← Chapters

အခန်း(၆၅) ငါငတ်သေရင်တောင် လင်းဖန်ကျွေးတာမစားဘူး

Vol. 5 Ch. 65

အခန်း(၆၅) ငါငတ်သေရင်တောင် လင်းဖန်ကျွေးတာမစားဘူး

Vol. 5 Ch. 65

အခန်း(၆၅) ငါငတ်သေရင်တောင် လင်းဖန်ကျွေးတာမစားဘူး

ရှုယန် အထီးကျန်သွားသည်။

သူက ယွဲ့ဟွာ၏ နံပါတ်တစ် အမျိုးသားသရုပ်ဆောင်ဖြစ်သည်။

ယွဲ့ဟွာ၏ နံပါတ်တစ် အမျိုးသားသရုပ်ဆောင် တစ်ယောက်အနေဖြင့် ကုမ္ပဏီက သူ့ကို ပုံမှန်အားဖြင့် အကျိုးခံစားခွင့် များစွာ ပေးတတ်သည်။ သူ့ရဲ့ ရေပန်းစားမှုကလည်း ရှားဝမ်ချွေ့အောက် မနိမ့်ကျပါ။

သူ့ကို အင်တာနက်ပေါ်က နိုင်ငံတော်၏ ညှို့အားအပြင်းဆုံး မင်းသားလေးဟုပင် ခေါ်ဆိုနိုင်ပါသည်။

သို့သော်လည်း လင်းဖန်နှင့် တွေ့ဆုံပြီးသည့်နောက်ပိုင်း သူတို့ကြားထဲက ခြားနားချက်ကို ရှုယန် နားလည်သွားပါသည်။

နေ့တိုင်း သူပဲ ရှုံးနိမ့်နေရရုံသာမကဘဲ သူ့ခေါင်းဆောင်မင်းသားနေရာလည်း ပျောက်ကွယ်သွားမည့် ပုံပင်။

လင်းဖန်က ရှားဝမ်ချွေ့ ရွေးချယ်ထားသော ခေါင်းဆောင်မင်းသား ဖြစ်သည်။ ရှုယန် ဘာမှ မပြောနိုင်တော့ပါ။

သူ လင်းဖန်ကို နောက်တစ်ခါ ရှုံးနိမ့်သွားခဲ့ပြန်ပြီ။

ရှုယန်က ခေတ္တစဥ်းစားကြည့်လိုက်ပြီး ထပ်မျှော်လင့်လိုက်မိပါသည်။ ခေါင်းဆောင်မင်းသား မဟုတ်လည်း တခြား ဇာတ်ဝင်ခန်းများ ရှိနေပါသေးသည်။

အရင်တုန်းကတော့ လင်းဖန်ကို သူ သိပ်ပြီး မတွေးခဲ့ပါ။ လင်းဖန်က သာမန်စားသောက်ဆိုင်ငယ်လေး တစ်ဆိုင်၏ ပိုင်ရှင်သာ ဖြစ်သည်။

သို့သော်လည်း အခုတော့ လင်းဖန်က ယွမ် သန်းရာချီတန်ဖိုးရှိသည့် Koenigsegg One ပြိုင်ကားကြီးကို မောင်းနှင်နေပြီး ဘဝရဲ့ပျော်ရွှင်မှု၏ ခေါင်းဆောင်မင်းသားပင် ဖြစ်လာခဲ့လေပြီ။

လင်းဖန်က သူ အတည်ပေါက် သတ်မှတ်ရမည့် ပြိုင်ဘက်တစ်ယောက် ဖြစ်လာခဲ့လေပြီ။

အမှန်ပင်။ ရှုယန် လွယ်လွယ်နဲ့ အရှုံးပေးမည် မဟုတ်ပေ။

ရှုယန် ပြုံးလိုက်ပြီး ခုနက မှုန်အုပ်အုပ် မျက်နှာကို ဖျောက်လိုက်ကာ လင်းဖန်ရှေ့သို့ လျှောက်သွားခဲ့၏။

"လင်းဖန် ဒီရုပ်ရှင်အတွက် ခေါင်းဆောင်မင်းသားဖြစ်လာတာ ဂုဏ်ပြုပါတယ်။ လင်းဖန်ပါ ရောက်လာပြီဆိုတော့ ဒီရုပ်ရှင်က သေချာပေါက် ရေပန်းစားလာမှာပါ" ရှုယန်က လက်ကမ်းပေးလိုက်ပြီး ယဥ်ကျေးစွာ ပြောလိုက်ပါသည်။

လင်းဖန်က ရှုယန်နှင့် လက်ဆွဲမိတ်ဆက်ကာ ပြောလိုက်သည်။ "ဒရမ်မာကားကောင်းတစ်ကားကို ရိုက်နိုင်ဖို့ဆိုတာ အားလုံးရဲ့ ကြိုးစားအားထုတ်မှုကို လိုအပ်ပါတယ်။ အဲ့တာကြောင့် ဒီဒရမ်မာကို ကောင်းအောင် ရိုက်နိုင်ဖို့အတွက် ကျွန်တော်တို့ အားလုံး အတူတူ အလုပ်ကြိုးစားကြရမှာပါ။"

သူ့ဘေးမှာတော့ လုပမ်ခိုင်းကလည်း ခေါင်းငြိမ့်လိုက်သည်။ "ငါတို့ ရုပ်ရှင်အတွက် သရုပ်ဆောင်တွေကို ကြည့်ပါဦး။ လင်းဖန်၊ ရှုယန်၊ ရှားဝမ်ချွေ့၊ စုရှောင်းယွီ၊ လင်းကျင်းကျင်းနဲ့ အတည်မပြုရသေးတဲ့ တခြားသရုပ်ဆောင်တွေ အများကြီးပဲ။ ဒါပေမယ့် နောက်ရက်ပိုင်းထဲ အတည်ပြုနိုင်တော့မှာပါ။ လင်းဖန် ပြောသလိုပဲ ငါတို့တွေ အတူတူကြိုးစားပြီး အွန်လိုင်းပေါ်မှာ နာမည်ကျော် ရုပ်ရှင်စီးရီးတစ်ခု ဖန်တီးကြရအောင်။"

အားလုံး ရွှင်လန်းတက်ကြွနေကြသည်။

လင်းဖန်က ရှားဝမ်ချွေ့ကိုကြည့်ကာ အနည်းငယ် ပျော်ရွှင်သွားပါသည်။

အစကတော့ လင်းဖန်သည် သရုပ်မဆောင်ချင်ဘဲ ရိုးရှင်းပျော်ရွှင်ပြီး တိတ်ဆိတ်သော ဘဝမျိုးဖြင့်သာ နေထိုင်ချင်ခဲ့သည်။

သို့သော်လည်း ရှားဝမ်ချွေ့အတွက် သူတွန့်ဆုတ်မနေဘဲ ဖျော်ဖြေရေးအသိုင်းအဝိုင်းထဲသို့ ဝင်ရောက်လာခဲ့သည်။

ဒီရုပ်ရှင်အတွက် ဇာတ်ညွှန်းကိုလည်း သူကိုယ်တိုင်ရေးပေးထားခြင်းဖြစ်၏။ ထို့အပြင် ခေါင်းဆောင် မင်းသမီးကလည်း သူနဲ့ အရင်းနှီးဆုံး ကောင်မလေး ဖြစ်နေပါသည်။

ထို့ကြောင့် ဘာပဲဖြစ်ဖြစ် ဒီရုပ်ရှင်က အွန်လိုင်းပေါ်တ်ွင် အလွန်အမင်း ရေပန်းစားလာလိမ့်မည်။

ရှားဝမ်ချွေ့ တကယ်ရင့်ကျက်လာပြီး ဒီလောာကထဲက ထိပ်တန်းသရုပ်ဆောင်တစ်ယောက် ဖြစ်လာမှ ဘယ်သူမှ သူ့ကို အနိုင်ကျင့်ရဲကြတော့မှာ မဟုတ်ပေ။

ဖျော်ဖြေရေးလောကထဲက ရေက အလွန်ညစ်ညမ်းသည်။ တစ်ခါတစ်ရံ ထိပ်တန်း နာမည်ကျော်များတောင် အနိုင်ကျင့်ခံရတတ်သည်။

လင်းဖန်က ရှားဝမ်ချွေ့၏ အသန်မာဆုံး အထောက်အပံ့ဖြစ်လာချင်သည်။

လင်းဖန်က သူ့ကြောင်မလေးကို ဖျော်ဖြေရေးလောကတစ်ခုလုံးထဲက ဘယ်သူမှ အနိုင်မကျင့်ရဲအောင် လုပ်ချင်သည်။

ကြောင်မလေးကို တစ်ယောက်ယောက်က အနိုင်ကျင့်ရဲပါက လင်းဖန် သေချာပေါက် အလွတ်ပေးမှာ မဟုတ်ပေ။

ထို့ကြောင့်လည်း ဇာတ်ညွှန်းရေးဖို့နဲ့ ရှားဝမ်ချွေးနှင့်အတူ သရုပ်ဆောင်ဖို့တို့ကို ရွေးချယ်ခဲ့ရခြင်း ဖြစ်ပါသည်။

အမှန်ပင်။ နောက်ထပ် အကြောင်းပြချက် သေးသေးလေးလည်းရှိသေး၏။ ရှားဝမ်ချွေ့နဲ့ အကြင်နာပေးခန်းရိုက်နိုင်ပြီး ၁၀ ကြိမ်ကျော်ကျော်လောက် မှားချင်ယောင်ဆောင်နိုင်ပါသည်။

အစည်းအဝေးတွင် ပြောကြားသည့် စကားများစွာ ရှိသော်လည်း လင်းဖန်က နားမထောင်တော့ပါ။

အားလုံးထွက်သွားကြသောအခါ လင်းဖန်က ဇာတ်ညွှန်းတစ်ခုလုံး၏ လုပ်ဆောင်ချက်များကို စဥ်းစားနေဆဲဖြစ်သည်။

ဘဝရဲ့ပျော်ရွှင်မှုက အစသာ ရှိပါသေးသည်။ လင်းဖန်က ရှားဝမ်ချွေ့၏ အိပ်မက်များကို ဖြည့်ဆည်းပေးရင်း သူမကို ထိပ်တန်းသရုပ်ဆောင်တစ်ယောက် ဖြစ်လာအောင် လုပ်ပေးပါမည်။

"မြောင်မြောင်" ရှားဝမ်ချွေ့က လင်းဖန်ရှေ့တွင် ရပ်ကာ သူ့ကို လှပသော မျက်လုံးလေးများဖြင့် ကြည့်လိုက်သည်။ သူမ၏ လက်ချောင်းများက လင်းဖန်၏ ရင်ဘတ်ကို နူးညံ့စွာ ခေါက်နေသည်။

"အစည်းအဝေးက ပြီးသွားပြီလား" လင်းဖန်က အသိစိတ်ပြန်ဝင်လာပြီး သူ့ရှေ့က ကောင်မလေးကို ကြည့်လိုက်သည်။ လင်းဖန်က တောက်ပစွာ ပြုံးလိုက်၏။ လင်းဖန် ပြုံးလိုက်သောအခါ အနည်းငယ် ချောမောလှပါသည်။ ချောမောသည့် ယောက်ျားလေးများစွာကို မြင်ဖူးနေကျဖြစ်သောာ ရှားဝမ်ချွေ့တောင် မှင်သက်သွားရသည်။ ဒီငတုံးကောင်က ဘာလို့ ဒီလောက်ထိ ချောမောရတာလဲ။

"ငါဗိုက်ဆာတယ်" ရှားဝမ်ချွေ့က ကြောင်မလေးတစ်ကောင်လို နူးညံ့စွာ ပြောလိုက်ပါသည်။

"အိမ်ပြန်ပြီး စားကြမယ်လေ" လင်းဖန်က ပြုံးလိုက်သည်။ ရက်ပိုင်းနည်းနည်းလောက်ပဲ သူအေးအေးချမ်းချမ်း နေနိုင်တော့မည်ဖြစ်သည်။ ထိုရက်ပိုင်းများ ကုန်လွန်သွားသောအခါ ဘဝရဲ့ပျော်ရွှင်မှုအား စတင်ရိုက်ကူးတော့မည်ဖြစ်သည်။

"လင်းဖန် နင်ခေါင်းဆောင်မင်းသားဖြစ်လာပြီး ငါနဲ့ ဒရမ်မာ တစ်ကားတည်း အတူတူ ရိုက်နိုင်လိမ့်မယ်လို့ တစ်ခါမှ မထင်ခဲ့ဖူးဘူး။ ငါတကယ်... ဝမ်းသာတယ်" ရှားဝမ်ချွေ့က ချိုမြိန်စွာ ပြုံးလိုက်ပါသည်။ သူမ အရင်တုန်းက ဒီလောက်ထိ မပျော်ရွှင်ဖူးပါ။

အရင်တုန်းက သူတို့ အထက်တန်းတက်စဥ်တုန်းက ပြဇာတ်တစ်ခုထဲ အတူတူ ကပြဖျော်ဖြေဖူးသည်။ သူမနဲ့ လင်းဖန်တို့က ကျောင်းမှ ပထမဆုကို ရရှိခဲ့ပါသည်။

သူမနဲ့ လင်းဖန်တို့ ညဘက်တွင် ကြယ်များကိုကြည့်ရင်း တက္ကသိုလ်ပြီးနောက် သူတို့၏ ဘဝများနှင့် အနာဂတ်အကြောင်းကို စဥ်းစားခဲ့ကြသည်။ သူတို့ တက္ကသိုလ် အတူတူ တက်ကြမည်ဟု ကတိများပင် ပေးခဲ့ကြ၏။

သို့သော်လည်း နောက်ဆုံးမှာတော့ ကံကြမ္မာကြောင့် သူမ သရုပ်ဆောင်တစ်ယောက် ဖြစ်လာခဲ့သည်။ လင်းဖန်ကတော့ တက္ကသိုလ်ပြီးနောက် ဘာသတင်းမှ မကြားရတော့ပါ။ သူတို့နှစ်ယောက်အကြား ကွာခြားချက်က ပိုကြီးမားလာသင့်သော်လည်း ကံကြမ္မာကြောင့် သူမတို့ အတူတူ လမ်းပြန်လျှောက်နိုင်ခဲ့ကြသည်။

ဒီတစ်ခေါက်တော့ သူတို့ ထပ်ပြီး ခွဲခွာကြရတော့မှာ မဟုတ်ပေ။

အတူတူ သရုပ်ဆောင်၊ အတူတူ အလုပ်လုပ်ပြီး လင်းဖန်က သူမအတွက် ချက်ပြုတ်ပေးလိမ့်မည်။

"နင်ငါ့ကို ခေါင်းဆောင်မင်းသားလုပ်ခွင့်ပေးရင် ငါချက်ကျွေးတာကို ရှယ်စားရမယ်" လင်းဖန်က ပခုံး တွန့်ပြလိုက်သည်။

"ဟွန်း ငါ့ကို အရွက်သုတ်လုပ်မပေးရင် နင့်ကိုကုတ်မယ်" ရှားဝမ်ချွေ့ နှုတ်ခမ်းစူလိုက်ပြီး သူမ မျက်နှာ နီရဲသွားပါသည်။

ကြောင်မလေး ချစ်ဖို့ကောင်းသောအခါ လင်းဖန်အား အရည်ပျော်သွားစေလောက်သည်။

"ငါအကြင်နာပေးခန်း မရိုက်တတ်ဘူး။ နင် ကြိုပြီး လေ့ကျင့်ထားချင်လား။ ဒါရိုက်တာက ငါ့ကို ၁၀ခေါက် ကျော်ကျော်လောက် ပြန်ရိုက်ခိုင်းရင် မကောင်းဘူးလေ” လင်းဖန်က အတည်ပေါက် ပြောလိုက်ပါသည်။ အရေးအကြီးဆုံးက သရုပ်ဆောင်စွမ်းရည် ဖြစ်သည်။ သရုပ်ဆောင်စွမ်းရည်က မကောင်းပါက ဒါရိုက်တာက ဆက်တိုက်ပြန်ရိုက်ခိုင်းပါလိမ့်မည်။

"ကြို လေ့ကျင့်မယ်ဟုတ်လား။ ဆုတောင်းလေ။"

"အရူးကောင်လင်းဖန် နောက်ဆုံးတော့ ငါနားလည်သွားပြီ။ နင်က ငါ့ကို အနိုင်ကျင့်ဖို့ ကြိုးစားနေတာပဲ။" ရှားဝမ်ချွေ့၏ ရှက်သွေးဖြာမှုက လည်ပင်းနားအထိ ရောက်လာခဲ့သည်။ သူမ ယခင်တုန်းက အကြင်နာပေးခန်း တစ်ခါမှ မရိုက်ခဲ့ဖူးပါ။

"အဲ့တာ နင့်ကို အနိုင်ကျင့်တယ်လို့ ဘယ်လိုလုပ်ပြောလို့ရမှာလဲ။ ဒါက ဇာတ်ကွက်အတွက် လိုအပ်ချက်လို့ ခေါ်တယ်" လင်းဖန်က မှန်ကန်စွာ ရှင်းပြလိုက်ပါသည်။

"နင့်ရင်ဘတ်ကို ထိုးမှာနော်" ရှားဝမ်ချွေ့က ဒေါသထွက်သည့်ပုံစံဖြင့် လင်းဖန်၏ ရင်ဘတ်ကို ထိုးလိုက်ပါသည်။

"အိမ်ပြန်ပြီး စားကြရအောင်" လင်းဖန်က ရှားဝမ်ချွေ့၏ ခေါင်းကိုပုတ်ပေးရင်း သူ့ရင်ဘတ်ကို ထိုးခွင့်ပေးလိုက်ပါသည်။

တစ်ဖက်မှာတော့ စုရှောင်းယွီနှင့် လင်းကျင်းကျင်းတို့က ချောင်းကြည့်နေကြသည်။

"ဝိုး ခေါင်းလေးကို ပုတ်ပေးနေတာပဲ။ မနာလိုလိုက်တာ။ ကောင်လေးရှိတာ တော်တော်ကောင်းတာပဲ။" စုရှောင်းယွီက မနာလိုသော မျက်နှာဖြင့် ပြောလိုက်ပါသည်။

"ဒါဆို နင်တို့ပြောနေတဲ့ လင်းဖန်က အရမ်းတော်တာပေါ့။ နောက်ဆုံးတော့ သူ့ကို တွေ့ရပြီ။ ချွေ့ချွေ့ကို ရှက်အောင် လုပ်နိုင်တဲ့လူ များများစားစား မရှိဘူး။ လင်းဖန်ကို ငါလေးစားတယ်" လင်းကျင်းကျင်း၏ ရှင်းလင်းပြီး သာယာနာပျော်ဖွယ်ကောင်းသည့် အသံလေးက ထွက်ပေါ်လာခဲ့သည်။ အဆိုတော်များကြားက နတ်သမီးလေးတစ်ယောက်ဖြစ်သောကြောင့် သူမ၏ သီချင်းဆိုသံက တော်တော်လေး ကောင်းမွန်သည်။ သူမ၏ အသံကတောင် အလွန်ကောင်းမွန်ပါသည်။

"ဒါပေါ့" စုရှောင်းယွီက လျှာထုတ်ပြလိုက်ပါသည်။

"လင်းဖန်က အဲ့လောက်တောင် တော်လို့လား။ သူက သန်းရာချီတန်ဖိုးရှိတဲ့ ပြိုင်ကားတစ်စီးကို မောင်းတယ်ဟုတ်လား။ သန်းရာချီတန်ဖိုးရှိတဲ့ စံအိမ်ကြီးတစ်လုံးထဲမှာ နေတယ်ဟုတ်လား။ စားသောက်ဆိုင်တစ်ဆိုင်တောင် ဖွင့်ထားသေးတယ်။ အရေးအကြီးဆုံးက သူ့အချက်အပြုတ်က အရမ်းကောင်းတယ်ဆိုဟုတ်လား။” လင်းကျင်းကျင်းက တံတွေးမျိုချလိုက်သည်။ ဟင်းချက်ကောင်းသည့် ကောင်လေးများကို မကြိုက်သည့် ကောင်မလေး ရှိလို့လား။

လူတွေက ပျော်ရွှင်ဖို့အတွက် ဘဝကို နေထိုင်ကြရသည်။ ကမ္ဘာကြီး၏ အလှတရားကို ခံစားဖို့ စားသောက်ပွဲများက မိန်းကလေးတိုင်း ကြိုက်နှစ်သက်သည့်အရာဖြစ်သည်။

အထူးသဖြင့် အရသာရှိလှသော စားသောက်ပွဲများဖြစ်သည်။ ၎င်းတို့က ပို၍ပင် ဆွဲဆောင်မှုရှိလွန်းပါသည်။ နေ့တိုင်း စားချင်ကြပြီး မရပ်တန့်နိုင်တော့ပါ။

"ဆရာ့ရဲ့ စားသောက်ပွဲက အရမ်းအရသာရှိတာ"

"ဆရာ့ရဲ့ သခွားသီးတွေကတောင် သာမန်ထက် ပိုပြီး ကောင်းတယ်။ အရသာကလည်း ခြားနားတယ်။ ဘာပဲဖြစ်ဖြစ် နင်စားဖူးပြီးသွားရင် သိပါလိမ့်မယ်" စုရှောင်းယွီက တခစ်ခစ် ရယ်မောလိုက်ပါသည်။

လင်းကျင်းကျင်း၏ မျက်လုံးများက ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။ ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ကို ဒီလောက်ထိ ဆွဲဆောင်နိုင်ရအောင် လင်းဖန်မှာ ဘယ်လိုမှော်ပညာတွေ ရှိနေတာလဲ။

သို့သော်လည်း  စားသောက်ပွဲအတွက်တော့ လင်းကျင်းကျင်း ခေါင်းခါလိုက်ပါသည်။ စုရှောင်းယွီက ပရော်ဖက်ရှင်နယ် စားဖိုမှူးစစ်စစ်တစ်ယောက် ဖန်တီးထားသော စားသောက်ပွဲကို တစ်ခါမှမမြင်ဖူးပါ။

ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့က လင်းဖန်၏ အိမ်ကို ဒီနေ့ည သွားကြတော့မည်။ သူတို့နောက်ကို သူမ လိုက်ချင်ပါသည်။

ဒီအတိုင်း စားသောက်ပွဲတစ်ခုပဲမဟုတ်လား။ သူမ ငတ်သေပြီး ဒီပေါ်က ခုန်ချရမည်ဆိုရင်တောင် လင်းဖန် ချက်ကျွေးတာကို စားမည်မဟုတ်ပေ။

All Chapters