← Chapters

အခန်း(၇၃) ချမ့်ဟုန်ကွမ် ကမ္ဘာပျက်သည့်နေ့

Vol. 5 Ch. 73

အခန်း(၇၃) ချမ့်ဟုန်ကွမ် ကမ္ဘာပျက်သည့်နေ့

Vol. 5 Ch. 73

အခန်း(၇၃) ချမ့်ဟုန်ကွမ် ကမ္ဘာပျက်သည့်နေ့

နောက်တစ်နေ့ လင်းဖန် အချိန်မှီ Sign-in ဝင်ခဲ့ပါသည်။

Sign-in ဝင်လိုက်လျှင် လိုချင်တာမှန်သမျှ ရသည်ဟု ဆို၏။ လင်းဖန်မှာသာ သိုင်းပညာစွမ်းရည် နည်းနည်းလောက် ပိုရှိထားပါက သူ့ကိုယ်သူနဲ့ ရှားဝမ်ချွေ့ကို ပိုပြီးကာကွယ်နိုင်ပါလိမ့်မည်။

မင်းရဲ့အစွမ်းကို ထုတ်ပြဖို့ အချိန်ကျပြီ စနစ်။

သူ သိုင်းပညာများ မတတ်မြောက်နိုင်ရင်တောင် ငွေသား သန်းရာချီရနိုင်လျှင် ပိုကောင်းပါမည်။ ဒီလိုဆို လင်းဖန် ဘဝရဲ့ပျော်ရွှင်မှုအတွက် ရင်းနှီးမြှုပ်နှံနိုင်ပါသည်။

အခုချိန်ထိ လင်းဖန်ဆီမှာ ငွေသား ယွမ် သန်း ၁၀၀ လောက်သာ ရှိသေးသည်။ ကျန်တာက ရောင်းလို့မရသည့် ပုံသေ ပိုင်ဆိုင်မှုများ ဖြစ်ပါသည်။

လင်းဖန်အတွက် အရေးအကြီးဆုံး အရာက ပိုက်ဆံဖြစ်သည်။ ပိုက်ဆံအများကြီး ရှိထားပါက တခြားကုမ္ပဏီတွေကို ရင်းနှီးမြှုပ်နှံပေးဖို့ လိုအပ်ပါဦးမလား။ မလိုအပ်ပါ။

ဘုရားသခင်... ကျွန်တော် သိုင်းပညာကောင်းကောင်း မရနိုင်ရင်တောင် ယွမ် သန်း ၁၀၀ လောက်တော့ ငွေသားရနိုင်မယ် မဟုတ်လား။

မဟုတ်ပါက သူ့မှာ ပိုက်ဆံမရှိလျှင် လင်းဖန် ဇာတ်ညွှန်းအတွက် ယွမ် သန်း ၂၀၀ လောက် ရင်းနှီးမြှုပ်နှံနိုင်မှာ မဟုတ်ပါ။ ငတုံးစာရေးစရာ ဇာတ်လမ်းများ ဘယ်လို ဆက်ရေးနိုင်ဦးမည်နည်း။

လင်းဖန်က စနစ်၏ လှည့်ကွက်ကို ကြိုမြင်ထားတာ ကြာပါပြီ။ သူအလိုအပ်ဆုံးအရာနှစ်ခု ရောက်လာချိန်တန်ပါပြီ။

"ဒင်... အောင်မြင်စွာ Sign-in ဝင်ပြီးပါပြီ။ သခင်လေး ကံစမ်းမဲလက်မှတ် ၃ စောင်ရသွားတဲ့အတွက် ဂုဏ်ပြုပါတယ်။ ပထမဆုံး ကံစမ်းမဲလက်မှတ်က ငွေသားကံစမ်းမဲလက်မှတ်ဖြစ်ပါတယ်။ ယွမ် ၁ မှ ၁၀,၀၀၀,၀၀၀ အထိ ငွေသားရရှိနိုင်ပါတယ်။ ဒုတိယ ကံစမ်းမဲလက်မှတ်ကတော့ ရုပ်ဝတ္ထုပစ္စည်း ကံစမ်းမဲလက်မှတ်ဖြစ်ပါတယ်။ ဟယ်လီကော်ပတာ၊ လူလုပ်ကျွန်း၊ ထရီလီယံဒေါ်လာတန် ပြိုင်ကား၊ ထရီလီယံဒေါ်လာတန် စံအိမ် အစရှိတာတွေကို ရနိုင်ပါတယ်။ တတိယ ကံစမ်းမဲလက်မှတ်ကတော့ ကျပန်း ကံစမ်းမဲလက်မှတ်ဖြစ်ပါတယ်။ ယခင်တုန်းက ပစ္စည်းကောင်း ရနိုင်ဖို့ အခွင့်အရေးနည်းပါးခဲ့မှုကြောင့် စနစ်က အလိုလျောက် ရာခိုင်နှုန်းအခွင့်အရေးကို တိုးမြှင့်ပေးလိုက်ပါပြီ။ သခင်လေး ပစ္စည်းကောင်းကောင်း ရနိုင်ချေ ၉၀ ရာခိုင်နှုန်း ရှိပါတယ်။"

စနစ်၏ ရှင်းပြချက်ကြောင့် လင်းဖန် အားလုံး နားလည်သွားပါသည်။ ထင်ထားတဲ့ အတိုင်း စနစ်က သူ လိုချင်တာ မှန်သမျှ ပေးပါလိမ့်မည်။

သေချာပေါက် ဒီတစ်ခေါက်တော့ အရင်လို မဖြစ်နိုင်ဘူးမဟုတ်လား။

၉၀ ရာခိုင်နှုန်းအခွင့်အရေးက ကောင်းမွန်ပါသည်။

လုပ်စမ်းပါ။ ငွေသား ၁ ဘီလီယံနဲ့ လေယာဥ်ပျံလိုမျိုး ပစ္စည်းကောင်းကောင်းရလိုက်စမ်းပါ။

"ဒင်... ကံစမ်းမဲနှိုက်ခြင်း အောင်မြင်ပါပြီ။ ယွမ် ၁,၀၀၀ ရသွားတဲ့အတွက် သခင်လေးကို ဂုဏ်ပြုပါတယ်။"

"ဒင်... ကံစမ်းမဲနှိုက်ခြင်း အောင်မြင်ပါတယ်။ ၄ ယွမ်တန် Mizone တစ်ဗူးရသွားတဲ့အတွက် သခင်လေးကို ဂုဏ်ပြုပါတယ်။"

လင်းဖန် ကုတင်ပေါ် လဲကျသွားပြီး သက်ပြင်းချလိုက်တော့သည်။

ပုံစံကွက်က ဘယ်လိုဖြစ်သွားရတာလဲ။ ဝတ္ထုတွေထဲက ပုံစံကွက်က ဒီလိုမျိုး မဟုတ်ပါဘူး။

လင်းဖန် အနည်းငယ် ခါးသီးသွားပါသည်။

တခြား သခင်လေးများက ပစ္စည်းကောင်းကောင်းများ ပေါက်ကြပြီး ဘဝရဲ့ အထွတ်အထိပ်သို့ ရောက်ရှိသွားကြလိမ့်မည်။ သူ့စနစ်ကတော့ သူ့ကို ယုတ်မာနေတာ ကြာပါပြီ။

ငွေသား ယွမ် ၁,၀၀၀ ကို ဘယ်မှာ သွားသုံးရမှာလဲ။ လင်းဖန်၏ နေ့စဥ် ဘဏ်တိုးက ယွမ် ၁၅,၀၀၀ လောက် ရှိပါသည်။

Mizone တစ်ဗူးကတော့ ၄ ယွမ်တန်မို့လို့ ထူးခြားနေတာလား။

ပစ္စည်းကောင်း ရနိုင်ချေ ၉၀ ရာခိုင်နှုန်း ဆိုတာကြီးက ဘာဖြစ်သွားပြီလဲ။

"ဒင်... ပြီးပြည့်စုံသည့် သရုပ်ဆောင် စကေး [နတ်ဘုရားအဆင့်] ကို ရရှိသွားတဲ့အတွက် သခင်လေးကို ဂုဏ်ပြုပါတယ်။" စနစ်၏ အသံထွက်လာပါသည်။

လင်းဖန် နောက်ဆုံးတော့ ဒီအချက်ကို လက်ခံလိုက်နိုင်ပါသည်။

စနစ်ထံမှ ပိုက်ဆံအများကြီး ရနိုင်ဖို့က မဖြစ်နိုင်သလောက်ရှိသည်။

ခွေးစနစ်နဲ့ ခွေးကံစမ်းမဲအခွင့်အရေးတွေ။

ကံစမ်းမဲထံမှ ပစ္စည်းကောင်းကောင်းရနိုင်ဖို့က မဖြစ်နိုင်ပါ။ သူ့လက်နှစ်ဖက်နဲ့သာ သူ့ဘဝကို ထိန်းသိမ်းနိုင်ရုံသာရှိသည်။ ဒီလိုဆိုမှတော့ လင်းဖန် စနစ်အပေါ် မျှော်လင့်ချက် မထားတော့ပါ။

စကေးများစွာ ရှိနေပြီဖြစ်သဖြင့် သူ ပိုက်ဆံ အများကြီး ရှာနိုင်ပါသည်။

ဘာမှန်းမသိလိုက်ဘဲ မနက် ၈ နာရီတောင် ထိုးနေပါပြီ။

ထိုအချိန်တွင် ယွင်ချမ့်က ဖုန်းဆက်လိုက်၏။

လင်းဖန်က စစ်ကြည့်လိုက်သည်။ ဟုတ်ပြီ၊ အချက်အလက်တော့ ရလာပြီ။

"ညီလေးလင်း မင်းခန့်မှန်းတာက တော်တော်လေး တိကျတယ်လို့ ချီးကျူးရမယ်။ ငါတစ်ယောက်တည်းသာဆိုရင် ဒီချမ့်ဟုန်ကွမ်နဲ့ ဘယ်လိုဖြေရှင်းရမလဲမသိဘူး။"

"ငါတို့ ရှာတွေ့ခဲ့တယ်။ ချမ့်ဟုန်ကွမ်မှာ အရင်ကတည်းက ရာဇဝတ်မှုမှတ်တမ်း ရှိတယ်။ သူ့ရာထူးကို အသုံးချပြီး အယောက် ၂၀ အောက် မနည်းတဲ့ အမျိုးသမီးသရုပ်ဆောင်တွေနဲ့ အိပ်ဖူးတယ်။ ဒါပေါ့။ တချို့ ငြင်းတဲ့ အမျိုးသမီးသရုပ်ဆောင်တွေကိုတော့ ကုမ္ပဏီကနေ ထုတ်ပယ်ခဲ့ကြတယ်။ မင်းပြောပုံအရ ငါတို့ သဲလွန်စရှာပြီး စုံစမ်းကြည့်လိုက်မယ်။ ငါတို့ မစုံစမ်းလည်း ရပါတယ်။ ဒါပေမယ့် စုံစမ်းလိုက်တာနဲ့ ငါတို့ ထိတ်လန့်သွားရလိမ့်မယ်။"

"ချမ့်ဟုန်ကွမ်က အမျိုးသမီးသရုပ်ဆောင်တစ်ယောက်ကို ခြိမ်းခြောက်ခဲ့ဖူးတယ်။ ဒါပေမယ့် လက်မခံတော့ သူနဲ့ အတင်းအိပ်အောင် လုပ်ခဲ့တယ်။ ပြီးတော့ ကုမ္ပဏီကနေ ထုတ်ပစ်လိုက်တယ်။ ဒါကို မုဒိမ်းမှုလို့တောင် သတ်မှတ်လို့ရနေပြီ။ ငါတို့ အဲ့ဒီ အမျိုးသမီးသရုပ်ဆောင်ကို အာမခံပေးဖို့ ယွမ် ၂ သန်းကျော် အသုံးပြုခဲ့ပြီး နောက်ဆုံးတော့ ဒီအချက်အလက်တွေ ရလာတာပဲ။ အဲ့ဒီအချိန်တုန်းက အသံမှတ်တမ်းတွေတောင် ရထားတယ်။"

'ပြီးတော့ ချန်းလင်အီကိုနောမစ်မီဒီယာကို စစ်ဆေးပြီးတော့ တစ်ခုခု မှားယွင်းနေတာ တွေ့ခဲ့ရတယ်။ အဲ့ဒီကုမ္ပဏီက ပိုက်ဆံရှာဖို့ ညစ်ညမ်းကားတွေ ရိုက်ကူးပြီး တခြားနည်းလမ်းတွေလည်း အသုံးပြုတယ်။ အခွန်ရှောင်တဲ့ သက်သေတွေလည်း အများကြီး ရထားတယ်။ ငါတို့ အဲ့ဒီ သက်သေတွေ အကုန်လုံးကို ထုတ်ပြနိုင်ရင် ချမ့်ဟုန်ကွမ်နဲ့ သူ့ကုမ္ပဏီကို လုံးဝ အလဲထိုးနိုင်ပြီ။" ယွင်ချမ့်က ပျော်ရွှင်စွာ ပြောလိုက်ပါသည်။

ကုမ္ပဏီတစ်ခုကို ဖျက်ဆီးဖို့က ပြောရတာသာ လွယ်သည်။ သို့သော်လည်း သူတို့ ကုမ္ပဏီမှာ အချက်အလက်များစွာကို ရှာဖွေနိုင်သည့် ပါရမီရှင်တစ်ယောက် ရှိနေပါသည်။

ထို့ကြောင့်လည်း ယွင်ချမ့်က အခွင့်အရေးယူပြီး သူတို့ကို တစ်ချက်တည်းနဲ့ အလဲထိုးနိုင်ခြင်း ဖြစ်ပါသည်။

"သြော် ဟုတ်သားပဲ။ ချမ့်ဟုန်ကွမ်နဲ့ အဲ့ဒီက အမျိုးသမီးသရုပ်ဆောင်တွေရဲ့ ဗီဒီယိုတွေတောင် ရှိတယ်။ ညီလေးလင်း ကြည့်ချင်လား။ အဲ့ဒီအမျိုးသမီး သရုပ်ဆောင်တွေက လှတာတော့ ဝန်ခံရမယ်။" ယွင်ချမ့်က ပြုံးကာ ပြောလိုက်သည်။

"ရပါတယ်။ ကျွန်တော် အဲ့ဒီအမျိုးသမီး သရုပ်ဆောင်တွေကို စိတ်မဝင်စားဘူး။" လင်းဖန်က ခေါင်းခါလိုက်သည်။ ဒီလို ညစ်ညမ်း ရုပ်ရှင်များကို သူ တစ်ခါမှ မကြည့်ဖူးပါ။ ဘယ်လောက်ပဲ ထိုကောင်မလေးများက လှလှ ရှားဝမ်ချွေ့ကို မယှဥ်နိုင်လောက်ပါ။ သူတို့ ကိုယ်လုံးကိုယ်ပေါက် ရှားဝမ်ချွေ့လောက် မလှဘဲ ရင်ဘတ်ကလည်း ရှားဝမ်ချွေ့လောက် မကြီးနိုင်ပါ။ နှိုင်းယှဥ်နိုင်စရာအကြောင်း မရှိပါ။

"အစ်ကိုကြီးယွင် ကျေးဇူးအများကြီး တင်ပါတယ်။ ကျွန်တော့်ကို အချက်အလက်တွေ အကုန်လုံး ပို့ပေးလိုက်ပါ။ သုံးခဲ့ရတဲ့ ပိုက်ဆံတွေကိုတော့ ကျွန်တာ် ပြန်လွှဲပေးပါ့မယ်။" လင်းဖန်က ပြောလိုက်ပါသည်။

"ညီလေးလင်း မင်းရဲ့ အီးမေးကို ပို့ပေးပြီးပါပြီ။ ပိုက်ဆံကိစ္စကတော့ ငါ့ကို အဲ့လိုလူမျိုး ထင်နေလား။ မင်းက စားဖိုမှူးကောင်းတစ်ယောက်လို့လည်း ငါကြားထားတယ်နော်။ တစ်ရက်ကျရင် ငါ့ကို စားကောင်းသောက်ဖွယ်တွေသာ ချက်ကျွေးကွာ။ အတူတူ သောက်ကြတာပေါ့။" ယွင်ချမ့်က ရယ်မောလိုက်ပြီး ပိုက်ဆံ မီလီယံ အနည်းငယ်လောက်ကို ဂရုမစိုက်ပါ။

ဒီအဆင့်တွင် အရေးအကြီးဆုံးအရာက ကျေးဇူးတရားဖြစ်သည်ဟု ယွင်ချမ့် ထင်မိပါသည်။ လင်းဖန် သူ့အပေါ် ကျေးဇူးတရားရှိနေခြင်းက ထိုပိုက်ဆံ ယွမ် မီလီယံများထက် ပိုပြီး အရေးကြီးပါသည်။

နောက်ဆုံးတော့လည်း လင်းဖန်၏ တန်ဖိုးကြောင့် ယွင်ချမ့်က တန်ဖိုးထားခြင်းဖြစ်သည်။

"ဟားဟား ရပါတယ်ဗျာ။ ကျွန်တော် အစ်ကိုကြီးနဲ့ မရီးတို့ကို တစ်နေ့ကျရင် ဧည့်ခံပါ့မယ်။ ပင်လယ်ခရုတွေ၊ ကျောက်ပုစွန်တွေ၊ ဝိုင်နီတွေ ပြင်ထားပေးမယ်" လင်းဖန်က ပြုံးလိုက်ပါသည်။ သူ့ကျေးဇူးကို လင်းဖန် အမှတ်ရနေမည် ဖြစ်ပါသည်။

"ဟုတ်ပါပြီ။ မင်းအကူအညီလိုရင် ငါ့ကို လာပြောလို့ရတယ်။" ယွင်ချမ့်က ပျော်ရွှင်စွာဖြင့် ဖုန်းချလိုက်ပါသည်။

လင်းဖန်က အီးမေးကို ဖွင့်ကြည့်လိုက်ပြီး ပို့ထားသည့် အချက်အလက်အားလုံးကို စစ်ကြည့်လိုက်ပါသည်။

လင်းဖန်က ချက်ချင်းပဲ စီအီးအိုလီကို ဆက်သွယ်ပြီး အချက်အလက်အားလုံးကို ပို့ဆောင်ပေးလိုက်ပါသည်။

စီအီးအိုလီက ထိုသတင်းကို မြင်သောအခါ အနည်းငယ် ထိတ်လန့်သွားရပါသည်။

"၁၂ နာရီအတွင်း ဒီလောာက် အချက်အလက်တွေ အများကြီး ရှာနိုင်ခဲ့တာပဲ။ ပြီးတော့လည်း အားလုံးက ခိုင်လုံတဲ့ သက်သေတွေချည်းပဲ။"

"ညီလေးလင်းက တကယ်ပဲ အမြင်ကျယ်တယ်။ တကယ့်ကို သာမန်လူ မဟုတ်ဘူးပဲ။" အချက်အလက်များစွာကို မြင်လိုက်ရသဖြင့် စီအီးအိုလီ အနည်းငယ် အံ့သြသွားပါသည်။

လင်းဖန်၏ နောက်ခံကို အထင်သေးလို့ မရမှန်း သူသိပါသည်။

အခု အချက်အလက်များစွာ ရထားပြီးပြီ ဖြစ်သဖြင့် စီအီးအိုလီ တော်တော် ထိတ်လန့်နေပါသည်။

လင်းဖန်က တကယ့်ကို သာမန်လူ မဟုတ်ပါ။

"စီအီးအိုလီ ကျန်တာကို အားကိုးလိုက်မယ်နော်။" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။

"နားလည်ပါပြီ။ ဒီသက်သေတွေနဲ့သာဆိုရင် ချမ့်ဟုန်ကွမ်နဲ့ ချန်းလင်အီကိုနောမစ်မီဒီယာက သေချာပေါက် ဒီနေ့ပဲ ကျဆုံးတော့မယ်။" စီအီးအိုလီက ပြန်ပြောလိုက်ပါသည်။

လင်းဖန် အလုပ်ကိစ္စပြီးမြောက်သွားသောအခါ Bugatti ဖြင့် ရုံးသို့ ထွက်လာခဲ့ပါသည်။

နေ့သစ်တစ်ရက်စတင်ဖို့ အချိန်ကျပြီဖြစ်သည်။ ရင်းနှီးမြှုပ်နှံသူတစ်ယောက် လျော့သွားလည်း အရေးမကြီးပါ။

သူက ခေါင်းဆောင်မင်းသားဖြစ်ပြီး ရှားဝမ်ချွေ့ကလည်း ခေါင်းဆောင်မင်းသမီး ဖြစ်နေပါဦးမည်။ သူက ဘဝရဲ့ပျော်ရွှင်မှုအတွက် ရင်းနှီးမြှုပ်နှံသူအသစ် လုပ်လိုက်ပါမည်။

နာရီဝက်ခန့်ကြာသောအခါ။

ဝေ့ပေါ် ပေါ်တွင် ရေပန်းစားအကြောင်းအရာ သုံးခုက ထိပ်ဆုံးသို့ တရားဝင်တက်လာခဲ့ပါသည်။

လူထုလုံခြုံရေးဌာနကလည်း တစ်ချိန်တည်းမှာပဲ စတင်လှုပ်ရှားပြီဖြစ်သည်။ ခိုင်လုံသော သက်သေများရှိနေသဖြင့် သူတို့ နောက်ထပ် လုပ်ဖို့ လိုအပ်တာက တစ်စုံတစ်ယောက်ကို ဖမ်းဆီးဖို့ ဖြစ်ပါသည်။

All Chapters