အခန်း(၈၂) သူ့ကမ္ဘာထဲမှာ သူမတစ်ယောက်တည်း
Vol. 6 Ch. 82
အခန်း(၈၂) သူ့ကမ္ဘာထဲမှာ သူမတစ်ယောက်တည်း
ရှုယန် အဝတ်အစားလဲလိုက်ပါသည်။ သူ့ဘဝက အေးစက်လှသည်။
နောက်ဆုံးမှာတော့ သူ မရှောင်နိုင်ခဲ့ပါ။
သို့သော်လည်း ဒီကိစ္စကိုတော့ ငြင်းလို့မရပေ။
ရှုယန်က မျက်နှာမပူချင်သော်လည်း လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ကို ဒီဇာတ်ဝင်ခန်းရိုက်တာ မြင်ချင်ပါသည်။
လင်းဖန်က ရှုယန်၏ ပြိုင်ဘက်ဖြစ်သော်လည်း ရှုယန်က သူ့ကို ကူညီပေးပါမည်။
သူက အမြဲလိုလို လင်းဖန်နဲ့ မျှမျှတတ ပြိုင်ဆိုင်ဖို့သာ အသားပေးခဲ့ပါသည်။
ငရဲကို သူမှ မဆင်းရင် ဘယ်သူဆင်းမှာလဲ။
လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ကြားက အကြင်နာပေးခန်းလေး တစ်ခုသက်သက်ပဲမဟုတ်လား။
ဘာပဲဖြစ်ဖြစ် သူလည်း အကြင်နာပေးခန်း အများကြီး ရိုက်ဖူးပါသည်။ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ မျက်နှာပူအောင် လုပ်တာ သူခံစရာလား။
သူ ရိုက်ကူးရေးနေရာကို ရိုက်သွားပြီး လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ကို အတူတူ တွေ့လိုက်ရသောအခါ ရှုယန် အနည်းငယ် မနာလို ဖြစ်သွားပါသည်။
ရှားဝမ်ချွေ့က အလွန်လှပသည်။
သူမ၏ ပထမဆုံးအနမ်းကို လင်းဖန်အား ပေးတော့မည်။
ဘာလို့ သူက လင်းဖန် မဟုတ်ရတာလဲ။
သို့သော်လည်း ဒါက သရုပ်ဆောင်တာဖြစ်သည်။ ရှုယန် ကိုယ့်ကိုယ်ကို နှစ်သိမ့်လိုက်၏။ ဒါက သရုပ်ဆောင်တာသာ ဖြစ်ပါသည်။
လက်တွေ့သာဆို ရှားဝမ်ချွေ့က လင်းဖန်ကို နမ်းဖို့ ဘာကြောင့် သဘောတူရမှာလဲ။
လက်တွေ့မှာတော့ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့က သူငယ်ချင်းများသာ ဖြစ်ပါသည်။ သူတို့က ရည်းစားများတောင် မဟုတ်ကြပါ။ ရှုယန်က ဒါကို သေချာသိပါသည်။
"လင်းဖန်၊ ရှားဝမ်ချွေ့ အကြင်နာပေးခန်းဆိုတာ ဒီလိုမရိုက်ရဘူး။"
"အရေးအကြီးဆုံးက မင်းတို့ရဲ့ ဇာတ်ကောင်နဲ့ လက်ရှိ ဇာတ်ကွက်အပေါ်မှာ လုံးဝ မြှုပ်နှံထားရမယ်၊။ ပြီးရင် တစ်ယောက်နဲ့ တစ်ယောက် နမ်းရမယ်။ မင်းတို့ အချင်းချင်း ခံစားချက်တွေ ရှိနေပြီး ကိုယ့်ရဲ့ ချစ်သူအစစ်လို သဘောထားရမယ်။ " ရှုယန်က ပြောလိုက်ပါသည်။
"ချစ်သူအစစ်ဟုတ်လား။" ရှားဝမ်ချွေ့က နားလည်သွားသလို မျက်တောင်ခတ်လိုက်ပါသည်။
"အင်း အချင်းချင်း ဆက်သွယ်နိုင်အောင် ကြိုးစားကြ။ ငါခဏနေ ပြန်တော့မှာ။”
"အကြင်နာပေးခန်း ရိုက်တာ မခက်ပါဘူး။ အရေးအကြီးဆုံးက မင်းတို့ရဲ့ နှလုံးသားနဲ့ စိတ်ဝိညာဥ်ကို မြှုပ်နှံထားဖို့ပဲ။" ရှုယန်ကပြောလိုက်ပြီး လင်းဖန်၏ ပခုံးကို ပုတ်လိုက်ပါသည်။
သူ့ဘေးတွင် လုပမ်ခိုင်းက ရှုယန်ကို တားလိုက်သည်။ "ရှုယန် မပြန်ပါနဲ့ဦးကွာ။ သူတို့ သရုပ်ဆောင်ပြီးတဲ့အထိ စောင့်ကြည့်ပါဦး။ ပြဿနာ တစ်ခုခု ရှိလာရင် မင်းဆက်ပြီး လမ်းညွှန်ပေးလို့ရတာပေါ့။"
ရှုယန်၏ ဘဝကြီး ထပ်မံအမှောင်ကျသွားပါသည်။ "ဒါရိုက်တာလု... ကျွန်တော်က သူတို့ သရုပ်ဆောင်ပြီးတဲ့အထိ ကြည့်ဖို့ လိုတယ်လား။"
ဒါက သူ့ကို သတ်နေတာနဲ့ တူပါသည်။
သူ မျက်နှာမပူချင်သော်လည်း သူ လုပ်နိုင်တာ ဘာမှမရှိပါ။
လင်းဖန်က လုပမ်ခိုင်းကို ကြည့်ကာ ပြောလိုက်ပါသည်။ "ကျွန်တော် ဝမ်ချွေ့နဲ့ နှစ်ယောက်တည်း စကားပြောချင်လို့။ နောက်မှ ဆက်ရိုက်လို့ရမလား။"
လုပမ်ခိုင်းက ခေါင်းငြိမ့်လိုက်ပါသည်။ "မြန်မြန်ပြောပြီး ပြန်လာခဲ့နော်။"
လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ လူသူကင်းမဲ့သော ထောင့်တစ်နေရာသို့ လာခဲ့ကြသည်။
ရှားဝမ်ချွေ့၏ မျက်နှာက အနည်းငယ် နီရဲနေပါသည်။ သူမ စကားလည်း မပြောဘဲ အလွန် တိတ်ဆိတ်နေသည်။
သူမ နန်းတွင်းအဝတ်အစားများ ဝတ်ဆင်ထားဆဲဖြစ်သည်။ အရေးအကြီးဆုံးက နန်းတွင်း အဝတ်အစားဖြင့် သူမ အလွန်လှပလှပါသည်။ တကယ့် နတ်သမီးလေးလိုပင်။ သူမကို မြင်သူတိုင်း စွဲမက်စရာကောင်းပါသည်။
ဒီဇာတ်ဝင်ခန်းက သူမ၏ ပထမဆုံးအနမ်းဖြစ်သည်။
ထို့ကြောင့် ဒီဇာတ်ဝင်ခန်းမှာ အလွန်အရေးကြီးပါသည်။ လင်းဖန်က ဒီဇာတ်ဝင်ခန်းကို ရှားဝမ်ချွေ့နဲ့ အတူတူ သေသေချာချာ ရိုက်ကူးချင်နေသည်။
"ဝမ်ချွေ့ နင်အကြင်နာပေးခန်း မကြိုက်တာ ငါသိပါတယ်။ ဒါပေမယ့် ငါတို့ ဘာမှ မတတ်နိုင်ဘူးလေ။ ငါတို့ ဒီတစ်ခေါက် ကောင်းကောင်းရိုက်မှဖြစ်မယ်။" လင်းဖန်က ပြုံးကာ ပြောလိုက်သည်။
"အမှိုက်ကောင် နင်ကမှ အကြင်နာပေးခန်း မကြိုက်တာ" ရှားဝမ်ချွေ့က နှုတ်ခမ်းစူကာ ဟိုဘက်လှည့်လိုက်ပါသည်။
"ဒါဆို... နင်က အကြင်နာပေးခန်း သဘောကျတယ်ပေါ့။"
"ဒါဆို အခုစမ်းကြည့်ကြမလား။" လင်းဖန် မျက်လုံးများ ဝိုင်းစက်သွားပါသည်။
ရှားဝမ်ချွေ့ စိတ်ဆိုးသွားသည်။ သူမ ရင်ဘတ်က နိမ့်ခြေမြင့်ခြေဖြစ်နေပါသည်။ "ဟွန်း ငါက အဲ့လောက်နိမ့်ကျတဲ့ မိန်ကလေးနဲ့ တူနေလို့လား။"
"အမှိုက်ကောင် အမှိုက်ကောင် အရူးဝက်ကောင်" ရှားဝမ်ချွေ့က စိတ်ဆိုးနေသောပုံစံဖြင့် ပြောလိုက်ပါသည်။
သူမ ရိုက်ကူးရေး ဆက်မလုပ်ချင်တာ မဟုတ်ပါ။ သူမ သဘောကျတဲ့လူနဲ့သာ အကြင်နာပေးခန်း ရိုက်ချင်ခြင်းဖြစ်ပါသည်။
သို့သော်လည်း လင်းဖန်က ဒါကိုနားမလည်ဘဲ သူမကို အနိုင်ကျင့်ဖို့သာ သိပါသည်။
ဒီအရူးကောင်လင်းဖန်ကတော့ ငါ့ကိုများ ဖျားယောင်းရဲတယ်။
အကြင်နာပေးခန်း ရိုက်ကူးရာတွင် ယောက်ျားလေးဘက်က ဦးဆောင်ရသည်။
သူမက ဒီတိုင်း ရပ်နေရပြီး လင်းဖန် နမ်းမှာကို စောင့်နေရသည်။
လင်းဖန်၏ အပြစ်သာဖြစ်သော်လည်း အခုထိ သူမကို အနိုင်ကျင့်နေဆဲပင်။ သူက အကြင်နာပေးခန်းတွေ ထပ်ပြီးတောင် ရိုက်ချင်နေသေးသည်။ သူက စိတ်ရှုပ်ဖို့ကောင်းပါသည်။
လင်းဖန်က ပြုံးလိုက်ပြီး ရှားဝမ်ချွေ့ကို လက်ကို ဆုပ်ကိုင်လိုက်ပါသည်။ "သွားရိုက်ကြရအောင်။ ဒီတစ်ခေါက်တော့ ငါတို့ သေချာပေါက် ကောင်းကောင်းရိုက်နိုင်မှာပါ။ နင် ငါ့ကို ချစ်သူလို သဘောထားလို့ ရတယ်။"
ရှားဝမ်ချွေ့က လင်းဖန်ကိုကြည့်လိုက်ပြီး ခေါင်းကို နူးညံ့စွာငြိမ့်ကာ ချိုမြိန်စွာ ပြုံးလိုက်ပါသည်။
သူမက လင်းဖန်ရှေ့မှာ ရပ်နေပြီးသားဖြစ်သည်။ သူမကို ချစ်သူတစ်ယောက်လို သဘောထားဖို့ မလိုအပ်ပါ။
ရိုက်ကူးရေးနေရာသို့ ပြန်ရောက်လာသောအခါ ရှားဝမ်ချွေ့က ပုံမှန်နေရာမှာပဲ ရပ်နေသည်။ သူမ၏ မျက်နှာက အနည်းငယ် နီနေပါသည်။
ဒီတစ်ခေါက် သူမလည်း အတည်ပေါက် လုပ်တော့မည်။
သူက တစ်ချိန်ချိန်မှာ ဖန်သားပြင်ပေါ်က ပထမဆုံး အနမ်းနဲ့ လက်တွေ့ဘဝက ပထမဆုံး အနမ်းကို ပေးရမည်ဖြစ်သည်။
ဒီဇာတ်ဝင်ခန်းက ဒရမ်မာတစ်ခုလုံး၏ အထင်ရှားဆုံး ဇာတ်ဝင်ခန်း ဖြစ်ပါသည်။ ထို့ကြောင့် သူမ ကောင်းကောင်း ရိုက်ကူးရမည်။
သူမ လင်းဖန်ကို ချစ်သူလို့ သဘောထားနိုင်ရင် အဆင်ပြေပါပြီ။
ရှားဝမ်ချွေ့က လင်းဖန်ကို သူမ၏ လှပသော မျက်လုံးလေးများဖြင့် ကြည့်လိုက်ပြီး ဇာတ်လမ်းများစွာကို ပြန်လည် ပုံဖော်လိုက်သည်။
အထက်တန်းကျောင်းမှာတုန်းက သူတို့ အမြဲလိုလို အတူတူ ရှိနေကြသည်။ အတန်းထဲမှာပဲ ဖြစ်ဖြစ် ကျောင်းဆင်းချိန်ပဲဖြစ်ဖြစ် သူတို့နှစ်ယောက်ကို စုံတွဲဟု ထင်ကြသူများပင် များစွာ ရှိပါသည်။
လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့နှစ်ယောက်တည်းသာ သူတို့ စုံတွဲမဟုတ်မှန်း သိကြပါသည်။
အထက်တန်းကျောင်းတုန်းက မသဲမကွဲနေ့ရက်များတွင် လူများစွာက လင်းဖန်နဲ့ ရှားဝမ်ချွေ့ကို ဖွင့်ပြောချင်သော်လည်း ငြင်းခဲ့ပါသည်။
ထိုနေ့နေ့လည်ခင်းတုန်းက သူမနဲ့လင်းဖန်တို့ စာသင်ခန်းထဲမှာ စာကြည့်နေစဥ် ဘာကြောင့်မှန်းမသိဘဲ တစ်ယောက်ယောက်က စာသင်ခန်း၏ အခန်းတံခါးကို ပိတ်သွားတာကို မှတ်မိပါသည်။
သူမ စာကြည့်ရတာ ပင်ပန်းလွန်းနေသဖြင့် လင်းဖန်၏ ပခုံးပေါ်မှာ အိပ်ပျော်သွားခဲ့ပါသည်။
အတန်းချိန်ရောက်သောအခါ သူမ ထိုနေရာမှာပဲ ရှိနေဆဲဖြစ်သည်။
လင်းဖန်က အတည်ပေါက် စာလေ့လာနေ၏။ ရှားဝမ်ချွေ့က လင်းဖန်ကို မှီရင်း အိပ်ပျော်သွားခဲ့သည်။ အလွန်ချိုမြိန်ခဲ့ပါသည်။
တစ်ယောက်ယောက်က ဓာတ်ပုံရိုက်ပြီး အွန်လိုင်းပေါ် တင်လိုက်ပါသည်။
လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ အရင်တစ်ခေါက် သတင်းထွက်တုန်းကလည်း ဒီဓာတ်ပုံကြောင့်ပဲဖြစ်သည်။
တစ်စုံတစ်ယောက်၏ ချစ်သူဖြစ်ရသောခံစားချက်ကို ရှားဝမ်ချွေ့ မသိခဲ့ပါ။
သို့သော်လည်း ဒီဇာတ်ဝင်ခန်းမှာတော့ သူမက လင်းဖန်၏ ဇနီးလောင်းဖြစ်ပြီး မရေမတွက်နိုင်သော ဆက်နွယ်မှုများစွာ ရှိနေသည်။
လက်ရှိသူမက သူမဇာတ်ကောင်အပေါ် လုံးဝ နစ်မြောနေပြီး လင်းဖန်၏ အနာဂတ်ဇနီးတစ်ယောက်လို လုံးဝ ကိုယ့်ကိုယ်ကို သတ်မှတ်ထားပါသည်။
ဇာတ်လမ်းထဲတွင် လင်းဖန်က အန္တရာယ်များသည့် နေရာတစ်ခုကိုရောက်ဖို့ အချိန်အကြာကြီး ထွက်သွားရမည်။ ဒါက သူ ထွက်မသွားခင် နောက်ဆုံး သူ့ကိုမြင်ရမည့်အချိန် ဖြစ်ပါသည်။
ထို့ကြောင့် လင်းဖန်က သူမကို နမ်းပြီး ပြန်လာသောအခါ လက်ထပ်မည်ဟု ပြောလိမ့်မည်။
သူတို့က ဒရမ်မာထဲမှာ ချိုမြိန်သော စုံတွဲဖြစ်ကြပါသည်။ သူမက သူ့ကို လိုက်ပို့ခြင်း ဖြစ်သည်။
ဇာတ်လမ်းထဲမှာ ရှားဝမ်ချွေ့က လင်းဖန်၏ စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုဖြစ်သလို သူ့ဇနီးလောင်းလည်း ဖြစ်သည်။
သူ့အချစ်ဆုံးလူနဲ့ ခွဲရတော့မည်။ သူမ၏ ရင်ထဲတွင် တွန့်ဆုတ်မှုများစွာ ရှိနေပါသည်။ ဒီဇာတ်ဝင်ခန်း ရိုက်ကူးမည့် အခြေအနေမျိုးပဲ ဖြစ်ပါသည်။
လင်းဖန်ကလည်း လေးနက်နေသည်။ သူ ရှားဝမ်ချွေ့ကို သူ့ချစ်သူအစစ်လို သဘောထားလိုက်သည်။ သူတို့ ပန်းပင်လယ်တွင် ကစားနေကြပြီး တစ်ယောက်နောက်ကို တစ်ယောက် လိုက်နေကြသည်။ ကြိမ်နှုန်းမြင့် ရယ်သံများကို မကြာမကြာ ကြားနေရပါသည်။
ဒါရိုက်တာ၏ ကြေညာချက်အလိုက် လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ ပန်းပင်လယ်ထဲ လမ်းလျှောက်ကြပြီး ချစ်ခွန်းခြွေခဲ့ကြသည်။
သူ့ရှေ့က ကောင်မလေးကို ကြည့်ရင်း လင်းဖန် တစ်ခုခုကို နားလည်သွားသည့်ပုံပင်။
သူမက စူပါစတားတစ်ယောက်ဖြစ်ပြီးသားပင်။ ဘာကြောင့် သူ့စားသောက်ဆိုင်ကို အရဲစွန့်ပြီး လာခဲ့ရတာလဲ။
သတင်းဆိုးများနဲ့ ရင်ဆိုင်သောအခါ သူမ ပြန်ချေပလို့ရသော်လည်း လင်းဖန်၏ သဘောထားကို အရင်မေးခဲ့သည်။
အကြင်နာပေးခန်းကော အချစ်ရေးဇာတ်ဝင်ခန်းကော တစ်ခါမှမရိုက်ဖူးခဲ့ပါ။ သူမ အဆင့်တက်နိုင်သည့် အခွင့်အရေးများစွာကို လက်လွှတ်ခဲ့ပြီး သူမ၏ မူလရည်ရွယ်ချက်ကိုပဲ ဆက်ပြီး ထိန်းသိမ်းထားပါသည်။
သူမ အကြင်နာပေးခန်း မရိုက်ချင်တာ မဟုတ်ပါ။
အကြောင်းအရင်းမှာ... တစ်ယောက်ယောက်ကို စောင့်ဆိုင်းနေသောကြောင့် ဖြစ်ပါသည်။ ထိုတစ်ယောက်ယောက်မှာ လင်းဖန်ပဲဖြစ်သည်။
လင်းဖန် အားလုံး နားလည်သွားသည်။
ရုတ်တရက် အထက်တန်းကျောင်းတုန်းက အချိန်ကို ပြန်သတိရသွား၏။ ထိုနေ့လည်ခင်းက သူမ၏ လက်ကိုသာ ကိုင်ထားခဲ့ပါက ကံကြမ္မာ ပြောင်းလဲသွားလောက်သည်။
သူ့ခံစားချက်အားလုံးကို ဒီဇာတ်လမ်းထဲ ထည့်လိုက်သည်။
သူ့ရှေ့က ကောင်မလေးကို ကြည့်ရင်း လင်းဖန် ဖြည်းဖြည်းချင်း ရှေ့သို့ လျှောက်လာခဲ့သည်။ သူ့အကြည့်က စူးရှနေပြီး သူမကိုပဲ မြင်နေသည့် ပုံပင်။
သူမ၏ ကမ္ဘာထဲမှာလည်း သူတစ်ယောက်တည်းသာ ရှိသည်။
ထို့နောက်...
သူမကို သူနမ်းလိုက်တော့သည်။