အခန်း(၆၃) ခေါင်းဆောင်မင်းသမီးနေရာအတွက် ပြိုင်ဆိုင်မှု
Vol. 5 Ch. 63
အခန်း(၆၃) ခေါင်းဆောင်မင်းသမီးနေရာအတွက် ပြိုင်ဆိုင်မှု
ရှုယန် အနည်းငယ် ပင်ပန်းနေပါသည်။
သို့သော်လည်း ရှုယန်၏ ဆုံးဖြတ်ချက်ပြတ်သားမှုကိုတော့ မထိခိုက်ခဲ့ပါ။
သူသဘောကျတဲ့ ကောင်မလေးကို ဘာကြောင့် အလွယ်တကူ လက်လျှော့လိုက်ရမည်နည်း။
ဘာပဲဖြစ်ဖြစ် သူက ကုမ္ပဏီ၏ ထိပ်တန်း အမျိုးသားသရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ကုမ္ပဏီထဲတွင် အရေးပါသည့် နေရာတစ်ခု ရထားသည်။
လင်းဖန်က သာမန်လူတစ်ယောက်သာ ဖြစ်သည်။ သူ Koenigsegg One ကားကြီး မောင်းနေရင်တောင် ယွဲ့ဟွာအင်တာတိန်းမန့်က အမျိုးသားသရုပ်ဆောင် မဟုတ်ပါ။
တစ်နည်းအားဖြင့် ဘဝရဲ့ပျော်ရွှင်မှု အတွက် ခေါင်းဆောင်မင်းသားနေရာကို ပြိုင်ဆိုင်သောအခါ သူ့မှာ အားသာချက် ကြီးကြီးမားမား ရှိနေပါသေးသည်။
ထိုအချိန်တွင် ရှားဝမ်ချွေ့နဲ့အတူ သူ သရုပ်ဆောင်နိုင်ပြီး လင်းဖန်ကတော့ ဘေးကပဲ ရပ်ကြည့်နိုင်ကာ ရှုံးနိမ့်နေရမည် ဖြစ်သည်။
ရှုယန်က တက်ကြွမှုများဖြင့် ပြည့်နှက်နေ၏။ မနက်ဖြန်က ဇာတ်ညွှန်းအတွက် သရုပ်ဆောင် ရွေးချယ်မည့်နေ့ဖြစ်ပြီး လင်းဖန်ကို အပြတ်သတ်ဖြတ်နိုင်မည့်နေ့လည်းဖြစ်ပါသည်။
လင်းဖန်က ဘဝရဲ့ပျော်ရွှင်မှု၏ ဇာတ်ညွှန်းဆရာဖြစ်မှန်း ရှုယန်တစ်ယောက် မသိသေးပါ။ လင်းဖန်က ဘော့စ်လီနဲ့ အတူတူ နှစ်စဥ်လစာ ယွမ် ၉ သန်းတန် စာချုပ်ချုပ်ဆိုထားတာကိုလည်း မသိသေးပါ။
ရှုယန်သာ သိထားလျှင် ဒီလိုတွေးမှာ မဟုတ်ပေ။
လင်းဖန်က စီအီးအိုလီတောင် လေးစားရသည့် ဘော့စ်ကြီးတစ်ယောက် ဖြစ်ပါသည်။
လင်းဖန်က Koenigsegg One ကားကြီးဖြင့် ရှားဝမ်ချွေ့၏ အိမ်သို့ မောင်းနှင်လာခဲ့ပါသည်။
ရှားဝမ်ချွေ့၏ အိမ်ကိုရောက်တော့ လင်းဖန်က ကားထဲမှ ထွက်လိုက်ပြီး ရှားဝမ်ချွေ့အတွက် ကားတံခါးကို ဆင်းဖွင့်ပေးခဲ့ပါသည်။
ရှားဝမ်ချွေ့ ကားပေါ်က ဆင်းလာသောအခါ လေပြည်လေးတစ်ချက်က တိုးဝှေ့သွားပါသည်။
"မြောင် မြောင်~" ရှားဝမ်ချွေ့က လင်းဖန်ကို သူမ၏ လှပသော မျက်လုံးလေးများဖြင့် ကြည့်လိုက်ပြီး ချစ်ဖို့ကောင်းသော အပြုံးလေး လုပ်ပြလိုက်သည်။
"အိမ်ထဲဝင်တော့ မနက်ဖြန်မှတွေ့မယ်" လင်းဖန်က Koenigsegg One ကားကြီးကို မှီကာ ရှားဝမ်ချွေ့ကို တောက်ပသောအပြုံးဖြင့် ကြည့်လိုက်ပါသည်။
"မနက်ဖြန် တွေ့မယ်ဟုတ်လား" ရှားဝမ်ချွေ့က စိတ်ဝင်စားစွာ မျက်တောင်ခတ်လိုက်ပါသည်။
"အေး စီအီးအိုလီက ယွဲ့ဟွာအင်တာတိန်းမန့်မှာ ပုံမှန် ဇာတ်ညွှန်းရေးဆရာလုပ်ဖို့ ငါ့ကိုဖိတ်ထားတယ်" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။
"ဟုတ်လား။ ဒါဆို ငါနင့်ကို ကုမ္ပဏီမှာ တွေ့လို့ရပြီပေါ့။ ငါ... အသီးအရွက်သုပ် စားချင်တယ်" ရှားဝမ်ချွေ့က အနည်းငယ် အံ့အားသင့်နေပါသည်။
သူမ အံ့သြတာက လင်းဖန်၏ ရာထူးကို မဟုတ်ပါ။ ဇာတ်ညွှန်းရေးဆရာတစ်ယောက်ဖြစ်ဖို့အတွက် အလွန်စနစ်ကျသည့် ရွေးချယ်မှုဆိုင်ရာလုပ်ငန်းစဥ်များ ရှိပါသည်။
သို့သော် စီအီးအိုလီဘက်က ဦးစွာ လင်းဖန်ကို ဖိတ်ကြားခဲ့သည်။ ဒီလိုသာဆို လင်းဖန် ဆက်ဆံခံရသည့်ပုံစံက လုံးဝ ကွဲပြားခြားနားနေပါလိမ့်မည်။
"စီအီးအိုလီက ဝက်ပေါက်လေးကို အနိုင်တော့ မကျင့်ဘူးမလား" ရှားဝမ်ချွေ့က လင်းဖန်ရှေ့သို့ လျှောက်လာပြီး သူမ၏ လှပသော မျက်လုံးလေးများဖြင့် မော့ကြည့်လိုက်သည်။
"ဘာမှမဖြစ်ဘူး။ နင်ကမှ မြန်မြန်နားရမှာ။" လင်းဖန်က ပြောလိုက်သည်။
"သြော် ငါသိပါတယ်။ စီအီးအိုလီက ငါ့ဝက်ပေါက်လေးကို အနိုင်မကျင့်ရဲပါဘူး။ မဟုတ်ရင် ဒီကြောင်လေးက အရမ်းဒေါသထွက်သွားမှာ။" ရှားဝမ်ချွေ့က ပြောလိုက်ပါသည်။
"နင့်ဝက်ပေါက်လေးက ဘယ်သူလဲ။" လင်းဖန်က ပြန်ပြောလိုက်သည်။
လင်းဖန်က ရှေ့သို့တိုးလာပြီး နူးညံ့စွာ ပြောလိုက်သည်။ "နောက်ပိုင်း ညဘက်တွေဆို အစ်မယန်ကိုပဲ လိုက်ပို့ခိုင်းတော့။ မဟုတ်ရင် မီဒီယာကသာ ငါတို့ရဲ့ ဓာတ်ပုံတွေကို ရိုက်မိသွားမယ်ဆိုရင် နာမည်ထပ်ကြီးသွားလိမ့်မယ်။"
လင်းဖန်က ရှားဝမ်ချွေ့ကို လူထု၏ အမြင်ကြောင့် မထိခိုက်စေချင်ရုံဖြစ်သည်။
ရှားဝမ်ချွေ့က လှည့်သွားပါသည်။ သူမ၏ ကောက်ကြောင်းများက သူ့ကို ရင်ခုန်စေသည်။
သူမ လင်းဖန်ကိုကြည့်ကာ ချိုမြိန်စွာ ပြုံးလိုက်ပါသည်။
သူမဘေးက အရာအားလုံး သူမ၏ အပြုံးကြောင့် အေးခဲသွားသလိုပင်။
သူမ လင်းဖန်ဘေးသို့ လျှောက်လာပြီး သူ့ကိုကြည့်လိုက်သည်။ သူမ၏ အပြုံးက ရူးလောက်ပါသည်။
"ဒါပေမယ့်... ငါဂရုမစိုက်ပါဘူး"
နောက်တစ်နေ့...
ယွဲ့ဟွာအင်တာတိန်းမန့်မှာ အစည်းအဝေးပွဲတစ်ခု ကျင်းပနေပါသည်။
အဘယ့်ကြောင့်ဆိုသော် လင်းဖန်က ယွဲ့ဟွာအင်တာတိန်းမန့်တွင် ထိပ်တန်း ဇာတ်ညွှန်းရေးဆရာ တစ်ယောက် ဖြစ်လာသောကြောင့် ဖြစ်ပါသည်။
ထိုသတင်းအား ထုတ်ပြန်လိုက်သောအခါ ကုမ္ပဏီထဲက လူများစွာက ထိတ်လန့်သွားခဲ့ကြပါသည်။
လင်းဖန်ရေးလိုက်သည့် ဇာတ်ညွှန်းတစ်ခုတည်းကြောင့် ကုမ္ပဏီထဲက ထိပ်တန်း ဇာတ်ညွှန်းရေးဆရာတစ်ယောက် တန်းဖြစ်သွားစေခဲ့ပါသည်။ ထိပ်တန်း ဇာတ်ညွှန်းရေးဆရာတစ်ယောက်၏ လစာက မနည်းပါ။
"အားလုံးပဲ လင်းဖန် ကုမ္ပဏီရဲ့ ထိပ်တန်း ဇာညွှန်းဆရာတစ်ယောက်ဖြစ်လာပါပြီလို့ ကျွန်တော် ကြေညာချင်ပါတယ်" စီအီးအိုလီက လင်းဖန်ကို လေးစားစွာ ကြည့်ရင်း ပြောလိုက်ပါသည်။
တကယ်တော့ လင်းဖန်က ကုမ္ပဏီ၏ ထိပ်တန်း ဇာတ်ညွှန်းရေးဆရာ မဟုတ်ပါ။ သူက ကုမ္ပဏီထဲတွင် သာမန် ဇာတ်ညွှန်းဆရာတစ်ယောက်သာဖြစ်သည်။ သူရေးသားသည့် ဇာတ်ညွှန်းများထဲတွင် ကိုယ်ပိုင်မူပိုင်ခွင့်များ ရှိပါသေးသည်။
ထိပ်တန်းဇာတ်ညွှန်းရေးဆရာဟူသည့်ရာထူးက လင်းဖန်ကို ကုမ္ပဏီထဲတွင် တရားဝင်သရုပ်သကန်တစ်ခုကို ရရှိသွားစေပါသည်။
အမှန်ပင်။ လင်းဖန်၏ အစွမ်းအစနဲ့ဆို ထိပ်တန်း ဇာတ်ညွှန်းရေးဆရာတစ်ယောက်လုပ်ရလည်း ပြဿနာမရှိပါ။ ဇာတ်ညွှန်းရေးဆရာကြီး ထျန်ကျန်းကတောင် လင်းဖန်၏ ဇာတ်ညွှန်းရေးအစွမ်းအစကို လေးစားရသည်။
"ဂုဏ်ယူပါတယ်၊ ဂုယ်ယူပါတယ်။ ဆရာလင်းက အနာဂတ်မှာ ဇာတ်ညွှန်းရေးဆရာကြီးတစ်ယောက် ဖြစ်လာမှာဆိုတော့ ကျုပ်တို့ကို ပိုပြီးလမ်းညွှန်ပေးရမယ်နော်။"
"ကျုပ် ဆရာလင်းဆီကနေ သင်ယူရဖို့ကို ကျေကျေနပ်နပ်ကြီး လက်ခံပါတယ်။"
"ထိပ်တန်း ဇာတ်ညွှန်းရေးဆရာတဲ့... လင်းဖန်က တကယ်တော်တာပဲ။ ဒါပေမယ့် လင်းဖန်ရဲ့ ဇာတ်ညွှန်းကလည်း တကယ်ကောင်းတယ်။ ဂုဏ်ယူပါတယ်။"
ထိုအချိန်တွင် အားလုံးက လင်းဖန်ကိုကြည့်ကာ ဂုဏ်ပြုလက်ခုပ်များ တီးလိုက်ကြပါသည်။
ကုမ္ပဏီ၏ ဇာတ်ညွှန်းရေးဆရာတချို့ဆို လင်းဖန်ကို ဆရာလင်းဟုပင် ခေါ်နေကြပါပြီ။
လင်းဖန် ကုမ္ပဏီ၏ ထိပ်တန်းဇာတ်ညွှန်းရေးဆရာတစ်ယောက်ဖြစ်လာသည့် သတင်းမှာ တောမီးလို ပျံ့နှံ့သွားခဲ့ပါသည်။
"ဟုတ်ပြီ။ လုပ်ငန်းစလိုက်ကြရအောင်။"
"ဘဝရဲ့ပျော်ရွှင်မှု ဇာတ်ညွှန်းရေးဆရာက လင်းဖန်ပါ။ ဇာတ်ညွှန်းရဲ့ ထုတ်လုပ်ရေး အစီအစဥ်က စတော့မှာမို့လို့ မေးစရာရှိရင် လင်းဖန်ကိုမေးလို့ရပါတယ်" စီအီးအိုလီက ပြောလိုက်ပါသည်။
အစည်းအဝေးပြီးသောအခါ စီအီးအိုလီက လင်းဖန်၏ ပခုံးကို ပုတ်ပေးလိုက်ပါသည်။
ဒီလုပ်ရပ်တစ်ခုတည်းနဲ့တင် စီအီးအိုလီ လင်းဖန်ကို ဘယ်လောက်တောင် မျက်နှာသာပေးလဲ ကုမ္ပဏီထဲက လူတွေမြင်နိုင်ပါသည်။
ဘာလူရွေးပွဲမှမရှိဘဲ လင်းဖန်က ကုမ္ပဏီ၏ ထိပ်တန်း ဇာတ်ညွှန်းရေးဆရာ ဖြစ်လာခဲ့သည်။ သူ့နှစ်စဥ်လစာဝင်ငွေက အနည်းဆုံး ယွမ် တစ်သန်း ဖြစ်ပါလိမ့်မည်။
ထို့အပြင် လင်းဖန်က ဘဝရဲ့ပျော်ရွှင်မှု၏ ဇာတ်ညွှန်းရေးဆရာဖြစ်သည်။ ချက်ချင်းဆိုသလိုပဲ လူများစွာက လင်းဖန်နဲ့အတူ လက်ဆွဲလာနှုတ်ဆက်ကြသည်။
"ဟယ်လို မစ်စတာလင်း ကျွန်တော်က ဇာတ်ညွှန်းဆရာ လျို့လင်းပါ။ ကျေးဇူးပြုပြီး ဂရုစိုက်ပေးပါဦး။"
"ထိပ်တန်းဇာတ်ညွှန်းရေးဆရာတစ်ယောက်ဖြစ်လာတဲ့အတွက် ဂုဏ်ပြုပါတယ် မစ်စတာလင်း ကျွန်တော်က ပရိုဂျူဆာလျို့ပါ။"
"ဂုဏ်ယူပါတယ် မစ်စတာလင်း ကျုပ်က ဒါရိုက်တာ လုပမ်ခိုင်းပါ။"
ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ကတော့ လင်းဖန်ကို အထူးတလည် လာမတွေ့ကြပါ။
ဘာပဲဖြစ်ဖြစ် ကုမ္ပဏီထဲမှာ လူတွေအများကြီး ရှိနေပြီး လင်းဖန်က ကုမ္ပဏီ၏ ထိပ်တန်းဇာတ်ညွှန်းဆရာဖြစ်လာပြီဆိုတာကို အားလုံးသိကြသည်။
ရှုယန်ကတော့ ရုံးခန်းမှာတောင် မရှိပါ။
နေ့လည်ခင်းတွင် ယွဲ့ဟွာအင်တာတိန်းမန့်၌ လူရွေးပွဲ တရားဝင် စတင်ခဲ့ပါသည်။
ဘဝရဲ့ပျော်ရွှင်မှုဇာတ်ညွှန်းက ယွဲ့ဟွာအင်တာတိန်းမန့်တစ်ခုလုံးတွင် လုံးဝ ရေပန်းစားနေပါသည်။
ကောင်မလေးများစွာက ဘဝရဲ့ပျော်ရွှင်မှု ဇာတ်ညွှန်းတွင် ခေါင်းဆောင်မင်းသမီးဖြစ်ချင်ကြသည်။
ကုမ္ပဏီထဲတွင် ပြိုင်ဆိုင်မှုလည်းများစွာ ရှိနေပါသည်။ မရေမတွက်နိုင်အောင် များပြားသော အမျိုးသမီး သရုပ်ဆောင်များက ရှားဝမ်ချွေ့ကို အနိုင်ယူချင်နေကြသည်။
ရှားဝမ်ချွေ့၏ အကြီးမားဆုံး အားနည်းချက်မှာ အချစ်ရေးဇာတ်ဝင်ခန်းများကို မရိုက်ခြင်းဖြ်စသည်။
ယွဲ့ဟွာအင်တာတိန်းမန့် ဒီနေ့ စစ်ဆေးမည့် role များက အဓိကအားဖြင့် ခေါင်းဆောင် မင်းသားနဲ့ မင်းသမီးတို့ဖြစ်သည်။
အစည်းအဝေးတွင် လူများစွာက အတူတူထိုင်နေကြသည်။
ရှားဝမ်ချွေ့၊ လင်းဖန်၊ စုရှောင်းယွီ၊ ထျန်ကျန်း၊ ကုမ္ပဏီပရိုဂျူဆာ လျို့နှင့် တခြားသက်ဆိုင်ရာ ပရော်ဖက်ရှင်နယ် ဝန်ထမ်းများလည်း ရှိကြသည်။
"ငါဒီရုပ်ရှင်ထဲမှာ ခေါင်းဆောင်မင်းသမီး ဖြစ်ချင်တယ်။ ငါက ဒီဇာတ်ရုပ်နဲ့အရမ်းလိုက်ဖက်တယ်လို့ထင်တယ်" ကောင်မလေးတစ်ယောက်က ပြောလိုက်သည်။ သူမ၏ အသံက ကြည်လင်ပြတ်သားပြီး သူမ၏ သီဆိုမှုသည်လည်း အရမ်းကောင်းမွန်သည်။ သူမက ကုမ္ပဏီထဲက တတိယအဆင့်ရှိ အနုပညာရှင် လင်းကျင်းကျင်း ဖြစ်ပါသည်။
လင်းကျင်းကျင်းက စုရှောင်းယွီ၏ အချစ်ဆုံး သူငယ်ချင်းတစ်ယောက်လည်း ဖြစ်ပါသည်။ သူမက စုရှောင်းယွီနဲ့ အဆင်ပြေပြီး အခု ခေါင်းဆောင်မင်းသမီးနေရာအတွက် တိုက်ခိုက်နေကြသည့် စုစုပေါင်း အမျိုးသမီးသရုပ်ဆောင် ၁၇ ယောက်ရှိပါသည်။
"ငါလည်း ဒီဒရမ်မာမှာ ခေါင်းဆောင်မင်းသမီးလုပ်ချင်တယ်...."
"အေး ဒီဒရမ်မာထဲမှာ ခေါင်းဆောင်မင်းသမီးရဲ့ ဇာတ်ဝင်ခန်းတွေ အများကြီးရှိတယ်။ သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်ကိုလည်း စမ်းသပ်တယ်။ ငါ့သရုပ်ဆောင်စွမ်းရည်က အဆင််ပြေမယ် ထင်တာပဲ။"
"ငါတို့ ခေါင်းဆောင်မင်းသမီးရဲ့ ဇာတ်ဝင်ခန်းတွေကို စမ်းရိုက်ကြည့်ပြီး ပရိုဂျူဆာနဲ့ ဒါရိုက်တာတို့ ဆုံးဖြတ်ကြပါစေလား။"
"အာဝူး ငါလည်း ခေါင်းဆောင်မင်းသမီး လုပ်ချင်တယ်" စုရှောင်းယွီက နှုတ်ခမ်းစူလိုက်ပါသည်။ သူမလည်း ဝင်ပြောလိုက်သည်။
ထိုအချိန်တွင်...
ကောင်မလေးတစ်ယောက်က အစည်းအဝေးထဲဝင်လာပြီး စုရှောင်းယွီဘေးတွင် ထိုင်လိုက်ပါသည်။
"ငါလည်း ခေါင်းဆောင်မင်းသမီးဖြစ်ချင်တယ်။"
ရှားဝမ်ချွေ့၏ လှပသော မျက်လုံးလေးများက အားလုံးကိုကြည့်လိုက်ပါသည်။ ရိုးရှင်းသည့် စကားတစ်ခွန်းသာဖြစ်သော်လည်း စွမ်းအားကြီးပြီး အရှိန်အဝါရှိပါသည်။
ကုမ္ပဏီ၏ နံပါတ်တစ်အမျိုးသမီး သရုပ်ဆောင် ရှားဝမ်ချွေ့က ဒီရုပ်ရှင်အတွက် ခေါင်းဆောင်မင်းသမီးနေရာကို တကယ်ကြီး ဝင်ပြိုင်ပါလိမ့်မည်။