အခန်း(၆၉) ပြောပြလို့မရတဲ့ စည်းမျဥ်းများ
Vol. 5 Ch. 69
အခန်း(၆၉) ပြောပြလို့မရတဲ့ စည်းမျဥ်းများ
စီအီးအိုချမ့် မဖိတ်ကြားတာကို လင်းဖန် ဂရုမစိုက်ပါ။
ရှားဝမ်ချွေ့က ဝီချက်တွင် မက်ဆေ့ချ်ပို့လိုက်ပါသည်။
ရှားဝမ်ချွေ့ "~~~"
လင်းဖန် "ငါနင့်ကို ဒီနေ့ည လာခေါ်မယ်။ ဂရုစိုက်ပါ။"
ရှားဝမ်ချွေ့ "စိတ်မပူပါနဲ့ ငါရှောင်းယွီနဲ့ အတူတူရှိနေမှာ။ ကုမ္ပဏီကလူတွေလည်း အများကြီး ပါမှာမို့လို့ အန္တရာယ်မရှိပါဘူး။"
လင်းဖန် "အင်း ကောင်းတာပေါ့။"
ရှားဝမ်ချွေ့ "ရင်းနှီးမြှုပ်နှံသူက နင့်ကို ခေါင်းဆောင်မင်းသား မလုပ်ခိုင်းရင် ငါလည်း ခေါင်းဆောင်မင်းသမီး မလုပ်တော့ဘူး။"
ရှားဝမ်ချွေ့ "နင်က ငါ့ရဲ့ ပါဆယ်နယ် စားဖိုမှူးပဲ။ ငါနင့်ကို ကာကွယ်ရမယ်။ နင့်ကို အနိုင်ကျင့်ရဲတဲ့လူရှိရင် ခွေးမလေးနဲ့ ကိုက်ခိုင်းလိုက်မယ်။"
ရှားဝမ်ချွေ့ "ငါသွားတော့မယ်။ ကားထဲဝင်နေပြီ။"
ရှားဝမ်ချွေ့၏ ဝီချက်မက်ဆေ့ချ်ကိုကြည့်ရင်း လင်းဖန် ရင်ထဲနွေးထွေးသွားပါသည်။
သူက နာမည်လည်းမကြီး ရေပန်းလည်း မစားဘဲ ဒီဒရမ်မာ၏ ခေါင်းဆောင်မင်းသား ဖြစ်လာခဲ့ပါသည်။
ရင်းနှီးမြှုပ်နှံသူများက မကျေနပ်လောက်ပါ။ သို့သော် ရှားဝမ်ချွေ့က လင်းဖန်နဲ့အတူတူသာ နောက်ပြန်ဆုတ်မည်ဖြစ်သည်။
လင်းဖန်က ဒီလောက်ထိ ချစ်ဖို့ကောင်းပြီး လှပသော ကောင်မလေးမျိုးကို တစ်ခါမှ မမြင်ဖူးပါ။
လင်းဖန်က တိတ်တိတ်ဆိတ်ဆိတ်ကလေး နတ်ဘုရားအဆင့် သူဌေးလုပ်လို့ရသော်လည်း ဖျော်ဖြေရေး လောကထဲကို ဝင်ဖို့ ဆုံးဖြတ်လိုက်ပါသည်။
အဘယ့်ကြောင့်ဆိုသော် ရှားဝမ်ချွေ့၏ အိပ်မက်က သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်လာဖို့ ဖြစ်ပြီး လက်ရာကောင်းများကို ဖန်တီးဖို့ဖြစ်မှန်း လင်းဖန်သိသောကြောင့်ဖြစ်ပါသည်။
ဖျော်ဖြေရေးလောကထဲမှာ သူမ ဘယ်လောက်ပဲ အခက်တွေ့တွေ့ လင်းဖန် ရှားဝမ်ချွေ့ကို ရှေ့ဆက်တိုးပြီးရင်း တိုးနိုင်အောင် ကူညီပေးသွားမည်ဖြစ်သည်။
သူမက ဒရမ်မာနှင့် ရုပ်ရှင်များ ရိုက်ကူးရတာကို သဘောကျသည်။ ထို့ကြောင့် သူမနဲ့အတူ လှပသော လက်ရာများကို ဖန်တီးမည်ဖြစ်ပါသည်။
ညဘက်တွင် စားသောက်ဆိုင်ကြီး တစ်ခု၌။
ရှားဝမ်ချွေ့၊ စုရှောင်းယွီ၊ ရှုယန်၊ လင်းကျင်းကျင်း၊ လုပမ်ခိုင်း၊ လျို့မောင်နှင့် တခြားဝန်ထမ်းများက ရင်းနှီးမြှုပ်နှံသူ၏ ကော့တေးပါတီပွဲသို့ တက်ရောက်ခဲ့ကြပါသည်။
အပေါ်ယံမှာတော့ ဒီပျော်ပွဲရွှင်ပွဲက ဒီရုပ်သံဒရမ်မာရိုက်ကူးရေးအတွက် အောင်ပွဲခံဖို့ဖြစ်သည်။ သို့သော်လည်း အဆိုပါဘော့စ်ကြီး ဘာတွေ ကြံစည်နေသလဲ ဘယ်သူမှ မသိနိုင်ပါ။
ဒီစ်ခေါက် ရင်းနှီးမြှုပ်နှံသူ၏ ဘော့စ်ကြီးက ချန်းလင်အီကိုနောမစ်မီဒီယာ၏ ဘော့စ်ဖြစ်သူ ချမ့်ဟုန်ကွမ်ဖြစ်သည်။ တစ်နည်းအားဖြင့် စီအီးအိုချမ့်ဖြစ်၏။ "မင်္ဂလာညနေခင်းလေးပါ" စီအီးအိုချမ့်က ပြုံးကာ ထိုင်လိုက်ပါသည်။ သူက အနည်းငယ်ဝဖြိုးပြီး ဘီယာဗိုက်တစ်လုံးရှိ၏။ အသက် ၅၀ ဝန်းကျင်ရှိပုံရပြီး သိပ်သဘောကောင်းသည့်ပုံမပေါ်ပါ။
"ဟယ်လို စီအီးအိုချမ့်" ရှုယန်က ယဥ်ကျေးစွာ ပြောလိုက်သည်။
"ဟယ်လို စီအီးအိုချမ့်" ရှားဝမ်ချွေ့၊ စုရှောင်းယွီနှင့် လင်းကျင်းကျင်းတို့လည်း အလွန်ယဥ်ကျေးကြပါသည်။
ဒါက အပြင်ဘက်မှာဖြစ်ပြီး သူတို့ရှေ့မှာရှိနေတာက ရင်းနှီးမြှုပ်နှံသူဘော့စ်ကြီးဖြစ်သည်။ ဘယ်လို သရုပ်ဆောင်ကမှ ရင်နှီးမြှုပ်နှံသူ၏ ဘော့စ်ကြီးကို မစော်ကားရဲကြပါ။
ဖျော်ဖြေရေး လောကထဲတွင် ပြောပြလို့မရသည့် စည်းမျဥ်းများရှိ၏။ ရင်းနှီးမြှုပ်နှံသူ၏ ဘော့စ်ကြီးကိုသာ တစ်ယောက်ယောက် စော်ကားလိုက်ပါက အလွန်ဒုက္ခရောက်နိုင်ပါသည်။
ဖျော်ဖြေရေးလောကထဲက အမျိုးသမီးသရုပ်ဆောင်တချို့က ဒီလိုဘော့စ်ကြီးများနှင့် အတူ ဓာတ်ပုံရိုက်ဖို့ သည်းခံဖို့သာ ရှိပါသည်။ တစ်ခါတစ်လေ ဘော့စ်ကြီးများ ဖက်တာကို ခံရပြီး ၎င်းတို့၏ ဒေါသကို ချုပ်တည်းထားရုံသာ ရှိသည်။
လှပသော ရှားဝမ်ချွေ့၊ စုရှောင်းယွီနဲ့ လင်းကျင်းကျင်းတို့ကို မြင်သောအခါ စီအီးအိုချမ့်က ပြုံးလိုက်၏။ သူတို့က တကယ်ပဲ လှပပါသည်။ ဘာလို့ ရှားဝမ်ချွေ့က ဒီလောက်ထိ လှပရတာလဲ။ သူမက တခြား အမျိုးသမီးသရုပ်ဆောင်များထက် အများကြီး ပိုလှပပြီး အလွန်စင်ကြယ်ပါသည်။ အရေးအကြီးဆုံးက တခြားသူတွေနဲ့ တစ်ခါမှ မနမ်းဖူးပါ။
"လာပါ ဒီရုပ်သံဒရမ်မာ ရိုက်ကူးရေးအတွက် အရင်ဆုံး အောင်ပွဲခံလိုက်ကြရအောင်" စီအီးအိုလီက ဝိုင်တစ်ခွက်ယူကာ အားလုံးကို ပြုံးပြလိုက်ပါသည်။
ရှုယန်လည်း ဝိုင်ခွက်ကို ကိုင်ပြီး သောက်လိုက်ပါသည်။
လျို့မောင်နှင့် လုပမ်ခိုင်းတို့လည်း ဝိုင်သောက်လိုက်ကြသည်။
ရှားဝမ်ချွေ့၊ စုရှောင်းယွီနဲ့ လင်းကျင်းကျင်းတို့ကတော့ မသောက်ကြပါ။
မိန်ကလေးများ မသောက်ကြတာကို မြင်သောအခါ စီအီးအိုချမ့်၏ အပြုံးက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ "လုပ်ပါ လုပ်ပါ စီအီးအိုချမ့်ကို မျက်နှာသာ ပေးပါဦး။ တစ်ငုံလောက် သောက်လိုက်ရင် အဆင်ပြေပါပြီ" စီအီးအိုချမ့်ဘေးက အနက်ရောင်ဝတ်စုံနဲ့ လူကြီးက ပြောလိုက်ပါသည်။ သူက ကောင်မလေးသုံးယောက်ကို ယဥ်ကျေးစွာ ပြောသည့်ပုံပေါက်သော်လည်း အတင်းအကြပ် ခိုင်းစေနေသည့် သဘောရှိနေပါသည်။
"တစ်ငုံလောက်ပဲ သောက်လို့ရမလား" စုရှောင်းယွီက အရင်ဆုံးပြောကာ စီအီးအိုချမ့်ကို ကြည့်လိုက်ပါသည်။
စီအီးအိုချမ့်၏ သဘောထားကိုကော၊ စိအီးအိုချန်း ဘာကြောင့် လင်းဖန်ကို ဒီပျော်ပွဲရွှင်ပွဲကို မဖိတ်ကြားရတာလဲ ဆိုတာကော သူမ မသိသေးပါ။ ရင်းနှီးမြှုပ်နှံသူကို မျက်နှာသာပေးဖို့အတွက် အဖွင့်ပွဲမှာ တစ်ငုံလောက်သောက်ရတာတ ပြဿနာမရှိပါ။
သို့သော်လည်း သူတို့ကို အတင်းအကြပ် သောက်ခိုင်းပါက လွန်လာပါလိမ့်မည်။
သူတို့က စီအီးအိုချမ့် ဘာတွေကြံစည်နေသလဲ သိရဖို့သာ ဒီကိုလာခဲ့ကြခြင်းဖြစ်သည်။
စုရှောင်းယွီက အိမ်မှာတော့ အလွန်ချစ်ဖို့ကောင်းပြီး စနောက်တတ်သည်။ အပြင်ဘက်မှာတော့ စုရှောင်းယွီက ရှားဝမ်ချွေ့နဲ့ လင်းကျင်းကျင်းတို့ကို ကာကွယ်ပေးတတ်ပါသည်။ ခွေးမလေး ဖြစ်နေရင်တောင် ဒေါသထွက်လာလျှင် ကိုက်တတ်ပါသည်။
"ရတာပေါ့" စီအီးအိုချမ့်က ပြောလိုက်ပါသည်။
အဖွင့်ပွဲတွင် ကိစ္စရပ်သေးသေးလေးများက လွဲပြီး တခြားဘာမှ မဖြစ်ပျက်ခဲ့ပါ။
စီအီးအိုချမ့်က လင်းဖန်အကြောင်း မပြောပေ။ သူက အားလုံးနဲ့ ဒီတိုင်းသာ စကားပြောခဲ့သည်။ ပျော်ပွဲရွှင်ပွဲတစ်ချိန်လုံးတွင် စီအီးအိုချမ့်က ရှားဝမ်ချွေ့ကို မကြာခဏ ကြည့်ကြည့်နေတတ်ပါသည်။
ထို့ကြောင့် ရှားဝမ်ချွေ့ အနည်းငယ် နေရခက်လာ၏။
"ကျွန်မ သန့်စင်ခန်း သွားလိုက်ဦးမယ်" ရှားဝမ်ချွေ့က မတ်တပ်ရပ်ကာ ပြောလိုက်ပါသည်။
"အစ်မဝမ်ချွေ့ ငါလည်း လိုက်မယ်” စုရှောင်းယွီက နားလည်စွာဖြင့် မတ်တပ်လိုက်ရပ်လိုက်ပါသည်။ ရှားဝမ်ချွေ့နှင့် စုရှောင်းယွီတို့ သန့်စင်ခန်းမှပြန်လာပြီး ကော်ရစ်ဒါသို့ လမ်းလျှောက်လာသောအခါ စီအီးအိုချမ့်ဘေးတွင်ရှိနေခဲ့သည့် အနက်ရောင်ဝတ်စုံနဲ့လူက ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ ရှေ့သို့ ရောက်လာခဲ့သည်။
"မိန်းကလေး ရှားဝမ်ချွေ့ စီအီးအိုချမ့်က တစ်ခုခု သီးသန့်ပြောခိုင်းလိုက်လို့ပါ။ မိန်းကလေး စုရှောင်းယွီကို အရင်ဆုံး သွားခိုင်းလိုက်လို့ရမလား" အနက်ရောင်ဝတ်စုံနဲ့လူက မေးလိုက်ပါသည်။
"ကောင်းပါပြီ။ ရှင်တို့နှစ်ယောက် စကားပြောနှင့်ကြပါ။" စုရှောင်းယွီက မျက်တောင်ခတ်လိုက်ပါသည်။ သို့သော်လည်း သူမလက်ထဲတွင် အသင့်ပြင်ထားသည့် အသံဖမ်းဖောင်တိန်ကို တိတ်တဆိတ်ဖွင့်ကာ ရှားဝမ်ချွေ့၏ အိတ်ထဲထည့်ပေးလိုက်ပါသည်။
ဒါက ကြယ်ငါးပွင့် ဟိုတယ်ဖြစ်ပြီး လုံခြုံရေးကလည်း အလွန်ကောင်းမွန်ပါသည်။ ဘယ်သူကမှ နေ့ခင်းကြောင်တောင်ကြီး မဟုတ်တာ မလုပ်ရဲကြပါ။
စုရှောင်းယွီထွက်သွားသောအခါ အနက်ရောင်ဝတ်စုံနဲ့လူက ရှားဝမ်ချွေ့ကို ကြည့်ကာ ပြောလိုက်သည်။
"မိန်းကလေးရှားဝမ်ချွေ့။ စီအီးအိုချမ့်က မင်းရဲ့ သရုပ်ဆောင်စွမ်းရည်ကို အရမ်းစိတ်ဝင်စားပြီး ဒီနေ့ည သရုပ်ဆောင်စွမ်းရည်အကြောင်းကို ဆွေးနွေးဖို့ မင်းနဲ့အတူ ဖြတ်သန်းချင်နေတယ်။ အဆင်ပြေပါ့မလား။ မပြေရင် စီအီးအိုချမ့်က မင်းရဲ့ သရုပ်ဆောင်စွမ်းရည်က မကောင်းဘူးလို့ထင်သွားပြီး သိပ်စိတ်ကျေနပ်မှာ မဟုတ်ဘူးနော်။"
အနက်ရောင်ဝတ်စုံနဲ့ လူက အလွန်ဗျူဟာများ၏။ ရှားဝမ်ချွေ့ ချက်ချင်းဆိုသလို နားလည်လိုက်ပါသည်။
ဒါက ဖျော်ဖြေရေးလောကထဲမှာ ဖြစ်ပျက်နေကျ ထုတ်ပြောလို့မရသည့် စည်းမျဥ်းများဖြစ်သည်။
ဒီတစ်ခေါက် ဇာတ်ညွှန်းအတွက် အများဆုံး ရင်းနှီးမြှုပ်နှံသူ စီအီးအိုချမ့်က သူမနဲ့အတူ အိပ်ချင်နေသည်။ ထို့အပြင် ခြိမ်းခြောက်သည့် အဓိပ္ပာယ်ကလည်း အလွန်သိသာထင်ရှားပါသည်။
သူမသာ ငြင်းလိုက်လျှင် စီအီးအိုချမ့်က သူမ၏ သရုပ်ဆောင်စွမ်းရည်များက မကောင်းဘူးဟု တမင်သက်သက် ပြောကာ ဘဝရဲ့ပျော်ရွှင်မှုထဲက ခေါင်းဆောင်မင်းသမီးနေရာကို အခွင့်ကောင်းယူပြီး တမင်သက်သက် ပြောင်းလဲပါလိမ့်မည်။
ယွဲ့ဟွာအင်တာတိန်းမန့်တောင် ယွမ် သန်း ၂၀၀ ရင်းနှီးမြှုပ်နှံနိုင်သည့် ရင်းနှီးမြှုပ်နှံသူများကို စော်ကားရဲကြမည် မဟုတ်ပါ။
ထို့ကြောင့် ဖျော်ဖြေရေး လောကထဲတွင် သရုပ်ဆောင်များစွာက ဒေါသကို ချုပ်တည်းကာ အတင်းအကြပ် လိုက်လျောလိုက်ရသည်။
၎င်းတို့၏ အနာဂတ်နှင့် စင်ကြယ်မှုတို့အကြား ရွေးချယ်ကြရပါသည်။
ရှားဝမ်ချွေ့ကတော့ ပြတ်ပြတ်သားသား ပြန်ပြောလိုက်ပါသည်။ "မရဘူး"
ထိုသို့ ပြောပြီးနောက် ရှားဝမ်ချွေ့က စုရှောင်းယွီ၏ လက်ကိုသွားဆွဲလိုက်ပါသည်။
ရှားဝမ်ချွေ့ အားလုံးနားလည်သွားပါသည်။ ရင်းနှီးမြှုပ်နှံသူအသစ် စီအီးအိုချမ့်က လင်းဖန်ကို ပစ်မှတ်ထားနေတာမဟုတ်ဘဲ သူမကို ပစ်မှတ်ထားနေတာသာဖြစ်သည်။
သူမ ငြင်းလိုက်ပါက ဒီဒရမ်မာအတွက် ခေါင်းဆောင်မင်းသမီး မဖြစ်နိုင်တော့မှာကိုလည်း သိပါသည်။
သို့သော်လည်း ဘာဖြစ်လဲ။
သူမရဲ့ ပထမဆုံးအနမ်းနဲ့ ပထမဆုံးအကြိမ်က... သူမအချစ်ဆုံးလူအတွက်သာဖြစ်သင့်သည်။
သူမ လိုက်လျောမည်ဆိုပါက တစ်နှစ်လောက် ဆက်တိုက် မရပ်မနား ရုပ်ရှင်ရိုက်ရနိုင်သည်။
သူမတွင်လည်း သူမ၏ ကိုယ်ပိုင် နိယာမများ ရှိပါသည်။ သူမ လူတိုင်းကို မလိုက်လျောနိုင်ပါ။ ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ ကော်ရစ်ဒါတွင် လမ်းလျှောက်နေကြပြီး သူမ၏ မျက်လုံးများက နီရဲလာပါသည်။
ဒါက လင်းဖန် သူမအတွက် ခက်ခက်ခဲခဲ ရေးပေးထားသော ဇာတ်ညွှန်းဖြစ်သည်။
သူမ ချစ်မြတ်နိုးပါသည်။
သူမ လင်းဖန်၏ ခေါင်းဆောင်မင်းသမီး ဖြစ်ချင်သည်။
သို့သော်လည်း ကောင်းကင်ဘုံက ဘာကြောင့် ဒီလိုအခွင့်အရေးမျိုးကို လုယူသွားရတာလဲ။ သူမ လိုချင်တာ ဒီလိုမဟုတ်ပါ။
စုရှောင်းယွီက ရှားဝမ်ချွေ့၏ လက်ကို ကိုင်ထားပြီး အလွန်ဒေါသထွက်နေပါသည်။ သူမခြေထောက်ကို နင်းလိုက်သည်။ သူမ ယူလာသည့် သခွားသီးလည်း ကျိုးသွားပါသည်။
စုရှောင်းယွီက ဖုန်းကို ယူလိုက်ပြီး လင်းဖန်ကို မက်ဆေ့ချ်ပို့လိုက်ပါသည်။
စုရှောင်းယွီ "ဆရာ ဆရာ။ ချမ့်ဟုန်ကွမ်က အစ်မဝမ်ချွေ့ကို အနိုင်ကျင့်ပြီး သူနဲ့ အိပ်ချင်တယ်လို့ ပြောတယ်။ ငါတိုးတိုးတိတ်တိတ် အသံတောင် ဖမ်းထားလိုက်တယ်၊။ ငါ့မှာ သက်သေရှိတယ်။"
ထိုသတင်းကို မြင်လိုက်ရသောအခါ လင်းဖန်၏ မျက်လုံးများ အေးစက်သွား၏။
သူဖုန်းကို ကားထဲပစ်ထည့်လိုက်ပြီး တံခါးကို ပိတ်ကာ လီဗာကိုနင်းလိုက်ပါသည်။ Bugatti La Voiture ကားကြီးအား လှိုင်းပြာပင်လယ်အော် ရှေ့ဝင်ပေါက်မှ မောင်းထွက်သွားသောအခါ အင်ဂျင်သံကြီးက အသက်ဝင်လာခဲ့ပါသည်။
သောက် ချမ့်ဟုန်ကွမ်။
ဒီဇာတ်ညွှန်းကို သူရေးခဲ့တာဖြစ်ပြီး ခေါင်းဆောင်မင်းသားဖြစ်ချင်သည်။ ရှားဝမ်ချွေ့ကို ဖျော်ဖြေရေး လောကထဲမှာ ဖွံ့ဖြိုးတိုးတက်အောင် ကူညီပေးချင်သဖြင့် သူ ပေါ့ပေါ့တန်တန်ပင် မနေချင်တော့ပါ။
လင်းဖန်က ဘာကိုမှမကြောက်ပါ။ ဘယ်လို ရင်းနှီးမြှုပ်နှံသူမှ သူ့ကို ပစ်မှတ်ထားမှာမကြောက်ပေ၊။
သို့သော် တစ်ယောက်ယောက် ရှားဝမ်ချွေ့ကို ပစ်မှတ်ထားလာပါက သူသည်းခံနေမှာမဟုတ်ပါ။
ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ ပျော်ပွဲရွှင်ပွဲသို့ ပြန်ရောာက်လာသောအခါ စီအီးအိုချမ့်၏ အပြုအမူက အနည်းငယ် ပြောင်းလဲသွား၏။
အမျိုးသမီး သရုပ်ဆောင်တစ်ယောက်က သူ့တောင်းဆိုချက်ကို ငြင်းဆန်ရဲလိမ့်မည်ဟု စီအီးအိုချမ့် မထင်ထားခဲ့ပါ။
ဒီလိုသာဆို ရှားဝမ်ချွေ့ကို ခေါင်းဆောင်မင်းသမိးနေရာမှ ဖယ်ရှားဖို့ အကြောင်းပြချက် ပေးလို့ရပြီဖြစ်သည်။
ဒါက ချမ့်ဟုန်ကွမ်၏ ရည်ရွယ်ချက်အစစ် ဖြစ်ပါသည်။
"လာပါ အားလုံးပဲ ထပ်သောက်ကြပါဦး။ ဒါက ကျုပ်ဝယ်ထားတဲ့ ဝိုင်ကောင်းပါ။ အားလုံး ဒီနေ့ည သောက်ကြရမယ်နော်။ မသောက်ရင် ကျုပ်ကို မျက်နှာသာ မပေးတာပဲ" စီအီးအိုချမ့်က ဘာမှမဖြစ်ခဲ့သလို ဝိုင်ခွက်ကို ကိုင်မြောက်လိုက်ပါသည်။
ရှုယန်လည်း ရွေးချယ်စရာမရှိဘဲ နောက်တစ်ခွက် သောက်လိုက်ရ၏။
လုပမ်ခိုင်းနှင့် လျို့မောင်တို့က ဝိုင်ကြိုက်တတ်ကြပြီး ဒီလို တွေ့ဆုံပွဲမျိုးကိုလည်း အသားကျနေပြီဖြစ်သဖြင့် သူတို့ သောက်ကြပါသည်။
ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ကတော့ မလှုပ်ကြပါ။
"လာပါ ဝမ်ချွေ့ သောက်လေ" စီအီးအိုချမ့်က သူ့ခွက်ကို ကိုင်မြောက်ပြီး ရှားဝမ်ချွေ့ကို ကြည့်လိုက်ပါသည်။
"ကျွန်မ မသောက်တတ်ဘူး" ရှားဝမ်ချွေ့က ငြင်းလိုက်ပါသည်။
"မရဘူး။ သောက်ရမယ်။ ကျုပ်ကို အထင်သေးနေတာလား" စီအီးအိုချမ့်က အေးစက်စွာ ပြုံးလိုက်ပြီး ဝိုင်ခွက်ကို ကောက်ကိုင်လိုက်ပါသည်။ ရှားဝမ်ချွေ့ကို တွေ့ခဲ့သည့် အနက်ရောင်ဝတ်စုံနဲ့ လူထွားကြီးကလည်း ပြောလိုက်၏။ "စီအီးအိုချမ့်က သောက်ခိုင်းရင် သောက်လိုက်ပါ။"
ရှုယန်က မတ်တပ်ရပ်ကာ ဝိုင်ခွက်ကို ယူလိုက်ပါသည်။ "ဝမ်ချွေ့က တကယ်မသောက်တတ်လို့ပါ။ စီအီးအိုချမ့် ကျွန်တော် သူ့အစား သောက်ပေးမယ်လေ။"
"မင်းနားမလည်ဘူးလား။ ငါပြောချင်တာက ဝမ်ချွေ့ကို ဒီဝိုင်သောက်ခိုင်းနေတာ။"
"မင်းသောက်မှာလား မသောက်ဘူးလား" စီအီးအိုချမ့်က ဝိုင်ခွက်ကို ကိုင်ကာ မတ်တပ်ရပ်လိုက်သည်။ ရှားဝမ်ချွေ့ကို သူကြည့်လိုက်၏။ သူ့အပြုအမူများက အရင်ကလို သဘောမကောင်းတော့ပါ။
တခြား ရင်းနှီးမြှုပ်နှံသူများကလည်း ရှားဝမ်ချွေ့ကို အေးစက်စွာ ကြည့်လိုက်ကြသည်။
"အစ်မဝမ်ချွေ့က မသောက်တတ်ဘူးလို့ ပြောနေတယ်လေ" စုရှောင်းယွီက ရှားဝမ်ချွေ့၏ လက်မောင်းကို တင်းကြပ်စွာ ကိုင်ထားပါသည်။ "လခွမ်းပဲ... ငါက သောက်ခိုင်းနေတာ နားမလည်ဘူးလား" စီအီးအိုချမ့်က ငေါက်လိုက်ပါသည်။ "ဒါမှမဟုတ် ဘဝရဲ့ပျော်ရွှင်မှုမှာ ခေါင်းဆောင်မင်းသမီး မလုပ်ချင်လို့လား။"
"စီအီးအိုချမ့်..." ရှုယန်က စကားပြောဖို့ ပါးစပ်ဟလိုက်သည်။
"ပါးစပ်ပိတ်ထားစမ်း" စီအီးအိုချမ့်က ရှုယန်ကို အေးစက်စွာ ကြည့်လိုက်ပါသည်။
ရှုယန် ကြက်သေသေသွားပြီး ဘာမှ မပြောရဲတော့ပါ။ ဒီနေ့ စီအီးအိုချမ့်ကို စော်ကားခြင်းက ရင်းနှီးမြှုပ်နှံသူများစွာကို စော်ကားခြင်းနှင့် ညီမျှပါသည်။ ရင်းနှီးမြှုပ်နှံသူများစွာ၏ ဘော့စ်များက အချင်းချင်းသိကြသည်။ တစ်ယောက်ကို စော်ကားလိုက်တာနဲ့ အနာဂတ်တွင် ၎င်းတို့၏ အလုပ်အပေါ် ထိခိုက်လာနိုင်ပါသည်။
ထိုအချိန်တွင်...
လူတစ်ယောက်က စားသောက်ပွဲခန်းမထဲသို့ တစ်ယောက်တည်း ဝင်လာခဲ့သည်။
သူပေါ်လာသောအခါ အားလုံး၏ အာရုံစိုက််မှုက သူ့ထံရောက်သွားခဲ့ပါသည်။
သူရောက်ရှိလာမှုက သူမကို ဘေးကင်းလုံခြုံသလို ခံစားသွားရစေသည်။ သူ့ကို ရှားဝမ်ချွေ့မြင်သောအခါ ငိုချင်စိတ်ကို ထိန်းလိုက်ရ၏။ လင်းဖန်ရောက်လာပါပြီ။