← Chapters

အခန်း(၇၉) လင်းဖန်ရဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့် မြောပါသွားတယ်

Vol. 6 Ch. 79

အခန်း(၇၉) လင်းဖန်ရဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့် မြောပါသွားတယ်

Vol. 6 Ch. 79

အခန်း(၇၉) လင်းဖန်ရဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့် မြောပါသွားတယ်

ရှုယန်က မြေကြီးပေါ်မှ ရေခဲမုန့်ကို ကြည့်လိုက်ပါသည်။ ထို့နောက် ကောက်လိုက်ပြီး တိတ်ဆိတ်စွာဖြင့် အမှိုက်ပုံးထဲထည့်လိုက်သည်။

ရာသီဥတုက ပူပြင်းသော်လည်း ရှုယန်၏ နှလုံးသားက အေးစက်နေပါသည်။

ဘာလို့ သူ မလုပ်နိုင်တဲ့အရာတိုင်းကို လင်းဖန်က လုပ်နိုင်နေတာလဲ။

ထို့အပြင် သူတို့နှစ်ယောက်က ယှဥ်ပြိုင်နေကြဆဲဖြစ်သည်။

ထိုအချိန်တွင် လင်းကျင်းကျင်းက ရှုယန်ဘေးသို့ လျှောက်လာပြီး သူ့ကို ဓာတ်ဆားရေတစ်ဗူး ပေးလိုက်ပါသည်။ သူမ၏ သာယာသော အသံလေး ထွက်လာာ၏။ "ရေသောက်ဦးမလား။"

"ကျေးဇူးတင်ပါတယ်" ရှုယန်က ခေါင်းငြိမ့်လိုက်ပါသည်။ သူ့ဘေးက လင်းကျင်းကျင်းကို ကြည့်လိုက်ပြီး သူ့ကမ္ဘာကြီးက ထင်သလောက် အထီးမကျန်မှန်း သိလိုက်ရသည်။

"ရှင် ဝမ်းနည်းနေတာလား။ ကျွန်မ သီချင်းဆိုပေးရမလား။" လင်းကျင်းကျင်းက ရှုယန်ဘေးမှာ ထိုင်နေပါသည်။ သူမ ခြေထောက်ကို စုထားပြီး လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့၏ ရန်ပွဲကို ကြည့်နေပါသည်။

"အင်း" ရှုယန်က ခေါင်းငြိမ့်လိုက်ပါသည်။

"ဒါဆို 'Miss you 3000' ဆိုပြမယ်" လင်းကျင်းကျင်းက သီချင်းစဆိုလိုက်ပါသည်။ သူမ၏ သီချင်းဆိုသံက ကောင်းမွန်လှသည်။ ရှုယန်ကလည်း လင်းကျင်းကျင်း၏ သီချင်းဆိုသံကို တိတ်ဆိတ်စွာ နားထောင်နေပါသည်။

"မင်းက အဆို တကယ်ကောင်းတာပဲ။" ရှုယန်ကချီးကျူးလိုက်သည်။

"ကျေးဇူးပါ။ ကျွန်မ အလုပ်သွားလုပ်တော့မယ်နော်။" လင်းကျင်းကျင်းက ပျော်ရွှင်စွာ ခေါင်းငြိမ့်လိုက်ပြီး ခပ်သွက်သွက် ပြေးထွက်သွားပါသည်။

"မင်းဘာလုပ်မလို့လဲ" လင်းကျင်းကျင်း ဓာတ်ဆားရေဗူး တစ်ဝက်လောက် သယ်နေတာကို မြင်သောအခါ ရှုယန်က မေးလိုက်ပါသည်။

လင်းကျင်းကျင်းက ခပ်လှမ်းလှမ်းမှ လင်းဖန်ကို လက်ညှိုးထိုးပြလိုက်ပါသည်။ "လင်းဖန်က အရမ်းကြိုးစားပြီး ရိုက်ကူးရေးလုပ်ထားရတာလေ။ သူ့ကို ဓာတ်ဆားရေဗူးတစ်ဝက်လောက် သွားပေးပြီး ရေခဲမုန့်နှစ်ခုလောက် ဝယ်ကျွေးမလို့ လိုက်ခဲ့ဦးမလား။"

ရှုယန်က သူ့လက်ထဲက ဓာတ်ဆားရေဗူးကို ကြည့်လိုက်သည်။ ထို့နောက် လင်းကျင်းကျင်းကို ပြန်ကြည့်ကာ ခေါင်းခါလိုက်ပါသည်။

လင်းကျင်းကျင်း ဓာတ်ဆားရေဗူးတစ်ဝက်လောက် လင်းဖန်ဆီသို့ သယ်သွားတာကိုမြင်ပြီး ရေခဲမုန့်တောင် ဝယ်ကျွေးချင်သည်ဟု ဆိုသဖြင့် နောက်တစ်ဖန် ရှုယန်တစ်ယောက် သူနဲ့ လင်းဖန်တို့အကြားက ခြားနားချက်ကို ခံစားလိုက်ရပါသည်။

လင်းကျင်းကျင်း သူ့ဘေးကို ရောက်လာတော့ သူ့ရှေ့မှာရှိနေတဲ့လူကို တန်ဖိုးထားသင့်သည်ဟူသော စိတ်ကူးယဥ်အတွေးမျိုး ဝင်လာခဲ့၏။

ထို့နောက် သူ့ရှေ့မှာရှိနေတဲ့လူက ဓာတ်ဆားရေဗူးများစွာကို သယ်သွားပြီး လင်းဖန်ဆီသို့ ရောက်သွားပါသည်။

ဒီတစ်ခေါက်တော့ ရှုယန် စိတ်ဓာတ်ပြိုလဲသွားသည်။ ဒီလိုမဖြစ်သင့်ဘူးလေ။

ဒါဆို လင်းကျင်းကျင်းက လမ်းကြုံလို့ သူ့ကို ဓာတ်ဆားရေ ဝင်ပေးသွားတာပေါ့...

သီချင်းဆိုတာကတော့ သူ့ဖာသာသူ ဆိုချင်လို့ဖြစ်မယ်...

ရှုယန်က သူ့ကို သူမ သဘောကျနေသည်ဟု အထင်ပင် မှားယွင်းခဲ့ပါသည်။

အခုတော့ သူ့ရှေ့က လက်တွေ့အမှန်တရားကို မြင်လိုက်ရသဖြင့် လက်တွေ့ဘဝ၏ ရက်စက်မှုကို ရှုယန် နောက်ဆုံးတော့ နားလည်သွားပါသည်။

သူလည်း ရေခဲမုန့်စားချင်ပါသည်။ ဘာကြောင့် လင်းကျင်းကျင်းက သူ့ကိုတော့ ရေခဲမုန့် ဝယ်မကျွေးရတာလဲ။

တစ်ဖက်မှာတော့ ယန်ချင်းက လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ ရှေ့သို့ ပြေးလာပါသည်။ ယန်ချင်းက အနည်းငယ် စိတ်ဖိစီးနေပါသည်။ ရှားဝမ်ချွေ့က ယွဲ့ဟွာ၏ ဆိုင်းဘုတ်ဖြစ်ပြီး လူများစွာ၏ ရင်ထဲက နတ်သမီးလေး ဖြစ်ပါသည်။

အင်တာနက်ပေါ်မှာ ရှားဝမ်ချွေ့၏ ပရိတ်သတ် ဘယ်လောက်များကြောင်း ပြောနေဖို့ပင် မလိုတော့ပါ။ အနုပညာလောကမှာတောင် လူများစွာက ရှားဝမ်ချွေ့ကို သဘောကျကြပါသည်။

ရှားဝမ်ချွေ့၏ ပုံစံ၊ စိတ်ဓာတ်နဲ့ စရိုက်တို့က အားလုံး သဘောကျချင်စရာပဲဖြစ်သည်။

ထို့အပြင် ရှားဝမ်ချွေ့၏ မိသားစုနောက်ခံကလည်း အလွန်ရိုးရှင်းပါသည်။ သူမက အမြဲလိုလို နှိမ့်ချနေတတ်ပြီး ရိုးရှင်းကာ လှပသည်။ ကိုယ်ပိုင်စည်းမျဥ်းများလည်း ရှိ၏။ အကြင်နာပေးခန်းလည်း တစ်ခါမှ မရိုက်ဖူးသဖြင့် တခြား အမျိုးသား သရုပ်ဆောင်များက သူ့ကို ပိုပြီးသဘောကျသွားကြပါသည်။

"ဝမ်ချွေ့ ငါတို့ ရိုက်ကူးရေးမှာပဲ ရှိသေးတယ်နော်။ အိန္ဒြေကို ထိန်းပါဦး။ ခပ်ခွာခွာနေသင့်ရင် နေရမယ်။ နေ့တိုင်း ပူးကပ်နေလို့ပဲ မရဘူး။" ယန်ချင်းက ခါးသက်သောမျက်နှာဖြင့် ပြောလိုက်ပါသည်။

ဗီဒီယိုတစ်ခု ပျံ့နှံ့သွားလျှင် ဇာတ်ညွှန်းအကြောင်း ဆွေးနွေးနေသည်ဟု ဆင်ခြေပေးပြီး ဖြေရှင်းနိုင်သည်။

သို့သော်လည်း ရိုက်ကူးရေးအဖွဲ့သားများက ငတုံး မဟုတ်ပါ။

လူတိုင်းမြင်ကြသည်။ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့၏ ဆက်ဆံရေးက တကယ်ပဲ ပုံမှန် မဟုတ်ပါ။ "လင်းဖန် နင်ကောပဲ နင့်ရဲ့အချစ်ကို ထုတ်ပြချင်ရင်တောင် အရမ်းလွန်လွန်ကြူးကြူးလုပ်လို့မဖြစ်ဘူး။ မဟုတ်ရင် အားလုံး မျက်နှာပူကုန်မယ်။” ယန်ချင်းကော ပြောလိုက်ပါသည်။ သူမက မန်နေဂျာတစ်ယောက်သာ ဖြစ်သဖြင့် အရမ်းကြမ်းကြမ်းတမ်းတမ်းတော့ မပြောရဲပါ။

ရှားဝမ်ချွေ့က ထိုစကားကို ကြားသောအခါ မျက်နှာနီရဲသွားပြီး လင်းဖန်ကို စိတ်ဆိုးစွာ ကြည့်လိုက်သည်။ "ကျွန်မ သူနဲ့ ဘာမှမလုပ်ပါဘူး။ ဇာတ်ညွှန်းအကြောင်း ဆွေးနွေးနေတာပါ။" ရှားဝမ်ချွေ့က လင်းဖန်ကို ကာကွယ်ပေးကာ ပြောလိုက်ပါသည်။

"အစ်မယန် ကျွန်တော်တို့ တကယ် ဇာတ်ညွှန်းအကြောင်း ဆွေးနွေးနေတာပဲ။ ရာသီဥတု ပူပူပြင်းပြင်းမှာ ကောင်မလေးတစ်ယောက်ကို ထီးမိုးပေးထားတာလည်း သာမန်ပဲကို။ ရေခဲမုန့်စားတာကလည်း ကိုယ်အပူချိန် လျော့နည်းအောင်လို့ပါဗျာ။" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။

"ဟုတ်ပါပြီ... ဒါဆိုလည်း အရမ်းမလွန်အောင် သတိထားကြ။ နင်တို့ မထိန်းနိုင်မသိမ်းနိုင်တော့ရင်.... အခန်းထဲ သွားကြ" ယန်ချင်းက သက်ပြင်းချလိုက်သည်။ ဒါသူမ၏ နောက်ဆုံးစကားပဲ ဖြစ်ပါသည်။ သူတို့ နေ့ခင်းကြောင်တောင်ကြီးတော့ ဒီလိုလုပ်လို့မရဘူးမဟုတ်လား။

ယန်ချင်းသည် ထိုစကားပြောပြီးသွားသောအခါ ထွက်သွားခဲ့ပါသည်။

သူမ ဒီမှာဆက်နေလို့မဖြစ်တော့ပါ။ နေ့တိုင်း မျက်နှာပူနေရပါသည်။

အဓိက အချက်က လင်းဖန်၏ ရှားဝမ်ချွေ့တို့၏ သရုပ်ဆောင်စွမ်းရည်က ကောင်းလွန်နေသောကြောင့် ဖြစ်ပါသည်။ သူတို့မှာ ဘာအပြစ်အနာအဆာမှ မရှိသဖြင့် ဘယ်သူမှ မတတ်နိုင်ကြပါ။

နောက်တစ်လဝန်းကျင်ကျော်ကျော်တွင်...။

ဘဝရဲ့ပျော်ရွှင်မှု ရိုက်ကူးရေးကို  သာမန်အတိုင်းပဲ ဆောင်ရွက်ခဲ့ပါသည်။ ရိုက်ကူးရေး လုပ်ငန်းစဥ်တစ်ခုလုံးက အလွန်ချောမွေ့လွန်းလှပါသည်။

ဘဝရဲ့ပျော်ရွှင်မှု၏ ဇာတ်လိုက်များက အားလုံးတော်ကြသော သရုပ်ဆောင်များဖြစ်ကြပါသည်။ ထို့အပြင် ဝါရင့်သရုပ်ဆောင်များစွာလည်း ပါသေးသည်။

ဒရမ်မာတစ်ခုလုံး၏ အခြေအနေက ချက်ချင်းဆိုသလိုပဲ မြင့်တက်သွားခဲ့သည်။

လင်းဖန်၏ ရှားဝမ်ချွေ့တို့၏ သရုပ်ဆောင်မှု၊ ဇာတ်ညွှန်းအပြည့်အစုံအပြင် လင်းဖန်က လုပမ်ခိုင်းကို အများကြီး ကူညီခဲ့ပါသည််။ ရုပ်သံဒရမ်မာ တစ်ခုလုံးအား အလွန်လျှင်မြန်စွာ ရိုက်ကူးနိုင်ခဲ့ပါသည်။

အလုပ်အများဆုံးက ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ဖြစ်ပါသည်။ သူတို့နှစ်ယောက်က "Keep Running" ရသစုံရှိုးကိုလည်း အချိန်ပေး ရိုက်ကူးရပါသေးသည်။

တစ်လကျော်လောက် အချိန်ကြာသောအခါ ဇာတ်ညွှန်းတစ်ဝက်လောက်ကို ရိုက်ကူးပြီးသွားပြီဖြစ်ပါသည်။

ရိုက်ကူးရေးလုပ်ငန်းစဥ်တစ်ခုလုံးက ချွင်းချက်မရှိ ချောမွေ့လွန်းလှပါသည်။ ရက်ပိုင်းအတွင်း ပြီးမြောက်ပါတော့မည်။

ဒီအချိန််တောအတွင်း လုပမ်ခိုင်းက လင်းဖန်ကို လုံးဝ အထင်ကြီးနေမိပါပြီ။

"ဟုတ်ပြီ။ ဒီအပိုင်းတော့ ပြီးသွားပြီ။"

"တစ်လကျော်လောက် ကြာနေပြီ။ ဒါပေမယ့် လင်းဖန်ရဲ့ ဇာတ်ဝင်ခန်းတွေကို ဘယ်တော့မှ နှစ်ခါပြန်မရိုက်ရဘူး။ သူက အမြဲတမ်းနီးပါး တစ်ခေါက်တည်းနဲ့ ရတယ်။ သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်တွေက... ပြီးပြည့်စုံလွန်းတယ်" လုပမ်ခိုင်းက ပြုံးကာ ပြောလိုက်ပါသည်။

ဝါရင့်သရုပ်ဆောင် ဆရာချန်က ခေါင်းငြိမ့်ကာ ပြောလိုက်ပါသည်။ "ငါလည်း အရင်တုန်းက သရုပ်ဆောင်တွေ အများကြီးနဲ့ အလုပ်လုပ်ဖူးပါတယ်။ လင်းဖန်ရဲ့ သူ့သရုပ်ဆောင်စွမ်းရည်နဲ့ အရှိန်အဝါတွေကို ထိန်းချုပ်နိုင်စွမ်းက အားလုံး သန်မာကြတယ်။ ဒါက လင်းဖန်ရဲ့ ပထမဆုံး ရုပ်သံဒရမ်မာ မဟုတ်လား။ နောက်ထပ် ရှိုးနည်းနည်းလောက် ထပ်ပြီး ရိုက်မယ်ဆိုရင် တိုးတက်မှုက ပိုပြီးတောင် များလာဦးမယ်။ ပြီးတော့ ငါတို့ သရုပ်ဆောင်ဟောင်းတွေကိုပါ ကျော်သွားနိုင်တယ်။”

လင်းဖန်က ထိုစကားကို ကြားသောအခါ ပြုံးပြီး ပြောလိုက်ပါသည်။ "ဆရာချန်နဲ့ ဆရာဝူတို့က ကျွန်တော့် စီနီယာကြီးတွေပါဗျာ။ ဆရာတို့ဆီက သင်ယူစရာတွေ အများကြီး ရှိပါသေးတယ်။”

ထိုစကားကြားသောအခါ ဆရာချန်က ပြုံးလိုက်ပါသည်။ သရုပ်ဆောင်စွမ်းရည်နဲ့ အစွမ်းအစရှိပြီး ကျိုးနွံတတ်သည့် လင်းဖန်လို လူသစ်သရုပ်ဆောင်များက ရှားပါသည်။

အရင်တုန်းက ဆရာချန် လူငယ်သရုပ်ဆောင်များစွာကို အထင်သေးခဲ့ပါသည်။ အဘယ့်ကြောင့်ဆိုသော် ထိုလူငယ်သရုပ်ဆောင်များက အနာမခံချင်ကြသောကြောင့်ဖြစ်ပါသည်။ သူတို့ လက်ချောင်းလေး ရှမိတာတောင် အလုပ်ဆက်မလုပ်ချင်ကြတော့ပေ။ သူတို့ စာသားများကို မှတ်သားရာတွင် ၁၂၃၄၅၆၇ အော်နေရ၏။ ရလဒ်အနေဖြင့် နိုင်ငံတော်၏ အနုပညာလောက တစ်ခုလုံးတွင် လက်ရာကောင်းများ မရှိတော့ပါ။ ရုပ်သံဒရမ်မာနဲ့ ဇာတ်ကားများထဲတွင် ထူးခြားသော လက်ရာများက မရှိသလောက် ရှားပါသည်။ ဟောလိဝုဒ်က သူတို့ထက် အများကြီး ကျော်လွန်နေသည်။ လက်ရှိ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုကိုကြည့်ပြီး ထိုဝါရင့်သရုပ်ဆောင်များက သက်ပြင်းသာ ချနိုင်ပါတော့သည်။

သို့သော်လည်း အခုတော့ လင်းဖန်ပေါ်လာသဖြင့် ဆရာချန်တစ်ယောက် အနည်းငယ် မျှော်လင့်ချက် ရှိလာပါသည်။

လင်းဖန်လို ပါရမီရှင်မျိုး များများစားစားမရှိပါ။

ဧကန္တ အနာဂတ်မှာ နိုင်ငံတော်တစ်ခုလုံး၏ အနုပညာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုမှာ လင်းဖန်လို ပါရမီရှင်တစ်ယောက်အပေါ် လုံးဝ မူတည်လာနိုင်သည်။

အကြာကြီး ရိုက်ကူးပြီးသွားသောအခါ ယွဲ့ဟွာ၏ စီအီးအိုလီက ဒါရိုက်တာ လုပမ်ခိုင်းကို ဆက်သွယ်လာပါသည်။

"အခြေအနေ ဘယ်လိုရှိလဲ။ လင်းဖန်က လူသစ်ဖြစ်ပြီး သူ့သရုပ်ဆောင်စွမ်းရည်တွေက်လည်း ရင့်ကျက်မှာ မဟုတ်သေးဘူး။ ရိုက်ကူးရေးမှာ သူ ပြဿနာ နည်းနည်း ရှိနိုင်တယ်။ ခင်ဗျားတို့ သူ့ကို ခွင့်လွှတ်လိုက်ပါ။ ဇာတ်ညွှန်းရိုက်ဖို့ ၄ လတောင်ရှိတာပဲ။ အချိန်ယူပါ။" စီအီးအိုလီက ဖုန်းထဲမှ ပြောလိုက်ပါသည်။

လုပမ်ခိုင်းက ခါးသက်စွာ ရယ်မောလိုက်ပြီး ခေါင်းခါလိုက်သည်။ "စီအီးအိုလီ လင်းဖန်ရဲ့ သရုပ်ဆောင်စွမ်းရည်ကို ကျုပ်တို့ ရိုက်ကူးရေးအဖွဲ့သားအားလုံး အထင်ကြီးနေတာမသိဘူး။ ဝါရင့်သရုပ်ဆောင်ကြီး နှစ်ယောက်တောင် လင်းဖန်ကို ချီးကျူးနေကြတယ်။ ရိုးရိုးသားသားပြောရရင် ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး ကျွန်တော်က လင်းဖန်လောက်တောင် အသုံးမဝင်ဘူးလို့ ခံစားမိတယ်။ ရိုက်ကူးရေးတစ်လျှောက်လုံး လင်းဖန်က မကြာမကြာ ကျွန်တော့်အတွက် ပြဿနာတချို့ကို ထောက်ပြပေးတယ်။ သူ့ရဲ့ ဒါရိုက်တာပညာ နားလည်မှုက ကျွန်တော့်ထက် ပိုနက်ရှိုင်းနေပါသေးတယ်။”

"ရိုက်ကူးရေးကတော့ အဆင်ပြေချောမွေ့နေတယ်။ ဘာမှ ပြန်ရိုက်ဖို့ မလိုသလောက်ပဲ။ ကျွန်တော်တို့ အချိန် ၁ လကျော်ကျော်ပဲ ယူရသေးတာကို ဇာတ်ညွှန်း ၇၀ ရာခိုင်နှုန်းလောက် ပြီးနေပြီ။ အစကတော့ အကြာကြီး အချိန်ယူရမယ်လို့ ထင်ထားတာ။ ဒါပေမယ့် လင်းဖန်ရဲ့ သရုပ်ဆောင်စွမ်းရည်တွေ အဓိက ကောင်းတာကြောင့်ပါ။ ဟုတ်တာပေါ့ ဒီတစ်ခေါက် သရုပ်ဆောင်တွေကလည်း အရမ်း အားကောင်းကြတယ်လေ။" လုပမ်ခိုင်းက ချီးကျူးလိုက်သည်။

ဖုန်းကိုင်ထားသည့် စီအီးအိုလီက လုပမ်ခိုင်း၏ လင်းဖန်အပေါ် ချီးကျူးစကားကို ကြားသောအခါ သူကြက်သေသေသွာားရပါသည်။

ဒါ... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

ဇာတ်ညွှန်းရေးဆရာဖြစ်တဲ့အပြင် လင်းဖန်က သရုပ်ဆောင်စွမ်းရည်လည်း ကောင်းမွန်သည်။ အရေးအကြီးဆုံးက လင်းဖန်မှာ လုပမ်ခိုင်းထက်ပင် ဒါရိုက်တာအသိပညာ ပိုထူးချွန်နေသည်။ ထို့အပြင် ရိုက်ကူးရေး လုပ်ငန်းစဥ်ကလည်း အလွန်မြန်ဆန်လွန်းပါသည်။

စိအီးအိုလီ လုံးဝ ထိတ်လန့်မိပါသည်။

အနုပညာလောကအတွက် လူသစ်ဖြစ်တဲ့ လင်းဖန်မှာ ဒီလို အစွမ်းအစကောင်းတွေရှိနေတာပဲ။

All Chapters