← Chapters

အခန်း(၈၁) အကြင်နာပေးခန်း

Vol. 6 Ch. 81

အခန်း(၈၁) အကြင်နာပေးခန်း

Vol. 6 Ch. 81

အခန်း(၈၁) အကြင်နာပေးခန်း

ရှားဝမ်ချွေ့၏ ဝေ့ပေါ် ပို့စ်ကြောင့် မရေမတွက်နိုင်သော ပရိတ်သတ်များ အံ့သြကုန်ကြပါသည်။

အရင်တုန်းက ဘယ်လို မကောင်းသတင်းမျိုးနဲ့ ရင်ဆိုင်ရပါစေ။ ရှားဝမ်ချွေ့သည် ဘယ်တော့မှ ဝေ့ပေါ် ပေါ်မှာ ပို့စ်မတင်တတ်ပါ။

သို့သော်လည်း ဒီနေ့တော့ လင်းဖန်ကို အင်တာနက် တစ်ခွင်လုံးက သံသယဖြစ်လာကြသောအခါ ရှားဝမ်ချွေ့ဘက်က ဦးစွာ ပို့စ်တင်လိုက်ပါသည်။

စကားလုံး အများကြီး မပါသော်လည်း အလွန် စွမ်းအားကြီးပါသည််။

သူမ လင်းဖန်ကို ထောက်ခံပါသည်။

ရှားဝမ်ချွေ့၏ ဝေ့ပေါ် ပို့စ်တ်စခုတည်းနဲ့ မလုံလောက်သေးပါ။ မကြာခင် စုရှောင်းယွီကလည်း ပို့စ်တင်ခဲ့ပါသည်။

"အားလုံးက အလုပ်အပေါ်မှာပဲ မူတည်တယ်။ လင်းဖန်ရဲ့ သရုပ်ဆောင်စွမ်းရည်က အရမ်းထူးချွန်ပါတယ်။" လင်းကျင်းကျင်းက ဝေ့ပေါ် မှာ ပို့စ်မတင်သော်လည်း ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ နှစ်ယောက်စလုံး၏ ပို့စ်များကို Like ပေးခဲ့ပါသည်။ သူမ၏ သဘောထားကို ဖော်ပြခြင်း ဖြစ်ပါသည်။

ရှုယန်လည်း ထွက်လာခဲ့ပြီး ဝေ့ပေါ် ပို့စ်တစ်ခု ရေးခဲ့ပါသည်။ သူနဲ့ လင်းဖန်တို့ တစ်ယောက်ပခုံးတစ်ယောက်ဖက်ထားသည့် ပုံတစ်ပုံပါ ပါသေးသည်။

"လင်းဖန်ရဲ့ သရုပ်ဆောင်စွမ်းရည်က အရမ်းကောင်းတယ်။ အားလုံးပဲ မစိုးရိမ်ကြပါနဲ့။ ဇာတ်လိုက်ကော ဇာတ်ပို့ကော အားလုံး အတူတူပါပဲ။ ပြီးပြည့်စုံတဲ့ လက်ရာကို ထုတ်လုပ်နိုင်ရင် လုံလောက်ပါပြီ။"

ရှုယန်က လင်းဖန်ဘက်မှ ကူပြောပေးနေပါသည်။

ဓာတ်ပုံကတော့ လင်းဖန်နဲ့ သူ အဆင်ပြေသည့်အကြောင်း အပြင်လောကကို ပြောပြဖို့ ဖြစ်ပါသည်။

နာမည်ကြီး ဒါရိုက်တာ လုပမ်ခိုင်းကတောင် လင်းဖန်ကို ထောက်ပံ့ဖို့အတွက် ဝေ့ပေါ် ပေါ်မှာ ပို့စ်တင်ခဲ့ပါသည်။

အနုပညာလောကထဲက အားလုံး ရပ်တည်ပေးကြသဖြင့် အင်တာနက်ပေါ်က သံသယများ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပါသည်။

"ဟုတ်တယ်၊ ဟုတ်တယ်၊ ချွေ့ချွေ့မှန်တယ်။ အလုပ်အပေါ်မှာပဲ မူတည်တယ်။"

"ဒီရုပ်သံစီးရီးက ထွက်တောင်မထွက်သေးဘူး။ မင်းတို့ မုန်းတီးရေးသမားတွေက ဘာလုပ်နေကြတာလဲ။ လင်းဖန် မဟုတ်တာ တစ်ခုခု လုပ်ခဲ့မိလို့လား။ ဘာလို့ တိုက်ခိုက်နေကြတာလဲ။”

"လင်းဖန်က အရမ်းချောတာ။ သူနဲ့ ရှားဝမ်ချွေ့တို့ရဲ့ အထက်တန်းကျောင်းတုန်းကပုံတွေ ငါ့မှာ ရှိတုန်းပဲ။ သူတို့က တကယ်လှကြတယ်။ သူတို့ ဒီဒရမ်မာထဲမှာ အတူတူ သရုပ်ဆောင်နိုင်ကြမှာပါ"

"ငါမျှော်နေတယ်။ ညီလေးလင်းဖန်။ ငါတို့ မင်းကို ယုံကြည်တယ်နော်။ မင်းက အရမ်းချောပြီး စရိုက်လည်း ကောင်းတယ်။ မင်းသေချာပေါက် မင်းရဲ့ သရုပ်ဆောင်စွမ်းရည်ကောင်းကောင်းနဲ့ အဲ့ဒီမုန်းတီးရေးသမားတွေရဲ့ ပါးကို ရိုက်နိုင်လိမ့်မယ်။"

ရိုက်ကူးရေးအဖွဲ့ထဲတွင် ရှုယန်က တိုးတိတ်စွာ ထိုင်နေပါသည်။ သူ ရှားဝမ်ချွေ့၏ ဝေ့ပေါ် ပို့စ်ကို ကြည့်လိုက်ပြီး အနည်းငယ် ခါးသီးသွားပါသည်။

ဒါက သူနဲ့ လင်းဖန်တို့အကြားက ကွာခြားမှု ဖြစ်လောက်သည်။

သူတို့နှစ်ယောက်စလုံး ယောက်ျားလေးများ ဖြစ်ပါလျက်နဲ့ ဘာကြောင့် သူ့ကျတော့ ရှားဝမ်ချွေ့ သဘောကျတာကို မခံရတာလဲ။

အရင်လတုန်းက ရှုယန် သူ့ဘဝ၏ သာယာမှု၊ ဒေါသဖြစ်မှု၊ ဝမ်းနည်းမှုနဲ့ ပျော်ရွှင်မှုအားလုံးကို ခံစားခဲ့ရပါသည်။

"ဘာပဲဖြစ်ဖြစ် မင်းတို့နှစ်ယောက် ဘယ်လောာက်ပဲ ချစ်ပြချစ်ပြ ငါ့ကို မျက်နှာပူအောင် လုပ်လို့ မရစေရဘူး။"

"မင်းတို့ကောင်တွေ ရုပ်ရှင်ရိုက်ရင် ငါအဝေးမှာ သွားပုန်းနေမယ်" ရှုယန်က ပြောကာ သက်ပြင်းချလိုက်ပါသည်။ သူ ဝေးဝေးမှာ နေပါက မျက်နှာပူစရာလိုပါဦးမလား။

ရိုက်ကူးရေးက အမြဲလိုလို ချောမွေ့နေခဲ့သော်လည်း ဒီနေ့တော့ ပြဿနာတစ်ခု ရှိလာခဲ့ပါသည်။

ဒီနေ့ ဇာတ်ဝင်ခန်းတစ်ခုသာ ရိုက်ရမည်။

ထိုဇာတ်ဝင်ခန်းကလည်း အလွန်အရေးပါသည်။

လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့၏ အကြင်နာပေးခန်း ဖြစ်ပါသည်။

ဒရမ်မာထဲမှာ အကြင်နာပေးခန်းများစွာ ရှိသော်လည်း အများစုက အဖျက်ခံလိုက်ရပါသည်။

သူတို့ အချစ်ရေးများအကြားက အလှတရားကို မသိမသာ ပုံဖော်ရမည်။ ဘဝရဲ့ပျော်ရွှင်မှု ပထမနဲ့ ဒုတိယ ဇာတ်ညွှန်းများမှာ အကြင်နာပေးခန်းများစွာ ရှိပါသည်။

ဘဝရဲ့ပျော်ရွှင်မှု ပထမဇာတ်ညွှန်းမှာတော့ အကြင်နာပေးခန်းများ သိပ်မများပါ။ သို့သော်လည်း ဒီအကြင်နာပေးခန်းက အလွန်အရေးကြီးပါသည်။

ဒါက ရှားဝမ်ချွေ့၏ ဖန်သားပြင်ပေါ်က ပထမဆုံးအနမ်းဖြစ်ကာ လက်တွေ့ဘဝ၏ ပထမဆုံးအနမ်းလေး ဖြစ်ပါသည်။

အရေးအကြီးဆုံးက လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့၏ သရုပ်ဆောင်စွမ်းရည်က အတော်လေး ထူးချွန်ပါသည်။

သို့သော်လည်း လင်းဖန်နဲ့ရှားဝမ်ချွေ့တို့ နှစ်ယောက်စလုံးမှာ အပြစ်အနာအဆာတစ်ခုတော့ ရှိနေပါသည်။

ဒါကတော့... သူတို့ အရင်တုန်းက အကြင်နာပေးခန်း မရိုက်ကူးဖူးတာ ဖြစ်ပါသည်။

ခန့်ညားချောမောသည့် လင်းဖန်နဲ့ ချောမောလှပသည့် ရှားဝမ်ချွေ့တို့ ပထမအနမ်းများ ကျန်ရှိနေကြဆဲ ဖြစ်ပါသည်။

သူတို့ အကြင်နာပေးခန်းတစ်ခန်းရိုက်ကူးပါက သူတို့ ဒီတိုင်း အချင်းချင်း နမ်းလိုက်လို့ မရပါ။ ဒီလိုဆို ခံစားချက်မဲ့နေပြီး ပရိတ်သတ်က စိတ်ခံစားမှုရမှာ မဟုတ်ပေ။ အကြင်နာပေးခန်းဆိုတာ သူတို့နှစ်ယောက် အလွန်နီးစပ်ကြောင်း ကိုယ်စားပြုပြီး နက်ရှိုင်းသည့် ဆက်ဆံရေး၏ ရလဒ်လည်း ဖြစ်ပါသည်။

အကြင်နာပေးခန်းကိုသာ ကောင်းမွန်စွာ ရိုက်ကူးနိုင်ပါက မရေမတွက်နိုင်သော ပရိတ်သတ်များစွာ စိတ်လှုပ်ရှားကုန်ကြလိမ့်မည်။

ဒီအကြင်နာပေးခန်းက ဒီဒရမ်မာ၏ မြင့်မားမှုကို ပို၍ပင် တိုးမြင့်သွားစေနိုင်ပသါည်။

သူတို့ ကောင်းကောင်း သရုပ်မဆောင်နိုင်ပါက ဒီဇာတ်ဝင်ခန်းမှာ ရေပန်းစားသည့် အကြောင်းအရာတစ်ခု ဖြစ်လာလိမ့်မည်။

သူတို့သရုပ်ဆောင်စွမ်းရည်များ ဘယ်လောက် ကောင်းနေပါစေ အကြင်နာပေးခန်း မရိုက်ဖူးသည့် လူတစ်ယောက် အကြင်နာပေးခန်းရိုက်ဖို့က ခက်ခဲပါသည်။ ဥပမာအားဖြင့် သရုပ်ဆောင်တစ်ယောက်က ဆရာဝန်အဖြစ် သရုပ်ဆောင်ချင်ပါက သူတို့ ဆေးရုံတစ်ခုမှာ အချိန်တစ်ခုအထိ အလုပ်လုပ်ပြီး အခြေခံကို နားလည်ထားပါက ပိုကောင်းသည်။

သူတို့ လယ်သမားတစ်ယောက်အဖြစ် သရုပ်ဆောင်ချင်ပါက လယ်သမားတစ်ယောက်၏ နက်ရှိုင်းသည့်ဘဝမျိုးနဲ့ နေကြည့်ပြီး ၎င်းတို့၏ နည်းလမ်းများကို နားလည်ရပါမည်။ ဒါက သရုပ်ဆောင်တိုင်း ကြုံတွေ့ရမည့် ဖွံ့ဖြိုးမှု ဖြစ်စဥ်တစ်ခုဖြစ်ပါသည်။ သူတို့ စိတ်ကူးနဲ့ ပုံဖော်ကြည့်လို့ လုံးဝ မဖြစ်နိုင်ပါ။

သူတို့ လယ်သမားတစ်ယောက် သို့မဟုတ် ဆရာဝန်တစ်ယောက်အဖြစ် သရုပ်ဆောင်မည်ဆိုပါက သရုပ်ဆောင်များ ကောင်းကောင်းမွန်မွန် သရုပ်ဆောင်နိုင်ဖို့ လွယ်ပါသည်။

သို့သော်လည်း အကြင်နာပေးခန်းသာဆို ခေါင်းဆောင်မင်းသားနဲ့ မင်းသမီးနှစ်ယောက်စလုံး စိတ်လှုပ်ရှားနေကြပြီး ဘာအာနိသင်မှ ရှိမှာမဟုတ်ပေ။

ဒီဇာတ်ဝင်ခန်းက ၎င်းတို့၏ မျက်နှာကို ဖုံးကွယ်ပြီး ရိုက်ရမည့် ပုံစံမျိုး မဟုတ်ပါ။ သူတို့ တကယ် နမ်းရပါမည်။

သူတို့ ဒီလိုရိုက်ရင်တောင် တကယ် မနမ်းမှန်း ပရိတ်သတ်က ပြောနိုင်ပါလိမ့်မည်။

စုရှောင်းယွီက ငှက်ပျောသီး ခပ်ထွားထွားတစ်လုံးကို ကိုင်ထားသည်။ သူမက ငှက်ပျောသီးကို အခွံခွာပြီး ပျော်ရွှင်စွာဖြင့် စားလိုက်ပါသည်။

"ဟုတ်ပြီကွ၊ အစ်မဝမ်ချွေ့က ဆရာနဲ့ ဒီနေ့ အကြင်နာပေးခန်း ရိုက်ရတော့မယ်။ ငါ့ဖုန်းနဲ့ ဗီဒီယိုရိုက်ပြီး သိမ်းထားလိုက်မယ်။ ဒါက အစ်မဝမ်ချွေ့ရဲ့ ပထမဆုံးအနမ်းပဲ။ ပြီးတော့ ဆရာ့ရဲ့ ပထမဆုံးအနမ်းလည်း ဟုတ်တယ်။ ငါမနာလိုလိုက်တာ" စုရှောင်းယွီက ငှက်ပျောသီးကို ညှင်သာစွာ ကိုက်ပြီး မျိုချလိုက်ပါသည်။

"အကြင်နာပေးခန်း... ငါလည်း အရင်တုန်းက နည်းနည်းရိုက်ဖူးပါတယ်။ တကယ်တော့ ပုံမှန်ပါပဲ။ ဟိုဘက်က မင်းသားက ရုပ်ချောမယ်ဆိုရင် လက်ခံလို့ ရပါတယ်။" လင်းကျင်းကျင်းက ဘေးမှ ပြောလိုက်ပါသည်။

"ဒါပေမယ့် လင်းဖန်နဲ့ ချွေ့ချွေ့တို့သာ အကြင်နာပေးခန်း သရုပ်ဆောင်ရမယ်ဆိုရင် ခက်ခဲမယ်မထင်ဘူး။ သူတို့က အရမ်းနီးစပ်ကြတာ မဟုတ်လား။ ရှောင်းယွီ သူတို့ တကယ် အတူတူရှိနေကြတာလို့ ထင်လား။" လင်းကျင်းကျင်းက မေးလိုက်ပါသည်။

စုရှောင်းယွီက ခေါင်းခါလိုက်သည်။ ငှက်ပျောသီး တစ်ကိုက်ကိုက်ပြီးသောအခါ သူမ ပြောလိုက်ပါသည်။ "မဟုတ်သေးပါဘူး။ အစ်မဝမ်ချွေ့က မပြောရဲဘူး။ ဆရာ့ဘက်ကလည်း စပြီး မလှုပ်ရှားသေးဘူး။ သူတို့က ဆက်ဆံရေး အဆင်ပြေပေမယ့် သူတို့ ဆက်ဆံရေး ပိုကောင်းလေလေ အကြင်နာပေးခန်းရိုက်ဖို့ ပိုခက်လေလေပဲလေ။ သူစိမ်းနဲ့ အကြင်နာပေးခန်း ရိုက်တာကမှ ပိုလွယ်ပါဦးမယ်။" လင်းကျင်းကျင်းက သဘောတူစွာ ခေါင်းငြိမ့်လိုက်ပါသည်။ "ရှုယန် ဒီနေ့ ဘယ်သွားတာလဲ မသိဘူး။ မတွေ့မိဘူးနော်။"

ရှုယန်က သူ့အခန်းထဲမှာ ပုန်းနေပြီး ကုတင်ပေါ်မှာ လှဲလျောင်းနေပါသည်။ သူ အားလုံးကို ကြိုမြင်ပြီးပါပြီ။ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ ဒီနေ့ အကြင်နာပေးခန်း ရိုက်ကြမှာ သူသိပါသည်။ ထို့ကြောင့် သူ ဝေးဝေးမှာ လာပုန်းနေခြင်းဖြစ်သည်။ အိမ်ထဲမှာ လှဲလျောင်းနေရင် မျက်နှာပူစရာ ဖြစ်လာပါဦးမလား။ ရှုယန်တစ်ယောက် ယုံကြည်ချက် ရှိနေပါသည်။

ရိုက်ကူးရေးတွင် အကြင်နာပေးခန်းကို စတင်ရိုက်ကူးနေပြီဖြစ်ပါသည်။ ဘာမှ စောင့်စရာ မလိုခဲ့ပါ။

လင်းဖန်က ရှားဝမ်ချွေ့ကို ကြည့်လိုက်ပြီး အနည်းငယ် စိတ်လှုပ်ရှားနေပါသည်။

ရှားဝမ်ချွေ့က ခေါင်းငုံ့ထားသည်။ သူမ၏ မျက်နှာက အနည်းငယ် နီရဲနေပြီး ရင်လည်း ခုန်နေပါသည်။

ဒါက သူမ၏ ပထမဆုံး အကြင်နာပေးခန်း ဖြစ်ပါသည်။ အမြဲတမ်း အေးအေးဆေးဆေး သက်တောင့်သက်သာ ရှိနေတတ်သည့် ရှားဝမ်ချွေ့တစ်ယောက် ဒီနေ့တော့ ဒီဇာတ်ဝင်ခန်းကို ဘယ်လိုရိုက်ရမလဲ မသိတော့ပါ။ လူတွေလည်း အများကြီးပဲ... ကြည့်နေကြတယ်။ နောက်ပိုင်း ရုပ်သံဒရမ်မာကို ထုတ်လွှင့်သည့်အခါကျရင်လည်း ကြည့်ရှုသူ အများကြီး ရှိပါလိမ့်မည်။

ရှာဝမ်ချွေ့က အကြင်နာပေးခန်း၏ အရေးပါမှုကို နားလည်သော်လည်း စိတ်လှုပ်ရှားနေဆဲ ဖြစ်ပါသည်။

လင်းဖန်က ရှားဝမ်ချွေ့ရှေ့မှာ ရပ်လိုက်ပြီး သူမ၏ ခေါင်းကို နူးညံ့စွာ ထိတွေ့လိုက်ပါသည်။

လင်းဖန်၏ လက်နှစ်ဖက်က ရှားဝမ်ချွေ့၏ ပါးကလေးများကို ကိုင်ပြီး ဖြည်းညှင်းစွာဖြင့် သူမ၏ နှုတ်ခမ်းနီနီရဲရဲလေးများကို နမ်းလိုက်ပါသည်။

သို့သော် သူ မနမ်းနိုင်ခင်မှာ ဒါရိုက်တာက အော်လိုက်ပါသည်။

လုပမ်ခိုင်းက လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။ "မဟုတ်သေးဘူး။ ခံစားချက်တွေက မမှန်သေးဘူး။ ပြီးတော့ မင်းတို့ရဲ့ မျက်နှာအနေအထားတွေလည်း အဆင်မပြေဘူး။ နှစ်ယောာက်စလုံး စိတ်လှုပ်ရှားလွန်းနေတယ်။ မင်တို့နှစ်ယောက် အကြင်နာပေးတဲ့ အတွေ့အကြုံ မရှိတာ သိသာတယ်။ မင်းတို့ ဒီတိုင်း ဆက်ပြီး သရုပ်ဆောင်မယ်ဆိုရင် ဇာတ်ဝင်ခန်း အောင်မြင်မှာ မဟုတ်ဘူး။"

"မြောင် မြောင်"

"အရူးကောင်လင်းဖန် နင်ငါ့ကိုအနိုင်ကျင့်နေတာလား" ရှားဝမ်ချွေ့က နံရံကိုမှီလိုက်ပြီး  အနည်းငယ် စိတ်ညစ်သွားပါသည်။ သူမ အကြင်နာပေးခန်း ဘယ်လိုရိုက်ရမလဲမသိပါ။

"အဟမ်း ဇာတ်လမ်းက လိုတာပဲ မဟုတ်လား။ ရပါတယ်၊ ထပ်လုပ်ကြရအောင်။ ဒီတစ်ခေါက် နင့်ကို မြန်မြန်နမ်းမယ်။ ဒါမှ နမ်းလို့ရမှာ။" လင်းဖန်က ပြုံးလိုက်သည်။

"နှာဘူးကောင် နင့်ကို ရိုက်မှာနော်" ရှားဝမ်ချွေ့က လင်းဖန်၏ ရင်ဘတ်ကို ရိုက်လိုက်ပါသည်။

တခြားလူများ၏ မျက်လုံးထဲမှာတော့ နှလုံးသား အရည်ပျော်တော့မည်။

လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့က သူတို့အချစ်ရေးကို ဒီလိုထုတ်ပြလို့ရလို့လား။

"လာပါ။ ထပ်ရိုက်ကူးမယ်။" လုပမ်ခိုင်းက အော်လိုက်ပါသည်။

လင်းဖန်က ဒီတစ်ခေါက် သင်ခန်းစာရသွားပြီး ရှားဝမ်ချွေ့ကို အမြန်နမ်းဖို့ ပြင်လိုက်ပါသည်။

သူက ဒါရိုက်တာထက် ပိုမြန်ပါက သူမကို အရင်နမ်းနိုင်လိမ့်မည်။

ဘာပဲဖြစ်ဖြစ် ဒါက အလုပ်သဘောသာဖြစ်ပြီး အခွင့်အရေးယူတာမဟုတ်ပါ။

ထို့နောက်.... သူ မနမ်းနိုင်ခင်မှာ ဒါရိုက်တာက ကတ်လုပ်ဖို့ အော်လိုက်ပါသည်။

"တော်တော့၊ တော်တော့၊ လင်းဖန် မင်းဘာလို့ အရမ်းလောနေတာလဲ။ ဒါ အကြင်နာပေးခန်းကွ။ ဖိုက်တင်ခန်း မဟုတ်ဘူး။" လုပမ်ခိုင်းက အနည်းငယ် စိတ်ညစ်သွားပါသည်။

အကြင်နာပေးခန်း မရိုက်တတ်သော လူနှစ်ယောက်နဲ့ လာတွေ့နေသဖြင့် လုပမ်ခိုင်း အနည်းငယ် ကူကယ်ရာမဲ့ ဖြစ်နေပါသည်။ "ရှုယန် ဘယ်မှာလဲ။ ရှုယန်ကို မြန်မြန်ခေါ်လိုက်။ သူ့အတွေ့အကြုံကို လင်းဖန်ကို ပြောပြရမယ်။ ဘာပဲဖြစ်ဖြစ် ရှုယန်က အကြင်နာပေးခန်းတွေ အများကြီး ရိုက်ဖူးတယ်။" လုပမ်ခိုင်းက အော်လိုက်ပါသည်။ သူ ချက်ချင်းပဲ အိမ်မှာ အိပ်နေသည့် ရှုယန်ကို ဖုန်းခေါ်လိုက်ပါသည်။

ထိုအကြောင်းကိုကြားသောအခါ ရှုယန် ကုတင်ပေါ်သို့ ဖုန်းလွတ်ကျသွားပါသည်။

ရှုယန် အခန်းထဲမှာ ငြိမ်သက်စွာ ရပ်တန့်နေသည်။

ဒီသောက်ကောင်ကို ရှောင်လို့ကို မရဘူးလား...။

All Chapters