← Chapters

အခန်း(၆၆) ဘာလို့ ဒီ့ထက်ပိုမမြန်နိုင်တာလဲ

Vol. 5 Ch. 66

အခန်း(၆၆) ဘာလို့ ဒီ့ထက်ပိုမမြန်နိုင်တာလဲ

Vol. 5 Ch. 66

အခန်း(၆၆) ဘာလို့ ဒီ့ထက်ပိုမမြန်နိုင်တာလဲ

ရှုယန်က တိတ်ဆိတ်စွာ ထိုင်နေရင်း လက်ဖက်ရည် သောက်နေသည်။

သူ ဟန်ဆောင်ကောင်းခဲ့သော်လည်း ရင်နာနေဆဲဖြစ်၏။

အစည်းအဝေးချိန် တစ်ချိန်လုံး လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ တစ်ယောက်ကိုတစ်ယောက် မကြာခဏ ကြည့်ကြည့်နေကြသည်။ ရှုယန်၏ ရင်ထဲတွင် အရှက်ကွဲမှုများဖြင့် ပြည့်နှက်နေခဲ့ပါသည်။

အဲ့ဒီအကျင့်မကောင်းတဲ့ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ ချစ်ပြနေလိုက်ကြတာ။

ရှုယန် ဘယ်တုန်းကတည်းက ဒီလောက်ထိ ရှုံးနိမ့်ခဲ့တာလဲ။

လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ အကြင်နာပေးခန်းကို ရိုက်ကူးသည့်အခါ သူ အဝေးကြီးတွင် ပုန်းနေမည်ဟု ကျိန်ဆိုခဲ့သည်။ နောက်တစ်ခေါက် အရှက်ထပ်မကွဲနိုင်တော့ပါ။

တစ်ဖက်မှာလည်း လင်းဖန် ဘဝရဲ့ပျော်ရွှင်မှု၏ ခေါင်းဆောင်မင်းသား ဖြစ်လာခြင်းမှာ သူမျှော်မှန်းထားတာထက် ကျော်လွန်နေခဲ့ပါသည်။

"ဆရာရှု ဘဝရဲ့ပျော်ရွှင်မှု ဇာတ်ညွှန်းရေးဆရာက လင်းဖန်ပါ။ စီအီးအိုလီကိုယ်တိုင် လင်းဖန်ကို ညစာစားပွဲတက်ရောက်ဖို့ ဖိတ်ကြားခဲ့တယ်လို့ ကြားမိပါတယ်။ အဲ့ဒီအချိန်ကစပြီး လင်းဖန်က ကုမ္ပဏီရဲ့ ထိပ်တန်းဇာတ်ညွှန်းရေးဆရာတစ်ယောက် ဖြစ်သွားတာပါ။"

"အဲ့တာကြောင့် သူတို့နဲ့အတူ လင်းဖန်က ကုမ္ပဏီထဲမှာ ဇာတ်ညွှန်းအကြောင်း ဆွေးနွေးနိုင်တာပါ။ နောက်ဆုံးတော့ ရှားဝမ်ချွေ့က လင်းဖန်ကို ခေါင်းဆောင်မင်းသားအဖြစ် ရွေးချယ်လိုက်တယ်။ အဲ့တာကြောင့်ဖြစ်မှာပါ" လက်ထောက်က ပြောလိုက်ပါသည်။

"လင်းဖန်က ဘဝရဲ့ပျော်ရွှင်မှု ဇာတ်ညွှန်း‌ရေးဆရာ ဟုတ်လား။"

"လင်းဖန် ဒီလိုအစွမ်းအစရှိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ သူက တကယ်ကြီး ဆရာကြီးကျန်းတောင် လေးစားရတဲ့ ဇာတ်ညွှန်းရေးဆရာဖြစ်နေတာပဲ။ ငါ လင်းဖန်ကို ထင်သေးလိုက်မိပြီ" ရှုယန်က ပြောလိုက်သည်။

"ဆရာရှုရဲ့အစွမ်းအစနဲ့ဆိုရင် လင်းဖန်ကို ကုမ္ပဏီထဲမှာ အနိုင်ယူဖို့ အရမ်းလွယ်ကူမယ်လို့ ထင်ပါတယ်” သူ့လက်ထောက်က ပြောလိုက်ပါသည်။ ရှုယန်အတွက် သူမ ခံပြင်းနေပါသည်။ ဘာပဲဖြစ်ဖြစ် ရှားဝမ်ချွေ့ကို နာမည်ရလာအောင် လုပ်ပေးခဲ့တာ ရှုယန်သာဖြစ်သည်။ သို့သော်လည်း ရှားဝမ်ချွေ့က လင်းဖန်ကို ခေါင်းဆောင်မင်းသားလုပ်ခွင့် ပေးလိုက်သည်။

ရှုယန်က ခေါင်းခါလိုက်သည်။ "မလိုပါဘူး။ ငါလည်း ဒီဒရမ်မာထဲမှာ ပါရမှာပဲ။ အဲ့လို မဟုတ်တဲ့ အကြောင်းတွေကို စဥ်းစားနေမယ့်အစား ရေပန်းစားလာမယ့် အွန်လိုင်းရုပ်သံစီးရီးတစ်ခုအတွက် လင်းဖန်နဲ့ အတူတူ အလုပ်လုပ်တာ ကောင်းပါတယ်။"

"နှလုံးသားရေးရာကိစ္စကိုတော့ လင်းဖန်နဲ့ မျှမျှတတ ပြိုင်ဆိုင်မယ်လို့ ငါပြောခဲ့ဖူးတယ်။ လက်ရှိ လင်းဖန်က ငါ့ပြိုင်ဘက်ဖြစ်ဖို့ ထိုက်တန်တယ်။” ရှုယန်က တည်ငြိမ်စွာ ပြုံးလိုက်ပါသည်။

ရင့်ကျက်သည့် သရုပ်ဆောင်တစ်ယောက် အနေဖြင့် အရေးအကြီးဆုံးအရာက ရှုံးနိမ့်မှုကို ဝန်ခံဖို့ မဟုတ်ပါဘူး။

ရှားဝမ်ချွေ့နဲ့ လင်းဖန်တို့က တွဲနေကြသည်ဟု တရားဝင်ကြေညာချက် မထုတ်သေးသရွေ့ သူ့မှာ အခွင့်အရေး ရှိပါသေးသည်။

အရင်က ဖြစ်ပျက်ခဲ့တာတွေက တိုက်ပွဲသေးသေးလေးသာဆိုရင် အခုမှစပြီး နောက်ဖြစ်ပျက်လာမယ့်ကိစ္စတွေက သူနဲ့ လင်းဖန်ကြား ထိပ်တိုက်ရင်ဆိုင်ရမယ့် တိုက်ပွဲတစ်ခုပါပဲ။

လှိုင်းပြာပင်လယ်အော်အိမ်ရာ၏ ဝင်ပေါက်တွင်။

လင်းဖန်က Koenigsegg One ကားကြီးကို မောင်းနှင်နေသည်။ ရှားဝမ်ချွေ့က အရှေ့ခရီးသည်ထိုင်ခုံတွင် ထိုင်နေပါသည်။ သူမတို့နောက်တွင် နောက်ထပ်ကားတစ်စီးလည်း ရှိနေ၏။ အဆိုပါကားက လင်းကျင်းကျင်းနှင့် စုရှောင်းယွီတို့၏ ကား ဖြစ်ပါသည်။

လုံခြုံရေးအစောင့်များက လင်းဖန်ကို နှုတ်ဆက်ပြီးနောက် ကားနှစ်စီးစလုံးကို ဝင်ခွင့်ပေးလိုက်ပါသည်။

"ဘုရားရေ... မင်းတို့တွေ မြင်လိုက်ကြလား။ ကားထဲမှာ မိန်းမချောလေး ၃ ယောက်တောင်ပါတယ်။ ဒါမျိုးက ဒုတိယမျိုးဆက်သူဌေးသားတစ်ယောက်ရဲ့ ဘဝလားကွာ။"

"လခွမ်း အရင်တစ်ခေါက်တုန်းက ကောင်မလေး နှစ်ယောက်ပဲ ခေါ်လာတာ။ အခု ၃ ယောက် ဖြစ်သွားပြီ။ မနာလိုလိုက်တာကွာ။"

"သူဌေးတွေရဲ့ ဘဝနဲ့ ပျော်ရွှင်မှုတွေကို ငါတို့တွေ စိတ်ကူးလို့မရပါဘူးကွာ။ မမြင်ချင်ယောင်သာ ဆောင်လိုက်ကြပါစို့။"

ဗီလာထဲသို့ ဝင်လိုက်သောအခါ လင်းကျင်းကျင်း ထိတ်လန့်သွားပါသည်။

လင်းဖန်က တကယ်ကြီး ဗီလာတစ်လုံးထဲမှာ နေထိုင်တာဖြစ်သည်။

ထို့အပြင် ယွမ် သန်း ၂၀၀ ကျော်သည့် နှလုံးသားရေကန်ဗီလာကြီးဖြစ်ပါသည်။ ဒီလို အပြင်အဆင်များကြောင့် လင်းကျင်းကျင်း အနည်းငယ် လန့်သွားပါသည်။

ဒါ သူတို့ နောက်ဆုံး အနားယူရသောနေ့ ဖြစ်ပါသည်။ ရှားဝမ်ချွေ့၊ စုရှောင်းယွီ၊ လင်းကျင်းကျင်းတို့ အလုပ်လုပ်ရတော့မည်။

ရှားဝမ်ချွေ့၊ စုရှောင်းယွီတို့က Keep Running ရသစုံရုပ်သံအစီအစဉ်ကို ရိုက်ကူးရဦးမည်ဖြစ်ပြီး ဘဝရဲ့ပျော်ရွှင်မှု ရုပ်ရှင်အတွက်လည်း ပြင်ဆင်ရဦးမည်။

ကောင်မလေး သုံးယောက်က ဆိုဖာပေါ်တွင် ထိုင်ကာ ရှားဝမ်ချွေ့က လင်းဖန်ကို မျှော်လင့်ချက်များဖြင့် ကြည့်နေမိသည်။

စုရှောင်းယွီနှင့် လင်းကျင်းကျင်းတို့ ရှိနေသောအခါ သူမ လင်းဖန်ကို စကားပြောလို့မရပါ။

ရှားဝမ်ချွေ့ အနည်းငယ် စိတ်ဆိုးနေပါသည်။ သူမတို့၏ ကမ္ဘာငယ်လေး ပျောက်သွားပြီ။

နောက်ပိုင်းတွင် သူမ လင်းဖန်အိမ်သို့ မလာတော့ပါ။ လာရင်လည်း ခိုးကြောင်ခိုးဝှက်လာပါမည်။

လင်းကျင်းကျင်းက ဘောင်းဘီတိုကို ဝတ်ဆင်ထားပြီး စုရှောင်းယွီက စကတ်ကို ဝတ်ဆင်ထားသည်။ နွေရာသီရောက်နေပြီဖြစ်ပြီး သူမတို့နှစ်ယောက်စလုံးက သွယ်လျပြီး နှင်းလိုဖြူဖွေးသည့် ခြေထောက်များ ရှိကြသည်။

ဟွန်း။ သူက တခြားကောင်မလေးတွေရဲ့ ခြေထောက်ကိုပဲ ကြည့်တတ်တယ်။ သူမရဲ့ ခြေထောက်တွေကလည်း သွယ်ပြီး ရှည်လျားပါတယ်နော်။

ရှားဝမ်ချွေ့ စိတ်ဆိုးသွားသည်။

လင်းဖန်က စုရှောင်းယွီနှင့် လင်းကျင်းကျင်းတို့ကို မကြာခဏ ကြည့်ကြည့်နေသည်။ သူတို့ကို မကြည့်ဖို့ မဖြစ်နိုင်သလောက်ရှိသည်။ သို့သော်လည်း ရှားဝမ်ချွေ့၏ မျက်လုံးထဲမှာတော့ လင်းဖန်က သူတို့၏ ခြေထောက်များကို ကြည့်နေသလို ဖြစ်လာသည်။

လင်းဖန်က စားသောက်ပွဲအတွက် စတင်ပြင်ဆင်သည်။ စုရှောင်းယွီနှင့် လင်းကျင်းကျင်းတို့က ဗီလာကြီး၏ ဒုတိယထပ်သို့ တက်သွားသည်။ ရှားဝမ်ချွေ့သာ ကျန်ခဲ့၏။

"နှာဘူးကောင်" ရှားဝမ်ချွေ့က လင်းဖန်ကို ကြည့်ကာ ပြောလိုက်သည်။

"ဟမ်" လင်းဖန်က သူ့လက်ကိုဆေးကြောကာ ရှားဝမ်ချွေ့ဘေးတွင် ထိုင်သည်။ ရှားဝမ်ချွေ့ သိပ်ပြီး မပျော်ရွှင်တာကို သူခံစားမိပါသည်။

"ဟွန်း ညစ်ပတ်တဲ့ကောင်" ရှားဝမ်ချွေ့က မျက်နှာတစ်ဖက်သို့ လွှဲပစ်လိုက်သည်။

"ငါ့ကြောင်မလေးကို စိတ်ညစ်အောင် ဘယ်သူလုပ်တာလဲ" လင်းဖန်က ရှားဝမ်ချွေ့ကိုကြည့်ကာ အနည်းငယ် ဇဝေဇဝါ ဖြစ်နေပါသည်။

"ဘယ်သူက နင့်ကြောင်လေးလဲ" ရှားဝမ်ချွေ့က ပို၍ပင် စိတ်ဆိုးသွားသည်။

လင်းဖန် ပြုံးလိုက်သည်။ ရှားဝမ်ချွေ့ မနာလိုဖြစ်သောအခါ အလွန်ချစ်ဖို့ကောင်းပါသည်။

လင်းဖန်က စုရှောင်းယွီနဲ့ လင်းကျင်းကျင်းတို့ရဲ့ ခြေတံသွယ်သွယ်လေးတွေကို မကြည့်ခဲ့ဘူးလား။ ထို့ကြောင့် ရှားဝမ်ချွေ့ကို မနာလို ဖြစ်စေခဲ့ပါသည်။ တကယ်တော့ လင်းဖန်က တမင်သက်သက် ကြည့်ခြင်း မဟုတ်ပါ။

စုရှောင်းယွီနဲ့ လင်းကျင်းကျင်းတို့က တကယ့်ကိုပင် ချောမောလှပသော်လည်း ရှားဝမ်ချွေ့လောက် မလှကြပါ။

"ဒီနေ့ည ငါးပေါင်းလုပ်ကျွေးမယ်လေ" လင်းဖန်က ပြုံးကာ ပြောလိုက်သည်။

"မစားချင်ဘူး" ရှားဝမ်ချွေ့က ပြန်ပြောသည်။

"အသီးအရွက်သုပ်ကော" လင်းဖန်က ထပ်မေး၏။

"အဲ့တာလည်း မစားချင်ဘူး" ရှားဝမ်ချွေ့က နှုတ်ခမ်းဆူကာ ပို၍ပင် စိတ်ဆိုးသွားပါသည်။

ကောင်မလေးတစ်ယောက်က တစ်ခုခုကို မလုပ်ချင်ဘူးဟု ပြောလျှင် သူမ တကယ်မလုပ်ချင်ဘူးဟု တွေးလို့မရပါ။ သူမကို ငါးပေါင်း လုပ်ကျွေးရုံတင်မဟုတ်ဘဲ ထပ်တိုး ငါးတံခွန်ပေါင်းကိုပါ လုပ်ကျွေးရပါမည်။

လင်းဖန်က တစ်နေရာရာမှ အနီရောင် နှင်းဆီပန်းတစ်ပွင့်ကိုထုတ်ကာ ပြုံးလိုက်သည်။ "မလှဘူးလား။"

ရှားဝမ်ချွေ့က လင်းဖန်၏ လက်ထဲက ပန်းကိုကြည့်ကာ နူးညံ့စွာဖြင့် ခေါင်းငြိမ့်လိုက်ပါသည်။ "အင်း"

လင်းဖန်က နှင်းဆီပန်းကို ရှားဝမ်ချွေ့လက်ထဲ ထည့်ပေးကာ နူးညံ့စွာ ပြောလိုက်ပါသည်။

"နင့်လိုပဲ လှတယ်နော်။"

ရှားဝမ်ချွေ့၏ လှပသော မျက်နှာလေးက နီရဲသွားပြီး နှင်းဆီပန်းကို ယူကာ ပြောလိုက်သည်။ "ဟွန်း ရှေးဆန်တဲ့စကားတွေ လာမပြောနဲ့။ ဘာမှ ဆန်းသစ်မှုမရှိဘူး။ ငါနင့်ကိုစကားမပြောတော့ဘူး။"

လင်းဖန်က ရှားဝမ်ချွေ့နား ထပ်တိုးလိုက်ပြီး သူတို့ အကြည့်ချင်းဆုံသွားကြသည်။

သူ့ရှေ့တွင် ရှက်သွေးဖြာနေသည့် ကောင်မလေးကို ကြည့်ရင်း လင်းဖန်တစ်ယောက် စိတ်တွေပေါက်ကွဲထွက်တော့မလို ခံစားနေရပါသည်။ သူ့ကိုယ်သူပင် သတိမထားမိဘဲ ရှားဝမ်ချွေ့နားသို့ ထပ်ကပ်သွားမိသည်။

သူတို့နှစ်ယောက် တဖြည်းဖြည်းချင်း နီးကပ်လာကြသည်။ သူတို့နှစ်ယောက်သား တစ်ယောက်၏ ကိုယ်ငွေ့နှင့် အသံရှူသံများကို တစ်ယောက်က ကြားနေရသည်။ ထို့အပြင် နှလုံးခုန်သံများကိုပါ ကြားနေရပါပြီ။

၃ စင်တီမီတာ

၂ စင်တီမီတာ

၁ စင်တီမီတာ

"အာဝူး~" စုရှောင်းယွီက စိတ်လှုပ်ရှားစွာဖြင့် အောက်သို့ ပြန်ဆင်းလာသည်။ သူမက ထူထူ ရှည်ရှည် သခွားသီးကို ကိုင်ထားပြီး ကိုက်စားလိုက်သည်။ သူမနဲ့ လင်းကျင်းကျင်းတို့ အပေါ်ထပ်မှာ ပျော်ရွှင်စွာ ကစားခဲ့ကြခြင်း ဖြစ်သည်။

ရုတ်တရက် ထွက်ပေါ်လာသော ထိုအသံကြောင့် လင်းဖန် သူဘာလုပ်နေမိလဲ ချက်ချင်း သတိထားမိသွားသည်။ လင်းဖန်က အမြန်မတ်တပ်ရပ်လိုက်ပြီး ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်ပါသည်။

ရှားဝမ်ချွေ့၏ မျက်နှာကလည်း နီရဲနေပြီး သူမလည်း အခုမှ အသိပြန်ဝင်လာခြင်းဖြစ်သည်။

စုရှောင်းယွီက ဒါကိုမြင်သောအခါ သူမ အမှားလုပ်မိပြီဟု ခံစားလိုက်ရပါသည်။

"အစ်မဝမ်ချွေနဲ့ ဆရာတို့ ငါဘာမှမမြင်လိုက်ပါဘူး။ နင်တို့... ဆက်လုပ်ကြပါလား။"

ရှားဝမ်ချွေ့လည်း မတ်တပ်ရပ်လိုက်ပါသည်။

အံကြိတ်ရင်း လင်းဖန်ကိုကြည့်ကာ စုရှောင်းယွီနောက် ပြေးလိုက်တော့သည်။ "ရှောင်းယွီ နင်သေချင်နေတာလား အရူးမ"

စုရှောင်းယွီ နောက်လှည့်ပြီး ထွက်ပြေးလေသည်။ "အားး အစ်မ ဝမ်ချွေ့ ခွေးမလေးကို အနိုင်ကျင့်နေတယ်ဗျို့။"

ကောင်မလေးနှစ်ယောက်သား ခပ်မြန်မြန် တွေ့သွားကြပြီး ပျော်ရွှင်စွာ သတ်ပုတ်နေကြပါသည်။

လင်းဖန်က တိတ်ဆိတ်စွာဖြင့် မီးဖိုချောင်ထဲ ပြန်ဝင်သွားခဲ့သည်။ မီးဖိုချောင်ဓားကို ကိုင်ပြီး ကိုယ့်နဖူးကိုကိုယ် ပြန်စိုက်လိုက်ချင်သည်။

လခွမ်း ဒီလောက်ကောင်းတဲ့ အခွင့်အရေးကိုကွာ...

ဘာလို့ သူ ဒီ့ထက်ပိုမမြန်ခဲ့ရတာလဲ။

All Chapters