← Chapters

အမြဲတမ်း ငါက မင်းရဲ့ အစ်ကိုကြီးပါ

Vol. 13 Ch. 180

အမြဲတမ်း ငါက မင်းရဲ့ အစ်ကိုကြီးပါ

Vol. 13 Ch. 180

“အာ ...” အမြွှာတစ်ယောက်က ထစ်ထစ်ငေါ့ငေါ့ဖြင့် အားနာစွာ ပြောလိုက်သည်။

“ယန်အာက အမြဲတမ်း တံခါးပိတ် ကျင့်ကြံနေတာ ဆိုတော့ ကျွန်မ အချိန်မီ မလုပ်နိုင်ခဲ့ဘူး”

မိုဝူကျီ မျက်နှာထားက အေးစက် လာလေ၏။ ထိုသည်က အကြောင်းပြချက် တစ်ခုမှန်း သိသာသည်။ ဘွားဘွား လင်းလောင်က သူ့ကို လိမ်ညာ လိမ့်မည်ဟု ထင်မထားပေ။ သူက ယန်အာဆီ လာတွေ့ဖို အချိန်နှင့် အခွင့်အရေး မရှိသော်လည်း ဘွားဘွား လင်းလောင်က သူ့အကြောင်း ပြောပြသင့်၏။

“ယန်အာ ငါက မိုဝူကျီလေ ... တကယ် မမှတ်မိတော့ဘူးလား ...” ဤတစ်ကြိမ်တွင် မိုဝူကျီက သူမနောက် မလိုက်တော့ဘဲ အော်ခေါ် လိုက်လေသည်။

အားလုံး၏ အကြည့်များက မိုဝူကျီဆီ ရောက်လာကြသည်။ မိုဝူကျီက ဂိုဏ်းက ထွက်သွားတာ တစ်နှစ်နီးပါး ရှိ၍ ဂိုဏ်းအတွင်းမှ ယန်အာ အနေအထားကို မသိပေ။ သို့သော် ကောင်းကင်ဖွေရှာ နန်းတော် တစ်ခုလုံး သိကြသည်။

သူမသည် ကောင်းကင်ဖွေရှာ နန်းတော်၏ တစ်ယောက်တည်းသော ဆင့်ကဲ ထူးခြား သဘာဝ ဝိညာဉ်ကြော ရှိသူ ဖြစ်ကာ ကျင့်ကြံနှုန်း အမြန်ဆုံးနှင့် တပည့် ဖြစ်သည်။ တစ်နှစ်အတွင်း သူမက ဝိညာဉ် လမ်းကြောင်းဖွင့် အဆင်များကို ကျော်ဖြတ်နိုင်ခဲ့ရုံ သာမက သူမက ဝိညာဉ် လမ်းကြောင်း ၁၀၀ထိ ဖွင့်နိုင်ခဲ့သည်။ သူမက ဝိညာဉ် တည်ဆောက်ခြင်း အဆင့် မတက်လှမ်းခင် ဝိညာဉ် လမ်းကြောင်းဖွင့် အဆင့်၁၀ထိ ကျင့်ကြံခဲ့သည်။ ယခု ယန်အာက စိတ်ဝိညာဉ် တည်ဆောက်ခြင်း အဆင့် ၇သို့ ရောက်နေလေပြီ။ ထွန်းတောက် နေသည့် အနာဂတ်ဖြင့် မိန်းကလေး ယန်အာသည် ကောင်းကင်ဖွေရှာ နန်းတော်၏ ဂျူနီယာများ ထဲတွင် စစ်မှန်ခြင်း နတ်ဘုရား အဆင့်သို့ ပထမဆုံး ရောက်ရှိမည့် သူ ဖြစ်လိမ့်မည်။

နယ်ခြား သင်္ဘောပျံကြောင့်သာ မဟုတ်လျှင် ကောင်းကင်ဖွေရှာ နန်းတော်၏ ပါရမီရှင်ဆိုတာ အသာထား ယန်အာ နာမည်သည် ပျောက်ဆုံးနယ်မြေ တစ်ခုလုံးတွင် ဟိုးလေးတကျော် ဖြစ်စေလိမ့်မည်။

နယ်ခြား ကျင့်ကြံသူများနှင့် ဖြစ်ရပ်ကြောင့် ဘွားဘွား လင်းလောင်က ရှီကျင်းဝမ်ကို ယန်အာဘေးတွင် နေရန် စီမံထားပေး ခဲ့သည်။ ရှီကျင်းဝမ်က မြေကမ္ဘာအဆင့် ၆ ဆေးလုံးဆရာ ဖြစ်ရုံတင်မက သူမ အင်အားသည်လည်း ကောင်းကင်ဖွေရှာ နန်းတော်အတွင်း အသိအမှတ်ပြု ခံရသည်။

“မိုဝူကျီ … ရှင်က ကျွန်မကို ကယ်တင်ပေးဖို့ ဆရာဆီ ပို့ပေးပြီး တောင်းဆိုခဲ့တဲ့ သူလား ...” ယန်အာက ထိုနာမည်ကို ကြားသောအခါ သူမက ချက်ချင်း လှည့်ကြည့်လိုက်သည်။

မိုဝူကျီက တုန်လှုပ်တကြီး ဖြစ်သွားလေသည်။ တစ်ယောက်ယောက်က ယန်အာကို သူ့အကြောင်း ပြောပြ လိမ့်မည်ဟု ထင်မထားခဲ့ပေ။ ဖြစ်နိုင်တာက ဘွားဘွား လင်းလောင် ကိုယ်တိုင် ပြောပြထားခြင်း ဖြစ်လိမ့်မည်။

“ဟုတ်ပါတယ် … ယန်အာ မင်းက တကယ်ပဲ အတိတ်ကို မမှတ်မိတော့ ဘူးလား ...” မိုဝူကျီက အလောတကြီး မေးလိုက်သည်။

ယန်အာက မိုဝူကျီကို စကား စပြောသည်ကို မြင်၍ ရှီကျင်းဝမ်က မကျေနပ် သော်လည်း ဘာမှတော့ မပြောပေ။ ယန်အာက ဆေးလုံး ဘုံစေတီ၏ ရတနာ တစ်ပါးတင် မကဘဲ ကောင်းကင်ဖွေရှာ နန်းတော် တစ်ခုလုံး၏ ရတနာလည်း ဖြစ်ပေသည်။

ယန်အာက နူးညံ့စွာ ပြောလိုက်သည်။

“အစ်ကိုကြီးမို ကျွန်မက အတိတ်ကို မမှတ်မိပေမဲ့ ဆရာက ရှင့်အကြောင်း အများကြီး ပြောထားပါတယ်။ သူမက ရှင့်ရဲ့ ကြင်နာမှုတွေကို အမြဲတမ်း အမှတ် ရရမယ်လို့ ပြောထားတယ်။ ရှင်သာ ကျွန်မကို မကယ်ရင် ကျွန်မ သေတာ ကြာလောက်ပြီတဲ့ …”

မိုဝူကျီက ယန်အာ အသံတွင် ကျေးဇူးတင်မှုကို ခံစားမိသော်လည်း ဝမ်းမြောက် မပျော်ရွှင်မိပေ။ ယန်အာသည် သူဆီ လာလာ ကပ်နေတတ်ပြီး သူ့အတွက် အရာအားလုံး လုပ်ပေးတတ်သည့် မိန်းမငယ်လေး မဟုတ်တော့ပေ။ သူမတွင် ကိုယ်ပိုင်အမြင်၊ ကိုယ်ပိုင် အတွေးတို့ ရှိသွားလေပြီ။

မိုဝူကျီက မြောက်ဘက်ပိုင်း ချင်စီရင်စုနှင့် ချင်ယွီပြည်နယ် အကြောင်း ဆက်ပြောပြချင်၏။ ဘွားဘွား လင်းလောင်က ထိုကိစ္စများကို သိမထားသည့် အတွက် သူမကို ကိုယ်တိုင် ပြောပြဖို့ လိုအပ်လေသည်။

သို့သော် ယန်အာ၏ အမှီခိုကင်းမှုနှင့် သဘောထားကို မြင်ပြီးနောက်တွင် ထိုသို့ လုပ်ရန် လက်လျှော့ လိုက်တော့သည်။ အတိတ်ကို အတိတ်မှာသာ ချန်ထားရစ်ခဲ့မည်။ သူကိုယ်တိုင်ပင် ယန်အာက ကိုယ်ပိုင် အတွေးအမြင်များ ရှိလာသည်ကို လိုလားခဲ့သည် မဟုတ်ပေဘူးလား ... ယခု ယန်အာတွင် ရှိနေပြီး သူမ၌ အားကောင်းပြီး မှီခိုလို့ရသည့် ဆရာလည်း ရှိသေးသည်။ သူမအတွက် သူဝမ်းသာ ပေးသင့်၏။

“အစ်ကိုကြီးမိုကို ကျေးဇူးအများကြီး တင်ပါတယ်။ ကျွန်မက ရှင့်ဆီ လာတွေ့ချင် နေတာ ကြာပြီ။ ဒါပေမဲ့ ကျွန်မက အမြဲတမ်း တံခါးပိတ် ကျင့်ကြံနေရတော့ မလာဖြစ်လိုက်ဘူး။ ဒီတစ်ခါက ဆရာလည်း မရှိတော့ စီနီယာ အစ်မကို နယ်ခြား တိုက်ပွဲကို ခေါ်သွားဖို့ နားပူနားဆာ တိုက်ထားတာ အဲဒါကြောင့်အခု တွေ့ခွင့်ရတာပဲ …” သူမက ပြောရင်း သိုလှောင်အိတ်ကို ယူကာ မိုဝူကျီဆီ လှမ်းပေးလိုက်သည်။

“အစ်ကိုကြီးမို ဒါလေးက မပြောပလောက်တဲ့ ကျေးဇူး တင်မှုလေးပါ။ အစ်ကို လုပ်ပေးခဲ့တာနဲ့ ယှဉ်ရင် ဘာမှ မဟုတ်မှန်း သိပါတယ် ဒါပေမဲ့ အထဲက ပစ္စည်းတွေကိုတော့ မကျေမနပ် မဖြစ်ပါနဲ့နော် ... ”

မိုဝူကျီက လက်ဆောင်ကို လက်ခံ ထားလိုက်သည်။ လက်တွေ့တွင် သိုလှောင်အိတ် တစ်လုံးကပင် ရက်ရောလွန်းသော လက်ဆောင် ဖြစ်နေလေချေပြီ။ ပစ္စည်းနှင့် သိုလှောင်အိတ် ဆိုတော့ကား …

“ယန်အာ အတိတ်အကြောင်း သိချင်ရင် ပြောပြပေးလို့ ရတယ် …” အသိစိတ် ဝေဝေဝါးဝါးဖြင့် သူ ပြောဖို့ရာ မရည်ရွယ် ထားသည်များကို ပြောမိ သွားသည်။

ယန်အာက ခေါင်းခါလိုက်ပြီး …

“အစ်ကိုကြီးမို ... စီနီယာ အစ်မက ပြောထားတယ် ကျွန်မ ကျင့်ကြံနှုန်း မြန်တာက ကျွန်မစိတ်က ဖြူစင်ပြီးတော့ အနှောင့်အယှက် မရှိလို့တဲ့။ တကယ်လို့ ကျွန်မသာ အတိတ်အကြောင်း အများကြီး သိသွားရင် ကျွန်မ ကျင့်ကြံဆင့်က မြန်တော့မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မက အစ်ကိုကြီးမိုကို အရမ်း ကျေးဇူးတင်နေ ဆဲပါ … ကျေးဇူး တင်ပါတယ်ရှင့် … ”

အတိတ်က စိတ်ဝင်စားစရာ ကောင်းဦးမည်လား ….

မိုဝူကျီက ခေါင်းမော့ကာ ရင်းနှီးရုံမျှ ဖြစ်နေသည့် ယန်အာကို ကြည့်လိုက်ပြီး စိတ်ဓာတ် ကျသွားလေသည်။ ယန်အာက ထိုမျှ အံ့အားသင့်စရား ရလဒ်များ ရခဲ့သည်မှာ သူမ ဝိညာဉ်ကြော တစ်ခုတည်းကြောင့် မဟုတ်ဘဲ သူမ၏ ဖြူစင် ကြည်လင်သော စိတ်လည်း ပါဝင်ပေသည်။ ယန်အာကဲ့သို့ ကျင့်ကြံသူများ မရှိပေ။ ပြင်ပ လောကမှ အချုပ်အနှောင်များ မရှိ၊ စိတ်နှောင့်ယှက်မှုများ မရှိဘဲ ကျင့်ကြံနိုင်သူများကား ရှားပါးလှသည်။

“မိန်းကလေး ယန်အာကို ကျေးဇူးအများကြီး တင်ပါတယ် သေချာ သိမ်းထားပါ့မယ် ...” မိုဝူကျီက သိုလှောင်အိတ်ကို သိမ်းထားလိုက်ရင်း ရုတ်တရက် ထရယ်မောကာ …

“တကယ်တော့ ကျွန်တော်လည်း အတိတ်ကို သိပ်မမှတ်မိတော့ဘူး။ တကယ်လို့ မိန်းကလေး ယန်အာက နောင်မှာ အခက်အခဲ တစ်ခုခု တွေ့ရင် ကျွန်တော့်ကို လာရှာလို့ ရပါတယ်။ ကျုပ် မိုဝူကျီက အမြဲတမ်း မင်းရဲ့ အစ်ကိုကြီး ဖြစ်နေမှာပါ ... ”

“အဟမ်း ...” ရှီကျင်းဝမ်က သရော်လိုက်သည်။

“အပြင်စည်း တပည့်ကများ လေလုံး ထွားနေသေးတယ် ... ယန်အာ သွားကြစို့ … ”

ယန်အာက လှည့်ကာ မိုဝူကျီကို နောက်တစ်ကြိမ် အရိုအသေ ပေးလိုက်ပြီး …

“အစ်ကိုကြီးမိုကို ကျေးဇူးတင်ပါတယ် … ယန်အာ ရှင့်စကားတွေကို မှတ်ထားပါ့မယ် … ”

ထိုသို့ ပြောပြီး ယန်အာက ဆက်မပြောတော့ဘဲ ရှီကျင်းဝမ်နောက် လိုက်သွားလေသည်။

မိုဝူကျီက တဖြည်းဖြည်း ကွာဝေးသွားသည့် ယန်အာကို ကြည့်ရင်း သူ့စိတ်ထဲတွင် ခံစားချက်များ ဖြစ်ပေါ်လာသည်။ သူက ဤလောကသို့ ရောက်သည်မှာ နှစ်အနည်းငယ်သာ ရှိသေးသော်လည်း သူ့ကိုယ်သူ ကျင့်ကြံသူ အစစ်အမှန်ဟု မမြင်သေးပေ။ သူက စိတ်စေရာ အတိုင်း အရာများစွာ လုပ်ခဲ့သည်။

ယန်အာဆီ သွားရောက်မည့် ကိစ္စပြီးလျှင် ဖေးပင်းကျုနှင့် ထောင်အောင်းတို့ဆီ သွားရောက်ဖို့ရာ သတိရ လိုက်သည်။ ထို့အပြင် သူ့အတွက် နွေဦးနတ်ဘုရား ညီလာခံကို သွားဖို့ အခွင့်အရေးကို စွန့်လွှတ် အနစ်နာ ခံခဲ့သည့် ဒေါ်လေး ဆယ့်တစ်ကိုလည်း အောက်မေ့မိသည်။

တစ်ဖက်တွင် ယန်အာက ကျင့်ကြံသူ အဖြစ် အလျင်အမြန် ပေါင်းစပ်နိုင် သွားကာ သူမ၏ ကျေးဇူးကြွေးများကို ဖော်ပြရန် စိတ်အား ထက်သန်စွာဖြင့် တာအို ကျင့်ကြံခြင်းနှင့် ဆိုင်ရာ ပစ္စည်းကို ဝယ်ပေးခဲ့သည်။ သူမက သူမ၏ ကြီးမြတ်သော လမ်းကြောင်းကို ခံစားချက်များဖြင့် မဖြုန်းတီးလိုပေ။ သူမက ကိုယ်ပိုင် ကိစ္စနှင့် လုပ်ငန်းကိစ္စကို ခွဲခြားထားလေသည်။

သူလည်း ထိုသို့ လုပ်ဆောင်ရန် လိုအပ်နေတာလား ...

မိုဝူကျီက ခေါင်းကို ခါလိုက်ပြီး ထိုသို့ မလိုအပ်ပေ။ သူ့တွင် ကိုယ်ပိုင် လမ်းကြောင်း ရှိသည်။ သူ့လမ်းကြောင်း သူဖောက်မည်။ သူ့အတွက် အမှတ်ရစရာများက မှတ်ကို အမှတ် ရနေရမည်။

ထိုစဉ် ကျောတွင် အကာအကွယ် မပါသည့် ဓားကို သိုင်းထားသည့် ခြေဗလာလူက ခန်းမရှေ့ ရောက်လာလေသည်။ ထိုခြေဗလာလူကား ခန်းမတစ်လျှောက် ကြည့်လိုက်လေသည်။ မိုဝူကျီက ဓားတစ်ချောင်းက သူ့အဝတ်များကို ပိုင်းဖြတ်သွားပြီး သူ့ခန္ဓာ တစ်ကိုယ်လုံးကို စစ်ဆေးခံလိုက် ရသည့်အလား ခံစားလိုက်ရသည်။

“အကြီးအကဲကျူကို နှုတ်ဆက်ပါတယ် ...” ထိုခြေဗလာလူ ပေါ်လာသည်နှင့် တပည့်များက ဉီးညွတ်ကာ နှုတ်ဆက် လိုက်ကြသည်။

ခြေဗလာလူကား ခေါင်းညိတ်ပြကာ အမြန်အဆန် ပြောလိုက်သည်။

“ဒီတိုက်ပွဲကို သွားမဲ့ ခရီးကို ဦးဆောင်မဲ့သူက ဆေးလုံး ဘုံစေတီက အကြီးအကဲ ရှီကျင်းဝမ်ပဲ … လူသား အဆင့်လွန်အောက် တပည့်တွေ၊ အပြင်စည်း တပည့်တွေနဲ့ အစေခံ တပည့်တွေ ထွက်သွားကြ … ”

မိုဝူကျီက မှင်တက်မိ သွားသည်။

ဘာတွေ ဖြစ်သွားတာလဲ ….

သူက လူအုပ်ကြီးနဲ့ အတူ နယ်ခြား တိုက်ပွဲသို့ လိုက်ရန် ကြံရွယ်ထားသည်။ ထိုသည်က ယန်အာကို ကာကွယ် ပေးနိုင်မည့် နည်းလမ်းကောင်း တစ်ခုလည်း ဖြစ်လိမ့်မည်။ ယန်အာက သူ့ထက် ကျင့်ကြံဆင့် မြင့်သော်လည်း သူမက အမြဲတမ်း တံခါးပိတ် ကျင့်ကြံနေသည့် အတွက် ပြင်ပမှ အန္တရာယ်များကို သိမည် မဟုတ်ပေ။

ဓားရေကန် ခေါင်းဆောင် ကျုယွဲ့ရှန်းက အပြင်စည်း တပည့်များ တိုက်ပွဲတွင် မလိုက်ပါနိုင်ကြောင်း ဆုံးဖြတ် လိုက်တော့သည်။

မိုဝူကျီက အသိပြန်ဝင် လာပြီး ရန်ထျန်းရှင်းကို ပြောလိုက်သည်။

“စီနီယာ အစ်ကိုရန် ကျွန်တော်တို့ နောက်မှ တွေ့မယ် … ”

သူက ရန်ထျန်းရှင်းသည် တိုက်ပွဲတွင် ပါဝင်မည် ဖြစ်ကြောင်း ပြောနိုင်သည်။ သူက ပါဝင်ခွင့် မရမှတော့ ကောင်းကင်ဖွေရှာမြို့သာ သွားလိုက်တော့မည်။

ယန်အာတွင် အတော်သင့် ကောင်းသော ကျင့်ကြံဆင့် ရှိပြီး သူမဘေးတွင် ရှီကျင်းဝမ်လည်း ရှိသေးသည်။ သူမ ဘေးကင်းမှု အတွက် များစွာ စိုးရိမ်နေစရာ မလိုပေ။

ရန်ထျန်းရှင်းက မိုဝူကျီ စကားနောက်မှ အဓိပ္ပာယ်ကို နားလည်လေ၏။ သူက သစ်သားသေတ္တာ တစ်ခု ထုတ်ယူကာ မိုဝူကျီဆီ ပေးလိုက်သည်။

“ဂျူနီယာ ညီလေးမို ငါတို့တွေ မကြာခင် ပြန်တွေ့မယ်လို့ ယုံတယ်။ ဒီကိစ္စအတွက် စိုးရိမ်စရာ မလိုဘူး၊ သူလည်း တိုက်ပွဲကို သွားရမယ်ဆိုတော့ စိတ်ချ နေလိုက်တော့ ... ပြီးတော့ ဒီသေတ္တာထဲမှာ မင်းအတွက် အသုံးဝင်တာ ပါတယ် ... ယူထားလိုက် ... ”

“ဟုတ်ပါပြီ ... စီနီယာ အစ်ကိုရန်ကို ကျေးဇူး တင်ပါတယ် ...” မိုဝူကျီက လက်ခံလိုက်ပြီး လှည့်ထွက် သွားလိုက်သည်။ ဤနေရာကား အပြင်စည်း တပည့်များကို မကြိုဆိုသည့် အတွက် သူက ဆက်မနေတော့ပေ။

သူက ရန်ထျန်းရှင်း စကားနောက်မှ အဓိပ္ပာယ်ကို နားလည်၏။ သူက ဂျင်ယွီကို စိတ်ပူနေစရာ မလိုတော့ပေ။ အင်ပါယာ ငါးခုထဲတွင် ထိုသို့ အဖြစ်အပျက်ကြီးနှင့် ကြုံတွေ့နေသည့် အချိန်တွင် ဂျင်ယွီသည် သေချာပေါက် တိုက်ပွဲကို သွားရမည်။

သူက ခန်းမက ထွက်လာသည်နှင့် ရန်ထျန်းရှင်း ပေးသည့်သေတ္တာကို ဖွင့်ကြည့်လိုက်သည်။ အထဲတွင် မျက်နှာဖုံးကဲ့သို့ ဝိညာဉ်ပစ္စည်း တစ်ခု ပါလေသည်။ မိုဝူကျီ စိတ်ထဲတွင် ကျေးဇူးများစွာ တင်မိသွားသည်။ ရန်ထျန်းရှင်းက မျက်နှာဖုံး ပေးသည့် အကြောင်းအရင်းကို မိုဝူကျီ သဘော ပေါက်လေသည်။ ဂျင်ယွီက ဤနေရာတွင် မရှိသော်လည်း ကိစ္စများက အဖြူအမည်း ကွဲထွက် နေသေးသည်။

မိုဝူကျီက သူ့နေရာကို ပြန်သွားရန် ရည်ရွယ်သော်လည်း အပြင်စည်း အိမ်နေရာတွင် သူ့အတွက် ဘာမှမရှိကြောင်း အမှတ်ရ လိုက်သည်။ ထို့အပြင် ချောင်ပုဟိန်သည် သူ့မိတ်ဆွေဟု ယူဆ၍ ရသော်လည်း ယခု သူက ဂျင်ယွီနှင့် မကျေမလည် ဖြစ်နေသည့် အချိန်ဖြစ်၍ ချောင်ပုဟိန်ကို သွားရှာဖို့ရာ အချိန်ကောင်း မဟုတ်ပေ။

အနည်းငယ် ချင့်ချိန် စဉ်းစားပြီးနောက် မိုဝူကျီက ကောင်းကင်ဖွေရှာ မြို့သို့ သွားရောက်ရန် ဆုံးဖြတ် လိုက်တော့သည်။ ကျန်းရှောက်ခယ်က ကောင်းကင်ဖွေရှာ မြို့တော်ကို ရောက်လောက်လေပြီ။

သူက ကောင်းကင်ဖွေရှာ မြို့သို့ ရောက်ပြီး နောက်တွင် မိုဝူကျီက နယ်ခြား ကျင့်ကြံသူများ၏ ကျူးကျော်မှု အကြောင်း ကြေညာချက်မှ မတည်ငြိမ်မှုကို ခံစားမိလိုက်သည်။ သူက ကောင်းကင်ဖွေရှာ မြို့သို့ အကြိမ်များစွာ လာရောက် ဖူးသော်လည်း ယခုကဲ့သို့ မဖြစ်ဖူးပေ။ လမ်းပေါ်တွင် လူအနည်း အကျဉ်းသာ ရှိပြီး ဆိုင်များမှာလည်း ခြောက်ကပ် နေလေသည်။

မိုဝူကျီက လောင်ဟိုင်ကုန်သည် အိမ်တော်ကို သွားကာ လမင်းကိုးစင်း‌ ဆေးလုံးအိမ်တော် အကြောင်း စုံစမ်းရန် သွားလိုက်သည်။ သို့သော်လည်း ဘာသတင်းမှ မရရှိလာခဲ့ချေ။

မိုဝူကျီက ထိုအချက်ကို များစွာ မစိုးရိမ်ပေ။ ကောင်းကင်ဖွေရှာမြို့တွင် နေရာ အတည်တကျ ဖြစ်ရန် ခက်ခဲပေသည်။ တာဝန်ရှိသော ဆိုင်ဖြစ်သောကြောင့် ဆိုင်နေရာ ဝယ်ယူနိုင်သည်က ပုံမှန်ပင် ဖြစ်လေသည်။

သူက ကောင်းကင်ဖွေရှာ နန်းတော်ကို ပြန်မသွားချင်ပေ။ သူကား ကောင်းကင်ဖွေရှာ မြို့တော်တွင်လည်း လုပ်စရာ မကျန်တော့ပေ။ မိုဝူကျီက တိုက်ပွဲကို သွားရမလား ဝေခွဲမရ ဖြစ်နေစဉ် တစ်ယောက်ယောက်က သူ့အား လှမ်းခေါ်လိုက်သည်။

“ဂျူနီယာ မောင်လေးမို … ”

ရင်းနှီးနေတဲ့ အသံလေး ပါ့လား ….

မိုဝူကျီက လှည့်ကြည့် လိုက်သောအခါ ရင်းနှီးနေသော ချိန်စုယင်ကို မြင်လိုက်ရသည်။ သူတို့၏ ယခင် တွေ့ဆုံမှုများနှင့် ယှဉ်လျှင် ချိန်စုယင် မျက်နှာကား ဖြူဖျော့နေကာ မျက်တွင်း ဟောက်ပက် ဖြစ်နေလေသည်။ သို့သော်လည်း သူမ အလှတရားများကို ဖုံးကွယ် မထားနိုင်ချေ။

မဟုတ်သေးပါဘူး … ချိန်စုယင်က ဝေဟင်လျှပ်စီး ဟန်ပန် ခုနစ်မျိုးကြောင့် ထိုသို့ ဖြစ်နေခြင်း ဖြစ်ရမည်။ မိုဝူကျီ စိတ်ထဲတွင် ပေါ်လာသည့် ပထမအတွေးကား ချက်ချင်း ထွက်ပြေးရန် ဖြစ်သည်။

***

All Chapters