ကြောက်မက်ဖွယ် အေးစက်မှု
Vol. 11 Ch. 143
မိုဝူကျီက စဉ်းစားရန်ပင် အချိန်မယူဘဲ ချက်ချင်း ကြေးသော့ကို ဂိတ်သော့ပေါက်ထဲ ထည့်လိုက်တော့သည်။ အကယ်၍ ဤနေရာတွင် တခြားသူ ဖြစ်နေလျှင် ဘာမှ မလုပ်ဆောင်ခင် ဂိတ်ကို ဖြည်းဖြည်းချင်း စစ်ဆေးကြည့်လိမ့်မည်။
သို့သော် ဤနေရာသို့ တစ်ယောက်ယောက် ရောက်လာနိုင်သည့်အတွက် တွန့်ဆုတ်မနေရဲပေ။ ထို့အပြင် ဂိတ်ကို အတင်းကြပ် ဖွင့်ထားသည်က မကြာသေးသောကြောင့် မိုဝူကျီကို စိတ်အေး သွားစေ၏။ နေရာတွင် ထောင်ချောက်တွေ ရှိနေလျှင်ပင် သူတို့က အသက်ဝင် လာလောက်လေပြီ။
ကြေးသော့က သော့ပေါက်အတွက် ကွက်တိ ဖြစ်နေလေ၏။ အသာလေး လှည့်ဖွင့်ရုံဖြင့် ကျောက်တံခါးက “ကျွီ ...” ဟု မြည်ရင်း ပွင့်သွားတော့သည်။
ပြင်းထန်လှသည့် အေးစက်မှုက တံခါးကြားမှ ထွက်ပေါ်လာသည်။ အထဲတွင် ဖြူဖွေး နေသောကြောင့် မိုဝူကျီက အမြင်ဖြင့် ကောင်းကောင်း မမြင်နိုင်ပေ။ ထို့ကြောင့် သူ့စိတ်စွမ်းအားနှင့်သာ စစ်ဆေး ကြည့်လိုက်ရသည်။ မိုဝူကျီ စွမ်းအား ဖြန့်ကြက်လိုက်စဉ် မီတာ ၁၀၀ လောက် ရောက်သည့်အခါ ကျ့င့်ကြံသူ နှစ်ယောက်က လမ်းထဲ ဝင်လာလေပြီ ဖြစ်၏။ မိုဝူကျီက သော့ကို ချက်ချင်း ဖယ်ကာ တံခါးကို ပိတ်လိုက်သော်လည်း သူမည်မျှပင် တွန်းနေပါစေ ဂိတ်တံခါးက တစ်လက်မတောင် မရွေ့လျားချေ။ သူက ထိုအတိုင်း ထားခဲ့ပြီး ပြင်းထန်လွန်းသော အေးစက်မှု ရှိသော်လည်း အထဲသို့သာ ဝင်လိုက်တော့သည်။
“ဒီမှာ ကျောက်တံခါး တစ်ခု ရှိတယ် ...”
ကျင့်ကြံသူ တစ်ယောက် ကျေက်တံခါးကို တွေ့သွားပြီး ပျော်ရွင်မြူးထူးစွာ ပြောလိုက်သည်။
သူ့နောက်တွင် အမျိုးသမီ ကျင့်ကြံသူ တစ်ယောက် ရှိနေ၏။ သူမက ကျောက်တံခါးကို မြင်လိုက်ပြီး မကြာခင်တွင် တံခါးက ပိတ်တော့မည် ဖြစ်ကြောင်း သတိပြုမိလိုက်သည်။
သူအရင်ဆုံး တံခါးဖွင့်လိုက်သည့် အခါက မိုဝူကျီသည် အားကုန်သုံး၍ ပိတ်သော်လည်း မအောင်မြင်ခဲ့ပေ။ သို့သော်လည်း ယခု သူအထဲသို့ ရောက်သည့်အခါ ကျောက်တံခါးက အလိုလို ပြန်ပိတ်သွားလေ၏။
“ငါတို့ အထဲဝင်ကြမလား ...” အမျိုးသား ကျင့်ကြံသူက တွန့်ဆုတ် တွန့်ဆုတ်ဖြင့် မေးလိုက်သည်။
အမျိုးသမီးက သူ့မေးခွန်းကို ပြန်မဖြေဘဲ တတ်နိုင်သမျှ မြန်မြန် ကျောက်တံခါးထဲ ဝင်ဖို့ရာ အမြန်ဆုံး ပြေးသွားတော့သည်။ သူမ အပြုအမူများက အမျိုးသား မေးခွန်းအတွက် ဖြေပြီးသား ဖြစ်သွားတော့သည်။
အမျိုးသမီး ကျင့်ကြံသူ ဝင်သွားသည်ကို မြင်၍ အမျိုးသားလည်း အရှိန်မြင့်ကာ သူမနောက်သို့ လိုက်ဝင်သွားတော့သည်။ နှစ်ယောက်သား ဝင်သွားပြီး နောက်တွင် ကျောက်တံခါးက မပိတ်ခင် အသံအကျယ်ကြီး ထွက်ပေါ်လာသည်။
“ဂျုနီယာညီမလေးရှား … ဒီနေရာက ဘာကြီးလဲ ...”
အထဲသို့ ဝင်ပြီးသည့် နောက်တွင် အမျိုးသားကျင့်ကြံသူက နေရာတစ်ခုလုံးက ဖြူဖွေးနေသည်ကို တွေ့လိုက်သည် ရသည့်အခါ ချက်ချင်းပင် မေးကြည့် လိုက်တော့သည်။
ဂျုနီယာ ညီမလေးရှားက ချက်ချင်း ပြန်မဖြေဘဲ သူတို့ အခြေအနေကို သေချာအောင် စစ်ဆေး နေလိုက်သည်။ ထို့နောက်တွင် သူမက အလင်းကျောက်တုံးကို ထုတ်ယူလိုက်သည်။ နောက်အခိုက်အတန့်တွင် သူမက သတိထားကာ ပြောလိုက်တော့သည်။
“အလင်းကျောက်တုံးက ဒီနေရာမှာ အလုပ်မလုပ်ဘူးလို့ မထင်မိဘူး ကျွန်မတို့က ဒီနေရာကို သေချာမသိပေမဲ့ ဂိတ်တံခါး ပိတ်ထားမှတော့ သေချာပေါက် ရိုးရိုးလေးတော့ မဖြစ်နိုင်ဘူး ပြီးတော့ …”
သူမက ပြောလိုက်ပြီး ဂျုနီယာ ညီမလေးရှားက အသံကို နိမ့်လိုက်ပြီး …
“စီနီယာ အစ်ကိုကြီးရှုယန် ကျွန်မတို့ ဂရုစိုက်သင့်တယ် … ကျောက်တံခါးက ပွင့်သွားပေမဲ့ အလိုလို ပြန်ပိတ် သွားသေးတယ် … အဲဒါက ညီမလေးတို့ရှေ့မှာ တစ်ယောက်ယောက် ရှိနှင့်နေတာပဲ … ပြီးတော့ တစ်ယောက်ယောက်က ကြည့်နေတယ်လို့လည်း ခံစားနေမိတယ် …”
မိုဝူကျီက ဘေးတွင် ပုန်းနေပြီး နည်းနည်းလေးမျှ မလှုပ်ရဲချေ။ သူက နေရာကို သေချာမြင်နိုင်ကာ ဤနေရာကား သူတို့ပထမဆုံး ရောက်သည့် ခန်းမနှင့် ယှဉ်လျှင် များစွာ ကြီးမားလှ၏။
ဤအခန်းကား အရမ်း ထူးဆန်းသည်။ ရေခဲမြူများ ဖုံးလွမ်း နေသည့်အပြင် ကျန်တာ ဘာမှ မရှိပေ။ တစ်ခုတည်းသော ဖြစ်နိုင်သည့် အရာက အခန်းအလယ်တွင် လျှို့ဝှက်အပေါက် ရှိနေခြင်း ဖြစ်လောက်၏။ မြေအောက်ခန်းသို့ ဝင်ပေါက် ဖြစ်ဟန် ရ၏။ သူ့စိတ်စွမ်းအားဖြင့် မိုဝူကျီသည် အောက်ထဲရှိ ရေခဲလှေကားထစ် ဆယ်ထစ်ထိသာ ဖြန့်ကြက်နိုင်သည်။
အမျိုးသားနှင့် အမျိုးသမီး ကျင့်ကြံသူများက ဖြည်းဖြည်းချင်း အခန်းကို လေ့လာနေကြပြီး မိုဝူကျီက သူတို့သည် သူ့နေရာသို့ တဖြေးဖြေး ရောက်လာမည်ကို သိ၏။ ကံကောင်းလှစွာ အလင်းကျောက်တုံးက ဤဖြူဆွတ်နေသည့် ရေခဲမြူများရှိရာ နေရာတွင် အလုပ်မဖြစ်ပေ။
မိုဝူကျီက ဆုံးဖြတ်လိုက်ကာ အောက်သို့ ဦးတည်နေသော လမ်းကြောင်းဆီ ဗြုန်းခနဲ ဆင်းသွားတော့သည်။ အောက်ရှိ ရေခဲ လှေကားထစ်များ အပေါ် ခြေချလိုက်သည်။
ထူးထူးကဲကဲ ဖြစ်လှသော အေးစက်မှုက ပျံ့နှံ့လာကာ မိုဝူကျီဆီ ရောက်လာလေ၏။ သူက ဤနေရာမှ ထွက်သွားချင် စိတ်ပင် ပေါက်လာပေသည်။
“ဂျုနီယာညီမလေးရှား ... ငါဟိုဘက်နားမှာ အရိပ်တစ်ခု မြင်လိုက်တယ် …”
စီနီယာ အစ်ကိုကြီး ရှုယန်က ရပ်လိုက်ပြီး သတိထားစွာ ပြောလိုက်သည်။
“ညီမလေးလဲ မြင်တယ် သွားကြည့်ရအောင် …”
ဂျုနီယာ ညီမလေးရှားက အောက်သို့ ဆင်းလိုက်တော့သည်။ သူမက သူမစီနီယာ အစ်ကိုကြီး ရှုယန်ထက်တော့ သတ္တိပိုရှိ၏။
မိုဝူကျီ၏ စိတ်စွမ်းအားက သူတို့နှစ်ယောက် ဝင်လာသည်ကို ခံစားမိ၏။
သူပို၍ အောက်ထဲ သွားလေလေ ပို၍ အေးစက် လာလေလေ ဖြစ်၏။ သူ့ဝိညာဉ် စွမ်းအားကို အားထုတ်၍ မည်မျှပင် လှည့်ပတ်နေပါစေ သူ့ခန္ဓာကား အလောင်းတမျှ ဖြည်းဖြည်းချင်း တောင့်တင်း လာလေ၏။
အကယ်၍ ထိုနှစ်ယောက်သာ မရှိလျှင် သူသည် အပေါ်သို့ ပြန်တက်ရန် ရွေးချယ်မိလိမ့်မည်။ ယခု သူတို့နှစ်ယောက်က သူ့နောက် လိုက်လာသည့်အတွက် သူသည် သေချာပေါက် သူတို့နှင့် ထိပ်တိုက် တွေ့လိမ့်မည်။ သူ့ကျင့်ကြံဆင့်ဖြင့် သူသည် သူတို့နှစ်ယောက်နှင့် ရင်မဆိုင်ချင်ပေ။
သူ့ကိုယ်သူ ထွေးပိုက် ထားလိုက်ပြီး မိုဝူကျီက ရှေ့သို့သာ တက်လှမ်း လိုက်တော့သည်။ နောက်ထက် ခြေဆယ်လှမ်းလောက် လျှောက်ပြီး နောက်တွင် သူထပ်၍ တောင့်မခံနိုင်တော့ပေ။ ထိုအေးခဲမှုက သူ့ကို သေသည်အထိ အေးစက်လာစေသည်။
“ဂျွတ် ...”
ထိုအခိုက်အတန့်တွင် မိုဝူကျီ ခြေထောက်က တစ်ခုခု တက်နင်းမိလိုက်၏။
သူ့စိတ်စွမ်းအားက သူ့နောက်မှ နှစ်ယောက်ကို အာရုံစိုက် ထားသော်လည်း သူ့အောက်ကို အာရူံစိုက်ဖို့ မေ့လျော့နေလေ၏။ တစ်ချိန်တည်းတွင် အလင်းကျောက်တုံးက သူ့ဆီ ရောက်ရှိ လာတော့သည်။ အလင်းကျောက်တုံးက ရေခဲမြူပေါ်တွင် အလုပ်မလုပ်သော်လည်း ထိုရေခဲလှေကားတွင် သေချာ အလင်းပေးနိုင်၏။
မိုဝူကျီက အလင်းကျောက်တုံး ရောက်လာသည်နှင့် တစ်ခုခုကို ခလုတ်တိုက်မိ လိုက်ပြီး လှိမ့်ကျ သွားတော့သည်။
“သူ့ကို မှတ်မိတယ် … ကျင့်ကြံဆင့် အနိမ့်ဆုံးနဲ့ ကောင်လေးမလား …”
အမျိုးသား ကျင့်ကြံသူက သူ့စကားမဆုံးခင် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“အောက်မှာ အဆုံးမဲ့ ဝိညာဉ်နှောင်ဖွဲ့ကျောက် ရှိတယ် ...”
မီတာ ၃၀ ကျောက် ပြုတ်ကျပြီး နောက်တွင် မိုဝူကျီက သတိလစ်မတတ် ဖြစ်သွားတော့၏။ ထိုအရာများက သူ့အတွက် အရေးမကြီးပေ။ မြေပေါ်သို့ ကျပြီး စက္ကန့်အနည်းငယ် အတွင်း သူ့ခန္ဓာတစ်ကိုယ်လုံးကား ထုံထိုင်း သွားတော့သည်။ သူအရမ်း အလိုရှိနေသည့် အဆုံးမဲ့ဝိညာဉ် နှောင်ဖွဲ့ကျောက်ကို ကြားလိုက်ရသောအခါ သူ့တွင် ရရှိဖို့ရာ နည်းလမ်း မရှိတော့ပေ။ သူက ဤနေရာတွင် အေးခဲ သေတော့မည်ကို သိလိုက်သည်။
ဤနေရာရှိ အေးစက်မှုကား ကြောက်ခမန်းလိလိ ဖြစ်၏။ အေးစက်မှု တစ်ခုချင်းစီက အရိုးထိအောင် ထိုးပေါက်နေကာ ခံခံနိုင်စွမ်းပင် မရှိတော့ပေ။
သူ့သွေးများပင် ဖြည်းဖြည်းချင်း အေးခဲလာလေသည်။ သူ့လက်ပေါ်ရှိ အရေပြားက အမြန်အဆန် အရောင်ပင် ပြောင်းလာကာ ဖြူဖျော့ သွားတော့သည်။ အကယ်၍ သူက မတော်တဆ တစ်ခုခုကို ထိမိသွားလျှင်ပင် သူ့လက်က ကြေမွသွားသော ရေခဲအလား ဖြစ်သွားလိမ့်မည်။
“ငါတို့ အောက်ဆင်းလို့ မရဘူး … အရမ်းကို အေးတယ် ငါတို့ မရလောက်ဘူး …”
အမျိုးသား ကျင့်ကြံသူက မိုဝူကျီ၏ အရင်နေရာသို့ ရောက်လာပြီး အအေးဓာတ်က အလွန် မြင့်မားလာကြောင်း သတိပြုမိလိုက်သည်။
“ဂျွတ် ...”
မိုဝူကျီ တက်နင်းမိသည့် အရာအပေါ် အမျိုးသမီးလည်း တက်နင်းမိ လိုက်သည်။ သူမက အနေအထား ပျက်ကာ စကားပြောလက်စ အမျိုးသားကို လှမ်းဆွဲ လိုက်တော့သည်။ အအေးဓာတ် လွန်ကဲမှုကြောင့် နှစ်ယောက်သား ခန္ဓာကိုယ်က တောင့်တင်းသွားကာ လှုပ်ရှား၍ပင် မရတော့ချေ။ မိုဝူကျီကဲ့သို့ နှစ်ယောက်သားက နှင်းလုံးသဖွယ် ဖြစ်သွားတော့သည်။
မိုဝူကျီက ထိူလူနှစ်ယောက်ကို ဂရုမစိုက်တော့ဘဲ သူ့စိတ်ထဲတွင် ဝမ်းနည်းမှုတို့သာ လွှမ်းမိုးထားလေ၏။ ဒြပ်ငါးမျိုး ကင်းမဲ့နယ်ထဲသို့ မဝင်ခင် သူသည် ထွက်မလာ နိုင်ကြောင်းကိုလည်း စဉ်းစားမိ၏။ သို့သော်လည်း ဤနေရာတွင် ထာဝရ ပိတ်မိနေမည်လို့တော့ တွေးမထားခဲ့ချေ။
မိုဝူကျီ၏ အမြင်အာရုံက တဖြည်းဖြည်း ဝေဝါးလာကာ သူ့ဝိညာဉ်က ခန္ဓာကိုယ်က ထွက်ခွာနေပြီဟု ခံစားလိုက်ရသည်။
ကျင့်ကြံသူ နှစ်ယောက် ကျသည့် နေရာသည် သူ့နှင့် သိပ်မကွာပေ။ သူတို့၏ အဆင့်မြင့် ကျင့်ကြံဆင့်နှင့်ပင် သူတို့သည် မတ်တတ်ရပ်ဖို့ရာ ရုန်းကန်နေရသည်။
သို့သော်လည်း သူတို့က အဆုံးမဲ့ ဝိညာဉ်နှောင်ဖွဲ့ ကျောက်ကို ယူဖို့ရာ ကြိုးစားမနေဘဲ သူတို့လာခဲ့သည့် နေရာကိုသာ ပြန်သွားရန် ကြိုးပမ်း နေကြသည်။ သို့သော် ခြေလှမ်း အနည်းငယ်ဖြင့် သူတို့က ကြမ်းပြင်ပေါ်တွင် မလှုပ်မယှက် ထိုင်နေကြတော့သည်။ ကြောက်မက်ဖွယ် အအေးဓာတ်ကို ခုခံဖို့ရာ အခွင့်အလမ်း မရှိပေ။
စိတ်ပျက်လက်ပျက် ဖြစ်နေသည့် အမျိုးသမီး မျက်နှာကို မြင်လိုက်ပြီး မိုဝူကျီသည် ဝေဝေဝါးဝါး စိတ်မှ ရုတ်တရက် နှိုးထ သွားတော့သည်။ အလင်းပြန်မှုကြောင့် ပေလား မိုဝူကျီက ယန်အာမျက်နှာကို တွေ့လိုက်ရသည်။ သူသေသွားခဲ့လျှင် ဖြစ်လာမည့် ယန်အာမျက်နှာကို မြင်လိုက်ရသည်။
ငါဒီနေရာမှာ မသေနိုင်ဘူး … သေချာပေါက် မသေစေရဘူး …
သို့သော်လည်း ထိုးဖောက်လာသည့် အအေးဓာတ်က စိတ်စွမ်းအား တစ်ခုတည်းဖြင့် ခုခံထားနိုင်သော အရာ မဟုတ်ပေ။ သူမသေချင်လျှင်ပင် သေခြင်းတရားက သူ့ဆီ တဖြည်းဖြည်း ချည်းကပ်လာနေ၏။
မိုဝူကျီက ပထမလမ်းတွင် တွေ့ခဲ့သော မြေကမ္ဘာမီးတောက်ကို အမှတ်ရလိုက်သည်။ အကယ်၍ ဧရာမ ဒယ်စောက်ကြီးသာ ရှိနေလျှင် တော်တော် ကောင်းလိမ့်မည်။
ဒယ်စောက်ကို တွေးလိုက်သည့် အခိုက်အတန့် မိုဝူကျီ၏ ရီဝေဝေ မျက်လုံးများက လင်းလက် လာတော့သည်။ ဝေဟင်လျှပ်စီး ဟန်ပန် ခုနှစ်မျိုး ပညာရပ်ကို အမှတ်ရလိုက်သည်။
သူက ဝေဟင်လျှပ်စီး ဟန်ပန် ခုနှစ်မျိုး ပညာရပ်ကို စတင် ကျင့်ကြံစဉ်က ပူပြင်းလွန်းသည့် အပူဓာတ်က သူ့ခန္ဓာထဲမှ ဖြစ်ပေါ်လာကာ သူ့အား ပြအဖြစ် တောက်လောင်မတတ် ဖြစ်စေခဲ့သည်။ အကယ်၍ သူသာ ထိုပညာရပ်၏ ပထမပုံစံကို အသုံပြုလျှင် သူသည် အေးခဲသေခါနီး ဖြစ်နေသည့်အတွက် မိုဝူကျီသည် ကြောက်မက်ဖွယ် ဝေဟင်လျှပ်စီး ဟန်ပန် ခုနှစ်မျိုးကို ကြောက်ရွံ့နေခြင်း မရှိတော့ပေ။ သူ့နောက်ဆုံး လက်ကျန် စွမ်းအားလေးဖြင့် ဝေဟင်လျှပ်စီး ဟန်ပန် ခုနှစ်မျိုး ပညာရပ်ကို ကျင့်ကြံ လိုက်တော့သည်။
တစ်ဝက်မျှ လှည့်ပတ်ပြီး နောက်တွင် မိုဝူကျီ၏ ဒန်တျန်းအထဲမှ မီးတောက်က စတင် တောက်လောင်လာကာ ချီသွေးကြောများဆီ ပျံ့နှံ့ သွားတော့သည်။
မိုဝူကျီက ထိုပညာရပ်အတိုင်း သူ့ဝိညာဉ် စွမ်းအားများကို ရူးရူးမူးမူး လှည့်ပတ်လိုက်သည်။ အေးခဲ၍ သေသည်ဖြစ်စေ၊ လောင်ကျွမ်း၍ သေသည်ဖြစ်စေ သေခြင်းတရားက သေခြင်းတရားသာ ဖြစ်၏။ သူ့တွင် ကြောက်ရွံ့မှုများ၊ စိုးရိမ်မှုများ ရှိမနေပေ။
လောင်မြိုက်လာသည့် အပူဓာတ်က သူ့ချီသွေးကြောများမှ အရိုးထိ ပျံ့နှံ့လာပြီး ထိုမှတစ်ဆင့် အသားထိ ပျံ့နှံ့လာတော့သည်။
အထဲမှ ကြောက်မက်ဖွယ် အပူဓာတ်သည် အပြင်မှ ကြောက်ခမန်းလိလိ အအေးဓာတ်နှင့် တူညီလှသည်။ မိုဝူကျီ ခန္ဓာကိုယ်က စတင်၍ အငွေ့များ ထွက်ပေါ်လာပြီး လက်များက ဖြည်းဖြည်းချင်း ပျော့ပျောင်းလာကာ ခန္ဓာကိုယ်လည်း စတင်၍ ခံစားလို့ ရလာလေပြီ။
ပူလိုက်အေးလိုက် ဖြစ်နေမှုက မိုဝူကျီကို ပြောမပြနိုင်လောက်သည့် နာကျင်မှု ခံစားရစေသည်။ သို့သော်လည်း သူ့စိတ်ထဲတွင် ရှိနေသည်က ပျော်ရွင်မှုသာ ဖြစ်၏။
ပထမအကြိမ် သူမပြီးပြည့်စုံသည့် ပညာရပ်ကို ကျင့်ကြံစဉ်က သူ့ကျင့်ကြံခြင်းကား ဖောက်ပြန်လုမတတ် ဖြစ်သွားပြီး အထဲမှ လောင်ကျွမ်းလု မတတ် ဖြစ်သွား၏။ ယခုတွင် ဤအေးစက်နေသော ပတ်ဝန်းကျင်တွင် ဝေဟင်လျှပ်စီး ဟန်ပန် ခုနှစ်မျိုးကို ကျင့်ကြံခြင်းက ပြင်းထန်သော နာကျင်မှုကို ဖြစ်စေသော်လည်း အနည်းဆုံးတော့ သူ့အသက် အန္တရာယ်တော့ မရှိတော့ချေ။
တူညီသော အရာ ဖြစ်သော်လည်း ကွဲပြားသော ပတ်ဝန်းကျင် အောက်တွင် ခြားနားချက် အကြီးကြီး ရှိလေ၏။ သူ့အသက်ကို အဆုံးသတ်လု မတတ် ဖြစ်စေခဲ့သော ပညာရပ်က သူ့အား ကယ်တင်ခဲ့လေပြီ။
နာကျင်မှုအတွက် မိုဝူကျီသည် အမျိုးမျိုးသော နာကျင်မှုများကို ခံစားပြီးသည့်အတွက် ခံနိုင်ရည် ရှိလေ၏။
“ဂျွတ် ...”
မိုဝူကျီက သူ့အထဲမှ တစ်ခုခု ကျိုးပျက်သွားကြောင်း ခံစားမိလိုက်ကာ သူ့ဒန်တျန်းနှင့် ချီသွေးကြောများတွင် ထူးခြားလှသော စွမ်းအားများနှင့် ပြည့်နှက်နေသည်။
မိုဝူကျီက သူ့လက်ကို မြှောက်လိုက်ပြီး ယမ်းလိုက်သောအခါ များပြားလှသော လျှပ်စီးများက ဘေးသို့ လွင့်စဉ်သွားသည်။
လျှပ်စီးက ရေခဲ အကြီးကြီးကိုပင် ချေဖျက်နိုင်စွမ်း ရှိသည်။ မိုဝူကျီက မယုံကြည်နိုင်စွာ သူ့လက်သူ ပြန်ကြည့်မိလိုက်သည်။ မိုဝူကျီက သူ့ခန္ဓာတွင် လျှပ်စီးသဘာဝက တစ်ခါတစ်ရံ ထွက်ပေါ် လာတတ်မှန်း သိ၏။ သို့သော် ထိန်းချုပ်နိုင်စွမ်း ရှိသည်က ပထမဆုံးအကြိမ် ဖြစ်၏။
အတွင်းမီးက ဆုတ်ယုတ် လာသောအခါ အပြင်မှ အအေးဓာတ်က အားကောင်း လာတော့သည်။ မိုဝူကျီက ပထမပုံစံကို ဆက်၍ မကြိုးစားရဲတော့ဘဲ မဆုတ်မနစ် ထပ်ကျင့်ကြံ လိုက်တော့သည်။ မကြာခင်တွင် မိုဝူကျီက အတွင်းမီးဓာတ်က တဖြည်းဖြည်းချင်း ပျောက်ကွယ် သွားသည်ကို သိရှိလိုက်ကာ ထိုပထမပုံစံကို ထပ်ကြိုးစားနေခြင်းက မီးကို မဖြစ်ပေါ်စေတော့မှန်း သိလိုက်၏။
အကယ်၍ ပုံမှန် အခြေအနေ ဆိုလျှင် ဝမ်းမြောက်သင့်သည်။ သို့သော် ယခုတွင် သူ့အသက်ရှင်နိုင်ရေးပေါ် သက်ရောက်နေသည်။ အတွင်းမီးဓာတ်က ငြိမ်းသွားသင့်နှင့် သူက အအေးဓာတ်ကို ခံနိုင်မည် မဟုတ်တော့ပေ။
မိုဝူကျီက ကျင့်ကြံသူ နှစ်ယောက်ကို ကြည့်လိုက်ကာ သူတို့သည် သေသည့်အထိ အေးခဲနေပြီး ရေခဲရုပ်တု နှစ်ခုပင် ဖြစ်နေတော့သည်။ သူတို့နှင့် မနီးမဝေးတွင် ရေခဲဝိုင်း စင်မြင့်ပေါ်၌ ရေခဲနှင့် တူသည့် ပန်းနှစ်ပွင့်ကို တွေ့လိုက်ရတော့သည်။ အရွက်များ မရှိပေ။ ပန်းအောက်တွင် ရေခဲမုန့်ကဲ့သို့ ၁၅ စင်တီမီတာလောက် ရှိနေသည့် ရိုးတံလေး ပါရှိ၏။
မိုဝူကျီက အဆုံးမဲ့ ဝိညာဉ်နှောင်ဖွဲ့ ကျောက်ကို မမြင်ဖူးသော်လည်း ထိုပန်းများက အဆုံးမဲ့ ဝိညာဉ်နှောင်ဖွဲ့ကျောက်ဟု အတည်မပြုရဲပေ။ သူက အမျိုးသား ပါးစပ်မှ စကားလုံး တချို့ကို ကြားလိုက်ရပြီး ထိုအရာ ဖြစ်သင့်သည်ဟု မှန်းဆလိုက်ခြင်း ဖြစ်၏။
ထိုအရာကား သက်ရှိအပင်နှင့် တူ၏။ သူမျှော်လင့်ထားသည့် အတိုင်း မလှုပ်မရှား ကျောက်တုံးသဏ္ဌာန် မဟုတ်ခဲ့ပေ။
***