← Chapters

နတ်ဆိုးဧကရာဇ်က မင်းတို့ကို စောင့်နေပါတယ်

Vol. 8 Ch. 111

နတ်ဆိုးဧကရာဇ်က မင်းတို့ကို စောင့်နေပါတယ်

Vol. 8 Ch. 111

"မဟုတ်ဘူး မဖြစ်နိုင်ဘူး ဘယ်… သူက ဘယ်လိုလုပ် စစ်ခုန်ကလန်ရဲ့ သခင်ကြီး ဖြစ်နေရတာလဲ"

ဧည့်ခန်းမထဲရှိ လူအားလုံးထဲတွင် ကျုံးချမ်းက အထိတ်လန့်ဆုံး ဖြစ်နေသည်။

အစပိုင်းက စစ်ရှောင်ထျန်း၏ မွေးစားသား ဖြစ်လာသည်နှင့် ယဲ့ဖန်က သူ့ခြေဖဝါးအောက် ရောက်ကာ နင်းခြေနိုင်လိမ့်မည်ဟု ထင်ထားခဲ့သော်လည်း မမျှော်လင့်စွာပင် ယဲ့ဖန်သည် စစ်ခုန်ကလန်၏ သခင်ကြီး ဖြစ်နေခဲ့သည်။

စစ်ခုန်ကလန်သည် တရုတ်ပြည် မြောက်ပိုင်းမှ အဓိကကလန်တစ်ခု ဖြစ်ပြီး ပိုင်ကလန်နှင့် ကုန်းကလန်တို့ထက် ပို၍ အင်အားကြီးမားလေသည်။

စစ်ကလန်သည် စစ်ခုန်ကလန်၏ ကလန်ငယ်လေး တစ်ခုသာဖြစ်ပြီး စစ်ရှောင်ထျန်းသည်လည်း စစ်ခုန်ကလန်၏ ကလန်ငယ်ခေါင်းဆောင်သာ ဖြစ်သည်။

စစ်ခုန်ကလန်၏ သခင်ကြီး၌ ပြိုင်ဘက်ကင်း အင်အားများ ရှိကြောင်း ပြေးကြည့်စရာပင် မလိုချေ။

စစ်ခုန်ကလန်၏ အင်အားကြီးသူ အဘိုးကူးတောင်မှ ယဲ့ဖန်ရှေ့ ခါးကျိုးမတတ် ဒူးထောက် တောင်းပန်နေရသည် မဟုတ်ပါလား။

သို့… သို့ပင်မယ့် ယဲ့ဖန်က ဘယ်လိုလုပ် ဒီလိုဖြစ်အောင် စွမ်းဆောင်နိုင်သွားတာလဲ။

ကျုံးချမ်း ယုံလည်း မယုံနိုင်သလို ယုံချင်စိတ်လည်း မရှိပါ။

သူက ယဲ့ဖန်ကို မယုံသင်္ကာဟန်ဖြင့်သာ ကြည့်နေသည်။

စစ်ရှောင်ထျန်းတို့ သားအဖကတော့ သေမတတ် ကြောက်လန့်လို့ နေသည်။

ထို့နောက် သူတို့နှစ်ယောက် ဖင်ထိုင်ရက်လဲကျသွားပြီး သူတို့ ဘောင်းဘီမှ မနှစ်မြို့ဖွယ်ကောင်းသော အနံ့များ ထွက်ကျလာသည်။

စစ်ခုန်ထို့နှင့် စစ်ခုန်ကလန်၏ အကြီးအကဲ ငါးယောက်တို့ ယဲ့ဖန်ကြောင့် အသတ်ခံလိုက်ရမှတော့ စစ်ခုန်ကလန်၏ ကလန်ငယ်လေးတစ်ခုအတွက်ကတော့ ပြောနေစရာပင် မလိုတော့ပေ။

ဗလုံးဗထွေး အသံနှင့်အတူ စစ်ရှောင်ထျန်းက ယဲ့ဖန်ရှေ့ ချက်ချင်း ဒူးထောက်ချလိုက်သည်။

"အရိုအသေ ပေးပါတယ်၊ သ… သခင်ကြီး။ သခင်ကြီး ရောက်လာမှန်း ကျွန်တော် မသိလိုက်လို့ပါ။ ကျွန်တော့် အပြောအဆို ရိုင်းသွားခဲ့တဲ့အတွက် သေသင့်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ညှာတာပေးပါ"

စစ်ရှောင်ထျန်းက ယဲ့ဖန်ကို ဆက်၍ တောင်းပန်နေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့နဖူးမှ သွေးများ အိုင်ထွန်း၍ စီးကျလာသည်။

စစ်ရှောင်ထျန်း သူ၏ ယခင်က လွှမ်းမိုးချုပ်ကိုင်နိုင်သည့် ချီဓာတ်ကို ဆုံးရှုံးလိုက်ရလေပြီ။

သူ့ပုံစံက အသက်ရှင်ခွင့်ပေးရန် အမြှီးနှံ့၍ တောင်းပန်နေသော လေလွင့်ခွေး တစ်ကောင်နှင့် တူလှပေသည်။

သို့သော် ယဲ့ဖန်က သူ့ကို တစ်ချက်ကလေးမျှတောင် မကြည့်ဘဲ အဘိုးကူးကိုသာ စိုက်ကြည့်ကာ ပြင်းထန်သော ချီဓာတ်ကို ထုတ်လွှတ်၍ ပြောလိုက်သည်။

"ခင်ဗျားက ကျုပ်ကို တားချင်တာလား?"

…

ယဲ့ဖန်၏ အမေးကြောင့် အဘိုးကူး ချွေးဒီးဒီးကျလာသည်။

နတ်ဆိုးတစ်ကောင်၏ စိုက်ကြည့်ခြင်းကို ခံနေသည်ဟုတောင် သူ ထင်မိလာသည်။

ဟုတ်ပါသည်ဟု သူ ပြန်ဖြေလိုက်တာနှင့် သူ သေချာပေါက် သေပွဲဝင်ရလိမ့်ပေမည်။

အဘိုးကူး သူ့နဖူးကနေ ခြေဖျားအထိ အေးစက်လာသလို ခံစားရကာ ယဲ့ဖန်ကို အသည်းအသန် ရှင်းပြလိုက်သည်။

"သခင်ကြီး ကျွန်တော့်ကို အထင်လွဲနေတာပါ။ စစ်ရှောင်ထျန်းနဲ့ သူ့လူတွေက မမလေးအန်းကို ပြန်ပေးဆွဲခဲ့တာမို့ သူတို့ သေသင့်ပါတယ်။ ကျွန်တော် သခင်ကြီးရဲ့ အမိန့်ကို လိုက်နာပါ့မယ် သခင်ကြီး"

အဘိုးကူး၏ အဖြေကြောင့် ယဲ့ဖန်က ကျေနပ်သွားသလို ခေါင်းညိတ်ကာ

"ကောင်းတယ်၊ ဒါဆို ကျုပ်တို့ ပွင့်ပွင့်လင်းလင်းပဲ ပြောကြတာပေါ့"

"သူ့ကလန်သားတိုင်းကို ကျုပ် သတ်မယ်လို့ ပြောထားပြီးပြီး။ ကျုပ်ကတော့ ပြောရင် ပြောတဲ့အတိုင်း ဖြစ်အောင်လုပ်မှာ"

*ဘာ*

ယဲ့ဖန်၏ စကားကြောင့် စစ်ရှောင်ထျန်း၊ သခင်လေးစစ်နှင့် ကျုံးချမ်းတို့ မိုးကြိုးပစ်ချခံလိုက်ရသလို ဖြစ်သွားသည်။

*ငါတို့တော့ သေပြီ*

*ငါတို့တော့ သေပြီပဲ*

အနက်ရောင်ဝတ်စုံနှင့် လူများ ဓားများကိုင်၍ ဧည့်ခန်းထဲသို့ ဝင်လာသည်နှင့် စစ်ကလန်နှင့် ကျုံးကလန်တို့ သေချာပေါက် လူမျိုးတုန်း သတ်ဖြတ်ခံရမည်မှာ သေချာလို့ နေတော့သည်။

ထို့နောက် ယဲ့ဖန်က စစ်ရှောင်ထျန်းတို့ သုံးယောက်ကို ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပြုံးပြပြီး "ငါ့ညီအစ်ကိုတွေကို ထိခိုက်အောင် လုပ်ရင် မင်း သေကို သေရမယ်။ ငါ့မိန်းကလေးတွေကို ထိခိုက်နာကျင်အောင် လုပ်ရင်လည်း မင်းတို့ အသေဆိုးနဲ့ သေကို သေရမယ်"

"ဆိုတော့ကာ မင်းတို့က ဂေါင်ကိုမှ ထိမိတာပဲ"

စစ်ရှောင်ထျန်း၊ သခင်လေးစစ်နှင့် ကျုံးချမ်းတို့ ကြောက်လန့်လာကြသည်။

သူတို့ ပြန်မတုံ့ပြန်နိုင်ခင်မှာပင် ယဲ့ဖန်က လေထဲတွင် မန္တန်တစ်ခုကို ရေးဆွဲလိုက်သည်။

ထို့နောက် လေထဲတွင် သွေးစွန်းနေသော ရှေးဟောင်းအက္ခရာ သုံးခု ပေါ်လာပြီး ချက်ချင်းပင် သူတို့သုံးယောက်၏ ခန္ဓာကိုယ်ပေါ်သို့ ကပ်ညိလာသည်။

ဝှစ်!

ရှေးဟောင်းစာများက အလွန် ထူးဆန်း၍ နိမိတ်ဆိုးလိုပင်။

မီးအပူပေးထား၍ ရဲရဲနီနေသော သံမဏိတုံးကြီးကဲ့သို့ ခန္ဓာကိုယ် သုံးခုပေါ် ရောက်သည်နှင့် အနက်ရောင် မီးခိုးငွေ့များ တလူလူ ထွက်လာကာ အသားညှော်နံ့ ထွက်ပေါ်လာပြီး အရေပြားများ ချိုင့်ထွက်လာသည်။

ထို့ပြင် ထိုသွေးစွန်းနေသော အက္ခရာများက သူတို့၏ သွေးကြောထဲသို့ စိမ့်ဝင်သွားသောကြောင့် လက်ရှိ ခံစားနေရသည့် နာကျင်မှုထက် ဆယ်ဆမက ပိုနာကျင်သည့် နာကျင်မှုမျိုးကို ခံစားရလေတော့သည်။

ရူးမတတ် မီးဟပ်နေသည့် ခံစားမှုကြောင့် စစ်ရှောင်ထျန်း၊ သခင်လေးစစ်နှင့် ကျုံးချမ်းတို့ ပေါက်ကွဲလာကြသည်။

သို့သော် ဤသည်ကား အစသာ ရှိသေးသည်။

ထို့နောက် သူတို့မျက်နှာများက ရဲရဲနီလာသည်။ သူတို့ လက်ချောင်းများ အရည်ပျော်ကာ သွေးများ စီးကျလာပြီးနောက် သူတို့ လက်ကောက်ဝတ် …

တစ်ချိန်တည်းမှာပင် ခံရခက်လှသည့် နာကျင်မှုက သူတို့ တစ်ကိုယ်လုံး အနှံ့ ပျံ့နှံ့လာသည်။

သူတို့ သေသာ သေလိုက်ချင်တော့သည်။

သူတို့၏ စူးစူးဝါးဝါး အော်ဟစ်သံများနှင့် ခံရခက်လှသည့် မျက်နှာထားများကို ကြည့်ပြီး အဘိုးကူးနှင့် အခြားသူများ ကြောက်လန့်ကာ သတိလစ်မတတ် ဖြစ်လာသည်။

ခါးကုန်းတစ္ဆေခေါင်းဆောင်တောင်မှ မျက်ခုံးပင့်လိုက်မိသည်။

သူ လူများစွာကို သတ်ခဲ့ဖူးသော်လည်း ဤမျှ ရက်စက်သည့် နည်းမျိုးကို တစ်ခါမှ မသုံးခဲ့ဖူးပါ။

*နတ်ဆိုး*

ခါးကုန်းတစ္ဆေခေါင်းဆောင်သည် သူ၏ သခင်အသစ်က နတ်ဆိုး ဖြစ်သည်ကို နားလည် သဘောပေါက်သွားတော့သည်။

"ဒါ ငရဲဝိညာဉ် မန္တန်ပဲ။ အဲ့ဒါက လူတွေရဲ့ နာကျင်မှုကို အဆ တစ်ရာ ပိုပြီး နာကျင်စေပြီးတော့ ငရဲမှာ မီးလောင်တိုက်သွင်းခံရသလို ခံစားရစေတယ်။ ဒီမန္တန်ဒဏ်ကို ခံရတဲ့ သူတိုင်းက သေသွားတာက ပိုကောင်းမယ်လို့ တွေးကြတယ်"

ယဲ့ဖန်က အသေးအဖွဲ ကိစ္စလေးကို ပြောနေသလို ခပ်တည်တည်နှင့် ပြောနေသည်။

"ဒီမန္တန်က ဆယ်နာရီလောက်ပဲ ကြာတာပါ။ လူအိုကြီးကူးနဲ့ ခင်ဗျားလူတွေက ဒီမှာနေခဲ့ပြီး သူတို့ စိတ်ရောလူပါ သေဆုံးတာကို စောင့်ကြည့်နေကြ။ သူတို့ လူပြန်ဝင်စားခွင့်တောင် မရစေရဘူး"

ထိုသို့ ပြောပြီး ယဲ့ဖန်က အန်းရှီကို ပွေ့ဖက်ကာ လှည့်ထွက်သွားသည်။ သူ့နောက်မှ ခါးကုန်းတစ္ဆေခေါင်းဆောင်နှင့် အခြားအမှောင်အဖွဲ့သားများ လိုက်ပါသွားကြသည်။ သူက စစ်ရှောင်ထျန်း၊ သခင်လေးစစ်နှင့် ကျုံးချမ်းတို့ကို လှည့်တောင် မကြည့်သွားပေ။

ယဲ့ဖန် သည်နေရာမှ ထွက်သွားမှသာ အဘိုးကူနှင့် သူ့လူများ လဲကျသွားလေတော့သည်။

ငရဲမှ ပြန်လွတ်လာသလိုမျိုး ဟောဟဲလိုက်၍ အသက်ကို အမောတကော ရှူနေရသည်။

ငရဲဝိညာဉ် မန္တန်!

ထိုနာမည်ကို ပြန်ကြားယောင်မိသည်နှင့် အဘိုးကူးနှင့် သူ့လူများ ကြောက်လန့်ကာ ကတုန်ကယင် ဖြစ်လာသည်။

လူသုံးယောက်၏ အဖြစ်ဆိုးကို ကြည့်ရင်း သူတို့ အလွန် ကြောက်လန့်လာကြသည်။

သူတို့အားလုံး ကတိကဝတ်ပြုလိုက်ကြသည်။

သူတို့ ကောင်းကင်နှင့် မြေကြီးကို တိုက်ခိုက်ရမည်ဆိုပါက တိုက်ခိုက်မည် ဖြစ်သော်လည်း ယဲ့ဖန်ကိုတော့ ဘယ်သောအခါမှ ရန်စမည် မဟုတ်ပါ။ သို့မဟုတ်ပါက ယဲ့ဖန်က နတ်ဆိုးကဲ့သို့ ရက်စက်သော အပြစ်ပေးမှုမျိုး ပြုလုပ်မည်ကို သူတို့ ရိပ်စားမိကြသည်။

….

ကောင်းကင်တွင် ငွေသော်တာ လမင်းက ထိန်ထိန်လင်းလျက် ရှိသည်။

သို့သော်လည်း စစ်ကလန်နှင့် ကျုံးကလန်တွင်တော့ သွေးချောင်းစီးပွဲကြီး ဖြစ်နေပေသည်။

သူ့ရင်ခွင်တွင်းမှ အန်းရှီကို ကြည့်ရင်း သူ့မျက်လုံးတွင်း၌ နက်နဲ သိမ်မွေ့သော အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။

"မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်၊ ထိပ်တန်းအဆင့် အဆိပ် ခန္ဓာကိုယ်၊ ဆန်းကြယ် ရေခဲ ခန္ဓာကိုယ်။ ငါ ပြိုင်စံရှား ခန္ဓာကိုယ် သုံးခုနဲ့ ဆက်တိုက် တွေ့ဆုံခဲ့ရပြီးပြီ။ ကမ္ဘာပေါ်မှာ လျှို့ဝှက်ချက်တွေ ဘယ်လောက်များများ ကျန်ရှိနေဦးမလဲ ငါ သိချင်မိတယ်"

"ငါထင်ထားတာတွေကသာ အမှန်ဖြစ်နေမယ်ဆိုရင် ကမ္ဘာမြေက ထောင်ချောက်ပဲ၊ စကြဝဠာအတွင်းမှာ အထူးဆန်းဆုံးနဲ့ ကြောက်မက်ဖွယ် အကောင်းဆုံး ထောင်ချောက်"

ကမ္ဘာပေါ်တွင် လျှို့ဝှက်ချက်ပေါင်းများစွာ ကျန်ရှိနေသေးသည်ဟု ယဲ့ဖန် ခံစားနေရသည်။

ဤလျှို့ဝှက်ချက်ကို စကြဝဠာအတွင်းရှိ အလွန်အင်အားကြီးသူများသာ ပိုင်ဆိုင်သွားပါက စကြဝဠာတစ်ခုလုံး ရူးသွပ်မတတ် ဖြစ်သွားလောက်သည်။

ယခုအချိန်သည် အလွန် အရေးကြီးလာပြီဟု ယဲ့ဖန် ထင်လာမိသည်။

မဝေးတော့သည့် အနာဂတ်တွင် ကပ်ဘေးတစ်ခု ဖြစ်လာတော့မည်ဟု သူ အာရုံခံလာမိသည်။

အလွန် သန်မာလာမှသာ သူကိုယ်တိုင် အသက်ရှင်ကျန်နိုင်ပြီး သူ့ဘေးမှ သူတစ်ယောက်ချင်းစီကို ကာကွယ်နိုင်မည် ဖြစ်သည်။

ကျယ်ပြောလှသော ညကောင်းကင်ကို ကြည့်ရင်း ယဲ့ဖန်၏ မျက်လုံးက အလွန် ခက်ထန်လာကာ

"နတ်ဘုရားတွေက ငါ့ကို ဆန့်ကျင်လာမယ်ဆို ငါ နတ်ဘုရားတွေကို သတ်ပစ်မယ်။ သေမင်းက ငါ့ကို ဆန့်ကျင်မယ်ဆိုလည်း ငါ အဲ့သေမင်းကို သတ်ပစ်မယ်။ မင်း ဘယ်သူပဲဖြစ်ဖြစ် ငါ နတ်ဆိုးဧကရာဇ်က မင်းတို့ကို စောင့်နေတယ်"

All Chapters