← Chapters

ဂုဏ်မယူနိုင်ချေ

Vol. 13 Ch. 178

ဂုဏ်မယူနိုင်ချေ

Vol. 13 Ch. 178

“ကျွန်တော်က နောက်သွားရမဲ့ နေရာကို မဆုံးဖြတ်ရသေးခင် ဂိုဏ်းကို ပြန်မလို့ပါ ...” မိုဝူကျီက သူ့ရည်ရွယ်ချက်သည် ယန်အာဆီ တိတ်တခိုး သွားတွေ့ဖို့ရန် ဖြစ်သောကြောင့် ဖြေလိုက်သည်။ ထို့နောက်တွင် သူက ကောင်းကင်ဖွေရှာ နန်းတော်မှ ထွက်သွားမည် ဖြစ်၏။

ရန်ထျန်းရှင်းက ချက်ချင်း ပြောလိုက်သည်။

“ညီလေးမို ငါက ထိပ်တန်း မီးကျောက်တွေရှိတဲ့ နေရာကောင်း တစ်ခု တွေ့ထားတယ် ... အဲဒါကြောင့်မို့ ရှောက်ကွမ်ကျင်းက ငါ့ကို နှုတ်ပိတ် သတ်ချင်တာပဲ။ ညီလေးမိုနဲ့ငါတို့ဂိုဏ်းမပြန်ခင် အတူတူ သွားရအောင်လေ ...”

မိုဝူကျီက ခေါင်းခါလိုက်ပြီး …

“လက်ရှိ အနေအထားနဲ့ ဆိုရင် ကျွန်တော့် စွမ်းဆောင်ရည်က အတော်လေး နိမ့်နေ သေးတယ်။ အဲဒါကြောင့် ဂိုဏ်းကို ခိုးပြီး ပြန်ရမှာဗျ ... ကျွန်တော် ပြန်ရောက်တာနဲ့ လုပ်စရာရှိတာ လုပ်ပြီးရင် ထွက်သွားဦးမှာ ... အဲဒါကြောင့်မို့ ကျွန်တော်က ထိပ်တန်း မြေကမ္ဘာအဆင့် မီးတောက်တွေကို ရှာနိုင်မဲ့ စိတ်အခြေအနေ မဟုတ်သေးဘူးဗျ ... ”

မိုဝူကျီက ဤမီးတောက်သည် မည်မျှ အဖိုးတန်မှန်း သိသည်။ မဟုတ်လျှင် ရှောက်ကွမ်ကျင်းက ထိုအတွက်ဖြင့် လူသတ်ဖို့ရာ ကြိုးစားမည် မဟုတ်ပေ။ သို့သော်လည်း မိုဝူကျီက ထိုသို့ စိတ်အခြေအနေ မဟုတ်ရာ။ သူ့အင်အားများ တိုးတက် လာခြင်းအပေါ် လုံးဝ အာရုံစိုက် မထားခင် ယန်အာဆီ သွားတွေ့ချင် သေး၏။

ရန်ထျန်းရှင်းက ခေါင်းညိတ်ပြကာ …

“ညီလေးမို ပြောတာမှန်တယ် ... ငါတို့ နှစ်ယောက်လုံးက အင်အား မကြီးသေးဘူး ... ငါလည်း ဂိုဏ်းကနေ ထွက်လာတာ တစ်နှစ် ပြည့်တော့မှာ ... ငါတို့အတူတူ ဂိုဏ်းကို ပြန်ကြတာပေါ့ ...”

သူက ပြောပြီးသည်နှင့် ရန်ထျန်းရှင်းက တစ်ခုခုကို အမှတ်ရ သွားဟန်ဖြင့် …

“ညီလေးမို ... ဒါနဲ့ ဂိုဏ်းကို ဘာလို့ ခိုးပြန်ရမှာလဲ …”

ရန်ထျန်းရှင်းက သူ့ယုံကြည်မှုကို အလွဲသုံးစား လုပ်မည့်သူနှင့် မတူပေ။ အကယ်၍ သူက ထိုလူစားမျိုး ဖြစ်နေလျှင် သူက မြေကမ္ဘာ မီးကျောက်များ၏ တည်နေရာကို ဝေမျှပေးမည် မဟုတ်ပေ။ ထို့ကြောင့် မိုဝူကျီက အမှန်တိုင်း ပြောရန် ဆုံးဖြတ် လိုက်တော့သည်။

“ကောင်းကင်ဖွေရှာ နန်းတော်ရဲ့ တစ်ယောက်ယောက်က ကျွန်တော့်ကို သေစေချင် နေတာ၊ ပြီးတော့ ကျွန်တော့်လို အပြင်စည်း တပည့်က သိသိသာသာ ပြန်လာရင် ကျွန်တော်ကို သတ်နိုင်ခြေက မြင့်သွားမှာပေါ့ … ”

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဂျူနီယာ ညီလေးမိုက အပြင်စည်း တပည့် ဖြစ်နေရင်တောင် ကောင်းကင်ဖွေရှာ နန်းတော်က အကြောင်းရင်း မရှိဘဲ သတ်ခွင့်ပေး မထားပါဘူး … ” ရန်ထျန်းရှင်းက အံ့ဩတကြီး ပြောလိုက်သည်။

မိုဝူကျီက ထပ်ရှင်းပြ လိုက်သည်။

“ဂျင်ကျွိကျန်းရဲ့ နောက်ခံက ကျွန်တော် ဂျင်ကျွီကျန်းကို သတ်လိုက်တယ် ဆိုပြီး သံသယ ဝင်နေတာ။ အဲဒါကြောင့် ကျွန်တော့် ဝရမ်းကိုပါ ထုတ်ထားသေးတယ်။ ကောင်းကင်ဖွေရှာ နန်းတော်ကို ကျွန်တော် ပြန်လာမဲ့ အချိန်ကို စောင့်နေ လောက်တယ်။ ကောင်းကင်ဖွေရှာ နန်းတော်မှာ ကျွန်‌တော့အမျိုး တစ်ယောက်သာ ကျန်မနေခဲ့ရင် သေချာပေါက် ပြန်မှာ မဟုတ်ဘူးဗျ ... ”

“ဂျင်ကျွိကျန်းက အသတ်ခံလိုက် ရတာလား။ အကြီးအကဲဂျင်က မင်းကို သံသယ ဝင်ပြီးတော့ ဝရမ်း‌တောင် ထုတ်ထားတာလား …” ရန်ထျန်းရှင်းက အားလုံးကို ထုတ်ပြော လိုက်တော့သည်။ ကောင်းကင်ဖွေရှာ နန်းတော်ထဲမှ ဂျင်ကျွိကျင်း၏ နောက်ခံသည် အကြီးအကဲဂျင် ဖြစ်သည့်အတွက် အခြေအနေများကို မြန်မြန်ဆန်ဆန် သဘောပေါက် သွားတော့သည်။

“အဲဒါ အကြီးအကဲ ဂျင်လားတော့ ကျွန်တော် မသိဘူးဗျ … ” မိုဝူကျီက နှာခေါင်းပွတ်ရင်း ပြောလိုက်သည်။

ရန်ထျန်းရှင်းက ပြန်ဖြေလိုက်သည်။

“အကြီးအကဲဂျင်က ငါတို့ဂိုဏ်းက တော်တော်လေး အားကြီးတဲ့ ငါးယောက်မြောက် အကြီးအကဲပဲ။ သူက ဂျင်ကျွိကျင်းရဲ့ စီနီယာလေ။ ပြီးတော့ သူက ဂျင်ကျွိကျင်းကို ကောင်းကင်ဖွေရှာ နန်းတော်ဆီ ကိုယ်တိုင် ခေါ်လာခဲ့တာ။ တကယ်လို့ ဂျင်ကျွိကျင်းသာ အသတ်ခံရရင် သူက ငြိမ်ငြိမ်လေး နေမှာ မဟုတ်ဘူး။ ဒါပေမဲ့လည်း ငါတော့ အဲဒီလို တပည့်မျိုး အတွက် စိုးရိမ်နေမှာ မဟုတ်ဘူး … ”

တခြားနည်းဖြင့် ဆိုလျှင် ဂျင်ကျွိကျင်း၌ အသာလွန်ဆုံး ထိပ်တန်း ဝိညာဉ်ကြော ရှိသော်လည်း ရန်ထျန်းရှင်းက သူ့လို တပည့်မျိုးကို အလေး မထားဖူးပေ။

“ဟုတ်သား ဒါနဲ့ အကြီးအကဲဂျင်က ဘာလို့ မင်းကို သံသယ ဝင်သွားတာလဲ … ” ရန်ထျန်းရှင်းက တစ်ခုခု လိုနေသေးကြောင်း ခံစားမိ လိုက်သည်။ အကြောင်းမှာ ဂျင်ယွီသည် ဂိုဏ်း၌ ပါရမီရှင် ဖြစ်သော်လည်း သူက လုံလောက်သည့် သက်သေ မရှိဘဲ သံသယ ထားမည် မဟုတ်ပေ။

မိုဝူကျီက ကူကယ်ရာ မဲ့စွာ ပြန်ဖြေလိုက်သည်။

“ကျွန်တော်က ဂျင်ကျွိကျင်းကို သတ်ခဲ့လို့ပါ။ သင်ခန်းစာ ပို့ချတုန်းက ကျွန်တော်က ရှေ့တန်းမှာ ထိုင်တုန်း သူနဲ့ နည်းနည်း ပြဿနာ တက်ခဲ့တယ်။ ကျွန်တော် ကောင်းကင်ဖွေရှာ နန်းတော်က ထွက်လာတော့ သူက စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် လူနှစ်ယောက်ကို ခေါ်ပြီး ကျွန်တော့်ကို သတ်ဖို့ ကြိုးစားခဲ့တယ် … ”

ရန်ထျန်းရှင်းက မိုဝူကျီကို ကြောင်တောင်တောင် ကြည့်လိုက်၏။ အကြောင်းမှာ သူက အကြီးအကဲ ဂျင်ယွီသည် မိုဝူကျီကို အကြောင်းပြချက် ရေရေရာရာ မရှိဘဲ စွပ်စွဲမည် မဟုတ်ပေ။ အပြင်စည်း တပည့် တစ်ယောက်အတွက် ဂျင်ကျွိကျင်းကို သတ်ရဲသည့် သတ္တိရှိခြင်းက မိုဝူကျီက တစ်ခုခုတော့ ထူးခြားလေ၏။

သို့သော်လည်း မိုဝူကျီကဲ့သို့ စွမ်းဆောင်ရည် ရှိသည့် ကျင့်ကြံသူကို သတ်ဖို့ရာ စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် နှစ်ယောက်ကို ခေါ်သွားခဲ့သည့် ဂျင်ကျွိကျင်းက ရူးမိုက် နေခြင်းသာ ဖြစ်လိမ့်မည်။ ရန်ထျန်းရှင်းပင် မိုဝူကျီ၏ ကြောက်ခမန်းလိလိ အင်အားများ အကြောင်း သေချာမသိပေ။ ဂျင်ကျွိကျင်းသည် မိုဝူကျီကို သတ်ဖို့ ကြံသည့် အချိန်က မိုဝူကျီသည် ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်သာ ရှိသေးသည်။

“ဂျူနီယာ ညီလေးမို ဒီကိစ္စက မင်းအမှား မဟုတ်ပါဘူး။ အရေးကြီးတာက ဂျင်ယွီက မင်းက တရားခံလို့ ဘယ်လိုလုပ် သက်သေ ရသွားတာလဲ … ” ရန်ထျန်းရှင်းနှင့် ဂျင်ကျွိကျင်းတို့က ဂိုဏ်းတူ ဖြစ်သော်လည်း ဂျင်ကျွိကျင်းကဲ့သို့ တပည့်မျိုး အပေါ် အာရုံမရှိချေ။

မိုဝူကျီက ခဏတာ စဉ်းစားလိုက်ပြီး ပြန်ပြောလိုက်သည်။

“သူ့မှာ သက်သေတော့ ရှိမှာ မဟုတ်ဘူး။ ကျွန်တော်နဲ့ ဂျင်ကျွိကျင်းတို့ အရင်က ပြဿနာ တက်ဖူးတဲ့ အပေါ် မူတည်ပြီး ကောက်ချက် ချထားတာ ဖြစ်နိုင်တယ် … ”

သူက ထိုသို့ ပြောရဲသည်မှာ မိုဝူကျီက ဂျင်ကျွိကျင်းဆီမှ ဘာပစ္စည်းမှ ယူမထားပေ။ ထို့အပြင် သူက ထိုကိစ္စ ဖြစ်ပျက်ချိန်က ဘေးပတ်လည်ကို စိတ်စွမ်းအားဖြင့် စစ်ဆေး ကြည့်ခဲ့သေး၏။

ရန်ထျန်းရှင်းက လက်ခုပ် လက်ဝါးတီးကာ အားရပါးရ ရယ်မောလိုက်သည်။

“ဒီလို ဆိုမှတော့ ဂျူနီယာ ညီလေးမိုက ငါ့ဘေးက လိုက်ပြီး ကောင်းကင်ဖွေရှာ နန်းတော်ကို ပြန်လို့ရတယ်။ အကြီးအကဲဂျင်က မင်းရှေ့မှာ ရပ်နေရင်တောင် သူက မင်းရဲ့ ဆံချည် တစ်မျှင်ကိုတောင် ထိရဲမှာ မဟုတ်ဘူး ဆိုတာ ငါကတိပေးတယ်။ မင်း ကောင်းကင်ဖွေရှာ နန်းတော်က ထွက်သွားတဲ့ အချိန်ကျ သူက မင်းကိုသတ်ဖို့ အခွင့်အရေး ရှာတွေ့သွားမှာကို စိုးရိမ်မိသား … ”

“စီနီယာ အစ်ကိုရန်ကို ကျေးဇူး အများကြီး တင်ပါတယ်ဗျာ ... ကျွန်တော်လည်း အချိန်ရောက် လာတာနဲ့ ကောင်းကင်ဖွေရှာ နန်းတော်က ကိုယ့်ဘာသာ နည်းလမ်းရှာပြီး ထွက်သွား လိုက်ပါ့မယ် … ” မိုဝူကျီက အဖြစ်အပျက် တစ်ခုလုံးကို ရန်ထျန်းရှင်းအား ရှင်းပြလိုက်ပြီး သူ့ကို အနည်းငယ် ကူညီဖို့ရာ မျှော်လင့်မိ နေသည်။ ရန်ထျန်းရှင်းက သူ့အား မကူညီလျှင်ပင် ပြဿနာ အကြီးကြီးတော့ မဟုတ်ချေ။

ရန်ထျန်းရှင်းသည် ကောင်းကင် လှေကားထစ် အဆင့်ဇယားတွင် တတိယနေရာထိ တက်လှမ်းနိုင်မှန်း သိ၍ မိုဝူကျီသည် သူက ကောင်းကင်ဖွေရှာ နန်းတော်တွင်လည်း အဆင့်တန်း မြင့်သည့် ရာထူး ရှိလိမ့်မည်ဟု သံသယ ရှိမိသည်။ မိုဝူကျီ၏ ခန့်မှန်းချက်ကား မှန်ကန်ပေ၏။

သူ့စိတ် စွမ်းအားဖြင့် ကောင်းကင်ဖွေရှာ နန်းတော်မှ ထွက်သွားဖို့ရာ လမ်းကြောင်း ရှာဖို့ရာ အဘယ်ကြောင့် စိုးရိမ် နေရမည်နည်း။

“ဟုတ်ပြီ အရင် ပြန်ကြစို့ …” ရန်ထျန်းရှင်းက တဲ့တိုးသမားသာ ဖြစ်သည်။

နှစ်ယောက်သား ကောင်းကင်ဖွေရှာ နန်းတော် လမ်းသို့ ရောက်သောအခါ ရန်ထျန်းရှင်းက မိုဝူကျီသည် စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် ရှိသေးသော်လည်း သူနီးပါး မြန်ဆန်ကြောင်း ပြောနိုင်သည်။ စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့်မှ လူတစ်ယောက် အတွက် ရှောက်ကွမ်ကျင်း၏ နဂါးလက်သည်းကို ရှောင်ရှားနိုင်ခြင်းက အမှန်ပင် အံ့ဖွယ် ဖြစ်၏။

“ဂျူနီယာ ညီလေးမို ... မင်းက တကယ်ကို အားကောင်း ရက်သားနဲ့ ဘာလို့ အပြင်စည်း တပည့် ဖြစ်နေတာလဲ … ” ရန်ထျန်းရှင်းက သူတို့ နှစ်ယောက် ခရီးအတူတူ သွားရင်း ပို၍ ရင်းနှီး လာသောကြောင့် မေးကြည့်လိုက်သည်။

မိုဝူကျီက ဖြေဖို့ရာအပြင် ရွေးချယ်စရာ မရှိပေ။

“ကျွန်တော့် ဝိညာဉ်ကြောက အရမ်းကို အဆင့်နိမ့်တယ် ဒါပေမဲ့ ကျွန်တော် ဒီအခြေအနေ အထိ ရောက်လာတာက ကံကောင်းလို့ပါ … ”

“ဒီလိုကိုး ...” ရန်ထျန်းရှင်းက ခေါင်းညိတ်ပြ လိုက်သည်။ သူက အဆင့်နိမ့် ဝိညာဉ်ကြောနှင့် လူသည် အတွင်းစည်း တပည့် ဖြစ်ဖို့ရာ မည်မျှ ခက်ခဲကြောင်း သိ၏။ သူကဲ့သို့ တိုက်ရိုက်တပည့် ဖြစ်ရန် ပိုခက်ခဲပေသည်။ မိုဝူကျီ ဝိညာဉ်စွမ်းအား အငွေ့အသက်က မထင်ရှားသည့် အတွက် မိုဝူကျီသည် လိမ်ညာနေခြင်း မဟုတ်ကြောင်း သိနိုင်သည်။ အဆင့်နိမ့် ဝိညာဉ်ကြော ပိုင်ရှင်အတွက် ကောင်းကင်ဖွေရှာ နန်းတော်၏ အပြင်စည်း တပည့် ဖြစ်လာသည် ကပင် အလွန်အမင်း အံ့အားသင့်ဖွယ် ဖြစ်နေလေပြီ။

“ဒါနဲ့ ရှောက်ကွမ်ကျင်းရဲ့ နဂါးလက်သည်းကို ဘယ်လိုလုပ် တားနိုင်ခဲ့တာလဲ ... အဲဒါက ဝိညာဉ် ပစ္စည်းမှန်း သိရဲ့လား … ” ရန်ထျန်းရှင်းက သူ့စိတ်ထဲတွင် မေးခွန်းများ အတန်းလိုက် ရှိနေသေးသည်။

မိုဝူကျီက သူ့စိတ်စွမ်းအား အကြောင်း ထုတ်ဖော်ပြဖို့ရာ မဖြစ်သေးပေ။ ထို့ကြောင့် သူက ခဏတာ ရပ်လိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။

“စီနီယာ အစ်ကိုရန်လည်း အဲဒီဝိညာဉ် ပစ္စည်းတွေက ကျင့်ကြံသူတွေရဲ့ အမှတ်အသား ပါတာ သိမှာပါ။ အခြား သူတွေရော ကျွန်တော် ကိုယ်တိုင်တောင် အဲဒီ အမှတ်အသား နေရာကို မသိနိုင်ဘူး ... ကျွန်တော့် အရည်အချင်းက မဆိုးလောက်ရုံ ဆိုတော့ ရှောက်ကွမ်ကျင်းက နဂါး လက်သည်းနဲ့ တိုက်ခိုက်တဲ့ အခါ ကျွန်တော်က နဂါး လက်သည်းကို အလွတ်မပေးဖို့ ဆုံးဖြတ် ထားပြီးတော့ ဆက်တိုက် တိုက်လိုက်တာ … ရှောက်ကွမ်ကျင်းက သူ့ကိုယ်သူ အထင်ကြီးတာရယ် ကျွန်တော်လည်း ကံကောင်းတာရယ် ဆိုတော့ ဆယ်ချက်လောက် တိုက်ပြီးတော့ သူ့အမှတ်အသားကို ဖျက်ဆီး နိုင်ခဲ့တာပဲ ... ”

မိုဝူကျီက ထိုကိစ္စကို အပိုပြောနေခြင်း မဟုတ်ပေ။ ကျင့်ကြံသူ တစ်ယောက်၏ အမှတ်အသားကို ဖျက်ဆီးဖို့ရာက ဆက်တိုက် တိုက်ခိုက်ခြင်းသာ ဖြစ်သည်။ ရှောက်ကွမ်ကျင်းသည် ယွမ်ဒန် အဆင့်သာ ရှိသေးပြီး ဖြစ်တည်ခြင်းမဲ့ နတ်ဘုရား အဆင့် မဟုတ်သေးပေ။ ထိုသို့ ဖြစ်နိုင်ချေက အရမ်း နည်းပါးသောကြောင့် လျစ်လျူရှု၍ ရလေသည်။

ရန်ထျန်းရှင်းက ပြန်ပြောလိုက်သည်။

“ဒီလို ဖြစ်ခဲ့တာကိုး ... ”

သူက မိုဝူကျီသည် နဂါး လက်သည်းကို တားဆီးနိုင်ခဲ့ရုံ သာမက အမှတ်အသားပါ ဖယ်ရှားပစ် နိုင်ခဲ့သည့် အကြောင်းကို နားလည် သွားလေသည်။ ထို့အပြင် မိုဝူကျီတွင် အမှန်ပင် ကံကောင်းမှု ရှိပုံပေါ်သည်။

ရန်ထျန်းရှင်းက တည်တည်ငြိမ်ငြိမ် နေသည့် ကျင့်ကြံသူ ဖြစ်ပြီး ချဉ်းကပ်၍ လွယ်ကူလေသည်။ သို့သော်လည်း သူ့စိတ်ထဲ၌ သူက အလွန်အမင်း မာနကြီးပြီး လုံလောက်သည့် စွမ်းဆောင်ရည် မရှိပါက သူနှင့် မိတ်ဆွေ မဖြစ်နိုင်ပေ။ သူ့အား ယဉ်ယဉ်ကျေးကျေး ပြောသော်လည်း ရန်ထျန်းရှင်းသည် ထိုသူ့အား မိတ်ဆွေ ဒါမှမဟုတ် အဆင့်တူ ယှဉ်ပြိုင်သူ ဟုပင် စိတ်ထဲ မထားပေ။

မိုဝူကျီကဲ့သို့ အပြင်စည်း တပည့်မျိုးအတွက် သူသည် သေချာပေါက် မိတ်ဆွေ ဖြစ်ဖို့ရာ စိတ်အနှောင့်ယှက် ခံမည် မဟုတ်ပေ။

မိုဝူကျီက အခြားလူများနှင့် ခြားနားလှသည်။ သူသည် ရန်ထျန်းရှင်းကို မယုံကြည် လောက်ဖွယ် ထူးချွန်နေသူဟု မှတ်ယူ မထားပေ။ မိုဝူကျီအတွက် ဖုန်းကျန့်ချိုးက သူ့ရှေ့ လာရပ်နေလျှင်ပင် သာမန်လူ တစ်ယောက် အဖြစ်သာ ဆက်ဆံမည် ဖြစ်သည်။

မူလက ရန်ထျန်းရှင်းသည် မိုဝူကျီကို ထွက်သွားဖို့ရာ ကူညီချင်လေသည်။ အကြောင်းမှာ မိုဝူကျီသည် သူ့အား တစ်ခု ကူညီပေးထားသည့် အပြင် မိုဝူကျီသည် သူ့အတွက် အတော်လေး လုပ်ရည်ကိုင်ရည် ရှိသူဟု ထင်မှတ်မိသည်။ နှစ်ရက်တာ ခရီးအတူ သွားလာပြီး နောက်တွင် ရန်ထျန်းရှင်းက မိုဝူကျီသည် အခြားသော အပြင်စည်း တပည့်များနှင့် များစွာ ခြားနားကြောင်း သတိပြုမိလာသည်။

ရန်ထျန်းရှင်း မာနသည် သူက အလွန်အမင်း ထူးချွန်သော ပါရမီရှိသည့် အချက်ပေါ် မူတည်၍ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ သို့သော် သူ သတိပြုမိသည်က မိုဝူကျီ စိတ်ထဲတွင်ကား မာန မဟုတ်ဘဲ သဘာဝအတိုင်း တည်ငြိမ်မှု ဖြစ်၏။ စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် နှစ်ယောက်ကို သတ်ခဲ့သည့် ကိစ္စနှင့် ရှောက်ကွမ်ကျင်း၏ နဂါးလက်သည်းကို ရှောင်ရှားနိုင်သည့် ကိစ္စ နှစ်ရပ်လုံးတွင် မိုဝူကျီက သဘာဝတကျ ပုံမှန် ဖြစ်ရပ်ဟုသာ ထင်မြင်လေသည်။

အကယ်၍ မိုဝူကျီက ရန်ထျန်းရှင်းကို ကျော်သွားမည့်နေ့ ရောက်လာလျှင်ပင် အခြားသော လူများက အံ့ဩတကြီး ဖြစ်နိုင်သော်လည်း မိုဝူကျီက ပုံမှန် ကိစ္စရပ်ဟုသာ မြင်လောက်သည်။ အံ့ဩတကြီး ဖြစ်စရာ မရှိပေ။

မိုဝူကျီ၏ သဘာဝ အတိုင်း အေးအေးဆေးဆေး တည်ငြိမ်မှုက ရန်ထျန်းရှင်း၏ မာနကို လွှမ်းမိုးသွား၏။ မိုဝူကျီရှေ့တွင် သူက မာနကြီးနိုင်ပေ။ သူက တစ်ခုမှကို ဂုဏ်မယူနိုင်ပေ။ မိုဝူကျီက အပြင်စည်း တပည့် ဖြစ်သော်လည်း သူ့ယုံကြည်ချက်ကား ရန်ထျန်းရှင်းထက် ပိုမြင့်လေ၏။

သူနှင့် မိတ်ဆွေ ဖြစ်ဖို့ရာ မိုဝူကျီက အထူးအဆန်းဟု မထင်မြင်မိပေ။ သူ့အမြင်တွင် တခြားသူနှင့် မိတ်ဆွေဖွဲ့ခြင်းနှင့် အတူတူပင် ဖြစ်နေသည်။

ရန်ထျန်းရှင်းက အံ့ဩတကြီး ဖြစ်သွားသည်။ ထို့နောက် သူ့ကို များစွာ လေးစား သွားခဲ့သည်။ သူ့အတွက် မိုဝူကျီနှင့် မိတ်ဆွေဖြစ်ခြင်းက မိုဝူကျီအနေနှင့် ဘာမှ မထူးခြားကြောင်း ခံစားမိနေသည်။

သူတို့နှစ်ယောက် စကားပြောရင်း ရန်ထျန်းရှင်းသည် မိုဝူကျီဆီမှ စကြဝဠာကြီး၏ လျှို့ဝှက်ချက် များစွာကို ကြားသိခဲ့ရသည်။ သူက မိုဝူကျီပြောသည့် စကားကို သဘော တူလေသည်။ ဤပျောက်ဆုံး နယ်မြေကား နယ်ပယ် အသေးတစ်ခု ဖြစ်ကြောင်းနှင့် ထိုဂြိုဟ်အပြင် အခြားသော ကျယ်ဝန်းသော စကြဝဠာကြီး ရှိနေပြီး ပျောက်ဆုံး နယ်မြေကဲ့သို့ အခြား နယ်မြေများလည်း ရှိ၏။

မိုဝူကျီ ပြောစကားများ အရ စကြဝဠာ တစ်ခုလုံးတွင် ပျောက်ဆုံး နယ်မြေကဲ့သို့ အခြားသော နယ်မြေများ ရှိသေး၏။ ရန်ထျန်းရှင်းကဲ့သို့ ပါရမီရှင် များစွာလည်း ရှိနေသေးသည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ထို့ကြောင့် သူက ဂုဏ်ယူနေစရာ မလိုပေ။

မိုဝူကျီလည်း ရန်ထျန်းရှင်းဆီမှ ထူးဆန်းထွေလာ ကျင့်ကြံခြင်း အကြောင်းနှင့် ဒြပ်ငါးမျိုး ကင်းမဲ့နယ်များနှင့် ပျောက်ဆုံး နယ်မြေမှ ရှေးပုံပြင်များ အကြောင်း များစွာ ကြားခဲ့ရ၏။

ဤပျောက်ဆုံး နယ်မြေသည် ရှေးဟောင်း တိုက်ပွဲနယ်မြေ ဖြစ်ခဲ့ဟန် ပေါ်သည်။ မျိုးနွယ်စု အမျိုးမျိုးမှ ကျင့်ကြံသူများက ပျောက်ဆုံးနယ်မြေ အတွင်းမှ အရင်းအမြစ်များ၊ ပိုင်နက်များ အတွက် တိုက်ခိုက်ကြသည်။ ရန်ထျန်းရှင်းပင် ထိုတိုက်ပွဲက မည်သို့ ပြီးဆုံးသွားကြောင်း မသိပေ။

ထိုအရာများမှ လွဲ၍ ရန်ထျန်းရှင်းက မိုဝူကျီ မေးသည့် ကျင့်ကြံခြင်း အကြောင်းများ ဖြေပေးသည်။ မိုဝူကျီတွင် ဆရာသမား မရှိဖူးသည့် အတွက် သူ့ကိုယ်သူသာ မှီခိုအားထား နေရသည်။ သူ့ကျင့်ကြံနည်းတွင် အမှား ရှိနေလျှင်ပင် သူ့ ၁၀၀ ခုမြောက် ချီသွေးကြောသည် သူ့အား လမ်းမှားမရောက် စေလောက်ပေ။

မိုဝူကျီက ရန်ထျန်းရှင်း ပြောပြသည့် စကားတိုင်းမှ အကျိုးကျေးဇူး များစွာ ရခဲ့သည်။ မိုဝူကျီက သူသာ နောက်ထပ် နှစ်ရက်လောက် ကျင့်ကြံလိုက်လျှင် သေချာပေါက် ဝိညာဉ် တည်ဆောက်ခြင်း အဆင့်ငါးသို့ ရောက်မည် ဖြစ်ကြောင်း သိ၏။

***

All Chapters