← Chapters

အခန်း(၇၈) ရေခဲမုန့်ဖိုး ပြန်လျော်ပေး

Vol. 6 Ch. 78

အခန်း(၇၈) ရေခဲမုန့်ဖိုး ပြန်လျော်ပေး

Vol. 6 Ch. 78

အခန်း(၇၈) ရေခဲမုန့်ဖိုး ပြန်လျော်ပေး

ဒီဇာတ်ဝင်ခန်းက အရေးပါသည်။

အားလုံး၏ စိတ်ဝင်စားမှုကို ရရှိထား၏။

ခေါင်းဆောင်မင်းသားနဲ့ ခေါင်းဆောင်မင်းသမီးတို့မှာ ရုပ်သံဒရမ်မာတစ်ခု၏ အသက်ဝိညာဥ်များ ဖြစ်ကြသည်။ ဒါရိုက်တာ လုပမ်ခိုင်းနဲ့ ဝန်ထမ်းအားလုံးလည်း အတည်တကျ လုပ်ငန်း စတင်ကြ၏။

ရည်ရွယ်ချက်ကတော့ ဒီဇာတ်ဝင်ခန်းကို ကောင်းကောင်းရိုက်ကူးနိုင်ဖို့ ဖြစ်ပါသည်။

"ဒါရိုက်တာလု သူတို့ဒီဇာတ်ဝင်ခန်းကို ကောင်းကောင်းသရုပ်ဆောင်နိုင်မယ်လို့ထင်လား။ နည်းနည်း ခက်ခဲမယ်လို့ ငါခံစားမိတယ်။ ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်က အတွေ့အကြုံမှမရှိကြတာ" လျို့မူက ပြောလိုက်ပါသည်။

"ကြိုးစားကြည့်ကြတာပေါ့။ သူတို့ ကောင်းကောင်းမလုပ်နိုင်လည်း လေ့ကျင့်လို့ရတာပဲ။ ငါတို့ ဒီနေရာမှာ သရုပ်ဆောင်ကောင်းတဲ့ ဝါရင်သရုပ်ဆောင်တွေအများကြီးရှိတယ်။ သူတို့ တစ်ခါတည်းနဲ့ မလုပ်နိုင်ရင် ၁၀ ခါ ပြန်ရိုက်မယ်။ သူတို့ တဖြည်းဖြည်းနဲ့ အဆင်ပြေလာကြမှာပါ" လုပမ်ခိုင်းက ပြောလိုက်ပါသည်။ အားလုံး၏ စိုးရိမ်နေသော အကြည့်အောက်တွင် လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ ၎င်းတို့၏ ဇာတ်ဝင်ခန်းကို တရားဝင် စတင်ရိုက်ကူးတော့သည်။

ကင်မရာများက လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ကို အာရုံစိုက်ထား၏။

ဇာတ်ညွှန်းအရ လင်းဖန်က စားပွဲခင်းကို ဖြည်းဖြည်းချင်း မလိုက်ပြီး နတ်သမီးလေးလို လှပသည့် ကောင်မလေး ရှားဝမ်ချွေ့ကို တွေ့သွားပါလိမ့်မည်။

လင်းဖန်တစ်ယောက် မျက်လုံးများ ပြူးကျယ်သွားပြီး သူ့ဘေးက အရာအားလုံး ရပ်တန့်သွားသလို ခံစားလိုက်ရမည်။

လင်းဖန်က ရှားဝမ်ချွေ့ကို ကြည့်လိုက်ပြီး မြင်မြင်ချင်းအချစ်လို ခံစားချက်မျိုးကို ပြီးပြည့်စုံစွာ ဖော်ပြနိုင်ရမည်။

ထို့နောက် သူတို့၏ စကားဝိုင်းစတင်ရမည်။

"ငါမင်းကို မေးမယ်။ မင်းက လုပ်ကြံသတ်ဖြတ်သူလား။"

"မဟုတ်ပါဘူး။"

"အင်မော်တယ်တစ်ယောက်က စေလွှတ်လိုက်တာလား။"

"မဟုတ်ပါဘူး။"

"ဒါပေမယ့် ဟုတ်တယ်လို့ ငါတော့ ထင်နေတယ်နော်။"

ထို့နောက် ချက်ချင်းပဲ သူတို့ စားပွဲအောက်မှ ဖြည်းညှင်းစွာ ထလိုက်ကြသည်။

ရှားဝမ်ချွေ့တွင် မယုံကြည်နိုင်စရာ ကောင်းလောက်သော အလှမျိုးရှိနေပြီး နန်းတွင်းအဝတ်အစားများ ဝတ်ထားသောအခါ အလွန်စင်ကြယ်ပြီး လှပသည်။ သူမက အဖြူရောင် ဂါဝန်တစ်စုံကို ဝတ်ဆင်ထားပြီး သူဌေးသမီးတစ်ယောက်နဲ့ တူနေပါသည်။ ထိုအချိန်တွင် ဇာတ်ဝင်ခန်းက ထပ်ပြီး ရပ်တန့်သွားရမည်။

ဇာတ်လိုက်လင်းဖန်ကတော့ အရင်က ဒဏ်ရာကြောင့် သွေးများ ပါးစပ်ထဲမှ ထွက်လာသည်။

"ရှင်ဘာဖြစ်တာလဲ" ခေါင်းဆောင်မင်းသမီး ရှားဝမ်ချွေ့က မေးလိုက်ပါသည်။

"ငါသွေးချောင်းဆိုးလေ့ရှိလို့ပါ" လင်းဖန်က ပြန်ပြောလိုက်၏။

ထို့နောက် နောက်ပိုင်း ဇာတ်ဝင်ခန်းတွင် ရှားဝမ်ချွေ့က ထွက်ပြေးသွားသည်။ အဆိုပါ ဇာတ်ဝင်ခန်းက မိန်းကလေးတစ်ယောက်၏ နောက်ကြောင်းအလှနဲ့ ထူးခြားသည့် ရှက်သွေးဖြာမှုတို့ကို ပြီးပြည့်စုံစွာ ဖော်ပြနေသည်။

ဇာတ်ဝင်ခန်းတစ်ခုလုံးက ချောမွေ့လွန်းလှပါသည်။

လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့နှစ်ယောက်စလုံး ခေါင်းဆောင်မင်းသားနဲ့  မင်းသမီးတို့ ပထမဆုံး တွေ့သည့် ခံစားချက်မျိုးကို ပေါ်လွင်အောင် သရုပ်ဆောင်နိုင်ခဲ့ပါသည်။

သရုပ်ဆောင်မှု ပြီးဆုံးသွားသောအခါ ရိုက်ကူးရေးအဖွဲ့ထဲက လူအားလုံး ကြောင်ကြည့်နေကြသည်။

ဒါက လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ အချစ်ရေးဇာတ်ဝင်ခန်းရိုက်ဖူးတာ ပထမဆုံးအကြိမ်ဖြစ်သည်။ သရုပ်ဆောင်မှုက အလွန် စစ်မှန်နေပြီး တစ်ချိန်လုံးချောမွေ့နေခဲ့ပါသည်။ လင်းဖန်၏ မြင်မြင်ချင်း အချစ်ခံစားချက်ကော၊ ရှားဝမ်ချွေ့ရဲ့ သရုပ်ဆောင်စွမ်းရည်ကော ကောင်းမွန်လွန်းပါသည်။ ဘာပဲဖြစ်ဖြစ် ဒီဒရမ်မာထဲမှာ ရှားဝမ်ချွေ့က လင်းဖန်၏ ဇနီးလောင်း ဖြစ်သည်။ သူတို့နှစ်ယောက်အကြား ဇာတ်ဝင်ခန်း အများကြီး ရှိလာပါလိမ့်မည်။

"လခွမ်း... လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ သရုပ်ဆောင်တာ အရမ်းတော်တာပဲ။ ဘာအပြစ်အနာအဆာမှ မရှိဘူး။ လင်းဖန်ရဲ့ မြင်မြင်ချင်းအချစ်က ငါထင်ထားတာထက် လုံးဝ ကျော်လွန်သွားပြီ။"

"သူတို့နှစ်ယောက် အရင်တုန်းက အချစ်ရေးဇာတ်ဝင်ခန်း တစ်ခါမှ မရိုက်ဖူးဘူးမလား။ ဘာလို့ ပထမဆုံး အချစ်ရေးဇာတ်ဝင်ခန်းမှာ အရမ်းတော်နေကြတာလဲ။ သူတို့ လုံးဝ ကိုယ့်ပုံစံနဲ့ကိုယ် သရုပ်ဆောင်နေကြတာပဲ။"

"ချိုမြိန်လိုက်တာ။ ငါက သရုပ်ဆောင်ဖြစ်နေတာတောင် စိတ်ခံစားမိသွားပြီ။ ရှားဝမ်ချွေ့က လင်းဖန်ရဲ့ ပခုံးကို အထက်တန်းကျောင်းတုန်းက မှီနေတဲ့ ပုံကို ပြန်သတိရသွားစေတယ်။ အရမ်းချိုမြိန်လွန်းလို့ ပေါက်ထွက်သွားတော့မလားပဲ။ သူတို့နှစ်ယောက် အတူတူ ကောင်းကောင်း သရုပ်ဆောင်နိုင်လိမ့်မယ်လို့ မထင်ခဲ့မိဘူး။"

"တကယ် အံ့သြဖို့ ကောင်းတာပဲ။ ဒီရှိုးကိုသာ တကယ်ထုတ်လွှင့်လိုက်မယ်ဆိုရင် ဘယ်လို တုန့်ပြန်မှုတွေ ရလာမလဲဆိုတာတောင် မသိတော့ဘူး။ ရှားဝမ်ချွေ့က လူတိုင်းရဲ့ ရင်ထဲမှာ နတ်သမီးတစ်ပါးပဲ။ သူ့ရဲ့ ပထမဆုံး ဇာတ်ဝင်ခန်းကလည်း အရမ်းလှပတာပဲ။"

"လင်းဖန်ရဲ့ သရုပ်ဆောင်စွမ်းရည်တွေကလည်း တကယ့်ကို... ပြီးပြည့်စုံတယ်။ သိုင်းဇာတ်ဝင်ခန်းရိုက်တာတင် မဟုတ်ဘူး။ သာမန်ဇာတ်ဝင်ခန်း ရိုက်တာမှာပါ တော်တယ်။ အခု သူ့အချစ်ရေးဇာတ်ဝင်ခန်းတွေကတောင် ပြီးပြည့်စုံလွန်းနေပြီ။"

သရုပ်ဆောင်များစွာက အံ့သြကုန်ကြပါသည်။ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့၏ သရုပ်ဆောင်မှုကို  မြင်ပြီးနောက် သူတို့နှစ်ယောက် တကယ် ချစ်ကြိုက်နေကြသည်ဟုပင် ခံစားသွားမိပါသည်။

ထို့ကြောင့် သရုပ်ဆောင်များစွာလည်း ဒီဒရမ်မာကို အောင်မြင်လိမ့်မယ်ဟု ပိုပြီး ယုံကြည်လာကြပါသည်။

ဒါရိုက်တာ လုပမ်ခိုင်းနဲ့ ပရိုဂျူဆာလျို့မူတို့က လက်ခုပ်တီးအားပေးလိုက်ကြပါသည်။

သူတို့နှစ်ယောက် အချင်းချင်း ဖော်မပြနိုင်သော အံ့အားသင့်မှုများဖြင့် ကြည့်လိုက်ကြသည်။

လင်းဖန်က ချောလွန်းကာ ရှားဝမ်ချွေ့က လှလွန်း၏။ သူတို့ရဲ့ သရုပ်ဆောင်စွမ်းရည်များဖြင့် ပေါင်းစည်းလိုက်လျှင် သူတို့ တင်ဆက်သည့် လက်ရာမှာ ပြီးပြည့်စုံလွန်းပါသည်။

"လင်းဖန် ရှားဝမ်ချွေ့ မင်းတို့ရဲ့ သရုပ်ဆောင်စွမ်းရည်တွေကို အထင်ကြီးမိသွားပြီလို့ ပြောရတော့မယ်ကွာ။ ဒီလို အခြေအနေကို ဆက်ပြီး ထိန်းသိမ်းသွားနိုင်မယ်ဆိုရင် ဒီဒရမ်မာက သေချာပေါက် ရေပန်းစားလာမှာပဲ။" လုပမ်ခိုင်းက ချီးကျူးလိုက်ပါသည်။

လျို့မူလည်း ခေါင်းငြိမ့်လိုက်ပါသည်။ "ဒီဇာတ်ကောင်နှစ်ကောင်က မင်းတို့နဲ့ လုံးဝ ကိုက်ညီတယ်လို့ ခံစားမိတယ်။ မင်းတို့ကို ဘယ်သူမှ အစားထိုးလို့မရဘူး။ မင်းတို့ထက် ဘယ်သူမှ ပိုကောင်းအောင် သရုပ်ဆောင်နိုင်မှာ မဟုတ်တော့ဘူး။"

"မြှောက်မပြောပါနဲ့ဗျာ။ ဝမ်ချွေ့နဲ့ ကျွန်တော်တို့က ကိုယ့်ပုံစံအတိုင်းပဲကိုယ် သရုပ်ဆောင်နေကြတာပါ။ ဒီဇာတ်ကောင်နှစ်ကောင်က ကျွန်တော်တို့နဲ့ တကယ်ကိုက်ညီလို့လေ။" လင်းဖန်က ပြုံးလိုက်ပါသည်။

ရှားဝမ်ချွေ့က ရှက်သွေးဖြာသွားပြီး လင်းဖန်ကို ကိုက်ချင်သွားသည်။

သူမက လင်းဖန်အတွက် သူမ၏ ခံစားချက် အမှန်အတိုင်း သရုပ်ဆောင်နေတာ မဟုတ်ပေ။

သူမက ဇာတ်လမ်းထဲမှာ လင်းဖန်၏ ဇနီးလောင်း ဖြစ်ပါသည်။ လင်းဖန်နဲ့ လက်တွေ့ဘဝမှာ ဒီလောက် နီးကပ်သည့် ဆက်ဆံရေးမျိုး မရှိသေးပါ။

သူမ၏ ခံစားချက် အမှန်အတိုင်း သရုပ်ဆောင်နေတာ မဟုတ်ပါ။ အကျင့်မကောင်းတဲ့ လင်းဖန်က သူမကို အနိုင်ထပ်ကျင့်နေပြန်ပြီ။

သို့သော်လည်း ရှားဝမ်ချွေ့က ထုတ်ပြောလို့ မရသေးပါ။ သို့မဟုတ် စိတ်ဆိုးကြောင်းတောင် ပြလို့မ ရသေးပါ။

သူမနဲ့ လင်းဖန်တို့က အားလုံးရှေ့မှာတော့ လုပ်ဖော်ကိုင်ဖက်များသာ ဖြစ်သည်။

ဒီမှာ လူတွေ အများကြီး ရှိနေသည်။ သတင်း တစ်ခုခု ထွက်လာပါက အွန်လိုင်းပေါ် အချိန်မရွေး ရောက်သွားနိုင်ပါသည်။

လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ ထွက်သွားတာကိုကြည့်ပြီး သူတို့နောက်ကျောကိုကြည့်ကာ ရှုယန် ခါးသီးသွားပါသည်။

သူ့ကို လျစ်လျူရှုကြပြန်ပြီလား။

တခြားသူတွေကသာ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့၏ ဆက်ဆံရေးကို မသိသော်လည်း ရှုယန်ကတော့ သိပါသည်။

သူတို့နှစ်ယောက်အကြား အသေးစိတ်အချက်များနဲ့ တချို့ အပြုအမူအသေးစားလေးများက သာမန် မိတ်ဆွေမျိုးလုပ်မည့်အရာများ မဟုတ်ကြပါ။

ဥပမာအားဖြင့် ရှားဝမ်ချွေ့က လင်းဖန်ရှေ့တွင် ကြောင်နားရွက်ဦးထုပ်တစ်ခုကို ဆောင်းပြီး ချစ်ဖို့ကောင်းသော အမူအယာများ လုပ်ပြတတ်သည်။

သို့သော်လည်း ရှားဝမ်ချွေ့က ရှုယန်ရှေ့မှာတော့ အလွန် အိန္ဒြေရှိ၏။ သူမ ခပ်ခွာခွာနေပြီး ပြုံးသာ ပြုံးသည်။ ဘာချစ်ဖို့ကောင်းတဲ့ အမူအယာမှ မတွေ့ရပါ။

စုရှောင်းယွီကသာ တစ်ခါတစ်လေ ရှုယန် ရှေ့မှာ ချစ်ဖို့ကောင်းပြတတ်ပါသည်။ ဒါကလည်း စုရှောင်းယွီ၏ စရိုက်ပဲဖြစ်သည်။ အားလုံးအပေါ်မှာလည်း သူမ ဒီလိုပဲ ပြုမူပါသည်။

နတ်သမီးလေးတစ်ပါးက တခြားသူတွေရှေ့မှာ ချစ်ဖို့ကောင်းအောာင် ပြုမူပြီး ကိုယ့်ရှေ့မှာ ခပ်ခွာခွာ နေသဖြင့် ရှုယန်အားလုံး နားလည်ပါသည်။

သူ့နတ်သမီးအိပ်မက်လေး ပျက်စီးသွားရပြီ။

ရိုက်ကူးရေး ရှေ့ဆက်ခဲ့ပါသည်။ ရာသီဥတုက ပူပြီး အဝတ်အစားများက နွေးထွေးနေ၏။

လင်းဖန်က ရေခဲမုန့်တချို့ ဝယ်လာပြီး ထီးတစ်ချောင်းကိုင်ကာ ရှားဝမ်ချွေ့ဘေးသို့ တိတ်ဆိတ်စွာ လျှောက်လာခဲ့သည်။

"ဟင်" ရှားဝမ်ချွေ့က သူမ၏ လှပသော မျက်လုံးလေးများကို ပင့်မော့ကာ လင်းဖန်ကို ကြည့်လိုက်သည်။

"နင် ရေခဲမုန့်စားဦးမလား။" လင်းဖန်က ရေခဲမုန့်တစ်ခု ပေးလိုက်ပြီး ထီးကို နောက်တစ်ဖက်ဖြင့် ကိုင်ထားသည်။ ထီး၏ အရိပ်အများစုက ရှားဝမ်ချွေ့အပေါ်မှာသာ ရှိနေပါသည်။

ရှားဝမ်ချွေ့ ရေခဲမုန့်ကိုမြင်တော့ မျက်လုံးများ ဝိုင်းစက်သွားပြီး မျက်နှာလေး အနည်းငယ် နီရဲသွားပါသည်။ "ငါ့ကို ရေခဲမုန့်ဖွင့်ပေးဦး။"

"အေးပါ" လင်းဖန်က ခေါင်းငြိမ့်လိုက်ပါသည်။ ရေခဲမုန့်ကို ဖောက်ပြီးသောအခါ ရှားဝမ်ချွေ့ကို ပေးလိုက်ပါသည်။

"ကျေးဇူးတင်ပါတယ် အရာရှိကြီး" ရှားဝမ်ချွေ့က ချိုမြိန်စွာပြောလိုက်ပါသည်။ သူမ လက်နှစ်ဖက်ကိုစုကာ အနည်းငယ် ဦးညွှတ်လိုက်၏။ သူမက ဒရမ်မာကားထဲက ခေါင်းဆောင်မင်းသမီးလိုပင်။ အင်မော်တယ်နဲ့ တကယ့်နတ်သမီးလေးတစ်ပါးလိုပင်။

ရှားဝမ်ချွေ့ ရုတ်တရက်ကြီး သရုပ်ဆောင်နေတာကို လင်းဖန်မြင်လိုက်ရပါသည်။ ထို့အပြင် သူမက လှပလွန်းသဖြင့် သူရင်ခုန်သွားမိသည်။

လင်းဖန်၏ ပါးစပ်ထဲက ရေခဲမုန့်များ မြေကြီးပေါ်သို့ ပြုတ်ကျသွားပါသည်။

"ဟီးဟီးဟီး" ရှားဝမ်ချွေ့က လင်းဖန်၏ ရှက်ရွံ့နေသော မျက်နှာထားကို ကြည့်ကာ တခစ်ခစ် ရယ်မောလိုက်ပါသည်။ သူမ၏ အပြုံးက လှပလွန်းသဖြင့် လင်းဖန် အရည်ပျော်သွားရသည်။

"အရူးမလေး ငါ့ ရေခဲမုန့်ဖိုး ပြန်လျော်ပေး" လင်းဖန် စိတ်ဆိုးသွားသည်။ ဒီလို ပူပြင်းသည့်နေ့မျိုးမှာ ရေခဲမုန့်က သက်ကယ်ဆေး ဖြစ်ပါသည်။

"မပေးဘူး ငါပြေးတော့မယ်~" ရှားဝမ်ချွေ့ထွက်ပြေးသွားပါသည်။

လင်းဖန်က အနောက်ကလိုက်ပြီး ရှားဝမ်ချွေ့က အရှေ့က ပြေးနေပါသည်။

ရာသီဥတုက ပူပြင်းပြီး လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ နှလုံးသားကလည်း နွေးထွေးနေပါသည်။

ရှုယန် ရှားဝမ်ချွေ့ကို ရေခဲမုန့်ပေးဖို့ ပြင်လိုက်စဥ် အားလုံးကိုမြင်သွားပါသည်။

ဘုတ်။

ရှုယန်၏ ရေခဲမုန့် မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။

All Chapters