ပျောက်ဆုံး ကောင်းကင် မြို့ပျက်၏ မြေအောက် ရောင်းဝယ်ရေး
Vol. 12 Ch. 168
မိုဝူကျီက လက်မှတ် အရောင်းဌာနမှ ထွက်ထွက်ချင်း ဝမ်လောင်ဟောင် သင်္ဘောပျံကို အလွယ်တကူ ရှာတွေ့ခဲ့လေသည်။
“ဝမ်လောင်ဟောင်” ဟု ဧရာမ စာလုံးကြီးများက အရမ်းကို ထင်းထွက် နေခြင်းနှင့်အတူ ဤနေရာရှိ သင်္ဘောပျံ များထဲတွင် အကြီးဆုံး ဖြစ်နေခြင်းကြောင့် ဖြစ်၏။
မိုဝူကျီက သင်္ဘောပျံသို့ တက်ပြီးနောက်တွင် သူ့နေထိုင်ရာ နေရာရရှိရန် လက်မှတ် ပြရကြောင်း သတိပြုမိ လိုက်သည်။ အကြောင်းရင်းမှာ သူတွေ့ကြုံဖူးသည့် နှစ်ကြိမ်လုံးတွင် ထိုသို့ အခန်းမျိုး မရရှိပေ။ ပထမအကြိမ် ကျန်းရှောက်ခယ်နှင့် အတူတူ လာခြင်း ဖြစ်သည်။ ဒုတိယအကြိမ်ကား ကောင်းကင်ဖွေရှာ နန်းတော်သို့ ရောက်လာသည့် အချိန်က ဖြစ်သည်။ အကြောင်းမှာ ထိုသင်္ဘောများသည် လူနည်းနည်းနှင့် ကျယ်ဝန်းသည့် အတွက် ကိုယ်ပိုင် အခန်းအကြောင်း စိတ်ထဲသိပ် မထားကြချေ။
သူ့အခန်း နံပါတ်က ၁၂၁ ဖြစ်ကာ အောက်ထပ်တွင် တည်ရှိလေသည်၊ အခန်း ၁၂၁သည် အဆိုးဆုံး မဟုတ်သကဲ့သို့ အကောင်းဆုံးလည်း မဟုတ်ပေ။ သို့သော် ပုံမှန်ထက် အနည်းငယ် အောက်ကျသည်ဟု ဆိုလို့ရပေသည်။ မိုဝူကျီက သူ တစ်ယောက်တည်း နေရမည်ကို သိပြီး အတော်လေး စိတ်အေးမိ သွားသည်။ ကျင့်ကြံသူက ဈေးအမြင့် ယူထားသည့် အတွက် မိုဝူကျီသည် အမှန်ပင် ဤအခန်းတွင် နေလိမ့်မည်ဟု ထင်မထားခဲ့ပေ။
မိုဝူကျီက သူ့အခန်းသို့ ဝင်လိုက်ပြီး တံခါးကို ပိတ်လိုက်ကာ “မနှောင့်ယှက်ရ” စာသား ချိတ်ဆွဲထား လိုက်တော့သည်။ အချိန်မည်မျှ ကြာကြာ ကိစ္စမရှိချေ။ သူက ကောင်းကင်ဖွေရှာ နန်းတော် အကြောင်းနှင့် မျက်နှာသိ လူများကို ဝေးဝေးမှ ရှောင်ရှားရမည်။
ဝမ်လောင်ဟောင် သင်္ဘောပျံသည် တစ်နာရီ အကြာတွင် တိမ်တွေကြားထဲ ပျံသန်း နေလေပြီ။
မိုဝူကျီက သင်္ဘောပျံသည် ကောင်းကင်ဖွေရှာ မြို့မှ ထွက်လာသည့် အတွက် စိတ်သက်သာရာ ရသွားလေသည်။ အနည်းဆုံးတော့ အရင်တစ်ခါ ကဲ့သို့ စွန်ဖျားမြို့သို့ ရောက်ရောက်ချင်း အကြီးအကဲရှု၏ လိုက်ဖမ်းစီး ခံလိုက်ရသည်နှင့် မတူညီတော့ပေ။
မိုဝူကျီက ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ၁၀သို့ မရောက်မချင်း တစ်လတာလုံး ကျင့်ကြံမည်ဟု စိတ်ကူးပြီး သူ့ဘေးတွင် စိတ်စွမ်းအင် ကျောက်တုံးများကို ချထား လိုက်တော့သည်။
သူက ၉၉ခုမြောက် ချီသွေးကြော ဖွင့်ပြီးနောက်တွင် မိုဝူကျီက ရေဝဲကတော့ ကဲ့သို့ ဝိညာဉ် စွမ်းအားများကို စုပ်ယူနိုင်လေ၏။
ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ကျင့်ကြံသူ တစ်ယောက် အနေနှင့် ဝိညာဉ် စွမ်းအားများကို ထိုသို့ အံ့ဖွယ်နှုန်းဖြင့် စုပ်ယူနိုင်ခြင်း ရှိသည်မှာ သူ့ကျင့်ကြံဆင့် နှေးနေဖို့ရာ မဖြစ်နိုင်ချေ။ အထူးသဖြင့် ကျင့်ကြံဖို့ရာ အတွက် စိတ်စွမ်းအင် ကျောက်တုံးများ ရှိနေစဉ် ဖြစ်သည်။
ရက်အနည်းငယ် အတွင်း မိုဝူကျီက ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ၁၀ နောက်ဆုံးအဆင့်သို့ တက်လှမ်း နိုင်ခဲ့သည်။ သင်္ဘောပေါ် ရှိနေသည့် ဆယ်ရက်မြောက် နေ့တွင် မိုဝူကျီက ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ၁၀ ပြီးပြည့်စုံခြင်း အဆင့်သို့ အခက်အခဲမရှိ ရောက်ရှိ သွားလေသည်။
မိုဝူကျီက သက်ပြင်း ချလိုက်တော့သည်။ သူသည် စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်သို့ မရောက်ခင်အထိ ဆက်လေ့ကျင့်ဖို့ရာ မလိုအပ်တော့ ကြောင်း ယုံကြည်သည်။ သူက ပြီးပြည့်စုံခြင်း အဆင့် သို့ ရောက်ရှိ နေလေပြီ။
မိုဝူကျီက အပိုစိတ်စွမ်းအင် ကျောက်တုံးများကို သိမ်းထား လိုက်လေသည်။ သူ့ကျင့်ကြံဆင့်က နောက်တစ်ဖန် ထပ်မြင့် လာပြန်သည်။ ထိုသည်က မိုဝူကျီကို အလန့်တကြား ဖြစ်မိစေ၍ ထခုန်မိ မတတ် ဖြစ်သွားစေသည်။
သူကြောက်ရွှံ့သည့် ကိစ္စကား သူသည် စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်သို့ တက်လှမ်းချင်တာ မဟုတ်သေးပေ။ သူက တက်လှမ်း လိုလျှင်ပင် ယခုတော့ မဟုတ်သေးချေ။ ကောင်းကင်လမ်းပန်းကို မရှာတွေ့ခင် စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်သို့ အဘယ်ကြောင့် ရောက်ချင် ရမည်နည်း။ အကယ်၍ သူသာ တက်လှမ်းချင်လျှင် ၁၀၀ ခုမြောက် ချီသွေးကြော ဖွင့်မည့် ကိစ္စကို လက်လျှော့ လိုက်ခြင်းနှင့် အတူတူ ဖြစ်သည်။
သို့သော်လည်း သူက နောက်တစ်ဆင့် တက်လှမ်းနိုင်ခြင်း၊ မတက်လှမ်း နိုင်ခြင်းသည် မိုဝူကျီ ထိန်းချုပ် နိုင်သည့်အရာ မဟုတ်ချေ။ ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ၁၀သို့ ရောက်ပြီးနောက်တွင် အားမာန်ပြင်းသော သဘာဝ စွမ်းအားများက နယ်ပယ်အသစ်သို့ ချီတက် နေကြသည်။ ထိုအဆင့်သစ်သာ ပွင့်သွားသည့် အခိုက်အတန့်တွင် မိုဝူကျီက သူ့အရင် အတွေးများကို စွန့်ပစ်လိုက်ပြီး ဝိညာဉ် စွမ်းအားများကို ဆက်တိုက်စုပ်ယူ လိုက်တော့သည်။
ကောင်းကင်ဘုံက သူ့အား ၁၀၀ခုမြောက် ချီသွေးကြောကို မဖွင့်နိုင်ဘူးဟု သတ်မှတ် ပေးမှတော့ သူသည် စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်သို့ တက်လှမ်းဖို့ရန် အတွက် ဆက်လက် ကျင့်ကြံလိုက်မည်။
သူက အဆင့်သစ် တစ်ခု ရောက်သွားသည့် အခါ အားပြင်းသော သဘာဝ စွမ်းအားများက မိုဝူကျီကို အလွန်အမင်း စိတ်လှုပ်ရှား စေသည်။ သို့သော်လည်း သူက တစ်ခုခု လိုအပ်နေကြောင်း ခံစားမိ သေးသည်။ ထိုသည်က စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် မဟုတ်သေးပေ။ ထို့အစား ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ၁၁သာ ဖြစ်နေသည်။
မိုဝူကျီသည် ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ၁၀၊ စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် ၁၀၊ လူသား အဆင့်လွန် အဆင့် ၁၀တို့ ရောက်ရှိပြီးမှသာ လူသား အဆင့်လွန်ဆုံး အဆင့်ကို တက်လှမ်းနိုင်ကြောင်း ကြားဖူးသောကြောင့် ကြောင်သွားလေသည်။
သို့သော်လည်း သူက ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ၁၁ကို လုံးဝ မကြားဖူးချေ။
ဘာတွေ ဖြစ်နေတာလဲ ...
သူက အင်မော်တယ် မော်တယ် ကျင့်စဉ်ဖြင့် ဝိညာဉ် စွမ်းအားများကို စုပ်ယူလိုက်ပြီး သူ့ကျင့်ကြံဆင့်မှာ ဆက်တိုက် မြင့်နေလေသည်။ မိုဝူကျီက စိတ်စွမ်းအင် ကျောက်တုံးများကို ထုတ်ယူလိုက်ပြီး ဆက်တိုက် ကျင့်ကြံ လိုက်တော့သည်။ သူက ဘာမှ မသိမှတော့ သူက အားရပါးရ ဆက်ကျင့်ကြံဖို့ရာ ဆုံးဖြတ် လိုက်တော့သည်။
လဝက်ကြာ သွားသည့်အခါ မိုဝူကျီက အဆင့် ထိပ်ဆုံးသို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း ခံစားမိ လိုက်သည်။ ထို့နောက် သူက မမျှော်လင့်ထားဘဲ နောက်တစ်ဆင့် တက်လှမ်း သွားပြန်သည်။
ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် ၁၂ …
သူ့အင်အားများလည်း ဆက်လက်၍ ကြီးထွားနေဆဲ ဖြစ်ကာ မိုဝူကျီက ပထမ အကြိမ်လောက် စိတ်မလှုပ်ရှားတော့ပေ၊ အကြောင်းမှာ သူက စိတ်လှုပ်ရှား လွန်း၍ ထုံသွားလေပြီ။ အဆင့်တက်ရင်း ဆက်တက်ရင်းဖြင့် သူက ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်မှာသာ ဆက်တက် နေမိသည်။
သူ့တွင် ရှိသမျှ စိတ်စွမ်းအင် ကျောက်တုံးများ ကုန်သွား ခြင်းကြောင့်သာ မဟုတ်လျှင် မိုဝူကျီက ဆက်လက် ကျင့်ကြံဖို့ရန် ရည်ရွယ် ထားလေ၏။ သူက သူကိုယ်တိုင် ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့် မည်မျှ အထိ တက်လှမ်း နိုင်မလဲဟု သိချင်မိသည်။
သူသည် သင်္ဘောပျံပေါ် ရောက်သည်မှ စ၍ မိုဝူကျီသည် အခန်းထဲက အပြင်မထွက်ချေ။ မိုဝူကျီက သူတို့သည် ပျောက်ဆုံး ကောင်းကင်မြို့ပျက်သို့ ရက်အနည်းငယ် အကြာတွင် ရောက်လိမ့်မည် ဖြစ်ကြောင်း မှန်းဆမိသည်။
သင်္ဘောပျံပေါ်တွင် သူက စိတ်စွမ်းအင် ကတ်ဖြင့် စိတ်စွမ်းအင် ကျောက်တုံးများ လဲလှယ် နိုင်သော်လည်း မိုဝူကျီက သူ့ကိုယ်သူ လူသိမခံချင်သည့် အတွက် ထိုသို့ လုပ်ဆောင်ဖို့ရာ စိတ်ကူးမရှိချေ။ ရက် ၂၀လောက် ကျန်နေသေးသည့် အတွက် အချိန်ကို အကျိုးရှိစွာ အသုံးချရန် ချူရှင်ကျီ၏ အစီအရင် တာအိုအပေါ် လေ့လာရန် ဆုံးဖြတ်လိုက်သည်။ မိုဝူကျီက ကောင်းကင် လမ်းပန်းကို စာအုပ်ထဲတွင် မြင်ဖူးလေ၏။ ထိုစာအုပ်အတွက် မိုဝူကျီက အချိန်ဖြုန်းရန် မရည်ရွယ်ထားပေ။
ရေခဲတောင်တွင် ချူရှင်ကျီ၏ စာများကို ကူးယူပြီး နောက်တွင် သူက ဖတ်ရှုဖို့ရန် အချိန်မပေး ရသေးချေ။
မိုဝူကျီက မြန်မြန်ဆန်ဆန် သင်ယူနိုင်သည့်သူ ဖြစ်၏။ ဘာပဲ ဖြစ်နေပါစေ သူက စိတ်ရှိပါက အားလုံးကို အလွယ်တကူ မှတ်သားနိုင်သည်။ ဤကမ္ဘာ သို့မဟုတ် ကမ္ဘာမြေ ဘယ်နေရာ ဖြစ်ဖြစ် အတူတူပင် ဖြစ်သည်။
ငါးရက်ကုန်ဆုံး သွားသော်လည်း မိုဝူကျီက ဘာမှ မခံစား ရသေးချေ။ သူ့အခန်းမှ အချက်ပေးသံ ရပ်သွားသောအခါ တံခါးဖွင့်ပြီး ထွက်လာလိုက်သည်။ မိုဝူကျီက သူတို့သည် ပျောက်ဆုံး ကောင်းကင်မြို့ပျက်သို့ ရောက်ပြီ ဖြစ်ကြောင်း သိလိုက်သည်။
မိုဝူကျီက အခန်းမှ ထွက်လာသောအခါ သင်္ဘောပျံပေါ်မှ ဆင်းလာကြသော လူအုပ်ကြီးကို တွေ့လိုက်ရသည်။ ခရီးစဉ် တစ်ခုဖြင့် စိတ်စွမ်းအင် ကျောက်တုံး မည်မျှပင် ဝင်ငွေ ရနေသနည်း။
သူက လူအုပ်ကြီး နောက်မှ လိုက်ဆင်း သွားလိုက်ကာ မိုဝူကျီက ပျောက်ဆုံး ကောင်းကင်မြို့ပျက် သို့မဟုတ် ပျောက်ဆုံးကောင်းကင် ဈေး၏ အရွယ်အစား အကျယ်အဝန်းကို ကြည့်ပြီး တအံ့တဩ ဖြစ်သွားမိသည်။
များပြားစွာသော အထပ်မြင့် အဆောက်အဦများနှင့် လမ်းဘေးများရှိ ဈေးဆိုင်များ ရှိနေကြသည်။ မိုဝူကျီက မီးဖိုကို ထုတ်ထားပြီး ပစ္စည်းများကို ပြန်လည်သန့်စင် ပေးနေသည့် လူတချို့ကိုလည်း မြင်လိုက်ရသည်။
မိုဝူကျီက ပျောက်ဆုံး ကောင်းကင်မြို့ပျက် တစ်လျှောက် လျှောက်သွားရင်း ဈေးရှိနေမှန်း သတိထားမိ လိုက်သည်။ သူတို့က ဤနေရာတွင် အားလုံးကို ရောင်းချနိုင်သည်။ တစ်ခါတစ်ရံ တွေးတောင် တွေးမထားသည့် အရာများပင် ပါဝင်သေး၏။
မိုဝူကျီက အရမ်း မကြီးသည့် ဈေးဆိုင်လေးထဲ ဝင်ဖို့ ရွေးချယ်လိုက်သည်။ အကြောင်းမှာ ဆိုင်ကြီးလေလေ ပို၍ ထင်ရှားလေ ဖြစ်သည်။ ယခုအချိန်တွင် သူက ပေါ်လွင်မှုကို မလိုအပ်ပေ။
“သခင်လေး ဘာများလိုလဲဗျ၊ ကျုပ်တို့ဆီက ဈေးနှုန်းတွေက ရောင်းချတဲ့ ပစ္စည်းတွေနဲ့ ယှဉ်ရင် ဈေးတန်ပါတယ်ဗျ ...” ဆိုင်အကူက ပြောတတ်ဆိုတတ် လူငယ်လေး ဖြစ်သည်။ မိုဝူကျီက ထိုသူသည် ဝိညာဉ် လမ်းကြောင်းဖွင့် နောက်ဆုံးအဆင့်သို့ ရောက်နေပြီ ဖြစ်ကြောင်း မှန်းဆမိ လိုက်သည်။
မိုဝူကျီက ဆိုင်အကူ၏ ဒုတိယစကားကို လျစ်လျူရှု လိုက်ကာ …
“ကျုပ်က ပျောက်ဆုံး ကောင်းကင်မြို့ပျက်ရဲ့ မြေပုံအသစ်ကို ရှာနေတာ ပြီးတော့ ဝိညာဉ် ပစ္စည်းတွေ ထုတ်လုပ်တဲ့ နေရာကိုလည်း လိုနေသေးတယ် ... ”
ဆိုင်အကူက အလျင်အမြန် ပြန်ဖြေလိုက်သည်။
“အဲဒါဆိုရင်တော့ သခင်လေးက ပျောက်ဆုံး ကောင်းကင်မြို့ပျက်ကို သွားချင်တာပေါ့ ... ကောင်းတာ လိုချင်လား သာမန်ဟာပဲ လိုချင်လားဗျ ... ”
မိုဝူကျီက ဝေခွဲမရ ဖြစ်စွာဖြင့် …
“ဒါပေါ့ ကျုပ်က ပိုကောင်းတဲ့ဟာ လိုချင်တာပေါ့ ...”
ဆိုင်အကူက အသံကို နိမ့်ပြောလိုက်သည်။
“သခင်လေးကို လျှိုမထားတော့ပါဘူး ဒါပေမဲ့ သခင်လေး ဈေးဆိုင်တွေ၊ စီးပွားရေး အဆောက်အဦတွေမှာ ရောင်းတဲ့ မြေပုံတွေက သာမန်ဟာတွေ ချည်းပဲဗျ၊ တကယ်လို့ ဝိညာဉ် ပစ္စည်းတွေရဲ့ နေရာတွေပါ ပါတဲ့ မြေပုံကို လိုချင်ရင်တော့ ပျောက်ဆုံး ကောင်းကင်မြို့ပျက်ရဲ့ မြေအောက်ဈေးကို သွားရလိမ့်မယ် ... ”
“မြေအောက်ဈေးလား ...” မိုဝူကျီက ထိုအရာကို ဘာမှန်းမသိပေ။
ဆိုင်အကူက အသံကို ပိုတိုးပြော လိုက်ကာ …
“မြေအောက် ဈေးကွက်က သခင်မန်ရဲ့ ပိုင်နက်လေ၊ အခုဈေးက တျန်းရှုမန် ပိုင်တာဗျ၊ မြေအောက်ဈေးမှာ လူနည်းလာတော့ သခင်မန်က တကယ့် ထိပ်တန်းတွေချည်းပဲ ရောင်းတော့တာဗျ၊ အဆင့်နိမ့်တွေကို လက်မခံဘူး၊ အရည်အသွေး အကောင်းဆုံး ပစ္စည်းတွေကိုပဲ အရောင်းအဝယ် လုပ်ကြတာ၊ အဲကြောင့် မြေအောက် ဈေးကွက်က ပစ္စည်းတွေက ဈေးကြီးတာတော့ ပြောစရာကို မလိုတော့ဘူး ...”
မိုဝူကျီက ထိုနေရာသည် တစ်ယောက်ယောက်၏ ပိုင်နက်ထဲ ရောက်နေ သောကြောင့် သက်ပြင်း ချလိုက်တော့သည်။ သူက ဆိုင်အကူကို ကျောက်စိမ်းပုလင်း လှမ်းပေးလိုက်ပြီး …
“ဒီမှာ အလုပ် လုပ်ရတာ ပင်ပန်းမှာပဲဗျာ ... အထဲမှာ မြေကမ္ဘာ ယွမ်ဆေးလုံး ခြောက်လုံး ပါပါတယ် ... ကျုပ်ကို မြေအောက်ဈေးကို ခေါ်သွားပေးလို့ ရမလား ...”
ဆိုင်အကူက မိုဝူကျီ ဆေးလုံးများကို လက်ခံလိုက်ရသည့် အခိုက်အတန့်တွင် သူ့လက်များက တုန်ယင်လာပြီး ကျောက်စိမ်း ပုလင်းပင် ပြုတ်ကျလုနီးပါး ဖြစ်သွားလေသည်။ သူလုပ်ဖို့ လိုအပ်သည်က လိုက်ပို့ပေးရုံသာ ဖြစ်ပြီး ဘောက်ဆူး အနေနှင့် မြေကမ္ဘာ ယွမ်ဆေးလုံးများက များလွန်းလှသည်။ သို့သော်လည်း ထိုဈေးဝယ်သည် သူ့အား အစကတည်းမှ ဆေးလုံးများကို ထုတ်ပေး နေလေသည်။
ဒီဟာ အတုတော့ မဟုတ်လောက် ပါဘူးနော် ... ဆိုင်အကူက ထိုအတွေးဖြင့် ကျောက်စိမ်း ပုလင်းကို ဖွင့်လိုက်တော့သည်။ ချက်ချင်းဆိုသလို ကျောက်စိမ်း ပုလင်းထဲရှိ ဆေးလုံးများမှာ အစစ်အမှန် ဖြစ်ကြောင်း ပြောနိုင်၏။ ဆိုင်အကူ အနေနှင့် သူသည် အစစ်နှင့်အတုကို ကောင်းစွာ ခွဲခြားနိုင်သည်။
“ဒါက ... ဒါက ...” ထိုမြေကမ္ဘာ ယွမ်ဆေးလုံး ခြောက်လုံးသည် ဆိုင်အကူအား ကယောက်ကယက် ဖြစ်သွားစေသည်။ အစပိုင်းတွင် သူသည် မြေပုံလေး ရောင်းချခြင်းက သူ့အတွက် စိတ်စွမ်းအင် ကျောက်တုံး များစွာ မရသဖြင့် အပိုဝင်ငွေ ရအောင် လုပ်ချင်မိခဲ့သည်။ သို့သော်လည်း ထိုသို့ ဆုလာဘ်ကို ရရှိသည့်အတွက် မယုံကြည်နိုင်ဖွယ် ဖြစ်နေလေသည်။
အဆင့်လေး ဆေးလုံးဆရာ တစ်ယောက် အနေနှင့် ထိုဆေး ခြောက်လုံးသည် မိုဝူကျီအတွက် ဘာမှမဟုတ်ပေ။ သူက ရက်ရောဟန် ဆောင်နေခြင်းလည်း မဟုတ်ပေ။ အကြောင်းမှာ သူက ပျောက်ဆုံး ကောင်းကင်မြို့ပျက်ထဲသို့ ရောက်လာပြီး နောက်ပိုင်း သူ ဘယ်နေရာ သွားသွား သူ့အသက်လေး ကာကွယ်ရမည်။ ဆိုင်အကူကို သူ့အတွက် ဘာမှ မဟုတ်သည့် အရာကို ပေးလိုက်ခြင်းက ထိုဆိုင်အကူလေးသည် သူ့ကို မကြံစည်တော့ကြောင်း သေချာ သွားစေသည်။ ဆိုင်အကူလေးက သူ့ကို မြေပုံဝယ်ဖို့ရာ ခေါ်သွားမည် ဆိုလျှင် သူ့အသက်လေးကို ကယ်တင် နိုင်လိမ့်မည်။
ထိုလူလေးက ရင်ဘတ် ပုတ်ပြကာ ပြောလိုက်သည်။
“သခင်လေး စိတ်မပူနဲ့တော့ ခင်ဗျား တန်ဖိုး အရှိဆုံးအရာ ဝယ်နိုင်ဖို့ အကောင်းဆုံး ဆိုင်ခေါ်သွား ပေးမယ် ... ”
ဆိုင်အကူက မိုဝူကျီ၏ ပေးကမ်းခြင်း နောက်မှ အဓိပ္ပာယ်ကို ကောင်းကောင်း သဘောပေါက်၏။
မိုဝူကျီက မြေအောက်ဈေး အကြောင်း နည်းနည်းတော့ နားလည် သွားလေ၏။ လူတချို့သာ သိရှိပြီး ရောင်းဝယ်ရာတွင် သိသိသာသာ ရောင်းဝယ်ခြင်း မရှိသည့်အတွက် မြေအောက် ရောင်းဝယ်ရေးဟု သတ်မှတ်ခြင်း ဖြစ်ရမည်။
ဆိုင်အကူက မိုဝူကျီကို အမှန်တကယ် မြေအောက်ဈေးကို ခေါ်ဆောင် သွားသည့်အခါမှ သူနားလည်မှု လွဲနေကြောင်း သိလိုက်ရသည်။ မြေအောက်ဈေးသည် အမှန်ပင် မြေအောက်သာ ဖြစ်နေသည်။
ဆိုင်အကူ၏ လမ်းညွှန်မှု အောက်တွင် မိုဝူကျီက လျှို့ဝှက်နေရာမှ မြေအောက်ဈေးထဲ ရောက်သွားတော့သည်။
ဤဈေးသည် မီတာ ၆၀ လောက် ကျယ်ဝန်းပြီး မြေအောက်တွင် တည်ရှိလေသည်။ မိုဝူကျီက ဤနေရာတွင်လည်း လူအချို့တော့ ရှိကြောင်း ပြောနိုင်သည်။ နေရာ အကျယ်အဝန်း အတွက် မိုဝူကျီသည် သေချာ မပြောနိုင်ပေ။ အကြောင်းမှာ ဘေးတွင် မှေးမှိန်မှိန် မီးများဖြင့် ထွန်းလင်းထား၍ ဖြစ်ကာ တစ်ခါတစ်ရံတွင် အလင်း ကျောက်တုံးဖြင့် ထွန်းညှိထားသည်။ ကြည့်ရသည်မှာ ထိုအလင်းများသည် တစ်ခုခုကို ဝှက်ဖို့ ကြိုးစားထားဟန် ပေါက်နေသည်။
အလင်း ကျောက်တုံးပေါ်မှ အလင်း အစီအရင်များ အတွက် မိုဝူကျီက တစ်ခုမျှ သတိမပြုမိပေ။
ဆူညံခြင်း အလျှင်းမရှိ သွားလာနေကြသော ကျင့်ကြံသူများစွာ ရှိကြသည်။ အားလုံးက စည်းကမ်း တစ်ခုကို လိုက်နာနေကြသည့် အလား တိတ်တဆိတ် ဝယ်ယူ၍ တိတ်တဆိတ် ပြန်ထွက် သွားကြသည်။
ဆိုင်အကူက မိုဝူကျီကို အခြားဆိုင်များထက် ပိုမှေးမှိန်သည့် အလင်း ထွန်းညှိထားသော ဆိုင်ကို ခေါ်သွားလိုက်သည်။ ထို့နောက် တိုးတိုးလေး ပြောလိုက်သည်။
“ဒီဆိုင်က ရိုးရိုးလေးချီရဲ့ ဆိုင်ပဲ၊ ဒီမှာ ရောင်းသမျှ ပစ္စည်းအားလုံးက သေချာပေါက် အစစ်အမှန် တွေချည်းပဲဗျ၊ တကယ်လို့ သခင်လေး လိုနေတဲ့ အရာကို ဒီနေရာက ဝယ်ရင် အရှုံးမရှိဘူး ... ”
“ကျေးဇူးပါ ... ခင်ဗျားလည်း ဆက်လုပ်စရာရှိတာ လုပ်ပါ ...” မိုဝူကျီက ပခုံးကို ပုတ်လိုက်ရင်း ဆိုင်အကူကို ကျေးဇူး တင်လိုက်သည်။
“ကောင်းပါပြီဗျာ ...” ဆိုင်အကူက မိုဝူကျီသည် သူ့လမ်းညွန်မှုကို စိတ်ကျေနပ် သွားကြောင်း သိသည့်အခါ အားတက်သရော ပြန်ပြောလိုက်ပြီး အမှောင်ထဲတွင် ပျောက်ကွယ် သွားတော့သည်။
***