အခန်း(၇၂) မွ~~
Vol. 5 Ch. 72
အခန်း(၇၂) မွ~~
ယွမ် ၁ ဘီလီယံကျော်တန်ဖိုးရှိတဲ့ ကုမ္ပဏီတစ်ခုကိုတောင် မကြောက်တဲ့လူမျိုး... သူ့မှာ ဘယ်လို နောက်ခံမျိုးရှိနေမလဲ။ လူတိုင်း တွေးကြည့်နိုင်သည်။
လင်းဖန်၏ ပိုင်ဆိုင်မှု၊ အစွမ်းအစနဲ့ တစ်ခုချင်းစီတိုင်းက ချန်းလင်အီကိုနောမစ်မီဒီယာအောက် အဆင့်မနိမ့်နိုင်ပါ။
စီအီးအိုလီ၏ အမြင်မှာတော့ ချမ့်ဟုန်ကွမ် ဒီတစ်ခေါက် ကိုယ့်သေတွင်းကိုယ်တူးမိပါပြီ။
စီအီးအိုလီ ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
လင်းဖန်၏ ပိုင်ဆိုင်မှုက အနည်းဆုံး ယွမ် ဘီလီယံ ဆယ်နဲ့ချီပြီး ရှိလောက်သည်။
ပိုင်ဆိုင်မှုများစွာ ရှိသောကြောင့် လင်းဖန်၏ နောက်ခံကလည်း နက်ရှိုင်းနိုင်ပါသည်။
ထိုနောက်ခံများ ရှိမနေရင်တောင် လင်းဖန်၏ ဇာတ်ညွှန်းရေးစွမ်းရည်တစ်ခုတည်းနဲ့ ကုမ္ပဏီ သူ့ကို အတည်ပေါက် ကောင်းမွန်စွာ ဆက်ဆံစေဖို့ လုံလောက်ပါသည်။
ထို့အပြင် လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့၏ ဆက်ဆံရေးက အလွန်ကောင်းမွန်သည်။
စီအီးအိုလီက ချန်းလင်အီကိုနောမစ်မီဒီယာ၏ ကံကြမ္မာဆိုးကို ကြိုတင်ခန့်မှန်းနိုင်နေပါပြီ။
ဒါ လင်းဖန် ပထမဆုံး လှုပ်ရှားတာ ဖြစ်သည်။
ထို့ကြောင့် ညသန်းခေါင်အချိန်ကြီး စီအီးအိုလီက ယွဲ့ဟွာ၏ သဘောထားကို ထုတ်ဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။
လင်းဖန်သာ ဖျော်ဖြေရေး ကုမ္ပဏီတစ်ခုကို တည်ထောင်ပြီး ရှားဝမ်ချွေ့ကို လုယူသွားပါက ယွဲ့ဟွာဖျော်ဖြေရေး တကယ်ရှုံးနိမ့်သွားပါလိမ့်မည်။
"ညီလေးလင်း ငါကူညီပေးနိုင်တာ ဘာရှိသေးလဲ။" စီအီးအိုလင်းက ပြုံးကာ ပြောလိုက်သည်။
"လောလောဆယ်တော့ မရှိပါဘူး စီအီးအိုလီ။ ကျွန်တော့်ကို ချွေ့ချွေ့ကို ကာကွယ်နိုင်အောင် ကူညီပေးခဲ့ပြီးပြီပဲ။" လင်းဖန်က ပြုံးလိုက်ပါသည်။
လင်းဖန်က ယွဲ့ဟွာဖျော်ဖြေရေးက မဟုတ်ပါ။ သူက ယွဲ့ဟွာ၏ ဇာတ်ညွှန်းဆရာဟူသည့် နာမည်ယူထားရုံသာ ဖြစ်ပါသည်။ ထိပ်တန်း ဇာတ်ညွှန်းဆရာတစ်ယောက် ဖြစ်ပါက ကုမ္ပဏီမှာ နေထိုင်ဖို့ သင့်လျော်သည့် ဘွဲ့တစ်ခုရသလိုဖြစ်ပါသည်။
ဘဝရဲ့ပျော်ရွှင်မှု ရုပ်ရှင် ရိုက်ကူးရေးကတောင် ခြားနားသည့် စာချုပ်တစ်ခုဖြစ်သည်။ အမှန်ပင်။ ဒီလိုအရာမျိုးကို ရုပ်ရှင်၏ ကုန်ကျစရိတ်ကို မသတ်မှတ်မီမှာ ဆောင်ရွက်ပြီးသားဖြစ်ပါသည်။
"ညီလေးလင်း စိတ်မပူပါနဲ့။"
"ငါတို့ကုမ္ပဏီထဲက အနုပညာရှင်တွေကို မကောင်းကြံရဲတဲ့လူတွေရှိရင် ကုမ္ပဏီက အနုပညာရှင်တွေရဲ့ ဘေးကင်းလုံခြုံမှုကို အာမခံပြီး သူတို့ကို အစွမ်းကုန် တိုက်ခိုက်သွားမှာပါ။" စီအီးအိုလီက လင်းဖန်ကို ထပ်ပြီး ကတိပေးလိုက်ပါသည်။
ဖုန်းချပြီးနောက် စီအီးအိုလီ စိတ်အေးစွာဖြင့် သက်ပြင်းချလိုက်သည်။
လင်းဖန်ထက် ဘီလီယံအနည်းငယ်သာ ပိုင်ဆိုင်သည့် ရင်းနှီးမြှုပ်နှံသူ တစ်ယောက်ကိုသာ သူတိုက်ခိုက်ပါမည်။
"စီအီးအိုလီ ကျွန်တော်တို့ ဘာလုပ်ကြမလဲ" ယောက်ျားလေး လက်ထောက်တစ်ယောက်က စီအီးအိုလီဘေးတင် မတ်တပ်ရပ်နေပြီး အနည်းငယ် ဦးညွှတ်လိုက်ပါသည်။
"တစ်ရက်လောက် ထပ်စောင့်လိုက်ဦးမယ်။"
"တစ်ရက်ကြာလို့မှာ လင်းဖန် ချန်းလင်အီကိုနောမစ် မီဒီယာကို အနိုင်မယူနိုင်ရင် ယွဲ့ဟွာကိုယ်တိုင် လှုပ်ရှားမယ်။ ငါတို့ သူ့ကို အလဲထိုးနိုင်မယ်လို့တော့ မထင်ဘူး။ သူက ငါတို့ ကုမ္ပဏီရဲ့ တန်ဖိုးကြီး အနုပညာရှင်ကို တကယ် ယုတ်မာချင်တာပဲ။" စီအီးအိုလီက ဒေါထွက်စွာဖြင့် စားပွဲကို ထုလိုက်ပါသည်။
စီအီးအိုလီက ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ကို အလေးထားပါသည်။
စီအီးအိုလီက ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ကို နာမည်ကြီးအောင် လုပ်ပေးထားသည်ဟု ဆိုနိုင်သည်။
ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ အများကြီး တိုးတက်ဖို့ရှိသေးသော်လည်း စီအီးအိုလီက သူတို့မလုပ်ချင်တာကို အတင်းအကြပ် လုပ်ခိုင်းမည် မဟုတ်ပါ။
စီအီးအိုလီ၏ အမြင်မှာတော့ ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့က ကုမ္ပဏီ၏ အနာဂတ် ဖြစ်ပါသည်။
အနုပညာလောကထဲ ဝင်လာတာ မကြာသေးသည့် လင်းကျင်းကျင်းလည်း ရှိသေးသည်။ သူမက အဆိုကောင်းပြီး အလားအလာကောင်းသည်။
စီအီးအိုလီ၏ အိပ်မက်က ထိုအနုပညာရှင်များကို ပျိုးထောင်ပေးပြီး နိုင်ငံတော်တစ်ခုလုံး၏ ရုပ်ရှင်လုပ်ငန်းကို အဆင့်မြှင့်တင်နိုင်ဖို့ ဖြစ်ပါသည်။ နောက်ဆုံးမှတော့ ရင်းနှီးမြှုပ်နှံသူ တစ်ယောက်က ရှားဝမ်ချွေ့ကို အနိုင်ကျင့်ရဲခဲ့သည်။ သူ သေချင်နေတာလား။
ယွဲ့ဟွာကုမ္ပဏီကို သာမန်ဖျော်ဖြေရေးကုမ္ပဏီ အသေးစားလေးတွေလိုမျိုး ထင်နေတာလား။
"ပြီးတော့ ဒီအချိန််အတောအတွင်း ငါတို့ ကုမ္ပဏီထဲက အမျိုးသမီး သရုပ်ဆောင်တွေကို ကာကွယ်ဖို့ သက်တော်စောင့် အရေအတွက်တွေကို တိုးလိုက်ပါ။" စီအီးအိုလီက ဆုံးဖြတ်ချက်ချပြီး ပြောလိုက်ပါသည်။
"လခွမ်းပဲ။ ဒီရင်းနှီးမြှုပ်နှံသူတွေ လာချင် လာလို့ရတယ်။ ဒီကောင်တွေ အကုန်လုံးက တော်တော် ရိုင်းစိုင်းမောက်မာကြတာပဲ။ ငါတို့ သူတို့ကို မျက်နှာသာပေးထားတာတောင် ယုတ်မာတဲ့နည်းလမ်းတွေသုံးပြီး အနုပညာလောကကို ညစ်နွမ်းအောင်လုပ်ချင်ကြတယ်။ သူတို့မရှိရင် ငါက ရုပ်သံဒရမ်မာ မရိုက်နိုင်တော့မှာ ကျနေတာပဲ။ သူတို့မလာရင် ငါကိုယ်တိုင် ရင်းနှီးမြှုပ်နှံဖို့ ပိုက်ဆံသုံးပေးမယ်။" စီအီးအိုလီလည်း အနည်းငယ်ဒေါသထွက်နေပါသည်။
ယွဲ့ဟွာက အကောင်းဆုံးသရုပ်ဆောင်ကုမ္ပဏီဖြစ်ဖို့ အဝေးကြီးလိုသေးသော်လည်း စည်းကမ်းများနဲ့ ပတ်သက်လာရင် စီအီးအိုလီက ဘယ်တော့မှ အလျှော့ပေးမှာ မဟုတ်ပါ။ သူ့လက်အောက်က သရုပ်ဆောင်များကို ဖိအားပေးဖို့ဆို ပိုဝေးပါသည်။
တစ်ဖက်မှာတော့ စုရှောင်းယွီက ဖုန်းဆက်နေသည်။
"သမီးလေး ဘာလို့ ဖုန်းဆက်တာလဲ။ အရင်တစ်ပတ်တုန်းက လွှဲပေးထားတဲ့ မုန့်ဖိုး ယွမ် ၁၀ သန်းက မလောက်ဘူးလား။ ယွမ် သန်းရာဂဏန်းလောက် ထပ်ပြီးလွှဲပေးလိုက်ရဦးမလား" ဖုန်းတစ်ဖက်မှ သက်လတ်ပိုင်းယောက်ျားတစ်ဦး၏ အသံက ထွက်လာသည်။
"မဟုတ်ဘူး အဖေ၊ သမီး ပြောစရာရှိလို့ပါ။" စုရှောင်းယွီက ပြောလိုက်ပါသည်။
"ပြောလေ။ ဘာလို့ သရုပ်ဆောင်ဖြစ်ချင်ရတာလဲ။ အဖေတို့ မိသားစုရဲ့ စီးပွားရေးလုပ်ငန်းကို ဆက်ခံဖို့ အိမ်ပြန်လာတာ ပိုမကောင်းဘူးလား။ ဒါမှမဟုတ် ငါတို့ မင်းသမီးလေးကို တစ်ယောက်ယောက် အနိုင်ကျင့်လို့လား။" သက်လတ်ပိုင်းယောက်ျားကြီးက ပြောလိုက်ပါသည်။
စုရရှောင်းယွီက နှုတ်ခမ်းစူလိုက်သည်။ "ဟီးဟီး အဖေ သမီးက အရမ်းတော်တာလေ။ အခု ကြယ်ပွင့်ကြီး ဖြစ်နေပြီ။"
သက်လတ်ပိုင်းယောက်ျားကြီးက ရယ််မောလိုက်ပါသည်။ "အေးပါ အေးပါ အေးပါ ငါ့သမီးလေးက အတော်ဆုံးပါ။"
စုရှောင်းယွီက ဆက်ပြောလိုက်ပါသည်။ "အဖေ အဲ့တာ အသာထားဦး။ သိပ်မကြာသေးခင်က တစ်ယောက်ယောက် သမီးကို အနိုင်ကျင့်ပြီး အိပ်ချင်တယ်လို့ ပြောတယ်။ အရမ်း ဒေါသထွက်တာပဲ။"
"ဘယ်သူလဲ" သက်လတ်ပိုင်း ယောက်ျားကြီးက ကြက်သေ သေသွားပါသည်။ သူ့အသံပင် ပြောင်းလဲသွားခဲ့သည်။
"အဲ့တာက... ချန်းလင်အီကိုနောမစ်မီဒီယာပါ။ ဘော့စ်နာမည်က ချမ့်ဟုန်ကွမ်တဲ့။ အရမ်း စိတ်ရှုပ်ဖို့ ကောင်းတဲ့လူကြီးပဲ။" စုရှောင်းယွီက ချိုသာစွာ ပြောလိုက်ပါသည်။
"ငါ့လခွီးထဲမှ။ ချန်းလင်အီကိုနောမစ်မီဒီယာ ဟုတ်လား။ ငါ့သမီးနဲ့များ အိပ်ချင်ရဲတယ်ပေါ့။ ရှောင်းယွီ သမီးစောင့်ကြည့်နေလိုက်။ သမီးအဖေ ဒင်းကို သတ်ပြမယ်။” သက်လတ်ပိုင်းယောက်ျားကြီးက အင်္ကျီလက်ကို ဆွဲတင်လိုက်ပါသည်။
စုရှောင်းယွီက မျက်တောင်ခတ်လိုက်ပါသည်။ "အဖေ စိတ်မပူပါနဲ့။ တစ်ရက်လောက် စောင့်ကြည့်လိုက်ရအောင်။ အဲ့ဒီကုမ္ပဏီ တစ်ရက်လောက်ကြာလို့ ဆက်ရှိနေသေးတယ်ဆိုရင် အဖေ့ကို အကူအညီတောင်းလိုက်ပါ့မယ်~"
"ဘာလို့ တစ်ရက်စောင့်နေမှာလဲ။ ဘာမှမပြောတော့ဘူး။ သူသမီးကို အနိုင်ကျင့်ရဲရင် ဒီနေ့ချက်ချင်းပဲ သတ်ပစ်မယ်။" သက်လတ်ပိုင်း ယောက်ျားကြီးက ပြောလိုက်သည်။
"အဖေက အတော်ဆုံးဆိုတာ သမီးသိပါတယ်။ တစ်ရက်လောက် စောင့်လိုက်ပါဦး။ သမီးကိုယ်တိုင် သူ့ကိုသတ်မယ်" စုရှောင်းယွီက ချစ်ဖို့ကောင်းစွာ ပြုံးလိုက်ပါသည်။ "စကားမစပ် အဖေ အဲ့ဒီကုမ္ပဏီရဲ့ အချက်အလက်တွေ စုဆောင်းထားလို့ ရတယ်။ အချက်အလက်တွေရှိရင် သမီးကို ပို့ပေးပါဦး။"
"ရတာပေါ့။ အဖေ့ကို လိုအပ်ရင် အသိပေးလိုက်။ ပြီးတော့လည််း ဘယ်တော့ ကောင်လေးရပြီး အိမ်ခေါ်လာခဲ့မှာလဲ။" သက်လတ်ပိုင်းယောက်ျားကြီးက ရင်ဘတ်ပုတ်ကာ ပြောလိုက်ပါသည်။
"အဖေကလည်း ကောင်လေးရှာရတာ လွယ်မှ မလွယ်တာ။" စုရှောင်းယွီက စိတ်ဆိုးသွားပုံပေါ်ပါသည်။
"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။ သမီးပျော်ရင် အဆင်ပြေပါပြီ။ ယောက်ျားလေးဘက်က မိသားစုအခြေအနေကို ဂရုစိုက်ဖို့မလိုဘူး။ အဖေတို့မိသားစုက လူမှုရေးအရ အဆင့်အတန်း တူညီဖို့ မလိုအပ်ဘူး။ ဘာပဲဖြစ်ဖြစ် ယောက်ျားလေးဘက်က ဘယ်လောက်ပဲ ချမ်းသာပါစေ အဖေ့လောက်တော့ မချမ်းသာနိုင်ပါဘူး။ အရမ်းလှတဲ့ ငါ့သမီးကို မကြိုက်တဲ့လူရှိပါ့မလား။ အဲ့ဒီကုမ္ပဏီကိုတော့ အဖေ အချက်အလက် စုဆောင်းပေးပါ့မယ်။" သက်လတ်ပိုင်းယောက်ျားကြီးက အလွန်ဂုဏ်ယူနေသည့်ပုံပေါ်ပါသည်။
"မွ~ အဖေက သမီးကို အချစ်ဆုံးပဲ တာ့တာ" စုရှောင်းယွီက ဖုန်းချလိုက်ပါသည်။
တစ်ဖက်လူမှာ ရှားဝမ်ချွေ့နဲ့ အတူတူအိပ်ချင်တာဖြစ်ပြီး ဒီကိစ္စက သူမနဲ့ မသက်ဆိုင်မှန်း စုရှောင်းယွီ သိပါသည်။ သို့သော်လည်း သူမအဖေကို တိုင်ကြားသည့်အခါ ဒီကိစ္စကို ပြောပြသည့် ပုံစံအား ချက်ချင်း ပြောင်းပစ်လိုက်ပါသည်။ အဘယ့်ကြောင့်ဆိုသော် စုရှောင်းယွီလည်း ချမ့်ဟုန်ကွမ်ကို သတ်ချင်နေသောကြောင့် ဖြစ်သည်။
"ဆရာ ရှောင်းယွီက အရမ်းတော်တာပဲနော်။"
"အဲ့ဒီကုမ္ပဏီကို နင်မဖျက်ဆီးနိုင်ရင် ငါနင့်နောက်ကွယ်ကနေ တိုးတိုးတိတ်တိတ် ကူညီပေးမယ်~" စုရှောင်းယွီက ပါးစပ်ထဲတွင် ငှက်ပျောသီး ကိုက်ထားပါသည်။ သူမ အိပ်ယာဝင် ဘောင်းဘီရှည်ဖြင့် ကုတင်ပေါ်တွင် လှဲလျောင်းနေသည်။ သူမ၏ နှင်းလို ဖြူဖွေးသော ခြေထောက်များက စုနေကြသည်။ မရေမတွက်နိုင်သော ယောက်ျားထုကြီးအား သွားရည်ကျစေနိုင်လောက်ပါသည်။
ထိုအချိန် ချန်းလင်အီကိုနောမစ်မီဒီယာတွင်။
ချမ့်ဟုန်ကွမ် ပါးစပ်ထဲတွင် စီးကရက်ကို ကိုက်ထားကာ မိတ်ကပ်များစွာလိမ်းထားသည့် အမျိုးသမီးနှစ်ယောက်ကို ဖက်ထားရင်း နူးညံ့သည့် ကုတင်ပေါ်တွင် လှဲလျောင်းနေပါသည်။
ချမ့်ဟုန်ကွမ်က ဖုန်းပြောနေ၏။ အလွန်ယုံကြည်ချက်ရှိနေပုံလည်း ပေါ်သည်။
"လင်းဖန်ရဲ့ နောက်ကြောင်းက ဒီလောက်ပဲလားကွ။"
"သုံးဘီးအစုတ်လေးစီးပြီး စားသောက်ဆိုင်လေး ဖွင့်ထားတာကိုး။ ဇာတ်ညွှန်းဆရာ အသစ်စက်စက်လေးဖြစ်ပြီး အကြီးမားဆုံး နောက်ကြောင်းရာဇဝင်ဆိုလို့ ဘီလီယံတန်ဖိုးရှိတဲ့ ဟိုတယ်တစ်ခုရဲ့ ရှယ်ယာဝင်လေးပဲဖြစ်နေတယ်။ မင်း ဘာတွေ သောက်ရမ်း ဘဝင်မြင့်နေတာလဲ။ မင်းကိုတော်မယ်လို့ ထင်ထားတာ။ မင်းက ဇာတ်လိုက်မင်းသား ဖြစ်နေရုံနဲ့ ဘဝင်မြင့်လို့ရမယ် ထင်နေတာလား။"
"ငါတို့ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံငွေမရှိဘဲ အောင်မြင်တဲ့ ရုပ်သံဒရမ်မာကို ရိုက်ချင်သေးတာလား။"
"ဒီနေ့တော့ ဒီမှာပဲ လှဲနေလိုက်ဦးမယ်။ မင်းငါ့ကို တစ်ရက်အတွင်း ဘယ်လို အလဲထိုးမလဲ မြင်ချင်သေးတယ်..."