အခန်း(၇၄) အနုပညာလောက တုန်လှုပ်မှုနဲ့ ရိုက်ကူးရေးစတင်ခြင်း
Vol. 5 Ch. 74
အခန်း(၇၄) အနုပညာလောက တုန်လှုပ်မှုနဲ့ ရိုက်ကူးရေးစတင်ခြင်း
ပထမ ရေပန်းစား အကြောင်းအရာက [ ချန်းလင်အီကိုနောမစ်မီဒီယာက ယွမ် သန်း ၈၀ အခွန်ရှောင်ခဲ့ခြင်း ]
ဒုတိယ ရေးပန်းစား အကြောင်းအရာမှာ [ ချမ့်ဟုန်ကွမ်က အမျိုးသမီး သရုပ်ဆောင်များကို ယုတ်မာခဲ့ခြင်း]
တတိယ ရေပန်းစား အကြောင်းအရာကတော့ [ ချန်းလင်အီကိုနောမစ်မီဒီယာ၏ ဘော့စ်အား မုဒိမ်းမှုဖြင့် သံသယရှိနေ ]
ထို ရေပန်းစား အကြောင်းအရာသုံးခုကြောင့် အကြီးအကျယ် ပွက်လောရိုက်သွားခဲ့ကြသည်။
သက်သေလည်း များစွာရှိနေသည်။ ထိုသတင်းအပိုင်းအစများက အင်တာနက်ပေါ်တွင် ပေါက်ကွဲသွားကြသည်။ မရေမတွက်နိုင်သော အင်တာနက်အသုံးပြုသူများက ကျိန်ဆဲကုန်ကြပါသည်။
"လခွမ်းပဲ ချမ့်ဟုန်ကွမ်။ အနုပညာလောကကို ဖျက်ဆီးတာ ဒီလိုလူမျိုးတွေပဲ။"
"ဒီလူက အဓမ္မပြုကျင့်ခဲ့တယ်လို့ သံသယရှိတယ် ဟုတ်လား။ ငါတို့ သူ့ကို ဖမ်းမှ ရမှာပေါ့။"
"သေဒဏ်ပေးမှ ဖြစ်မယ်။ သေဒဏ်ကိုလည်း ချက်ချင်း ပေးမှဖြစ်မှာ။"
ထိုရေပန်းစားသည့် အကြောင်းအရာ ၂ ခုက ချန်းလင်အီကိုနောမစ်မီဒီယာ၏ ဘဝကို ချက်ချင်း ဖျက်ဆီးမိတော့မလို ဖြစ်ခဲ့ရသည်။ ထို့အပြင် နိုင်ငံတော်၏ အာရုံစိုက်မှုကိုလည်း ခံခဲ့ရ၏။
သက်သေများကလည်း ခိုင်လုံသည်။ ချမ့်ဟုန်ကွမ်၏ ရာဇဝတ်မှုများက သူ့ကို အနည်းဆုံး ၁၀ နှစ်လောက် ထောင်ကျစေတော့မည်။
ထိုအချိန်တွင် ချမ့်ဟုန်ကွမ်က ကုတင်ပေါ်တွင် တိတ်ဆိတ်စွာ လှဲလျောင်းနေဆဲ ဖြစ်ပါသည်။
"ဒါပဲလား။ မင်းငါ့ကို တစ်ရက်အတွင်း သတ်မယ်လို့ ကတိပေးထားတာ မဟုတ်ဘူးလား။ အခုတော့ ငါက ကျန်းမာပြီး အသက်ရှင်နေသေးပါလား။" ချမ့်ဟုန်ကွမ်က ပြုံးလိုက်သည်။ သူက ရာဇဝတ်မှု မလုပ်သလောက် ရှားပါးသည်။ အများဆုံး အခွန်များရှောင်ပြီး အမျိုးသမီးသရုပ်ဆောင် အနည်းငယ်နဲ့ အိပ်ခဲ့သည်။ သာမန်လူတွေက ဒီကိစ္စတွေကို ဘယ်လို သတိထားမိမှာလဲ။
သူ အဓမ္မပြုကျင့်ခဲ့သည့် အမျိုးသမီးသရုပ်ဆောင်များကို ဆက်သွယ်ချင်ရင်တောင် သူကလွဲပြီး ဘယ်သူက ဆက်သွယ်နိုင်မှာလဲ။
ကုမ္ပဏီ၏ အခွန်ရှောင်ရှားမှုသက်သေများကိုလည်း သူရှင်းလင်းခဲ့တာ ကြာပါပြီ။
ထို့အပြင် လင်းဖန်က စားသောက်ဆိုင်ငယ်တစ်ဆိုင်ပိုင်ရှင်ဖြစ်ပြီး ဟိုတယ်ရှယ်ယာဝင်လေး တစ်ယောက်သာ ဖြစ်သည်။ သူ ဘာလုပ်နိုင်မှာမို့လို့လဲ။
"လင်းဖန် ငါစောင့်နေတယ်။ မင်းငါ့ကို မသတ်နိုင်ရင် ငါမင်းကို သတ်မှာနော်။" ချမ့်ဟုန်ကွမ်၏ မျက်လုံးများက အေးစက်စွာဖြင့် တောက်ပသွားပါသည်။
"စီအီးအိုချန်း ကြည့်ပါဦး..." သူ့ဘေးက အမျိုးသမီးတစ်ယောက်က သူမဖုန်းထဲက ဝေ့ပေါ် ရေပန်းစားသည့် အကြောင်းအရာများကို မြင်ပြီး ကြက်သေ သေသွားခဲ့ပါသည်။
"ဘာကိုကြည့်ရမှာလဲ။" ချမ့်ဟုန်ကွမ်ကလည်း ဖုန်းကို ကြည့်လိုက်ပြီး ထိတ်လန့်သွားပါသည်။ ထို့နောက် ဇောချွေးများ ပြန်လာရ၏။
သူ အနက်ရှိုင်းဆုံး ဖုံးကွယ်ထားသမျှ အရာအားလုံး အဖော်ခံလိုက်ရပြီ။
ဒါ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
သူ သက်သေတွေ အကုန်လုံးကို ဖျက်ဆီးပြီးသား မဟုတ်ဘူးလား။
အခုတော့ အားလုံးက ဝေ့ပေါ် ပေါ်မှာ ရေပန်းစားနေပါပြီ။
ဒါကို လုပ်နိုင်တာ တစ်ယောက်တည်းသာ ရှိသည်။
လင်းဖန်...
"လင်းဖန် မအေယိုး" ချမ့်ဟုန်ကွမ်က ကျောရိုးထဲထိ ကြက်သီးထသွားပါသည်။ လင်းဖန်၏ စကားများကို သူမှတ်မိသွား၏။ သူ့ကို တစ်ရက်အတွင်း သတ်ပြီး ကုမ္ပဏီကို ဖျက်ဆီးပစ်မည်ဟု ပြောခဲ့သည်။
လင်းဖန် လေလုံးကြွားနေသည်ဟု သာထင်ခဲ့သည်။ ၁၂ နာရီအတွင်း ဝေ့ပေါ် ၏ ရေပန်းစား အကြောင်းအရာတွင် သူပါလာမည်ဟု မည်သူက ထင်မည်နည်း။
တစ်ချိန်တည်းတွင် တံခါးခေါက်သံ ထွက်ပေါ်လာ၏။
ရဲတွေ ရောက်လာပြီ။
ချမ့်ဟုန်ကွမ်၏ မျက်လုံးများက နာကျင်မှုများဖြင့် ပြည့်နှက်နေသည်။ သူ ထိတ်လန့်မှု အရိပ်အယောင်သာ ခံစားနိုင်တော့သည်။
"ယီးပဲ ယီးပဲ ယီးပဲ"
ချမ့်ဟုန်ကွမ်က မတ်တပ်ရပ်လိုက်ပြီး ပြတင်းပေါက်ဘေးမှာ ရပ်လိုက်ပါသည်။ သို့သော်လည်း ခုန်ချဖို့ သတ္တိမရှိခဲ့ပါ။
ဒါက ၂၈ ထပ်မြောက်မှာ ဖြစ်သည်။
ချမ့်ဟုန်ကွမ်က မျက်လုံးကို နာကျင်စွာဖြင့် မှိတ်လိုက်ပါသည်။ မျက်နှာက ဖြူဖတ်နေပြီး အားအင်မဲ့စွာဖြင့် ထိုင်ချလိုက်တော့သည်။
သူ မတိုက်ခိုက်သင့်သည့်လူကို တိုက်ခိုက်မိပြီ။
လင်းဖန် ဒီလောက် တော်လိမ့်မည်ဟု မထင်ခဲ့ပါ။ သူ့ကို တစ်ရက်အတွင်း သတ်မည်ဟု ဆိုလျှင် ၂ ရက်အထိ မကြာပါ။
သူသာ ရှားဝမ်ချွေ့နဲ့ မအိပ်ချင်ဘဲ ဂျွိုင်းမီဒီယာကိုသာ ခေါင်းဆောင်မင်းသမီး ပြောင်းလဲဖို့ မကူညီပေးခဲ့ရင် ဒီလိုဖြစ်လာမှာ မဟုတ်ပေ။
သူ့ရာဇဝတ်မှု နှစ်ခုအတွက် စုစုပေါင်း အပြစ်ဒဏ်က အနည်းဆုံး ထောင်ထဲမှာ ၁၀ နှစ်လောက် နေရလောက်သည်။
အခုတော့ သူ့ကံကြမ္မာ၊ အနာဂတ်နဲ့ လုပ်ငန်းအားလုံး ပျက်စီးသွားခဲ့ပါပြီ။
တစ်ချိန်တည်းမှာပင် ချမ့်ဟုန်ကွမ် အဖမ်းခံလိုက်ရသည့် သတင်းက ဝေ့ပေါ် ပေါ်တွင် ရေပန်းစားလာပြန်သည်။
ဒီလို သတင်းမျိုးက ယွဲ့ဟွာအင်တာတိန်းမန့်သို့ အမြန်ပဲ ပြန့်နှံ့လာခဲ့ပါသည်။
"လခွမ်း လင်းဖန်က တော်လိုက်တာ"
"သူက ယောက်ျားပီသလွန်းတယ်။ ချန်းလင်အီကိုနောမစ်မီဒီယာကို တကယ်ကြီး ကျဆုံးအောင် လုပ်နိုင်ခဲ့တာပဲ။"
"ဝိုး... လင်းဖန်ကို သာမန် စားသောက်ဆိုင်ပိုင်ရှင်နဲ့ ဇာတ်ညွှန်းရေးဆရာတစ်ယော်လို့ပဲ သိထားတာ။ အခုတော့ လင်းဖန် အရမ်းမိုက်တာပါ ငါသိသွားပြီ။"
"သူက ယောက်ျားပီသရုံတင်မကဘူး။ ထူးလည်း ထူးချွန်သေးတယ်။"
သရုပ်ဆောင်များစွာက လင်းဖန်အား လေးစားအားကျမှုများဖြင့် ပြည့်နှက်နေကြပါသည်။
ဒီလိုပြဿနာမျိုးးကို ကြုံတွေခဲ့ရသည့် ကောင်မလေးများစွာ အနုပညာလောကတွင် ရှိသော်လည်း လင်းဖန်က ပထမဆုံး ရှင်းလင်းနိုင်ခဲ့သူ ဖြစ်ပါသည်။
ရှုယန်တောင် လင်းဖန်ကြောင့် ထိတ်လန့်သွားရပါသည်။
လင်းဖန်လုပ်နိုင်တာကို သူ မလုပ်နိုင်ပါ။
အရင်တုန်းက ရင်းနှီးမြှုပ်နှံသူများကို ဆွေးနွေးနိုင်သော်လည်း လင်းဖန်ကတော့ မဆွေးနွေးပါ။
ရှုယန် နောက်ဆုံးတော့ သူနဲ့ လင်းဖန်တို့အကြားက ခြားနားချက်ကို နားလည်သွားပါသည်။
ဧကန္တ ဒါ့ကြောင့်လည်း ရှားဝမ်ချွေ့က လင်းဖန်ကို အထူးတည် ဆက်ဆံတာ ဖြစ်မည်။
ရှုယန် သက်ပြင်းချလိုက်ပါသည်။ သူ လုံးဝ ယုံကြည်သွားပါပြီ။
ကံကောင်းလို့ သူလင်းဖန်၏ ရန်သူ ဖြစ်မလာခဲ့ပါ။ မဟုတ်ပါက ရှုယန် ကြောက်ရွံ့သွားရလောက်သည်။
လင်းဖန်က အလွန်ချောမောပြီး သာမန် ဇာတ်ညွှန်းရေးဆရာတစ်ယောက်ဖြစ်ပုံသာပေါ်သည်။ သို့သော်လည်း လက်တွေ့မှာတော့ ကုမ္ပဏီထဲက ဘော့စ်ကြီးတစ်ယောက် ဖြစ်နေပါသည်။
ပိုင်ဆိုင်မှု ယွမ် သန်းရာချီရှိပြီး ခေတ်သစ်လီရှန်းဟိုတယ်၏ ဒုတိယအများဆုံးရှယ်ယာဝင်လည်း ဖြစ်သည်။ ယွင်ဟန်နည်းပညာနဲ့ ဆက်ဆံရေးလည်း ရှိ၏။ စီအီးအိုလီလို လူမျိုးတောင် ဝင်ပါပေးချင်သည်။ ပိုအရေကြီးတာက လင်းဖန်က ရှားဝမ်ချွေ့၏ အလယ်တန်းနဲ့ အထက်တန်း အခန်းဖော် ဖြစ်ပါသည်။
သူသာ လင်းဖန်နဲ့ ပြိုင်ဆိုင်ချင်ပါက သူ့စမှတ်က ခြားနားနိုင်ပါသည်။
စုရှောင်းယွီက ရှားဝမ်ချွေ့၏ ရုံးခန်းသို့ အမြန်ပြေးလာပြီး အံ့အားသင့်စွာပြောလိုက်ပါသည်။ "အစ်မဝမ်ချွေ့ ဆရာ တကယ်လုပ်နိုင်သွားပြီ။ ဆရာက အရမ်းတော်တာပဲ။"
ရှားဝမ်ချွေ့က ဝေ့ပေါ် ကိုကြည့်လိုက်ပါသည်။ သူမ၏ လှပသော မျက်လုံးလေးများကို မော့ကြည့်လိုက်ပြီး နူးညံ့စွာ ပြုံးလိုက်ပါသည်။ သူမ ထုတ်မပြောသော်လည်း သူမ၏ နှလုံးသား နွေးထွေးနေပါသည်။
သူ အနားမှာ ရှိနေတာ ကောင်းလိုက်တာ။
ဘဝရဲ့ပျော်ရွှင်မှု ရိုက်ကူးရေးအဖွဲ့ထဲတွင် ပရိုဂျူဆာလျို့က သရုပ်ဆောင်များစွာကို စိတ်လှုပ်ရှား ပျော်ရွှင်စွာ ကြည့်လိုက်ပါသည်။
"အားလုံးပဲ ရင်းနှီးမြှုပ်နှံသူ တစ်ယောက်နည်းသွားပြီ ဆိုပေမယ့် ငါတို့ ရုပ်သံစီးရီးအတွက် ရင်းနှီးမြှုပ်နှံမှု ပြဿနာက လုံးဝ ပြေလည်သွားပါပြီ။"
"လင်းဖန်က ငါတို့ ကုမ္ပဏီရဲ့ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူ ဖြစ်လာလိမ့်မယ်။ သူက ဘဝရဲ့ပျော်ရွှင်မှု ဒရမ်မာထဲမှာ ရင်းနှီးမြှုပ်နှံမယ်တဲ့။ ရင်းနှီးမြှုပ်နှံငွေက ... ယွမ် သန်း ၁၀၀ ပါ။"
"အရင်တုန်းက ရင်းနှီးမြှုပ်နှံငွေကိုတော့ မမှီဘူး။ အားလုံးရဲ့ သရုပ်ဆောင်ကြေးတွေတော့ နည်းနည်းစီ လျော့သွားပါမယ်။ ဒါပေမယ့် ဒီရုပ်သံစီးရီး ရေပန်းစားလာတဲ့အခါကျရင် အားလုံးက အမြတ်ငွေရဲ့ ရှယ်ယာကို ရကြမှာပါ။" မစ္စတာလျို့က ပြုံးလိုက်ပါသည်။
အားလုံးက အချင်းချင်းကြည့်လိုက်ကြပြီး သူတို့မျက်လုံးထဲက လေးစားမှုများက နက်ရှိုင်းလာခဲ့ပါသည်။
ယွမ် သန်း ၁၀၀ တောင်။
ကုမ္ပဏီကြီးတစ်ခုက ရင်းနှီးမြှုပ်နှံတာဆိုရင် ရေးကြီးခွင်ကျယ် မဟုတ်သော်လည်း လင်းဖန်တစ်ယောက်တည်း ယွမ် သန်း ၁၀၀ ရင်းနှီးမြှုပ်နှံလိုက်ခြင်း ဖြစ်ပါသည်။
သရုပ်ဆောင်များစွာတွင် ပိုင်ဆိုင်မှု ယွမ် သန်းရာချီပြီး ရှိနိုင်သည်။ သို့သော်လည်း အပိုငွေ ယွမ် သန်း ၁၀၀ ရှိဖို့ကတော့ ခက်ခဲပါသည်။
ရှုယန်က သူ့ကို တိုးတိတ်စွာ ချီးကျူးလိုက်မိသည်။ ယွမ် သန်းရာချီတန်ဖိုးရှိသည့် ပြိုင်ကားတစ်စီးကို မောင်းနှင်နိုင်သော ဘော့စ်တစ်ယောက်ဆိုသည့်ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါသည်။ လင်းဖန်က ဘာမှ အပန်းမကြီးဘဲ ယွမ် သန်း ၁၀၀ ရင်းနှီးမြှုပ်နှံလိုက်ပါသည်။
"တော်လိုက်တာ။ အစ်ကိုဖန်သာ ငါတို့ကို နောက်ပိုင်း ကာကွယ်ပေေးနိုင်ရင် ငါတို့ကုမ္ပဏီကလူတွေကို ဘယ်သူ အနိုင်ကျင့်ရဲဦးမှာလဲ။"
"အစ်ကိုဖန်က တော်လိုက်တာ။ ငါတို့အတွက် ဇာတ်ညွှန်းကို ရေးပေးရုံမကဘူး။ ခေါင်းဆောင်ဇာတ်လိုက် ဖြစ်လာပြီး အခုတော့ ငါတို့ရုပ်ရှင်အတွက် အများဆုံးရင်းနှီးမြှုပ်နှံသူပါ ဖြစ်လာခဲ့ပြီ။"
"ငါတို့ သရုပ်ဆောင်ကြေးနိမ့်သွားလည်း ကိစ္စမရှိဘူး။ ငါတို့ ဒီဇာတ်ညွှန်းကို ကောင်းကောင်း သရုပ်ဆောင်နိုင်ရင် ရပြီ။”
"ငါ့သရုပ်ဆောင်ကြေး နည်းသွားတာကို ပြောမနေနဲ့။ ဘာမှ မရရင်တောင် ငါသရုပ်ဆောင်မယ်။ အစ်ကိုဖန်ရဲ့ ဇာတ်ညွှန်းက ကောင်းလွန်းတယ်။ ဒီဒရမ်မာထဲမှာ သရုပ်ဆောင်ရတာ ငါ့ကို ဂုဏ်တက်စေတယ်။"
ပရိုဂျူဆာ လျို့မူနဲ့ ဒါရိုက်တာ လုပမ်ခိုင်းတို့ အားလုံးအနည်းငယ် ကျေနပ်သွားကြပါသည်။
တကယ်တော့ ထိုနေ့က အပြုအမူအား သူတို့လည်း အလွန်မကြိုက်ကြပါ။
လခွမ်းပဲ။ သူတို့ ရှားဝမ်ချွေ့ကိုများ အနိုင်ကျင့်ရဲကြတယ်။
မစ္စတာလျို့နဲ့ လုပမ်ခိုင်းတို့က ပရိုဂျူဆာ၊ ဒါရိုက်တာများ အသီးသီး ဖြစ်ကြသော်လည်း သူတို့ နှစ်ယောက်က ရှားဝမ်ချွေ့၏ ပရိတ်သတ်များ ဖြစ်ကြပါသည်။
ဒီဒရမ်မာအတွက် ဇာတ်ညွှန်းက အလွန်ကောင်းမွန်သော်လည်း ခေါင်းဆောင်မင်းသားက လင်းဖန် ဖြစ်သောကြောင့် ရင်းနှီးမြှုပ်နှံသူများစွာက စိတ်မဝင်စားကြပါ။
သို့သော်လည်း ထိုရင်းနှီးမြှုပ်နှံသူများက လင်းဖန်မှာ ဒီဒရမ်မာ၏ အသက်ဝိညာဥ်ဖြစ်တာကို မသိကြပါ။
အပြင်လောကက ဘဝရဲ့ပျော်ရွှင်မှုကို သိပ်ပြီး အထင်မကြီးကြသဖြင့် သူတို့ ဒီရုပ်သံဒရမ်မာကို အသုံးချပြီး အနုပညာလောကတစ်ခုလုံးကို တုန်လှုပ်သွားစေမည် ဖြစ်ပါသည်။