စောင့်ကြည့်ရေး အက္ခရာ အစီအမံ
Vol. 11 Ch. 145
နာရီဝက် အတွင်း မိုဝူကျီက ချုရှင်ကျီ၏ အစီအရင် တာအို ဗဟုသုတများထဲ လုံးဝ ဈာန်ဝင် သွားတော့သည်။
ခမ်းနား ကြီးကျယ်သည့် တစ်ခုခုကို မြင်ပါက သူက ချက်ချင်းပင် ထိုအက္ခရာများကို ကူးမှတ် ထားလိုက်လိမ့်မည်။
အစပိုင်းတွင် သူ့တွင် အစီအရင်နှင့် ပတ်သက်သည့် ဗဟုသုတ အသိပညာများ မရှိသည့် အတွက် ထိုအက္ခရာများက နားလည်ဖို့ရာ အလွန် ခက်ခဲလှပြီး သူ့အား ခေါင်းကိုက်စေသည်။ ယခု သူက လုံးဝ နစ်မြောနေကာ ထိုအက္ခရာများ၏ ထူးထူးခြားခြား ဆွဲဆောင်မှုကို ရှာတွေ့ လိုက်ရသည်။
သူ့တံခါးပိတ် ကျင့်ကြံနေစဉ် မိုဝူကျီက သူ့အဆာခံ ဆေးလုံးများ စားရန် သတိရသေး သော်လည်း ယခုအခါ အစီအရင်နှင့် အက္ခရာများ အကြောင်းကို လေ့လာနေစဉ် သူက အခြားအရာများ အားလုံးကို လုံးဝ မေ့လျော့ သွားလေ၏။ သူ့အစာအိမ် တဂွီဂွီ မြည်လာမှသာ သူ့အာရုံမှ ပြန်နိုးထလာ၏။
မိုဝူကျီက အဆာခံ ဆေးလုံးကို ထုတ်ယူ လိုက်သော်ငြား ပါးစပ်ထဲသို့ မထည့်သေးဘဲ အစီအရင် တစ်ခုဆီ အာရုံပြောင်း သွား၍ စိုက်ကြည့် နေမိလေ၏။
အဆင့်တစ် စောင့်ကြည့်ရေး အက္ခရာ အစီအမံကား ဆယ်မီတာ အတွင်းမှ အဖြစ်အပျက် များကို စောင့်ကြည့် နိုင်လေ၏။ ထိုစောင့်ကြည့် အစီအရင်၏ စွမ်းဆောင်ရည်ကား ကိစ္စများကို လက်ခံရယူပြီး ပြန်လည် ပို့ဆောင်ပေးခြင်း ဖြစ်၏။ မိုဝူကျီက ထိုအက္ခရာမှ အကြည့်ခွာကာ မျက်မှောင်ကြုတ်မိ သွားသည်။ ထိုအက္ခရာသည် အလွန် ရင်းနှီးနေကြောင်း ခံစားမိနေသည်။ သူ့သံသယများက လက်ပတ်ပေါ်မှ အက္ခရာများကို မှတ်မိ လိုက်သည့်အခါ သေချာ သွားလေ၏။ မဟုတ်သေးချေ … ထိုအရာက အမှန် မဟုတ်သေးချေ …
ဤအက္ခရာကား လက်ပတ်ပေါ်ရှိ အရာနှင့် ယှဉ်လျှင် ပို၍ ကျစ်လျစ် ပြည့်စုံလေသည်။ မိုဝူကျီက အစီအရင်များနှင့် ပတ်သက်လျှင် အစိမ်းသက်သက် မဟုတ်တော့သည့် အတွက် ချူရှင်ကျီ၏ စောင့်ကြည့်ရေး အက္ခရာကား လက်ပတ်ပေါ်ရှိ အရာနှင့် ယှဉ်လျှင် ပို၍ အဆင့်မြင့်ကြောင်း ပြောနိုင်သည်။ ထိုအရာက အဆင့်တစ် စောင့်ကြည့်ရေး အက္ခရာ အစီအမံသာ ဖြစ်နေသေး၏။
မဟုတ်သေးပါဘူး ... အစီအရင် တစ်ခု၏ အဆင့်က သူ့ကိစ္စ မဟုတ်ပေ။ မိုဝူကျီက ခေါင်းကို ရိုက်လိုက်ပြီး အတွေးများကို စုစည်း လိုက်တော့သည်။
လက်ပတ်တွင် ရွှေ့ပြောင်း အစီအရင်ကို ညွှန်ပြနိုင်သည့် ဓူဝံအက္ခရာ အစီအမံ တစ်ခု လိုအပ်၏။ သို့သော် စောင့်ကြည့် အစီအရင်အတွက် ဘာကြောင့် လိုအပ်မည်နည်း။
တစ်ခုတည်းသော ဖြစ်နိုင်ချေသည် ဒြပ်ငါးမျိုး ကင်းမဲ့နယ်သို့ ဝင်လာသော ကျင့်ကြံသူ များကို စောင့်ကြည့်ရန် အသုံးပြုခြင်း ဖြစ်လိမ့်မည်။ ဘာကြောင့် ထိုသို့ လုပ်ဖို့ လိုမည်နည်း။
မိုဝူကျီ စိတ်နှလုံးကား အေးစက်သွား၏။ အကယ်၍ စောင့်ကြည့် အက္ခရာ အစီအမံကား အဖြစ်အပျက်များကို ထုတ်ပေးနိုင်သည် ဆိုလျှင် သူက တုန့်လွန်ကို သတ်လိုက်သည့် ကိစ္စနှင့် အဆုံးမဲ့ ဝိညာဉ်နှောင်ဖွဲ့ ကျောက်ကို ရသွားသည့် ကိစ္စပင် ပေါက်ကြား သွားပြီများလား ...
မဟုတ်သေးပေ ... ထိုအရာက အမှန် မဟုတ်ချေ။ သူ သင်ယူလိုက်သည့် အသိပညာမှ အဆင့်တစ် စောင့်ကြည့် အစီအရင်သည် ဆယ်မီတာ အတွင်းသာ စောင့်ကြည့် နိုင်သည်။ ထိုမျှ သေးငယ်သော နယ်ပယ်နှင့် ဒြပ်ငါးမျိုး ကင်းမဲ့နယ် အတွင်းမှ အဖြစ်အပျက်များကို ပို့ပေးနိုင်မည် မဟုတ်လောက်ပေ။ အကယ်၍ မပို့ပေးနိုင်လျှင် ဘယ်လိုများလဲ ...
သဘောတရား များကို သေချာ စဉ်းစား လိုက်ပြီးတော့ အဖြေကို ကောက်ချက် ချလိုက်သည်။ ထိုလက်ပတ်တွင် မှတ်ဉာဏ် အက္ခရာလည်း ပါဝင်ရမည်။ ကျင့်ကြံသူများက ဒြပ်ငါးမျိုး ကင်းမဲ့နယ်မှ ထွက်ခွာ သွားသည့်အခါ လက်ပတ်များကို ပြန်အပ် ရလိမ့်မည်။ လက်ပတ်များကို လက်ခံရရှိသော လူများက ကင်းမဲ့နယ် အတွင်းမှ အဖြစ်အပျက်များကို သိနိုင်ကြလိမ့်မည်။
မိုဝူကျီက ချွေးအေးများ စီးကျလာရင်း လေအေးများသာ မှုတ်ထုတ် လိုက်တော့သည်။ အကယ်၍ သူ့သာ ထိုသို့ကိစ္စများကို မသိခဲ့ဘဲ လက်ပတ်ကို နာခံစွာဖြင့် ပြန်ပေးမိလျှင် ဤနေရာတွင် သူလုပ်ခဲ့သမျှ အရာအားလုံးက ပေါက်ကြား သွားလိမ့်မည်။
ထိုအရာကို တွေးမိလိုက်ပြီး မိုဝူကျီက ချက်ချင်းပင် မှတ်ဉာဏ် အက္ခရာကို သွားရှာလိုက်သည်။ အချိန်သိပ် မကြာခင်တွင် တွေ့လိုက်ရ၏။ သူ့ခန့်မှန်းချက်ကား အတည်ပြု သွားလေပြီ။ ထိုအက္ခရာကို သူ့လက်ပတ်ပေါ်တွင် မြင်ဖူးခဲ့ဟန် ရသည်။
ချူရှင်ကျီ၏ အစီအရင် ဗဟုဟုတ အသိပညာများကို နောက်ကောက်ကျ ကျန်မနေခဲ့ပေ။ ထိုအရာများသည် သူ့အတွက် အဖိုးတန်လွန်း လှ၏။ သူဖတ်မည့် အပိုင်းကို မြင်လိုက်ပြီး သူ့စိတ်က လေးလံ သွားခဲ့သည်။ သူက နှစ်ရက်တား မရပ်မနား ဖတ်ခဲ့သော်ငြား အကြောင်းအရာ၏ တစ်ရာခိုင်နှုန်းပင် မပြီးသေးပေ။
အားလုံး ဖတ်ပြီးဖို့ရာ အနည်းဆုံး ရက် ၂၀၀၊ ၃၀၀လောက် လိုအပ်လိမ့်မည်။ ထိုတွင် သူ့စိတ်ရှုပ်ထွေး မှုများကို တွေးတောနေရန် အချိန်ပင် မပါသေးပေ။
ထို့သို့ဆိုလျှင် အားလုံးကို ကူးချ လိုက်လျှင်ရော ...
မိုဝူကျီက ဆုံးဖြတ်ချက် ခိုင်မာစွာ ချလိုက်သည်။ ဤနေရာတွင် သူ့ကျန်ရှိနေသော အချိန်များ အားလုံး သုံးရလျှင်ပင် သူ့က နံရံပေါ်မှ အရာအားလုံးကို တစ်ခုမကျန် ကူးယူ ရလိမ့်မည်။
ဘောပင်ကို ယူလိုက်ပြီး မိုဝူကျီက စတင်၍ အရူးအမူး ကူးလိုက်တော့သည်။
ငယ်စဉ်အခါက အားလပ်ရက် အတွင်း ရက်တချို့ ကြာသည်အထိ အိမ်စာကို ရူးရူးမူးမူး ကူးယူဖူးသည့် အခါမှ လွဲ၍ မိုဝူကျီက ထိုသို့ ကြိုးစားပမ်းစား မလုပ်ဆောင်ဖူးပေ။
ရက်များက ကုန်ဆုံးသွားကာ သူ့တွင်လည်း ဘောပင် ဆယ်ချောင်းလောက် ကုန်သွားလေပြီ။
ထိုသည်က မိုဝူကျီကို စိုးရိမ်စေသည်။ သူ့တွင် စုစုပေါင်း ဘောပင် အချောင်း ၂၀သာ ပါလာလေ၏။ လန်ယုနှင့် အဖြစ်အပျက် အပြီးတွင် ဘောပင် သယ်ယူသည့် အလေ့အကျင့် ဖြစ်လာခဲ့သည်။ ယခင်က လန်ယုက သူပြောတာကို နားမလည်သည့် အတွက် သူ့ကို စာချရေးပြရ၏။ ထိုစဉ်မှ စ၍ မိုဝူကျီသည် သူ့အတွက် ဘောပင်တချို့ သယ်ဆောင်လေ့ ရှိခဲ့သည်။ ယခု သိုလှောင်အိတ် ထဲသို့ ဘောပင်အချောင်း ၂၀လောက် ပစ်ထည့်၍ ယူခဲ့သည်။
ပုံမှန်အားဖြင့် သူက ထိုဘောပင် ၂၀ကို သေချာပေါက် ကုန်မည် မဟုတ်ပေ။ သို့သော်လည်း ထိုဘောပင် အချောင်း ၂၀သည် ဒြပ်ငါးမျိုး ကင်းမဲ့နယ် ထဲတွင် မလုံလောက်ဘူးဟု တွေးမထား မိခဲ့ပေ။
ကံကောင်းလှစွာ မိုဝူကျီ စိုးရိမ်မှုများ ချုပ်ငြိမ်းသွား၏။ ၁၉ ချောင်းမြောက် ဘောပင် ကုန်သွား သည့်အခါ သူက နံရံပေါ်မှ စာအားလုံးကို ကူးယူပြီး သွားလေပြီ။ စာရွက်ပုံများကို စုစည်း လိုက်သည့်အခါ စာအုပ်များစွာ အထူလောက် ဖြစ်ပေါ်လာသည်။
မိုဝူကျီက ထုံထိုင်းနေသည့် လက်ကောက်ဝတ်ကို ဆန့်ထုတ် လိုက်သည်။ သူက ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်ကိုး ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်နေပြီ ဖြစ်သော်လည်း ရက် ၂၀ ကြာ ကူးယူခဲ့ရသည့် ကိစ္စက သူခံနိုင်ရည်ထက် ကျော်လွန် နေလေ၏။
ကျင့်ကြံဆင့် တူသည့် အခြားသော ကျင့်ကြံသူများ ဆိုလျှင်လည်း သူတို့က လတချို့ အချိန်ယူ၍ ကူးယူ ကြလိမ့်မည်။ သူက မြန်မြန် ရေးနိုင်ခြင်းကြောင့် မဟုတ်ဘဲ သူက ခေါင်းမော့စရာ မလိုတော့၍ ဖြစ်၏။ သူ့စိတ်စွမ်းအားဖြင့် ဖတ်ရှုလိုက်ပြီး ဦးနှောက်သို့ တိုက်ရိုက် ပို့ဆောင် လိုက်ပေးသည့် အတွက် သူက လက်နှင့် မရပ်မနား ရေးနေဖို့သာ လိုအပ်၏။
အပြင်ထွက်ဖို့ရာ အချိန်ကျလေပြီ။ မိုဝူကျီက စာရွက်များကို သိုလှောင်အိတ်ထဲ သေချာ ထည့်လိုက်၏။ ဒြပ်ငါးမျိုး ကင်းမဲ့နယ်ထဲတွင် နှစ်လထက်သာ ပိုနေချင်မိသည်။ အကယ်၍ သူသာ ဤနေရာတွင် ပိတ်မိ သွားပါက သူက ကင်းမဲ့နယ်တွင် ထာဝရ နေနေရလိမ့်မည်။
ကျောက်တံခါးသို့ ပြန်သွားလိုက်ပြီး ကြေးသော့ကို သော့ပေါက်ထဲ လှည့်ထည့် လိုက်သည်နှင့် မလှုပ်မယှက် ကျောက်တံခါးကြီးက ဒုန်းခနဲ ပွင့်လာလေ၏။
မိုဝူကျီက ကြေးသော့ကို ဆွဲနုတ်လိုက်ပြီး ကျောက်တံခါးမှ ထွက်သွားလိုက်သည်။ တစ်ရက်တွင် ဤနေရာသို့ သူပြန်လာလိမ့်မည်။
မိုဝူကျီ ထွက်သွားသည်နှင့် သူက ရုတ်တရက် တွေးမိသွား၏။ ချူရှင်ကျီသည် နှစ်များစွာ ပိတ်မိထားရာ သူ့၏ အစီအရင် အသိပညာများကို ချန်ခဲ့သော်လည်း သူ့တကယ့် ခန္ဓာကိုယ်ကား ဘယ်ရောက်နေသနည်း။ သူ အပြင်သို့ ရောက်သွားပြီလား ... အကယ်၍ သူအထဲတွင် သေဆုံး ခဲ့လျှင်ပင် အနည်းဆုံး ပြာပုံတော့ ရှိသင့်သည် မဟုတ်ပါလော ...
မိုဝူကျီက အပြင်ဘက်မှ အလောင်းကား ချူရှင်ကျီမဟုတ်မှန်း သေချာ၏။ အကယ်၍ ချူရှင်ကျီ ဖြစ်နေခဲ့လျှင် သူ့လက်ထဲတွင် ကျောက်တံခါးသော့ ကိုင်ထားမည် မဟုတ်ပေ။
အချိန် အတော်ကြာ တွေးတောပြီး နောက်တွင် မိုဝူကျီက အခြေအနေ အရပ်ရပ်ကို သဘော မပေါက်သေးပေ။ သူက ချူရှင်ကျီသည် အောက်ထဲတွင် ရှိနေသည်ဟုသာ နိဂုံးချုပ် လိုက်နိုင်၏။
သူက ယခု အလျင်စလို ထွက်သွားရပေမဲ့ သူ့ကျင့်ကြံဆင့်နှင့် တွေးနိုင်မည့် အရာများ မဟုတ်ပေ။ အကယ်၍ သူ့ကျင့်ကြံဆင့်သာ မြင့်နေလျှင် သူက ချူရှင်ကျီကို ပြန်လာ၍ ရှာဖွေမည်။ သူ့ပြာပင် ဖြစ်ဖြစ် ယူသွားပြီး ကောင်းမွန်စွာ သင်္ဂြိုဟ် ပေးရမည်။ ထို့အပြင် ချူရှင်ကျီက လေးစားသင့်သော ဆရာသမား တစ်ယောက် ဖြစ်သည်။
မိုဝူကျီက အလောတကြီး ထွက်သွားလိုက်ပြီး အဓိက အခန်းသို့ ပြန်ရောက် လာခဲ့သည်။
ခန်းမတွင် တစ်ယောက်မျှ ရှိမနေပေ။ အလောင်း နှစ်ခုသာ ကျန်ရှိနေ၏။ အလောင်းများကို သေချာရှာဖွေ ပြီးထားလေ၏။ သူ့စိတ် စွမ်းအားကြောင့် မိုဝူကျီသည် အားလုံး ထွက်သွားပြီ ဖြစ်ကြောင်း သိလိုက်ရသည်။ သူ့သတ္တုတုတ်ကို ယမ်းလိုက်ပြီး ခေါင်းကို မော့၍ တည်နေရာကို ချင့်ချိန်ကာ ခုန်လိုက်သည်။
ကံကောင်းလှစွာ လေထဲတွင် မျောနေသော မီးအိမ်များ ရှိနေသောကြောင့် သူတို့ ယခင်က ဝင်ခဲ့သည့် အပေါက် နေရာသို့ မကြာခင် ရောက်သွားလေ၏။
အပြင်သို့ ဦးတည်နေသည့် အပေါက် နေရာကား လုံးဝ ဖုံးအုပ်ထား သွားသော်လည်း မိုဝူကျီက များစွာ မစိုးရိမ်မိပေ။ ထိုသည်က ရေခဲ လွှာလေးသာ ဖြစ်၏။ တျန်းဂျီတုတ်တွင် သဘာဝ စွမ်းအားများ ပေါင်းစပ်လိုက်ပြီး အပေါ်သို့ ထိုးချလိုက်သည်။ အကြိမ်ရေ အနည်းငယ် အတွင်း မျက်နှာပြင်တွင် ရေခဲလွှာ ပေါ်လာလေ၏။
နောက်ဆုံး တစ်ချက်နှင့် အတူ အပေါက်ကား သူ့ရှေ့တွင် ပေါ်လာခဲ့သည်။ အပြင်တွင် လင်းထိန် နေလေ၏။ စိတ်စွမ်းအားဖြင့် အပြင်တွင် မည်သူမျှ ရှိမနေသည်ကို အတည်ပြု ပြီးနောက် သူက အပေါက်မှ ခုန်ထွက်ကာ ရေခဲတောင်ပေါ်တွင် ခြေချ လိုက်တော့၏။
သူထွက်လာသည့် အခိုက်အတန့်တွင် မိုဝူကျီက သူဓားကို အသုံးပြု၍ အပေါက်ငယ်လေး နှစ်ပေါက် ဖောက်လိုက်သည်။
ယခုတွင် သူက တစ်ယောက်တည်း ဖြစ်သည့် အတွက် ရေခဲ လှေကားများကို မတူးနိုင်တော့ချေ။ သို့သော်လည်း သူက အောက်သို့ဆင်းမည် ဖြစ်၍ အပေါ်သို့ မတက်ပေ။ ထို့ကြောင့် ဆင်းလို့ရမည့် လမ်းကိုသာ သေချာ အပေါက်လေးတွေ ဖောက်ရုံ ဖြစ်၏။
တစ်ရက်တာ အကြာတွင် မိုဝူကျီက တောင်ခြေသို့ ပြန်ရောက် လာလေပြီ။ ဤနေရာတွင်လည်း တစ်ယောက်မျှ မရှိဘဲ ဟင်းလင်းပြင် ဖြစ်နေ၏။ ရေခဲတောင်မှ အလင်းပြန် နေသည်က လွဲ၍ ကျန်တာ ဘာမှ မရှိပေ။
ခဏအကြာတွင် ရေခဲတောင်မှ မိုင်ထောင်ချီ ဝေးရာမှ သွေးနံ့များ ပြည့်လာလေ၏။
မြေပေါ်တွင် အလောင်း ဆယ်လောင်း လဲကျနေပြီး ထိုနေရာကား ရှုပ်ပွနေသည်။ ရှားပါး လှသည့် ဝိညာဉ် ဆေးပင်က ထိုနေရာတွင် ဘာဖြစ်ခဲ့မှန်း ရှင်းပြ နိုင်လိမ့်မည်။
ဟော်ယွီချန်က သူ့ပလွေရှည်မှ သွေးများကို ဖြည်းဖြည်းချင်း သုတ်ပစ်လိုက်ပြီး သူ့နောက်သို ပြန်လွယ် လိုက်သည်။ သူ့တစ်ကိုယ်လုံးက သန့်ရှင်းလျက် ကျန်ရှိနေပြီး သူ့ခန္ဓာပေါ်တွင် ဖုန်တစ်စက်ပင် မရှိချေ။ ဆံပင်များ ကလည်း သေသေသပ်သပ် ကျန်ရှိနေသေး၏။
တစ်ဖက်တွင် အားလုံးက သူတို့ ခန္ဓာပေါ်တွင် သွေးများ ပေကျံနေကြပြီး အဝတ်အစားများပင် ရှုပ်ပွနေလေ၏။
“ဂျူနီယာ ဝမ်အာ အဆင်ပြေရဲ့လား ...” ဟော်ယွီချန်က ချူဝမ်အာဘက် လှည့်၍ ပြုံးကာ မေးလိုက်သည်။
ချူဝမ်အာ ဆံပင်များက ဖရိုဖရဲ ဖြစ်နေပြီး သူမခန္ဓာကိုယ် တွင်လည်း သွေးများ ပေနေ၏။ သူမက ဟော်ယွီချန်ကို ကျေးဇူးတင်စွာ ကြည့်လိုက်ပြီး ခေါင်းခါပြ လိုက်သည်။ ထို့နောက်တွင် သူမက ပြောလိုက်သည်။
“ကျွန်မ စီနီယာဟော်ကို ကျေးဇူး တင်ပါတယ် တကယ်လို့ စီနီယာကြောင့်သာ မဟုတ်ရင် ကျွန်မတော့ နံရိုးတစ်ချာင်း ကျိုးလောက်ပြီ....”
ဟော်ယွီချန်က အသာအယာ ပြုံးလိုက်ရင်း …
“ငါတို့က တွဲဖက်တွေပဲလေ မင်း ဒီဟာကို အများကြီးတွေးဖို့ မလိုဘူး.... ငါ အန္တရာယ်ထဲ ရောက်နေရင် မင်းလဲ လာကယ်မှာပဲ မလား....”
ချူဝမ်အာက ခဏတာ တိတ်ဆိတ် နေလိုက်ပြီး ဆက်ပြောလိုက်သည်။
“တကယ်လို့ ကျွန်မသာ မုန်လာဥတို မြက်ကိုသာ ရဖို့ မကြိုးစားခဲ့ရင် စီနီယာလည်း ကျွန်မကို ကယ်ဖို့ အန္တရာယ်ထဲ ရောက်မှာ မဟုတ်ဘူး ...”
ဟော်ယွီချန်က ရယ်မောရင်း ပြောလိုက်သည်။
“ဂျုနီယာ ဝမ်အာက အတွေးတွေ များနေပါပြီ ... ငါ့အတွက် မင်းကို တစ်ခါ ကူညီညီ နှစ်ခါကူညီညီ ကိစ္စမရှိပါဘူး အရင်က ပြောခဲ့သလို ငါတို့တွေက တွဲဖက်တွေလေ ...”
သူက ပြောလိုက် ပြီးနောက် ခဏတာ ရပ်သွားပြီး သက်ပြင်း ချလိုက်သည်။
“ဒါပေမဲ့ အမှန်တကယ် အားနာဖို့ ကောင်းတာက ညီလေးမိုကို ... ငါတို့တွေ သူ အဲဒီ ရေခဲနန်းတော်က ထွက်လာနိုင်ပြီလား ဆိုတာကို မသိသေးဘူး ... ပြီးတော့ ငါက သူ့ကို သွားဖို့ အတူခေါ်ခဲ့တဲ့ သူလေ ... သူသာ တစ်ခုခု ဖြစ်သွားရင် ငါတော့ စိတ်အေးအေး နေနိုင်မှာ မဟုတ်ဘူး...”
“စီနီယာ ဟော်က ဆေးလုံး ဆရာမိုကို တော်တော် အာရုံစိုက်နေ သလားလို့ ...” ချူဝမ်အာက မမေးဘဲ မနေနိုင်တော့ချေ။ ထိုကိစ္စက ဟော်ယွီချန် မိုဝူကျီအကြောင်း ပြောတာ ပထမအကြိမ် မကတော့ပေ။
ဟော်ယွီချန်က သူ့ရှေ့မှ ရှုပ်ပွနေသည့် မြင်ကွင်းကို စိတ်မပါ လက်မပါ ကြည့်နေပြီး အသံ နိမ့်လေးဖြင့် ပြောလိုက်သည်။
“ဘာလို့ဆိုတော့ သူက ထူးခြားတဲ့လူ တစ်ယောက်လို့ ခံစားမိနေတယ် သူက ငါတို့ ဝန်းကျင်မှာ ရှိနေတဲ့ လူတွေကနေ အများကြီး ကွဲထွက် နေတယ် ...”
“စီနီဟော်က ကောင်းကင်နတ်ဆိုး ဂိုဏ်းဖြစ်တော့ စီနီယာကလည်း အားလုံးနဲ့ ကွဲထွက် နေတာပဲလေ ... တကယ်လို့ ကျွန်မကြောင့်သာ မဟုတ်ရင် စီနီယာက ဒီလူကို သတ်ဖို့ လိုမှာ မဟုတ်ဘူး...” ချုဝမ်အာက ဖျော့တော့စွာ ပြောလိုက်သည်။ သူမက ဟော်ယွီချန်ကို နှစ်သက်ပေမဲ့ ဟော်ယွီချန်က သူမကို အမျိုးသားနှင့် အမျိုးသမီးကြားမှ ဆက်ဆံရေးမျိုး မဟုတ်ဘဲ ညီမလေး တစ်ယောက်လိုသာ ဆက်ဆံလေ၏။
***