← Chapters

အခန်း(၆၄) ငါထင်ထားတာနဲ့ ဘာလို့လွဲနေတာလဲ

Vol. 5 Ch. 64

အခန်း(၆၄) ငါထင်ထားတာနဲ့ ဘာလို့လွဲနေတာလဲ

Vol. 5 Ch. 64

အခန်း(၆၄) ငါထင်ထားတာနဲ့ ဘာလို့လွဲနေတာလဲ

ရှားဝမ်ချွေ့ ထိုင်လိုက်သောအခါ သူမ၏ အရှိန်အဝါက အရင်ကလို ချစ်ဖို့မကောင်းတော့ပါ။

ဖျော်ဖြေရေးလောကထဲတွင် ပြိုင်ဆိုင်မှုများက ကြမ်းတမ်း ပြင်းထန်လွန်းသည်။

ဒီဒရမ်မာက တကယ်ပဲ ကောင်းမွန်သဖြင့် ဒီဒရမ်မာထဲက ဇာတ်လိုက်မင်းသမီးနေရာအတွက် ပြိုင်ဆိုင်မည်ဖြစ်သည်။ တခြားနည်းလမ်းမရှိပါ။

လင်းဖန်ရှေ့တွင် သူမ၏ သာမန်ပုံစံအတိုင်းရှိတတ်သည်။ အလွန်ချစ်ဖို့ကောင်းပြီး လှပ၏။

ကုမ္ပဏီထဲက အားလုံးရဲ့ရှေ့မှာတော့ လုံးဝ ခြားနားနေပါသည်။ နတ်သမီးအစစ် တစ်ပါးလိုပင်။ ရှားဝမ်ချွေ့ ထိုင်လိုက်သောအခါ တခြား အမျိုးသမီး သရုပ်ဆောင်အားလုံး အနည်းငယ် လန့်သွားကြ၏။

ရှားဝမ်ချွေ့တောင် ဒီဒရမ်မာ၏ ခေါင်းဆောင်မင်းသမီးနေရာအတွက် ယှဥ်ပြိုင်တော့မည်။

သို့သော်လည်း ရှားဝမ်ချွေ့ သရုပ်မဆောင်တာ တစ်နှစ်လောက်ရှိပြီ။ ထို့အပြင် သူမ၏ အချစ်ရေး ဇာတ်ဝင်ခန်းများအတွက် သရုပ်ဆောင်စွမ်းရည်ကလည်း သူတို့လောက် ပိုမကောင်းနိုင်ပါ။ ခေါင်းဆောင်မင်းသမီးနေရာအတွက် ဘယ်သူက ယှဥ်ပြိုင်နိုင်မှန်း မသေချာဘဲ အမျိုးသမီး သရုပ်ဆောင်များစွာကလည်း လက်လျှော့ဖို့ အစီအစဥ်မရှိပါ။

ရှားဝမ်ချွေ့၊ စုရှောင်းယွီ၊ လင်းကျင်းကျင်းနှင့် တချို့ လှပသော အမျိုးသမီးသရုပ်ဆောင်တချို့က ခေါင်းဆောင်မင်းသမီးနေရာအတွက် လာရောက်ယှဥ်ပြိုင်ကြသည်။

ခဏတာလောာက် ပရိုဂျူဆာ၊ ဒါရိုက်တာနဲ့ တခြား ဇာတ်ညွှန်းဆရာအားလုံး ကြက်သေ သေသွားခဲ့ကြပါသည်။

ဒရမ်မာတစ်ခုတွင် ဇာတ်ညွှန်းက အသက်ဝိညာဥ်ဖြစ်သည်။ ထိုဇာတ်ညွှန်းကို ပုံဖော်ပေးနိုင်သည့် လူများကလည်း သရုပ်ဆောင်များသာဖြစ်၏။

ပရိုဂျူဆာလျို့က ပြုံးလိုက်ပြီး အခန်းတစ်ခန်းလုံးကိုကြည့်လိုက်သည်။ "လင်းဖန် မင်းက ဒီဒရမ်မာအတွက် ဇာတ်ညွှန်းရေးထားတာဆိုတော့ ခေါင်းဆောင်မင်းသမီးလုပ်ဖို့ ဘယ်သူက ပိုသင့်တော်မယ်ထင်လဲ။"

ပရော်ဖက်ဆာလျို့၊ ဒါရိုက်တာ လုပမ်ခိုင်းတို့သည် သူတို့ ရွေးချယ်ထားသည့် ခေါင်းဆောင်မင်းသမီးမှာ ရှားဝမ်ချွေ့ဖြစ်မှန်း သိကြပါသည်။

သို့သော်လည်း သူတို့ ထုတ်ပြောလို့မရကြပါ။

ခေါင်းဆောင်မင်းသမီးဘယ်သူဆိုတာကို ထုတ်ပြောရမည့်တာဝန်အား လင်ဖန်ကို ပေးအပ်လိုက်ပါသည်။

ဘာပဲဖြစ်ဖြစ် လင်းဖန်က ဒီရုပ်ရှင်အတွက် ဇာတ်ညွှန်းဆရာဖြစ်ပြီး ကုမ္ပဏီ၏ ထိတ်တန်း ဇာတ်ညွှန်းရေးဆရာတစ်ယောက်လည်းဖြစ်နေသည်။

လင်းဖန် ထိုစကားကိုကြားလိုက်သောအခါ ပြဿနာက သူ့ထံပြန်ရောက်လာပါသည်။

"အားလုံးပဲ ကျွန်တော် ဒီဇာတ်ညွှန်းကို ပထမဆုံး ရေးသားခဲ့တုန်းက ဇာတ်ကောာင်တိုင်းအတွက် အင်အား အများကြီး စိုက်ထုတ်ခဲ့ပါတယ်။ ခင်ဗျားတို့ ခေါင်းဆောင်မင်းသမီးဖြစ်မှ မဟုတ်ပါဘူး။ ဇာတ်ကောင်တိုင်းမှာ သူတို့ရဲ့ ထူးခြားတဲ့ တောက်ပမှုတွေ ကိုယ်စီရှိကြပါတယ်။"

"ကျွန်တော် ခေါင်းဆောင်မင်းသမီးကို ဖန်တီးနေတုန်းက ကောင်မလေးတစ်ယောက်ကို ဇာတ်ကောင်အဖြစ် စိတ်ထဲမှာ ထားပြီး ဖန်တီးခဲ့တာပါ။ ကျွန်တော့်ရင်ထဲမှာ ခေါင်းဆောင်မင်းသမီးအတွက် ရွေးချယ်ထားပြီးသားပါ။"

"သူကတော့... ရှားဝမ်ချွေ့ဖြစ်ပါတယ်။"

လင်းဖန်၏ စကားကို ကြားလိုက်သောအခါ အားလုံး တိတ်ဆိတ်သွားကြသည်။။

တစ်ဖက်မှာတော့ ရှားဝမ်ချွေ့၏ မျက်နှာက အနည်းငယ် နီရဲနေကာ လင်းဖန်ကိုကြည့်နေသည်။

လင်းဖန် ဇာတ်ညွှန်းကို ရေးသားနေစဥ်က သူ့စိတ်ထဲ သူမဖြင့်သာ ပြည့်နှက်နေလောက်သည်။

အရူးကောင်လင်းဖန်။ ငါ့ကို အနိုင်ကျင့်ဖို့ပဲသိတယ်။

သူမ လှနေတာ ဘယ်သူ့အပြစ်လဲ။

ရှားဝမ်ချွေ့၏ ရင်ထဲ နွေးထွေးသွား၏။ သူမ လင်းဖန်ကို နောက်တစ်ခေါက်မှ ဆုသေးသေးလေး ချရမည်။

မစ်စတာလျို့နှင့် လုပမ်ခိုင်းတို့ အချင်းချင်း ကြည့်လိုက်ကြပြီး ပြောလိုက်ပါသည်။ "ကောင်းပြီ။ ဒါဆိုရင် ကျုပ်တို့ ရှားဝမ်ချွေ့ကိုပဲ ခေါင်းဆောင်မင်းသမီးအဖြစ် ရွေးချယ်လိုက်ပါ့မယ်။"

လင််းကျင်းကျင်း "..."

ကုမ္ပဏီထဲက တခြား အမျိုးသမီးသရုပ်ဆောင်များ "..."

ဇာတ်ညွှန်းဆရာများ "...."

သူတို့ ခေါင်းဆောင်မင်းသမီးနေရာကို ဒီလောက်ထိ ပေါ့ပေါ့တန်တန် ရွေးချယ်ကြတော့မှာလား။

လင်းဖန်က ခေါင်းဆောင်မင်းသမီးမှာ ရှားဝမ်ချွေ့ဖြစ်သည်ဟု ပြောလိုက်စဥ် ရှားဝမ်ချွေ့က ခေါင်းဆောင်မင်းသမီး ချက်ချင်း ဖြစ်လာခဲ့သည်။ သို့သော်လည်း ဘယ်သူမှ ဘာမှ မပြောနိုင်ခဲ့ကြပါ။ အဘယ့်ကြောင့်ဆိုသော် ရှားဝမ်ချွေ့ဖြစ်နေသောကြောင့်ဖြစ်သည်။

ရှားဝမ်ချွေ့သာ ဒီဒရမ်မာ၏ ခေါင်းဆောင်မင်းသမီးဆိုရင် ဘယ်သူမှ ဘာမှမပြောနိုင်ပါ။

ထို့အပြင် ဒီဇာတ်ညွှန်းကို လင်းဖန်က ရေးသားထားခြင်းဖြစ်၏။ ထို့ကြောင့် သူ့စကားကလည်း အာဏာရှိနေပါသည်။

လင်းကျင်းကျင်းက စုရှောင်းယွီကို ကြည့်လိုက်ပြီး တစ်ခုခု မှားယွင်းနေသလို ခံစားလိုက်ရပါသည်။

ဘာဖြစ်လို့ ဘက်လိုက်သလို ခံစားမိနေပါလိမ့်။

စုရှောင်းယွီက လက်ကို ဖြန့်ပြလိုက်သည်။ သူမလည်း သိပြီးသားဖြစ်ပါသည်။

သို့သော်လည်း လင်းကျင်းကျင်းက ချက်ချင်း ပြန်တည်ငြိမ်သွားခဲ့သည်။ ရှားဝမ်ချွေ့လောက် သူမ မလှတာ ဘယ်သူ့အပြစ်မှမဟုတ်ပါ။

ထို့အပြင် ရှားဝမ်ချွေ့က သူမ၏ သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်သည်။ ရှားဝမ်ချွေ့ အဆင့်တက်ပြီး အချစ်ရေးဇာတ်ဝင်ခန်း ရိုက်နိုင်တော့မှာကို သူမ ဝမ်းသာပါသည်။

တစ်နှစ်လောက် ရုပ်ရှင်မရိုက်ခဲ့သည့် ရှားဝမ်ချွေ့ နောက်ဆုံးတော့ ပြန်လာခဲ့လေပြီ။

ကြက်သေ သေနေကြသော တိတ်ဆိတ်မှုကြီး ပြီးသောအခါ အားလုံး မတ်တပ်ရပ်လိုက်ကြပြီး လက်ခုပ်တီးလိုက်ကြသည်။

ရှားဝမ်ချွေ့က ဘဝရဲ့ပျော်ရွှင်မှု၏ ခေါင်းဆောင်မင်းသမီး ဖြစ်တော့မည်။

တချို့ အမျိုးသားသရုပ်ဆောင်များလည်း အားတက်သွားကြ၏။

ဒီရုပ်ရှင်ထဲက ခေါင်းဆောင်မင်းသားနှင့် ခေါင်းဆောင်မင်းသမီးတို့တွင် ဇာတ်ဝင်ခန်းများစွာ၊ အချစ်ရေး ဇာတ်ဝင်ခန်းများစွာနှင့် အကြင်နာပေးသည့် အခန်းများပင် ရှိပုံရသည်။

ရှားဝမ်ချွေ့၏ ဖန်သားပြင်ပေါ်က ပထမဆုံးအနမ်းကို ဘယ်သူမှ မတွေ့ဖူးကြပါ။ မရေမတွက်နိုင်အောင် များပြားသော ပရိတ်သတ်များက ဒါကို မျှော်လင့်စောင့်စားနေကြပါသည်။

သူမ၏ ပထမဆုံးအနမ်း ရှိနေဆဲ ဖြစ်၏၊။

အမျိုးသားသရုပ်ဆောင်များစွာက ဒီဒရမ်မာကားထဲတွင် ခေါင်းဆောင်မင်းသား ဖြစ်လာချင်ကြသည်။ သူတို့ ခေါင်းဆောင်မင်းသားဖြစ်လာပါက ရှားဝမ်ချွေ့ကို နမ်းလို့ရကြမှာ မဟုတ်လား။

အမှန်ပင်။ ရှားဝမ်ချွေ့တွင် ခေါင်းဆောင်မင်းသားနေရာအတွက် ဆုံးဖြတ်ပိုင်ခွင့်ရှိနေတာကိုတော့ သူတို့ မသိခဲ့ကြပေ။

လက်ခုပ်သြဘာများ ပြီးဆုံးသွားသောအခါ ခေါင်းဆောင်မင်းသမီးအား အတည်ပြုလိုက်ပါသည်။

ထို့နောက် ခေါင်းဆောင်မင်းသားကို ဆုံးဖြတ်ကြသည်။

ရှုယန်က Maybach 62s ကားကို မောင်းကာ ကုမ္ပဏီ၏ ဝင်ပေါက်တွင် ရပ်တန့်လိုက်ကြသည်။

ရှုယန်က ဘေးပတ်လည်ကို လျှောက်ကြည့်လိုက်ပြီး Koenigsegg One လိုပြိုင်ကားမျိုးကို မတွေ့ကာမှ သက်ပြင်းချလိုက်မိပါသည်။

သို့သော်လည်း ရှုယန်က  နောက်ထပ် ပြိုင်ကားတစ်စီးဖြစ်သော Bugatti ကားကြီးတစ်စီးကို တွေ့ပါသည်။

ကုမ္ပဏီထဲမှာ Bugatti ကားစီးတဲ့လူရှိလို့လား။ ဘာပဲဖြစ်ဖြစ် Bugatti ကားစီးတာ လင်းဖန်တော့ မဖြစ်နိုင်ပါဘူး၊ ဟုတ်တယ်မလား။

လင်းဖန်တွင် ပြိုင်ကားတစ်စီးရှိပြီးသားဖြစ်သည်။ ပြိုင်ကား နောက်တစ်စီး ဝယ်နိုင်ပါဦးမလား။ ရှုယန် ဂရုမစိုက်ပါ။

"ဆရာရှု ကုမ္ပဏီက အခု ခေါင်းဆောင်းမင်းသားကို ရွေးနေပါပြီ။ ဆရာ မပါဘူးလား" မန်နေဂျာက ရှုယန်ကို မေးလိုက်သည်။

"ရပါတယ်၊ အလျင်မလိုပါဘူး။ ခင်ဗျား သွားနှင့်လို့ရတယ်။" ရှုယန်က တည်ငြိမ်သောမျက်နှာဖြင့် ခေါင်းငြိမ့်ပြလိုက်ပါသည်။

မန်နေဂျာ ထွက်သွားသောအခါ ရှုယန်က သူ့အဝတ်အစားများကို ပြန့်သွားအောင် ဆွဲလိုက်သည်။

သူက ယွမ်သောင်းချီပြီးတန်ဖိုးရှိသည့် စိတ်ကြိုက်ပြုလုပ်ထားသည့် ဝတ်စုံတစ်ခုကို ဝတ်ဆင်ထားခြင်း ဖြစ်သည်။

သူ ခေါင်းဆောင်မင်းသားနေရာအတွက် မပြိုင်တော့ဘူးလား။ သူ ဝင်ပြိုင်ပါမည်။

သို့သော် ရှုယန်က ဘာမှ အသည်းအသန် မဖြစ်နေပါ။

သူက ဘယ်လိုလူမျိုးမို့လို့လဲ။ ကုမ္ပဏီထဲက နံပါတ်တစ် အမျိုးသားသရုပ်ဆောာင်တစ်ယောက်ဖြစ်ပြီး ကုမ္ပဏီထဲက နံပါတ် ၂ မှ ၁၀ အထိ အမျိုးသားသရုပ်ဆောင်များက နောက်ထပ် ဒရမ်မာကားရိုက်ဖို့ အချိန်မပေးနိုင်ကြတော့ပါ။ တစ်နည်းအားဖြင့် ဒီဒရမ်မာအတွက် ခေါင်းဆောင်မင်းသားနေရာကို ယူနိုင်တာ ကုမ္ပဏီထဲမှာ သူတစ်ယောက်တည်းသာရှိပါသည်။

သူကလွဲပြီး တခြားဘယ်သူမှ မယူနိုင်ပါ။

ရှားဝမ်ချွေ့မှာ ဆုံးဖြတ်ပိုင်ခွင့်ရှိတာကို ရှုယန် သိသော်လည်း သူကလွဲပြီး ဘယ်သူ့ကို ရွေးချယ်နိုင်မှာလဲ။

"လင်းဖန် မင်းကို ငါ့ကုမ္ပဏီဆီလာဖို့ ဖိတ်ခဲ့ပေမယ့် မင်းလက်မခံခဲ့ဘူး။"

"အခု ကုမ္ပဏီမှာ ဇာတ်ညွှန်းကောင်းတစ်ခုရှိနေပြီ။ ပြီးတော့ ခေါင်းဆောင်မင်းသားကလည်း ငါပဲဖြစ်နိုင်တယ်။"

"မင်းက အမြဲတမ်း ငါ့ကို အရှက်ခွဲနေတဲ့ကောင်ဆိုတော့ အခုတစ်ခေါက် မင်းကို အရှက်ခွဲဖို့ အချိန်ပဲ။ ငါသရုပ်ဆောင်ပြီး ရှားဝမ်ချွေ့ ငါ့ကိကြွေဆင်းသွားအောင်တောင် လုပ်လို့ရလောက်တယ်။ ဘာပဲဖြစ်ဖြစ် ဒါက အလုပ်ရဲ့ အဆင်ပြေမှုပဲလေ" ရှုယန်က ယုံကြည်ချက်ပြည့်ဝနေပါသည်။

ခေါင်းဆောင်မင်းသားတစ်ယောက်အနေဖြင့် သူက နောက်ဆုံးမှ ပေါ်လာရမည်။

ထိုအခါမှ ရှားဝမ်ချွေ့က သူ့ကို ခေါင်းဆောင်မင်းသား ဖြစ်စေချင်လိမ့်မည်။

ဒီလို အဖွင့်မျိုးက အလွန်ဟန်များပြီး လန်းလွန်းပါသည်။

ထို့နောက် အားလုံးကို အေးစက်သော မျက်နှာဖြင့် လက်ဝှေ့ယမ်းပြမည်။

ဒါက အဆင့်မြင့်ပြီး ခမ်းနားသော အဆင့်မြှင့်တင်မှုမျိုး ဖြစ်ပါသည်။

ဝေ့ပေါ် ပေါ်က တရားဝင်ကြေညာချက် ထွက်လာသောအခါ သူ ခေါင်းဆောင်မင်းသား ဖြစ်သွာားလိမ့်မည်။ ဒါကိုမြင်သောအခါ လင်းဖန် ဘယ်လိုတုန့်ပြန်မလဲ သူတွေးမိ၏။

ဘာပဲဖြစ်ဖြစ် ဒီခြေလှမ်းကိုတော့ သူအနိုင်ရခဲ့ပါသည်။

ရှုယန်က မျှော်လင့်နေမိသည်။ သူ့ခေါင်းကိုငုံ့လိုက်ပြီး တောက်ပြောင်နေသည့် သူ့သားရေဖိနပ်နဲ့ ဆံပင်တို့ကို ကြည့်လိုက်သည်။ ရှုယန်က အချိန်ကို တွက်ချက်ကြည့်လိုက်ပြီး အစည်းအဝေးခန်းမထဲ လျှောက်သွားလိုက်၏။

ရှုယန် အစည်းအဝေးခန်းမကြီးထဲ ရောက်လာသောအခါ ပရိုဂျူဆာလျို့၏ အသံကို ကြားလိုက်ရပါသည်။

"ရှားဝမ်ချွေ့ ဒီဒရမ်မာအတွက် ခေါင်းဆောင်မင်းသားလုပ်ဖို့ ဘယ်သူက သင့်တော်တယ်လို့ မင်းထင်လဲ။"

ဒါကိုမြင်သောအခါ ရှုယန် ပြုံးသွားပါသည်။

ပြောလိုက်စမ်းပါ၊ နင့်ခေါင်းဆောင်မင်းသား ပေါ်လာတော့မယ်။

ရှုယန် အစည်းအဝေးခန်းမထဲသို့ လျှောက်လာစဥ်

ရှားဝမ်ချွေ့၏ မျက်နှာက အနည်းငယ် နီရဲနေပြီး အားလုံး၏ မျှော်လင့်စောင့်စားနေသော အကြည့်အောက်တွင် သူမပြောလိုက်ပါသည်။ "ဒီဒရမ်မာအတွက်... အသင့်တော်ဆုံး ခေါင်းဆောင်မင်းသားက လင်းဖန်ဖြစ်မယ်လို့ ကျွန်မထင်ပါတယ်။"

အစည်းအဝေးခန်းမတစ်ခုလုံး ဗြောင်းဆန်သွားကြ၏။

ရှားဝမ်ချွေ့ ရွေးချယ်လိုက်သည့် ခေါင်းဆောင်မင်းသားက စီအီးအိုလီ တန်ဖိုးထားသည့် လင်းဖန်ဖြစ်နေသည်။

ရှားဝမ်ချွေ့ ရှက်သွေးဖြာနေသည်ကို မြင်သောအခါ သရုပ်ဆောင်များ နားမလည်ဘဲ မနေပါ။

အားလုံး အနိုင်ယူခံလိုက်ရပြန်ပြီ။

လင်းဖန်က ရှားဝမ်ချွေ့ကို ခေါင်းဆောင်မင်းသမီးဖြစ်စေချင်ပြီး ရှားဝမ်ချွေ့က လင်းဖန်ကို ခေါင်းဆောင်မင်းသား ဖြစ်စေချင်သည်။ ဖြစ်ချင်တော့ အစောကြီးကတည်းက အားလုံးကို ဆုံးဖြတ်ပြီးသားဖြစ်သည်။ သူတို့က ရလဒ်ကို လာကြည့်နေရကြခြင်းသာဖြစ်ပါသည်။

အမှန်ပင်။ ကုမ္ပဏီ၏ ခေါင်းဆောင်မင်းသားနှင့် မင်းသမီးတို့ကို အတည်ပြုပြီးသွားပြီဖြစ်သောကြောင့် အားပေးသံများတော့ ထွက်ပေါ်လာခဲ့ပါသည်

အားလုံးက လင်းဖန်ကိုသာ အာရုံစိုက်နေကြသည်။

အစည်းအဝေးခန်းမထဲ ရှုယန် ဝင်လာတာကို ဘယ်သူမှ မမြင်ကြပါ။

အားလုံးက လက်ခုပ်တီးကာ လင်းဖန်ကို ဂုဏ်ပြုနေကြပါသည်။

ယွဲ့ဟွာအင်တာတိန်းမန့်၏ ထိပ်တန်း အမျိုးသားသရုပ်ဆောင်ဖြစ်သော ရှုယန်တစ်ယောက် ကြမ်းပြင်ပေါ်တွင် အမြစ်တွယ်ရပ်တန့်သွားကာ ကြက်သေ သေနေခဲ့ပါသည်။

ဘာကြောင့်မှန်းမသိ ရှုယန်တစ်ယောက် ရင်နာသွား၏။ ကံကောင်းစွာဖြင့် ဘယ်သူမှ သူ့ကို မမြင်ကြပါ။

သူ့အဝတ်အစားအသစ်များ၊ ဖိနပ်အသစ်များနှင့် ဆံပင်ပုံစံအသစ်များကို ကြည့်လိုက်သည်။ ဒါတွေက အရမ်းဟန်များသွားတယ်လို့တောင် ခံစားလိုက်ရပါသည်။

လင်းဖန်က ရှားဝမ်ချွေ့ကို ကြည့်လိုက်ပြီး ရှားဝမ်ချွေ့က လင်းဖန်ကို နီရဲနေသောမျက်နှာဖြင့် ပြန်ကြည့်လိုက်သည်။ ရှုယန်က ဤအရာအားလုံးကို ကြည့်ပြီး အနည်းငယ် အထီးကျန်ပြီး အေးစက်သွားသလို ခံစားသွားရပါသည်။

ရှုယန် "ဘာလို့... ငါထင်ထားတာနဲ့ လွဲနေရတာလဲ။"

All Chapters