← Chapters

အခန်း(၆၈) မုန်တိုင်းမှန်သမျှကို အတူတူ ရင်ဆိုင်ရအောင်

Vol. 5 Ch. 68

အခန်း(၆၈) မုန်တိုင်းမှန်သမျှကို အတူတူ ရင်ဆိုင်ရအောင်

Vol. 5 Ch. 68

အခန်း(၆၈) မုန်တိုင်းမှန်သမျှကို အတူတူ ရင်ဆိုင်ရအောင်

ရှုယန်က စုရှောင်းယွီကိုကြည့်လိုက်သည်။ သူမယုံနိုင်တော့ပါ။ သူ့ဆွဲဆောင်မှုက ပြဿနာ တစ်ခုခု ရှိနေလို့လား။

အရင်တုန်းက သူကုမ္ပဏီမှာ ရှိနေစဥ် အားလုံးက သူ့ကို သဘောကျကြသည်။ အမျိုးသမီးသရုပ်ဆောင်များစွာက သူနဲ့အတူတူ သရုပ်ဆောင်ချင်ကြသည်။

လင်းဖန် ရောက်လာမှ ဘာလို့ အားလုံး ပြောင်းလဲသွားရတာလဲ။

အဓိပ္ပာယ်မရှိပါ။

ရှုယန်က စုရှောင်းယွီဘေးသို့သွားပြီး စကားပြောဖို့ ကြံလိုက်စဥ် စုရှောင်းယွီက အရင်ဆုံး ပြောလိုက်ပါသည်။

"လင်းဖန် ငါလည်း နားမလည်တာ တစ်ခုမေးစရာရှိတယ်။ ငါ့ role မှာ ဒီတိုင်းပဲ သရုပ်ဆောင်ရမှာလား" စုရှောင်းယွီက စိတ်လှုပ်ရှားစွာဖြင့် လင်းဖန်ဘေးကို ပြေးသွားခဲ့ပါသည်။

ခဏတာလောက် ရှုယန်တစ်ယောက် သူ့ကိုယ်သူ ကျန်ရစ်တစ်ယောက်လို ခံစားလိုက်ရပါသည်။

သူ့ဘဝက ဘာလို့ ဒီလောက်တောင် သနားစရာ ကောင်းလွန်းရတာလဲ။

ရှုယန်က လင်းဖန်ကို မနာလိုမှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်လိုက်ပါသည်။

မဟုတ်မှလွဲရော သူ့ဆွဲဆောင်မှုက တစ်ခုခု မှားယွင်းနေတာလား။

ရှုယန်က ခေါင်းခါလိုက်သည်။ "ငါ အေးချမ်းပြီး တိတ်ဆိတ်တဲ့ နေရာတစ်ခုခုဆီ သွားသင့်တယ်။ ဇာတ်ညွှန်းကို ကျင်းကျင်းနဲ့ပဲ ဆွေးနွေးတော့မယ်။"

လင်းကျင်းကျင်းလည်း မတ်တပ်ရပ်ကာ လင်းဖန် ဘေးသို့ ပြေးသွားပါသည်။ "လင်းဖန် ငါ့ role က တော်တော်ကောင်းပါတယ်။ ဇာတ်ဝင်ခန်းတွေလည်း အများကြီးပါတယ်။ ဒါပေမယ့် ပြဿနာလေးတစ်ခုရှိနေလို့...."

"လင်းဖန် ငါတို့ကို လာကူညီပါဦး။ နင့်ဇာတ်ညွှန်းက အရမ်းကောင်းတာပဲ။ ဒီနေရာမှာ ကောင်းကောင်း သရုပ်မဆောင်နိုင်မှာစိုးတယ်။"

"ဒီဇာတ်ကောင်က ဘာလို့ ဒီလိုပုံစံဖြစ်နေတာလဲ။ ဒီ့ထက် နည်းနည်း ပိုကောင်းအောင် ပြင်လို့ မရဘူးလား။"

"ဝိုး ဒီဇာတ်ညွှန်းက အရမ်းကောင်းတာပဲ။ ငါကြိုက်တယ် ကြိုက်တယ် လင်းဖန်။ ငါတို့ကို ပိုပြီး ရှင်းရှင်းလင်းလင်း ရှင်းပြပေးလို့ရမလား။"

ရှုယန်က ခန်းမထဲတွင် တစ်ယောက်တည်း တိတ်ဆိတ်စွာ မတ်တပ်ရပ်နေသည်။ အားလုံးက လင်းဖန်ဘေးမှာသာ ပတ်လည် ဝိုင်းနေကြသည်။

တစ်ဖက်တွင် လင်းဖန်က ဒီရုပ်ရှင်၏ ခေါင်းဆောင်မင်းသား ဖြစ်သည်။

အရေးအကြီးဆုံးက လင်းဖန်မှာ ဒီရုပ်ရှင်အတွက် ဇာတ်ညွှန်းဆရာ ဖြစ်သည်။

ဇာတ်ညွှန်းဆရာက ဇာတ်ညွှန်းတစ်ခုလုံး၏ အသက်ဝိညာဥ်၊ ဇာတ်ကကောင်တိုင်း၏ စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုမျာားနှင့် အခြေအနေကို ထိန်းချုပ်သည်။ ထို့ကြောင့် အားလုံးက လင်းဖန်ကို တစ်ချိန်တည်းမှာပင် သွားတွေ့ကြခြင်းဖြစ်သည်။

သူတို့ မျက်လုံးထဲမှာ လင်းဖန်က သူတို့ အိုင်ဒေါ ဖြစ်နေပါပြီ။

ဇာတ်ညွှန််းကို အလွန်ကောင်းမွန်စွာ ရေးထားပြီး အလွန်လည်း ချောမောသည်။ အရေးအကြီးဆုံးက သူက အလွန်ချမ်းသာ၏။ ကုမ္ပဏီထဲက ဘယ်သူက သူ့ကို မကြိုက်ဘဲ နေမလဲ။

ရှုယန် "..."

သူ့ဘေးက မန်နေဂျာက ရေတစ်ခွက် ထည့်ပြီး ရှုယန်ဆီသို့ ယူလာခဲ့ပါသည်။ "ဆရာရှု ရေသောက်ပါဦး။"

ရှုယန်က တိတ်ဆိတ်စွာဖြင့် ရေကို ယူလိုက်ပြီး တစ်ငုံသောက်လိုက်ပါသည်။ ဘာကြောင့်မှန်း မသိဘဲ ရေက အနည်းငယ် ခါးသက်နေပါသည်။

လင်းဖန်နဲ့ သူ မျှမျှတတ ပြိုင်ဆိုင်ချင်ခဲ့သည်။ သို့သော် သူ မပြိုင်ဆိုင်နိုင်ခင်မှာပဲ ရှုံးနိမ့်ခဲ့ရပါပြီ။

ဂျွိုင်းမီဒီယာတွင်။

ဂျွိုင်းမီဒီယာမှာ အရင်တုန်းက လင်းဖန်ကို ဘဝရဲ့ပျော်ရွှင်မှု ဇာတ်ညွှန်းအတွက် တစ်ပိုင်းကို ယွမ် ၁၀,၀၀၀ ဖြင့် ကမ်းလှမ်းခဲ့သည်။ ထိုအချိန်တုန်းက ဆုံးဖြတ်ချက်ကို ကျောက်လွေ့က ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ကျောက်လွေ့မှာ ဇာတ်ညွှန်းများကို တာဝန်ယူထားပြီး ကုမ္ပဏီ၏ သရုပ်ဆောင်များကို ပျိုးထောင်ပေးဖို့လည်း တာဝန်ယူထားသည်။

"အစ်မလွေ့ ယွဲ့ဟွာအင်တာတိန်းမန့်က လင်းဖန်ရဲ့ ဇာတ်ညွှန်းအတွက် ယွမ် ၁၈.၄ သန်းတောင် သုံးခဲ့တယ်တဲ့။ ရှားဝမ်ချွေ့၊ စုရှောင်းယွီ၊ လင်းကျင်းကျင်း၊ ရှုယန်နဲ့ တခြား အေအဆင့်ရှိတဲ့ နာမည်ကျော်တွေအကုန်လုံး 'ဘဝရဲ့ ပျော်ရွှင်မှု' ဒရမ်မာထဲမှာ ပါဝင်ကြမယ်လို့ သိရပါတယ်။ သရုပ်ဆောင်စွမ်းရည်ကောင်းမွန်တဲ့ သက်ကြီးဝါရင့်သရုပ်ဆောင်တွေလည်း ပါဝင်ကြပါမယ်တဲ့။"

"ဒီဒရမ်မာက ရေပန်းစားလာနိုင်တယ်။ ပြီးတော့လည်း ဇာတ်ညွှန်းက တော်တော်လေး ကောင်းတယ်။ ကျွန်တော်တို့ရဲ့ ဒရမ်မာအသစ် 'စစ်သူကြီးနဲ့ ကျွန်မ' ကို ထိခိုက်လာနိုင်ပါတယ်" ကျောက်လွေ့ဘေးက ဝန်ထမ်းက ပြောလိုက်ပါသည်။

ကျောက်လွေ့က ခေတ္တစဥ်းစားကြည့်လိုက်သည်။ သူက ကုမ္ပဏီထဲတွင် အာဏာအများကြီး ရှိ၏။ ထို့အပြင် ဂျွိုင်းမီဒီယာနှင့် ယွဲ့ဟွာအင်တာတိန်းမန့်တို့ကလည်း ပြိုင်ဆိုင်နေကြသည်။ "ဘဝရဲ့ပျော်ရွှင်မှု ဇာတ်ညွှန်းက ကောင်းတာ မှန်ပါတယ်။ ဒါပေမယ့် လင်းဖန်က လူသစ်တစ်ယောက်ပဲလေ။ အဲ့ဒီတုန်းက လင်းဖန်ကို တစ်ပိုင်း ယွမ် ၁၀,၀၀၀ ပေးတာတောင် မြှောက်ပင့်ရာ ကျလွန်းနေပြီ။ ယွဲ့ဟွာအင်တာတိန်းမန့်က ဒီလောက်ထိ အဓိပ္ပာယ်မရှိဘဲ ဖောင်းပွနေတဲ့ စျေးနှုန်းနဲ့ ဝယ်လိမ့်မယ်လို့ မထင်ထားဘူး။ ဒါပေမယ့် အေအဆင့် သရုပ်ဆောင်တွေ အများကြီး ပါကြမယ်ဆိုတော့ ခေါင်းဆောင်မင်းသားက ရှုယန်ဖြစ်ပြီး ခေါင်းဆောင်မင်းသမီးက ရှားဝမ်ချွေ့ဖြစ်မယ်ဆိုရင် ဒီရှိုးရဲ့ ရေပန်းစားမှုက မကြုံစဖူး မြင့်တက်သွားနိုင်တယ်။"

"ဒီဒရမ်မာသာ ရေပန်းစားလာရင် ရေပန်းစားလာတာက ရှားဝမ်ချွေ့မဟုတ်ဖို့ မျှော်လင့်ပါတယ်။ ရှားဝမ်ချွေ့က သရုပ်မဆောင်တာ ၁ နှစ်လောက် ရှိပြီ။ ပြီးတော့လည်း သူ့ရဲ့ ရေပန်းစားမှုက အရမ်းမြင့်မားနေတုန်းပဲ။ သူ့ရဲ့ ရေပန်းစားမှုသာ ထပ်ပြီး တက်လာရင် ယွဲ့ဟွာအင်တာတိန်းမန့်က ကျွန်မတို့ ဂျွိုင်းမီဒီယာကို လုံးဝ အနိုင်ယူသွားမှာ စိုးရိမ်ရတယ်" ကျောက်လွေ့က ပြောလိုက်ပါသည်။

"ဒါဆို ကျွန်မတို့ ဘာလုပ်ရမလဲ" ဝန်ထမ်းတစ်ယောက်က ပြောလိုက်ပါသည်။

ကျောက်လွေ့က တည်ငြိမ်စွာ ပြုံးလိုက်ပါသည်။ "စီအီးအိုချမ့်ကို ဆက်သွယ်ပြီး ယွဲ့ဟွာအင်တာတိန်းမန့်ရဲ့ ဒရမ်မာထဲမှာ ရင်းနှီးမြှုပ်နှံလိုက်ပါ။ ဒီဒရမ်မာသာ ရေပန်းစားလာရင် အကျိုးအမြတ် အများကြီး ရလိမ့်မယ်။ ပြီးတော့လည်း ရှားဝမ်ချွေ့ကို ကျွန်မတို့ ကုမ္ပဏီက ဝမ်မုန့်ဟန်နဲ့ အစားထိုးဖို့ စီအီးအိုချမ့်ကို နည်းလမ်း တစ်ခုခု ရှာကြည့်ခိုင်းလိုက်ပါ။”

ဝမ်မုန့်ဟန်က ဂျွိုင်းမီဒီယာမှ အမျိုးသမီးသရုပ်ဆောင်တစ်ယောက်ဖြစ်ပါသည်။ သူမ၏ ရေပန်းစားမှုက ရှားဝမ်ချွေ့နှင့် အဆင့်တူတူ လောက်ရှိသည်။

ဒရမ်မာများထဲတွင် ခေါင်းဆောင်မင်းသမီးကို ကြိုတင်သတ်မှတ်ပြီးသားဆိုရင်တောင် ရင်းနှီးမြှုပ်နှံသူများက ခေါင်းဆောင်မင်းသမီးကို ပြောင်းလဲပေးဖို့ တောင်းဆိုနိုင်ပါသည်။

အဘယ့်ကြောင့်ဆိုသော် ရုပ်သံဒရမ်မာတစ်ကားကို  ရိုက်ကူးရာတွင် သရုပ်ဆောင်နှင့် ဇာတ်ညွှန်းများအပြင် အရေးကြီးဆုံးက ရင်းနှီးမြှုပ်နှံသူများ ဖြစ်ကြပါသည်။ ပိုက်ဆံမရှိဘဲ သူတို့ ရုပ်သံဒရမ်မာတစ်ကား ဘယ်လို ရိုက်နိုင်မည်နည်း။

"အဲ့ဒီအချိန်တောအတွင်း ရှားဝမ်ချွေ့ကို တတ်နိုင်သမျှ ရအောင် နာမည်ဖျက်ပါ။ ဒါမှ ဒီရုပ်သံဒရမ်မာထဲမှာ သရုပ်ဆောင်လို့မရမှာလေ" ကျောက်လွေ့က ပြောလိုက်ပါသည်။

ဝန်ထမ်းက ခေါင်းခါလိုက်ပါသည်။ "အစ်မလွေ့ အဲ့လောက်နဲ့ လုံလောက်မှာ မဟုတ်ဘူး ထင်တယ်။ ကောလဟာလသတင်းတွေလောက်နဲ့ ရှားဝမ်ချွေ့က ဘာမှဖြစ်သွားမှာ မဟုတ်ဘူး။"

ကျောက်လွေ့က သူမခေါင်းကို ဖြေးညှင်းစွာ ခါလိုက်ပါသည်။ "ဒါက ဖျော်ဖြေရေးလောက ဆိုတာ သတိရပါ။"

"စီအီးအိုချမ့်ကို ရှားဝမ်ချွေ့ကို ဖိအားပေးခိုင်းပါ။ ရှားဝမ်ချွေ့က စည်းမျဥ်းစည်းကမ်းတွေကို လက်မခံဘူးဆိုရင် သူ့နေရာကို ဝမ်မုန့်ဟန်နဲ့ အစားထိုးပြီး ခေါင်းဆောင်မင်းသမီး လုပ်ခိုင်းလိုက်လို့ရတယ်။ အဲ့ဒါဆို ရုပ်သံစီးရီးက တကယ်ရေပန်းစားလာရင် ကျွန်မတို့ ကုမ္ပဏီရဲ့ ဂုဏ်သတင်းကလည်း ဆိုးရွားမှာ မဟုတ်ဘူး။"

"ရှားဝမ်ချွေ့က စည်းမျဥ်းစည်းကမ်းတွေကို လက်ခံလိုက်ရင်တော့...." ကျောက်လွေ့၏ မျက်လုံး အရောင်လက်သွားသည်။

သူ့ဘေးက ဝန်ထမ်း၏ မျက်လုံးလည်း ဝိုင်းစက်သွားသည်။ "ရှားဝမ်ချွေ့ရဲ့ နာမည်ကို ပျက်စီးစေလိမ့်မယ်။"

ယွဲ့ဟွာအင်တာတိန်းမန့်ကတော့ ဂျွိုင်းမီဒီယာ၏ ထိုအကြံအစည်များကို မသိခဲ့ပါ။

ထိပ်တန်း သရုပ်ဆောင်များစွာ ပါဝင်မည်ဖြစ်သောကြောင့် ရင်းနှီးမြှုပ်နှံသူများစွာတော့ တကယ်ပဲ လိုအပ်နေပါသည်။

အစကတော့ ဒရမ်မာအတွက် ရင်းနှီးမြှုပ်နှံသူများစွာက ပါဝင်ကြမည်ဖြစ်သည်။ သို့သော်လည်း လင်းဖန်က ခေါင်းဆောင်မင်းသားလုပ်မည်ဟု ကြားလိုက်ရသောအခါ ရင်းနှီးမြှုပ်နှံသူများစွာက ခြေလှမ်းများ ရပ်တန့်သွားကြပါသည်။

လူသစ်တစ်ယောက်ကို ခေါင်းဆောင်မင်းသား လုပ်ခိုင်းလိုက်ခြင်းက ထိုရုပ်သံစီးရီး ကျရှုံးနိုင်ခြေမြင့်သည်ဟု ဆိုလိုခြင်းပဲ ဖြစ်သည်။ ထိုရင်းနှီးမြှုပ်နှံသူများက ခေါင်းဆောင်မင်းသားကို ရှုယန်နဲ့ နေရာလဲချင်သော်လည်း ယွဲ့ဟွာအင်တာတိန်းမန့်က ငြင်းဆိုလိုက်ပါသည်။

ထို့ကြောင့် ဘဝရဲ့ပျော်ရွှင်မှု ဇာတ်လမ်းအတွက် စုစုပေါင်း ရင်းနှီးမြှုပ်နှံငွေမှာ ယွမ် သန်း ၂၀၀ သာ ရှိသေးသည်။

ယွဲ့ဟွာအင်တာတိန်းမန့်က ဒီကိစ္စကြောင့် စိုးရိမ်နေစဥ် ချန်းလင်အီကိုနောမစ်မီဒီယာဟူသည့် ကုမ္ပဏီတစ်ခုက ဒရမ်မာ၏ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်လာချင်ပြီး ယွမ် သန်း ၂၀၀ ရင်းနှီးမြှုပ်နှံချင်နေပါသည်။

ဒီလိုသာဆို ဘဝရဲ့ပျော်ရွှင်မှုမှာ ရင်းနှီးမြှုပ်နှံငွေ ယွမ် သန်း ၄၀၀ ရသွားပြီဖြစ်ပါသည်။

"ဟုတ်ပြီ ။ရင်းနှီးမြှုပ်နှံတဲ့ ပြဿနာတော့ နောက်ဆုံး ရှင်းပြီးသွားပြီ" ရှုယန်က ကုမ္ပဏီထဲသို့ ဝင်လာပြီး စိတ်အေးသွားသည့်ပုံပင်။ ရင်းနှီးမြှုပ်နှံမှုများ ရှိလာပြီဖြစ်သဖြင့် သူတို့ ရုပ်သံစီးရီးထဲတွင် စတင်သရုပ်ဆောင်လို့ ရပါပြီ။

"ဆရာရှု စီအီးအိုချမ့်က ဆရာရယ်၊ ရှားဝမ်ချွေ့ရယ်၊ စုရှောင်းယွီ၊ လင်းကျင်းကျင်းနဲ့ ပရိုဂျူဆာ၊ ဒါရိုက်တာတို့ကို ဒီဒရမ်မာ စတင်ရိုက်ကူးတဲ့ အထိမ်းအမှတ်အနေနဲ့ ပျော်ပွဲရွှင်ပွဲတစ်ခုကို ဖိတ်ကြားလိုက်ပါတယ်" အမျိုးသမီးမန်နေဂျာက ပြောလိုက်ပါသည်။

"ဟုတ်တာပေါ့။ ဘာပဲဖြစ်ဖြစ် စီအီးအိုချမ့်က ငါတို့ ရုပ်ရှင်အတွက် အများဆုံး ရင်းနှီးမြှုပ်နှံထားတဲ့သူပဲကို" ရှုယန်က ပြောလိုက်ပါသည်။ သရုပ်ဆောင်များက ရင်းနှီးမြှုပ်နှံသူများကို မစော်ကားရဲပါ။ ရင်းနှီးမြှုပ်နှံသူများအနက် ဘော့စ်ကြီးများ တချို့က အမျိုးသမီး သရုပ်ဆောင်များကို အခွင့်ကောင်း ယူရင်တောင် အမျိုးသမီးသရုပ်ဆောင် အများစုက သည်းခံကြမည်ဖြစ်သည်။ ဒါက ဖျော်ဖြေရေးလောကထဲတွင် ထုတ်ပြောလို့မရသည့် စည်းမျဥ်းတစ်ခုဖြစ်ပါသည်။

"ဒါပေမယ့်... စီအီးအိုလီက လင်းဖန်ကို မဆက်သွယ်ဘူး" အမျိူးသမီးမန်နေဂျာက ထပ်ပြောလိုက်ပါသည်။

ရှုယန် တိတ်ဆိတ်သွား၏။ ခေါင်းဆောင်မင်းသားနှင့် ခေါင်းဆောင်မင်းသမီးတို့ကို ကုမ္ပဏီထဲတွင် ဆုံးဖြတ်ပြီးပြီဖြစ်သော်လည်း ချန်းလင်အီကိုနောမစ်မီဒီယာ၏ ဘော့စ်ကြီး စီအီးအိုချမ့်က သဘောမတူလျှင် ပြဿနာ တက်နိုင်ပါသည်။

"ထားလိုက်ပါ။ ဒီနေ့ည စီအီးအိုချမ့် ဘာအစီအစဥ်ရှိလဲ၊ ကြည့်ကြတာပေါ့" ရှုယန်က ပြောလိုက်ပါသည်။ သူ့ခံစားချက်များ မကောင်းပါ။ ဒီနေ့ည ပျော်ပွဲရွှင်ပွဲမှာ ဘာတွေပဲဖြစ်လာဖြစ်လာ လင်းဖန်ကို အဆင်ပြေအောင် သူကူညီပေးမည်ဖြစ်သည်။

ပုံမှန်ဆို ရင်းနှီးမြှုပ်နှံသူများက ကိစ္စများကို ခက်ခဲအောင်လုပ်သည့်အခါ သူဝင်ပါလျှင် အလွန်သက်ရောက်မှုရှိပါသည်။ ဒီလောကထဲက ရင်းနှီးမြှုပ်နှံသူများက သူ့ကို မျက်နှာသာ ပေးကြသည်။

ဒီအချိန်မျိုးမှာ ရှုယန်က အခွင့်ကောင်းယူပြီး လင်းဖန် ကျရှုံးနေချိန် ကန်ထုတ်မည်မဟုတ်ပါ။ ဘာပဲဖြစ်ဖြစ် သူတို့က ရုပ်သံဒရမ်မာ တစ်ကားထဲတွင် အတူတူ သရုပ်ဆောင်ကြရမည်ဖြစ်ပြီး ကုမ္ပဏီတစ်ခုတည်းကလည်း ဖြစ်ပါသည်။

"လခွမ်း ဒီရင်းနှီးမြှုပ်နှံသူ အသစ်က ငါ့ဆရာကို တကယ် မဖိတ်ဘူးပဲ" စုရှောင်းယွီက အလွန် စိတ်ဆိုးနေပါသည်။

"အစ်မဝမ်ချွေ့ ဒီရင်းနှီးမြှုပ်နှံသူက ဆရာ့ကို မကျေမနပ်ဖြစ်နေတယ်လို့ထင်လား" စုရှောင်းယွီက ရှားဝမ်ချွေ့ကိုကြည့်လိုက််ပါသည်။

ရှားဝမ်ချွေ့က ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်ပါသည်။ အားလုံးက ဒီနေ့ည ပျော်ပွဲရွှင်ပွဲအပေါ်တွင်သာ မူတည်နေသည်။

"သူ ဒီဒရမ်မာထဲမှာ ခေါင်းဆောင်မင်းသား လုပ်လို့မရရင် ငါလည်း ခေါင်းဆောင်မင်းသမီး မလုပ်တော့ဘူး" ရှားဝမ်ချွေ့က ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် သူမ၏ လှပသော မျက်လုံးများကို မော့ကြည့်လိုက်ပါသည်။

သူမ ဇာတ်ညွှန်းကောင်းတစ်ခုနှင့် နာမည်ကြီးလာဖို့ အခွင့်အရေးကို လက်လွှတ်နိုင်ပါသည်။

လင်းဖန်နဲ့သာအတူတူ အချစ်ရေးဇာတ်ဝင်ခန်းနှင့်... အကြင်နာပေးခန်းကို ရိုက်ချင်ပါသည်။

ရင်းနှီးမြှုပ်နှံသူအသစ်က ဘာတွေကြံစည်နေသလဲ သူမ မသိပါ။

သို့သော်လည်း ပြဿနာ တစ်ခုခု ရှိလာပါက လင်းဖန်နဲ့အတူတူ သူမ ရင်ဆိုင်နိုင်မှန်းတော့ သူမ သိပါသည်။

All Chapters