← Chapters

လမ်းမပေါ်က ဘုရင်ငယ်လေး

Vol. 8 Ch. 112

လမ်းမပေါ်က ဘုရင်ငယ်လေး

Vol. 8 Ch. 112

မနက်အစောပိုင်းတွင် ကျန်းရှီမြို့လေးသည် ငြိမ်သက်အေးချမ်းလျက် ရှိသော်လည်း ထို ငြိမ်ငြိမ်ဆိမ်ဆိမ် အချိန်၌ တစ်ခုသော နေရာကတော့ ဂနာမငြိမ် ဖြစ်လို့နေသည်။

စစ်ကလန်နှင့် ကျုံးကလန်တို့ တစ်ညတည်းနှင့် ပျောက်ကွယ်သွားသည်။ မည်သည့် သွေးစက်ကော၊ အလောင်းပါ ထင်ကျန်မနေဘဲ ကလန်နှစ်ခုလုံး၏ အဖွဲ့သားများအားလုံး ဒီအတိုင်း ပျောက်ကွယ်သွားသည်။

ဤသတင်းက ကျန်းရှီမြို့၏ အထက်တန်းစား လူများကြား ပျံ့နှံ့သွားပြီး လူတိုင်းအား အတွေးနယ်ချဲ့သွားစေသည်။

အထက်တန်းစား လူတိုင်းက ဤထူးခြားဆန်းကြယ်သော အဖြစ်အပျက်နှင့် ပတ်သက်၍ ထင်ကြေးပေးနေရသည်။

ထို့ကြောင့် မြို့တစ်မြို့လုံး ကောလဟာလများဖြင့် ပြည့်နှက်လို့နေ၏။

သို့သော် ဤကိစ္စက ယဲ့ဖန်နှင့် ဘာမှ မသက်ဆိုင်သကဲ့သို့ ကုတင်ဘေး ထိုင်၍ အန်းရှီအား အေးအေးဆေးဆေး ကြည့်နေသည်။

အန်းရှီသည် သူမ၏ လှပသော မျက်လုံးလေးကို မှိတ်လျက် အိပ်ပျော်နေဆဲ ဖြစ်သည်။ တစ်ခန်းလုံး အရိုးအေးခဲမတတ် အေးစက်နေကာ သူမသည် အေးခဲ နတ်သမီးလေးနှင့် တူလှသည်။ သူမ၏ လှပသော အသွင်အပြင်က အသက်ရှူမှားလောက်သည်။

"အန်းရှီရဲ့ ဒဏ်ရာတွေက ပျောက်နေပြီပဲ။ ဒါပေမယ့် သူမ ပြန်နိုးလာဖို့ကတော့ နည်းနည်းကြာဦးမယ်"

ယဲ့ဖန်က တောက်ပနေသော မျက်လုံးများနှင့် ခပ်အေးအေး ပြောလိုက်သည်။

ဆန်းကြယ် ရေခဲ ခန္ဓာကိုယ်သည် စကြဝဠာအတွင်းရှိ ထိပ်တန်း ပြိုင်စံရှား ခန္ဓာကိုယ် ဆယ်ခုထဲက တစ်ခု ဖြစ်သော်လည်း လူတစ်ယောက်အတွက် နိုးထလာဖို့ ခဲယဉ်းလှသည်။

အန်းရှီ ကြာကြာအိပ်လေ သူမအတွက် ပို၍ အကျိုးရှိလေ ဖြစ်မှန်း ယဲ့ဖန် သိလေသည်။

ထို့ကြောင့် ယဲ့ဖန် မတ်တပ်ထရပ်ကာ အခန်းအပြင်ထွက်လာပြီး အန်းရှီအား ကာကွယ်ရန် ညအဖွဲ့ကို အမိန့်ပေး၍ ထွက်လာခဲ့သည်။

ထို့နောက် လူစုလူဝေးနှင့် ကျပ်ညက်ပြီး ကားများ ထူထပ်နေသည့် ကျန်းရှီမြို့၏ မြို့လယ်ခေါင်သို့ သူ လမ်းလျှောက်ထွက်လာခဲ့သည်။

မြို့ထဲ လမ်းလျှောက်နေသည့် ယဲ့ဖန်သည် အလွန်ကို အေးအေးလူလူ ရှိလှသည်။

သူ လမ်းကြားတစ်ခုကို ဖြတ်လာသည့်အချိန်တွင် ဒေါသတကြီး ဆဲဆိုနေသံနှင့် ရိုက်နှက်သံများကို ရုတ်တရက် ကြားလိုက်ရသည်။

ယဲ့ဖန် ဘေးဘီကို ဝေ့ကြည့်လိုက်သောအခါ အနောက်တိုင်းဝတ်စုံနှင့် လည်သာ ဖိနပ်ကို ဝတ်ဆင်ထားသော လူငယ်လေးတစ်ယောက်က သူတောင်းစားငယ်လေးတစ်ယောက်နှင့် သူတောင်းစားအိုကြီးတစ်ယောက်အား ဒေါသတကြီး ရိုက်နှက်နေသည်။

"ီးပဲ … မင်းက ငါ့အဝတ်အစားတွေကို ပေကျံအောင် လုပ်ရဲတယ်ပေါ့လေ။ သေလိုက်တော့၊ သေစမ်းကွာ"

မျက်နှာတင်းတင်းနှင့် အနောက်တိုင်းဝတ်စုံနှင့် လည်သာ ဖိနပ်ကို ဝတ်ဆင်ထားသော လူငယ်လေးတစ်ယောက်က သူတောင်းစားအိုကြီး၏ ခေါင်းကို ကန်လိုက်သဖြင့် သွေးများ စီးကျလာသည်။

လူငယ်လေး အနားသို့ ထပ်ကပ်လာသည်ကို မြင်ပြီး သူတောင်းစားငယ်လေးက သူတောင်းစားအိုကြီးကို သူ့ကိုယ်လေးနှင့် အသည်းအသန် ကာလိုက်သည်။

"ကျွန်တော့်အဘိုးကို မရိုက်ပါနဲ့။ ကျွန်တော့်အဘိုးကို မရိုက်ပါနဲ့"

သူတောင်းစားငယ်လေးက မျက်ရည်အရွှဲသားနှင့် တောင်းပန်နေလေသည်။

"ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ။ ကျွန်တော့်အဘိုးက ခင်ဗျားရဲ့ အဝတ်အစားကို ပေကျံအောင် တမင်လုပ်တာ မဟုတ်ပါဘူးဗျာ"

"တမင်လုပ်တာ မဟုတ်ဘူး?"

လူငယ်လေးက သူ့အဝတ်အစားပေါ်က မည်းနေသော နေရာကို လက်ညှိုးထိုးကာ မျက်မှောင်ကြုတ်၍ "ဒါ Versace တံဆိပ်ကွ … ဒီတစ်ထည်ကိုပဲ ယွမ် ၁၀,၀၀၀ ပေးရတယ်။ အခု ညစ်ပတ်သွားတော့ ငါ ပြန်ဝတ်လို့ မရတော့ဘူးလေ"

လူငယ်လေး ပို၍ ဒေါသထွက်လာသည်။

"ဟားဟား … ကောင်းပြီလေ ... ငါ မင်းအဘိုးကို မရိုက်တော့ဘူး၊ မင်းကိုပဲ ရိုက်တော့မယ်"

ထိုသို့ပြောပြီး လူငယ်လေးက သူတောင်းစားငယ်လေးကို ဒေါသတကြီး ထိုးလိုက်သည်။

မကြာခင်မှာပင် သူတောင်းစားငယ်လေး၏ မျက်နှာလေးက ယောင်ကိုင်းလာကာ မျက်ခုံးမှ သွေးများ စီးကျလာသည်။

သူ့မျက်လုံးများသည် အလွန် ထိတ်လန့်၍ စိတ်အားငယ်နေဟန် တူသည်။

သို့သော် လူငယ်လေးက သူ့ကို လုံးဝ မညှာတာပါ။

တရားမျှတမှု မရှိသည့်မရှိသည့် မြင်ကွင်းကြောင့် ဖြတ်သွားသည့်သူ တော်တော်များများက ခေါင်းတခါခါနှင့် လူငယ်လေးကို တားချင်နေသော်လည်း လူငယ်လေး၏ တင်းမာသော မျက်နှာထားကြောင့် သူတို့အားလုံး တွန့်သွားကြသည်။

ယဲ့ဖန်သည်လည်း နေရာမှာတင် ရပ်ကာ ငြိမ်၍ ကြည့်နေသည်။

ဤမြင်ကွင်းကြောင့် သူ့ငယ်ဘဝကို သတိရသွားသည်။

မည်သို့မျှ စိုက်ပျိုးရေး လုပ်၍ မရသော မြေတွင် မွေးဖွားလာပြီး သူ့မိဘများ၏ စွန့်ပစ်ခြင်းကို ခံခဲ့ရသည်။ အစားတစ်လုတ်အတွက် လမ်းဘေးခွေးများဖြင့် လုယက်ခဲ့ရပြီး ငယ်ငယ်လေးကတည်းက ခြေသလုံးအိမ်တိုင် ဘဝဖြင့် လျှောက်သွားခဲ့ရသည်။

သူ ညိုမဲယောင်ကိုင်းသည်အထိ အရိုက်ခံခဲ့ရသည့်အချိန်များရှိသလို သေလုမြောပါးအထိ ရိုက်နှက်ခံရသည့် အချိန်များလည်း ရှိခဲ့သည်။

သို့သော် ဒါက ကြီးနိုင်ငယ်ညှင်း ဥပဒေသမှန်း သူ သိပါသည်။

ဤလောကကြီးတွင် ကယ်တင်သူဆိုတာ လုံးဝ မရှိပါ။ သန်မာသော လက်သီးများနှင့်သူသာ အုပ်စိုးနိုင်သူ ဖြစ်သည်။

ထို့ကြောင့် သူ့ရန်သူများအား အားနည်းသော သူ့လက်သီးများဖြင့် ကြိမ်ဖန်များစွာ ပြန်လည် ထိုးနှက်ခဲ့သည်။

သူ့လက်သီး ကျိုးသွားလျင် သူ တံတောင်ဆစ်ဖြင့် ဆက်၍ တိုက်ခိုက်ခဲ့သည်။

သူ့တံတောင်ဆစ် ကျိုးကြေသွားလျင်တော့ သူ့သွားများဖြင့် ကိုက်သည်။

သူ့သွားများ ကျိုးသွားလျင်လည်း သူ ခေါင်းနှင့် လိုက်တိုက်ခဲ့သည်။

ထို့ကြောင့် ယဲ့ဖန်က အမြဲလိုလို ဒေါသထွက်နေလေ့ ရှိသည်။

သူ့ရန်သူများက မည်မျှပင် အင်အားကြီး၍ ရက်စက်စေကာမူ သူ ပြန်တိုက်ခဲ့တာချည်းပင်။

သူ မသေခင်အထိ ဘယ်တော့မှ အရှုံးပေးမည် မဟုတ်ပါ။ ထို့နောက် လူတိုင်းက သူ့ကို လန့်လာကြသည်။

လေလွင့်သူများကလည်း သူ့ကို ရှောင်လာကြသလို လမ်းဘေးခွေးများကလည်း သူ့လမ်းမှ ရှောင်ဖယ်သွားလေ့ ရှိသည်။

အသက်ငယ်ငယ်လေးနှင့် သူသည် လမ်းမပေါ်က အရက်စက်ဆုံး ဘုရင်ငယ်လေး ဖြစ်လာခဲ့သည်။

ထို့ကြောင့် ယခု သူတောင်းစားငယ်လေးကို ကြည့်ရင်း သူ့ဘဝကို သူ ပြန်အမှတ်ရလာသည်။

သို့သော် သူတောင်းစားငယ်လေး အရိုက်နှက်ခံနေရသော်လည်း သူ သွားမကူခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် သူ သွားကယ်လိုက်လည်း သူတောင်းစားငယ်လေး တစ်နေ့မဟုတ် တစ်နေ့ သည်လို အဖြစ်မျိုးနှင့် ထပ်ကြုံရမည်ကို သူ သိနေသောကြောင့်ဖြစ်သည်။

သူ ကြောက်နေလျင် အနှေးနှင့်အမြန် သေသွားလိမ့်မည်။

သူ အကြောက်အလန့်ကင်းလာမှသာ သန်မာလာနိုင်မည် ဖြစ်သည်။

ယဲ့ဖန် သူ့ကို ခပ်တန်းတန်း အမူအရာနှင့် ဆက်ကြည့်နေသည်။

ဘန်း!

ခွပ်!

လက်သီးတစ်ချက်နှင့်အတူ သူတောင်းစားငယ်လေး၏ လက်ဖျံ ကျိုးသွားလေသည်။

နာကျင်မှုကြောင့် သူတောင်းစားငယ်လေး တုန်ယင်လာကာ ချွေးဒီးဒီးကျလာသည်။

သွေးတွေ၊ မျက်ရည်များနှင့် သူ့ပုံစံက အတော် သနားစရာ ကောင်းလှသည်။

"ဟီးဟီး … ခွေးကောင်ငယ်လေးနဲ့ သောက်အဖိုးကြီး ကျုပ် ဒီနေ့ ခင်ဗျားတို့ကို ကြိုက်သလောက် ရိုက်ရသေးတာပေါ့"

ထိုလူငယ်လေးက သူ၏ ရက်စက်သော ချီဓာတ်ကို ထုတ်ဖော်လျက် သူတောင်းစားအိုကြီးကို ထပ်ရိုက်နှက်ရန် ပြင်လိုက်သည်။

ထိုလူငယ်လေး ထပ်ရိုက်ရန် ပြင်လိုက်သည်ကို မြင်ပြီး သူတောင်းစားငယ်‌လေး ကြောက်လန့်လာသည်။

"ဟင့်အင်း ကျွန်တော့်အဖိုးကို မရိုက်ပါနဲ့"

သူတောင်းစားငယ်လေး၏ မျက်လုံးတွင် ရက်စက်မှု အရိပ်အယောင်များ ဝင်ရောက်လာကာ ထိုလူငယ်လေး၏ မျက်နှာကို အားနှင့် ထိုးလိုက်သည်။

ခွပ်!

သူတောင်းစားငယ်လေးက ရုတ်တရက် တိုက်ခိုက်လာလိမ့်မည်ဟု ထိုလူငယ်လေး မထင်ထားမိပါ။

ထို့နောက် သူ့မျက်နှာက ယောင်ကိုင်းလာသည်။

"ီးပဲ … ခွေးမသား မင်းက ပြန်ချရဲတယ်ပေါ့"

လူငယ်လေးက ဒေါသထွက်လာကာ ထိုသူတောင်းစားငယ်လေးက ဒေါသတကြီး ထိုးနှက်ရန် ပြင်လိုက်သည်။

သူတောင်းစားငယ်လေး ဘာလုပ်လို့ လုပ်ရမှန်း မသိဖြစ်ကာ မျက်လုံးကို မှိတ်လိုက်သည်။ သူ၏ သွေးများဖြင့် ပေကျံနေသော မျက်နှာက ပြာနှမ်းလာသည်။

ဘန်း!

မသဲမကွဲ အသံနှင့်အတူ သူတောင်းစားငယ်လေး ကိုယ်တစ်ချက် တုန်သွားသည်။ ထို့နောက် သူ မည်သည့် နာကျင်မှုမျိုးမှ မခံစားရသည်ကို သိလိုက်ရသည်။

*ဘာ… ဘာဖြစ်သွားတာလဲ*

သူတောင်းစားငယ်လေး မျက်လုံး ဖွင့်ကြည့်လိုက်သည့်အခါ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

ပိန်ပိန်ပါးပါး လူတစ်ယောက်က သူ့အရှေ့တွင် ရှိနေပြီး ဟိုလူငယ်လေးကတော့ အကန်ခံလိုက်ရ၍ သုံး၊လေး မီတာခန့် လွင့်ထွက်သွားသည်။

"အာ…"

သူတောင်းစားငယ်လေး တအံ့တဩဖြစ်နေသလို ဟိုလူငယ်လေးသည်လည်း နားဝေတိမ်တောင် ဖြစ်သွားသည်။

လူငယ်လေး၏ လက်သီးက သူတောင်းစားငယ်လေးနှင့် စင်တီမီတာ အနည်းငယ်လောက်သာ ကွာတော့သည့်အချိန်တွင် ပိန်ပိန်ပါးပါး လူတစ်ယောက်က သူ့ရှေ့ လှစ်ခနဲ ပေါ်လာသည်ကို မြင်လိုက်ရသည်။

ထိုသူစိမ်း၏ ကန်ချက်ကြောင့် သူ့လက်ဖျံ ကျိုးသွားကာ သူသည်လည်း သုံး၊လေး မီတာခန့် လွင့်ထွက်သွားသည်။

ကြီးမားသန်မာလွန်းလှသည့် ခွန်အားကြောင့် လူငယ်လေး မှင်တက်နေမိသည်။

"ကောင်းတယ်၊ ဟေ့ကောင် … မင်းက သူတောင်းစားတစ်ယောက်ကြောင့် ငါ့ကို ချရဲတယ်ပေါ့လေ။ သိပ်ကောင်းကွာ၊ ဘယ်သူနိုင်မလဲ ကြည့်ကြသေးတာပေါ့"

အလွန် နာကြည်းမုန်းတီးသည့်အကြည့်များဖြင့် ကြည့်ပြီး လူငယ်လေးက သူ ယဲ့ဖန်ကို မနိုင်နိုင်မှန်း သိနေသဖြင့် ထိုသို့ ပြောပြီး သုတ်သီးသုတ်ပျာဖြင့် ထွက်ပြေးသွားသည်။

ယဲ့ဖန်က ထိုလူငယ်လေးကို နည်းနည်းလေးမှ ဂရုမစိုက်ပါ။ သူက သူတောင်းစားငယ်လေး၏ မျက်နှာကို တည့်တည့်ကြည့်၍

"မှတ်ထားပါ၊ တစ်ယောက်ယောက်က မင်းကို ရန်ပြုလာတဲ့အခါ မင်း သူ့ကို ပြန်ချရမယ်"

"လူတစ်ယောက်က မင်းကို ရိုက်ရင် သူ့ကို ပြန်ရိုက်။ လူဆယ်ယောက်က မင်းကို ရိုက်တယ်ဆိုလည်း အားလုံးကို ပြန်ရိုက်"

"သူတို့ အရိုက်ခံရပြီး သေရမှာကို ကြောက်လာတဲ့အထိ ဆက်ရိုက်နေ။ အဲ့တော့မှ သူတို့က မင်းကို ထပ်ပြီး အနိုင်မကျင့်ရဲတော့မှာ"

All Chapters