ကွက်ကျော်ခြင်း
Vol. 13 Ch. 176
အရပ်ရှည်ရှည် အမျိုးသားက စိတ်စိတ်စွမ်း ကျောက်တွင်းသို့ ဝင်လာသည့်အခါ သူ့မျက်နှာကား ချက်ချင်းပင် ပြောင်းလဲသွားလေ၏။
“ဘာဖြစ်တာလဲ ... ” ရိုးရိုးလေးချီက ညင်ညင်သာသာ မေးလိုက်သည်။ သူက အရပ်ရှည်ရှည် အမျိုးသား၏ အမူအရာကို မြင်တွေ့ပြီးပြီ ဖြစ်၏။ ကြည့်ရသည်မှာ သူ့စိတ်ထင့်မှုက မှားတော့ မမှားချေ။ သူက အခက်အခဲ များစွာနှင့် နောက်ဆုံးတွင် နတ်ဘုရား ရွှေနေကြာကို တွေ့သော်လည်း အခိုးခံလိုက် ရသည်လား ... သူက အော်ဟစ် ငိုချင်သော်လည်း မျက်ရည် ထွက်မလာပေ။
အရပ်ရှည်ရှည် အမျိုးသားက မျက်ရည်များ ရွှဲနေပြီး ပြောလိုက်သည်။
“တစ်ယောက်ယောက် လာပြီး နတ်ဘုရား ရွှေနေကြာကို တူးသွားပြီ. ...”
ရိုးရိုးလေးချီက လက်သီး တင်းတင်းကျပ်ကျပ် ဆုပ်လိုက်သောကြောင့် သွေးကြောများပင် ထောင်နေလေသည်။ သူ့လက်များက ဒေါသကြောင့် တုန်ခါနေ၏။ သိသာလှစွာ သူ့စိတ်ထဲမှ ဒေါသ တရားများကို မြင်နိုင်လေသည်။
ထိုသည်က ရိုးရိုးလေးချီ တစ်ယောက်တည်း မဟုတ်ပေ။ ပဝါနက်နှင့် အမျိုးသမီးက အသက်ရှူထုတ် သံကား မြန်ဆန် လာလေသည်။ သူမသည်လည်း ဒေါသထွက်နေခြင်း ဖြစ်သည်။
“မင်းတို့ သုံးယောက်အပြင် ဒီနေရာကို တခြား ဘယ်သူသိသေးလဲ … ” ခဏကြာသည့်အခါ ရိုးရိုးလေးချီက ပြောလိုက်သည်။
အရပ်ရှည်ရှည် အမျိုးသားက ခေါင်းခါပြကာ …
“မရှိဘူး ... ကျွန်တော်တို့ သုံးယောက်တည်း သိတာပါ …”
အကယ်၍ မိုဝူကျီသာ ရှိနေမည် ဆိုလျှင် ထိုလူကို ငတုံးငအဟု ခေါ်မိလောက်သည်။ သူသာ ဖြေရမည့်သူ ဆိုလျှင် သူက သေချာပေါက် သူတို့အပြင် နောက်ထပ် သိသေးသည့်သူ ရှိကြောင်း ပြောလိမ့်မည်။ ထို့အပြင် ထိုသူ၏ နေရာကိုပါ သိကြောင်း ထပ်ပြောလိုက်မည်။ ထိုနည်းလမ်းဖြင့် ရိုးရိုးလေးချီသည် သူ့ကို ချက်ချင်း သတ်မည် မဟုတ်ပေ။ သူ့အား ဆက်၍ လမ်းပြခိုင်းလိမ့်မည်။
ရိုးရိုးလေးချီနှင့် ပဝါနက် အမျိုးသမီးတို့က တစ်ယောက်ကိုယ် တစ်ယောက် ကြည့်လိုက်ကြပြီး ထိုကျင့်ကြံသူက လိမ်ညာနေတာ မဟုတ်ကြောင်း ပြောနိုင်သည်။ ရိုးရိုးလေးချီက လက်ဝါးနှစ်ချက် လွှတ်လိုက်တော့သည်။
ထိုသနားစရာ နှစ်ယောက်ကား စိတ်စွမ်းအင် ကျောက်တွင်းကိုပင် သေချာ မခံစားရသေးခင် ရိုးရိုးလေးချီကြောင့် သေဆုံး သွားလေပြီ။
ထိုနေရာနှင့် မိုင်တစ်ထောင်လောက်ပင် မရှိသော နေရာတွင် မိုဝူကျီက အင်မော်တယ် ဂူ တူးနေရာမှ ခေတ္တရပ်နား နေလေ၏။ သူက ထိုဧရာမ ပစ္စည်းကြီးကို တစ်ချိန်လုံး သူ့ကျောပေါ်တွင် တင်ထားရသည်။ သူ့ကဲ့သို့ စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်ပင် ပင်ပန်းလာလိမ့်မည်။
ကံကောင်းလှစွာ ဤနေရာကား ပုန်းခိုရန်အတွက် အလွန် သင့်တော်သည်။ ရေမရှိသည့် မြစ် ဖြစ်၏။ မြစ်ထဲတွင် မြစ်ကြမ်းပြင်ကား ဆယ်မီတာ မက နက်သည်။ ကြည့်ရသည်မှာ နက်ရှိုင်းသည့် ချောက်ကြီးနှင့် တူသော်လည်း မြစ်ကြမ်းပြင်တွင် ပင့်ကူအိမ်နှင့် တူသည့် ပပ်ကြားအက်များ ရှင်းရှင်းလင်းလင်း တွေ့နေရသောကြောင့် ချောက်ကြီးတော့လည်း မဟုတ်သေးပေ။
သိသာလှစွာ ထိုမြစ်ကား ခြောက်သွေ့ သွားသည်မှာ မကြာသေးလောက်ပေ။ မဟုတ်လျှင် ထိုပပ်ကြားအက်များက ရှိမည် မဟုတ်ပေ။
မိုဝူကျီက မြစ်အလယ်မှ နေရာကောင်း တစ်ခု ရှာလိုက်ပြီး အင်မော်တယ်ဂူကို စတင် တူးတော့သည်။ ချောက်ကမ်းပါး ဘေးတွင် အင်မော်တယ်ဂူ တူးနေခြင်းနှင့် ပို၍ ဆင်တူသည်။ ဘေးကင်း၍ လုံခြုံစိတ်ချ ရသည်။ ထို့အပြင် ဂူရှေ့တွင် မြက်ခြောက်များနှင့် အမြစ်များ ရှိနေ၍ မထင်မရှား ဖြစ်စေ၏။
မိုဝူကျီက အသစ်တူးယူ ထားသည့် မြေကြီးများကို ဖယ်ကာ အဝေးသို့ ထားလိုက်သည်။ သူက ဤနေရာတွင် အချိန်တစ်ခု အထိ နေထိုင်ရန် ဆုံးဖြတ်ထားလေ၏။
သူ့တွင် ဤနေရာတွင် နေထိုင်ရမည့် အကြောင်းပြချက် တချို့ ရှိလေသည်။ ပထမဆုံးမှာ သူ့ကျောပေါ်တွင် ဧရာမ ပစ္စည်းကြီး ရှိနေသည်။ ထို့ကြောင့် ဝေးဝေး မသွားနိုင်ပေ။ ယခုတွင် သူက ဤမြစ်ကမ်းပါးဘေး စိတ်ချရသည့် နေရာတွင် မြှုပ်ထားလိုက်မည်။ ဒုတိယအနေနှင့် သူက စိတ်ဝိညာဉ်ကို တည်ဆောက်ပြီးခါစ ဖြစ်ကာ သူ့တွင် စိတ်စွမ်းအင် ကျောက်တုံးများစွာ ရှိနေသေး၏။ ထိုသည်က သူ့အတွက် ကျင့်ကြံဖို့ရာ အကောင်းဆုံး ဖြစ်လေသည်။
ပို၍ အရေးကြီးသည်က မိုဝူကျီက ပြန်မသွားရဲသေးပေ။ သူက စိတ်ဝိညာဉ်ကို တည်ဆောက်ပြီး သော်လည်း ကောင်းကင်ဖွေရှာ နန်းတော်သို့ ပြန်ရောက်သည်နှင့် အသတ်ခံရကိန်း ရှိသေးသည်။
သူ့ဝရမ်းက ပျောက်ဆုံးကောင်းကင် မြို့ပျက်ထဲ ရောက်နေပြီ ဖြစ်သောကြောင့် ဂျင်ကျွိကျန်း နောက်မှ လူကား ပါရမီရှင် ဖြစ်ကြောင်း သိသာသည်။ ထို့အပြင် ထိုပါရမီရှင်က ဂျင်ကျွိကျန်း အသတ်ခံရမှုတွင် သူ ပါဝင်ကြောင်း သံသယ ဝင်နေလေသည်။ အကယ်၍ သူ့တွင်လည်း နောက်ခံရှိပါက တခြားသူ၏ သံသယဝင်မှုကို ကြောက်စရာ လိုမည် မဟုတ်ပေ။
သို့သော်လည်း သူ့တွင် နောက်ခံ မရှိပေ။
နောက်တစ်ချက် ရှိသေး၏။ ဤခမ်းခြောက်မြစ်ကား စိတ်စွမ်းအင် ကျောက်တွင်းနှင့် သိပ်မဝေးချေ။ အကယ်၍ သူ့တွင် စိတ်စွမ်းအင် ကျောက်တုံးများ ပြတ်လပ်သွားပါက နောက်တစ်ကြိမ် ထပ်သွားယူရန် ဖြစ်သည်။
ထိုသည်က မိုဝူကျီ၏ စိတ်ကူးယဉ် အခြေအနေသာ ဖြစ်၏။ အကယ်၍ သူသာ ရိုးရိုးလေးချီက သူ့အား လာရှာမည်ကို သိလျှင် သူက စိတ်စွမ်းအင် ကျောက်တွင်း အပြင်တွင် အမှတ်အသား ထားခဲ့လျှင်ပင် သူက နီးနီးနားနားတွင် ကျင့်ကြံရဲမည် မဟုတ်ပေ၊။
သို့သော် ကံဆိုးမှုထဲမှ ကံကောင်းမှုသာ ဖြစ်လိမ့်မည်။
မိုဝူကျီက ရိုးရိုးလေးချီ ရောက်ရှိလာမှုကို မသိပေ။ ထို့ကြောင့် သူက စိတ်စွမ်းအင် ကျောက်တွင်းနှင့် နီးနီးနားနားတွင် ကျင့်ကြံရဲခြင်း ဖြစ်သည်။ တစ်ချိန်တည်းတွင် ရိုးရိုးလေးချီသည် သူ့နတ်ဘုရား ရွှေနေကြာကို ယူသွားသူသည် ထွက်မပြေးဘဲ အနီးတွင် ကျင့်ကြံ နေလိမ့်မည်ဟု မည်သို့ ထင်ထားမည်နည်း။
ထို့ကြောင့် မိုဝူကျီက သူ့ကျင့်ကြံခြင်းကိုသာ အာရုံရှိစဉ် ရိုးရိုးလေးချီနှင့် အမျိုးသမီးတို့သည် သူတို့၏ ရှာဖွေရေး၌သာ အာရုံရှိကြလေသည်။
ကျင့်ကြံသူပင် ဖြစ်စေ၊ သုတေသီပင် ဖြစ်စေ အချိန်ကား တန်ဖိုး အရှိဆုံးအရာ ဖြစ်သည်။ မိုဝူကျီက သုတေသီရော၊ ကျင့်ကြံသူပါ ဖြစ်သည့်အတွက် သူ့က စတင် ကျင့်ကြံသည်နှင့် အာရုံထွေပြားမှု များကို လွှတ်ချလိုက်တော့သည်။ ထိုအခြေအနေတွင် တစ်ယောက်ယောက်က သူ့ဂူထဲ ဝင်လာပြီး အိတ်သွန်ဖာမှောက် ရှာမှသာ အသိပြန်ကပ် လာလိမ့်မည်။
ထိုသည်က မိုဝူကျီ စိတ်စွမ်းအင် ကျောက်တွင်းတွင် မကျင့်ကြံရဲသည့် အကြောင်းတစ်ချက် ဖြစ်သည်။ အကယ်၍ သူသာ ထိုနေရာတွင် နေပြီး ကျင့်ကြံပါက သူ့အလောင်းပင် ခြောက်သွေ့ သွားလိမ့်မည်။
မိုဝူကျီ သိုလှောင်အိတ်ထဲမှ စိတ်စွမ်းအင် ကျောက်တုံးများကို အကုန် ထုတ်လိုက်ပြီး သူ့ ၁၀၀ခုမြောက် ချီသွေးကြောက စတင် လှည့်ပတ်ကာ ဝိညာဉ် စွမ်းအားများကို တအံ့တဩ နှုန်းဖြင့် စုပ်ယူ လိုက်တော့သည်။ ထို့အပြင် ဘေးပတ်ဝန်းကျင်မှ စွမ်းအားများက သိပ်သည်းနေသည့် အတွက် မိုဝူကျီသည် စက္ကန့်နှင့်အမျှ ကျင့်ကြံခြင်း တိုးတက် လာလေသည်။
နှစ်လ ကြာသည့်အခါ သူက စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်တစ်ကို ကျော်ကာ စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်၂သို့ ရောက်ရှိ သွားလေပြီ။ ထို့နောက် မကြာခင်တွင် မိုဝူကျီက စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်၃သို့ ရောက်ရှိ သွားတော့သည်။ ရှစ်လကြာသည့် အခါ သူက စိတ်ဝိညာဉ် တည်ဆောက်ခြင်း အစပိုင်း အဆင့်များကို ကျော်လွန်သွားပြီး စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်၄သို့ ရောက်ရှိ သွားတော့သည်။ ချီသွေးကြာ ၁၀၀နှင့်အတူ သူက အဆင့်နိမ့် ကျင့်ကြံခြင်းများတွင် ပိတ်ဆို့တားဆီးမှုနှင့် မတွေ့ပေ။
ထိုစဉ် မိုဝူကျီက ကျင့်ကြံရာမှ နိုးထလာလေသည်။ သူ့တွင် ရွေးချယ်စရာ မရှိပေ။ သူ့တွင် စိတ်စွမ်းအင် ကျောက်တုံးများ ပြတ်လပ် သွားလေပြီ။
မိုဝူကျီက စိတ်စွမ်းအင် ကျောက်တွင်းမှ စိတ်စွမ်းအင် ကျောက်တုံးများကို ယူကာ ဆက်၍ ကျင့်ကြံချင်သည်။ သို့သော် သူ့ကား ယန်အာကို တွေ့ချင်လာမိသည်။ ရှစ်လ ကုန်ဆုံး သွားသည့်အတွက် ယန်အာကို တွေ့ဖို့ရာ ပြဿနာရှိမည် မဟုတ်လောက်ပေ။
မိုဝူကျီက သူ့ကိုယ်သူ နှစ်သိမ့်နေမှန်း သိသည်။ သူ ပြန်ရောက်သည်နှင့် အန္တရာယ်ကား ရှိနေဆဲ ဖြစ်သည်။ သို့သော်လည်း မိုဝူကျီက ယန်အာကို မမြင်သရွေ့ စိတ်အေးမည် မဟုတ်ပေ။
မဟုတ်သေးပါဘူး ... ငါ ပြန်သွားရမယ် …
ထိုခရီးကား တစ်နှစ်လောက် ကြာသွားသော်လည်း ယန်အာ ဘာလုပ်နေမည်ကို မသေချာပေ။ ယန်အာအပြင် ဖေးပင်းကျူနှင့် အခြားလူများလည်း ရှိသေးသည်။ သူတို့ကို ကောင်းကင်ဖွေရှာမြို့တွင် လာတွေ့မည်ဟု ကတိပေးထားသေး၏။ ကောင်းကင်ဖွေရှာ နန်းတော်တွင် ရှိနေသော တစ်နှစ်လုံးတွင် မိုဝူကျီက ဖေးပင်းကျုဆီ သွားမလည် ရသေးပေ။
မိုဝူကျီက ထွက်သွားရန် ဆုံးဖြတ်ချက် ချလိုက်တော့သည်။ ထိုစဉ် ရုတ်တရက် အသံ စူးစူးဝါးဝါးကို ကြားလိုက်ရသည်။ ထိုအသံကား မြစ်ကမ်းဘေးထိ ရောက်ရှိလာသည်။ မိုဝူကျီက သူ့ဂူမှ ထွက်ကြည့်လိုက်ကာ ထိုအသံကား ဓားလွင့်စဉ် သွားရာမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
နောက်အခိုက်အတန့်တွင် သွေးသံရဲရဲ လူငယ် တစ်ယောက်က မြစ်ကမ်းဘေးသို့ ပြေးလာပြီး ထိုဓားကို ကောက်ယူလိုက်သည်။
နောက်တစ်ယောက်က သူ့နောက် လိုက်လာကာ ထိုလူတွင် ငွေရောင်ဆံပင်များ ရှိ၏။ အသားရောင်သည်လည်း ဖြူဆွတ်နေကာ မျက်နှာဖြူ ကဲ့သို့ ဖြစ်နေလေသည်။ သူ့လက်ထဲမှ မှော်ရတနာကား လူတွေ၏ စိတ်ထဲတွင် ကြောက်ရွံ့ကြသော ပြာလဲ့နေသည့် လက်သည်းငါးခု ဖြစ်သည့် နဂါးလက်သည်း ဖြစ်လေသည်။
“ရန်ထျန်းရှင်း မင်းငါ့ကို နေရာ ပြောပြရင် မင်းကို ကောင်းကောင်း သေခွင့်ပေးမယ် ...” ငွေရောင်ဆံပင် အမျိုးသားက သွေးသံရဲရဲ အမျိုးသားရှေ့တွင် ရောက်လာပြီး အေးစက်စွာ ပြောလိုက်သည်။
“ဟားဟား ...” လူငယ် ရန်ထျန်းရှင်းက မချိတင်ကဲ ရယ်မောလိုက်ကာ …
“ရှောက်ကွမ်ကျင်း မင်းက ဘာမို့လို့လဲ ... ငါ ရန်ထျန်းရှင်းက ခြိမ်းခြောက်လို့ ရတဲ့လူ မဟုတ်ဘူးကွ ... မင်းမှ မဟုတ်ဘူး မင်းတို့ ကျောက်စိမ်း ကွန်ရက်ဂိုဏ်း တစ်ခုလုံး ရောက်လာရင်တောင် နောက်မဆုတ်ဘူး ...”
မိုဝူကျီက ဤကျောက်စိမ်းကွန်ရက်နှင့် ရင်းနှီးလေသည်။ သူကား ထိုဂိုဏ်းမှ ရှောက်ဖန်ဟု ခေါ်သော လူနှင့် ရန်ငြိုး ရှိခဲ့ဖူးသည်။ ယခု ထိုသူက ကျောက်စိမ်းကွန်ရက်မှ ဖြစ်နေကာ မျိုးရိုးနာမည် “ရှောက်” ပင် တူနေသေးသည်။ သူက ရှောက်ဖန်နှင့် တစ်ခုခု တော်စပ်လိမ့်မည်။
ကျောက်စိမ်း ကွန်ရက်ဂိုဏ်းမှ ရှောက်ကွမ်ကျင်း နာမည်ကို ကြားပြီးသည့် နောက်တွင် မိုဝူကျီက သွေးသံရဲရဲ လူငယ်အား လှည့်ကြည့်လိုက်သည်။
ရန်ထျန်းရှင်းလား ... ထိုနာမည်က ရင်းရင်းနှီးနှီး ရှိလှသည်။
မိုဝူကျီက နောက်ဆုံးတွင် မှတ်မိသွားလေ၏။ သူ ကောင်းကင်ဖွေရှာ နန်းတော်မှ ထွက်မလာခင် သူက အလုပ်ခန်းမကို သွားရောက်ခဲ့သည်။ အဝင်တွင် ကောင်းကင်လှေကား တက်ထားကြသည့် လူများ၏ ကောင်းကင်ဖွေရှာ နန်းတော်အဆင့် ဇယားရှိသည်။ ထိုပထမတွင် ရှိနေသည့် ကျီဟန် အပြင် ရန်ထျန်းရှင်းကား တတိယနေရာတွင် ရှိလေသည်။
ကောင်းကင်ဖွေရှာ နန်းတော်၏ တတိယနေရာကား အရမ်းကို အားကောင်းသင့်၏။ သို့သော် သူက ထိုကျောက်စိမ်း ကွန်ရက်မှ လူကို မနိုင်ဘူးတဲ့လား ...
ရှောက်ကွမ်ကျင်းက အေးအေးစက်စက် ပြောလိုက်သည်။
“မင်းက သေချင်နေမှတော့ ဖြည့်ဆည်း ပေးရတာပေါ့ ...”
သူ့လက်ထဲက နဂါးလက်သည်းကို မြှောက်လိုက်သည့် အခါ ကြောက်မက်ဖွယ် အေးစက်စက် အလင်းတွင် သေခြင်းတရား အငွေ့အသက်တို့ ရောပြွမ်းနေလေသည်။
မိုဝူကျီက စတင်၍ သံသယ ဝင်လာမိသည်။ ရှောက်ကွမ်ကျင်းသည် ရန်ထျန်းရှင်းနှင့် ရင်ဆိုင်နေတာ ဖြစ်သော်လည်း အဘယ်ကြောင့် သူက သေခြင်း အငွေ့အသက်များကို ခံစားမိနေသနည်း။ သူက စိတ်ဝိညာဉ် တည်ဆောက်ခြင်း အလယ်အလတ် အဆင့်သို့ ရောက်ပြီး အာရုံခံနိုင်စွမ်းများ သိသိသာသာ တိုးတက် လာသည်များလား။ သူက ရှောက်ကွမ်ကျင်းမှ ရန်ထျန်းရှင်း အပေါ်ရှိ လူသတ်စိတ်များပါ ခံစားမိနေသည်။
ရန်ထျန်းရှင်းက မတုန်မလှုပ် ကျန်ရှိနေကာ သူက လက်ဖြင့် နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်ပြီး မထီမဲ့မြင် ပြောလိုက်သည်။
“ရှောက်ကွမ်ကျင်း ငါ ယွမ်ဒန်အဆင့် ရောက်တဲ့အထိ စောင့်နေ ... မင်းလို အမှိုက်မျိုးကို အလွယ်လေး ဖျက်ဆီးပစ် နိုင်တယ် ... ”
မိုဝူကျီက အခြေအနေကို သဘောပေါက် သွားသည်။ ဤရန်ထျန်းရှင်းသည် ယွမ်ဒန်အဆင့်သို့ မတက်လှမ်း နိုင်သေးသော်လည်း ရှောက်ကွမ်ကျင်းသည် ယွမ်ဒန်အဆင့်သို့ ရောက်ရှိပြီးလေပြီ။ ရန်ထျန်းရှင်းက လူသားအဆင့်လွန် နောက်ဆုံး အဆင့်သာ ရှိနေပြီး သူကဲ့သို့ လူသား အဆင့်လွန် ကျင့်ကြံသူ အတွက် ယွမ်ဒန်အဆင့် ကျင့်ကြံသူကို ရင်ဆိုင်နိုင်မည် မဟုတ်ပေ။ မဖြစ်နိုင်တာ မဟုတ်သော်ငြား အလွန်အံ့ဖွယ် ဖြစ်လိမ့်မည်။
“အဲဒါဆို သေလိုက်တော့ ...” ရှောက်ကွမ်ကျင်း၏ နဂါးလက်သည်းက ကြောက်မက်ဖွယ် အလင်းများဖြင့် ရှေ့သို့ ရောက်ရှိလာလေသည်။
ထိုစဉ် မိုဝူကျီက အဖြစ်အပျက်ကို နားလည် သွားတော့သည်။ ထိုရှောက်ကောင်လေးက ရန်ထျန်းရှင်းကို သတ်ဖို့ ရည်ရွယ်တာ မဟုတ်ဘဲ သူ့ကို ဖြစ်၏။ သူ့ လူသတ်ငွေ့ ခံစားရသည့် ကိစ္စက အထူးအဆန်း မဟုတ်တော့ပေ။ သူ့ဦးတည်ချက်ကား ရန်ထျန်းရှင်း မဟုတ်ဘဲ မိုဝူကျီဆီ ဖြစ်နေသည်။
မိုဝူကျီက လူသတ်ငွေ့ကို စောစောစီးစီး ခံစားမိ၍ စိတ်ဝိညာဉ် တည်ဆောက်ခြင်း အလယ်အလတ် အဆင့်သို့ ရောက်ရှိသွားသည့် ကိစ္စကို ဝမ်းမြောက် နေလေသည်။ မဟုတ်လျှင် သူက မသိလိုက်ဘဲ သေသွားနိုင်သည်။
မိုဝူကျီ ခန္ဓာက ဘေးသို့ ရွေ့လိုက်ပြီး သူ့ထျန်းဂျီတုတ်ထဲ သဘာဝ စွမ်းအားများ စုစည်းလိုက်သည်။ သူက နဂါးလက်သည်း၏ ကြောက်စရာ ကောင်းမှုကို နားလည်ကာ ရှောင်ရှားလိုက်ခြင်းက သူ့အား ကူညီနိုင်မည် မဟုတ်ပေ။ အကြောင်းမှာ နဂါးလက်သည်းမှာ ပစ်သူထံ ပြန်လာနိုင်သည့် သက်ရောက်မှု ရှိသောကြောင့် သူရှောင်လိုက်လျှင်ပင် ပြန်ရောက်လာ နိုင်သေးသည်။ သူက နဂါးလက်သည်းကို ခုခံလိုက်ပြီး တိုက်ခိုက်မှုကို တားဆီး ထားရမည်။
“ဒန် ...” ထျန်းဂျီတုတ်မှ မီးပွားများ ထွက်လာပြီး သဘာဝ စွမ်းအားများ ထွက်ပေါ်လာကာ မိုဝူကျီကို လွင့်စဉ်သွားစေသည်။ သူက သူ့ဂူနံရံဖြင့် ထိမိပြီး ချက်ချင်းပင် သွေးတစ်ပွက် အန်သွားလေသည်။
ယွမ်ဒန်အဆင့်ကား အမှန်ပင် သန်မာ အားကောင်းလှသည်။ မိုဝူကျီက သွေးများကိုပင် မသုတ်နိုင်ဘဲ ထျန်းဂျီတုတ်ကို မလိုက်ပြီး နောက်တစ်ဖန် ပြန်ရောက်လာသည့် နဂါးလက်သည်းကို ပြန်ခုခံလိုက်သည်။
“ဒန် ...” ဦးတည်ချက် အမျိုးမျိုးသို့ သဘာဝ စွမ်းအားများ ပွတ်တိုက်ကာ လွင့်စဉ် သွားကြပြီး မိုဝူကျီ၏ ဂူတစ်ဝက်ကို ဖျက်ဆီး သွားလေသည်။ မိုဝူကျီက မြေကြီးထဲတွင် လဲကျနေကာ တစ်ချိန်တည်းတွင် နဂါးလက်သည်းလည်း အားအင်များ လျော့ကျသွားဟန် ရှိသည်။
နဂါးလက်သည်းက ရှောက်ကွမ်ကျင်းဆီ ပြန်ရောက် သွားသည်ကို မြင်သောအခါ မိုဝူကျီက မသိမသာဖြင့် ထို့နောက်ကို လိုက်လိုက်သည်။ ထို့နောက် ထျန်းဂျီတုတ်ဖြင့် နဂါးလက်သည်းကို ခြေမွှ ရိုက်လွှတ်လိုက်သည်။
ငါ့ကို ချောင်းမြောင်း တိုက်ခိုက်ပြီးတော့ အလွယ်တကူ သွားလို့ ရမယ် ထင်နေလား ...
ရှောက်ကွမ်ကျင်းက လှုပ်ရှား လိုက်သောကြောင့် ရန်ထျန်းရှင်းလည်း လှုပ်ရှား လိုက်တော့သည်။ ရှောက်ကွမ်ကျင်းက ရန်ထျန်းရှင်း အပြုအမူကို မြင်သောအခါ စိတ်ထဲတွင် အေးစက်စွာ ရယ်မောလိုက်သည်။ လူသားအဆင့်လွန် အဆင့်လေးနဲ့ ငါ့ကို ရင်ဆိုင်ရဲတယ်ပေါ့ ... ဒီပမွှားကို သတ်ပြီးတာနဲ့ ပြန်ရောက်လာတဲ့ ငါ့ နဂါးလက်သည်းနဲ့ ရန်ထျန်းရှင်းကို သတ်ပစ်ရမယ် ...
***