← Chapters

အခန်း(၇၀) နင့်ကိုဘယ်သူမှ အနိုင်ကျင့်လို့ မရဘူး

Vol. 5 Ch. 70

အခန်း(၇၀) နင့်ကိုဘယ်သူမှ အနိုင်ကျင့်လို့ မရဘူး

Vol. 5 Ch. 70

အခန်း(၇၀) နင့်ကိုဘယ်သူမှ အနိုင်ကျင့်လို့ မရဘူး

လင်းဖန်က ရှားဝမ်ချွေ့ရှေ့ကို လျှောက်သွားပြီး သူ့နောက်မှာ ကာကွယ်ပေးထားလိုက်ပါသည်။

သူ့လေသံက တည်ငြိမ်သည့်ပုံပေါက်သော်လည်း လူတွေကို ဘေးကင်းလုံခြုံသည့် ခံစားချက်မျိုး ပေးစွမ်းနိုင်၏။

လင်းဖန်က ချမ့်ဟုန်ကွမ်၏ လက်ကို ကိုင်လိုက်သည်။ "သူမသောက်နိုင်ဘူးလို့ ပြောနေတာမကြားဘူးလား။ ဒါမှမဟုတ် ခင်ဗျား နားလေးနေတာလား"

ခေတ္တလောက် စီအီးအိုချမ့် သူ့လက်ကို လှုပ်လို့မရတော့ဘူးဟု ခံစားလိုက်ရပါသည်။

"မင်းဘယ်သူလဲ ငါ့အလုပ်ကို လာနှောင့်ယှက်ရဲတယ်ပေါ့" စီအီးအိုချမ့်က လင်းဖန်ကိုကြည့်ရင်း ပြောလိုက်ပါသည်။

သူ့ဘေးက အနက်ရောင်ဝတ်စုံနဲ့ လူထွားကြီးက ချက်ချင်း တိုက်ခိုက်လိုက်ပါသည်။ "ခွေးသား စီအီးအိုချမ့် စကားပြောနေတာ မင်းမြင်ဘူးလား။ သူ့ထက်အရင် ပြောရအောင် မင်းကဘာကောင်လဲ။"

အနက်ရောင်ဝတ်စုံနဲ့လူက လင်းဖန်ကို ထိုးလိုက်သည်။ လင်းဖန်၏ ညာဘက်လက်က သူ့လက်သီးကို ကာလိုက်ပါသည်။

သူ့ညာဘက်လက်ဖြင့် ဖမ်းဆုပ်ကာ ဆွဲလှည့်လိုက်သည်။ ထိုလူထွားကြီး၏ ရင်ဘတ်တည့်တည့်သို့ လက်သီးဖြင့်ထိုးလိုက်သည်။

ဂျွတ်ခနဲမြည်သံပင် ထွက်လာခဲ့၏။

အနက်ရောင်ဝတ်စုံနဲ့လူ ကြမ်းပေါ်တွင် လဲကျသွားပါသည်။

"မင်း..." အနက်ရောင်ဝတ်စုံနဲ့လူက ပြောလိုက်သည်။ လင်းဖန်လို ပိန်ပိန်ပါးပါးလူက သူ့ကို ကြမ်းပေါ်သို့ လဲကျအောင် ထိုးနိုင်လိမ့်မည်ဟု ထင်မားခဲ့ပါ။

လင်းဖန်က ကြမ်းပြင်ပေါ်က အနက်ရောင်လူကို ကြည့်ပင်မကြည့်ပါ။ အစမှ အဆုံးအထိ လင်းဖန်၏ မျက်နှာထားက လုံးဝ မပြောင်းလဲခဲ့ပါ။

ဖြစ်ပျက်သွားသည့် အရာများကြောင့် အားလုံး ကြက်သေ သေကုန်ကြပါသည်။

သူ ဒီထဲဝင်လာကတည်က လင်းဖန်၏ အရှိန်အဝါမှာ ဒီကလူအားလုံးကို ကျော်လွန်သွားပြီးသား ဖြစ်ပါသည်။

ရှုယန်၏ ခယခြင်းနှင့် လုပမ်ခိုင်း၏ ကြောက်လန့်ခြင်းတို့မှာ လင်းဖန်၏ အရှိန်အဝါနဲ့ လုံးဝ ခြားနားနေပါသည်။

ပျော်ပွဲရွှင်ပွဲကြီးတစ်ခုလုံး လင်းဖန်၏ ထိန်းချုပ်မှု အောက်ကို ရောက်သွားသလိုပင်။

"ဝိတ်တာ ဝိုင်ဖြူ ပုလင်းအလုံးတစ်ရာချပါ"

"ခင်ဗျားက မိန်းကလေးတွေကို အရက်အတင်းတိုက်တာ ဝါသနာပါတယ်လို့ ကြားတယ်။ ဒီနေ့ ကျုပ်အားတော့ ခင်ဗျားကို တိုက်ချင်လို့ပါ။ ခင်ဗျား မသောက်နိုင်ရင် လင်းဖန်ဆိုတဲ့ ကျုပ်ကို စော်ကားတာပဲ။"

လင်းဖန်က စီအီးအိုချမ့်၏ လက်ကို ကိုင်ထားဆဲ ဖြစ်သည်။ စီအီးအိုချမ့်က လှုပ်မရပါ။

"လုပ်ပါ။ စီအီးအိုချမ့် သောက်စမ်းပါ။” လင်းဖန်က စီအီးအိုချမ့်၏ လက်ကိုကိုင်ကာ တစ်ဆင့်ချင်း တိုက်နေပါသည်။

"လင်းဖန် ငါ့ကို သောက်ခိုင်းရအောင် မင်းက ဘာအဆင့်ရှိလို့လဲ။ ငါမသောက်ရင် မင်းဘာလုပ်မှာလဲ။" စီအီးအိုချမ့်ဆိုတာ ခေသူမဟုတ်သဖြင့် လင်းဖန်ကို ဒေါသတကြီး ကြည့်လိုက်ပါသည်။

ချန်းလင်အီကိုနောမစ်မီဒီယာ၏ ဘော့စ်ကြီး တစ်ယောက်အဖြစ် ဘယ်တုန်းက သူ ဒီလို ဆက်ဆံတာမျိုး ခံခဲ့ရဖူးလို့လဲ။

သူ ရှားဝမ်ချွေ့ကို ဝိုင်ဖြူသောက်ခိုင်းပြီး ဝိုင်ဖြူတစ်ခွက်နှစ်ခွက်လောက်ပဲ အတင်းသောက်ခိုင်းခဲ့တာ မဟုတ်ဘူးလား။ အဲ့တာ ဘာဖြစ်လို့လဲ။

လင်းဖန် ထိုစကားကို ကြားသောအခါ အေးစက်စွာ ပြုံးလိုက်ပါသည်။

စားပွဲပေါ်တွင် ဝိုင်ဖြူ ပုလင်းတစ်ရာ ရှိနေသည်။

လင်းဖန်က ဝိုင်ဖြူတစ်ပုလင်းကို ကောက်ယူလိုက်ပြီး စားပွဲပေါ်သို့ ခံစားချက်မဲ့စွာ ကိုင်ပေါက်လိုက်ပါသည်။

ခွမ်းး...

အလွယ်ကျယ်လောင်သော အသံတစ်ခုထွက်လာခဲ့သည်။

ပုလင်းကွဲသွားပြီး ဝိုင်များလည်း နေရာတိုင်းသို့ ပက်စင်သွားပါသည်။

"လခွမ်းပဲ။ ကျုပ်ခင်ဗျားကို သောက်ခိုင်းနေတာ နားမလည်ဘူးလား။" လင်းဖန်က ခံစားချက်မဲ့နေဆဲဖြစ်သည်။ သူက ကွဲနေသော ဝိုင်ပုလင်းစကို ကိုင်ထားဆဲဖြစ်သည်။

ရှားဝမ်ချွေ့နဲ့ အိပ်ချင်တယ်ပေါ့။

ရှားဝမ်ချွေ့ကို အတင်းသောက်ခိုင်းချင်တယ်ပေါ့။

ကျုပ် ခွင့်ပြုချက်ကို တောင်းပြီးပြီလား။

လင်းဖယ် နောက်ဘာဆက်လုပ်မလဲ ဘယ်သူမှ မသိကြပါ။ အားလုံး သူ့အရှိန်အဝါကြောင့် ကြက်သေ သေနေကြပါသည်။

လင်းဖန်က ငယ်စဥ်ကတည်းက သူ့ခန္ဓာကိုယ်ကို လေ့ကျင့်ခဲ့သည်။ သိုင်းပညာ မတတ်ကျွမ်းသော်လည်း သာမန်လူတွေနဲ့တော့ သေချာပေါက် ယှဥ်နိုင်ပါသည်။

"လုံခြုံရေး" ချမ့်ဟုန်ကွမ်က အော်လိုက်ပါသည်။

ချမ့်ဟုန်ကွမ် ထိတ်လန့်သွားရသည်က ဟိုတယ်၏ လုံခြုံရေးတစ်ယောက်မှ သူ့ကို လာမကူညီခြင်း ဖြစ်ပါသည်။

လုံခြုံရေးအစောင့်အားလုံးနှင့် ဝိတ်တာမျာားက လင်းဖန်ကို အလွန်လေးစားကြသူများဖြစ်သည်။

ခေတ်သစ်လီရှန်းဟိုတယ်ဆိုသည်မှာ ရှန်ဟိုင်းတစ်မြို့လုံးတွင် ကိုင်းခွဲများစွာ ရှိသည်။ ကြယ်ငါးပွင့် ဟိုတယ်တစ်ခုဖြစ်သောကြောင့် ဒီက ဝိတ်တာတိုင်းက လင်းဖန်ကို သိကြပါသည်။

လင်းဖန်က ဒီကုမ္ပဏီက ဒုတိယ အများဆုံး ရှယ်ယာဝင် ဖြစ်သောကြောင့်ပင်။

"စီအီးအိုချမ့် ပြဿနာရှိရင် ကျုပ်ကို ပြောလို့ရတယ်။ ဒီဟိုတယ်က ကျုပ်အပိုင်ပဲ။"

"ခင်ဗျားသောက်မှာလား။ မသောက်ဘူးလား။" လင်းဖန်က တည်ငြိမ်စွာ ပြောလိုက်သည်။ ပုလင်ကွဲကို ကိုင်ကာ ချမ့်ဟုန်ကွမ်၏ ခေါင်းကို ရွယ်ထားလိုက်ပါသည်။

"သောက်မယ်၊ သောက်ပါ့မယ်။ ဒီတိုင်း သောက်ရုံပဲမလား။"

စီအီးအိုချမ့်က လင်းဖန်၏ အရှိန်အဝါကိုကြည့်ပြီး အနည်းငယ် ထိတ်လန့်သွားပါသည်။။ လင်းဖန်က ဒီဟိုတယ်၏ အဓိက ရှယ်ယာဝင် တစ်ယောက် ဖြစ်သည်။ ဒါဆို လင်းဖန်၏ အခြေအုတ်မြစ်ကလည်း...

"လုပ်လေ၊ နောက်တစ်ပုလင်း သောက်လေ။" လင်းဖန်က ခံစားချက်မဲ့စွာဖြင့် ပြုံးလိုက်ပါသည်။

"လင်းဖန် ငါတို့..." ရှုယန်က တစ်ခုခုပြောဖို့ ပြင်လိုက်သည်။ ဘာပဲဖြစ်ဖြစ် လင်းဖန်က ဘဝရဲ့ပျော်ရွှင်မှု၏ အများဆုံး ရင်းနှီးမြှုပ်နှံသူကို တိုက်ခိုက်နေခြင်း ဖြစ်သည်။

"ပါးစပ်ပိတ်ထား" လင်းဖန်က ရှုယန်ကို ကြည့်ပင်မကြည့်ပါ။

စီအီးအိုချမ့် ဝိုင် ၄ ပုလင်းလောက် သောက်ပြီးသောအခါ အန်ထွက်လေသည်။

လင်းဖန်က သူ့လက်ကို လွှတ်လိုက်ပြီး ရှားဝမ်ချွေ့၏ လက်ကို ကိုင်ကာ တံခါးဆီသို့ လျှောက်သွားလိုက်ပါသည်။

ထိုအချိန်တွင် သူတို့နောက်မှာ ကျန်ခဲ့သည့် စီအီးအိုချမ့်က ပြောလိုက်၏။ "လင်းဖန်နဲ့ ရှားဝမ်ချွေ့ ဟင်းဟင်း... မင်းတို့က ဒီဒရမ်မာမှာ ခေါင်းဆောင် မင်းသားနဲ့ မင်းသမီး မဟုတ်လား။ မင်းတို့တွေ ခေါင်းဆောင်မင်းသား မင်းသမီး နေရာက ပြုတ်အောင်လုပ်ဖို့ ငါ့စကားတစ်ခွန်းပဲလိုတယ်။ မင်းတို့ကောင်တွေ ပြန်ပေးဆပ်ရမယ်။ ယွဲ့ဟွာအင်တာတိန်းမန့်နဲ့ ငါ့စာချုပ်ကို ဖျက်သိမ်းပြီး မင်းတို့တွေ ငါ့လို ရင်းနှီးမြှုပ်နှံသူမျိုး မရအောင် လုပ်ပစ်မယ်။"

လင်းဖန်က နောက်လှည့်ကြည့်လိုက်သည်။ "ဇာတ်ညွှန်းက ကျုပ်အပိုင်။ ခင်ဗျားကို ရင်းနှီးမြှုပ်နှံသူအဖြစ် လိုလို့လား။ ခင်ဗျားကို ခေါင်းဆောင်မင်းသားနဲ့ မင်းသမီးရွေးချယ်ပေးဖို့ ကျုပ်တို့က လိုလို့လား။"

"သြော် ဟုတ်သားပဲ။ ကျုပ်ကို သတ်ချင်ရင် မြန်မြန်သတ်လိုက်တာ ကောင်းမယ်။"

"မဟုတ်ရင်... ကျုပ်လူတွေကို အနိုင်ကျင့်ရင် မနက်ဖြန် ကျုပ်အရင် ခင်ဗျားကို သတ်မယ်။"

လင်းဖန်က ပြောလိုက်ပါသည်။ ချမ့်ဟုန်ကွမ်က ရှားဝမ်ချွေ့ကို ထိခိုက်အောင်လုပ်ပြီး သူမနဲ့အတူ အိပ်ချင်သဖြင့် လင်းဖန် ချမ့်ဟုန်ကွမ်ကို သည်းခံနေစရာ မလိုတော့ပါ။

သူ ဒီကိုလာခဲ့တုန်းက ချမ့်ဟုန်ကွမ်နဲ့ ပြဿနာဖြစ်ဖို့ မကြောက်ခဲ့ပါ။

ထို့အပြင် လင်းဖန်က သူ့ပြိုင်ဘက်ကို သူ့အား လက်စားချေခွင့် ပေးမည်မဟုတ်ပေ။ သူ ချန်းလင်အီကိုနောမစ်မီဒီယာကို တစ်ရက် သတ်ချင်သည်ဟုပြောလိုက်လျှင် သူတကယ်လုပ်နိုင်ပါသည်။

ဒါက ဥပဒေဖြင့် ထိန်းချုပ်ထားသော လူမှုပတ်ဝန်းကျင်တစ်ခု ဖြစ်သည်။ လင်းဖန် ဘယ်သူ့ကိုမှ မသတ်ပါ။ သူများကို ထိုးပင် မထိုးတတ်ပါ။ သူ အနက်ရောင်ဝတ်စုံနဲ့လူကို ထိုးခဲ့တယ်ဆိုရင်တောင် သူအရင်တိုက်ခိုက်ခဲ့သောကြောင့် ဖြစ်ပါသည်။

ချမ့်ဟုန်ကွမ်ကို သောက်ခိုင်းသည့် လင်းဖန်၏ နည်းလမ်းမှာလည်း လင်းဖန် သူ့ကို ရိုးရိုးတန်းတန်း ဝိုင်တိုက်ခြင်းသာဖြစ်ပြီး ဥပဒေအရ အပြစ်မရှိပါ။

"ငါ့ကို သတ်မယ်ဟုတ်လား။"

"မင်းက သာမန် ဇာတ်ညွှန်းရေးဆရာနဲ့ သာမန် သရုပ်ဆောင်လေးပဲ။ မင်းက ကြယ်ငါးပွင့် ဟိုတယ်ရဲ့ အဓိက ရှယ်ယာဝင် ဆိုရင်တောင် ဘာဖြစ်လဲ။ မင်းမှာ နောက်ခံကောင်းကောင်း ရှိနေရင်လည်း ဘာဖြစ်လဲ။ မင်းငါ့ကို ဘယ်လိုသတ်မလဲ စောင့်ကြည့်ချင်သေးတယ်။" စီအီးအိုချမ့်က အေးစက်စွာ ပြုံးလိုက်ပါသည်။

လင်းဖန်က ဘာမှပြန်မပြောတော့ပါ။ သူရှားဝမ်ချွေ့လက်ကို ကိုင်ပြီး ချန်းလင်အီကိုနောမစ်မီဒီယာ၏ ဝင်ပေါက်မှ ထွက်သွားတော့သည်။

ဘယ်သူမှ စကားမပြောကြပါ။

အသက်တောင် ကျယ်ကျယ် မရှူရဲကြပါ။

လင်းဖန်က အားလုံးရှေ့မှာ တစ်ရက်တည်းနဲ့ ယွမ် ၁ ဘီလီယံကျော် တန်ဖိုးရှိသည့် ကုမ္ပဏီတစ်ခုကို ဖျက်ဆီးပြမည်ဟု ချမ့်ဟုန်ကွမ်ကို ပြောသွားသည်။

လင်းဖန် လုပ်နိုင်သည်ဖြစ်စေ မလုပ်နိုင်သည်ဖြစ်စေ စုရှောင်းယွီနဲ့ လင်းကျင်းကျင်းတို့ကတော့ လင်းဖန် အရှိန်အဝါကောင်းလွန်းသည်ဟုသာ ခံစားရပါသည်။

ပျော်ပွဲရွှင်ပွဲသို့ ရောက်လာတာ မကြာသေးသည့် လင်းဖန်မှာ ရှုယန်နဲ့ တခြားဆီ ဖြစ်သည်။

လင်းဖန်လုပ်ချင်တာလုပ်သည့်အခါ အကျိုးဆက်ကို မစဥ်းစားပါ။

သူလိုချင်တာက တရားမျှတမှုသာဖြစ်သည်။

သူလိုချင်တာက ရှားဝမ်ချွေ့ အနိုင်မကျင့်ခံရဖို့သာ ဖြစ်သည်။

ဒါက လင်းဖန်၏ "ဘဝရဲ့ပျော်ရွှင်မှု" အတွက် ရင်းနှီးမြှုပ်နှံမှု အစီအစဥ်လည်း ကျရှုံးသွားပြီ ဟူသည့် သဘောသက်ရောက်ပါသည်။

သူတို့ နောက်ထပ် ရင်ဆိုင်ရမည့်အရာက ရင်းနှီးမြှုပ်နှံသူများ ငွေပြန်ရုတ်သိမ်းသွားခြင်းဖြစ်သည်။ ဇာတ်ညွှန််းကို ရုပ်ရှင်ရိုက်လို့မရတော့ဘဲ ကုမ္ပဏီက ပြင်းထန်သည့် ဖိအားများကိုပင် ရင်ဆိုင်လာရနိုင်ပါသည်။

ဖျော်ဖြေရေးလောကထဲတွင် ရွေးစရာ လမ်းနှစ်ခုသာ ရှိသည်။ အအပေးအယူ လုပ်နိုင်ရင်လုပ်၊ မလုပ်နိုင်ရင် ခုခံပြီး ဖုံးကွယ်ခံရဖို့သာဖြစ်သည်။

လင်းဖန်ကတော့ တတိယလမ်းကို ရွေးချယ်ခဲ့ပါသည်။ ဒါကတော့ သူ့ကို သေစေချင်သည့်လူတိုင်းကို သူသတ်မည်ဆိုတာပင်။

ရှားဝမ်ချွေ့၏ လှပသော မျက်လုံးလေးများက အနည်းငယ် နီရဲနေပါသည်။ လင်းဖန်၏ စကာလုံးတိုင်းနဲ့ မျက်နှာအမူအယာတိုင်းက သူမ စိတ်ထဲတွင် ပုံသေ ရှိနေခဲ့ပါသည်။

ဒါက... သူမရဲ့ အတန်းဖော်လင်းဖန် ဖြစ်ပါသည်။

"လင်းဖန်.... ငါတောင်းပန်ပါတယ်။ နင်နဲ့အတူတူ ဖျော်ဖြေရေးလောကထဲက ထွက်သွားပြီး ဘယ်တော့မှ သရုပ်မဆောင်တော့ဘူး။ ချမ့်ဟုန်ကွမ်က ငါတို့ကို ဘာမှလုပ်ရဲမှာ မဟုတ်ပါဘူး" ရှားဝမ်ချွေ့က ခေါင်းငုံ့ကာ နူးညံ့စွာ ပြောလိုက်ပါသည်။

မိန်းကလေးတစ်ယောက်ကို ထိရှသွားအောင် လုပ်နိုင်ဖို့က လွယ်ပါသည်။ သူမ အလိုအပ်ဆုံး အချိန်မှ သူမဘေးမှာ ရပ်တည်ပေးနိုင်ဖို့သာလိုသည်။

လင်းဖန် ဒီလိုလုပ်ခဲ့ပြီးပါပြီ။

သူမ၏ ကုမ္ပဏီက ထိပ်တန်း သရုပ်ဆောင်တစ်ယောက်ကတောင် သူတို့၏ ရင်းနှီးမြှုပ်နှံသူကို အလွယ်တကူ စော်ကားရဲမှာမဟုတ်ပေ။

သူမလိုလူမျိုးအတွက် ရင်းနှီးမြှုပ်နှံသူကို စော်ကားလိုက်ပါက သူမရင်ဆိုင်လာရမည့်အရာမှာ ရင်းနှီးမြှုပ်နှံသူထံမှ အဆုံးမဲ့ ကလဲ့စားများဖြစ်ပါသည်။

လင်းဖန်က ပြုံးလိုက်ပြီး ရှားဝမ်ချွေ့၏ ခေါင်းကို ပုတ်ပေးလိုက်ပါသည်။ သူ နူးညံ့စွာ ပြောလိုက်သည်။ "ငါ့ကိုယုံပါ... ငါရှိနေသရွေ့ ဒီကမ္ဘာကြီးထဲမှာ နင့်ကို ဘယ်သူမှ အနိုင်ကျင့်လို့ မရစေရဘူး။"

All Chapters