အခန်း(၇၅) လင်းဖန်က... တကယ်ကော လူသစ်ဟုတ်ရဲ့လား
Vol. 5 Ch. 75
အခန်း(၇၅) လင်းဖန်က... တကယ်ကော လူသစ်ဟုတ်ရဲ့လား
ဘဝရဲ့ပျော်ရွှင်မှု ရုပ်သံဒရမ်မာအတွက် သရုပ်ဆောင်များ နောက်ဆုံးတော့ ဆုံးဖြတ်ပြီးသွားပြီ ဖြစ်ပါသည်။
ဇာတ်လိုက်မင်းသား လင်းဖန်။
ဇာတ်လိုက်မင်းသမီး ရှားဝမ်ချွေ့။
ရှုယန်၊ စုရှောင်းယွီ၊ လင်းကျင်းကျင်းနဲ့ တခြားသူများအားလုံးက အရေးပါသည့် ဇာတ်ပို့များ ဖြစ်ကြသည်။
ဒီရုပ်သံဒရမ်မာတွင် ပါဝင်သည့် တခြား နာမည်ကျော် သရုပ်ဆောင်များနဲ့ ဝါရင့်သရုပ်ဆောင်များပါ ရှိသေးသည်။
သူတို့ကြားထဲတွင် ဘဝရဲ့ပျော်ရွှင်မှုရုပ်ရှင်၌ ချင်းဧကရာဇ်နေရာက ပါဝင်သရုပ်ဆောင်သည့် နာမည်ကြီး ဆရာချန်ချင်းလည်း ပါပါသည်။
ချန်ချင်း၏ သရုပ်ဆောင်စွမ်းရည်များက အလွန်ကောင်းမွန်ပြီး တစ်နိုင်ငံလုံးနဲ့ ကြည့်ရှုသူ ပရိတ်သတ်များစွာက အသိအမှတ်ပြုထားကြသော မင်းသားကြီး ဖြစ်သည်။ ထို့ကြောင့် လူများစွာက သူ့ကို ဆရာချန်ချင်းဟု ခေါ်ကြပါသည်။
ထို့အပြင် မင်းသားကြီး ဆရာဝူလည်း ရှိသည်။ သူလည်း အလွန်အရေးပါသောာနေရာက ပါဝင်ရပါသည်။
ဘဝရဲ့ပျော်ရွှင်မှုတွင် ခေါင်းဆောင်မင်းသမီး လင်းဝမ်အာ၊ ချင်းဧကရာဇ် ချန်းဖျင်ဖျင်၊ အကြီးဆုံး မင်းသမီး ဖန်းယွေ့ယွေ့၊ ဝမ်ချီညမ်၊ စစ်လီလီ၊ ဖန်းစစ်ကျဲနဲ့ တခြား အရေးပါသည့် ဇာတ်ကောင်များ ပါဝင်ကြပါသည်။ အားလုံးက ခေါင်းဆောင်မင်းသားနဲ့ အရေးကြီးသည့် ဆက်ဆံရေးများ ရှိကြပြီး လိုက်ဖက်ညီဖို့ အလွန်ကောင်းမွန်သော သရုပ်ဆောင်စွမ်းရည်များ လိုအပ်ကြပါသည်။
ထို့အပြင် ထိုဇာတ်ကောင်များကို အလွန်အမင်း သရုပ်ဆောင်ကောင်းသော သရုပ်ဆောင်များက သရုပ်ဆောင်ကြခြင်းဖြစ်သည်။
လင်းဖန်တစ်ယောက်တည်းသာ လူသစ်ဖြစ်နေပါသည်။
လင်းဖန်က ရိုက်ကူးရေးနေရာသို့ ကားမောင်းလာခဲ့သည်။
လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ ကားတစ်စီးတည်းတွင် ထိုင်နေကြပါသည်။
"မြောင် မြောင်"
"နင် ဘာတွေ စဥ်းစားနေတာလဲ။" ရှားဝမ်ချွေ့က လင်းဖန်ကို စိတ်ဝင်စားစွာ ကြည့်လိုက်ပါသည်။
"ငါခဏနေရင် ရုပ်ရှင်ရိုက်ရတော့မယ်။ ဒါ ငါ့ဘဝမှာ ပထမဆုံး သရုပ်ဆောင်ဖူးတာပဲ။" လင်းဖန်က ပြုံးလိုက်ပြီး သူ့ဘေးက ကောင်မလေးကို ကြည့်လိုက်ပါသည်။
"အင်း နင်က ဒီဒရမ်မာရဲ့ ခေါင်းဆောင်မင်းသားနော်။ ရေပန်းစားလာမလား မစားဘူးလား ဆိုတာက နင့်အပေါ် မူတည်တယ်။" ရှားဝမ်ချွေ့က မျက်တောင်ခတ်လိုက်ပြီး ချိုမြိန်စွာ ပြုံးလိုက်ပါသည်။
"နင်လည်း ဒီဒရမ်မာရဲ့ ခေါင်းဆောင်မင်းသမီး မဟုတ်ဘူးလား။" လင်းဖန်က ရှားဝမ်ချွေ့ကို ကြည့်လိုက်ပါသည်။
"ဒါပေါ့ ငါတို့နှစ်ယောက် အတူတူ အလုပ်လုပ်ရမှာပေါ့။ ငါတို့သေချာပေါက် အရမ်းကောင်းတဲ့ ရုပ်သံဒရမ်မာကို ထုတ်လုပ်နိုင်မှာပါ။” ရှားဝမ်ချွေ့၏ လှပသော မျက်လုံးလေးများကလည်း မျှော်လင့်ချက်များဖြင့် ပြည့်ဝနေပါသည်။
လင်းဖန်က ရှားဝမ်ချွေ့ဘေးမှာ ထိုင်နေပြီး ပြုံးလိုက်သည်။ "ဒါဆို... ပြီးကျရင် ငါတို့ အကြင်နာပေးခန်း အရင်ရိုက်မယ်လို့ ဒါရိုက်တာကို ပြောကြမလား။"
ရှားဝမ်ချွေ့၏ မျက်နှာ နီရဲသွားပါသည်။ "အရူးကောင် အရူးကောင် မရိုက်ချင်ဘူး။"
လင်းဖန်က ဆက်ပြော၏။ "ဘာပဲဖြစ်ဖြစ် အကြင်နာပေးခန်းရိုက်ရမယ့်နေ့ ရောက်လာမှာပဲလေ။ ငါတို့ အချစ်ရေးဇာတ်ဝင်ခန်းတွေအကုန်လုံးကို တစ်ခါတည်း ရီုက်လိုက်ကြမလား။ မဟုတ်ရင် နင်နဲ့ အချစ်ရေးဇာတ်ဝင်ခန်းတစ်ခန်း ရိုက်တိုင်း အရင် မုဒ်သွင်းရဦးမယ်။ ဘာပဲဖြစ်ဖြစ် ဒရမ်မာထဲမှာ နင်က ငါ့ရဲ့ ဇနီးလောင်းလေ။"
ရှားဝမ်ချွေ့က ရှက်သွေးဖြာသွားပြီး မေးလိုက်ပါသည်။ "နင်က ငါနဲ့ ရုပ်ရှင်ရိုက်နေတာကို ဘာလို့ မုဒ်သွင်းဖို့ လိုမှာလဲ။"
လင်းဖန်က ပြောလိုက်သည်။ "ငါ မုဒ်မသွင်းရင် နင့်ကို အကြင်နာပေးပြီး မထိန်းနိုင်ဘဲ မလွှတ်ပေးတော့ရင် ဘယ်လိုလုပ်မလဲ။"
ရှားဝမ်ချွေ့က လင်းဖန်ကို စိုက်ကြည့်လိုက်ပါသည်။ "အရူးကောင် လင်းဖန် အတင့်ရဲလိုက်တာ"
"နှာဘူးကောင်" ရှားဝမ်ချွေ့က သူမ၏ ကြောင်နားရွက် ဦးထုပ်လေးကို ဝတ်ထားပြီး ကြောင်လက်သည်းနှစ်ဖက်ကို ထုတ်ပြကာ လင်းဖန်ကို စိတ်ဆိုးနေသောမျက်နှာဖြင့် ကြည့်နေပါသည်။
လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့၏ စကားကိုကြားသောအခါ ဒရိုင်ဘာမှာ ချွေးပြန်နေပါ၏။
ဒီလောက်တောင် ပွင့်လင်းကြတာလား။
အဓိကအချက်က ရှားဝမ်ချွေ့က လှလွန်းသဖြင့် သူသည်းမခံနိုင်တော့တာဖြစ်မည်။
ဒရိုင်ဘာ သက်ပြင်းချလိုက်ပါသည်။ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့က နေ့တိုင်း အတူတူ ရှိနေကြတာတောင် ချစ်မြတ်နိုးနေကြဆဲဖြစ်သည်။ လင်းဖန် ဘယ်လိုလုပ်ပြီး သည်းခံနိုင်မည်နည်း။
သူတို့ ရိုက်ကူးရေးနေရာကို ရောက်သွားတော့ မိတ်ကပ်များလိမ်းကာ နန်းတွင်းဝတ်စုံများ ဝတ်ဆင်လိုက်ကြပါသည်။
မိတ်ကပ်ပညာရှင်က လင်းဖန်ကိုကြည့်လိုက်ပြီး သက်ပြင်းချလိုက်မိသည်။
"ကျွန်မ မိတ်ကပ်ပညာရှင်လုပ်လာတာ နှစ်ပေါင်းများစွာကြာပြီ ဒီလိုမျိုး မကြုံဖူးဘူး။" မိတ်ကပ်ပညာရှင်က ပြောလိုက်သည်။
"အရင်တုန်းက တခြားသူတွေအတွက် မိတ်ကပ်လိမ်းပေးတုန်းက ဇာတ်ကောင်ကို အလေးပေးဖို့အတွက်ပဲ။ တစ်ခါတစ်လေမှာတော့ ဇာတ်ကောင်ကို ဖန်သားပြင်ပေါ်မှာ ပိုကြည့်ကောင်းအောင် လုပ်ပေးဖို့ပေါ့။ ဒါပေမယ့် ရှင့်လို ချောမောတဲ့လူမျိုးကို မြင်ဖူးတာ ပထမဆုံးပဲ။ မိတ်ကပ်အများကြီး မလိမ်းရင်တောင် ရှင်က ဖန်သားပြင်ပေါ်မှာ အရမ်းကြည့်ကောင်းတုန်းပဲ။ အနည်းဆုံး ညှို့အားပြင်းတဲ့ မင်းသားလေး အဆင့်လောက်ရှိတယ်။" မိတ်ကပ် ပညာရှင်က လင်းဖန်ကို မော့ကြည့်လိုက်သည်။
လင်းဖန်၏ မျက်နှာက ဘာလို့ ဒီလောက်တောင် ချောရတာလဲ။
ဖန်သားပြင်ပေါ်မှာလည်း အပြစ်အနာအဆာမရှိပါ။
ထို့အပြင် လင်းဖန်ကို မိတ်ကပ်ပညာရှင်က ပထမဆုံးမြင်ဖူးတာဖြစ်ပါသည်။
မိတ်ကပ်ပညာရှင်က လင်းဖန်၏ သရုပ်ဆောင်စွမ်းရည်များကို မသိသေးသော်လည်း သူ့မျက်နှာကို ကြည့်ရုံနဲ့တင် အထင်ကြီးမိနေပါပြီ။
သူမသာ နှစ်အများကြီး ပိုငယ်နေပါက လင်းဖန်ကို ကြိုက်လောက်သည်။
"ဟားဟား ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ။ တကယ်တော့ ဘယ်လိုပုံစံမျိုးရှိရှိ အရေးမကြီးပါဘူး။ အဓိက အချက်က ရုပ်သံဒရမ်မာတစ်ကား ရိုက်ကူးဖို့ သရုပ်ဆောင်စွမ်းရည်ကိုပဲ အာကိုးရမှာပါ။ ဒါမှ ပရိတ်သတ်က ကိုယ့်ရဲ့ သရုပ်ဆောင်စွမ်းရည်တွေကို မှတ်မိနေမှာ မဟုတ်လား။" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။
မိတ်ကပ်ပညာရှင်က ထိုစကားကိုကြားသောအခါ လင်းဖန်ကို သဘောတူစွာဖြင့် ကြည့်လိုက်ပါသည်။
သူက ဖြောင့်မတ်သော အနုပညာရှင်ဖြစ်ပြီး အလွန်ချောမောပါသည်။
မိတ်ကပ်လိမ်းပေးပြီးသွားသောအခါ ရိုက်ကူးရေး တရားဝင်စတင်ခဲ့ပါသည်။
ဘာပဲဖြစ်ဖြစ် သရုပ်ဆောင်အားလုံးမှာ ကိုယ်ပိုင် အချိန်ဇယားများ ရှိကြသည်။ ရိုက်ကူးရေးကို အရှိန်မြှင့်တင်ဖို့အတွက် ဇာတ်ဝင်ခန်းတချို့ကို ဆက်တိုက်ရိုက်ကူးရပါသည်။
အာရုံအစိုက်ခံရဆုံးက လင်းဖန်ဖြစ်သည်။
လင်းဖန်က ဒီရုပ်ရှင်မှာ ခေါင်းဆောင်မင်းသားဖြစ်သောကြောင့်ဖြစ်ပြီး ခေါင်းဆောင်မင်းသားတွင် ဇာတ်ဝင်ခန်းများစွာ ရှိသောကြောင့် ဖြစ်ပါသည်။
ထို့ကြောင့် ဇာတ်လမ်းအားလုံးက ခေါင်းဆောင်မင်းသားနဲ့သာ သက်ဆိုင်နေသည်။
ခေါင်းဆောင်မင်းသားငယ်စဥ်တုန်းက ပုံစံရိုက်ကူးဖို့ ကလေးသရုပ်ဆောင် သုံးရသည့် ပထမပိုင်းက လွဲပြီး နောက်ဆုံးအထိ လင်းဖန်က အားလုံးနဲ့ သရုပ်ဆောင်ရပါမည်။
လင်းဖန်၏ ပထမဆုံး ဇာတ်ဝင်ခန်းက ဖိုက်တင်ဇာတ်ဝင်ခန်းဖြစ်ပါသည်။
ဒါရိုက်တာ လုပမ်ခိုင်း၊ ဝန်ထမ်းတချို့၊ သိုင်းဒါရိုက်တာနဲ့ ပရိုဂျူဆာလျို့တို့လည်း ရှိနေကြာပြီး သူ့ဇာတ်ဝင်ခန်းကို စောင့်ကြည့်နေကြသည်။
ရှားဝမ်ချွေ့၊ ရှုယန်၊ စုရှောင်းယွီ၊ လင်းကျင်းကျင်းတို့လည်း လင်းဖန်၏ ပထမဆုံးဇာတ်ဝင်ခန်းကို စောင့်ကြည့်နေကြပါသည်။
အားလုံးက လင်းဖန်အတွက် စိတ်ပူပေးနေကြသည်။ သူ့သရုပ်ဆောင်စွမ်းရည်သာ မကောင်းပါက သူတို့အားလုံး သူ့ကို အတွေ့အကြုံများ မျှဝေပေးမည်ဖြစ်သည်။
"လင်းဖန် အရမ်းစိတ်မလှုပ်ရှားနဲ့။ ပထမဆုံးဒရမ်မာမှာ လူသစ်တစ်ယောက် အဆင်မပြေတာပုံမှန်ပဲ" လုပမ်ခိုင်းက ပြောလိုက်ပါသည်။ သူက လင်းဖန်ကို ပခုံးပုတ်ပေးလိုက်ပြီး ဘာဖိအားမှ မပေးချင်ပါ။
သရုပ်ဆောင်ခြင်းအတွက် အလွန်ကောင်းမွန်သော သရုပ်ဆောင်စွမ်းရည်များ လိုအပ်ပါသည်။ လုပမ်ခိုင်းက အပြင်ပိုင်းမှာ ဒီလိုပြောခဲ့သော်လည်း တကယ်တော့ အနည်းငယ် စိုးရိမ်နေပါသည်။
လင်းဖန်သာ သရုပ်ဆောင် မကောင်းမွန်ပါက ဒီဒရမ်မာ၏ အနှစ်ချုပ် အရည်အသွေးကို နိမ့်ကျသွားစေလိမ့်မည်။
ဒီဒရမ်မာ မအောင်မြင်တာမျိုးတောင် ဖြစ်နိုင်သည်။ ဇာတ်ညွှန်းက ဘယ်လောက်ပဲ ကောင်းနေပါစေ သရုပ်ဆောင်မှုက မကောင်းမွန်ပါက ပရိတ်သတ်မှာ ဒရမ်မာကို အသိအမှတ်မပြုဘဲ အဓိပ္ပာယ်မရှိသည့်ပုံပေါက်သွားနိုင်ပါသည်။
"လင်းဖန် မင်းလုပ်နိုင်ပါတယ်။" ရှုယန်က လင်းဖန်ကို အားပေးလိုက်ပါသည်။
လင်းဖန်၏ ပထမဆုံး ဇာတ်ဝင်ခန်းက အာရုံစိုက်မှု အများကြီး ရရှိခဲ့ပါသည်။ ဝါရင့်သရုပ်ဆောင်ကြီးများ ဖြစ်ကြသည့် ဆရာချန်နဲ့ ဆရာဝူတို့တောင် လင်းဖန်ဘေးမှာ ရပ်နေကြသည်။
လင်းဖန်က လူသစ်တစ်ယောက်ဖြစ်ပြီး သူ့သရုပ်ဆောင်စွမ်းရည် အခြေခံကလည်း မသန်မာပေ။
သူသရုပ်ဆောင်မကောင်းပါက ဒီဒရမ်မာ၏ အာနိသင် အများကြီး လျော့ကျသွားလိမ့်မည်။
လင်းဖန်က ရှားဝမ်ချွေ့နဲ့အတူ ခေါင်းဆောင်မင်းသားနဲ့ ခေါင်းဆောင်မင်းသမီးတို့အဖြစ် သရုပ်ဆောင်နေရခြင်း ဖြစ်သည်။ လင်းဖန်၏ သရုပ်ဆောင်မှုသာ တစ်ခုခု ဖြစ်သွားပါက အွန်လိုင်းပေါ်တွင် ဝေဖန်မှုများ ရှိလာနိုင်ပါသည်။
သိုင်းပညာဒါရိုက်တာနဲ့ ဆွေးနွေးပြီးနောက် လင်းဖန်နဲ့ ထျန်းကျစ်ကျင်းတို့ စတင်သရုပ်ဆောင်ခဲ့ကြပါသည်။
ဒီအပိုင်း၏ အဓိကဇာတ်လမ်းကတော့ လင်းဖန်က အပြစ်တင်ချောက်ချခံရပြီး တစ်ယောက်ယောက်က သူ့ကို သတ်ချင်နေခြင်း ဖြစ်သည်။ တရားရုံးတော်မှ လင်းဖန်ကိုသတ်ဖို့အတွက် ထျန်းကျစ်ကျင်းကို လျှို့ဝှက်အမိန့်ပေးခဲ့သည်။ ထို့နောက် လင်းဖန်နဲ့ တိုက်ခိုက်ခဲ့၏။ နောက်ဆုံးမှာတော့ လင်းဖန်က ထျန်းကျစ်ကျင်းကို သတ်ဖြတ်ချင်ယောင်ဆောင်လိုက်သည်။ သူ့မိဘများ၏ အဖြစ်မှန်ကို စုံစမ်းဖို့အတွက် ဦးလေးဝူကျူးကို နှုတ်ဆက်ပြီး မြို့တာ်သို့ လင်းဖန် တက်လာခဲ့ပါသည်။
ဒီအဖြစ်အပျက်များက ရိုးရှင်းသည့်ပုံပေါ်သော်လည်း သရုပ်ဆောင်စွမ်းရည်အများကြီး လိုအပ်သည်။ ချောက်ချခံရသည့်အခါ ဖြစ်သွားသည့် မျက်နှာထား၊ သူနဲ့ ပြိုင်ဘက်အကြားက တိုက်ပွဲ၊ ဇာတ်လိုက်၏ အတွေးများနဲ့ အမှန်တရားကို သိသွားသောအခါ ဖြစ်သွားမည့် မျက်နှာထားများ၊ အသေးစိတ်အားလုံးက အလွန်အရေးကြီးပါသည်။
"ဘဝရဲ့ပျော်ရွှင်မှုရိုက်ကူးရေး စတင်ပြီလို့ တရားဝင်ကြေညာပါတယ်" လုပမ်ခိုင်းက ပြောလိုက်သည်။ သူက အနည်းငယ် စိုးရိမ်နေသော်လည်း ထုတ်မပြခဲ့ပါ။
ရိုက်ကူးရေး တရားဝင်စတင်ပြီးသောအခါ လင်းဖန်က သူ့ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် စတင် သရုပ်ဆောင်ခဲ့ပါသည်။
ဒီဇာတ်ညွှန်းကို လင်းဖန်ရေးထားတာကို မေ့လို့မဖြစ်ပါ။ ဇာတ်ကောင်များကို ဘယ်လိုပုံသွင်းရမလဲဆိုတာ ဘယ်သူမှ လင်းဖန်ထက် ပိုမသိနိုင်ပေ။
သိုင်းပညာဇာတ်ဝင်ခန်းဖြစ်ဖြစ် တခြားအသေးစိတ်များဖြစ်ဖြစ် လင်းဖန်က အားလုံးကို ရှင်းလင်းစွာ သရုပ်ဆောင်ခဲ့သည်။
ပြီးတော့ ဇာတ်ကွက်ကို ရိုက်ကူးဖို့... တစ်ကြိမ်သာ ကြိုးစားခဲ့ရပါသည်။
ဒါရိုက်တာလုပမ်ခိုင်းနဲ့ ပရိုဂျူဆာလျို့တို့လည်း ဖန်သားပြင်ပေါ်က အာနိသင်များကို မြင်သောအခါ အလွန် ကြက်သေ သေသွားရပါသည်။
လင်းဖန်၏ သရုပ်ဆောင်စွမ်းရည်များက... တကယ်ပဲ ကောင်းမွန်လွန်းပါသည်။
အသေးစိတ်နဲ့ လုပ်ရပ်တိုင်းက ပြီးပြည့်စုံလွန်းသည်။ ဒါရိုက်တာ လုပမ်ခိုင်းကို အသာထား၊ ဘေးက သိုင်းပညာဒါရိုက်တာကြီးတောင် ဘာအပြစ်မှ ရှာာမရခဲ့ပါ။
လုပမ်ခိုင်း သူ့ဘဝသူ သံသယဖြစ်မိသွားပါသည်။
လင်းဖန်က လူသစ်မဟုတ်ဘူးလား။
လင်းဖန်၏ သရုပ်ဆောင်စွမ်းရည်ကို ဖော်ပြဖို့ တစ်နည်းသာရှိပါသည်။
နတ်ဘုရားအဆင့်ရှိတဲ့ သရုပ်ဆောင်စွမ်းရည်ပါလား။
ပြီးပြည့်စုံလွန်းတယ်။