သူ့ခြေလက်တွေကို ချိုးပစ်ပြီး သူ့ကို တွားသွားခိုင်းလိုက် ဟုတ်လား?
Vol. 8 Ch. 114
ချက်ချင်းဆိုသလိုပင် ဆယ်ယောက်ထက် ကျော်သော ဝက်ဝံတစ်ကောင်ကဲ့သို့ ခွန်အားမျိုးရှိပြီး ကျားကဲ့သို့ ကြမ်းကြုတ်သည့် လုံခြုံရေးဝန်ထမ်းများက ယဲ့ဖန် သရဖူအဖွဲ့ထဲသို့ ဝင်လိုက် သည်နှင့် သူ့ကို ဝိုင်းထားလိုက်သည်။
ယဲ့ဖန် အံ့ဩသွားပြီး မျက်မှောင်ကြုတ်လိုက်သည်။
လုံခြုံရေးဝန်ထမ်းများကို ညွှန်ကြားလိုက်သော လူငယ်လေးကို မြင်လိုက်ပြီး နောက် ယဲ့ဖန်၏ မျက်နှာက ချက်ချင်း အေးစက်လာသည်။
"ဟီးဟီး … မင်းကိုး"
လူငယ်လေးက ယဲ့ဖန်ထံသို့ အားပါးတရ ရယ်၍ ဖြည်းဖြည်းချင်း လျှောက်လာသည်။ အစောပိုင်းတုန်းက အဖြစ်အပျက်ကြောင့် သူ့လက်မောင်းကို ပတ်တီးစီးထားရသည်။
အနောက်တိုင်းဝတ်စုံနှင့် လည်သာဖိနပ်ကို ဝတ်ဆင်ထားသော သူသည် အလွန်ချောမောလှသည်။
သို့သော် သူ့လက်ဖျံကို ပတ်တီးဖြင့် တင်းနေအောင် စည်းထားပြီး ထိုနေရာမှ သွေးစသွေးနလေးတောင် ထွက်နေသည်။
သူသည် ခုနလေးတင် သူတောင်းစားငယ်လေးကို ရိုက်နှက်နေသော လူငယ်လေးပင် ဖြစ်သည်။
"ဟေ့ကောင် မင်းက နိဗ္ဗာန်ကို သွားတဲ့လမ်းပေါ် ရောက်နေပင်မယ့် အခုတော့ နောက်ပြန်လှည့်ပြီး ငရဲကို လာတဲ့လမ်းကို ရွေးမိသွားတာပဲ"
လူငယ်လေးက ယဲ့ဖန်ကို လှောင်၍ ပြောလိုက်သည်။ ထိုစဉ် သူ၏ ကျိုးသွားသော လက်မောင်းမှ ဆစ်ခနဲ နာကျင်လာသဖြင့် သူ့မျက်လုံး၌ အမုန်းတရားက ပို၍ နက်ရှိုင်းစွာ ပေါ်လွင်လာသည်။
သူ့လက်မောင်းက ယဲ့ဖန် ကန်လိုက်သောကြောင့် ကျိုးသွားခြင်း ဖြစ်သည်။
သူ ထွက်မလာခင် ယဲ့ဖန်က သူရှိရာဘက်ကို လျှောက်သွားရင်း ရောက်လာသည်ကို မြင်လိုက်ရသဖြင့် သူ ပျော်ရွှင်သွားသည်။
လူငယ်လေးကို ကြည့်ပြီး ယဲ့ဖန်က မျက်မှောင်ကို ကြုတ်၍ မေးလိုက်သည်။
"မင်းက သရဖူဟိုတယ်မှာ အလုပ်လုပ်တာလား?"
လူငယ်လေးက အလွန် လှောင်ပြောင်သရော်သည့်ဟန်ဖြင့် ယဲ့ဖန်အား အရူးတစ်ယောက်ကို ကြည့်သလို ကြည့်နေသည်။
"ငါက သရဖူဟိုတယ်ရဲ့ အများပြည်သူ ဆက်ဆံရေးဌာနက မန်နေဂျာ ကော်ရှန့်ပဲ။ အထွေထွေမန်နေဂျာ ဝေ့ဖန်းက ငါ့ဦးလေးပဲ။ ဘာလဲ .. ဟေ့ကောင် မင်းက ဒီကို အလုပ်လျှောက်ဖို့ လာတာလား?"
ကော်ရှန့်က ယဲ့ဖန်အား ခေါင်းစခြေဆုံး ကြည့်၍ သရော်လိုက်သည်။
"ဟွန်း ဒီလောက် ဆင်းရဲတဲ့ကောင်က သရဖူဟိုတယ်မှာ အလုပ်လာလျှောက်ရဲတာလဲ။ မင်းက အရမ်းကို မရဲဘဲ ကျွဲပြဲစီးနေတာပဲ"
သာမန်အဝတ်အစားများကို ဝတ်ထားသော ယဲ့ဖန်ကို ကော်ရှန့်က အထင်သေးသည့်ဟန်ဖြင့် ကြည့်နေသည်။
သူ့စကားကြောင့် ယဲ့ဖန်၏ မျက်နှာက ချက်ချင်း မည်းမှောင်လာကာ အော်ပြောလိုက်သည်။
"ဝေ့ဖန်းကို ဒီကို လာခိုင်းလိုက်"
*ဘာ*
*ဝေ့ဖန်း*
ယဲ့ဖန်၏ စကားကြောင့် ကော်ရှန့်နှင့် လုံခြုံရေးဝန်ထမ်းများက ခေတ္တမျှ ကြောင်သွားပြီးနောက် ဝါးလုံးကွဲမတတ် ရယ်ချလိုက်သည်။
"ဟားဟား …. ဒီကောင် ရူးနေတာလား? သူက ငါတို့ကို အထွေထွေမန်နေဂျာဝေ့ကို သွားခေါ်ခိုင်းရဲတာလား?"
"ချီးပဲ … ဒီဆင်းရဲသားက ငါတို့ အထွေထွေမန်နေဂျာနဲ့ တွေ့ဖို့ စိတ်ကူးရဲတယ်ပေါ့? သူက သေချင်နေတာလား"
"ဟေ့ကောင် … ဒီနေရာကနေ မြန်မြန် ထွက်သွားလိုက်တော့။ မဟုတ်လို့ကတော့ အထွေထွေ မန်နေဂျာဝေ့ ရောက်လာရင် မင်းတော့ ပြဿနာ အကြီးအကျယ် တွေ့ပြီပဲ"
…
လုံခြုံရေးဝန်ထမ်းတိုင်းက ယဲဖ့န်အား အရူးတစ်ယောက်ကို ကြည့်သလို ကြည့်ကာ ဝါးလုံးကွဲမတတ် ရယ်ချလိုက်သည်။
ဝေ့ဖန်းသည် သရဖူဟိုတယ်၏ အထွေထွေမန်နေဂျာ ဖြစ်သလို ကျန်းရှီမြို့၏ အထင်ကရ ပုဂ္ဂိုလ်လည်း ဖြစ်သည်။
သို့သော် သာမန်ကျောင်းသားတစ်ယောက်သာ ဖြစ်ဟန်တူသည့် ယဲ့ဖန်က ဝေ့ဖန်းနှင့် တွေ့ချင်နေသည်ဆိုတော့ ဒါက ကိုယ့်သေတွင်း ကိုယ်တူးတာနှင့် အတူတူလောက်ပင် ဖြစ်သည်။
လုံခြုံရေး ဝန်ထမ်းများ၏ အပြောကြောင့် ကော်ရှန့်က ပို၍ လှောင်ရယ်လိုက်ကာ ပြောလိုက်သည်။
"ဟေ့ကောင် ကြားတယ်မလား? ငါ့ဦးလေးက မင်းလို ဆင်းရဲသားကို တွေ့မယ်လို့ မင်း ထင်နေတာလား?"
ကော်ရှန့်က အလွန် မုန်းတီးနေဟန်ဖြင့် ထပ်ပြောလိုက်သည်။
"ဟွန်း … မင်းက ငါ့လက်ဖျံကို ချိုးခဲ့မှတော့ ငါလည်း မင်းကို ပြန်ပြီးတော့ ဒုက္ခိတဖြစ်အောင် လုပ်ပြီး ဒီနေရာကနေ တွားသွားခိုင်းရမယ်"
ထိုသို့ပြောပြီး သူက လုံခြုံရေး ဝန်ထမ်းများကို လက်ဝှေ့ယမ်းပြ၍ ကြုံးဝါးလိုက်သည်။
"သူ့ခြေလက်တွေကို ချိုးပစ်ပြီးတော့ ဒီနေရာကနေ တွားသွားပြီး ထွက်သွားခိုင်းလိုက်"
"ဟုတ်ကဲ့ ဆရာ"
အမိန့်ရသည်နှင့် လုံခြုံရေးဝန်ထမ်းတိုင်းက လှောင်ရယ်၍ ယဲ့ဖန်ထံ ပြေးဝင်လာကြသည်။
ကော်ရှန့်သည် ဝေ့ဖန်း၏ တူဖြစ်သည်၊ ထို့ကြောင့် လုံခြုံရေးဝန်ထမ်းတိုင်းက သူ့ရှေ့တွင် အစွမ်းအစ ပြချင်နေကြခြင်း ဖြစ်သည်။
ထို့ကြောင့် လုံခြုံရေးဝန်ထမ်းတိုင်းက ယဲ့ဖန်ထံ အားကုန်သုံး၍ ပြေးဝင်လာကြသည်။
တစ်ဦးချင်းစီ၏ လှုပ်ရှားမှုများက ကြမ်းတမ်းလှသည်။
"ဟေ့ကောင် သေလိုက်တော့"
လုံခြုံရေးများက ခက်ထန်သော မျက်နှာထားများဖြင့် အော်ဟစ်လိုက်သည်။ သူတို့က ယဲ့ဖန်ကို ဝိုင်း၍ ထိုးလိုက်ကြသည်။
ယဲ့ဖန်သာ သာမန်လူဆိုလျင် အကြီးအကျယ် ဒဏ်ရာရသွားလောက်သည်။
လုံခြုံရေးများ သူ့ဆီ ပြေးဝင်လာသည်ကို ကြည့်ရင်း ယဲ့ဖန်၏ မျက်လုံးက တလက်လက် တောက်ပလာကာ ပြောလိုက်သည်။
"သူ့ခြေလက်တွေကို ချိုးပစ်ပြီး သူ့ကို တွားသွားခိုင်းလိုက် ဟုတ်လား?"
"ကောင်းတယ်၊ သိပ်ကောင်းတာပေါ့၊ ငါ မင်းတို့ဆန္ဒအတိုင်း လုပ်ပေးရတာပေါ့"
ထိုသို့ပြောပြီး ယဲ့ဖန်က အလင်းတန်းလို လှစ်ခနဲ လှုပ်ရှားလိုက်သည်။
လုံခြုံရေးဝန်ထမ်းတစ်ယောက် သူ့နားရောက်လာပြီး လက်သီးကို ပြန်မရုတ်နိုင်ခင်တွင် ယဲ့ဖန်က သူ့လက်သီးကို ဖမ်းလိုက်သည်။
ယဲ့ဖန်က ထိုလုံခြုံရေးဝန်ထမ်း၏ လက်ကောက်ဝတ်ကို အားဖြင့် ဖိညှစ်လိုက်သည်။
ခွပ်ခနဲ အသံနှင့်အတူ သူ့လက်မောင်းက ကျိုးသွားလေတော့သည်။
ထို့နောက် ယဲ့ဖန်က တစ်ပတ်လှည့်၍ အားကုန် ကန်လိုက်သည်။
ခွပ်! ခွပ်! ခွပ်!
စက္ကန့်ပိုင်းအတွင်းမှာပင် လုံခြုံရေးဝန်ထမ်း သုံးယောက်၏ ခေါင်းကွဲသွားလေတော့သည်။
"အား"
နာနာကျည်းကျည်း အော်ဟစ်သံများက ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်လာသည်။
ဤကဲ့သို့ ထိတ်လန့်ဖွယ်ကောင်းသည့် မြင်ကွင်းကြောင့် လူတိုင်း ခြေတုန်လက်တုန် ဖြစ်လာကြသည်။
ယဲ့ဖန်က သရဲသဘက်လို လှုပ်ရှားနေသည်။ သူ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း လုံခြုံရေးဝန်ထမ်း တစ်ယောက်၏ ခြေလက်များက ကျိုးသွားလေ့ရှိသည်။
အချိန်တိုလေးအတွင်းမှာပင် ဧည့်ကြိုကောင်တာနား၌ ကျိုးအက်သံများ၊ အော်ဟစ်သံများဖြင့် ပြည့်နှက်နေသည်။
၁! ၂! ၅! ၁၀!
….
မျက်စိတစ်မှိတ်အတွင်းမှာပင် လုံခြုံရေးဝန်ထမ်း ဆယ်ယောက်ကျော်၏ ခြေလက်များ ကျိုးကြေသွားကာ ကြမ်းပြင်ပေါ်သို့ ဆိုးဆိုးရွားရွား လဲကျသွားကြသည်။
…
ဤမြင်ကွင်းက အလွန် ထိတ်လန့်ဖွယ်ကောင်းလှကာ ကော်ရှန့်သည်လည်း မှင်တက်သွားရသည်။
*သ… သန်မာတယ်*
*ဒီကောင်က တော်တော် သန်မာတာပဲ*
ကော်ရှန့် ကတုန်ကယင်ဖြစ်လာကာ နဖူးတွင်လည်း ချွေးများ ဆို့လာသည်။
သူ ချက်ချင်း ဖုန်းထုတ်ကာ နံပါတ်တစ်ခုကို ကောက်ဆက်လိုက်သည်။
"ဦးလေး အောက်ထပ်ကို ဦးလေးရဲ့ သက်တော်စောင့်တွေနဲ့ မြန်မြန် ဆင်းလာခဲ့ပေးပါ။ ဒီမှာ လူတစ်ယောက် ပြဿနာ လာရှာနေလို့"
ဖုန်းခေါ်ပြီးနောက် ကော်ရှန့်က သက်ပြင်းချလိုက်သည်။ ထို့နောက် သူက ယဲ့ဖန်က အလွန်ရက်စက်သည့် အကြည့်ဖြင့် ကြည့်ကာ မာန်မဲလိုက်သည်။
"ဟေ့ကောင် မင်းတော့ အသေပဲ။ ငါ့ဦးလေးက သူ့လူတွေနဲ့ အောက်ထပ်ကို ဆင်းလာနေပြီ။ မင်းက ငါတို့လူ အများကြီးကို ထိခိုက်အောင် လုပ်ထားတာဆိုတော့ မင်းတော့ သေချာပေါက် သေမှာပဲ"
ကော်ရှန့်က အလွန်ကျေနပ်သွားသည့် မျက်နှာထားဖြင့် ကိုယ့်ဘာသာကိုယ် တွေးနေလိုက်သည်။
*မင်းက တိုက်ခိုက်တဲ့နေရာမှာ တော်တော့ရော ဘာဖြစ်လဲ။ မင်းက သရဖူအဖွဲ့ကို ရောက်နေတာလေ၊ ဒီနေရာမှာ ကျားတွေ၊နဂါးတွေတောင် သိမ်သိမ်မွေ့မွေ့ နေကြရတာ*
ယဲ့ဖန်က နောက်ဆုံးသော လုံခြုံရေးဝန်ထမ်း၏ ခြေလက်ကို ချိုးလိုက်ပြီးနောက် ကော်ရှန့်အား အေးတိအေးစက် မျက်လုံးများဖြင့် ကြည့်လိုက်သည်။
ကော်ရှန့် ကြောက်လန့်ကာ ချက်ချင်း ထွက်ပြေးရန် တွေးလိုက်မိသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် သူ နောက်လှည့်လိုက်သည်နှင့် ခြေသံ အများအပြားကို ကြားလိုက်ရသည်။
သူ့ကယ်တင်ရှင်များကို မြင်သည်နှင့် ကော်ရှန့် ပျော်သွားသည်။
"ဦးလေး မြန်မြန်လာပါဦး။ ဒီလူက ကျွန်တော်တို့ ဝန်ထမ်းတွေကို ထိခိုက်ဒဏ်ရာ ရအောင် လုပ်နေတာ။ သူ့ကို မြန်မြန် ခြေလက်တွေ ချိုးပြီးတော့ ဒီနေရာကနေ တွားသွားပြီး ထွက်သွားခိုင်းလိုက်ပါ"
ကော်ရှန့်က သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်ထံသို့ တစ်ဟုန်ထိုးပြေး၍ အကြောင်းစုံကို တန်းပြောလိုက်သည်။
သူ့စကားကြောင့် ဝေ့ရှန်း၏ မျက်နှာက ချက်ချင်း ဖြူစုတ်လာသည်။
သရဖူဟိုတယ်သည် နှစ်ပေါင်းများစွာ တည်တံ့လာခဲ့ခြင်း ဖြစ်သည့်အတွက် မည်သူမှ ရက်ရက်စက်စက် မပြုမူရဲပါ။
"ကောင်းတယ်၊ သိပ်ကောင်းတယ်။ ဘယ်သူက ဒီလို ရက်ရက်စက်စက် လုပ်တာလဲ ငါ ကြည့်ရသေးတာပေါ့ ..."
သို့သော် သူ ပြောလို့တောင် မပြီးသေးခင်းတွင် ယဲ့ဖန်ကို သူ လှမ်းမြင်လိုက်သည်။ ချက်ချင်းဆိုသလိုပင် သူသည် ကိုယ့်မျက်လုံးကိုယ် မယုံနိုင်သလိုဖြစ်ကာ ကတုန်ကယင် ဖြစ်လာသည်။
ဝေ့ဖန်းသာမက သူ့အနောက်တွင် လိုက်လာသည့် သရဖူအဖွဲ့၏ အခြားရာထူးကြီးသူများလည်း ခေတ္တမျှ ကြောင်သွားကြသည်။
ထို့နောက် မဖိတ်ခေါ်ထားသည့် ဧည့်သည်၏ သရုပ်မှန်ကို သတိပြုမိပြီးနောက် သူတို့ တအံ့တဩ ဖြစ်သွားကြသည်။
ဝေ့ဖန်းနှင့် အခြားရာထူးကြီးသူများက ယဲ့ဖန်နား ချက်ချင်း အပြေးသွားလိုက်ကြသည်။
သူ့ဦးလေး ချက်ချင်း ရောက်လာသည်ကို မြင်သည့် ကော်ရှန့်က အလွန် ကျေနပ်နေကာ ဘာဆက်ဖြစ်တော့မည်ကို သိသည့်ဟန်ဖြင့် ပျော်နေလေ၏။ ထို့ကြောင့် ကော်ရှန့်က အလွန်ယုတ်မာသည့် အပြုံးမျိုးနှင့် ပြုံးနေသည်။
ထိုစဉ် ကော်ရှန့်နှင့် အခြားရာထူးကြီးသူများက ယဲ့ဖန်ထံသို့ လျှောက်လာကာ ဦးညွှတ်၍ နှုတ်ဆက်လိုက်သည်။
"ဥက္ကဋ္ဌကြီး"