အခန်း(၆၇) ငါဘာလို့ အရှက်ထပ်ခွဲခံရပြန်ပြီလဲ
Vol. 5 Ch. 67
အခန်း(၆၇) ငါဘာလို့ အရှက်ထပ်ခွဲခံရပြန်ပြီလဲ
ရှားဝမ်ချွေ့ကြိုက်နှစ်သက်သည့် ငါးပေါင်း၊ သိုးသားကင်၊ ကြက်သားအစပ်ကြော်၊ အာလူးကြော်၊ သခွားသီးနဲ့ ခရမ်းချဥ်သီး ငါးစွပ်ပြုတ်တို့ရှိသည်။
မွှေးရနံ့များက သူတို့နှာခေါင်းထဲ ဝင်ရောက်လာခဲ့ပါသည်။ လင်းဖန်၏ စားပွဲတော်မှ မွှေးရနံ့က ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ကို ဆွဲဆောင်နိုင်ခဲ့ပါသည်။
နောက်တစ်ခေါက် စားပွဲတော်ကြီး ဆင်နွှဲကြရဦးမည်။
စားသောက်ပြီးနောက် ဝိတ်တက်နိုင်သော်လည်း ခန္ဓာကိုယ်ကို ပြန်လေ့ကျင့်လိုက်လို့ ရပါသည်။
"ဝိုး... ဒီလို စားပွဲတော်ကြီးအတွက် ကျေးဇူးတင်ပါတယ် ဆရာ။ ဒါက ဘဝရဲ့ပျော်ရွှင်မှုကို မရိုက်ကူးခင် နောက်ဆုံးစားရတဲ့ အရသာရှိတဲ့ စားသောက်ပွဲပဲ။ နောက်ကို ငါတို့စားလို့ရမှာ မဟုတ်တော့ဘူး" စုရှောင်းယွီက သိုးသားကင်တစ်ခုကို ယူလိုက်သည်။ အသားက အလွန်နူးညံ့ပြီး အရသာရှိလှပါသည်။ ကိုက်စားလိုက်သောအခါ အသားကင်နောက်မှ သူမပါးစပ်ထဲသို့ အဆီများက ဝင်လာသည်။ အလွန်အရသာရှိသော ဟင်းလျာဖြစ်ပါသည်။
"ငါးပေါင်းကလည်း အရသာအရမ်းရှိတာပဲ" ရှားဝမ်ချွေ့က သူမအကြိုက်နှစ်သက်ဆုံး ငါးပေါင်းကို စားလိုက်ပါသည်။
ဒီလိုအရသာရှိသည့် ဟင်းလျာများကိုကြည့်ရင်း လင်းကျင်းကျင်း တံတွေးမျိုချလိုက်ပါသည်။
ဘာလို့... နည်းနည်းအရသာရှိလိမ့်မယ်လို့ ခံစားနေမိပါလိမ့်။
သူမ လင်းဖန် ချက်ကျွေးတာကို စားမည့်အစား အသေခံလိုက်မည်ဟု ပြောခဲ့သည်။ ဘာပဲဖြစ်ဖြစ် ပရော်ဖက်ရှင်နယ် စားဖိုမှူးများ ပြင်ဆင်ပေးသည့် စားသောက်ပွဲများစွာကို သူမ စားဖူးပါသည်။ သို့သော်လည်း သူမရှေ့က အစားအသောက်များက... အလွန်အရသာရှိလိမ့်မည်ဟု လင်းကျင်းကျင်း ခံစားမိပါသည်။ "အတူတူ စားကြရအောင်လေ ဘာမှ မဖြစ်ပါဘူး" လင်းဖန်က ပြုံးကာ လင်းကျင်းကျင်းကို ကြည့်လိုက်ပါသည်။
နောက်ဆုံးတော့ လင်းကျင်းကျင်းလည်း ဆွဲဆောင်မှုကို ခံနိုင်ရည် မရှိတော့ပါ။ သူမ လင်းဖန်၏ အာလူးချပ်ကြော်ကို စားကြည့်လိုက်ပြီး ခရမ်းချဥ်သီးငါးစွပ်ပြုတ် တစ်ငုံလောက် သောက်ကြည့်လိုက်ပါသည်။
တစ်ကိုက်လောက် စားကြည့်ပြီးနောက် လင်းကျင်းကျင်း၏ မျက်လုံးများ ပြူးကျယ်သွားရသည်။
ဘုရားရေ...
ဘာလို့ ဒီအစားအသောက်တွေက အရမ်းအရသာရှိနေရတာလဲ။
အာလုံးကြော်က အရသာရှိပြီး ငါးစွပ်ပြုတ်ကလည်း လတ်ဆတ်ကာ အရသာရှိပါသည်။ တစ်ငုံလောက် သောက်ပြီးနောက် သူမ၏ ခန္ဓာကိုယ် နွေးထွေးလာသလို ခံစားမိသည်။ အရသာရှိသည့် အစားအသောက်များ သူမ ပါးစပ်ထဲဝင်လာသောအခါ သာယာမှုက ခန္ဓာကိုယ်တစ်ခုလုံး ပျံ့နှံ့သွားခဲ့ပါသည်။
အာလူးကြော်နဲ့ ဒီငါးစွပ်ပြုတ်... ပြီးတော့ သိုးသားကင်။
လင်းကျင်းကျင်းတစ်ယောက် ခေတ်သစ်တစ်ခုကို မြင်ယောင်နေသည်ဟု ခံစားလိုက်ရပါသည်။
ဒီလိုစားသောက်ပွဲကြီးက အိမ်မှာ ချက်ပြုတ်ထားတာတဲ့။ တစ်ကိုက်နှစ်ကိုက်လောက် စားပြီးတာနဲ့ လင်းဖန်၏ စားသောက်ပွဲက ပရော်ဖက်ရှင်နယ် စားဖိုမှူးများထက် ပိုကောင်းသည်ဟု သူမ ခံစားလိုက်ရပါသည်။
လင်းဖန်၏ ဇာတ်ညွှန်းရေး စွမ်းရည်များက ထိပ်တန်းအဆင့်ဖြစ်သည်။ သူ ချက်ပြုတ်သည့် ဟင်းလျာများကတောင် မာစတာအဆင့် ရှိနေပါသည်။ လင်းကျင်းကျင်း လွှမ်းမိုးခံလိုက်ရပါပြီ။
"လင်းဖန် နင့်ရဲ့ စားသောက်ပွဲက ဘာလို့ အရသာအရမ်းရှိရတာလဲ..."
"ဒီငါးပေါင်းလည်း စားချင်တယ်။ အသားက ဘာလို့ ဒီလောက်ကောင်းရတာလဲ။ ဒါငါစားဖူးသမျှထဲမှာ အကောင်းဆုံး အသားဖြစ်နိုင်တယ်။"
"ရှိသေးလား။ ငါစားချင်သေးတယ်။"
လင်းကျင်းကျင်းက အစားသောင်းကျန်းသူတစ်ယောက်အဖြစ် ပြောင်းလဲသွာားပြီး လင်းဖန်၏ စားသောက်ပွဲများကို စတင်စားသောက်လေသည်။ သူမ၏ ဘဝက လောကအသစ်တစ်ခုကို ရောက်သွားသလို ခံစားလိုက်ရပါသည်။
နောက်ဆုံးတော့ ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ ဘာကြောင့် စွန့်စားပြီး လင်းဖန်၏ အိမ်ကိုလာကြသလဲ လင်းကျင်းကျင်း နားလည်သွားပါပြီ။
ဒီလောက် အရသာရှိတဲ့ စားသောက်ပွဲကြီးကို ဘယ်သူက မစားချင်ဘဲ နေမလဲ....။
"မရှိတော့ဘူး" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။ စားပွဲခုံကို ရှင်းလင်းလိုက်ပြီး စားချင်နေသေးသည့် ကောင်မလေးများကို ကြည့်လိုက်ပါသည။
ဟင်းလျာ ၆ မျိုးနှင့် စွပ်ပြုတ် ၁ မျိုး ဖြစ်သည်။
ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီ၊ ကြောင်မလေးနဲ့ ခွေးမလေးက တကယ့်ကို အစားသောင်းကျန်းသူများ ဖြစ်ကြသည်။ ယခု စားသောက်ပြီးသွားကြပြီဖြစ်သဖြင့် တိတ်ဆိတ်သွားခဲ့ပြန်ပါသည်။
"လင်းဖန် နင့်ရဲ့ အချက်အပြုတ်က အရမ်းအရသာရှိတာပဲ။ နောက်ဆို ချွေ့ချွေ့ရဲ့ ဘဝက သေချာပေါက် အရမ်းကောင်းတော့မှာပဲ။ ငါ မနာလိုလိုက်တာ" လင်းကျင်းကျင်းက အလယ်တွင် ထိုင်နေသော ရှားဝမ်ချွေ့ကိုကြည့်ကာ ပြောလိုက်ပါသည်။
"ဟုတ်ပါ့ ဟုတ်ပါ့ ဟုတ်ပါ့ အစ်မဝမ်ချွေ့က အနာဂတ်မှာ ပျော်ရွှင်ရမှာပါ" စုရှောင်းယွီကလည်း မျက်တောင်ခတ်ကာ ပြောလိုက်ပါသည်။
ဒီမှာ သူစိမ်း မရှိပါ။ ကောင်မလေး သုံးယောက်စလုံးက အလွန်ရင်းနှီးကြ၏။
ရှားဝမ်ချွေ့က ရှက်သွေးဖြာသွားပါသည်။ "နင်တို့နှစ်ယောက် မဟုတ်တာတွေ မပြောကြနဲ့။"
လင်းဖန်က ဘာမှ ပြန်မပြောပါ။ ပြုံးသာ ပြုံးလိုက်ပါသည်။
သူတို့ အထက်တန်းကျောင်းတက်စဥ်တုန်းက ဆရာမများစွာက သူတို့ ချစ်ကြိုက်နေကြသည်ဟု ထင်ခဲ့သည်။ အခုလည်း ထိုနည်းလည်းကောင်းဖြစ်သည်။
"ဒီနေရာကြီးက အကြီးကြီးပဲ။ နင်တို့သုံးယောက် အခန်းတစ်ခန်းမှာ အရင်နားလိုက်ကြ။ မနက်ဖြန်ကျရင် ငါတို့ကုမ္ပဏီသွားပြီး အွန်လိုင်းပေါ်မှာ ရေပန်းစားမယ့် ရုပ်သံစီးရီးတစ်ခု ရိုက်ဖို့ ပြင်ဆင်ကြတာပေါ့" လင်းဖန်က မျှော်လင့်ချက်ဖြင့် ပြောလိုက်ပါသည်။
"ဟုတ်ပြီ"
"ဂွတ်နိုက်ပါ နှာဘူးကောင်" ရှားဝမ်ချွေ့က စုရှောင်းယွီနဲ့ လင်းကျင်းကျင်းတို့ကို အပေါ်ထပ်သို့ ဆွဲခေါ်သွားခဲ့သည်။
ညဘက် သူ အိပ်သောအခါ လင်းဖန် ကုတင်ပေါ်တွင် လှဲလျောင်ရင်း အသက်ဝဝရှူလိုက်သည်။
ဇာတ်ညွှန်းကို ရေးပြီးပြီဖြစ်ပြီး သရုပ်ဆောင်များကိုလည်း ရွေးချယ်ပြီးပါပြီ။ ဒါရိုက်တာ ဘယ်လောက်တော်မလဲ သူတွေးကြည့်မိ၏။
ဒါရိုက်တာာက ရုပ်သံဒရမ်မာများအတွက် အလွန်အရေးကြီးသော ကဏ္ဍမှ ပါဝင်သည်။
သူ့မှာ ညွှန်ကြားနိုင်သည် အစွမ်းအစရှိပါက သူရေးထားသည့် ဇာတ်ညွှန်းနှင့် ညွှန်ကြားနိုင်သည့် အစွမ်းအစတို့နဲ့သာဆို သေချာပေါက် အင်တာနက်ပေါ်တွင် ရေပန်းစားသည့် ရုပ်သံဒရမ်မာနှင့် ရုပ်ရှင်တို့ကို ရိုက်ကူးနိုင်ပါလိမ့်မည်။
နောက်တစ်နေ့ လင်းဖန် နိုးလာပြီး ပုံမှန်အတိုင်း Sign-in ဝင်လိုက်ပါသည်။
"ဒီတစ်ခေါက် ကောင်းတာတစ်ခုခု ရမှဖြစ်မယ်။ အရင်တစ်ခေါက် မင်းပေးထားတဲ့ ကံစမ်းမဲလက်မှတ်တွေ ငါ့မှတ်ဉာဏ်ထဲမှာ ရှိနေတုန်းပဲ" လင်းဖန်က လက်ဖဝါးကို ပွတ်လိုက်ပါသည်။
"ဒင်... အောင်မြင်စွာ Sign-in ဝင်ပြီးသွားပါပြီ။ သခင်လေး ကံစမ်းမဲလက်မှတ် ၃ စောင်ရရှိသွားသည့်အတွက် ဂုဏ်ပြုပါတယ်"
"ကံစမ်းမဲနှိုက်ခြင်း အောင်မြင်ပါတယ်။ ငွေသား ၅ ယွမ် ရရှိသည့်အတွက် သခင်လေးကို ဂုဏ်ပြုပါတယ်။"
"ကံစမ်းမဲ နှိုင်ခြင်း အောင်မြင်ပါတယ်။ အိုက်စ်တီးတစ်ဗူး ရရှိသွားသည့်အတွက် သခင်လေးကို ဂုဏ်ပြုပါတယ်။"
"..."
ဘဝက ဒီလောက်ထိ ဆိုးရွားပြီး နှလုံးသားမဲ့တာလား။
အရင်တစ်ခေါက် ကံစမ်းမဲလက်မှတ် ၃ ဆောင်က coke တစ်ဗူးနဲ့ ဂိမ်းကွိုင်တချို့သာ သူ့ကို ပေးခဲ့ပါသည်။
ဒီတစ်ခေါက်တော့ အိုက်စ်တီးတစ်ဗူးရခဲ့၏။
စနစ်က ငါ့ကို လာနောက်နေတာလား။
"ကံစမ်းမဲနှိုက်ခြင်း အောင်မြင်ပါတယ်။ ဒါရိုက်တာစွမ်းရည်(နတ်ဘုရားအဆင့်)ကို အောင်မြင်စွာ ရရှိသွားတဲ့ အတွက် သခင်လေးကို ဂုဏ်ပြုပါတယ်” တတိယ ကံစမ်းမဲကျမှ လင်းဖန်မျက်လုံးများ ဝိုင်းစက်သွားခဲ့သည်။
နတ်ဘုရားအဆင့် ဒါရိုက်တာစွမ်းရည်တဲ့။
ချက်ချင်းဆိုသလို အဆုံးမရှိသည့် ဗဟုသုတအသိပညာများ လင်းဖန်၏ ခေါင်းထဲသို့ ဝင်လာခဲ့သည်။ မနေ့ညကတင် သူ ဒါရိုက်တာစွမ်းရည်တချို့ လိုချင်ခဲ့ပြီး ဒီနေ့ပေါက်ခဲ့ပါသည်။
ကောင်းလိုက်တာ...
သူ့ရဲ့ အားကောင်းတဲ့ ဇာတ်ညွှန်းရေးစွမ်းရည်နဲ့ ဒါရိုက်တာ စွမ်းရည်တွေနဲ့သာဆိုရင် လင်းဖန် ရိုက်ကူးသည့် ဖျော်ဖြေရေးလောကထဲက လက်ရာတိုင်းက အလွန်အမင်း ရေပန်းစားလာနိုင်ပါသည်။ "ဒါပေမယ့် ငါ ဒီဒါရိုက်တာစွမ်းရည်ကို မလိုသေးဘူး။ လုပမ်ခိုင်းက ဒါရိုက်တာအဖြစ် ရှိနေတယ်လေ" လင်းဖန်က ခေါင်းခါလိုက်ပါသည်။ စကေးတစ်ခုလောက် ပိုရထားလည်း အရှုံးမရှိပါ။
ယွဲ့ဟွာအင်တာတိန်းမန့်သို့ ရောက်သည့်အခါ။
ရိုက်ကူးအရေးအတွက် ပြင်ဆင်မှုများ တရားဝင် စတင်ခဲ့ပါသည်။ ဇာတ်ညွှန်း အစမ်းလေ့ကျင့်မှု ဖြစ်၏။
ဘဝရဲ့ပျော်ရွှင်မှု ဇာတ်ညွှန်းက အတော်လေး ပြီးပြည့်စုံပါသည်။ သို့သော်လည်း ဆန့်ကျင့်ဘက် ဇာတ်ကောင်များနှင့် ဇာတ်ကောင်များအား လက်ဆုပ်လက်ကိုင် ပြုနိုင်ဖို့က သရုပ်ဆောင်၏ကိုယ်ပိုင် အခြေခံပေါ်မှာပဲ မူတည်သည်။ ထို့ကြောင့် ဇာတ်ညွှန်းကို ဆွေးနွေးဖို့ အလွန်အရေးကြီး၏။ ဇာတ်ညွှန်းအစမ်းလေ့ကျင့်မှုတွင် လင်းဖန်နှင့် ရှားဝမ်ချွေ့တို့ အတူတူ ထိုင်လိုက်ကြသည်။
ဇာတ်ညွှန်းကို ဆန်းစစ်ဖို့ တာဝန်ကိုတော့ ထျန်ကျန်းကို ပေးအပ်ထား၏။ သူက ဇာတ်ညွှန်းကို အားလုံးအား ရှင်းပြပေးလိုက်သည်။ ထို့နောက် အလုပ်အစွမ်းအစ အလွန်ရှိသည့် ရှုယန်က စင်ပေါ်တွင် ဇာတ်ညွှန်းကို ဆန်းစစ်ကြည့်လိုက်ပါသည်။ "အားလုံးပဲ ဒါကတော့ လောလောဆယ် ဇာတ်ညွှန်းအကြောင်း ကျွန်တော်သိသလောက်ပါပဲ။ အချင်းချင်း အရင် ဆွေးနွေးလို့ရတယ်။ နားမလည်ရင် ကျွန်တော့်ကို လာမေးလို့ရပါတယ်။” ရှုယန်က ပြုံးလိုက်ပါသည်။
သူ ရှားဝမ်ချွေ့ကို ကြည့်လိုက်ပြီး သူမနဲ့ အတူတူ ဇာတ်ညွှန်းပြဿနာတချို့ကို ဆွေးနွေးရဖို့ မျှော်လင့်နေမိ၏။ ဘာပဲဖြစ်ဖြစ် သူနဲ့ လင်းဖန်တို့၏ တရားဝင်စီးချင်းထိုးပွဲလည်း စတင်ခဲ့ပြီဖြစ်သည်။
ကုမ္ပဏီ၏ အမျိုးသားသရုပ်ဆောင်တစ်ယောက်အနေဖြင့် ရှုယန်က သူသဘောကျသည့် လူကို ဘယ်တော့မှ အလွယ်တကူ လက်လျှော့မှာ မဟုတ်ပေ။
ထိုသို့ စဥ်းစားရင်း ရှုယန်က ရှားဝမ်ချွေ့ရှေ့သို့ ယဥ်ကျေးစွာ လျှောက်သွားလိုက်ပါသည်။ "ဝမ်ချွေ့ ခေါင်းဆောင်မင်းသား ဖန်းရှန်ကို တွေ့တဲ့အခါ ခေါင်းဆောင်းမင်းသမီးရဲ့ မျက်နှာအနေအထားပြောင်းလဲမှုတွေကို နားမလည်တာရှိလား။"
ရှုယန်က လူပျိုလှည့်ရာတွင် ကျွမ်းကျင်သူဖြစ်၏။ ရှုယန်က ချက်ချင်း မေးခွန်းတစ်ခု မေးလိုက်သည်။ ရှားဝမ်ချွေ့ ခေါင်းငြိမ့်လိုက်တာနဲ့ သူ စကားဆက်ပြောနိုင်သည်။ ရှားဝမ်ချွေ့က ဇာတ်ညွှန်းကို အတည်ပေါက် ဖတ်နေ၏။ ရှုယန်၏ အသံကို ကြားသောအခါ လင်းဖန်ကို အနည်းငယ် စိတ်ဆိုးစွာဖြင့် ကြည့်လိုက်ပါသည်။ "မြောင်မြောင်"
လင်းဖန်က ဇာတ်ညွှန်းအစမ်းလေ့ကျင့်ခြင်းတွင် တကယ်ကြီး အိပ်ပျော်နေခဲ့ပါသည်။ အဓိကအချက်ကတော့ ဇာတ်ညွှန်းကို သူကိုယ်တိုင်ရေးထားခြင်းဖြစ်ပြီး တခြားသူများ၏ လေ့လာဆန်းစစ်ချက်များကို နားထောင်ရမှာ ပျင်းလွန်းနေသောကြောင့်ဖြစ်သည်။
လင်းဖန် နိုးလာသောအခါ ရှားဝမ်ချွေ့ကို မြင်သွားပြီး တောက်ပစွာ ပြုံးလိုက်ပါသည်။ "နင် နားမလည်တာ ရှိလို့လား။"
ရှားဝမ်ချွေ့က ခေါင်းငြိမ့်လိုက်သည်။ "ရှုယန် ပြောတာ မှန်တယ်။ ရုပ်ရှင်ထဲမှာ ခေါင်းဆောင်မင်းသားနဲ့ ခေါင်းဆောင်မင်းသမီးတို့ ပထမဆုံး တွေ့တဲ့အချိန်မှာ ခေါင်းဆောင်မင်းသမီးရဲ့ မျက်နှာထားက ဘယ်လိုမျိုး ပြောင်းလဲသွားရမှာလဲ။"
လင်းဖန်က အတည်ပေါက် လေ့လာကြည့်လိုက်သည်။ "ခေါင်းဆောင်မင်းသမီး လင်းဝမ်အာက လက်ရှိဝန်ကြီးချုပ်ရဲ့ သမီးတစ်ယောက်ပဲ။ ပထမဆုံးအကြိမ် သူမ အမျိုးသားဇာတ်လိုက်နဲ့ တွေ့ဆုံချိန်မှာ သူမလက်ထဲမှာ ကြက်ပေါင်တစ်ချောင်း ကိုင်ထားတယ်။ အမျိုးသမီးဇာတ်လိုက်က အနည်းငယ် စိုးရွံ့နေပုံရတယ်။ သူက သူမကိုမြင်တော့ မကြွေဆင်းပဲ မနေနိုင်ဘူး။ သူမက အရမ်းတက်ကြွလွန်းတယ်။ အမျိုးသားဇာတ်လိုက်က မိန်းမချောလေးကို မြင်မြင်ချင်း ချစ်မိသွားတယ်။”
ရှားဝမ်ချွေ့က တခစ်ခစ် ရယ်မောလိုက်ပါသည်။ "ဒါဆိုလည်း နင်မြင်မြင်ချင်း ဘယ်လိုချစ်မိလဲ၊ ငါ့ကိုပြစမ်းပါ။"
လင်းဖန် "ငါမပြတတ်ဘူး"
ရှားဝမ်ချွေ့ စိတ်ဆိုးသွားသည်။ "နင်မပြတတ်ရင် ဘယ်လို သရုပ်ဆောင်မှာလဲ။ နင်ကြိုးစားပြီး လေ့ကျင့်မှ ဖြစ်မှာပေါ့။"
လင်းဖန်က ရှားဝမ်ချွေ့ကို ကြည့်လိုက်ပါသည်။ "နင့်သရုပ်ဆောင်စွမ်းရည်က ပိုကောင်းတယ်လေ။ မြင်မြင်ချင်း ဘယ်လိုချစ်မိလဲဆိုတာ သရုပ်လာပြပေး"
လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့က ဆက်ဆံရေး ကောင်းနေကြသည်။ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ပဲ မျက်စိကျကြ၏။
ရှုယန်ကတော့... လျစ်လျူရှုခံရပြီး လင်းဖန်နှင့် ရှားဝမ်ချွေ့တို့ ဘေးတွင် တစ်ယောက်တည်း မတ်တပ်ရပ်နေရသည်။
ရှုယန် အထီးကျန်သွား၏။ သူတို့ ဇာတ်ညွှန်းကို ဆွေးနွေးကြရမှာမဟုတ်ဘူးလား။ ဘာလို့သူ အရှက်ထပ်ခွဲခံရပြန်တာလဲ...။