင်း မိုဝူကျီက ရပ်တန့်လိုက်သည်။ သူ့ရှေ့တွင် ကြီးမားသော ကျောက်အခန်းကြီး ရှိနေသည်။ ထိုအခန်း အလယ်တွင် မျက်နှာသစ်စင်လောက် ကြီးသည့် မြေကမ္ဘာအဆင့် မီးတောက်ကို မြင်လိုက်ရသည်။ ထိုမီးတောက်ကား မီးစများ ဖြာထွက်နေပြီး ကြည့်ရသည်က  ကျောက်ရည်ပူနှင့် ပိုတူ‌လေ၏။  မိုဝူကျီက မီးတောင်ရှေ့တွင် ရပ်နေရသည့် အလား ခံစားနေရသည်။

သိပ်သည်းလှသည့် ဝိညာဉ်စွမ်းအားများက မိုဝူကျီကို ထိုင်ပြီး ကျင့်ကြံဖို့ရာအထိ ဆွဲဆောင်နေသည်။ သူ့အား စိတ်လှုပ်ရှား စေသည်က မီးတောင်ဝတွင် ရှိနေသော လက်သီးဆုပ်လောက် ရှိသည့် အနီရောင် ကျောက်ဖြစ်၏။ ထိုအနီရောင် ကျောက်သည် မြေကမ္ဘာအင့် မီးတောက်အပေါ်တွင် မျှောလွင့်နေကာ အောက်မှ လေက မှုတ်ထုတ်ထားသလို ဖြစ်နေသည်။

ကြမ်းပြင်ပေါ်တွင် မိုဝူကျီက မီးကျောက်များစွာကို မြင်လိုက်ရသည်။ ထိုကျောက်များ၏ သန့်စင်နှုန်းက သူ့တွင် အရင်က ရှိဖူးသော အရာများထက် များစွာ သာလွန်၏။

မိုဝူကျီက ရှေ့သို့တိုးကာ တျန်းဂျီတုတ်ဖြင့် ဝေ့ယမ်းလိုက်ပြီး မီးတောင်ဝက အနီရောင်ကျောက်ကို ရိုက်ထုတ်လိုက်သည်။ မိုဝူကျီက လက်သီးဆုပ်လောက် ကျောက်ကို သူ့သိုလှောင်အိတ်ထဲ ချက်ချင်း ထည့်လိုက်တော့သည်။

ထို့နောက်တွင် သူက ကြမ်းပြင်သို့ ကျနေသော မီးကျောက်များကိုတော့ ချက်ချင်း မယူပေ။ သူ့စိတ်ဝိညာဉ် ဆန္ဒက ကျင့်ကြံသူ နှစ်ယောက် ချည်းကပ် လာသည်ကို သတိထားမိလိုက်သည်။

“အာ ... ဒီမှာ မီးကျောက်တွေ အများကြီးပဲ ... ပြီးတော့ သန့်စင်မှုကလည်း ရှယ်ပဲ ...”

နှစ်ယောက်ထဲမှ တစ်ယောက်က တအံ့တဩ ပြောလိုက်သည်။

နောက်တစ်ယောက်၏ အကြည့်က မိုဝူကျီပေါ် ရောက်နေလေ၏။ မိုဝူကျီက အခုမှ ရောက်လာသကဲ့သို့ ဘေးတွင် ရပ်နေသည်။ ကြမ်းပြင်ပေါ်ရှိ မီးကျောက်များ၏ အနေအထားကို မြင်ပြီး မိုဝူကျီက ကောက်ယူတော့မည့်ဆဲဆဲ ဖြစ်နေကြောင်း သိလိုက်သည်။

“ဒီမှာ မင်းအတွက် ဘာမှမရှိဘူး ထွက်သွားစမ်း ...”

နောက်က လူက မိုဝူကျီကို စိုက်ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။

မိုဝူကျီက ကျိတ်ရယ်လိုက်ပြီး …

“ဆရာနှစ်ယောက်အတွက် ရှာပေးထားတာပါ ဒီမှာ ဘာမှ မရှိတော့ရင် ကျုပ်အရင် သွားလိုက်ပါဦးမယ် နှုတ်ဆက်ပါတယ် ...”

သူက ထွက်သွားလေ၏။ မိုဝူကျီက သူ့တွင် အဖိုးတန်ဆုံးအရာ ရပြီးသော်လည်း ထိုလူနှစ်ယောက်က သူ့အား အစအနလေးတောင် မပေးဘဲ အထိုသို့ အပြုအမူနှင့် ဆက်ဆံသည်ကို မြင်ပြီး ဒေါသထွက် လာမိသည်။ အကယ်၍ သူတို့ နောက်တစ်ကြိမ် တွေ့ပါက သူတို့ကို တစ်နည်းနည်းဖြင့်  ပြန်လည် ပေးဆပ်ခိုင်းရမည်။ သူလက်ရှိ ကျင့်ကြံဆင့်ဖြင့် ထိုလူနှစ်ယောက်နှင့် ရင်ဆိုင်ဖို့က ကျောက်ဆောင်ကို ကြက်ဥနှင့် ပေါက်သကဲ့သို့ ဖြစ်နေလိမ့်မည်။

“ဒီလူက တကယ် စိတ်ဝင်စားစရာပဲ ...”

မိုဝူကျီ ထွက်သွားသည်ကို မြင်ပြီး ရှေ့လူက ပြောလိုက်သည်။

မိုဝူကျီကို ထွက်သွားဖို့ ပြောလိုက်သည့် လူက နှာခေါင်းရှုံ့ပြီး …

“ပိုးကောင်လေး သာသာပါ သူ့နေရာသူ မသိရင် တစ်ချက်တည်းနဲ့ ရိုက်သတ်ပစ်လိုက်မယ်  သူက အလကား ကြိုးစားပြီးတော့ ငါတို့အတွက်တောင် နေရာဦးပေးထားတာ ဆိုတော့ သူ့ကို အသက်ရှင်ခွင့် ပေးလိုက်တာ ...”

မိုဝူကျီက လမ်းကြောင်းမှ အလျင်အမြန် ပြန်ထွက်လာလေ၏။ သူခန်းမသို့ ပြန်ရောက်သည့်အခါ မည်သူမျှ မရှိသေးချေ။

မိုဝူကျီက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး သူဝင်ရမည့် လမ်းကြောင်းကို ဆုံးဖြတ်တော့သည်။ သူက လမ်းအများစုတွင် ဦးထားသူများ ရှိကြောင်း သိလိုက်ရသည်။ သူက လမ်းကြောင်း၏ အဆုံးထိ သွား၍ မရပေ။ ထို့အစား ရှေ့မှ  သူ့စိတ်စွမ်းအားကို ဖြန့်ကြက် ထားလိုက်သည်။ အကယ်၍ တစ်ယောက်ယောက် ရှိနေပါက သူက လမ်းကြောင်းမှ ပြန်ဆုတ် လာလိုက်သည်။ သူ့စွမ်းရည်ဖြင့် တစ်ခုခု ကောင်းတာ တွေ့လျှင်ပင် မရယူနိုင်ပေ။

သူ့မီးကျောက်များ တွေ့သည့် ပထမလမ်းကြောင်း အပြင် ဒုတိယလမ်းတွင် ကျင့်ကြံသူ နှစ်ယောက် တိုက်ခိုက်နေသည်ကို တွေ့လိုက်ရ၏။ သူတို့သည် တစ်စုံတစ်ခုအတွက် တိုက်ခိုက်နေဟန် ပေါ်သည်။ တတိယလမ်းတွင် မိုဝူကျီက ရေကန် အကြီးကြီး တွေ့မြင်လိုက်ရပြီး ကျင့်ကြံသူ သုံးယောက်က ရေကန်ဘေးတွင် ကြည့်နေကြသည်။

စတုတ္တလမ်းတွင် မိုဝူကျီက ကြီးမားသော သစ်သားအဝိုင်းကြီး မြင်လိုက်ရသည်။ ဘေးတွင် တစ်ယောက်က စူးစမ်းနေဟန် ရသည်။

မိုဝူကျီက ငါးခုမြောက်လမ်းတွင် မုတ်ဆိတ်လူကြီးကို တွေ့လိုက်ရသည်။ သူ့ဘေးတွင် အလောင်းနှစ်လောင်း ရှိနေသည်။

မိုဝူကျီက ထိုလမ်းများကို မဝင်ရဲပေ။ အထူးသဖြင့် မုတ်ဆိတ်လူကြီး ရှိနေသည့် လမ်းဖြစ်၏။

မိုဝူကျီက ခြောက်ခုမြောက် လမ်းထဲ အလျင်အမြန် ဝင်လိုက်တော့သည်။ နောက်ဆုံးတွင် ထိုလမ်းထဲတွင် ကျင့်ကြံသူ တစ်ယောက်မျှ မရှိပေ။ အကြောင်းရင်းမှာ ကြီးမားလှသည့် ကျောက်ဂိတ်တံခါးဖြင့် ပိတ်ထားသောကြောင့် ဖြစ်၏။ ဂိတ်အခြေအနေအရ ကျင့်ကြံသူ တချို့က တိုက်ခိုက်ပြီး ဖွင့်ရန် ကြိုးစားခဲ့ပုံ ပေါ်သည်။ သူတို့ ခြေရာလက်ရာများကို မြင်ပြီး ကျောက်တံခါးက ထူးမလာသောကြောင့် နောက်ဆုတ်သွားခြင်း ဖြစ်ရမည်။

မိုဝူကျီက ကျောက်တံခါးကို ကြည့်နေရင်း ချက်ချင်းပင် စိတ်လှုပ်ရှားမိလာသည်။ ဂိတ်တံခါးတွင် ကြီးမားသည့် သော့ပေါက် ရှိနေကာ သူ့တွင်လည်း ၃၀ စင်တီမီတာလောက် ရှည်လျားသည့် ကြေးသော့ကြီး ရှိနေလေသည်။

***

All Chapters