← Chapters

ဒီအပြင်စည်း တပည့် ဘယ်က ရောက်လာတာလဲ

Vol. 12 Ch. 162

ဒီအပြင်စည်း တပည့် ဘယ်က ရောက်လာတာလဲ

Vol. 12 Ch. 162

လျှပ်စီးအားများက လျှပ်စီးအခန်းထဲ နောက်တစ်ကြိမ် ကျရောက်လာပြီး မိုဝူကျီက သူတို့ကို ၁၀၁ခုမြောက် ချီသွေးကြောဆီ ပို့လွှတ် ပေးလိုက်သည်။ ၁၀၀ခုမြောက် ချီသွေးကြော ကဲ့သို့ ပိတ်ဆို့နေသည့် ချီသွေးကြောကို လျှပ်စီး ပို့လွှတ်ခြင်းသည် သူ့နာကျင်မှုများသာ ပို၍ တိုးလာစေကာ အတားအဆီးကို မကျော်ဖြတ်နိုင်‌ချေ။

ထိုစဉ် သူက ကျန်ရှိနေသော ဝိညာဉ် လမ်းကြောင်းဖွင့် ဆေးပုလင်း အားလုံးကို သောက်ပစ် လိုက်တော့သည်။ မျှော်လင့်ထားသည့် အတိုင်း သူက ၁၀၈ခုမြောက် ချီသွေးကြောထိ ဖွင့်နိုင်ခဲ့သည်။ ထို ၁၀၈ခုသော ချီသွေးကြောများသည် အမှန်တကယ်တွင် ၉၉ခု ချီသွေးကြောသာ ရှိကြောင်း သိ၏။ ၉ခုကား ပိတ်ဆို့နေဆဲ ဖြစ်ပြီး ချီသွေးကြောဟု ယူဆ၍ မရသေးပေ။ ပိတ်ဆို့နေသည့် ချီသွေးကြောများကို ဝိညာဉ်စွမ်းအား လှည့်ပတ်ခြင်း အတွက် မသုံးနိုင်သောကြောင့် စွမ်းအားများ မစီးဆင်းနိုင်ပေ။ သူတို့က ရှင်းရှင်းလင်းလင်း မဖြစ်သေးသရွေ့ မဖွင့်ရသေးသည်နှင့် အတူတူပင် ဖြစ်သည်။

ထိုကိစ္စနှင့် ပတ်သက်၍ မိုဝူကျီသည် သိပ်ဂရု မစိုက်ချေ။ သူက ၁၀၀ခုမြောက် ချီသွေးကြောကို မဖွင့်နိုင်သော်လည်း သူက ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ၁၀သို့ တက်လှမ်း နိုင်ခဲ့သည်။ ထိုသို့ဆိုလျှင် သူ့တွင် လူသား အဆင့်လွန်ဆုံးထိ တက်ရောက်နိုင်ဖို့ အခွင့်အရေး ရှိသည်ဟု ဆိုလိုခြင်းနှင့် တူညီလေ၏။

နှစ်နာရီ အကြာတွင် လျှပ်စီးအားများက ရပ်တန့် သွားပြန်သည်။ သူက သူ့ကိုယ်သူ သန့်ရှင်းလိုက်ပြီး လျှပ်စီးအခန်း တံခါးကို ဖွင့်၍ ထွက်လာ လိုက်တော့သည်။ သူ့၏ ဖရိုဖရဲ သွင်ပြင်ကား သူဖုံးကွယ် ထားသည့် ပျော်ရွှင်မှုကို လွဲမှားစွာ ဖော်ပြခြင်း ဖြစ်၏။ ၉၉ခုမြောက် ချီသွေးကြောထိ ဖွင့်နိုင်ပြီး ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ၁၀ထိ တက်ရောက် နိုင်ခြင်းသည် သူ့ကို ဝိညာဉ်ကြောနှင့် ကျင့်ကြံသူများထက် ၉၉ ရာခိုင်နှုန်းလောက် ရှေ့ရောက်စေသည်။

ယခု သူအလိုအပ်ဆုံး အရာကား ကျင့်ကြံခြင်းမှ သင်ခန်းစာ တချို့ကို နားထောင်ပြီး စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်သို့ တက်လှမ်းဖို့ရာ ပြင်ဆင်ရန် ဖြစ်သည်။ ထို့နောက် သူက ဆေးလုံး ဘုံစေတီဆီ သွားရောက်၍ ယန်အာကို သွားကြည့်ရမည်။

မိုဝူကျီက အင်မော်တယ် မော်တယ် လေ့ကျင့်ရေး မျှော်စင်မှ ထွက်လာသည်နှင့် ချိန်စုယင်လည်း သူမ၏ ရေခဲအခန်းမှ ထွက်လာတော့သည်။ သူမက လေးနာရီ အကြာက ရောက်နေတာ ဖြစ်၏။ ထိုအချိန်က လျှပ်စီးအခန်း ၃ တွင် ကျောက်စိမ်းပြား ရှိနေကာ ယခု မရှိတော့သောကြောင့် ဤနေရာတွင် တစ်ရက်တာလုံး အားထုတ်နေခဲ့သည့် မိုဝူကျီသည် ထွက်သွား လိုက်ပြီဟု ဆိုလိုခြင်း ဖြစ်ရမည်။

ထို့ကြောင့် ချိန်စုယင်က အရှိန်မြင့်လိုက်ပြီး မိုဝူကျီကို လိုက်မှီရန် ကြိုးစားလိုက်သည်။ သို့သော် သူမ ပထမအထပ်သို့ ရောက်ရှိသောအခါ မိုဝူကျီက အဝေးကြီး ရောက်နေလေပြီ။

“အစ်ကိုမို ... ခင်ဗျား ပြန်လာပြီပဲ ... ဒီနေ့ အကြီးအကဲတိုင်က ဝိညာဉ် လမ်းကြောင်းတွေ အကြောင်း ဟောပြောပို့ချမှာ ... အစ်ကိုရော သွားနားထောင် မလား ... ” မိုဝူကျီ သူ့အိမ်သို့ ပြန်မရောက်ခင် သူ့ဆီ ရောက်လာသည့် ချောင်ပုဟိန်ကို တွေ့လိုက်ရသည်။ မိုဝူကျီ၏ စုတ်တီးစုတ်ပြတ်နှင့် ဒဏ်ရာဗရပွ သွင်ပြင်ကိုတော့ ချောင်ပုဟိန်က တွေ့မြင်ရတာ နေသား ကျနေလေပြီ။

“ဒါပေါ့ သွားကြတာပေါ့ မင်းနဲ့ အတူတူ လိုက်ခဲ့မယ်လေ ... ” အိမ်သို့ မပြန်တော့ဘဲ မိုဝူကျီက ချောင်ပုဟိန်နှင့် အတူ သင်ခန်းစာ သွားနားထောင်ရန် ဆုံးဖြတ် လိုက်တော့သည်။

မိုဝူကျီ၏ လိုလိုလားလား တုံ့ပြန်မှုကို ရ၍ ချောင်ပုဟိန်က အားတက်သရော ပြန်ဖြေလိုက်သည်။

“အစ်ကိုမိုကို တစ်ခုပြောပြ ရဦးမယ်ဗျ ... အကြီးအကဲ တိုင်ကျူးက ယွမ်ဒန်အဆင့်မှာ ပါရမီရှင် တစ်ယောက်ပဲ ... သူက ဝိညာဉ်ကြောတွေ၊ ဝိညာဉ် လမ်းကြောင်းတွေကို စမ်းသပ်လေ့လာ နေတာ တော်တော် ပေါက်မြောက်နေပြီ၊ ဝိညာဉ် လမ်းကြောင်း အကြောင်း သင်ခန်းစာ ပို့ချတိုင်း လူတွေ ပြည့်ကျပ် နေတတ်တယ် ... အဲဒါကြောင့် စောစောရောက်လေ ကောင်းလေပဲ ... ကျုပ်တို့လို အပြင်စည်း တပည့်တွေ အတွက် သင်ခန်းစာကို အလကား ဆယ်ကြိမ် တက်ရောက်ခွင့် ရှိတယ် ... ကျုပ်တို့ ဆယ်ကြိမ် ကျော်သွားတာနဲ့ အမှတ်ကို သုံးရလိမ့်မယ် ... ”

“ညီလေးချောင်ကို ကျေးဇူး တင်ပါတယ် ... ” မိုဝူကျီက ချောင်ပုဟိန် ပခုံးကို ပုတ်ပေးလိုက်၏။ ချောင်ပုဟိတ်က သတ္တိ နည်းသော်ငြား သူက ဗဟုသုတ ရလိုသည့် ပြင်းပြသည့် စိတ်ဆန္ဒ ရှိလေ၏။ သူက ကောင်းကင်ဖွေရှာ နန်းတော်၏ အပြင်စည်းသို့ ရောက်သည်မှ စ၍ မိုဝူကျီသည် ချီသွေးကြော ဖွင့်ခြင်းနှင့်သာ အချိန်အများစု ကုန်ဆုံးခဲ့သည်။ တစ်ဖက်တွင် ချောင်ပုဟိန်၏ အချိန်များက ကျင့်ကြံခြင်းနှင့် သင်ခန်းစာ တက်ရောက်ခြင်း တို့၌သာ အချိန်ကုန် နေလေသည်။ သူက သူ၏ အလကား သင်ယူခွင့် ဆယ်ခုစာ ကုန်ဆုံး သွားလောက်လေပြီ။

ကောင်းကင်ဖွေရှာ နန်းတော်၏ တပည့်များက သင်ခန်းစာ အတွက် ကောင်းကင်ဖွေရှာ ပညာရပ် အဆောက်အဦသို့ သွားရသည်။ အပြင်စည်း တောင်ထိပ်မှ နာရီဝက်စာ သွားလာရသော အကွာအဝေးတွင် တည်ရှိလေ၏။

ချောင်ပုဟိန်က အမှန်တကယ်‌ စောနေခြင်း ဖြစ်ရာ မိုဝူကျီက သူ့နောက်မှ လိုက်ပါသွားပြီး ပညာရပ် အဆောက်အဦဆီ သူ့ကျောက်စိမ်းပြား စာရင်းသွင်းရန် သွားလိုက်သည်။ သူတို့ စာသင်ခန်းသို့ ရောက်သည့် အခါ လူသုံးလေးယောက်သာ ရှိနေသေးသည်။

“အစ်ကိုမို ဒီနေရာမှာ ထိုင်ရအောင် ... ” ချောင်ပုဟိန်က နောက်ထောင့်မှ ထိုင်ခုံကို ရွေးပြီး ထိုင်ချလိုက်သည်။ သူ့အပြုအမူများကို ဝေခွဲမရ ဖြစ်စွာနှင့် မိုဝူကျီက အခန်းအလယ်က ထိုင်ခုံများကို လက်ညှိုး ထိုးပြလိုက်ပြီး မေးကြည့် လိုက်တော့သည်။

“ညီလေးချောင် ... ဟိုမှာထိုင်တာက သင်ခန်းစာကို ပိုပြီး အာရုံစိုက် နိုင်စေမှာ မဟုတ်ဘူးလား ပြီးတော့ ငါတို့မှာ မေးခွန်း ရှိရင်လည်း ချက်ချင်း ထမေးလို့ ရတာပေါ့ကွာ ... ဘာလို့ နောက်မှာ ထိုင်နေမှာလဲ ... ”

ချောင်ပုဟိန်က အမြန်အဆန် ရှင်းပြလိုက်သည်။

“ငါတို့ အခု သွားထိုင်ရင်တောင် ခဏနေရင် ဖယ်ပေးရမှာပဲ ... ဒီက လူတွေ အကုန်လုံးက ပါရမီရှင်တွေချည်း၊ ငါတို့သာ နေရာဖယ် မပေးရင် သူတို့က မင်းကို တိုက်ကြလိမ့်မယ် ... ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ထိပ်ဆုံးရောက်နေတဲ့ သူတွေပဲ ရှေ့မှာ ထိုင်ရဲကြတာ ပြီးတော့ အဲဒီလူတွေ ကလည်း အတွင်းဂိုဏ်းက တပည့်တွေ ... ”

မိုဝူကျီက အနည်းငယ် အံ့ဩသွားဟန်ဖြင့် မေးလိုက်သည်။

“ညီလေးချောင် ဒီနေရာကို စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူတွေရော မလာကြဘူးလား ... ”

အတွင်းစည်း ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ကျင့်ကြံသူများ လာရောက် နားထောင်သည်က အထူးအဆန်း မဟုတ်ပေ။ မိုဝူကျီသည် ကောင်းကင်ဖွေရှာ လှေကားကို တက်သော အပြင်စည်း တပည့် အများစုသည် စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူများ ဖြစ်ကြောင်း မှတ်မိသည်။

အခြေအနေကို ရှင်းပြပြီးနောက် ချောင်ပုဟိန်က ပြောလိုက်သည်။

“ဒီနေရာက တကယ်တော့ ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ကျင့်ကြံသူတွေကို ဟောပြောပို့ချတဲ့ နေရာပဲ၊ ဒါပေမဲ့ အကြီးအကဲတိုင် လာသင်ပေးမှာ ဆိုတော့ ဝိညာဉ် တည်ဆောက်ခြင်း အဆင့်က သူတွေပါ လာတက် လောက်တယ် ... ဒါပေမဲ့လည်း ငါတို့မှာ သင်ခန်းစာ နားထောင်ခွင့် အတွက် ဆယ်ကြိမ်အလကား ရထားတာ ဆိုတော့ စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်မှာ ရှိနေတဲ့ အစ်ကိုတွေလည်း ဒီအခွင့်အရေးကို လက်လွတ်ခံကြမှာ မဟုတ်ဘူး ..”

မိုဝူကျီက ထောက်ခံသည့် အနေဖြင့် ခေါင်းညိတ်ပြ လိုက်ပြီး …

“ညီလေးချောင် အဲဒါဆို အလယ်မှာ ထိုင်ရအောင်လေ ... ”

သင်ခန်းစာ လာရောက် နားထောင်ခြင်းက ကောင်းကင်ဖွေရှာ လှေကား တက်ခြင်းနှင့် မတူညီပေ။ မိုဝူကျီသည် လှေကားကို တက်စဉ်က သူ့ဘေးကင်းမှုနှင့် စိတ်ဝင်စားမှု တို့ကို သက်ရောက်မှု ရှိမှာ စိုးရိမ်၍ အောက်တွင် နေခဲ့ခြင်း ဖြစ်သည်။ သို့သော် သင်ခန်းစာ နားထောင်ခြင်း ကဲ့သို့ ကိစ္စမျိုးကို ငြိမ်ငြိမ်လေး မနေနိုင်‌ချေ။

အကယ်၍ သူက နောက်တွင် ထိုင်ပြီး အကြီးအကဲ သင်သည့်အရာကို လွတ်သွားတာမျိုး သို့မဟုတ် နားလည်မှု လွဲသွားတာမျိုး ရှိခဲ့ပြီး မေးဖို့ရာ အခွင့်မရခဲ့လျှင် ဘယ်လို လုပ်ရမည်နည်း။ ထိုသည်က နှမြောဖို့ ကောင်းလှပေသည်။

ထိုင်ခုံနေရာ အတွက် တိုက်ခိုက်ခြင်းက အဓိပ္ပာယ် မရှိသော်လည်း အရင်ရောက်သူ အရင်ဦး စနစ် ဖြစ်သင့်သည် မဟုတ်ပါလော ... နောင်ကျ မိုဝူကျီက သင်ခန်းစာကို ခဏတိုင်း လာရောက် နားထောင်မည် ဖြစ်၍ နောက်တွင် တစ်ကြိမ် ထိုင်လိုက်ပါက အမြဲတမ်း နောက်တွင် ထိုင်နေရလိမ့်မည်။ ထို့အပြင် ဤနေရာက ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် တပည့်များ အတွက် ဖြစ်၍ ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ၁၀ ကျင့်ကြံသူ အနေနှင့် တခြားသော အဆင့်တူများက သူ့အား မခြောက်လှန့်နိုင်ပေ။

သူက မိုဝူကျီသည် ရှေ့တန်းတွင် ဝင်ထိုင် လိုက်သည်ကို မြင်သောအခါ ချောင်ပုဟိန်၏ နဖူးမှ ချွေးအေးများ စီးကျ လာတော့သည်။ သို့သော် သူက မိုဝူကျီနှင့် မရင်းနှီးသည့် အတွက် မိုဝူကျီကို နောက်သို့ ပြန်မခေါ်တော့ပေ။

ချောင်ပုဟိန်က သူနှင့် လိုက်မလာသည်ကို မြင်၍ မိုဝူကျီက သူ့အား ထပ်မပြောတော့ပေ။ နှစ်ယောက်က အပိုင်း (ဃ)တွင် နေထိုင်ကြသော အိမ်နီးနားချင်း သာသာ ဖြစ်သောကြောင့် ချောင်ပုဟိန်ကို အတင်းကျပ် မခေါ်တော့ချေ။

ခဏအကြာတွင် ကျင့်ကြံသူ တချို့ ထပ်ရောက် လာကြပြီး မိုဝူကျီက အကောင်းဆုံး ထိုင်ခုံတွင် ထိုင်နေသည်ကို တွေ့လိုက်ရ၍ အံ့ဩသွားကြသည်။ သူတို့သည် မကြာခင်တွင် ပွဲကြီးပွဲကောင်း ကြည့်ရတော့မည်ဟု စောင့်စား နေကြသည်။ သူတို့အမြင်အရ မိုဝူကျီသည် ထိုင်ခုံအောက်မှ နာခံစွာ တွားသွား၍ ထွက်လာရလိမ့်မည်။

တစ်နာရီ အကြာတွင် လူတန်းကြီးက ပညာရပ် အဆောက်အဦအတွင်း ဝင်လာကြသည်။ မိုဝူကျီက ချောင်ပုဟိန်၏ သင်ယူမှု အပေါ်မှ သဘောထားကို လေးစားမိနေ၏။ သူသည် သင်ခန်းစာ တစ်ခုအတွက် အစောကြီး ရောက်လာသော အချက် ဖြစ်၏။

သူတို့ ဝင်လာသည်နှင့် ပထမဆုံး မြင်လိုက်ရသည်က ရှုပ်ပွနေသည့် ဆံပင်၊ မျက်နှာမှာ ဒဏ်ရာ ဒဏ်ချက်များနှင့် အပြင်စည်း တပည့် မိုဝူကျီက အကောင်းဆုံး နေရာတွင် ထိုင်နေခြင်း ဖြစ်သည်။

တချို့ ကျင့်ကြံသူများက သူ့အား လှောင်ပြောင် ရယ်မောရင်း နှုတ်ဆက် သွားကြသည်။

“ဂျူနီယာလေး ... မင်းက တော်တော်သတ္တိ ကောင်းတာပဲကွာ ... ”

အမွှေးတိုင် တစ်ဝက် အကြာတွင် အခန်းကား လူများစွာဖြင့် ပြည့်သွားတော့သည်။ ထိုအခါ အဝါရောင် ဝတ်စုံနှင့် အတွင်းစည်း တပည့် ငါးယောက်က ဝင်လာလေ၏။ ရှေ့ဆုံးလူက အရပ် ရှည်ရှည်နှင့် ခန့်ညားသော သွင်ပြင်ရှိသော လူငယ် ဖြစ်သည်။ မိုဝူကျီ ခန့်မှန်းချက် အရ ထိုလူငယ်သည် ၁၆ နှစ်ပင် ရှိဦးမည် မဟုတ်လောက်သေးပေ။ သူက ထိုငါးယောက် အုပ်စုတွင် ခေါင်းဆောင် ဖြစ်နေမှန်း သိသာလှသည်။ သူက မိုဝူကျီရှေ့ တန်းတန်း လျှောက်လာလေသည်။ မိုဝူကျီကို ခဏတာ စိုက်ကြည့် လိုက်ပြီးနောက် ခြေတစ်ဖက်ကို မြှောက်ကာ မိုဝူကျီဘေးမှ ထိုင်ခုံပေါ် တင်လိုက်ပြီး သူ့အောက်ကို ညွန်ပြလိုက်ရင်း  ...

“လူသစ်လေး ... ဒီကနေ တွားသွားရင် ဒီတစ်ခါ ခွင့်လွှတ် ပေးလိုက်မယ် ... ”

ခေါင်းဆောင် စကားပြောနေစဉ် ကျန်လေးယောက်က မိုဝူကျီ ထွက်ပြေးနိုင်မည့် ဖြစ်နိုင်ချေ လမ်းကြောင်းများကို ပိတ်ဆို့ ထားလိုက်သည်။

အခန်း တစ်ခုလုံးကား တိတ်ဆိတ်သွားပြီး အားလုံးက မိုဝူကျီအပေါ် အာရုံစိုက် နေကြသည်။ မိုဝူကျီသည် တွားသွား လိုက်မလား သို့မဟုတ် ထိုတပည့်များ၏ လက်ချက်ဖြင့် အထုအထောင်း ခံရမလား သိချင်နေကြသည်။

အဖြစ်အပျက်များက မည်သို့ပင် ဖြစ်လာပါစေ ... အားလုံးက မိုဝူကျီက ထိုလူငယ် ခြေ‌ထောက်ကြားမှ တွားသွားဖို့ရန်‌ ရွေးချယ်မည်ဟု ထင်မှတ်နေကြသည်။

ထို့နောက် ချောင်ပုဟိန်က အထိတ်တလန့် ဖြစ်နေလေ၏။ ထိုလူများသည် ထိပ်ဆုံး အတွင်းစည်း တပည့်များထဲမှ ဖြစ်ရာ တစ်ယောက်ချင်းစီတွင် အားကောင်းသော နောက်ခံများ ရှိသည်။ အထူးသဖြင့် သူတို့၏ ခေါင်းဆောင် ဖြစ်သည်။ မိုဝူကျီသာ အမှန်တကယ် တွားသွား ထွက်လာပါက ဖျက်ဆီး  ခံရလိမ့်မည်။

မိုဝူကျီက ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး သူ့လေ့လာမိ သလောက် ထိုလူများသည် ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ သူက ဟုန်ယွင်အကြောင်း ကြားဖူး၍ ဤနေရာ ထိုင်ခုံကို သေချာပေါက် လက်မလျှော့နိုင်ပေ။ ဟုန်ယွင်သည် ခရမ်းတိမ်တိုက် နန်းတော်မှ နေရာကို လက်လျှော့  လိုက်ရသည့် အတွက် သူတော်စင် အဆင့်အတန်းကို စွန့်လွှတ် လိုက်ရပြီး နောက်ဆုံးတွင် အသက်ပါ ဆုံးရှုံးသွားသေး၏။ ထိုသည်က တရုတ်ဒဏ္ဍာရီ တစ်ခုဖြစ်သော်လည်း နောက်ကွယ်မှ သဘောတရားများက အတူတူပင် ဖြစ်သည်။

“မင်း နားပင်း နေတာလား ... ငါပြောတာ မကြား ... ”

“ဖြောင်း …” လူငယ်စကား မဆုံးခင် သူက မိုဝူကျီဆီမှ ရိုက်ချက် တစ်ချက်ကို လက်ခံလိုက်ပြီး နောက်သို့ လွင့်စဉ် သွားလေ၏။ ထိုစဉ် သူက လျှပ်စီးနှင့် အရိုက်ခံလိုက်ရ သကဲ့သို့ ခံစားလိုက်ရ၏။ သူ့ခေါင်းထဲတွင် အသံများ ဆက်တိုက် ကြားနေရပြီး မျက်စိရှေ့တွင် ကြယ်လများ မြင်နေရလေသည်။ ထို့နောက် သူက အခန်းနံရံနှင့် ရိုက်မိ သွားတော့သည်။

အခန်း တစ်ခုလုံးက လုံးဝကို ငြိမ်သက် တိတ်ဆိတ် သွားလေ၏။ ခဏအကြာတွင် ကျန်ရှိနေသော အတွင်းစည်း တပည့်များက မိုဝူကျီအပေါ် ကြမ်းကြမ်းတမ်းတမ်း ခုန်အုပ်လိုက်ပြီး တချို့က ဓားများပင် ဆွဲထုတ် လိုက်ကြသည်။

လက်တစ်ချက် အဝှေ့ဖြင့် မိုဝူကျီလည်း သူ့ဓားကို ဆွဲထုတ် လိုက်တော့သည်။

“ချွင် ချွင် ... ” ဓားအချင်းချင်း ထိရိုက် သောကြောင့် မီးစများ လွင့်စဉ်လာပြီး ဓားနှင့် လူနှစ်ယောက်ကား သူ့တို့ဆီ သဘာဝ စွမ်းအားလှိုင်းကြီး တစ်ခု စီးဆင်း လာသည်ဟု ခံစား လိုက်ရသည်။ ထိုအရာက သူတို့ ခုခံထားနိုင်ဖို့ မျှော်လင့်ထားသော အရာ မဟုတ်ချေ။

ကျန်လေးယောက်လုံး ကြောင်နေသည့် အချိန်လေးကြားတွင် မိုဝူကျီက မြန်မြန်ဆန်ဆန် ရှေ့ဆင့် နောက်ဆင့် လေးချက်ကန်ထုတ် လိုက်တော့သည်။

“ဘမ်း ဘမ်း ဘမ်း ဘမ်း ... ” လေးယောက်သား သဲအိတ်များကဲ့သို့ လွင့်စဉ်သွားပြီး ဆယ်မီတာလောက် အထိ အကန်လွှတ် ခံလိုက်ရသည်။ ထို့နောက်တွင် နံရံနှင့် ထိရိုက် သွားတော့သည်။ သူတို့ထဲမှ နှစ်ယောက်က‌ ရင်ဘတ်တွင် သွေးများ စွန်းနေလေသည်။ အကြောင်းမှာ သူတို့သည် ဓားကို အချိန်မီ ဆွဲမထုတ်နိုင်ခဲ့သည့် အတွက် မိုဝူကျီ၏ ဓားချွန်လေးဖြင့် ဒဏ်ရာ ရသွားကြသည်။

မိုဝူကျီလည်း သူ့ကိုယ်သူ အံ့ဩနေမိသည်။ ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ၁၀သို့ ရောက်ပြီးနောက်တွင် သူက မည်မျှသန်မာ အားကောင်း လာကြောင်း သေချာမသိပေ။ ယခု သူက ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ကျင့်ကြံသူများနှင့် လက်သီးချင်း ယှဉ်ထိုးသော အခါ သူပိုင်ဆိုင်သော အင်အားကို ရှင်းရှင်းလင်းလင်း ခံစားမိလေ၏။

ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ပါရမီရှင်များဟု ခေါ်သော ငါးယောက်နှင့် ရင်ဆိုင်သည့်အခါ သူ့က သူတို့ အားလုံးကို အနိုင် တိုက်နိုင်သည်။ အကယ်၍ သူသာ အားမလျှော့ ထားလျှင် ဓားမထုတ်ယူ နိုင်ခဲ့သည့် ကျင့်ကြံသူ နှစ်ယောက်ကား သူတို့နှလုံးကို နှစ်ပိုင်းခြမ်းမိ သွားပေလိမ့်မည်။

အခန်းက တိတ်ဆိတ်လျက် ရှိနေ၏။ ထိုလူများသည် ကောင်းကင်ဖွေရှာ နန်းတော်တွင် အားအကောင်းဆုံး ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ကျင့်ကြံသူများဟု ယူဆ၍ မရသော်လည်း သူတို့သည် ပါရမီရှင် စာရင်းထဲတော့ ပါရှိလေသည်။

ဘယ်တုန်းက ဒီလောက်တောင် အားကောင်းတဲ့ အပြင်စည်း တပည့် ပေါ်လာတာလဲ ... အတွင်းစည်း တပည့် ငါးယောက်ကို စက္ကန့်ပိုင်းလေး အတွင်း အနိုင် တိုက်ခဲ့တာလား ... သူက စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်များလား ... ဒါပေမဲ့ သူ့ကို ဝန်းရံနေသည့် ဝိညာဉ် စွမ်းအားများလည်း မရှိပေ။ ဘယ်လိုလုပ် စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် ဖြစ်နိုင်မှာလဲ ...

မိုဝူကျီက မယုံကြည်နိုင်မှု နှင့်အတူ ကြောက်လန့်တကြား ဖြစ်နေသည့် အဝါရောင် ဝတ်စုံနှင့် လူငယ်ဘေးကို သွားလိုက်သည်။ အပြင်စည်း တပည့်က ဘာလို့အားကောင်း နေရတာလဲ ... မဖြစ်နိုင်ဘူး ဒီလူက စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် ဖြစ်ရမည်။

မိုဝူကျီက ထိုင်ချလိုက်ပြီး ထိုလူငယ် မျက်နှာကို ဘယ်ပြန်ညာပြန် ပုတ်လိုက်ပြီး …

“မင်းကို ငါ့ခြေထောက်အောက်က ဘာလို့တွားမသွား ခိုင်းတာလဲ သိလား ... ”

အဝါရောင် ဝတ်စုံနှင့် လူငယ်က ခေါင်းခါပြ လိုက်သည်။ မိုဝူကျီဆီမှ အကန်ခံထား ရသည့် ကျန်လေးယောက်လည်း တစ်ခွန်းမျှ ဝင်မပြောရဲပေ။ ရိုးရှင်းသော အလှည့်အပြောင်း ဖြစ်သော်လည်း သူတို့ငါးယောက် ပေါင်းလျှင်ပင် မိုဝူကျီဆီမှ ကန်ချက်များကို ခံနိုင်ရည် မရှိကြောင်း သိကြ၏။ ပညာရပ် အခန်းတွင် ဖြစ်နေသည်က ကံကောင်း လှပေသည်။ အပြင်မှာ ဖြစ်နေပါက သူတို့သည် ရှင်းလင်းခံလိုက် ရလောက်လေပြီ။

မိုဝူကျီက အေးစက်စွာ ရယ်မောလိုက်ပြီး …

“ငါ့ဘောင်းဘီ ညစ်ပတ်ကုန်မှာ စိုးလို့ပဲ ... အရူး  ... နောက်တစ်ကြိမ် ငါနဲ့ ဝေးဝေးနေ မဟုတ်ရင် မင်းကို တွေ့တိုင်း ရိုက်ပစ်မယ် ... ဒီမှာလာလှဲ မနေစမ်းနဲ့ ဖယ် ဘေးကပ်စမ်း ... ”

သူက ဘေးသို့ ကပ်ရန် ပြောလိုက်သည်မှာ ဆရာက သူတို့ ဝက်တွေလိုမျိုး လဲလျောင်း နေသည်ကို မြင်သွားပြီး သူ့ကို သင်ခန်းစာ လာရောက် နားမထောင်တော့ရန် ပြောမှာ စိုးရိမ်လို့ ဖြစ်၏။

***

All Chapters