← Chapters

ရှစ်ယောက်မြောက်သူ

Vol. 8 Ch. 113

ရှစ်ယောက်မြောက်သူ

Vol. 8 Ch. 113

သူတို့ အရိုက်ခံရပြီး သေရမှာကို ကြောက်လာတဲ့အထိ ဆက်ရိုက်နေလိုက်။

ယဲ့ဖန်၏ လေသံက အရိုးအေးခဲမတတ် အေးစက်လှသည်။

သို့သော် သူ့စကားကို ကြားသည်နှင့် သူတောင်းစားငယ်လေး၏ မျက်ဝန်းက ချက်ချင်းဆိုသလို တလက်လက် တောက်ပလာသည်။

"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး"

သူတောင်းစားငယ်လေးက မနည်းကြိုးစား၍ ကုန်းထကာ ယဲ့ဖန်ကို ခါးညွှတ်၍ အရိုအသေပေးလိုက်သည်။

"ကျွန်တော်နဲ့ ကျွန်တော့်အဘိုးကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်"

ထို့နောက် သူက ညစ်ပတ်နေသော သံပြားလေးကို ယဲ့ဖန်အား ပေး၍

"အစ်ကိုကြီး အစ်ကိုကြီးရဲ့ ကူညီမှုအတွက် ကျွန်တော် ဘယ်လို ပြန်ပေးဆပ်ရမလဲ မသိပါဘူး။ ဒီသံပြားလေးက ကျွန်တော့်မှာ ရှိတဲ့ အဖိုးတန်ဆုံး အရားလေးပါ၊ ဒါလေးကို ကျွန်တော် အစ်ကိုကြီးကို လက်ဆောင်ပေးချင်ပါတယ်"

သံပြားလေးသည် ဖုန်မှုန့်များနှင့် ညစ်ပတ်နေသော်လည်း သူတောင်းစားငယ်လေး၏ မျက်လုံးထဲတွင် ရှာမှရှားသည့် အရာလေး ဖြစ်သည်။

ယဲ့ဖန် ကြောင်သွားပြီးမှ သူတောင်းစားငယ်လေး၏ မျှော်လင့်နေသော မျက်ဝန်းများကို ကြည့်ပြီး သူ့စေတနာကို မငြင်းရက်တော့ပေ။ သူပေးသည့် သံပြားလေးကို ယူ၍ အိတ်ထဲထည့်လိုက်သည်။

ထို့နောက် ယဲ့ဖန်က ပိုက်ဆံတစ်ချို့ကို သူ့အိတ်ထဲမှ ယူ၍ သူတောင်းစားငယ်လေး၏ အိတ်ထဲသို့ တိတ်တိတ်လေး ထည့်ပေးလိုက်သည်။

သူတောင်းစားငယ်လေးကို လက်ပြနှုတ်ဆက်ကာ ထိုနေရာမှ လှည့်ထွက်လာခြ့သည်။

"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး"

သူတောင်းစားငယ်လေးက ယဲ့ဖန်၏ နောက်ကျောကို ကြည့်ပြီး တိုးတိုးလေး ပြောလိုက်သည်။

ယဲ့ဖန် ပျောက်သွားသည်နှင့် သူတောင်စားငယ်လေးက သူတောင်းစားအိုကြီးကို ကူ၍ ထူမပေးလိုက်သည်။

ထို့နောက် တစ်ခြားလမ်းကြားလေးထဲသို့ နှစ်ယောက်သား ဝင်သွားပြီးနောက် ရပ်လိုက်သည်။

မမျှော်လင့်ထားသည့် အဖြစ်အပျက်များ ဖြစ်လာခဲ့သည်။

သူတို့မျက်နှာပေါ်မှ ဒဏ်ရာဒဏ်ချက်များက တစ်မဟုတ်ချင်း ကွယ်ပျောက်သွားသည်။

အစောပိုင်းတုန်းက သူတောင်းစားအိုကြီး၏ ပုံစံက စုတ်ပြတ်၍ သနားစရာ ကောင်းလှသည်။ သို့သော် ယခုအချိန်တွင် သူသည် စုတ်ပြတ်၍ သနားဖို့ နေနေသာသာ အလွန် ဂုဏ်သိက္ခာ ရှိပုံရသည်။

လောကီရေးရာ ကိစ္စများစွာကို ကြုံခဲ့ရသည့် အဘိုးအိုတစ်ယောက်ကဲ့သို့ သူသည် အလွန်ကြောက်စရာကောင်းသော ချီဓာတ်ကို ထုတ်လွှတ်လျက် ရှိသည်။

"သူက ရှစ်ယောက်မြောက်သူပဲ။ ယန်လေး သူ့ကို ဘယ်လိုမြင်လဲ?"

သူတောင်းစားအိုကြီးက သူတောင်းစားငယ်လေးကို ပြုံးစစဖြင့် မေးလိုက်သည်။

ထိုအခါ သူတောင်းစားငယ်လေးက အားပါးတရ ပြုံး၍ သူမလည်ပင်းပေါ်မှာ အရေပြားကို ဆွဲခွာလိုက်သည်။

ဗြိ!

သူမ ဆွဲခွာလိုက်သော အရေပြားသည် ပုစဉ်းရင်ကွဲ၏ အတောင်ပံကဲ့သို့ ပါးလျှလှသည့် မျက်နှာဖုံးတစ်ခုသာ ဖြစ်သည်။

ညစ်ပတ်လှသော သူတောင်းစားငယ်လေးသည် ယခုတော့ သလင်းကျောက်အလား ဖြူစင်လှပသည့် မိန်းမပျိုလေး ဖြစ်နေသည်။

သာမန်လူများသာ သူမကို မြင်သွားလို့ကတော့ ပါးစပ်အဟောင်းသား ဖြစ်သွားလောက်သည်။

သူမ အဘိုး၏ စကားကြောင့် ယန်လေး၏ ပန်းနုရောင် သန်းနေသော မျက်နှာပေါ်တွင် အပြုံးတစ်ချို့ ပေါ်ပေါက်လာပြီး ပြန်ဖြေလိုက်သည်။

"အစ်ကိုကြီးက သိပ်မဆိုးပါဘူး"

"အရင်လူတွေက သမီးတို့ကို ကယ်ခဲ့ပင်မယ့် သူတို့ရဲ့ အာဏာနဲ့ ကြီးကျယ်ခမ်းနားမှုကို ပြချင်ရုံသက်သက်ပဲ"

"သူတို့က အားနည်းတဲ့သူကို ညှာတာကြောင်း ပြချင်လို့ ကယ်ခဲ့ရုံ သက်သက်ပဲ"

ယန်လေးက ယဲ့ဖန် ထွက်သွားသည့်ဘက်ကို အတန်ကြာ ငေးကြည့်ရင်း ပြောလိုက်သည်။

"ဒါပေမယ့် သူကတော့ မတူဘူး"

ယန်လေး အလွန် ပျော်နေပုံရပြီး သူမ၏ မျက်လုံးရွဲကြီးများက တလက်လက်တောက်ပကာ လခြမ်းကွေး သဏ္ဍာန် ဖြစ်ပေါ်နေသည်။

"သူတို့ အရိုက်ခံရပြီး သေရမှာကို ကြောက်လာတဲ့အထိ ဆက်ရိုက်နေတဲ့လား"

"ဟီးဟီး … သူရဲ့ ခပ်ကြမ်းကြမ်း စကားတွေကို သမီး သဘောကျတယ်"

သူ့မြေးမလေး၏ ခပ်ဆိုးဆိုး အကြည့်တွေကို ကြည့်ရင်း အဘိုးအို၏ အိုမင်းနေသော မျက်နှာပေါ်တွင် အပြုံးတစ်ချို့ ဖြစ်ပေါ်လာသည်။

ယဲ့ဖန်၏ အပြုအမူများကို ပြန်အမှတ်ရပြီး အဘိုးအိုက ကျေနပ်သလို ခေါင်းညိတ်၍ ပြောလိုက်သည်။

"အဲ့လူငယ်လေးက တကယ့်ကို တမူထူးခြားတာပဲ။ သမီးသာ ဟိုကောင်ကို ပြန်မထိုးလိုက်ဘူးဆိုရင် သူ အဘိုးတို့ကို ကူဖို့ ထွက်လာမှာ မဟုတ်ဘူးဆိုတာ အဘိုး သေချာသိတယ်"

"သူက အဘိုးတို့ကို အသက်ရှင်ဖို့အတွက် သင့်တော်တဲ့ သင်ခန်းစာမျိုး ပေးချင်လို့ ကယ်ခဲ့တာပဲ"

အဘိုးအို၏ မျက်လုံးက တောက်ပနေပြီး ထပ်ပြောလိုက်သည်။

"အဲ့လူငယ်လေးက သူတစ်ပါးကို အပြစ်ပေးတဲ့နေရာမှာ နတ်ဆိုးလို ရက်စက် ပြတ်သားတယ်၊ ဒါပေမယ့် သူက ကြင်နာတတ်တဲ့ စိတ်ထားလည်း ရှိနေပြန်တယ်။ တကယ့်ကို ရှာမှရှားတဲ့ လူပဲ"

အဘိုးအို၏ စကားကြောင့် ယန်လေးက သူမခေါင်းလေးကို တဆတ်ဆတ်ညိတ်ကာ ထောက်ခံလိုက်သည်။ သို့သော် သူမက လှပသော မျက်ခုံးလေးများကို တွန့်ကွေး၍ ပြောလိုက်သည်။

"သနားစရာကောင်းတာက သမီးတို့ သူ့ကို ရွေးလိုက်မိပြီးတာပဲ။ သူ့မှာ အသက်ရှင်ဖို့ အခွင့်အရေး နည်းနည်းပဲ ရှိတော့မှာ။ သူ အဆုံးထိ အသက်ရှင်ပါ့မလားလို့ သမီး သိချင်မိတယ်"

"အဘိုးတို့ အဲ့ဒါကို စိုးရိမ်နေဖို့ မလိုပါဘူး"

အဘိုးအိုက ယန်လေး၏ ခေါင်းကို အသာပွတ်၍ ပြုံးကာ ပြောလိုက်သည်။

"သွားကြစို့။ အဘိုးတို့ရဲ့ စစ်ဆေးမှုအတွက် လူတစ်ချို့ ထပ်ရွေးဖို့ လိုသေးတယ်"

ထိုသို့ပြောပြီး အဘိုးအိုနှင့်အတူ ယန်လေးသည်လည်း လှစ်ခနဲ ပျောက်ကွယ်သွားသည်။

…

ထိုအချိန်တွင်

ယဲ့ဖန်က လမ်းမပေါ်မှာ တိတ်ဆိတ်စွာ လမ်းလျှောက်နေသည်။

သူ ခြေလှမ်းလှမ်းနေရင်း ရုတ်တရက် ရပ်ကာ ရေရွတ်လိုက်သည်။

"တစ်ခုခုတော့ မှားနေတယ်"

သူတောင်းစားအိုကြီးနှင့် သူတောင်းငယ်လေးတို့ အနီးတွင် ထူးဆန်းသော ချီဓာတ်များ ရှိနေကြောင်း ယဲ့ဖန် သတိထားမိသည်။

အစပိုင်းက သူ အဲ့အကြောင်း ထွေထွေထူးထူး မတွေးမိသော်လည်း ထိုချီအတွင်းတွင် ဝိညာဉ်ချုပ် မှော်သင်္ကေတ ရှိနေကြောင်း ယခုမှ သူ သေချာ သတိထားမိသည်။

ဝိညာဉ်ချုပ် မှော်သင်္ကေတ သည် တစ်စုံတစ်ယောက်၏ စိတ်ဝိညာဉ်ကို ချိတ်ပိတ်ရာတွင် အသုံးပြုသည့် ရှေးဟောင်း မှော်သင်္ကေတ တစ်မျိုး ဖြစ်သည်။

ထိုမှော်သင်္ကေတကို ခွန်အားကြီးသူ တစ်ယောက် အသုံးပြုလိုက်ပါက ထို ခွန်အားကြီးသူ၏ ချီဓာတ်ကို လုံးဝ ချိတ်ပိတ်လိုက်မည်ဖြစ်ပြီး အသုံးပြုသူအား သာမန်လူအဖြစ် ထင်မြင်သွားနိုင်စေသည်။

သာမန်လူများက ဝိညာဉ်ချုပ် မှော်သင်္ကေတကို လုံးဝ သုံးမည်မဟုတ်ပေ။ ထို့ကြောင့် ထိုသူတောင်းစားနှစ်ယောက်သည် အလွန် အင်အားကြီးသော အဖွဲ့အစည်းမှ ဖြစ်ရပေမည်။

"သူတို့က ငါ့ကို စောင့်ချင်လို့ သူတို့ စိတ်ဝိညာဉ်ကို ချိတ်ပိတ်ထားတာပဲ"

ယဲ့ဖန် တောင့်ခနဲ ဖြစ်သွားကာ သူ့အိတ်ထဲမှ သံပြားလေးကို ချက်ချင်း ထုတ်ကြည့်လိုက်သည်။

သံပြား၏ မျက်နှာပြင်ကို ပွတ်ကြည့်လိုက်သောအခါ သံပြားလေး၏ ညစ်ပတ်နေသော မျက်နှာပြင်က တစစီ ဖြစ်သွားကာ ရွှေရောင် အပြားလေးတစ်ခု ပေါ်လာသည်။

ထိုရွှေရောင် အပြားလေး၏ မျက်နှာပြင်တွင် "ရှစ်" ဟူသည့် စာလုံးတစ်လုံး ရှိနေသည်။

*ဒါ ဆန်းကြယ် ပင်မရွှေပဲ*  

ယဲ့ဖန် ထိတ်လန့်သွားသည်။

ဆန်းကြယ် ပင်မရွှေသည် စကြဝဠာထဲတွင် အလွန် ရေပန်းစားသော သတ္တု အမျိုးအစား ဖြစ်သည်။ ဓားပြုလုပ်ရာတွင် အဓိကထား၍ အသုံးပြုကြသည်။

ဆန်းကြယ် ပင်မရွှေဖြင့် ပြုလုပ်ထားသော ဓားသည် သာမန်ထက် အလွန်ထက်ရှကာ ရန်သူများကို ရွှံစေးများကို ခုတ်ဖြတ်သကဲ့သို့ လွယ်ကူစွာ ခုတ်ဖြတ်နိုင်သည်။

ဤမျှ တစ်မူထူးသည့် သတ္တုအမျိုးအစားကို ကမ္ဘာမြေပေါ်မှာ တွေ့ရလိမ့်မည်ဟု ထင်မထားခဲ့မိပါ။

"အဲ့ သူတောင်းစားနှစ်ယောက်က ဘယ်သူတွေလဲ? ဘာလို့ ငါ့ကို ဒါမျိုး လက်ဆောင်ပေးတာလဲ? နံပါတ်ရှစ်ဆိုတာကကော ဘာကို ပြောချင်တာလဲ?"

ယဲ့ဖန် စိတ်ရှုပ်လာသောကြောင့် မျက်နှာက ရှုံ့မဲ့လာသည်။

သူတောင်းစားနှစ်ယောက်သာ သူ့ကို ရှင်းပြနိုင်ပေလိမ့်မည်။

ထို့နောက် သူ ချက်ချင်းပင် သူ၏ နတ်ဆိုးချီကို ထုတ်ဖော်လိုက်သည်။

အနက်ရောင်ချီများက အရပ်မျက်နှာတိုင်းကို လေနှင့်အတူ လွင့်ပါလာသည်။

မိနစ်ပိုင်းအတွင်းတွင် ဧရိယာတစ်ခုလုံး နတ်ဆိုးချီများဖြင့် ပြည့်နှက်လာသည်။

သို့သော် ယဲ့ဖန် မည်မျှပင် ရှာဖွေသော်လည်း ထိုသူတောင်းစားနှစ်ယောက်ကို ရှာလို့ မတွေ့ခဲ့ပါ။

ဟင်းလင်းပြင်ထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားပုံ ရသည်။

နောက်ဆုံးတွင် ယဲ့ဖန်သည် သက်ပြင်းချ၍ သူ၏ နတ်ဆိုးချီကို ပြန်ရုပ်သိမ်းလိုက်သည်။

"ကမ္ဘာမြေပေါ်မှာ တကယ်ပဲ အင်အားကြီးတဲ့ အဖွဲ့အစည်းတွေ ရှိနေတာပဲ"

ယဲ့ဖန် မည်သို့မျှ မတတ်သာပဲ ရှာဖွေမှုကို ရပ်တန့်လိုက်ရသည်။ ခေါင်းတခါခါဖြင့် ဤအကြောင်းကို သူ ထပ်တွေးမနေတော့ပါ။

…

လျှောက်သွားနေပြီးနောက် သရဖူအဖွဲ့၏ ရုံးချုပ်၏ မျက်နှာချင်းဆိုင်သို့  ယဲ့ဖန် ရောက်လာသည်။

*သရဖူအဖွဲ့*      

*ပိုင်ရှောင်ကို ငါ ကုပေးလို့ ပိုင်ကလန်က ငါ့ကို လက်ဆောင်ပြန်ပေးလိုက်တဲ့ အရာပဲ*

သို့သော်လည်း ယဲ့ဖန် ယခုမှ ဒီကို ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သည်။

ထို့ကြောင့် အထဲဝင်ကြည့်ရန် ယဲ့ဖန် ဆုံးဖြတ်လိုက်သည်။

သို့သော် သူ အဆောက်အဦးထဲသို့ ဝင်လိုက်သည်နှင့် တစ်ယောက်ယောက်က အော်ကြီးဟစ်ကျယ် အော်လိုက်သည့်အသံကို ကြားလိုက်ရသည်။

"အဲ့ကောင်ပဲ သူ့ကို မြန်မြန် ဖမ်းလိုက်ကြစမ်း"

ထိုအော်သံကို ကြားလိုက်ရပြီးနောက် ဝက်ဝံတစ်ကောင်ကဲ့သို့ ခွန်အားမျိုး ရှိပြီး ကျားကဲ့သို့ ကြမ်းကြုတ်သော လုံခြုံရေးတစ်ဖွဲ့က ယဲ့ဖန်ကို ချက်ချင်း ဝိုင်းထားလိုက်ကြသည်။

All Chapters