← Chapters

အခန်း(၆၂) နောက်တစ်ခေါက် အမှောက်သိပ်ပြန်ပြီ

Vol. 5 Ch. 62

အခန်း(၆၂) နောက်တစ်ခေါက် အမှောက်သိပ်ပြန်ပြီ

Vol. 5 Ch. 62

အခန်း(၆၂) နောက်တစ်ခေါက် အမှောက်သိပ်ပြန်ပြီ

တခြားသူတွေကတော့ မနာလိုဝန်တိုနိုင်သော်လည်း ထျန်ကျန်းကတော့ ဘာမှမဖြစ်ပါ။

ကုမ္ပဏီထဲက လင်းဖန်၏ အဆင့်အတန်းကို သူ အနည်းငယ် မနာလိုဖြစ်မိသော်လည်း ရှားဝမ်ချွေ့ကြောင့် ကုမ္ပဏီထဲတွင် လင်းဖန် ဒီလို အဆင့်အတန်းရခဲ့တာကိုတော့ ဝန်ခံရပါမည်။

လင်းဖန်၏ တန်ဖိုးနဲ့ ရှားဝမ်ချွေ့ကြောင့်လည်း တစ်စိတ်တစ်ဒေသ ပါဝင်သဖြင့် လင်းဖန်ကို ဆွဲခေါ်ချင်ခြင်း ဖြစ်ပါသည်။

သူသာ လင်းဖန်ကို မခေါ်ယူနိုင်ပါက လင်းဖန် ရှားဝမ်ချွေ့ကို ပြန်ပေးဆွဲသွားရင် ဘယ်လိုလုပ်မလဲ။

ထျန်ကျန်းက ပိုပြီးနေလို့ကောင်းသွားပါသည်။

လင်းဖန်လို ပါရမီရှင်မျိုးအတွက် ဘယ်ပဲသွားသွား၊ ဘယ်ကုမ္ပဏီကိုပဲဝင်ဝင် သူ့တန်ဖိုးကို ထုတ်ပြနိုင်ပြီး ရုပ်ရှင်နှင့် ဇာတ်လမ်းတွဲစျေးကွက်တစ်ခုလုံးကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်လိမ့်မည်။ ထိုအခါ နိုင်ငံတော်တစ်ခုလုံး၏  ယဥ်ကျေးမှုကို မြှင့်တင်ပေးနိုင်ပါလိမ့်မည်။

လင်းဖန်၏ တည်ရှိမှုနှင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်နေမှုတို့ကြောင့် တစ်နေ့ကျရင် သူတို့နိုင်ငံတော်က ရုပ်ရှင်များက ဟောလိဝုဒ်က ရုပ်ရှင်များနဲ့ပင် ရင်ဘောင်တန်းလာနိုင်ပါသည်။

လင်းဖန်တစ်ယောက် ယွမ် ၉ သန်းတန် စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ခြင်းကိုတော့ ထျန်ကျန်းတစ်ယောက် မနာလိုဖြစ်ရုံသာရှိပါတော့သည်။

နာမည်ကျော်များ၏ လောကမှာ သူ့လိုသာမန်လူများနှင့် ခြားနားလှပါသည်။

ခဏလောက် စကားပြောပြီးကြသောအခါ လင်းဖန်က စိတ်ကျေနပ်စွာဖြင့် ပြန်သွားတော့သည်။

ညစာစားပွဲလေးတစ်ခု တက်ရောက်လိုက်ရုံနဲ့ သူ ယွမ် ၉ သန်း ရရှိခဲ့ပါသည်။

လင်းဖန် စာချုပ်ကို လက်မှတ်ရေးထိုးပြီးလိုက်ကတည်းက လင်းဖန်နှင့် စီအီးအိုလီတို့ ပိုပြီးခင်မင်သွားကြပါသည်။

နှစ်ဖက်စလုံးတွင် တရားဝင် စီးပွားရေး လုပ်ငန်းဖော် ဆက်ဆံရေးမျိုး ရှိသွားကြပြီဖြစ်ပြီး ၎င်းတို့၏ အဆင့်အတန်းများကလည်း သာတူညီမျှ ဖြစ်ကြသည်။

စီအီးအိုလီက လင်းဖန်ကို ဆွဲခေါ်ချင်ပြီး တစ်ချိန်တည်းမှာပဲ လင်းဖန်က ပိုက်ဆံတချို့ ရနိုင်ပါသည်။ နှစ်ဖက်စလုံးက ကိုယ်လိုချင်တာကိုယ် ရသွားကြသည်။

အမှန်ပင်။ လင်းဖန် ငွေကို လက်ခံရရှိပြီးသွားသောအခါ ကုမ္ပဏီ၏ အလုပ်များကို ဂရုစိုက်ပြီး ကုမ္ပဏီ၏ ဇာတ်ညွှန်းရေးဆရာတချို့ကို ကူညီပေးမည်ဖြစ်သည်။

အချိန်ကိုကြည့်လိုက်သောအခါ ည ၉ နာရီပင် ထိုးနေပါပြီ။

လင်းဖန်က ဒီနေ့ Sign-in မဝင်ရသေးတာ သတိရသွားသည်။

"ဒင်... ဂုဏ်ယူပါတယ် သခင်လေး။ ကံစမ်းမဲလက်မှတ် ၂ စောင် ရရှိသွားပါပြီ။"

"မှတ်ချက် : ဇိမ်ခံကားကြီးများ၊ ဗီလာကြီးများ၊ ငွေသားများ၊ လူလုပ်ကျွန်းစုများ၊ ဟယ်လီကော်ပတာများနှင့် တခြားပစ္စည်းများကို ရရှိနိုင်ပါတယ်။ သခင်လေး လိုချင်တာ မှန်သမျှ ရနိုင်ပါတယ်။ ငယ်ငယ်ရွယ်ရွယ် မော်ဒယ်လေး တစ်ယောက်ကို ရနိုင်ခြေတောင် ရှိပါတယ်" စနစ်၏အသံက ထွက်ပေါ်လာပါသည်။

"ကံစမ်းမဲလက်မှတ်ကို သခင်လေးဆီ ပေးအပ်ပြီးပါပြီ။ သခင်လေး အသုံးပြုချင်ပါသလား" စနစ်၏ ခပ်ထုံထုံ အသံကြီးက လင်းဖန်၏ အာရုံထဲ ဝင်ရောက်လာသည်။

"အင်း" လင်းဖန်က ခေါင်းငြိမ့်လိုက်ပါသည်။ ငယ်ငယ်ရွယ်ရွယ် မော်ဒယ်လေးတော့ မလိုချင်ပါ။ အဓိကက သူစိတ်မဝင်စားဘဲ ဒီလိုမိန်းကလေးမျိုးလည်း မလိုအပ်သောကြောင့်ဖြစ်ပါသည်။

ငွေသား၊ ဗီလာ၊ ဟယ်လီကော်ပတာ တစ်ခုခု ရနိုင်ပါက ကောင်းပါသည်။

"ဒင်... ဂုဏ်ယူပါတယ် သခင်လေး။ ကိုကာကိုလာ တစ်ဗူး ရရှိသွားပါတယ်။"

လင်းဖန်သည် သူ့လက်ထဲက ကိုကာကိုလာဗူးကိုကြည့်ကာ အဖုံးဖွင့်လိုက်ပြီး တစ်ငုံသောက်ကြည့်လိုက်ပါသည်။

သူအနည်းငယ်ဆွံ့အသွားရသည်။

စနစ်ဆီက ဘာမှ ကောင်းကောင်းကန်းကန်း ကံစမ်းမဲ မပေါက်ဖူးပါ။ ငွေသားကံစမ်းမဲ အများဆုံး ပေါက်ဖူးတာက ယွမ် ၁၀၀,၀၀၀ ဖြစ်ပြီး အနိမ့်ဆုံးက ၁ ယွမ် ဖြစ်သည်။

Epic နဲ့ ရွှေအဆင့်ရှိတဲ့ ကိရိယာတွေ၊ ဇိမ်ခံကား၊ ဗီလာ၊ ဟယ်လီကော်ပတာ စသည်တို့ ရရှိနိုင်သည့် ခမ်းခမ်းနားနား ကံစမ်းမဲတစ်ခု ရရှိခဲ့သော်လည်း လင်းဖန်က ကိုကာကိုလာတစ်ဗူး ပေါက်တယ်တဲ့လား။

"ထပ်သုံးမယ်" လင်းဖန်ပြောလိုက်သည်။ သူ မယုံကြည်နိုင်သေးပါ။

"ဒင်... ဂုဏ်ယူပါတယ် သခင်လေး၊ ၅၀,၀၀၀,၀၀၀ DNF ကွိုင်ကို ရရှိခဲ့ပါပြီ။"

"DNF ကွိုင် ဟုတ်လား။ ကိုကာကိုလာလောက်တောင် မကောင်းဘူးဟ။ ကိုကာကိုလာကမှ အနည်းဆုံး သောက်လို့ရသေးတယ်။"

"ယီးကို DNF ကွိုင်လား။ ယီးပဲ။" လင်းဖန် ဆဲဆိုလိုက်ပါသည်။

သူသာ ပုံမှန် Sign-in ဝင်နိုင်လျှင် အနည်းဆုံးတော့ ပစ္စည်းကောင်းကောင်းလေး ရနိုင်သည်။

ဒီကံစမ်းမဲလက်မှတ်များကို လင်းဖန် အယုံအကြည် မရှိတော့ပါ။

QQမှ Giveaway များထက် ပိုပြီးတောင် ညစ်ပတ်သေးသည်။

ကိုကာကိုလာဗူးနဲ့ ၅၀,၀၀၀,၀၀၀ DNF ကွိုင်များကို ကြည့်ရင်း လင်းဖန် သက်ပြင်းချလိုက်ပါသည်။

သူသာ ပိုက်ဆံအများကြီး ရချင်လျှင် အလုပ်ကြိုးစားရမည်။

စနစ်က ထုတ်ပေးနေသည့် ကံစမ်းမဲလက်မှတ်များကို ယုံကြည်ရမည့်အစား သူ့ပေါင်ပေါ် ကျလာမည့်အရာကို ယုံလိုက်ပါ့မည်။

ဘာမှန်းမသိလိုက်ပဲ ၂၁ နာရီ ၂၀ မိနစ်တောင် ရောက်သွားခဲ့ပြီ။ လင်းဖန် အချိန်ကို ကြည့်လိုက်ပြီး တစ်ခုခု အရေးကြီးတာကို သတိရသွားခဲ့ပါသည်။

ရှားဝမ်ချွေ့ သူ့ကို ကုမ္ပဏီမှာ စောင့်နေဆဲဖြစ်သည်။

သူ ရှားဝမ်ချွေ့ကို အိမ်ပြန်လိုက်ပို့ရဦးမည်။

သို့သော်လည်း ကိုကာကိုလာ တစ်ဗူးနဲ့ DNF ကွိုင်များကြောင့် မိနစ် ၂၀ နောက်ကျနေလေပြီ။

လင်းဖန်တစ်ယောက် Koenigsegg One ကားကြီးထဲမှာ ဝင်ထိုင်လိုက်ပြီး လီဗာကိုနင်းကာ ကားကို ရှန်ဟိုင်းမြို့ လမ်းမတစ်လျှောက်တွင် မောင်းနှင်သွားခဲ့ပါသည်။

ယွဲ့ဟွာအင်တာတိန်းမန့်တွင်။

သရုပ်ဆောင်များစွာက အလုပ်လုပ်နေဆဲဖြစ်ပြီး ရှားဝမ်ချွေ့လည်း ထိုနည်းလည်းကောင်းဖြစ်သည်။

ကုမ္ပဏီက လင်းဖန်၏ ဇာတ်ညွှန်းကို လေ့လာဖို့အတွက် အချိန်ပိုလုပ်နေကြခြင်းဖြစ်ပါသည်။

ရှားဝမ်ချွေ့က ဇာတ်ညွှန်းကို ရုံးခန်းထဲတွင် ဖတ်နေသည်။ စုရှောင်းယွီကတော့ အိမ်ပြန်သွားပြီ ဖြစ်သည်။

ရှားဝမ်ချွေ့၏ မန်နေဂျာတစ်ယောက်အဖြစ် ယန်ချင်းက ကုမ္ပဏီထဲတွင် အမြဲလိုလို ရှိနေခဲ့ပါသည်။

ရှုယန်က Maybach 62s ပြိုင်ကားကို ကုမ္ပဏီ၏ ပထမထပ်သို့ မောင်းလာခဲ့သည်။

"လင်းဖန် အရင်တစ်ခေါက်က Rolls-Royce Cullinan တစ်စီးမောင်းလာတယ်။ အဲဒီကားက ယွမ် ၆.၄ သန်းပဲ တန်တယ်။ လင်းဖန်က ချမ်းသာပေမယ့် ငါနဲ့ယှဥ်ရင်တော့ ငါ့ကိုမမှီသေးပါဘူး။"

"လွန်ခဲ့တဲ့ ရက်ပိုင်းလောက်တုန်းက ငါ တွန့်တွန့်ဆုတ်ဆုတ်နဲ့ Maybach 62s ပြိုင်ကားကို ဝယ်ဖို့ ယွမ် ၁၀ သန်းလောက် သုံးခဲ့တယ်။ ငါလည်း ဆင်းရဲတဲ့ကောင်မဟုတ်ပါဘူး။ ဒီလိုပြိုင်ကားမျိုးကို ဘာလို့မတတ်နိုင်ဘဲ နေမှာလဲ။"

"ကျန်တဲ့နေရာမှာ ရှုံးရင်ရှုံးမယ်။ အရှိန်အဝါမှာတော့ ငါမရှုံးစေရဘူး။" ရှုယန်က အလွန်အတွေးများသည်။ ယောက်ျားလေးတစ်ယောက် ကားမောင်းကာ အပြင်ထွက်လျှင် ကားကောင်းကောင်းကို စီးသင့်ပါသည်။

လင်းဖန်က ကုမ္ပဏီ၏ ဝင်ပေါက်တွင် သူ့ Rolls-Royce Cullinan ကားကြီးဖြင့် ရောက်လာခဲ့ကတည်းက ရှုယန်တစ်ယောက် ဒါကို စဥ်းစားနေခဲ့သည်။

သူက ဘယ်လိုလုပ်ပြီး ရှုံးနိမ့်သွားခဲ့တာလဲ။

သူ့ကားက လင်းဖန်လောက် မကောင်းလို့ မဟုတ်လား။

အခု သူက ယွမ် ၁၀ သန်းတန် ပြိုင်ကားတစ်စီးကို မောင်းနေပြီဖြစ်သဖြင့် လင်းဖန်၏ Rolls-Royce Cullinan ကားလောက်နဲ့ သူ့ကားကို မယှဥ်နိုင်တော့တာ သိသာပါသည်။

ရှုယန်က အနည်းငယ် ပျော်ရွှင်နေပါသည်။ သူ့ကားက အခု လင်းဖန်ကို အနိုင်ယူနိုင်ပြီ။ နောက်တစ်ခေါက် လင်းဖန်ကို သူတွေ့လျှင် အရှိန်အဝါအရ သူအနိုင်ရပါလိမ့်မည်။

အချိန်က နောက်ကျနေပြီဖြစ်ပေမယ့် ရှားဝမ်ချွေ့က အလုပ်လုပ်နေဆဲဖြစ်သဖြင့် ရှုယန်က သူမကို အိမ်ပြန်လိုက်ပို့ပေးချင်ပါသည်။

ခေတ္တကြာသောအခါ ရှားဝမ်ချွေ့နဲ့ ယန်ချင်းတို့ ကုမ္ပဏီ၏ ဝင်ပေါက်သို့ လျှောက်လာခဲ့ပါသည်။

"ဆရာရှု" ယန်ချင်းက နှုတ်ဆက်သည်။

"အင်း" ရှုယန်က ခေါင်းငြိမ့်ကာ Maybach 62s ကားကြီးကို မှီလိုက်ပါသည်။ သူ့ပုံစံက တည်ငြိမ်နေပြီး အောင်မြင်မှုကို ပြသနေသည်။

ရှုယန်က ဖြည်းညင်းစွာ ရှေ့သို့ လမ်းလျှောက်လာသည်။ မသိမသာဖြင့် သူ့ Rolex နာရီကို ပြသနေပါသည်။ ယောက်ျားတစ်ယောက်က သူ့ပြိုင်ဘက်ကို အရှိန်အဝါအရ အနိုင်ယူချင်ပါက ကားကောင်းကောင်း ရှိရုံတင်မကဘဲ နာရီကလည်း မိမိုက်နေရပါမည်။ ရှုယန်က ရှားဝမ်ချွေ့ဘေးသို့ လျှောက်လာပြီး နွေးထွေးစွာ ပြုံးလိုက်ပါသည်။ "ဝမ်ချွေ့နဲ့ အစ်မယန်တို့ ကျွန်တော် အိမ်ပြန်လိုက်ပို့ပေးမယ်လေ။"

ဒါက လူပျိုလှည့်နည်းအမှန် ဖြစ်ပါသည်။ အရမ်းကြီး သိသာလို့မဖြစ်ပါ။ ရှုယန်က သူလုပ်တာ မှန်ကန်သည်ဟု ယုံကြည်ပြီး ယန်ချင်းကိုပါ အိမ်ပြန်ပို့ပေးမည်ဖြစ်ပါသည်။

"ကျေးဇူးတင်ပါတယ် ဆရာရှု" ယန်ချင်းက ပြောလိုက်သည်။ သူမက ရှုယန်ကို ကြည့်လိုက်ပြီး ပီတိဖြာသွားပါသည်။ ဘာပဲဖြစ်ဖြစ် ရှုယန်က ယွဲ့ဟွာ၏ နံပါတ် ၁ အမျိုးသား သရုပ်ဆောင် မဟုတ်ပါလား။

ရှားဝမ်ချွေ့က ယဥ်ကျေးစွာ ပြုံးလိုုက်ပြီး ပြောလိုက်ပါသည်။ "ရပါတယ်။ ကျွန်မကို ခဏနေ လာကြိုမယ့်လူ ရှိပါတယ်။"

ရှုယန်၏ မျက်လုံးများ ဝိုင်းစက်သွားသည်။ ရှားဝမ်ချွေ့ကို အိမ်လိုက်ပို့ပေးမယ့် လူက လင်းဖန်များလား။

ကောင်းပါသည်။ သူ့ ယွမ် ၁၀ သန်းတန် ပြိုင်ကားက လင်းဖန်၏ Rolls-Royce Cullinan ကားကို ချက်ချင်း အလဲထိုးနိုင်သည်။

ရှုယန်က မျှော်လင့်ချက်တချို့ရှိသည်။ ရှားဝမ်ချွေ့က သူ့ကိုငြင်းခဲ့သော်လည်း လင်းဖန်ကို ပြိုင်ဆိုင်ချင်သည့် သူ့ဆုံးဖြတ်ချက်ပြတ်သားမှုကို လင်းဖန်ကို မြင်စေချင်ပါသည်။

အနည်းဆုံးတော့ သူမောင်းသည့် ကားချင်း ယှဥ်ကြည့်လျှင် သူရှုံးနိမ့်မည်မဟုတ်ပေ။

"ဝမ်ချွေ့ ကိုယ်လိုက်ပို့ပေးပါ့မယ်။ ကိုယ့်ကားက ကြီးပါတယ်။ ကြည့်ပါဦး နောက်တောင် ကျနေပြီ" ရှုယန်က ထပ်ပြောလိုက်ပါသည်။

"တကယ် မလိုလို့ပါ" ရှားဝမ်ချွေ့က ပါးလှပ်စွာ ပြုံးလိုက်ပါသည်။ သူမ၏ လှပသော မျက်လုံးလေးများက ရှေ့ကို ကြည့်နေသည်။ သို့သော် သူမ၏ ရင်ထဲမှာတော့ အနည်းငယ် ဒေါသထွက်နေ၏။

အရူးကောင်လင်းဖန်၊ ငါ့ကို စောစောလာကြိုစမ်းပါဟယ်။

သူမကိုသာ လင်းဖန် လာမကြိုခဲ့ပါက ရှုယန်ကို ဘယ်လိုငြင်းရမလဲ မသိတော့ပါ။

ထိုအချိန်တွင်။

သိပ်မဝေးသော နေရာတစ်ခုမှ ခပ်မိုက်မိုက်ပြိုင်ကားတစ်စီး ဝင်ရောက်လာသည်။

ထိုပြိုင်ကား၏ ရှေ့မီးများမှ ဆွဲဆောင်မှုရှိစွာ တောက်ပနေသည်။ မှောင်မိုက်သော ညတွင် တောက်ပနေသော ကြယ်ပွင့်များလိုပင်။

ပြိုင်ကားတစ်စီးက ကုမ္ပဏီဝင်ပေါက် ရှုယန်၏ ကားဘေးတွင် ရပ်လိုက်ပါသည်။

ဒီပြိုင်ကားက Limited Edition Koenigsegg One ဖြစ်သည်။ ယွမ် သန်း ၁၀၀ ကျော်တန်ဖိုးရှိသည့် ပြိုင်ကားတစ်စီး ဖြစ်သည်။ ပုံစံနဲ့ အရှိန်အဝါအရ တခြားပြိုင်ကားများ သူ့ကို ကျော်လွန်နိုင်ဖို့ ခက်ခဲပါသည်။

လင်းဖန်က ကားထဲမှ ထွက်လာပြီး ရှားဝမ်ချွေ့၏ ရှေ့သို့ လျှောက်လာခဲ့ပါသည်။

"ငါအိမ်ပြန်လိုက်ပို့ပေးမယ်" လင်းဖန်က ပြုံးရွှင်ပြီး ရှားဝမ်ချွေ့ကို ကြည့်လိုက်ပါသည်။

ရှားဝမ်ချွေ့က သူမ၏ ကြောင်နားရွက်ဦးထုပ်လေးကို ဆောင်းကာ နူးညံ့စွာ ခေါင်းငြိမ့်လိုက်ပါသည်။ "အင်း"

လင်းဖန်က ရှားဝမ်ချွေ့အတွက် ခရီးသည်ခုံကို ဖွင့်ပေးလိုက်ပြီး သူမက ဝင်ထိုင်လိုက်ပါသည်။

ရှုယန် ကြက်သေ သေနေပါသည်။

သူကလည်း အေအဆင့် နာမည်ကျော်တစ်ယောက်ဖြစ်ပြီး စုဆောင်းငွေ အများကြီး ရှိကာ ကားတွေလည်း အများကြီး မြင်ဖူးပါသည်။

ရှုယန်က သူ့ ယွမ် ၁၀ သန်းတန် Maybach 62s နဲ့ လင်းဖန်၏ Koenigsegg One ပြိုင်ကားတို့ကို ယှဉ်ကြည့်လိုက်သည်။

ဘာလို့... ငါ နောက်တစ်ခေါက် အလဲထိုးခံလိုက်ရပြီလို့ ခံစားနေမိပါလိမ့်။

လင်းဖန် မင်းက.... သောက် Rolls-Royce Cullinan ကားကို မောင်းတာ မဟုတ်ဘူးလား။

လင်းဖန်က ဘာလို့ Koenigsegg One ကိုမောင်းနေတာလဲ။ အဲ့တာက ယွမ် သန်းရာချီပြီး တန်ဖိုးရှိတဲ့ ပြိုင်ကားလေ။ သူ့ Maybach 62s ထက်တောင် ၁၀ ဆလောက် ပိုစျေးကြီးတယ်။

Koenigsegg One ရှေ့တွင် သူ့ Maybach 62s လေးက ကြောက်တတ်သော မူလတန်းကျောင်းသားလေး တစ်ယောက်လို ဖြစ်နေပါသည်။ ၎င်း၏ ပြိုင်ဘက်ကင်းသော အရှိန်အဝါကိုလည်း ဆုံးရှုံးသွားခဲ့ရပါပြီ။

ထိုသို့စဥ်းစားရင်း ရှုယန် တိုးတိုးတိတ်တိတ် သူ့ Rolex နာရီကို ဖုံးလိုက်မိပါသည်။

လင်းဖန်က ရှုယန်၏ အသေးအဖွဲလုပ်ရပ်များကို သတိမထားမိပါ။

"ရှုယန် ကောင်းသော ညနေခင်းပါ" လင်းဖန်က ရှုယန်ကို နှုတ်ဆက်လိုက်ပါသည်။

"အင်း... ကောင်းသော ညနေခင်းပါ" ရှုယန် ချောက်ချောက်ကပ်ကပ် ရယ်လိုက်ပါသည်"

"အင်း... ကျွန်တော့်ကားထဲမှာ နေရာအပို မရှိတော့ဘူး။ အစ်မယန်ကလည်း မိန်းကလေးဖြစ်နေတော့ အစ်မယန်ကို အိမ်လိုက်ပို့ပေးဖို့ ခင်ဗျားကိုပဲ ဒုက္ခပေးရဦးမယ်" လင်းဖန်က ပြုံးရွှင်ကာ ပြောလိုက်ပါသည်။

ရှုယန်က သူ့ဘေးက မျှော်လင့်ချက်များဖြင့် ပြည့်ဝနေသော ယန်ချင်းကို ကြည့်လိုက်ပါသည်။ သူ့ရင်ထဲတွင် ခါးသီးမှုဖြင့် ခေါင်းသာငြိမ့်လိုက်ရပြီး ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်ရပါသည်။

ဒါက ဘယ်လိုဘဝမျိုးကြီးလဲ။

"ဟုတ်ပါပြီ ဂရုစိုက်နော်။ ကျွန်တော် ရှားဝမ်ချွေ့ကို အရင်လိုက်ပို့နှင့်မယ်" လင်းဖန်က ပြုံးကာ ပြောလိုက်သည်။ သူက ရှုယန်၏ ပခုံးကိုပုတ်ကာ Koenigsegg One ကားထဲ ဝင်သွားပါသည်။

"အိုခေ..." ရှုယန်က လင်းဖန်၏ အရှေ့ဘက် ခရီးသည်ခုံတွင် ထိုင်နေသည့် ရှားဝမ်ချွေ့ကို ကြည့်လိုက်သည်။ ထို့နောက် သူ့ရှေ့ခရီးသည်ခုံတွင် ထိုင်နေသည့် ယန်ချင်းကို ကြည့်လိုက်၏။

ရှုယန်တစ်ယောက် သူ့ဘဝကြီးက အနည်းငယ် မီးခိုးရောင်သမ်းလာသလို ခံစားလိုက်ရပါသည်။

သူတို့နှစ်ယောက်စလုံးက ပြိုင်ကားမောင်းတာချင်း အတူတူ ခြားနားချက်က ဘာလို့ ဒီလောက်တောင် များနေတာလဲ။

All Chapters