အခန်း(၆၁) ဒါက ဘော့စ်ကြီးနဲ့ သူ့ရဲ့ကြားက ခြားနားချက်ပဲ
Vol. 5 Ch. 61
အခန်း(၆၁) ဒါက ဘော့စ်ကြီးနဲ့ သူ့ရဲ့ကြားက ခြားနားချက်ပဲ
"မစ်စတာလင်း ဟယ်လို ဟယ်လို ကျုပ်က လီရှုယီပါ။ ယွဲ့ဟွာအင်တာတိန်းမန့်ရဲ့ စီအီးအိုပေါ့" စီအီးအိုလီက ပြုံးရွှင်ကာ မိတ်ဆက်လိုက်ပါသည်။
သူက လင်းဖန်ကို ကြည့်လိုက်သည်။ ပထမဆုံးအကြိမ် တွေ့ဖူးတာ ဖြစ်သော်လည်း သူစိမ်းဆန်သလို မခံစားရပါ။
"ဟယ်လို စီအီးအိုလီ။ ကျွန်တော်က လင်းဖန်ပါ။ ဘဝရဲ့ပျော်ရွှင်မှု ဇာတ်ညွှန်းရေးဆရာပါ။"
လင်းဖန်က ပြုံးကာ စီအီးအိုလီနဲ့ လက်ဆွဲနှုတ်ဆက်လိုက်ပါသည်။
"မစ်စတာလင်း ဟားဟား ဟုတ်တာပေါ့။ ငါမင်းရဲ့ နာမည်ကိုသိတာပေါ့။ မင်းက အခုကုမ္ပဏီထဲမှာ ရေပန်းအစားဆုံးလူ ဖြစ်နေပြီ။ လူပေါင်းများစွာက မင်းရဲ့ဇာတ်ညွှန်းမှာ သရုပ်ဆောင်ချင်နေကြပြီလေ။"
"ဇာတ်ညွှန်းလောကရဲ့ ဆရာကြီးတစ်ယောက်ကသာ ဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့ လက်ရာမျိုးကို ရေးသားနိုင်တယ်။ မစ်စတာလင်း တစ်ယောက်ပဲ လုပ်နိုင်ပါပေတယ်" စီအီးအိုလီက ပြုံးရွှင်ကာ ပြောလိုက်ပါသည်။
"စီအီးအိုလီကတော့ မြောက်ပြောနေတာပဲ။ ကျွန်တော် ဒီတိုင်း ဇာတ်ညွှန်းတစ်ခု ရေးလိုက်တာပါပဲ။ တကယ်တော့ အရမ်းကြီးတောင် ကောင်းတာမဟုတ်ပါဘူး" လင်းဖန်က ကျိုးနွံစွာ ပြောလိုက်ပါသည်။
စီအီးအိုလီက ထိုစကားကို ကြားသောအခါ ပြုံးပြီး ပြောလိုက်ပါသည်။ "မစ်စတာလင်းက အရမ်းကျိုးနွံတတ်တာပဲ။ ဒီတိုင်း ဇာတ်ညွှန်းရေးရုံနဲ့ ဒီလိုအဆင့်မျိုးအထိရောက်နိုင်တယ်ပေါ့။ ငါတို့နိုင်ငံတော်မှာ မင်းလို ပါရမီရှင်မျိုးတွေ အလိုအပ်ဆုံးပဲ"
စီအီးအိုလီ၏ အပြုအမူကို မြင်သောအခါ ထျန်ကျန်းလည်း အံ့သြသွားရပါသည်။
စီအီးအိုလီက ယွဲ့ဟွာအင်တာတိန်းမန့်၏ စီအီးအို တစ်ယောက်ဖြစ်ပြီး အဆင့်အတန်းမြင့်မားသည်။
ယွဲ့ဟွာအင်တာတိန်းမန့်က ပျိုးထောင်သည့် ထိပ်တန်း သရုပ်ဆောင်များစွာကလည်း စီအီးအိုလီ၏ ဆောင်ရွက်မှုများ ဖြစ်သည်။
ဖျော်ဖြေရေးလောကထဲက နာမည်ကြီး သရုပ်ဆောင် များစွာကပင် ဘော့စ်လီကို ယဥ်ကျေးကြရပါသည်။
သို့သော်လည်း စီအီးအိုလီ တစ်ယောက်ယောာက်ကို ဒီလိုချီးကျူးဖူးတာ ပထမဆုံးအကြိမ် ဖြစ်သည်။
လင်းဖန်၏ အဆင့်အတန်းကို သာမန် ဇာတ်ညွှန်းရေးဆရာလေးတစ်ယောက်နဲ့ တိုင်းတာလို့ မရမှန်း ထျန်ကျန်း သိပါသည်။
လင်းဖန်၏ အစွမ်းအစနဲ့သာဆို ကိုယ်ပိုင် ဖျော်ဖြေရေးကုမ္ပဏီတစ်ခုကို တည်ထောင်ပြီး ကိုယ်ပိုင် သရုပ်ဆောင်များကို ပျိုးထောင်နိုင်ပါသည်။
လင်းဖန်၏ ပိုင်ဆိုင်မှုက ကုမ္ပဏီတစ်ခုလုံးထက် မနိမ့်ကျပါ။
ရှားဝမ်ချွေ့၊ စုရှောင်းယွီနှင့် လင်းဖန်တို့၏ ဆက်ဆံရေးကို အားလုံးသိကြပါသည်။
ရှားဝမ်ချွေ့နှင့် စုရှောင်းယွီတို့၏ လက်ရှိ ရေပန်းစားမှုက ဒီလောကထဲတွင် ထိပ်တန်း သရုပ်ဆောင်များ ဖြစ်ကြကာ မရေမတွက်နိုင်အောင် များပြားသော ပရိတ်သတ်များ ရှိကြသည်။ ထို့အပြင် ယွဲ့ဟွာအင်တာတိန်းမန့်နှင့် ၎င်းတို့၏ စာချုပ်ကလည်း တစ်နှစ်လောက်သာ ရှိသေးသည်။
ယွဲ့ဟွာအင်တာတိန်းမန့်သာ ဒီပြဿနာကို သေသေချာချာ မကိုင်တွယ်နိုင်ပါက လင်းဖန်ကြောင့် သူတို့ နာမည်ကျော် သရုပ်ဆောင် ၂ ယောက်ကို ဆုံးရှုံးသွားရနိုင်ပါသည်။
သူတို့ ဒီနေ့ လင်းဖန်ကို မခေါ်ယူနိုင်ပါက လင်းဖန်မှာ ယွဲ့ဟွာအင်တာတိန်းမန့်ကို အနိုင်ယူသွားနိုင်စွမ်းပင် ရှိလောက်ပါသည်။
ထျန်ကျန်းက ဒီနေရာမှာ ဝင်ပြောခွင့်မရှိမှန်း သိပါသည်။
သေချာပေါက် လင်းဖန်ကို ဇာတ်ညွှန်းရေးဆရာတစ်ယောက်အနေဖြင့် မြင်မှာ မဟုတ်ပါဘူး။
လင်းဖန်က စီအီးအိုလီလိုလူမျိုးကတောင် အတည်ပေါက် ဆက်ဆံရမည့်လူမျိုး ဖြစ်ပါသည်။
"မစ်စတာလင်း ငါတို့ကုမ္ပဏီရဲ့ အကောင်းဆုံး လက်ဖက်ရည်ကို သောက်ကြည့်လိုက်ပါဦး။ အရသာကော အနံ့ကော အရမ်းကောင်းမွန်တယ်" စီအီးအိုလီက ပြုံးကာ ပြောလိုက်ပါသည်။
"အင်း အရသာက တကယ်ကောင်းတာပဲ" လင်းဖန်က ပြန်ပြောလိုက်ပါသည်။
လက်ဖက်ရည် နည်းနည်းသောက်ပြီးသွားသောအခါ စီအီးအိုလီက လက်ဖက်ရည်ခွက်ကို ပြန်ချလိုက်ပြီး လင်းဖန်ကို ကြည့်လိုက်ပါသည်။
လင်းဖန်လည်း သူ့လက်ဖက်ရည်ခွက်ကို ချလိုက်ပါသည်။ သူတို့ နောက်ဆုံးတော့ အဓိကအကြောင်းအရာကို ပြောကြရတော့မည်။
စီအီးအိုလီက ပြုံးကာ ပြောလိုက်သည်။
"မစ်စတာလင်း ငါမင်းကို ဆက်ပြီး မစောင့်ခိုင်းတော့ပါဘူး။ အမှန်တိုင်း ပြောပါ့မယ်။"
"မင်းရေးထားတဲ့ ဇာတ်ညွှန်းက ဒီလောကတစ်ခုလုံးမှာ အကောင်းဆုံး ဇာတ်ညွှန်းတွေထဲက တစ်ခုပဲ။ ပြီးတော့ ငါတို့ နိုင်ငံတော်ရဲ့ ရုပ်ရှင်နဲ့ ရုပ်သံအစီအစဥ်တွေအတွက် စျေးကွက်ကို ရဖို့က အတော်လေး လွယ်တယ်လို့ပြောလို့ရတယ်။ ဇာတ်ညွှန်းကောင်းတစ်ခု ရနိုင်ဖို့က ခက်ခဲတယ်။"
"ရိုးရိုးသားသား ပြောရရင် မင်းရဲ့ ဇာတ်ညွှန်းရေးတဲ့ အစွမ်းအစက ဒီလောကထဲက နာမည်ကျော် ဇာတ်ညွှန်းရေးဆရာတွေရဲ့ အဆင့်အောက် လုံးဝ မနိမ့်ကျဘူး။"
"အဲ့တာကြောင့် မစ်စတာလင်း မင်းရဲ့ ပေါ်ပေါက်လာမှုက ငါတို့ လောကတစ်ခုလုံးကို အားအင်တက်ကြွသွားစေတယ်။"
စီအီးအိုလီက လင်းဖန်ကိုကြည့်ရင်း လေးလေးနက်နက် ပြောလိုက်ပါသည်။ သူက ယွဲ့ဟွာအင်တာတိန်းမန့်၏ ဘော့စ် ဖြစ်သည်။ တစ်ဖက်တွင်လည်း ပါရမီရှင်များစွာကို ပျိုးထောင်ပြီး ကုမ္ပဏီအတွက် အကျိုးအမြတ်များ ဖန်တီးချင်သည်။ တစ်ဖက်မှာတော့ နိုင်ငံတော်တစ်ခုလုံး၏ ယဥ်ကျေးမှုတစ်ခုလုံးကို မြှင့်တင်ပေးချင်သည်။
ဒီလိုလုပ်နိုင်ဖို့ ဇာတ်ညွှန်းရေးဆရာကောင်းတစ်ယောက်က အသက်ဝိညာဥ်ဖြစ်သည်။
"မစ်စတာလင်း ယွဲ့ဟွာအင်တာတိန်းမန့်နဲ့ အတူတူ အလုပ်လုပ်ပြီး ကုမ္ပဏီအတွက် ဇာတ်ညွှန်းရေးဆရာတစ်ယောက် ဖြစ်လာပေးဖို့ ယဥ်ကျေးစွာနဲ့ ဖိတ်ကြားပါရစေ။ ဒါပေမယ့် မင်းကို ယွဲ့ဟွာအင်တာတိန်းမန့်မှာ လုံးဝ ချုပ်နှောင်ထားမှာမျိုး မဟုတ်ပါဘူး။ ပြီးတော့ ယွဲ့ဟွာအင်တာတိန်းမန့်ကို နေ့တိုင်း အလုပ်လာလုပ်စရာလည်း မလိုဘူး။ ကုမ္ပဏီကို ဇာတ်ညွှန်းတွေ ဖတ်ဖို့ တစ်ခါတစ်လေ ကူညီပေးရုံပဲ ရှိပါတယ်။ ပြီးရင် ကုမ္ပဏီရဲ့ ဇာတ်ညွှန်းရေးဆရာတချို့ကို အကြံဉာဏ်တွေနဲ့ လမ်းညွှန်ချက်တချို့ ပေးရုံပါပဲ။"
စီအီးအိုလီက ပြောလိုက်ပါသည်။
"မင်းရေးထားတဲ့ ဇာတ်ညွှန်းတိုင်းကို ယွဲ့ဟွာအင်တာတိန်းမန့်က အပိုင်သိမ်းထားမှာ မဟုတ်ဘူး။ ဇာတ်ညွှန်းရဲ့ မူပိုင်ခွင့်ကို ဘယ်ဖျော်ဖြေရေး ကုမ္ပဏီကမဆို လာဝယ်ခွင့်ရှိတယ်။ မူပိုင်ခွင့်ကြေးကလည်း အားလုံးမင်းအပိုင်ပါပဲ။ အတိုချုံးပြောရရင်တော့ ငါတို့ကုမ္ပဏီမှာ အလုပ်လုပ်ဖို့ ဆုံးဖြတ်လိုက်မယ်ဆိုရင် ကုမ္ပဏီက မင်းကို နှစ်စဥ်လစာ ယွမ် ၅သန်း ပေးပါ့မယ်" စီအီးအိုလီက ပြောလိုက်ပါသည်။
တစ်နည်းအားဖြင့် ယွဲ့ဟွာအင်တာတိန်းမန့်မှာ လင်းဖန်ကို ကုမ္ပဏီအတွက် ဇာတ်ညွှန်းမရေးခိုင်းပါ။ သူ့နာမည်နဲ့ ကုမ္ပဏီထဲက ဇာတ်ညွှန်းရေးဆရာများကို တစ်ခါတစ်လေ ကူညီပေးဖို့သာ လိုအပ်ခြင်း ဖြစ်ပါသည်။ တကယ်ဆို လင်းဖန်က ဘာမှလုပ်ဖို့ မလိုအပ်ပေ။ ထို့နောက်ပိုင်းကစပြီး လင်းဖန်တစ်ယောက် ယွဲ့ဟွာအင်တာတိန်းမန့်ကို အချိန်မရွေး ဝင်နိုင်ထွက်နိုင်ခွင့် ရှိသွားပါပြီ။ အဘယ့်ကြောင့်ဆိုသော် အပြင်ပိုင်းတွင် လင်းဖန်မှာ ယွဲ့ဟွာအင်တာတိန်းမန့်၏ မန်ဘာတစ်ယောက်နှင့် ညီမျှသောကြောင့် ဖြစ်ပါသည်။
စီအီးအိုလီက အကွက်ကြီးကြီး ရွှေ့လိုက်ခြင်း ဖြစ်သည်။
စီအီးအိုလီက လင်းဖန်ကို ကုမ္ပဏီသို့ ခေါ်ချင်ပြီး အလွန်မြင့်မားသည့် နှစ်စဥ်ဝင်ငွေ ပေးချင်နေသည်။
ဒါက ကုမ္ပဏီက လင်းဖန်ကို မျှားခေါ်ဖို့ အသုံးပြုသည့် နည်းလမ်းတွေထဲက တစ်ခုသာဖြစ်ပါသည်။
လင်းဖန်ကို စိတ်လှုပ်ရှားအောင် ပြုလုပ်ဖို့ ယွမ် ၅ သန်းက မလုံလောက်ပါက စီအီးအိုလီမှာ ဝှက်ဖဲရှိပါသေးသည်။
လင်းဖန် ကုမ္ပဏီထဲသို့ ဝင်နိုင်ထွက်နိုင်ခွင့် ရှိသွားပါက ရှားဝမ်ချွေ့ကို အချိန်မရွေး ကုမ္ပဏီတွင် လာတွေ့နိုင်ပြီး ဘာထိခိုက်မှုမှမရှိဘဲ စကားပြောနိုင်သွားပါလိမ့်မည်။
လင်းဖန်နှင့် ရှားဝမ်ချွေ့တို့ အတူတူ စားသောက်နေကြပြီး ရေပန်းစားအောင် ဓာတ်ပုံရိုက်ရင်တောင် လင်းဖန်နှင့် ရှားဝမ်ချွေ့က တရားဝင် အလုပ်သဘော ဆက်ဆံရေးမျိုး ဖြစ်သွားပြီဖြစ်သဖြင့် မည်သည့်ကောလဟာလမှ ထွက်ရှိလာမှာ မဟုတ်တော့ပါ။
ထို့အပြင် ယွဲ့ဟွာအင်တာတိန်းမန့်က လင်းဖန်ကို ဝင်ရောက်ခွင့်ပေးခြင်းက ဒီလောကထဲက သူ့အဆင့်အတန်းကို မြှင့်တင်ပေးလိုက်ခြင်းနဲ့ ညီမျှပါသည်။
လင်းဖန် နောက်ပိုင်း ဇာတ်ညွှန်း ထပ်ရေးလျှင် စျေးနှုန်းများက ပို၍ပင် မြင့်မားသွားနိုင်ပါသည်။
လင်းဖန်၏ "ဘဝရဲ့ပျော်ရွှင်မှု"က ရေပန်းစားလာလျှင် ဒီလောကထဲက ထိပ်တန်း ဇာတ်ညွှန်းရေးဆရာတစ်ယောက် ဖြစ်လာနိုင်ပါသည်။
ထျန်ကျန်းကလည်း ဇာတ်ညွှန်းလောကထဲတွင် အလွန်အစွမ်းအစရှိသော လူတစ်ယောက်ဖြစ်သည်။ သို့သော်လည်း တစ်နှစ်လောက် ကြိုးစားပမ်းစားလုပ်ပြီး ဇာတ်ညွှန်းများ ရောင်းချခြင်းမှ ရရှိသော ပိုက်ဆံများကို ပေါင်းလိုက်သောအခါ ယွမ် ၃ သန်းလောက်သာ ရပါသည်။
သို့သော်လည်း လင်းဖန် ရောက်လာသောအခါ ကုမ္ပဏီက ဒီလိုအကျိုးခံစားခွင့် မြင့်မြင့်မားမား ပေးအပ်ခဲ့သည်။
အကြောင်းပြချက်ကတော့ ရှင်းလင်းပါသည်။
လင်းဖန်က ကုမ္ပဏီထဲကို ခေါ်ယူဖို့ ထိုက်တန်သူ ဖြစ်သောကြောင့် ဖြစ်ပါသည်။
ကုမ္ပဏီ၏ စီအီးအိုတစ်ယောက်အနေဖြင့် စီအီးအိုလီ၏ အမြင်က ထူးခြားသည်။ မဟုတ်ပါက ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့လို ပါရမီရှင်များကို ပြုစုပျိုးထောင်ပေးနိုင်မည် မဟုတ်ပါ။
သာမန်အမျိုးသမီး သရုပ်ဆောင်များက အသက် ၂၀ ကျော်ဝန်းကျင်တွင် နေရာအသေးစားလေးများမှာသာ ပါဝင်သရုပ်ဆောင်နေကြရဆဲဖြစ်သည်။ သို့သော် ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ကတော့ ပရိတ်သတ် သန်းချီပြီး ရှိနေပါပြီ။
လင်းဖန်က ထိုစကားကို ကြားသောအခါ သူရယ်လိုက်မိပါသည်။
သူ့ကို ဆွဲခေါ်ချင်နေသည့် စီအီးအိုလီ၏ ရည်ရွယ်ချက်များမှာ အလွန်သိသာလွန်းပါသည်။
ယွဲ့ဟွာအင်တာတိန်းမန့်မှာ အလကားနေရုံနဲ့ အကျိုးကျေးဇူးများစွာ ရရှိရုံတင်မကသေးဘဲ နှစ်စဥ်ဝင်ငွေ ယွမ် ၅ သန်းပါ ပေးပါသေးသည်။ မည်သည့် ကန့်သတ်ချက်မှလည်း မရှိဘဲ ဘယ်သူမဆို သေချာပေါက် လက်ခံနိုင်လောက်ပါသည်။
"စီအီးအိုလီ ကျွန်တော် စားသောက်ဆိုင်လေးလည်း ဖွင့်ရသေးတယ် ပုံမှန်ဆို အလုပ်မအား..." လင်းဖန် ပြောလိုက်သည်။
"ယွမ် ၆ သန်း" စီအီးအိုလီက ပြုံးလိုက်သည်။
"စီအီးအိုလီ ကျွန်တော်က ဒီတိုင်းဆိုလည်း ဇာတ်ညွှန်းတွေကို ရေးနေရဦးမှာဆိုတော့...." လင်းဖန်က ဆက်ပြောသည်။
"ယွမ် ၇ သန်း" စီအီးအိုလီက ဆက်ပြောသည်။
"စီအီးအိုလီ ကျွန်တော့်အိမ်မှာ ကြောင်တစ်ကောင်လည်း မွေးထားသေးတယ်" လင်းဖန်က စီအီးအိုလီကို တိတ်ဆိတ်စွာ ကြည့်နေသည်။
"ယွမ် ၉ သန်း" စီအီးအိုလီက လင်းဖန်ကို လေးစားစွာကြည့်နေပါသည်။
"တကယ်တော့ ငွေရေးကြေးရေးက ပြဿနာ မဟုတ်ပါဘူး။ အဓိကအချက်ကတော့ ကုမ္ပဏီထဲမှာ ဇာတ်ညွှန်းရေးဆရာလုပ်တာ ကောင်းမယ်ထင်လို့ပါ" လင်းဖန်ကပြုံးလိုက်သည်။
အလကားနေရင်း ယွမ် ၉ သန်းကို သူမလိုချင်ဘဲနေပါ့မလား။ ရှားဝမ်ချွေ့ကိုလည်း နောက်ဆို မကြာခဏ တွေ့နိုင်ပြီ။ ဒီအကျိုးကျေးဇူးများကို လင်းဖန် သိပါသည်။ လင်းဖန်နှင့်အလုပ်တူတူတွဲလုပ်ရခြင်းက နှစ်ဦးနှစ်ဖက် ဝမ်းသာစရာ ဖြစ်ပါသည်။
တစ်ချိန်တည်းမှာပင် စီအီးအိုလီက လက်ရမ်းပြလိုက်သောအခါ အမျိုးသမီးလက်ထောက်တစ်ယောက်က လမ်းလျှောက်လာ၏။ စာချုပ်ကို ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်ပါသည်။
ပြဿနာမရှိကြောင်း အတည်ပြုပြီးသောအခါ လင်းဖန်၏ နာမည်ကို ရေးထိုးလိုက်ပါသည်။
"မစ်စတာလင်း ယွဲ့ဟွာအင်တာတိန်းမန့်က ကြိုဆိုပါတယ်ဗျာ။ လုပ်ငန်း အတူတူ တွဲလုပ်ရတာ ဝမ်းသာပါတယ်" စီအီးအိုလီက မတ်တပ်ရပ်ကာ သူ့လက်ကို လင်းဖန်ထံသို့ ကမ်းပေးလိုက်ပါသည်။
"စီအီးအိုလီ လုပ်ငန်းတွဲလုပ်ရတာ ဝမ်းသာပါတယ်" လင်းဖန်က လက်ဆွဲနှုတ်ဆက်လိုက်ပါသည်။
လင်းဖန်သည် ဇာတ်ညွှန်းတစ်ခုသာ ရေးရသေးသော်လည်း နှစ်စဥ်လစာ ယွမ် ၉ သန်းကို မတော်တဆ ရရှိလိုက်ပါသည်။
လင်းဖန်သာ ဇာတ်ညွှန်းတစ်ပုဒ်ကို ရေးသားပြီး ရောင်းချနိုင်လျှင် ငွေတွေ အများကြီး ရနိုင်ပြီး ယွဲ့ဟွာအင်တာတိန်းမန့်၏ ထိန်းချုပ်မှုကိုလည်း ခံရမည် မဟုတ်ပေ။
တစ်ဖက်တွင် ....။
ထျန်ကျန်းက အားလုံးကို တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။ သူကလည်း ကုမ္ပဏီ၏ ထိပ်တန်း ဇာတ်ညွှန်းရေးဆရာကြီးတစ်ယောက် ဖြစ်ပါသည်။ သူ့စွမ်းရည်များက လင်းဖန်လောက် မကောင်းသော်လည်း ကုမ္ပဏီက လင်းဖန်ကို နှစ်စဥ်လစာ ၉ သန်း ပေးလိုက်သောအခါ သူ အနည်းငယ် မနာလိုဖြစ်မိပါသေးသည်။
ကုမ္ပဏီထဲက သူ့နှစ်စဥ်လစာက ဒီလောကတွင် အမြင့်ဆုံး ဖြစ်သော်လည်း ယွမ် ၃၀၀,၀၀၀ သာ ဖြစ်သည်။ နှစ်တိုင်း ဇာတ်ညွှန်း နည်းနည်းလောက် ထုတ်လုပ်နိုင်လျှင် ယွမ် ၃ သန်းသာ ရပါသည်။
သိ့သော်လည်း လင်းဖန်က ယွမ် ၉သန်းတန် စာချုပ်ကို တန်းချုပ်နိုင်ခဲ့သည်။ သူက ဘာမှလုပ်စရာမလိုဘဲ ပိုက်ဆံရနိုင်ခြင်းနှင့် ညီမျှပါသည်။
အမှန်ပင်။ သူက မနာလိုခြင်းသာဖြစ်ပြီး ဝန်တိုခြင်း မဟုတ်ပါ။ လင်းဖန်၏ အစွမ်းအစများက သူ့ထက် အများကြီ ကျော်လွန်နေတာကို ထျန်ကျန်း သိထားပါသည်။ လင်းဖန်၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုများက တိုင်းတာလို့ပင် မရနိုင်ပါ။
သို့သော်လည်း ဘာကြောင့်မှန်းမသိဘူး။ ထျန်ကျန်း အနည်းငယ် စိတ်ဓာတ်ကျကာ အားငယ်သွားပါသည်။
ဒါက သူနဲ့ ဘော့စ်ကြီးတို့အကြားက ကွာဟချက် ဖြစ်နိုင်ပါသည်။